Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

နွံ နစ်နေသော မြန်မာတွေ ၊

20 views
Skip to first unread message

minkyaw...@gmail.com

unread,
Nov 15, 2012, 4:15:11 AM11/15/12
to
ဒို.ကလေးများ ဆိုသလေး ၊

(ကျွေးတိုင်းလဲ မစားနဲ. ပေးတိုင်းလဲ မယူနဲ. ဒေါသ ရှေ.ထားမှားတတ်သည်) လို. လူကြီးများ
က သတိပေးတယ် ၊ (လူကြီးစကား နားထောင်ငြား သံပြား ကျောက်ဆောင် ကျိုးသော်
ပြောင်း၏ ) လို.လဲ ဆိုတယ် ။

ဒီစကားတွေ ရော တခြားစကားတွေရဲ. ဆိုလိုရင်း အနက် အဓိပ္ပါယ်တွေကို ဒို.လူကလေးများ ဘယ်လောက် နားလည်ကြသလဲ ဘယ်လောက် နားထောင်လိုက်နာ ကြသလဲ ၊ အားလုံးကို
တော့ ၀ါးလုံး နဲသိမ်း မရမ်းလိုပါဘူး ၊ လူကြီးတွေကိုလဲ အပြစ် မတင် နိုင်ဘူး ၊ ဆိုရိုးစကား
တွေ ဟာ ပိဋိကတ်တော် ဘုရားဟော ဒေသနာတွေလို သံဃာရဏာ တင်လို. ရတာတွေ မဟုတ်ဘူး ၊ ဘုရား ဂေါတမ ကတောင် ကါလ ဒေသ အလိုက် ပြူပြင်ပြောင်းလဲမှူတွေ ပြုနိုင်တယ်လို. ခွန့်ပြုခဲ့တယ် လို.လဲ တချိုးကပြောကြတယ် ။

အရေးကြီးတာက အထူးသတိထားဘို.က အကြောင်းနဲ.အကျိုး အပြင် အနုမြူ ဗုံးလို ဆင့်ပွားပေါက်ကွဲ နိုင်တာတွေ မထင်မှတ် တဲ. အကျိုးဆက် ဒါမှမဟုတ် ဆိုးကြိုးသက်ရောက်
လာနှိုင်မှုတွေကို ထည့်သွင်းစဉ်းစား ခဲ့ကြရင် (ဖြစ်ချိန်တန်လို.ဖြစ် ပျက်ချိန်တန်လို..ပျက်) ဆိုတဲ့ တာဝန်မဲ့ စကားတွေ ပြောဘို. ၊ ပြားရည်နဲ.၀မ်းချဘို. ပွေးခါး နဲ.၀မ်းနှုတ် ဘို.လိုမယ် မထင်ဘူး ။

အကောင်း အဆိုးတွေ ကြိုတင် သိမြင်ဘို. ဆိုတာဟာ လူတိုင်း လူတိုင်းမှာ ဒိဗ္ပစက္ခု အလင်း
မရသည့်တိုင် ၊ စာပေဖတ်တတ်လို. စာတတ်ပေတတ် တယောက်လို.ပြောနိုင်ငသည်.တိုင် ပညာတတ်လို.ပြောဘို.ရာတော့ ခက်တယ် ၊ ပညာဆိုတာအမျိုးမျိုး ရှိ တယ် ၊ဘာပညာတွေ တတ်တာလဲ သိခြင်လိုက်တာ၊

တချို.လူတွေဟာ တခါတလေမှာ ကြိုတင် သိမြင်နိုင်ပါရက်နဲ. ( မကောင်းမြင်ရာ ၊ ကောင်းရာ ညွှန်လတ်) ဆိုတာကို တာဝန် တရပ် အနေနဲ. ရဲရဲ ရင့်ရင့် ထမ်းဆောင်သင့်ပါ
လျှက် သတိပေးသင့်ရက်နဲမပေးဘဲတယ် ၊ လူ.အကြိုက်လိုက် လူ.အလိုက်ဆောင် အဂတိလိုက်စားမှုကို ပြောင်ပြောင်ကြီး ကျူးလွန်ဖုံးကွယ်တဲ့ ဒီမိုကရေစီ ဆိုတဲ့ ရောယိမ်း ဘသားယိမ်းပြီးစံနစ် ၊ မှားတာ မှန်တာ ဆိုတာ ဒီမိုကရေစီ မှာ မရှိပါဘူး ဆိုတော့လဲ လက်မခံကြဘူး ။ မသိနားမလယ်သူတွေ ကိုပါ ဒီမိုကရေစီ မှိုင်းတိုက် အသုံးချ ကိုယ်ကျိုးရှာ
သွားကြမယ် ဆိုရင် အဲဒီ စာတတ် ပေတတ် ပညာရှိ တွေကို နဲနဲလေးမှ မလေးစား ဘူး အထင်မကြီးဘူး ၊ အတိအလင်း ဆန်.ကျင်တယ် ။

