Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

ပြည်သူတွေထဲက ပြည်သူတွေရဲ. အသံများ

61 views
Skip to first unread message

mogyothwar

unread,
Jul 30, 2014, 12:34:02 PM7/30/14
to
တိုင်းချစ် ပြည်ချစ် မျိုးချစ် သားသမီးကောင်းတို.၊

ဗမာ့ အနုပညာလောက က ဆိုင်းဆရာကြီး ရွာစား စိန်ဗေဒါ ဟာ ဗမာပြည်မှာ အကျော်ကြားဆုံး ဆိုင်းဝိုင်း ကြီး ဆရာတယောက်ဖြစ်ပါတယ် ။ Colonal Boggie ဆိုတဲ့ အနောက်တိုင်း တေးသွားကို ဆိုင်းဝိုင်းနဲတီးပြီး အစွမ်း ပြခဲ့လို.လဲ အင်္ဂလိပ် အရှင်သခင်ကြီး များရဲ့ ချီးမွမ်းမှုကိုလဲ ခံရပါတယ် ၊ အန္ဒိယမှာ ယာ ယီ နန်း စံ နေခဲ့ရတဲ့ ဒို.အရှင် ဒို.သခင် သီပေါ မင်းတရားကို လဲ ၂ ကြိမ်တိုင် ရတနာဂီရိမှာ သွားရောက် ဖျော်ဖြေ ခွင့်ရခဲ့တဲ့ ရွာစား စိန်ဗေဒါ ဟာ (နေမျိုးဗလကျော်သူ) ဘွဲရ ပြီး ဆိုင်းဆရာတို.ရဲ့ ဘိုးအေကြီး ဖခင် ကြီး လို. တောင် တင်စားခံရ ပါ တယ် ။

ဒီနေ.ခေတ် ဗမာတွေရဲ့ပါတ်ဝန်းကျင်မှာ သိနေကြတာက အနုပညာ လောကမှာ စိန်စတင်း ၊ စိန် လက်သန်း စတဲ့ ဆိုင်းဝိုင်း ဆရာတွေဟာ သူတို.နာမည်ရှေ.က စိန် ဆိုတဲ့ တလုံးထည့် အမည်ကို ဦးစွာ ခံယူကြတယ် ။ စိန် မပါရင် ဆိုင်းဆရာ မဟုတ်တော့ သယောင်ပါဘဲ ၊ အတုခိုးတာ ၊ ပုံမှားရိုက်တာမှာတော့ ဗမာတွေကို မီသူ နဲ တယ် ၊ နာမယ် တုတွေနဲ့ ဗမာတွေ အကြောင်း ဆက်ပြောရင် လဲ ရှည်နေပါ့မယ် မြန်မာစင်စစ်က Tom, Dick ,Harry ဆိုတာ တွေ Robert, Talbert (ထောပတ် ) တိုဆိုတာတွေကလဲ အလျှံပါယ် ပါတယ် ၊ ဒါတောင် Paul တို. Shah တို. မပါသေးဘူး။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဟာ သူနာမည် အဆုံးမှာ စိန် လို.တတ်ထားတာ တွေရပါ တယ် ၊ ဒီ စိန် ကြောင့် သူ.ကို လိုလားသူ တချို.က ဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေ နောက် တက်လာတဲ့ ဦးသိန်းစိန်ကို ( ရွှေပေါ် စိန်ဆင့် အမြင်တင့် ) ဆိုပြီးများ တောင် တပေါင်ဖွဲ. တင်စားပါတယ် ။

မြန်မာ အနုပညာ လောကမှာလဲ ဦးသိန်းစိန်ကို ဆိုင်း ဆရာကြီးလို. တင်စားခေါ်ဝေါ် ကြပြန် ပါတယ် ။ အကြောင်းကတော နိုင်ငံတော် မှာ ပြသနာဖြစ်လာရင် ကော်မတီတွေ ဖွဲုပြီး စုံစမ်း စစ်ဆေး စေတာမှန်ပေမဲ့ ဘယ်ကိစ္စမှ မပြီးပြတ်ပဲ . ဆိုင်းငံ ထားနေရတာတွေက များနေလို. ဦးသိန်းစိန် ဆိုင်းဆရာကြီးလို.အမည် ပေးရတာဘဲ လို. ဟာသ လူရွှင်တော် အရိုင်း ဆိုတာ က လုထုအလည်မှာ အပွင့်လင်းဆုံး လူသိရှင်ကြား ဝေဖန်ခဲ့တယ် ။ တီးတိုးပြောခဲ့တာ မဟုတ်ပါဘူး ။လူထုထဲက လူထုလဲ သိသင့်သလော်က သိသွားတာပေါ့လေ ။

တချိန်ထဲ့မှာဘဲ ခေတ်နဲ့ အပြိုင် ဗမာနာမည် တွေဟာ လဲ ငခွေး ၊ မိခွေး တွေ မဟုတ်ကြ တော့ဘဲ ၊ မိန်းခ လေး ယောက်ျားလေးတွေဟာ မိဘပေးတဲ့ နေ.သင့်နံသင့် နာမည်တွေလား သူတိုဟာ သူတို ရှာဖွေ မှဲ.ခေါ် တာ လား မသိရတဲ့ အနဲ့ ဆုံး ၃ ရောင်ချယ် နာမယ် လေး တွေ နဲ့ ခေတ်စားလာတာတွေ.ရတယ် ။

နေသင့် နံသင့် ဆိုတဲ့ စကားဟာ မြန်မာတိုရဲ့ ထုံးစ့ဓလေ့တွေ အရ အမည်ပေးခေါ် ကင်မွန်း တတ် မင်္ဂလာ နဲ့လုပ်ကြတဲ့ မင်္ဂလာ တပါး ဖြစ်တယ် ။ တတ်ကျွမ်းသူ ဘုန်းကြီး အပါအ၀င် ပရောဟိတ် ဗေဒင် ဆရာတိုက တွက်ချက် ပေးတဲ့ နာမယ်တွေ ဘဲပေါ့ ၊ ဇာတာဖွဲတဲ့ အခါမှာ အသက် ၁၂၀ ရှည်စေသောဝ် လို. လဲ ပါတယ် ၊ တကယ် ရှည် မရှည်တော့ မသိဘူး - ရှည် သူကို မမြင်ဘူး ဘူး - မတွေ.ဘူးဘူး ။ ဒါဟာ အမှန်ဘဲ ။ ပြသနာ ပေါင်း ၁၂၀ တော. တွေရကြုံကြရတာအမှန်ဘဲ ။

အခုခေတ် မြို.ရွာ အသစ်တွေတည်ဆောက်တဲ့ အခါလဲ မြန်မာဆန်ဆန် နာမည်တွေ နဲ့ ပေါ်လာနေတာတွေ တွေ. ရတယ် ။

မြန်မာတိုနဲ့ နီးစပ်တဲ့ တရုတ်တွေ ဆိုရင်လဲ Feng Shui ဆိုတဲ့ အတိတ် နိမိတ် ကောင်း မင်္ဂလာရက်မြတ်တွေ မင်္ဂလာအခါတော်တွေ ရွေးပြီး ၊ အရာရာကို ဆောင်ရွက် လုပ်ကိုင်ကြ လေ့ ရှိတယ် ။ အယူသီးတယ်လို.ဘဲ ဆိုခြင်ဆို ။ သူတို.ကတော့ တပြားမှ မလျှော့ဘူး။ ထူံးစံအတိုင်းဘဲ။ အစားအသောက်တောင် ယင် ယန် ဆိုတာကို ထည့်တွက် စားသောက် ကြတယ် ။ ယင်နဲ့ယန် ဆိုတာ တရုတ်တိုရဲ့ နှုတ်ဖျားမှာ ရှိတယ် ။ ဒါက ဗဟုသုတ ပါ ။

ဒီနေ. ဗမာပြည်ကပြသနာအမျိုးမျိုးထဲမှ စတုတ္ထမဏ္ဍို်င် လို နာမယ်တတ်ထားတဲ စာနယ်ဇင်း ခေါ် မီဒီယာ လွတ်လပ်ခွင့် ဆိုတာ ဘယ်လောက်အတိုင်းအတာအထိ လွတ်လပ်ခွင့် ကိုပြောနေကြတာလဲ ဆိုတဲ့ မေးခွန်းဘဲ ? ပြည်သူတို သိပိုင်ခွင့် ဆိုတဲ့ စကားတလုံးနဲ. သတင်းမှန် အဖြစ်မှန်တွေ ဖေါ်ပြတာဟာ ပြသင့်ပါတယ်၊ ဒါပေမဲ့  လန်ကြုတ်သတင်းတွေ မဟုတ်မှန်းသိရက်နဲ့ ချောလဲ ရောထိုင် ဖေါ်ပြလို လူသေရတဲ့ အထိ ဘာသာရေး လူမးရေး ပဋိပက္ခ ဖန်တီး ခဲ့တဲ့ သတင်းတွေအတွက် လုပ်ကြံ လည်ဆယ် တိုင်တန်း သူတင်မက မမှန် သတင်းလွှင်သူတွေ ဖေါ်ပြသူတွေကိုပါ အာလုံးကိုပါ ထိရောက်စွာ အရေးယူအပ်တယ်၊

မီဒိယာတွေဟာ အစိုးရနဲ့ ပါတ်သက်ရင် ။ ဂျိုဂျိုကြားကြား သတင်းရှာကြံ ရေးတတ်ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်များ ဆိုတာတွေ နဲ့ ပါသက်ပြီ ဘာမှ နှိုက်နှိုက်ချွတ်ချွတ် စုံစမ်း ထောက် လှမ်း သတင်း ဖေါ်ပြတယ်လိုမရှိဘူး။ ဒီထက်တော. မပြောလိုတော့ဘူး။

ယူနတီဂျာနယ်က တာဝန်ရှီသူတွေကို ထောင် ၁ဝ နှစ်ချလိုက်တဲ့ ကိစ္စကြောင့် ပေါ်လာတဲ့ ဂရက်ရိုက်မှု တွေ ကို အကြောင်းပြု လာတဲ့ ပြသနာကြောင့် လူကြီးတွေ သဘောထားကွဲ လာကြတာ ဘော်လီဘော ကစား ကြတာ တွေကတဆင့် တရားခံရှာလာတာတွေထိ တွေ.လာရတော့ ဟိုတလောက တင်ပြဘူးတဲ့ အမေရိကံ ပြည်ထောင်စု FBI ထောက်လှမ်းရေး အဖွဲ့တည်ထောင်ခဲ့တဲ့ J . Edgar Hoover ကိုပြန်ပြီး မြင်ယောင်လာ ပြန်တယ် ။ သူ.မှာ လူတချို.ူရဲ့ ကိုယ်ရေး ဖိုင်ဆိုတာတွေ ရှိတယ် ၊ လိုအပ်ရင် ဖိုင်ထဲကြည့်ပြီး သက်ဆိုင်သူ ကို တွယ်တော့တာဘဲ ၊ ကိုယ်ကိုကိုယ် မလုံကြတဲ့ သမတတွေ လွှတ်တော်အမတ်တွေတောင် သူကို ကြောက်ကြတယ် ၊ မထင်ရင် သူက ဆော်လိုက်မှာ စိုးလို.။

ဗမာပြည်မှာ တချိန်က စစ်ထောက်လှမ်းရေး ၊ နောက်ပိုင်း တခြားထောက်လှမ်းရေး တွေနဲ့ ပေါင်းပြီး အမျိုးသား ထောက်လှမ်းရေး ဘုတ်အဖွဲ့ (တပ်ဖွဲ.)ဆိုတာ ပေါ်လာအပြီးမှာ မှဲ. ချင် မြွေ ကင်း သန်း ဆူးပင် ခြုံပုတ် တတ် နိုင် သမျှ ရှင်းခဲ့ပါသော်လည်း တယောက်က မကူညီတဲ့ အပြင် အနှောက်အယှက်တောင် ပေးလိုက်သေး ၊ သူတော်ကောင်းကြီးဆိုတဲ့ နာမည်ရရေးပေါ့.လေ ။ တိုင်းပြည်ဘာဘဲ ဖြစ်ဖြစ် ။ ဖြစ်လဲ ဖြစ်လာတာပါဘဲ ။ အကောင်း အဆိုး ၂ ဖြာသော အကျိုးတွေ ကို့်ပယအတွေယအကြုံနဲ့ ကိုယ်ပေါ့ ။