နဂိုကထဲက ခန်.မှန်းမိပေမဲ့ ၊ သိပေမဲ. ကိုယ်သိတာဟာ ကိုယ်သိတာဘဲ ၊ ဒီမိုကရေစီ ဆိုတာမှာ အဆိုးချည်းဘဲလဲ မဟုတ် ကောင်းကွက်တွေလဲရှိနေတဲ့အတွက် ဒီကောင်းကွက်
တွေ ပိုပြီးအားကောင်း အောင်၊ ပြော့ကွက်တွေနဲရအောင် လုပ်ကြဘို.က ဒို.တာဝန် ၊ ဒီမိုကရေစီ ဆိုတာ ပေါ်ပြူလစ်(စ) စံနစ် သက်သက်သာ မဟုတ်ဘူးဆိုတာကို လူတိုင်း သိရှိ နားလည် လက်ခံအောင် လုပ်ပေးဘို.ဖြစ်တယ် ဆိုတဲ့ အသိစိတ်နဲ့ ရသမျှ အချိန်လေး အလကားဟသ မဖြစ်ရအောင် သုံးနေတာ ၊ သိသူဖေါ်စား မသိသူကျော်သွား ဘဲပေါ. ။ ကိုယ့်ကို ကိုယ်သာ ပြုပြင်လို.ရတယ် တဲ့ ။

မြန်မာ နိုင်ငံသားတွေနဲ. ဒီမိုကရေစီဟာ အစေးမကပ်ဘူးဆိုတာကို လက်တွေ.သိရှိတွေ.ကြုံခဲ့ရတာကိုမှ မမှတ်ကြဘူး ၊ ဒို.နိုင်ငံ မှာ စာတတ် ပေတတ် ဆိုတာမပြောနဲ့ ကိုယ်နံမည်
ကို ကြက်ခြေခတ် နေသူတွေ ရှိနေတုန်းဘဲ ဆိုတာ ၀မ်းနဲဖွယ်ရာတွေ.ရတယ်၊ ဒါကဘဲ ဒို.တတွေ အသိပညာ နဲပါးနေမှူကိုပြနေတယ်၊ အလိမ္မာ စာမှာရှိ ဆိုတဲ့ စကားဟာ တကယ်မှန်
နေပါလားဆိုတာတွေ.ရ တယ်၊ ခေတ် နောက်ကျနေမှုဟာ ဒါကြောင့်ဘဲလို. ပြနေပြီး ။ အုပ်ချုပ်သူ.တာဝန်လား ၊ လူတွေကိုက စိတ်မ၀င်စားလို.ဘဲလား ။

အနောက်ဖက်က မြန်မာနိုင်ငံကို အသေရရ အရှင်ရရ လိုခြင်ပါတယ် ဆိုတော့ ( မဟုတ်တန်း တရားတွေ ) ပြောနေ တာလို. ဆိုကြတယ် ၊ လိုခြင်စရာတွေ အများကြီးဘဲ ။ သိပြီးသားမို.ပြောဘို.လိုမယ် မထင်ဘူးဆိုပေမဲ. ၊ တကယ် သိကြရဲ.လား ၊ ၀န်တိုတာ သက်သက်တော့လဲ
မဟုတ်ပါဘူး ။ ကိုယ့်ပစ္စည်းတော့ ကိုယ် မြတ်နိုးကြတာဘဲ၊ ကိုယ့်အကျိုးစီးပွား ကိုယ်
ကာကွယ် တယ်ဆိုတာ ရှိတယ် ။ ဒို.မှာလဲ ကာကွယ်ရမှာတွေ ရှိတယ် ဆိုတာ မမေ့အပ်ဘူး ၊