လူတိုင်းဟာ အဆိုး အကောင်း ဆိုတဲ စရိုက် ၂ မျိုးရှိကြတာချည်းပါဘဲ ။ ဆိုင်း ဆရာရွာစား ကြီး သိန်းစိန် တယောက်လဲ ဘာမှ မထူးပါဘူး ။ သူကို အဆိုးဘက်၊ အကောင်းဖက် ၂ ဖက် ကကြည်ရင်လဲ အဆိုးရော အကောင်းပါ မြင်ရမယ် ပေါ့ ။ ကိုယ်အမြင်တွေ ထားလိုက်ပါအုံး မယ် သူများတွေရဲ အမြင်တွေကိုလဲ လေ.လာကြည့်ကြရအောင် ။

ဦးသိန်းစိန်အတွက် လက်ခုပ်သံများ ဆိတ်သုဉ်းသွားပြီလား
By ထွန်းခိုင် On Wed, 2014-07-30 10:29
Issue No. အတွဲ (၁၃)၊ အမှတ်(၂၁)

အကြိမ်ကြိမ်ကန့်ကွက်ဆန္ဒပြမှုများ၊ ဖြုတ်ချရန် ကြိုးစားမှုများကြား ရာစုနှစ်တစ်ဝက်နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် တပ်မတော်ခေါင်းဆောင်များအတွက်တော့ ချီးကျူးဂုဏ်ပြု ခံရသည်မှာ ပြီးခဲ့သည့်နှစ်များ အတွင်းက များများစားစားမရှိလှ။

သို့သော်လည်း ထိုအထဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကတော့ ခြွင်းချက်အနေဖြင့် ရှိနေခဲ့သည်။ မျက်နှာထားတည်တည်ဖြင့် စကားကို ဖြည်းဖြည်းမှန်မှန် ပြောတတ်သည့် ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်များ အတွင်းက အတင်းအကျပ် စေခိုင်းခြင်းကြောင့်မဟုတ်ဘဲ လူထုထောက်ခံမှု အနေအထားတစ်ခုအထိ ရှိခဲ့သည့် စစ်ခေါင်းဆောင်ဟောင်းတစ်ဦးအဖြစ် ရှားရှားပါးပါး ထွက်ပေါ်လာခဲ့သည်။

ဆုံးဖြတ်ချက် အများအပြား ချမှတ်ခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် ၀န်ကြီး ချုပ် အဖြစ် ဆောင်ရွက်ခဲ့ပြီး အရပ်သားအဖြစ် နိုင်ငံရေးလောကထဲ ၀င်ရောက်ခဲ့သည့် ဦးသိန်းစိန်သည် ခြိုးခြံချွေတာပြီး လောဘနည်းသည့် တပ်မတော်ထိပ်တန်းခေါင်းဆောင်တစ်ဦး၊ ပြုပြင် ပြောင်းလဲရေးသမား တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ဦးသိန်းစိန်သည် စစ်ခေါင်းဆောင်တစ်ဦးမှ နိုင်ငံရေးသမားတစ်ဦးအဖြစ် ပြောင်းလဲလာပြီး သူရခဲ့သည့် လက် ခုပ်သံများ တဖြည်းဖြည်းစဲလာချိန်တွင် ၎င်းအစိုးရလက်ထက် ကမ္ဘာ ကျော်ပဋိပက္ခများနှင့် ပတ် သက်၍ လည်း ဝေဖန်မှုများ ဆက်တိုက်ခံခဲ့ရသည်။ ထိုပဋိပက္ခ များကို ကိုင်တွယ်ဖြေရှင်းမှုများနှင့် ပတ် သက်၍ သမ္မတအပေါ် မေးခွန်းများထုတ်လာကြပြီ ဖြစ်သည်။

‘‘ပဋိပက္ခတွေကလဲ အရင်ထက်ပိုပြီး ဖြစ်လာတယ်။ အဲဒီအထဲမှာမှ အထင်ရှားဆုံးနှစ်ချက်က ဘာသာရေး ကို ဦးတည်ပြီးဖြစ်တဲ့ ပဋိပက္ခဖြစ်လာတာနဲ့ တောင်သူလယ်သမားတွေကို ထိ ခိုက်နေတဲ့ လယ်သိမ်း ယာသိမ်းကိစ္စတွေပဲ။ အဲဒီနှစ်ခုကတော့ တော်တော်လေးသတိထား ရမယ့် ကိစ္စတွေပဲ’ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်း ရေးမှူး ဦးစောဝင်းထွန်းက ပြောသည်။

သမ္မတဦးသိန်းစိန်နှင့် ၎င်း၏အစိုးရအဖွဲ့သည် အကြမ်းဖက်မှုများကို ငြိမ်သက်အောင် အချိန်မီလုံလောက် သည့် ထိန်းသိမ်းနိုင်မှုမရှိခဲ့ (သို့မဟုတ်) မရှိကြောင်းလည်း ဝေဖန်ခံခဲ့ရသည်။

ပဋိပက္ခဖြစ်စဉ်များဖြစ်ပြီးတိုင်းလည်း နောက်ကွယ်မှ လူတစ်စု၊ ဒေါသထွက်နေသည့် လူအုပ် ကြီး စသည့် စကားလုံးများ လူထုနှင့်မီဒီယာများကြား ထည့်ပေးလိုက်ကာ ပြီးသွားကြသည် ချည်းသာ ဖြစ်သည်။

ထိုအဖြစ်အပျက်များကြောင့် ပြုပြင်ပြောင်းလဲရေးသမားအဖြစ် လူသိများသည့် သမ္မတ၏ ပုံရိပ်သည်လည်း ကျဆင်းလာခဲ့ရသည်။ တစ်ခါတစ်ရံတွင် ပဋိပက္ခများကို နိုင်နင်းအောင် မကိုင်တွယ်နိုင်သည့် သူ၏ စွမ်းဆောင်ရည်ကြောင့် သွေးထွက်သံယိုမှုများ ပိုမိုကြီးထွားလာ ကြောင်း ဝေဖန်မှုများ ခံခဲ့ရသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ရခိုင်အရေးအခင်း စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၂ မေလ ၂၈ ရက် ကျောက်နီမော်အဖြစ်အပျက်မှစတင်ပြီး ၂၀၁၄ ဇူလိုင် ပထမပတ်အတွင်းက ဖြစ်ပွား ခဲ့သည့် မန္တလေး မငြိမ်မသက်မှုအထိ ရက်ပေါင်း ၇၆၀ ကျော်အတွင်း ဘာသာရေးဆန်ဆန် ပဋိပက္ခဖြစ်စဉ်များသည် နိုင်ငံတစ်ဝန်းတွင် ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လျက်ရှိသည်။

ပဋိပက္ခများကြောင့် သုံးရက်လျှင်လူတစ်ဦးနှုန်း အသက်ဆုံးရှုံးခဲ့သည်အထိ ပဋိပက္ခ အခြေ အနေများ ဆိုးရွားခဲ့ပြီး လူနေအဆောက်အအုံ ပျက်စီးမှုများမှာလည်း တစ်ရက်လျှင် အိမ်သုံး လုံးနှုန်း ဆုံးရှုံးခဲ့ရသည်။

ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်သည့် သွေးထိုးလှုံ့ဆော်မှုများ လူမှုကွန်ရက်များ၊ သာမန် ပြည်သူများအကြားတွင် သိသိသာသာ ထွက်ပေါ်လာခဲ့သော်လည်း သွေးထိုးလှုံ့ဆော်သူများ ကို အရေးယူရန် ပျက်ကွက်ခဲ့သည်။

‘‘ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေကို ဒုက္ခပေးခဲ့တဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ (၅/ည)နဲ့လည်း ဆွဲလို့ရတယ်။ နောက်တစ်ချက်က ၂၀၁၄ ခုနှစ် အီလက် ထရွန်နစ်ဥပဒေပါ အချက် တွေ နဲ့လည်း ဆွဲလို့ရတယ်။ ဒါပေမဲ့ လှုံ့ဆော်သူတွေကို ဒါတွေနဲ့ဆွဲတာ သိပ်မတွေ့ရသေးဘူး’’ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ထင်ရှားသည့် ဥပမာတစ်ခုမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီခေါင်းဆောင် ဦးနေမျိုးဝေအမည်ဖြင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်ရေးသားမှုများကို ထိရောက်သည့် အရေးယူ မှုမျိုး မရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၀င်ရောက်ကြည့်ရှု၍ မရတော့ သည့် Nay Wai အမည်ဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဦးနေမျိုးဝေအမည်ဖြင့် ပဋိပက္ခဖြစ် ပွား စေရန် လှုံ့ဆော်ရေးသားမှုများ မကြာခဏ ပြုလုပ်ခဲ့ သော်လည်း တစ်စုံတစ်ရာ အရေးယူကြောင်း ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။

ဘာသာရေးကို နိုင်ငံရေးအရ အသုံးချခြင်းမျိုး မပြုလုပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်ထား သော် လည်း ဦးနေမျိုးဝေအမည်ဖြင့် လှုံ့ဆော်မှုများကို နိုင်ငံရေးပါတီများကို စောင့်ကြည့်သတိပေးနေသည့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် အပါအ၀င် အစိုးရ တာဝန်ရှိသူ မည်သူကမျှ တားဆီးမည့်သူမရှိခဲ့။ ပါတီများအား သတိပေးမှုအချို့ ရှိခဲ့သော် လည်း ဦးနေမျိုးဝေနှင့် သူ၏ပါတီကိုတော့လှုံ့ဆော်မှုများနှင့် ပတ်သက်ပြီး တိုင်ကြားမှုမရှိခြင်း ကြောင့် စစ်ဆေးရန်မရှိဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဇူလိုင်လ အတွင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။

‘‘လူမျိုးရေးကိစ္စက အခုချိန်အထိ ဘယ်သူကမှ တိုင်ကြားထားတာမရှိဘူး။ တိုင်တဲ့သူမရှိ တော့ အဲဒီ လူမျိုးရေးကိစ္စတွေက စစ်ဆေးဖို့မလိုဘူးလေ။ တကယ်လို့ တိုင်တဲ့သူပေါ်လာ မယ်ဆိုရင်လည်း ကျွန်တော့် အနေနဲ့က ပြည်ထောင်စုကော်မရှင်ကို တင်ပြသွားမှာပါ။ ကျွန်တော်တို့ ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ရဲ့ မှတ်တမ်းမှာလည်း ဒီလိုလူမျိုးရေးကိစ္စတွေနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ တိုင်တန်းတာမျိုး အခုအချိန်ထိ မရှိသေးပါဘူး’ဟု ဦးကိုကိုက ပြောကြားကြောင်း ဧရာဝတီသတင်းဌာနက ရေးသားခဲ့သည်။

အထက်ပါ ဥပမာများကပင် လက်ရှိအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ပြည်သူတို့ အားမလိုအားမရ သံသယပွားစေခဲ့သည်။ လှုံ့ဆော်မှုများ၊ အမုန်းပွားဖွယ်စကားများကြောင့် အပြင်းအထန်ဝေဖန်ခံခဲ့ရသည့် ဦးနေမျိုးဝေ အပါအ၀င် လူပုဂ္ဂိုလ်များကို အပြစ်ပေးအရေး ယူရန် ပျက်ကွက်ရုံသာမက လူအများ အံ့အားသင့်စေသည့် ကိစ္စတစ်ခု ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက သမ္မတဦးသိန်းစိန်က ပြုလုပ်ခဲ့သေးသည်။

လက်ရှိဖြစ်ပေါ်နေသည့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများသည် ပြည်တွင်းပြည်ပ မီဒီယာ အချို့၏ လှုံ့ဆော်မှုကြောင့်ဟု သမ္မတက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။
‘‘ပြည်တွင်းပြည်ပ မီဒီယာအချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့် မညီ သော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက်သတ်ဖြတ် မှုများ နှင့် မီးရှို့သည့် ဖြစ်ရပ် များကို ကြုံတွေ့ခဲ့ရပြီးဖြစ်ပါသည်ဟု မီဒီယာများနှင့် အစိုးရ ကြား တင်းမာမှုဖြေလျှော့ရန် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပေးပို့သော သ၀ဏ်လွှာကို ပြန်လည်တုံ့ပြန်သည့် သမ္မတ၏ သ၀ဏ်လွှာ တွင် ထည့်သွင်းရေး သားခဲ့သည်။

သို့သော်လည်း အငြင်းပွားဖွယ်၊ ပဋိပက္ခဖြစ်ဖွယ်ရာ အသုံးအနှုန်းအပြုအမူများ ပြုလုပ်ခဲ့သည် မှာ အစိုးရ ပိုင်သတင်းစာများနှင့် အစိုးရအရာရှိများနှင့် နီးစပ်သူများလည်း အပါအ၀င်ဖြစ် သည်။

ဖိနှိပ်ချုပ်ချယ်မှုများကို သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သဖြင့် သူ၏သက်တမ်း အစပိုင်းတွင် ကန့်သတ်မှုများကို ဖယ်ရှားသည့် ဆုံးဖြတ်ချက်များ ချမှတ် တိုင်း အကောင်းမြင်ခံခဲ့ရသည်။ သို့ရာတွင် နောက်ပိုင်းနှစ်များတွင် သမ္မတ၏ ဆုံးဖြတ်ချက် များ နှင့် ပဋိပက္ခရေးရာများ ကိုင်တွယ်ဖြေရှင်း ပုံများကြောင့် နာမည်ကောင်းဖြင့် ကျော်ကြား ခဲ့သည့် သူ၏ပုံရိပ် ထိခိုက်လာကြောင်း သတင်းစာဆရာနှင့် ဝေဖန်သုံးသပ်ရေးဆောင်းပါး များ ရေးသားနေသူ ဦးစည်သူအောင်မြင့်ကပြောသည် ။

‘‘ဒီအတိုင်းဆို မမြင်တော့ဘူး။ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ် သွားသက် ရောက် တာပဲပေါ့’ ဟု ဦးစည်သူအောင်မြင့်ကပြောသည်။ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်း ရာ တွင် သမ္မတ၏ပြောဆိုပုံများနှင့် ပြည်ထဲရေးဝန်ကြီးဌာနက လုပ် ဆောင်နေပုံများမှာ ကွဲလွဲနေသောကြောင့် အရှက်ရစရာပင်ဖြစ်ခဲ့ကြောင်း ဦးစည်သူအောင်မြင့်က ပြော သည်။
‘‘ဒီဟာ (ပဋိပက္ခ)တွေကို ကိုင်တွယ်ရမှာက ပြည်ထဲရေးဝန်ကြီးဌာနပဲ။ ပြည်ထဲရေးဝန်ကြီး ဌာနက အခုသေချာအကဲခတ်လိုက်တော့ သမ္မတက သြဇာညောင်းပုံမပေါ်ဘူး’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြဿနာတွေကသာ သမ္မတနှင့် ၎င်း၏အစိုးရအတွက် အနုတ်လက္ခဏာ ဆောင်သည်မဟုတ်။ သမ္မတဦးသိန်းစိန် လက်ထက်တွင် အပစ်အခတ်ရပ် စဲရေးအတွက် ဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း တိုက်ပွဲများက ဆက်လက်ဖြစ် ပွားနေဆဲ ဖြစ်သည်။

ပြည်တွင်းစစ်နှင့် ပဋိပက္ခအခြေအနေများကို လစဉ်ထုတ်ပြန်လေ့ရှိသည့် Myanmar Peace Monitor ၏ ထုတ်ပြန်ချက်အရ ၂၀၁၃ မေလမှ ၂၀၁၄ ဇွန်လအထိ တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့များနှင့် အစိုးရ တပ် များအကြား တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၃၀၀ နီးပါး ရှိခဲ့သည်။
အထူးသဖြင့် စစ်အစိုးရလက်ထက် တစ်လျှောက်လုံးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိန်းထားနိုင်ခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

‘‘သမ္မတက အတိုက်အခံတွေမရှိအောင် လုပ်လိုက်တာ။ အစပိုင်းမှာ ဒေါ်စုအပါအ၀င် တခြား တိုက် အခံတွေကို ပူးပေါင်းပြလိုက်ပြီး လွှတ်တော်ထဲလည်းရောက်ရော ဘာမှထပ် မထူး တော့ဘူး’ဟု မြောက် ဥက္ကလာမှ ပြည်သူတစ်ဦးဖြစ်သော ဦးထွန်းသိန်းမြင့်ကပြော သည်။

သမ္မတသက်တမ်းမှာ သုံးနှစ်ကျော်လာပြီဖြစ်၍ နောက် ၂ နှစ်သာ ကျန်တော့သည်။ ငါးနှစ် တစ်ကြိမ် ရွေးကောက်ခံရသည့် သမ္မတရာထူးတွင် သူ၏သက်တမ်းကုန်ဆုံးချိန်၌ တိုင်းပြည် အတွက် စံချိန်တင်အပြောင်းအလဲများ ထားခဲ့မည်လား၊ စံချိန်တင် ပဋိပက္ခဖြစ်စဉ်များ ထားခဲ့ မည် လား ဆိုသည်မှာ တော့ လက်ကျန် ရာထူးသက်တမ်းများက အဆုံးအဖြတ်ပေး မည်ဖြစ် သည်။

‘‘အခုတော့ ရှေ့ကလူတွေအတိုင်းပဲ သူက ဘာမှမထူးဘူး။ အဲဒီလိုပဲ ခံစားရတယ်’’ဟု သာမန်ပြည်သူတစ်ဦးအနေဖြင့် ၎င်း၏ခံစားချက်ကို ဦးထွန်းသိန်းမြင့်က ပြောသည်။/// ။

flyingdragon

unread,
Jul 31, 2014, 2:31:46 AM7/31/14
to
လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ။မွှေစုမှမွှေစုဆိုတာသူ့အကြောင်းနဲ့သူရှိမယ်ဖြစ်သလို ရွှေမန်းမှရွှေမန်းဆိုတာလဲသူအကြောင်းနဲ့သူ ထို့အတူသိန်းစိန်မှသိန်းစိန်သည်လည်းထိုနည်း၎င်းဘဲဖြစ် မှာပေါ့ဗျာ။ သို့သော်အခြေခံအကြောင်းရင်းဇစ်မြစ်နဲ့ထောက်ခံခြင်းသို့မဟုတ်လိုလားခြင်းကို ဆန်းစစ်ကြည့် တတ်ဘို့တော့လိုမယ်ထင်ပါ့ဗျာ။ ပြည်သူဆိုတာ ဟိုမင်္ဂလာဈေးနားက ပြည့်တန်ဆာမလေးကော ဘီယာဆိုင်က တေးဆိုငှက်မယ်လေးကော တာမွေက ပြည့်တန်ဆာခေါင်းကော အဲဒီလိုမျိုးများဆီက ပုံမှန် ဆက်ကြေးလိုယူနေတဲ့ယူနီဖောင်းဝတ်ပုဂ်ဂိုလ်တချို့ကော ၂လုံးထီရောင်းနေတဲ့သူများကော ဘုရားဂေါပကကော တိပိဋက ဆရာတော်နဲ့ ၀ိနည်းနဲ့အညီကျင့်ကြံအားထုတ်နေတဲ့ရဟန်းများကော ဈေးတကာလှည့်တောင်းခံနေတဲ့သင်ကန်းဝတ်များကော စမ်းချောင်းဘက်လဘက်ရေဆိုင်မှာညဘက် ခေါက်ဆွဲမှာစားဘောလုံးပွဲကြည့်ပြီးလူတကာမိုက်ကြည့်ကြည့်တဲ့ဂတုံးနဲ့သင်ကန်းဝတ်ထားတဲ့ ပုဂ်ဂိုလ်များ ကော အကုန်ပါသဗျ။ ဗုဒ်ဓဘာသာယုံကြည်သက်ဝင်ကျင့်သုံးနေသူတယောက်အနေနဲ့ပြောရ၇င်(ကိုယ့်အ ကြောင်းကိုယ်အသိဆုံးဆိုတော့) ဒမြခေါင်းဆောင်အတွက်ဒမြများနှစ်ခြိုက်မဲ့အရည်အချင်းကို ဘုရားတကာ မှာ(တကယ့်အစစ်အမှန် ဘုရားအလို ဥပသကာ)တဦးဆီမှာတော့တွေ့ဘို့မလွယ်ဘူးဗျ။ လူတိုင်းဟာမတရား တာကိုမကြိုက်ဘူးလို့ယေဘုံယျသုံးသတ်ပြောကြားလို့မှန်ပင်မှန်သော်ငြားလဲ လုယက်မုဒိမ်းသမားအုပ်စု ကတော့ထောက်ခံတယ်အော်မယ်ဖြစ်သော်လည်းလက်တွေ့ကျင့်သုံးမှု့နဲ့သူတို့ထောက်ခံချင်သူ ဟာ သူတို့နဲ့ အသွေးအဆင်တူသူ တူမည့်သူဟုယူဆရသူ သို့တည်းမဟုတ်သူတို့အကျိုးစီးပွားမပျက်ဆီးစေရန် တနည်း တလမ်းပံ့ပိုးမည့်သူဟုယူဆသူများဖြစ်လိမ့်မယ်လို့ယူဆတယ်ဗျ။ ဘယ်သူဟာဘယ်လိုဆိုတာ (ပြီးပြည့်စုံတဲ့သူဘယ်သူမှမရှိဘူးဆိုတာလက်ခံသလို ဘုရားအလောင်းသူတော်ကောင်းများသည် နိုင်ငံရေး အခင်းအကျင်းတွင်တွေ့ဘို့ရန် အလွန်တရာမှခဲယဉ်းမယ်လို့လက်ခံသူ)သမိုင်းစဉ်နဲ့လုပ်ရပ် ကိုကြည့်ပြီးသုံး သတ်ရတာဘဲဗျ။ ကြော်ငြာကောင်းလို့ရောင်းရတာနဲ့ဆက်စပ်စဉ်းစားမယ်ဆိုရင်လဲစဉ်းစားကြည့်နိုင်ပါတယ်။
ကျုပ်အမြင်သက်သက်ကတော့ဗျာ ကြိုက်သူကြိုက်မကြိုက်သူမကြိုက် ခေါင်းဆောင်ဟာ လူကောင်းအရင်ဖြစ်ပြီးလူတော်အတန်အသင့်ဖြစ်ဘို့လိုမယ်။ လူကောင်းလူတော်ပေါ့ဗျာ။ စိတ်ထားမှန်ဘို့ရယ် မတရားမလုပ်ဘို့ရယ် အဂတိမလိုက်စားမဟုတ်တာကိုမျက်စေ့ပိတ်ထောက်ခံမဲ့ ကိုယ်ကောင်းဘို့ကိုယ့်မိသားစုအရေးအတွက်အများအကျိုးမကြည့်မဲ့သူမျိုး ဖြစ်ဘို့လိုမယ်ဆိုတာဘဲဗျ။ မြန်မာပြည်လိုနေရာမျိုးမှာအုပ်ချုပ်ဘို့ကသိတ်မလွယ်ဘူးလို့ပြောရင်ဖြစ်သလို သိတ်လွယ်ပါတယ်လို့ ပြောလဲ ရတယ်ဗျ။ သို့သော်အခင်းအကျင်းပြောင်းပြီးဖြစ်နေတာရယ် လူများရဲ့စိတ်နေစိတ်ထားက မြောင်းပုတ်ထဲက သိတ်မတက်လာသေးတာရယ် အများစုကကိုယ်နဲ့မဆိုင်သလိုနေတတ်တာရယ် စံနစ်တကျဝေဘန်သုံးသတ် မှု့ကိုအသုံးချနိင်မှု့အားနဲသေးတာရယ် အများစုရဲ့စီးပွားရေးနဲ့ လူနေမှု့အဆင့်အသိက လိုအပ်တဲ့အဆင့်တခု အထိမရောက်သေးတာရယ်က ပိုမိုခက်ခဲစေတဲ့ဘက်ကိုရောက်နေစေတယ်။
တပေါင်ဆိုတာ အများစု က ပြောလာကြမှ တပေါင်အဆင့်ရောက်တာပါဗျာ။ တချို့သူတို့အမြင် သူတို့အသိ သူတို့အတိုင်းအတာနဲ့ မြင်သလောက် ပြောတာ တပေါင်အဆင့်အထိမရောက်သေးပါဘူး။ ဟောချက် လို့ ပြောမယ်ဆိုရင်တော့ပြောနိုင်ပါရဲ့။ ကျုပ်ကတော့ ကျုပ်အမြင်ကျုပ်အသိ နဲ့ဘာကြောင့်ဆိုတာကို တော့ခိုင်ခိုင် မာမာရပ်တည်ရဲပါရဲ့။ မှားချင်လဲမှားမှာပေါ့ဗျာ။


mogyothwar

unread,
Aug 2, 2014, 7:02:02 AM8/2/14
to
ကိုရင်ကြီး ။

မှန်ပါတယ် လူအမျိုးမျိုးဟာ စိတ်အမျိုးမျိုးပါ ၊ လူတယောက်ထဲတောင် စိတ် ၃ မျိုး အနဲဆုံး ရှိတတ် ပါတယ်။ ဒါကတော့ လူစိတ် နတ်စိတ် ခွေးတိရိစ္ဆာန် စိတ် ဆိုတာပေါ.ဗျာ ။ ပဂိုလ် ခင်မှတရားမင်တယ် ဆိုတာ ရှိထား လေတော့ အမေစုဘဲ စုစု ၊ ရွှေဘဲ စုစုး ။ စိန်ဘဲစုစု ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာ မပြောနိုင်ပါဘူး ။ မှားမှားမှန်မှန် ဒို.နိုင်ငံ ခိုးခိုး ဆိုးဆိုး ဒို.လူမျိုးဆိုတာလဲ ရှိလေတော့ ။ အားလုံး ကောင်းပါ သည် ခင်ဗျာလို. လူသိရှင် ကြား တော့လဲ ပြော မ၀င့်ပါဘူး။

ကိုရင်ကြီးရဲ့ ခင်ဗျားမှားတာ ကျုပ်မှားတာ ပြောနေတာမဟုတ်ဘူး။ လက်တွေ သမားတွေ အတွက် ကိုယ်တိုင်လုပ်ကြရ သူတွေ စဉ်းစားနိုင်ဘို. အပြုသဘောနဲ့ ပံ့ပိုးနေတာ လို.ပြောရင် ရတယ်။၊ ကျုပ်တို. ခင်ဗျားတိုဟာ ဘယ်သူ ကိုဘဲ ထောက်ခံ ထောက်ခံ ၊ ဘယ်ဘုရားကိုဘဲ ကိုးကွယ်ကိုးကွယ် ။ ကိုယ် ကိုးကွယ်တဲ့ ဘုရားဟော တရား ဓမ္မတွေကို ကိုယ်တိုင်လိုက်နာ ကျင့်သုံးနိုင်မှုက အဓိကပါ ။ ဗုဓ္ဒဘာသာဆိုပြီး နောက်ဆုံးပေါ် ဂေါတမ ဗုဓ္ဒရဲ့ အကျင့် သီလ ဆိုင်ရာ တရားတွေကို မကျင်.ပါဘဲ ၊ ဗုဓ္ဒရုပ်ပွား ရှေ.မှာ တနေ. ၁၀ ကြိမ်ထိုင် ပြီး ရှီခိုး ပူ ဇော် နေလိုလဲ အချည်းးနှီပါ ၊ ဗုဓ္ဒကိုတော်တိုင်က ပြောဘူးပါတယ် တဲ့ ။

ဒီနေရာမှာြေ့ပာခြင်တာက လွန်ခဲ့တဲ့ ရက်သတ္တ ၂ ပါတ်ကကျင်းပခဲ့တဲ့ အာဇာနီနေ.ဆိုတာ မှာ အဓိက ဇါတ်ကောင် ဗိုလ်ချုပ်အောင်ဆန်း ကို လျွမ်းဆွတ် သတိရကြတာ ဘာကို သတိ ရကြတာလဲ ဆိုတာဘဲ ၊ သတိမရ ရဘူးလို မပြောဘူး နော် . ဘာကို သတိရကြတာလဲ လို့သာ မေးနေတာ ။ ၁၉၈၈ ခုကဆိုရင် “ဖခင်ဗိုလ်ချုပ်ရဲ့ ထကြည့်ပါအုံး”လို ဆိုတာတွေက လဲ ပါ သေးတယ် ။ ပြောစရာက အဲဒီ တုန်းက ဗိုလ်ချုပ် အောင်ဆန်ူးနာမည်ကို အသုံးပြုပြီး အော်ခဲ့ကြသူတွေ ဟာ လူငယ်တွေ ဖြစ်တယ် ၊ ဆိုတာ ကို အံ့သြဖွယ်ရာ တွေ.ခဲ့ရတယ် ၊ အဲဒီ လူငယ်တွေဟာ အခု အခေါ် ၈၈ မျိုးဆက် ဆိုတာတွေပေါ့ဗျာ၊

ဗမာပြည် လွတ်လပ်ရေးမရမီက အင်္ဂလိပ် အရှင် သခင်ကြီးများတောင် ဗိုလ်ချုပ်အောင်ဆန်း အပေါ် အမြင် ကွဲပြားကြပါတယ်၊ အနီစပ်ဆုံ့း ထိတွေခဲ့ရသူတွေထဲက နောက်ဆုံးဘုရင်ခံ ဟူးဘတ်ရန်.(စ)နဲ့ မောင့်ဘက် တန် တို. ၂ ယောက်ရဲ သဘောထားဟာ ဘုရင်ခံဟောင်း R. D. Smith နဲ့ နန်းရင်း ၀န် ၀င်စတန်ချာချဲ(လ်) တို.ရဲ့ အမြင် ကွာခြားကြပါတယ်။ Smith နဲ.Churchill တိုက ကိုအောင်ဆန်းကို ဗြိတ်သျှတိုအပေါ်သစ္စာ ဖေါက်တဲ့ သူပုန်လို ခေါ်ခဲ့ပါ တယ် ။ ဖမ်းဝရန်း တောင် ထုတ်ခဲ့လို. ကိုအောင်ဆန်း ပြည်ပြေး ဖြစ်ခဲ့ရတာ အားလုံး အသိ ဘဲ ၊ ဒီနေရာမှာ ပြောခြင်တဲ့အချက်က အမြင်ချင်း မတူကြတာကို ထောက်ပြခြင်တာပါ ။
မောင့်ဘက်တန်ရဲ့ အကြံတွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို အညွန်.ချိုးဘို. တပ်မတော်ကို ။ ဖျက်သိမ်း. သို.မဟုတ် အင်္ဂလိပ် သစ္စာခံအစိပ်အပိုင်း တပ်မတော် ဖြစ်လာအောင် လုပ်ဘို ဖြစ်တယ် ဆိုတာကို R.D Smith ရဲ့ မယ်မွား (မှတ်တမ်း) မှာ ဖတ်လိုက်ရဘူးတယ် ဆိုတာ မကြာခဏပြောဘူးပါတယ် ။ တကယ်လိုသာ ဗိုလိချုပ်က မောင့်ဘက်တန်ရဲ့ ကမ်းလှမ်းချက် ကို သာ လက်ခံခဲ့ရင် ၁၉၄၈ ခုမှ ဗမာပြည် လွတ်လပ်ရေး မရခဲ့ဘဲ ရှိလိမ့်မယ် ဘယ်တော့ရ မယ်ဆိုတာ မမျှော်လင့်နိုင်ဘူး။ ဗြိတိသျှ ဓနသဟာယ တပ်ဖွဲ တွေတောင်ခေါ်အုံးမတဲ့ ။ ဗမာတိုရဲ့စည်းလုံးမှု ကို မောင်ဘက်တန် လန့်ဖြန်.သွားတယ်၊ ရရင်ရ မရရင် ချ ဆိုတဲ့ ကွန်မြူနစ်တွေရဲ ကြွေးကြော် သံတွေကြောင့် လဲ တုန်လှုပ်သွားကြတယ် ။ ကွန်မြူနစ်တွေ အား ကောင်း မှာကိုမလိုလားဘူး။ အဲဒီတုန်းကထဲက ဆိုဗီယက်ကို တချီထဲ အပြတ်ဆော်ဘို Churchill က မဟာမိတ် အဖွဲ.ကို အကြပေးတင်ပြဘူးတယ် မဟုတ်လား ။ ကိုကြီးနု ကကွန်ပြုနစ်ကို ပစားမပေးခဲ့တာ အကြောင်းရှိမယ် ။ ဒီမိုကရေစီနိုငင၉့တော်။ အပြင် ဗုဓ္ဒဘာသာနိုေ်ငံတ်ာလုပ်ခဲ့တယ် မဟုတ်လား ?
။
အဓိကအကြောင်းကတော့ အင်္ဂလိပဟာ အင်္ဂလန်နိုင်ငံ ကို ပြန်လည် ထူထောင့်ဘို. အရေး ကြီး နေတယ် ဥရောပနဲ့ အညဖရိကတို.မှ Spoil of the war ရစရာတွေကလဲ ညှီရအုံးမယ်.မဗမာပြည်ကြေုာင့် အဟန်အတား မဖြစ်စေလိုဘူး ။ ဗမာပြည်ဟာ ဘယ်ကိုမှ ပြေးသွားမှာမှ မဟုတ် ကြိုရှည်ရျည် နဲ့ လှန်ထားလို်က်တာပေါ့ဘဲ ။ ဒါမှန်တယ်ဆိုတာ အခု သိနေရပြီး လေ မဟုတ်ဘူး လား ?

နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံသတ်ဖတ်ခံရတာ အဖတ်တင်ခဲ့ပါတယ် ၊ “အောင် ဆန်း ကို ဘယ်သူ သတ်သလဲ “ ဆိုတဲ့ စာအုပ်ရေးသူဟာ သူစာအုပ်ကို ရေးသားပုံနှိပ်ဘို. ဘာကြောင့် ၁၉၉၃ ခုထိ (၄၇ နှစ်) ကြာအောင် စောင့်ခဲ့တာလဲ ၊ ဘာမှ မဟ ခဲ့တာ ဘာ ကြောင်.ဆိုတာ သူ.မှာ တော့ အဖြေရှိမှာပေါ့လေ။ စာအုပ် ရောင်းရယုံ သက်သက်ဖြစ် ကောင်းလဲ ဖြစ်မယ် ၊ သူ.ကိုသူ ကြော်ငြာတာလဲ ဖြစ်မယ် ။ သူကိုယ်ရေး အထု ပတ္တိကို တောင် သူအမှန်မရေးတဲ့ သူ.က “ Who killed Aumg San “ ဆိုတဲ့ စာအုပ်အတွက် အချက် အလက် တွေကို သူအဖေရဲ့ အမှုဖိုင် ၊ သူ.ယောက်္ခထီးရဲ့ အမှုဖိုင်ထဲကရတယ် ဆိုတော့ အတော်ကို ပိုင်တဲ့ လူဘဲ ၊ ဖေါ်မပြတဲ့ အချက်တွေ ဘာတွေ များချန်ထား သေးသလဲ ။ နောက်ပိုငိးမှာလဲ မှတ်တမ်းတင် မှော် ကွန်း ဌာနက ဘာအချက်အလက်မှ မရခဲ့တော့ပါဘူး ။ “ အောင်ဆန်းကို ဘယ်သူသတ်သလဲ ” စာအုပ် ကို ဘီဘီစိ က မှတ်တမ်းတင် သတင်းရုပ်ရှင်ရိုက်ပြီး တခန်းတနား ရုပ်သံလွှင်ပြခဲ့တာတွေထိ ဖြစ်ခဲ့တယ်။ တိကျတဲ့ အချက်အလက်ဘာမှ မရှိတဲ့ သို.လော သို.လော တွေးတောစရာ ထင်ယောင် ထင်မှား ဖြစ်စရာ နိုင်ငံရေး ထိုးနက်ချက် ၊တဦးတယောက်အတွက် အမြတ်ထုတ်ချက်က တခုက လွဲလို. ဘာမှ မမြင်တယ် ။

ဆက်ပြောရရင် အခုပြောပြောနေတဲ့ ၈၈ မျိုးစက်ဘဲ ဖြစ်စေ ၁၉၄၈ ခု နောက်ပိုင်း ဗမာတွေ ဟာ စကားအရာ ပြောရမယ် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်ူကို ပုဂိုလ်စွဲ ၊ ဘုရားအမှတ်နဲ့ ကိုး ကွယ်မတတ်ဖြစ်ခဲ့ပေမဲ့ သူပြောခဲ့ တာတွေ မှာခဲ့တာတွေ ကို တတွတ်တွတ် အာဂုဏ်ပြန်နေ ကြ ပေမဲ့ ဘာမှ တိကျစွာ လိုက်နာဆောင်ရွက် ကျင့်ကြံခြင်း မရှိကြဘူးလို ယေဘုံယျအားဖြင့် မှတ်ယူရတယ် ၊ ဗုဓ္ဒဘာသာ အယောင်ဆောင်တွေ လိုဘဲ ပေါ့ ဗျာ။ ဗုဓ္ဒဘာသာမဟုတ်တဲ့ သူတွေလဲ ပါကြပါတယ် ။ ကိုယ်အသုံးမကျတာကို သူများကိ အပစ်ပြောလို.တော့ ကိုယ အသုံးကျလာလိမ့်မယ် မဟုတ်ဘူး။

ဦးနု ခေတ် ဗိုလ်နေ၀င်းခေတ် ၂ ခေတ်စလုံးမှာ လူတွေဟာ လတ်လပ်ရေးရဲ့ အရသာကို ဘာမှမလုပ်ဘဲ ရတဲ့ စစ် လျှော်ကျေးဘဲ ထိုင်စားနေတယ် ။ ပြည်သူတိုရဲ ဘ၀နဲ့ တိုင်းပြည် တိုးတက်သင့်သလောက် မတိုးတက်ဘူးလို ပြောရမယ် ၊ ကြိုးချည် မခံနိုင်လို နိုင်ငံခြား အထောက်အပံ့တွေ အရမ်းမယူခဲ့ဘူး ကိုယ်အားကိုယ်ကိုး ပေမဲ့ (ကုလားခတ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ ကုန်) ဆိုသလို ၀င်ငွေ ထွက်ငွေ မကာမိဖြစ်ရ တာဟာ၊ ပြည်ပရန်သူ တရုတ်ဖြု ၊ ပြည်တွင်းရန်သူ ကွန်မြူနစ်အပါအ၀င် တိုင်းရင်း သား သူပုန် သောင်း ကျန်း တွေရဲ ရန်ကိုကာကွယ်ရတဲ့ အသုံးစာရိတ်တွေ များနေခဲ့ရလိုဖြစ်တယ် ဆိုတာ လေ့လာသူ တွေ သိကြတာဘဲ ။။

ကိုရင်ကြီးပြောတဲ ပြည်သူဆိုတာ ပြည်သားတွေလဲ ပါပါ တယ် ၊ တိုင်းသူပြည်သား လူအများ ဆိုတဲ့. လှည်းနေ လှေအောင် မြင်းဇောင်းမကျန်က လူတွေအားလုံး ပေါ့လေ ၊ လူဆိုတာ မနုသ( သို.) လူသတ္တ၀ါ ဘဲ ၊ ကိုရင်ကြီး ပြောတဲ့ သူတွေ အားလုံးပါ ပါတယ် ၊ ဒါပေမဲ့ လူဆို ရင် လူနံ.ရှိရမယ် လူဆော်နံရမယ် ၊ ဘုန်းကြီးလဲ ဘုန်းကြီး အလျှောက် ဘုန်းကြီးဆော် နံရ မယ် . ဘယ်လို ဘယ်ဟာဆိုတာ သူ.ဟာနဲ့ သူရှိပြီး သားမို. ဒီက အထူးချဲ. မပြောတော့ပါ ဘူး။. ပညာရှိတွေ ထားခဲ့ တဲ့ စကားအတိုင်းနဲ့သာ ရှိပါစေတော့။

အော်ငဆန်းစုကြည် ပြောတဲ့ စကားတလုံးကို ဌားသုံးပြီးပြောရရင် ဘုန်းကြီးတွေ နိုင်ငံရေး လုပ် ခင်ရင် သင်္ကန်းချွတ်ပြီး သတ္တရှိရှိ နိုင့ရေူလုပ်ကြပါ၊ သာသနာကို ခုတုန်းလုပ်ပြီး သာသ နာ ဖျက် လ်ုပမနေပါနဲ့ ဆိုတာဘဲ ။

ဗုဓ္ဒဘာသာဝင်တယောက်အနေနဲ့ ပြောပြော လူတယောက်အနေနဲ့ဘဲဆိုဆို လောကီလူသား ဆိုရင် လောကီလူသားဘဲ ဖြစ်ပါတယ် ။ လောကီကို စွန်ခွာစွန်ပစ်ပါတယ် ဆိုတဲ့ ဘုန်းကြီး တွေ တောင် လောကီ အရေးတွေနဲ လောကီသားတွေနဲ့ ကင်းအောင်မနေနိုင်ကြလို.လဲ ရဟန်းတာဖြစ်ဘို. နေနေသာသာ သူ တော်စင် တောင်မဖြစ်ပါဘူး။ သာမန်လူတွေထဲ မှာ ဘုရားဆု တောင်းတဲ့သူတွေဟာ ဘုရားဖြစ်ဘို ဆု တောင်း တာဘဲ ရှိတယ် သူတိုဟာ ဘုရား မဟုတ်ကြပါဘူး. ဘုရားကိုယ်တော်ကျင့်ခဲ့တဲ့ အကျင်. တွေ ကိုတောင် တ၀က် မကျင့်နိုင်ကြ သေးပါဘူး လို. ခန်းမှန်းမယ် ။

ဗုဓ္ဒဘာသာအကြောင်းနားမလည်သူတွေက အလောင်းမင်းတရား ဦးအောင်ဇေယျလို. ဦးနု လို လူတွေ ပေါဗျာ တိုက ဘုရားအဖြစ်ရလိုကြောင်းဆုတောင်းပါတယ် လို.ဆိုတာ ကို ဘုရား အဖြစ် ၀န်ခံသယောင် ၊ဘုရားဖြစ်ပါတယ် လို ပြောသယောင် ရေးကြလေတာ့ တခြား ဗုဓ္ဒ ဘာသာနားမလည်သူတွေကလဲ ထင် ယောင်ထင်မှားဖြစ်ကြတာပေါ့ ။

အိန္ဒိယနိုငံ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ ကိုတွေဆုံးခဲ့တဲ့ အမေရိကံ အမျိုးသမီး သတင်း ထောက် က ဂန္ဒီကြီးရဲ့ ဇနီးကို သူ. ခင်ပွန်းယောက်ျားနဲ့. လိင် ဆက်ဆံရေးကို မေးခဲ့ တယ်လို သိရသလို၊ ဦးနု ကိုလဲ ခလေးတွေ ဘယ်လိုရခဲ့သလဲ လို. မေးခဲ့တယ် လို.ကြားဘူးတယ် ။ သူတိုဟာနဲ့ သူတိုတော့ ပွင့်လင်းမြင်သာနေကြတာလို ဂုဏ်ယူကောင်း ယူပါလိမ့်မယ် ။ သူ တို. ခေါင်းထဲမှာ ဘာတွေ ရှိနေကြသလဲ ?

ဗမာတိုင်းဟာ လူကောင်း လူတော်ဖြစ်ရမယ် ၊ စိတ်ထားမှန့်ရမယ် မတရား မလုပ်မိဘို အဂတိမလိုက်စား ဘို ၊ မဟုတ်တာကို မျက်စေ့ပိတ်မထောက်ခံဘို.၊ ကိုယ်ကောင်းဘို့ ကိုယ့်မိသားစု အရေးအတွက် ကလွဲလို အများအကျိုး မကြည့်တဲ့သူမျိုး မဖြစ်ဘို့ လိုမယ် ဆိုတာ ဟာ လိုအပ်နေတာကို ပြောနေတာဘဲပေါ့ ၊

အင်း ဗုဓ္ဒဘာသာတွေကို စံပြတွေ ဖြစ်ကြဘို.ပြောရတာ ရှက်များတောင် ရှက်တယ် ဆိုရင် လက်ခံပါ ။ ဗုဓ္ဒ ဘာသာရဲ အနှစ်သာရ သွန်သင်ချက် က “အများအကျိုးဆောင် -ကို့ယ် အကျိုးအောင် ” ဆိုတာဖြစ်ပါတယ် ၊ ဗုဓ္ဒရဲ သွန်သင် ဆုံးမချက်တွေနဲ့ အညီ လက်တွေ.ကျင့်ကြံ နေထိုင်ဘို. ဖြစ်ပါတယ် ။ ဗမာတွေ ဗုဓ္ဒဘာသာ ဖြစ်ရတာ ဖြစ်ထိုက်လို.ပါ ဆိုရင် ကိုရင် နားလည်မလား ? ဥပမာပြရရင် အိမ်တလုံးပေါ်ရောက်လို. “ စည်းကမ်းရှိကြပါ ” ဆိုတဲ့ စာတမ်း မြင်လိုက်ရရင် ဒီအိမ်ကလူတွေ စည်းကမ်းမရှိကြလိုသာဘဲ လို သုံးသပ် ကောက်ချက်လို. ရပါလိမ့်မယ် ။

ဒီနေရာမှာ လူတိုင်းဟာ လူကောင်းဖြစ်ရမယ် ၊ အတော်အတန်အသင့်ဖြစ်ဘိုရာ လူတိုင်းဟာ ကောင်းဘို.လို တယ် ၊ ဒီမိုကရေစီမှာ လူအများစုကကောင်းဘို လိုတယ် ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ဆိုတာကတော့ မဟုတ်သေးပါဘူး ကိုရင် ။ လူတွေကိုယ်တိုင်က ကောင်းကြ ရင် သူတိုထက်ကောင်းတဲ့ သူကို မြင်နိုင်တဲ့ မျက်စေ.ရှိကြမှာပါ ။ သိကြမှာပါ ။

အုပ်ချုပ်ဘို လွယ်တာ မလွယ်တာ ဆိုတာကတော ရှိစမြဲဘဲ ။ နိုင်ငံတခုတည်ဆောက်ဘို. လူတယောက် အား နဲ့ ရတာမဟုတ်ပါဘူးဆိုတာကိုလဲ သိရှိလက်ခံထားပြီးသားဘဲ ၊ တာဝန် နဲ့ ခံစားခွင့် ဘယ်ဟာက အရင် ရမလဲ ဆိုတဲ့ ပြသနာဟာ ။ သစ်သီးဝလံ ဆံ စပါး စိုက်ပျိုး တဲ့ သဘာဝရှိ ဗမာတွေ မသိဘူးဆိုတာကတော့ မဖြစ်နိုင်ဘူး ကိုရင်ရဲ့ ၊ သစ်ပင် ၀ါးပင် စပါးပင်တွေကို အောင်မြင်စွာ ကြီးပြင်းလာတဲ့ အဖူး အပွင့် အသီး သီးလာတဲ့ အထိ ပြုစုပျိုး ထောင်ပေးရမဲ့ ရောဂါကင်းရှင် ကျန်းမာအောင် လုပ်ပေးရမဲ့ တာဝန်ကို ကျေပြွန်မှ သာ အဖူးအပွင့် အသီး အနှံတိုကို စားသုံးနိုင်မှာ ဖြစ်ပါတယ် ဆိုတာကို ဗမာတွေ နားမလည်ဘူး ဆိုရင် ။ ဘာနဲ့မှတော့ မနျိုင်းလိုတော့ပါဘူး၊ အတော်ကို လိုနေသေးပြီဗျာ လို.ဘဲ ပြော တော့မယ် ။ ကိုရင်ကြီး ပြော တဲ့ အသိစိတ် ပဲ ဆိုကြပါအုံးစို. လူ.အသိစိတ်ဓါတ်မရှိရင် ခေါင်းပါးသွာရင် လူဟာ ဘာဖြစ်သွားပြီလဲ ?

ဒိလိုအခါမျိုးမှာ ကြောက်စရာ လန်.စရာအဖြစ်တွေ ပေါ်တတ်ပါတယ် ။ ခရစယန် ကျမ်းမှာ လူတွေစာရိတ္တ ပျက်ပြား ထိမ်းမနိုင် သိမ်းမရ ထာဝရဘုရားဆိုတဲ့ ဖန်တီးရှင် ကိုယ်တိုင်ရဲ့ စကား ရော ဘယ်သူ စကားကိုမှ နားမထောင်တဲ့အတွက် က ကမ္ဘာကြီးကို နေ.ညဥ့် ရက်ပေါင်း ၄၀ ကြာ မိုးသီးထန်စွာံ ရွာသွန်း မိုးရေနဲ့ ဆေးကြောပစ်ခဲ့တယ် လို ကမ္ဘာဦးကျမ်း ဆိုတာမှာ အတိအလင်း ဖေါ်ပြထားပါတယ် ၊ မွတ်စလင်တွေလဲ သိကြပါတယ် ။

အသိစိတ်ဓါတ် ကင်းပျောက်ခေါင်းပါးလို. လူစိတ်က တိရိစ္ဆာန်စိတ်ပေါက်လာရင်လဲ လူတွေ ကို ထိုက်သင့်တဲ့ အတိုင်း ဆက်ဆံ မဲ့ သူ ပေါ်ပေါက်လာနိုင်ပါတယ် အထူးသဖြင့် ဗမာနိုင်ငံ လို ဘုရားတွေ ပေါလှတဲ့ နိုင်ငံမှာ ဖြစ်နိုင် စရာတွေ အများ ကြီးပါ ။ အထက်က သာဓကတွေ အများကြီး ရှိပါတယ် ။

ပြောရမယ် ဆိုရင် ၊ ရေကြီးခြင်း ၊ မိုးခေါင်ခြင်း စတဲ့ တွေဟာ လူတွေကို သတိပေးနေတဲ့ အတိတ်တွေ နိမိတ်တွေလို. ပြောနိုင်ပါတယ် ၊ မင်းဆိုး မင်းညစ်ကြောင့်လို အစွဲ ကြီး မနေဘဲ ၊ ငါတို.လူဆိုး လူညစ်တွေ ကြောင့် ပါလို. တွေး ယူနိုင်ပါတယ် ။ ဘယ်သူ. အပစ်တွေ ဘဲ ဖြစ်ဖြစ် လူတွေက လုပ်တဲ့ အပစ်ပါ ပါလားဆိုတာ ကို သတိဖြစ်ဘို လိုပါလိမ်.မယ်။

တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူကလဲ ။ သတ်ရဲမှ မင်းဖြစ်ဆိုတဲ့ စကားကို လက်ကိုင်ထား နေ ရင် အနော်ရထာမင်း လို အလောင်းရှာမတွေ ဖြစ်သွားမလား မသိဘူး ။ လူထုရဲ ဆန္ဒ ဆိုတဲ့ ကာယကံ ၀ဇီကံ မနောကံ ၃ ပါးနဲ ဆန္ဒ ထုတ်ဖေါ်ချက်တွေကို ဘယ်လိုမြင်ပြီ ဘယ်လို ကိုင်တွယ်မယ် ဆိုတာကတော့ တမျိုးပေါ့ ။

နေမိမင်း ၀တ္တုမှာ ခမည်းတော် ရင်ခွင် ကနေ တရားစီရင်တာကို သုံးသပ်လေ.လာမိတဲ့ သူငယ်ဟာ မင်း ဖြစ် ရမှာ ထိတ်လန် တုန်လှုပ်လို. စကားမပြောဘဲ အအ လိုနေခဲ့ပါတယ် ။ တဲ့ ။

အတ္တတွေများနေရင် ပရ ဆိုတဲ လူအများရဲ့ မကြည်သာမှုကို ခံရမယ် ၊ ဗုဓ္ဒဘာသာ ရဲ့ အများ အကျိုး ဆောင် ဆိုတာနဲ့ လဲမညီတော့ဘူး။ ကိုယ်အကျိုး စီးပွားကြာကြာခံမယ် မထင်ဘူး။ ကိုယ်အကျိုးစီးပွားဟာ အများ ပေါ် မှာ မမှိခို ဘဲ လဲ မကြီးပွားနိုင်ဘူးလိုမြင်တယ် ။ မျှတဘို.လိုတယ် ၊ တရားသဖြင် ဖြစ်ဘို.လိုတယ် ဆိုတာ ဒါတွေဘဲ ပေါ့။

တပေါင်ဘဲ ဆိုဆို ၂ ပေါင်ဘဲ ပြောပြော အတိတ်ဖတ် နိမိတ်ဖတ် ရှေ.ဖြစ်ဟော ဆိုတာတွေ သတိပေးစကား တွေဆိုတာ မြန်မာမှုတင် မဟုတ် လူမျိုးတိုင်းမှာရှိပါတယ် ။ တင်စားတယ် ဆိုတဲ့ စကားလေးပါသွားလို ကိုရင် ဘ၀င်မကျဘူး၊ ရပါတယ် ရပါတယ် တင်စားမယ်ဆိုရင် တင်စားနိုင်ပါတယ် ၊ တယောက်ထဲမှ မဟုတ်တာ ကိုယ် တင်စားခြင်သူကို တင်စားနိုင်ပါ တယ် ။ ငြမ်းမရှိဘဲ ဘုရားထီးတင် လို.မရ ပါဘူး။ အင်္ဂလိပ်မှာ လဲ Scaffolding ဆိုတာရှိပါ တယ် ။ ဒီ Scaffolding ဟာ ဘုရားထီးတင်သက်သက်အတွက် သာ မဟုတ်ဘူးဆိုတာကို ကိုရင်ကြီး သိပါလိမ့်မယ် ။
မှန်ပါတယ် လူတိုင်းဟာ သူအမြင်နဲ့သူရှိကြတာကို လုံးဝ လက်ခံပြီးသားပါ ။ သူအတွေအကြုံ နဲု သူ ဗဟုသုတတွေရှိနေကြတာပါ ၊ တူခြင်လဲတူမယ် မတူရင်လဲမတူဘူး။ မိမိအနေ အထား အရ အဓိပါယ်ကောက် ယူပုံ ခြင်း တူခြင်မှ တူအုံးမှာ ဘဲ ။

ပြောလက်စ စကားရင်းဟာ သမ္မတ ဦးသိန်းစိန် ကိစ္စပါ . ဦးရွှေမန်းနဲ့ အပြန်အလှန် သ၀ဏ် လွှာ ပိုကြတာတွေနဲ့ပါတ်သက်ပါတယ် ဒီအရင်ကလဲ ဦးသိန်းစိန်ကို ဒိတိတ်တာ အာဏာရှင် အဖြစ် တအိအိ လုပ်လာနေကြတာကို မြင်တဲ့ အတိုင်း တင်ပြဘူးပါတယ် ။

မနေက မီဒီယာနဲ့ တွေဆုံအပြီးမှာ “ မီဒီယာသမားများ “နစ်နာမှု” မရှိစေရန် လုပ်ပေးမည်ဟု သမ္မတ ဂတိပေး” တဲ့ သတင်းကို တွေ ရတယ် ၊ ဒီကအမြင် က တရားဥပဒေ စိုးမိုးရေးဆို တာ ကို တပြား တကျပ် မှ မလျှော့ စေခြင်ဘူး။ သမ္မတရဲ လုပ်ပိုင်ခွင်.တွေ ကိုလဲ ဒီက ပုဒ်မ ပုဒ်ထီးတွေနဲ့ထောက်ပြပြီး ဖြစ်တယ် ၊ လုပ်ပိုင်ခွင်တွေ ရပိုင်ခွင်.တွေ ရှိတိုင် . လုပ်ရမယ် ၊ ရရမယ် လား ၊ တတ်နိုင် ကြရင် တော့ ကောင်းတာပေါ့ လေ. အထူးသဖြင့် တရားဥပဒေ စိုးမိုးရေး တရားစီရင် ရေး အပိုင်းတွေမှာ သမ္မတက သူ.လုပ်ပိုင်ခွင့်ဆိုတာ တွေနဲ့ ၀င်စွက်လို ဘယ်လိုနည်နဲ့မှ တရားစီရင်ရေးကို မထိခိုက်ပါဘူးဆိုရင် အကောင်းဆုံးပေါ့ ဗျာ။

ပမာပြောရ၇င် တရားရုံ့းက ၁၀ နှစ် အပစ်ချတာကို သမ္မတ က တနည်းနည်း စွက်ဖက် လျှောပေါ့တာတွေဟာ ပေါ့ပေါ ကြည့်လို.မရပါဘူး။ တရားရုံးကို လူမလေးခွေးမခန်.တွေ ဖြစ်အောင် သမ္မတက လုပ်လိုက်တာလို ကျုပ်လိုလူကတော့ မြင်တယ် ။
း
သမ္မတ ဦးသိန်းစိန်ဘဲ ဖြစ်စေ နောက်ဖြစ်လာမဲ သမ္မတဘဲ ဖြစ်စေတိုဟာ ဒါမျိုးတွေသာ လျှောက်လုပ်နေမယ်ဆိုရင် - သမ္မတ တယောက်ဟာ စေတလူံး ပိုင်ရှင် ဖြစ်လာမှာကို တော. အကြောင်းကြောင်းနဲ့ မလိုလားတာအမှန်ဘဲ ? မဖြစ်စေသင့်တာ အမှန်ဘဲ လို.ပြောရင်း ဒီမှာ တခန်းရပ်လိုက် အုံး မယ် ။///

flyingdragon

unread,
Aug 2, 2014, 7:29:39 PM8/2/14
to
ရာခိုင်နှုံးတော်တော်များများကိုလက်ခံနိုင်ပါတယ်။ သို့သော်ကိုသိန်းစိန် ရဲ့အခန်းကဏ္ဍနဲ့အမြင် ကိုတော့ သိတ်မရှင်းဘူးဗျ။သမတက မီဒီယာဆိုတာတွေနဲ့တွေ့တယ်။ တရားစီရင်ရေးကဏ္ဍကိုမထိခိုက်စေဘဲ သူ့လုပ် ပိုင်ခွင့်ထဲကနေ မီဒီယာသမားများရဲံအခွင့်အေ၇းကိုစောင့်ရှောက်မယ်လို့ပြောတာ သူမှာပြောပိုင်ခွင့်လုပ်ပိုင်ခွင့် အပြည့်အ၀ရှိတယ်ဗျာ။ နိုင်ငံတော် သမတကနေ ဆောင်ရွက်နိုင်တဲ့အခွင့်အာဏာ ကို အခြေခံဥပဒေ အပိုဒ်၂၀၄ မှာ ပြဌာန်းထားတာဖတ်ဘူးသဗျ။ ပြစ်ဒါဏ်လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိသည် ကာလုံထောက်ခံချက်နဲ့အညီလွတ်ငြိမ်းချမ်းသာပေးပိုင်ခွင့်ရှိသည် လို့ဆိုတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာပေးတာတွေကို ခိုးဆိုးလုယက်မုဒိမ်းသများနဲ့ လူ့လောကအတွင်း ရှိဘို့မသင့်တဲ့သတ်တ၀ါတချို့ပါရ တယ်ကြားရတာသိတ်တောစိတ်မချမ်းသာဘူးဗျ။ ရန်ကင်းမှာလူအများအ ရှေ့ရက်ရက်စက်စက်သတ်ဖြတ်လိုက်တဲ့ကောင်ဟာ လွတ်ငြိမ်းချမ်းသာနဲ့လွတ်လာတဲ့ကောင်လို့ပြောကြ တယ် ဥပမာပြောတာပါ။ နိုင်ငံတော်သမတလုပ်ပိုင်ခွင့် ကိုသာဆက်ပြောရရင် ပြစ်ဒါဏ်လွတ်ငြိမ်းခွင့်ကို လုပ်ချင်တိုင်းလုပ်မဲ့သမတဆိုရင်တော့ ဆက်ပြောဘို့မလိုဘူးပေါ့ဗျာ။ သူပြောတာကို ကြိုက်တာလုပ်ကြဟေ့ သမတက အမှု့ဖြစ်တာနဲ့လွတ်ပေးမယ်လို့ယူကြရင်တော့ သမတအပြစ်မဟုတ်ဘူးထင်တာဘဲဗျ။ မြန်မာပြည် မှာ အာဏာလက်ရှိ ကိုဝိုင်းကြတဲ့သာဓကများနဲ့ အာဏာရှင်အဖြစ်ကို ဖြစ်အောင်ဝိုင်းပန့်ပိုး ကြတဲ့ ဖြစ်ရပ်များ ယနေ့အထိရှိနေသေးတယ်ဆိုတာမငြင်းနိုင်ပါဘူး။ ဒါကြောင့် ကိုရင်ကြီးသိတဲ့အတိုင်း ကျုပ် အပါအ၀င်အချို့ ကိုယ့်ထမင်းကိုယ်စားပြီးမြင်တာရေးနေတာ နှစ်ပေါင်းလဲမနဲတော့ဘူးလေ ၁၉၉၈။၉၉ လောက်ကတည်းကဆိုတော့။ သို့သော်အခင်းအကျင်းကပြောင်းနေပြီဗျ။ ဖြစ်နိုင်ခြေ အစိုးရပိုင်းမှာ အုပ်ချုပ်မှု့ပိုင်းမှာ အတော်ကို နဲတယ်။ ဖြစ်နေတာက ကိုရင်ကြီးရဲ့ အသဲကျော် လုံမလေး ကျမပေပေက လေဆိုတဲ့အသင်းနဲ့ အပေါင်းအပါ များမှာသာဖြစ်နေတာဗျ။ ကိုရွှေမန်း နဲ့အပေါင်းအပါ တချို့ အကြောင်းတော့ တခြားပိုသိသူ တွေ ကေ၇းကြသားကြပါလိမ့်မယ်။ ကျုပ်ကတော့ ကာလ၀ိပါက်နောက်ပိုးတက်ဆိုတဲ့စကားဟာ အမြဲမှန်တဲ့ သစ်စာတရားတခုလို့ဘဲပြောချင်ပါတယ်။ နိုင်ငံရေးလုပ်ချင်ရင်သင်ကန်းချွတ်လို့ပြောတဲ့ကိုရင်လုံမလေးက ၂၀၀ရ လောက်တုန်းကတော့ လေသံတမျိုးဗျနော်။ ဘုန်းဘုရားတို့ကိုအားကိုးပါရစေဆိုတဲ့အချိုးကနေကတုံးများအဆင့်ရောက်သွား တာ သိတ်မကြာသေးဘူးထင်ပါ့။ ၅၉ တို့ဘာတို့အသံတွေထွက်လာပြီးနောက်မှလို့ သိရတာဘဲဗျ။ ရွှေလမ်း ငွေလမ်းဖောက်တဲ့ လိုအပ်တာများကို တဆင့်ခံများကနေပံ့ပိုးကူညီနေပါတဲ့ဆိုတဲ့ ဌက်ကဌနဲ့ အပြန်အလှန် ကိစ်စလေးတွေလဲ နေလာပျောက်တဲ့နှင်းလိုဘဲဗျ။ သိတဲ့သူများသိသလို တချိန် ရေးကြချွတ်ကြပါလိမ့်မယ် နောက်စောင့်ရအလွန်ဆုံး၁၀နှစ်ပေါ့။
ကျုပ်က(ကျုပ်လိုဘဲ တချို့က) ဘယ်သူသမတဖြစ်တယ်ဆိုတာထက် နိုင်ငံတော် နဲ့သာသနာ ရေး ကို အဓိကထားတယ်ဗျာ။ အပြန်အလှန်ထိမ်းကျောင်းကြတယ်ဆိုတဲ့အယူအဆမှာ မင်းဘာကောင်လဲငါဘာ ကောင်လဲစိတ်ဓါတ်များနဲ့ သမိုင်းကြောင်းမကောင်းတဲ့သူများ ပင်ကိုယ်စိတ်ဓါတ်နဲ့လုပ်ရပ်များ က သက်သေပြခဲ့သူများ အစရှိသဖြင့်ပေါ့ဗျာ အဲလိုလူများ နိင်ငံရဲ့အမြင့်ဆုံးနေရာကို နိုင်ငံတော်ကိုယ်စားပြု တဲ့ရာထူးကို ရတာတော့မမြင်လိုတာတော့အမှန်ဘဲဗျာ။ ကိုရင်ကြီးရဲ့လုံမလေးက တော့ စကားထဲကို ထည့် ပြောစရာမလိုလောက်အောင် အထက်ပါအကြောင်းများနဲ့ပြည့်စုံပြီးသားမို့ ကျန်တဲ့ ဖြစ်ချင်တဲ့သူများ ကို သာ စီစစ်ကြဘို့ရှိပါလိမ့်မယ်။


mogyothwar

unread,
Aug 4, 2014, 5:25:45 AM8/4/14
to
လေးစားရသော ကိုရင်ကြီး ။

လက်ခံလောက်တာတွေလို. လက်ခံတာဘဲ ကျေးဇူး ၊ အားလုံးကို လက်ခံနိင်ဘိုလဲ လုံးဝ မမျှော်လင့် ပါ ဘူး၊ အမြင်တခုအနေနဲ့ အသိမှတ်ပြု ရင်ဘဲ ကျေနပ်ပါတယ် ။

လွတ်ငြိမ်းခွင့်ပေးတယ် ဆိုတာ တွေကို မူလထဲကိုက သဘောမကျဘူးဆိုတာ ကိုရင်ကြီး အကဲ ခတ်မိပါ လိမ့်မယ် ၊ ဒါကြောင်.လဲ တရားဥပဒေ တကယ် စိုးမိုးစေခြင်ရင် သေဒါဏ် အပါအ၀င် တိကျတဲ့ ပြင်းထန်တဲ့ အပစ်ပေးမှုတွေ လိုပါတယ်လို. ပြောနေရတာပါ ။

သမ္မတဟာ ဒိဗ္ပစက္ခုဆိုတာလောက် မရှိရင်တော် ရှေ.နောက် မျှော်မြင်မှု လေး ကိုတော့ အနဲအကျည်းရှိ ဘို. လိုလိမ့်မယ် ။ ခိုး ဆိုး လုယက် မုဒိမ်း လူသတ်သမား များနဲ့ လူ့လောက အတွင်း ရှိဘို့ မသင့်တဲ့သတ္တ၀ါ ဘဲ ဆိုဆို ၊ ကျုပ် ပြောတဲ့ မှဲ့ ခြင် မြွေ ကင်း သန်းတွေကို ရှင်းပစ်ရမဲ့ အစား လွတ်ငြိမ်းခွံင်ပေးကထဲက ဘာတွေ မျှော်လင့်နိုင်မလဲ သူမစဉ်းစား မိတာ အံ့သြလို.မဆုံးဘူး။ သူဘာတွေ စဉ်းစားနေသလဲ ?

ပြည်သူလူထုထဲက ပစ်မှု ကျူးလွန်သူဟာ ဥပဒေအရ အသက်အရွယ်မပြည်.သေးသူ ၊ ရူး သွတ်သူ မဟုတ် ရင် ဥပဒေက ပေးတဲ့ ပစ်ဏ်ကို အပြည့်အ၀ အတိအကျခံစားစေရမယ် ၊ ဖြစ်စေခြင်တာက ရပိုင်ခွင် တွေရော မရပိုင်သင့်တာ တွေပါ ၁၀၀ ရာခိုင်နှုန်းခံစားခြင်ကြတဲ့ သူတွေ ဟာ တာဝန်က်ု ရာနှုန်းပြည့် ကျေပြွန်စွာ ထမ်းဆောင်နိုင်ရမယ် ပြစ်ဒါဏ်ခံစား ရရင် လဲ ရာနှုန်းပြည့် ခံစားစေထိုက်တယ် ။ အနဲ ဆုံး ဒူးလောက်တင်မှ ရင်လောက် ကျမယ် ဆို တာ ပေါ့ဗျာ ။ ရှင်းရှင်းပြောရရင် လူဆိုးသူခိုးတွေကို မွေးမထား စေခြင်ဘူး။

နိုင်ငံတော် သမ္မတ ဟာ ဟစ်တိုင် တခု ဖြစ်လာနေတယကောင်ပါတယ် ၊ ထစ်ကနဲဆို နိုင်ငံတော်သမ္မတ ဘဲ၊ နောက်ဆုံး သမတဟာ ခွေးသေးပန်း တိုင် ဖြစ်မသွားဘို အရေးကြီး တယ်၊ ကြာတော့ ဒီတိုင်ဟာ သေးဆော် နံ လာမယ် ၊ ဆွေဒးလာမယ်၊ဈ

အစိုးရနဲ့ သမ္မတ. လွှတ်တော်နဲ သမ္မတ သဘောကွဲလွဲတာတွေ ဖြစ်လာရင် ဖဆပလ ၂ ခြမ်းကွဲ တာကို မှတ်မိတယ် တပ်မတော် ကိုယ်တိုင်ဟာ အနေကြပ်လာမယ် ။ ဘယ်သူက ဘယ်သူကိုမှ ယုံကြည်စိတ်ချ ကြတော့မယ် မဟုတ်တဲ့ ကျီးးလန်စာ စားနေရသလိုဖြစ်ကြ လိမ့်မယ်။

ဒီကိစ္စ (မီဒီယာ လွတ်လပ်ခွင့်) ဆိုတာဟာ ဗမာပြည် မှာ ဖြစ်သမျှ ကိစ္စအရပ်ရပ်ကိုလဲ ကာမိတယ်. နိုင်ငံတော် လုံခြုံရေး ပေါက်ကြားတာတွေ ထိ ပါလာပြီမဟုတ်လား မီဒီယာ လွတ်လပ်ခွင့်ကို လက်နက်တခုအဖြစ် မီဒီယာက အသုံးမချနိုင်အောင် လိုအပ်တဲ့ အတိုင်း အတာအထိကန်.သတ်မှုတော့ရှိရမယ် .မီဒီယာဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်သစ္စာ စောင့် သိဘို တာဝန်ရှိတယ် ။ ဥပဒေပြုပြီးကန်.သတ်ရတယ် ဆိုတာ လွတ်လပ် မှုဆိုတာကို ကာကွယ်တာဘဲ လို. အသိရှိရမယ် ။ ဒါတွေဟာ သူအများနိုင်ငံတွေမှာ ပြောစရာ တောင် မလို ဘူး။ မပြောသ့ည်တိုင် ဒါဟာနိုင်ငံတကာတွေမှာ သူတိုဟာသူတိုကျင့်သုံးနေကြတာ ၊

မနေ.တနေ.က ကျင်းပပြီးတဲ့ သမ္မတနဲ့ မီဒီယာတို တွေဆုံပွဲ နဲ့ ပါတ်သက်ပြီ။ အတိုက်အခံ၊ ပုဂလိက သတင်း စာတွေရဲ ဖေါ်ပြချက်၊ အစိုးရသတင်းစာတွေရဲ ဖေါ်ပြချက်တွေဟာ. ကိုယ်လိုရာကိုယ်ဆွဲ ၊ ကိုယ်လိုရာ ဇောင်းပေး ပြီး ဖေါ်ပြကြတာမို. ကွဲလွဲနေကြတယ် ဆိုတာ ဖြစ်နိုင်တယ် လို့ဘဲ ပြောမယ် ။

သမ္မတ ဦးသိန်းစိန်ကို မြွေမင်းသား တရစ်ရစ် မြိုနေပါတယ် ဆိုတာကို ချစ်လို.ပါ ငါ့သားရယ် လို. အမေက ပြောရင်တော့ သေခြင်တဲ့ကိန်းဆိုက်လာနေလိုဘဲ လိုပြောတော့မယ် ၊ ဒီလိုဆို င်ကိုယ်က ဥပက္ခာပြုရတော့မယ် ပေါ့လေ. ။ သူမှာလဲ ဘယ်ကာလကပါလာတဲ့ ကါလ ၀ိပဋ် လိုက်လာလို.မှန်းမှ ကိုယ်က မသိ ဘဲ ။ သူကို မြွေမြိုတာ သူတယောက်ထဲနဲ့ သာဆိုင်တာ မဟုတ်ဘူးဆိုတာတော့ ကျုပ်ပြောမယ်။ မြွေမြိုရင် ခေါင်းက စ မြီုတာ ဆိုတော့ ကိုယ်နဲ အမြီူးကိုတော့ ချန်ထားလိမ့်မယ် မဟုတ်ဘူးဆိုတာ ကိုရင်ကြီးသိမှာပေါ့ လေ ။

ဒီကိစ္စတွေ မဖြစ်ခင် လွတ်ငြိမ်းချမ်းသာခွင်.တွေ ကြေငြာတယ်ဆိုကတည်း က ကျုပ်ဘ၀င် မကျတာတွေ အကြောင်းအကျိုးနဲပြောခဲ့ဘူးပါတယ် ကျုပ်က သမ္မတလဲ မဟုတ် သမ္မတရဲ အကြံပေး ပုဂိုလ်မှလဲ မဟုတ် တာ ။ ပြည်သား တွေထဲက ပြည်သားတယောက်ပဲ ။ ကိုရင် ကြီးကိုယ်တိုင်လဲ ခံစားမိတာတွေ ရှိပါလိမ့်မယ်။ ပစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ပြည်သူတို စရိတ် စကနဲ့ လုပ်ခြင်တိုင်းလုပ်မှာ စိုးလို ကြီုတင်ပြောနေတာဘဲ၊ ပြောရ မှာ က ကျုပ်တိုတာဝန်လေ ။ မပြောမရှိ မဖြစ်စေနဲ့ ပေါ့ ဟုတ်ဘူးလားဗျာ ။

မီဒီယာနဲ့တကွ ၊ အတိုက်အခံတွေ ပေးပေးနေတဲ့ ဖိအားတွေကို သူခံနိုင်ဘို အရေးကြီးတယ် ၊ မခံနိုင်ရင် သူပိသွားမယ် ပြားသွားမယ်။

မကြာခင်ရက်တွေမှာ ASEAN အစည်းအဝေးကို John Kerry ဆိုတာ တယောက်ကလဲ လာအုံးမယ် သူနည်း သူဟန် သူလုပ်ပိုင်ခွင် ပြောပိုင်ခွင်တွေ ထဲကနေ လုပ်သွား ပြောသွား မွှေသွား နှောက်သွားအုံးမယ် ဘာတွေ ချိန်း ချောက်သွားအုံးမယ် မသိဘူး မပြောနိုင်ဘူး ၊ ဦးသိန်းစိန်က Yes sir, yes sir နဲ.လုပ်နေလိုကတော့ three bags full ကြလိမ့်မယ် မဟုတ်ဘူး ၊ ကိုယ်လုပ်မှ ကိုယ်စား၊ ကိုယ်ရှိမှ ကိုယ်စားရတာပါ ။ ။

အပြင်ကဖြစ်စေ ၊ အတွင်းက ဖြစ်စေ အပ်ချုပ် သမား စကားနဲ့ ပြောရင် ပသျှူးချပ် ဆိုတာလို ပေါ့ဗျာ ။ အတွင်းကရော အပြင်ကပါ သမ္မတကို ၂ ထပ်ချုပ် နေကြတာလို မြင်တယ် ။

အောက်ကလူတွေ လုပ်ခြင်တိုင်းလုပ်လိုမရအောင် သူဟာနဲ သူစီစစ်ရေးအဖွဲ.တွေရှိနေတာ ကိုမှ မကျေနပ် သူကိုတင်ပြရမယ် ဆိုတွေ ပါလာရင် သူဟာ ဒိတိတ်တာ အာဏာရှင် ဖြစ် လာ ပြီဆိုတာ မပြောဘဲ သိနိုင် ပါတယ် ကိုရင် ရယ် ၊ အနဲ ဆုံး သူလုပ်ပုံကိုင်ပုံတွေဟာ ဒိတိတ်တာ အာဏာရှင် ဆန်နေတယ် လို ကျုပ် ကတော့ပြောမယ် ။ ကိုယ်မှာ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတယ် လုပ်ပိုင်ခွင်အရ လုပ်တယ် ဆိုတဲ့ အပြော မျိုး တွေနဲ့ လူဆိုး ၁၀ ယောက် ချမ်းသာပေးမယ်လို လူ ၁၀၀၀ က ဒုက္ခခံပေးဆပ်ရမယ် ဆိုတာကတော့ မဟုတ် သေးဘူး ၊ လုံးဝတရားမယ် မထင် ဘူး ၊ြေ့ပရရင် ။ ဒီမိုကရေစီနဲ့ ဆန်ကျင်နေတယ် - လူအများကောင်း စား ရေးဆိုတာတော့ ထည့်မပြောနဲ့တော့ ကိုရင် ၊ .လုပ်ပိုငိခွင့်တွေ ရပိုင်ခွင်တွေကို အသိ စိတ်နဲ ယှဉ်ပြီး အမျှော်အမြင်တွေ လိမ္မာပါးနပ်မှုတွေနဲ့ တွဲပြီူး သုံးဘို. ပြောနေတယ် ဆိုတာ သမ္မတကြီး လို လူတယောက် သိဘို.လိုပါလိမ့်မယ် ။

အခင်းအကျဉ်းဘယ်လောက်ပြောင်းပြောင်း ဇါတ်ကောင်တွေ ဇါတ်ဆောင်တွေ ပေါ်မှာ မူတည်တာပါ ။ မန္တလေးမှာဆိုရင် ဘာအခင်းအကျင်းမှ မပါတဲ့ မြေ၀ိုင်း အငြိမ်.အဖွဲ့တွေဟာ၊ ဘာ မီး စလိုက်မှ မလိုဘဲ နေ.ဘက် နေရောင်အောက်မှာ က ပြ ဖျော်ဖြေကြတဲ့ အငြိမ့်တွေ ရှိပါသေးတယ် ၊၊

နိုင်ငံ့အရေးဆိုတာ နိုင်ငံတည်ရှိနေသ၍ ရှိနေမှာပါ ။ နိုင်ငံသားတိုင်းစိတ်ဝင် စား လက်တွဲ ဆောင်ရွက်ရမှာပါ ၊ နိုင်ငံသားတွေထဲက နိုင်ငံ့ခေါင်းဆောင်ဆိုတာတွေ ဟာလဲ ဇါတ်ဆောင် ဇါတ်ကောင်တွေမို စင်မြင့်ပေါ်မှာ ကက မြေ၀ိုင်းနဲဘဲ ကက အခင်းအကျဉ်း ကောင်းတာ မကောင်းတာ ပြောင်းတာမပြောင်းတာ၊ အဓိကမဟုတ် မိမိရဲ့ ကကျိုး ကကွက် ဆိုင်းချက် ညီညီ က နိုင်မှု ဆိုနိုင်မှု ၊ စွဲဆောင်နိုင်မှု အရည်အချင်း တွေကို. လူထုကိုယ်တိုင်က သိရပါမယ် ၊ အကယ်ဒမီ ရွှေစင်ရုပ် ဆု ဟာ အကယ်ထိုက်တန်သူသာ ရထိုက်ပါတယ် ။

တိုင်းပြည်တခု တိုးတက်ဘို. အဂတိလိုကစားမှု တွေ နှိမ်နင်းတိုက်ဖျက်နေတယ် ဆိုနေရာ မှာ နိုင်ငံရဲ့ သမမ္မတတယောက် ဖြစ်စေ ။ အစိုးရတဖွဲ.ဖြစ်စေ၊ အတိုက်အခံဘဲ ဖြစ်စေ ၊ သူ တို. အာဏာမြဲ ဘို. သူတို. အာဏာရဘို. ပြည်သူလူထုကို နည်းအဖုံဖုံနဲ လဘ်ထိုး တာမျိုး ကိုတော့ လက်မခံနိုင်ဘူးဗျာ ။ သူများနိုင်ငံ တွေမှာ အဲဒါမျိုးတွေ လုပ်ကြတာတွေရတယ် ။ အထူးသဖြင့် ရွေးကောက်ပွဲနီးပြီဆိုရင် ပြည်သူလူထုကို အခွင်.အရေးအမျိုးမျိုးနဲ့ ဖျားယောင်း တော့ တာဘဲ ။ ဒါဟာ လဘ်ပေးလဘ်ယူဘဲ လို.မြင်တယ် ။

ကိုရင်ကြီးက သစ္စာစကားပြောလာတော မင်းမှာ ဂတိ လူမှာသစ္စာ ဆိုတာ သွားသတိရတယ် နိုင်ငံတော်နဲ့ နိုင်ငံသာတွေ အပေါ် ဘယ်သူတွေက ဘယ်လော်ကသစ္စရှိကြသလဲ ဆိုတာ လူတွေကို်ယ်တိုငိ နားလည်ကြရဲ့လား?

မင်းမှာ သစ္စာ လူမှာ ဂတိ ဆိုတဲ့ ဗမာစကား ၊ နက်နဲပြီး အဓိပါယ်ရှိပါတယ် ။ ဦးသိန်းစိန်ဟာ ရှေးခေါ်အရ တိုင်;ပြည် အုပ်ချုပ်နေတဲ့မင်းတပါး ဖြစ်ပါတယ်။ တို်င်းပြည်နဲ့လူမျိုးပေါ်အပါအ၀င် အရာရာမှ ဂတိတည်ဘို.အရေးဘကီးပါတယ် တွေ.ကရာတွေ ဂတိပေးနေလို. အေးမ သွား ပါဘူး။ သမ္မတ တယောက်မဟုတ်ဘဲ လူ တယောက် အနေနဲ့လဲ သစ္စာရှိဘို.လိုပါ လိမ့် မယ် ၊ ကျန်တဲ့ ပြည်သူတွေမှာ ဘာတာဝန်ရှိကြသလဲ ဆိုတာကတော ကိုရင်ကြီး အသိဆုံးပါ ၊

အပြန်အလှန် ထိမ်းကျောင်းကြတယ် ဆိုတာ လိုအပ်ချက်တရပ်ဘဲ ၊ အထိမ်းအကျောင်း မရှိရင် ဘာမှ မကောင်းနိုင်ပါဘူး၊ ( လူမှာ အ၀တ် တောင်းမှာ အကွတ် ) လို. ဗမာ့ ဆိုရိုး ရှိပါတယ် ကိုရင်၊ မင်း ဘာ ကောင်လဲ ငါဘာကောင်လဲ ဆိုတာ တကယ်တော့ (ငါတည်းဟူ သောမန်မာန)ဘဲ မဟုတ်လား ။ ရှိ သင့် သလား ဗျာ။

ဒါကြောင့်လဲ ဂေါတမ ဗုဓ္ဒက အခါအားလျှော်စွာ တရားနာပါ ၊ အခါအားလျှော်စွာတရားဓမ္မကို ဆွေးနွေးပါ လို မှာကြားခဲ့တာကလဲ ၊ အပြန်အလှန် ထိမ်းကြောင်းနိုင်ရေးမှာ မိမိကိုယ်မိမိ ပဌမ ထိမ်းကြောင်းနိုင်ဘို. လိုအပ် တယ်ဆိုတာ ပြောတာဘဲလို. ခံယူတယ် ။

ဒိမိုကရေစီ လွတ်လပ်ခွင့် လူအခွင့်အရေး ဆိုတာ တွေ အားလုံးဟာ အထိမ်းအကြောင်း ရှိရ မယ်လို.ဆိုမယ် ၊ တိကျတဲ့ ဥပဒေပြဌာန်းပြီး ထိမ်းပေးရမယ်၊ ဥပဒေ ချိုးဖေါက်လာရင် ဘယ် သူကို မှ သက်ညှာ စရာမလိုဘူး လိုပြောဘူးတယ် ။ ဒိုတတွေ ဗုဓ္ဒဘာသာ တွေမို. သေဒါဏ် မပေးဘူးလို.လဲ မပြောနဲ့ ၊ ဗုဓ္ဒဘာသာတွေ ဘဲ ပစ်မှုကျုးလွန်နေကြတာဘဲမဟုတ်လား။ ဗုဓ္ဒဘာသာတွေဘဲ ကိုယ်အခွင်.အရေးဦးစားပေးပြီး သူများရဲ အခွင့်အရေးတွေကိုစော်ကား ဖေါက်ဖျက်နေတာတွေ ဘာပြောမလဲ ?

သမ္မတ ဦးသိန်းစိန် နူးညံ့သိမ်မွေ.သူတယောက် Gemtelman တယောက်ဖြစ် မြင်ကြသူတွေ ရှိသလို ။. ပျောညံ့သူ တယောက် အဖြစ်မြင်သူတွေ ရှိမယ် ။ ရေများရေနိုင် မီးများမီးနိုင် ၀ါဒ သွတ်သွင်းရာမှာ ကိုယ့် အတွက် သင့်တင့် လျှော်ကပါတ်တဲ့နေရာကို ကိုယ် သိရင် ကောင်း တာ ပေါ့ ။

တခါတုန်းက ကြားဘူးတဲ နိုင်ငံရေး ပျက်လုံးလေးတခု သတိရတဲ့ အတိုင်း ပြန်ပြောရရင် . တိုင်းသူပြည်သား တွေ ဆင်းရဲဒုက္ခ ရောက်နေကြတာကို သုံးသပ်မိတဲ့ ခေါင်းဆောင် ၃ ဦး တိုဟာ လူသူဝေးတဲ နေရာသွားပြီး ဆွေးနွေးတိုင်ပင်ဘို လေယဉ်နဲ ဝေဟင်ကို ထွက်ခဲ့ကြ သတဲ့ ။ တိုင်းသူပြည်သား တဦးတယောက်ဖြစ်စေ. ၁၀ ဦး ၁၀ ယောက်ဖြစ်စေ. ၁၀၀ ဦး ၁၀၀ ယောက် ဘဲ ဖြစ်စေကို စိတ်ချမ်းသာခြင်း ပြည့်ဝအောင် လုပ်ပေးခြင်ပေမဲ့ တတိုင်းပြည် လုံးအတွက် မတတ်နိုင်ရှိနေတာကို စိတ်ပျက်မိကြတယ် တဲ့ ၊ သူတိုတိုင်ပင်တာကို လေယဉ် မှူှးု ကို ပြောပြ ပြီုး အကြံကောင်းများရှိရင် ပွင့်လင်းရဲဝန်.စွာပေးဘို ပြောလာတော့ ၊ ၂ ကြိမ် ၃ ကြိမ်ငြင်းပါသော်လဲမရ နောက်ဆုံး အကြံသာပြုပါ အပစ်မဖြစ်စေရပါဘူးလို. အာမခံချက် ပေးတဲ့ အတွက် လေယဉ်မှုးက ကြောက်လန်တကြားနဲ အကြံပြု လိုက်တာက ( လူကြီးမင်း တို ၃ ယောက်စလုံး လေယဉ် ပေါ် က ခုန်ချလိုက်ရင် တတိုင်တပြည်လုံး စိတ်ချမ်းသာ သွား မှာ သေချာတယ် တဲ့ ။

ဝေဟင်ကို လေယဉ်နဲ့တောင် တက်သွားကြတာ ဒီထက် မမြင့်တော့ပါဘူး ကိုရင် ရယ် ။ ဘယ်သူက ဘာအကြံပေး ပေး ၊ ကိုယ်လုပ်မှ ဖြစ်တာပါ လိုဘဲ ပြောလိုက်တော့မယ် ။

ပျော်ပျော် ပါးပါး ပေါ့ဗျာ ။//


0 new messages