ရိုင်းတယ်လို. တော့ မထင်ပါနဲ့ ရီချင်ရင် ရီလိုက်တော့ (အကိုရယ် နင်ချစ်တာကလဲ ၀င်သွားပြီ ဟဲ့ ၊ ဒီလောက်ရောက်မှတော့ မထူးပါဘူး ၊ အဆုံးထိ အကုန်သာ တခါထဲ သွင်းလိုက်ပါတော့) ဆိုတာ ဟာ ညင်းတာလား ၊ ငြီးသလိုနဲ.ဘိတ်ခေါ်တာလား ဆိုတာ
ကတော့ကာယကံရှင် မိအေး ဘဲ သိမယ် ။) အခုတော့ ဘာပြောခြင်ကြသေးသလဲ (လူတင်ပါလို.နွား ကျားကိုက် ) ဆိုတာထင်ပါရဲ. ။

ဒီ ကျားက ဘယ်က ရောက်လာသလဲ ၊ လူ ဆိုတဲ့ နွားကျောင်းသား အိပ်ငိုက်နေလို. နွား ကို ကျားဝင်ဆွဲသွားတယ် ၊ တကောင်ထဲမှ ဟုတ်ရဲ.လား ၊ ( နွားကွဲတော့ ကျားဆွဲ ) လို.ဆိုတယ် ၊ နွားအုပ်ကွဲပြီး စားကျက်အပြင်ရောက်သွားတဲ့ နွား ကို ကျားဆွဲ သွားတာ များလား ၊ ဘယ်လိုဘဲဖြစ်ဖြစ် နွားကျောင်းသား အပြစ် ။

ခွတ် ကြက် ၂ ကောင် မော သွား လို.ဘဲ ဟင်းအိုးထဲ ရောက် သွားပြီ ။ ဟင်းမကျက်ခင် ရေ ဆူ နေသံ ကြားရတုန်းဘဲ ။ (ရင်ပုံ သားနဲ. အသဲအမြစ်က ဘုန်းကြီးတွေ နဲ. လူကြီးတွေ အတွက် ဖါယ်ပြီး ၊ ကျန်တဲ့ အရိုးအရင်း အရည်တွေကို လူငယ်တွေ သင့်သင့်မြတ်မြတ် မျှတစားကြ ၊ ပြီးရင် အိုးခွက် ပန်းကံတွေ ဆေးကြော ထားလိုက်ကြနော် ၊ အိမ်အောက်က ခွေးကိုလဲ ကျွေးဘို.လဲ မေ့ မနေကြနဲ့အုံး) တဲ့ ၊ ကဲ ဒါဘဲ ကြည့်ကြတော့ ၊

အိမ်အောက်က ခွေးနဲ့အတူ အရိုးအရင်း အရည်လေး စားရတာကတွေကို ကဘဲ အိုးခွက် ပန်းကံ ဆေးထိုက်နေပြီ ၊ ကျေးဇူးတွေ လဲတင်ရလိမ့်မယ် ။ ဘယ်ရွေ.ဘယ်မျှဘဲ ဖြစ်ဖြစ် ၊ (တလုတ်စားဘူး သူ.ကျေးဇူး ) လို. ဆိုထားတယ် မဟုတ်လား ၊ ဒါက မြန်မာ့ ယဉ်ကျေးမှူ အနှစ်သာရလေ ၊ (ကိုယ်ဆီနဲ.ကိုယ်အကြော်ခံနေရတယ် ကိုယ့်အရိုးနဲ့ကိုယ် အထိုးခံနေရတယ်) ဆိုတာ ဘာ ပါလိမ့် ၊ ငရဲ ဆိုတာ ဒါများလား ။

မြန်မာ့ အသိုင်းအ၀ိုင်းနဲ့ မြန်မာနိုင်ငံမှာ ဘုရားတွေက ပေါများလိုက်တာ ဆိုတာကို ဘယ်လိုနားလည် သဘောပေါက်ကြ မလဲ ၊ (ဘ၀ ဆိုသည်မှာ ရယူခြင်းမဟုတ် ပေးဆပ်နေရခြင်းဖြစ်သည်) ဆိုတာကလဲ ပါသေးတယ် ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ မြန်မာတွေဟာ သူတို.နွံ ထဲမှာ သူတို. နစ်နေကြတယ် ဆိုရင်မှန်မလား ၊ နောင်ခါလာ နောင်ခါဈေး ဆိုတာ ဒါဘဲပေါ့ ၊

မြန်မာတွေ ဘာတွေကိုပြုပြင်ပြောင်းလဲ ကြမှာလဲ ဆိုတဲ့မေးခွန်းဟာ စပ်ဆိုင်တဲ့မေးခွန်း ။ သူနေရာနဲ့သူ အဖြေ လိုအပ်နေတယ် ၊

နားလိုက်အုံးမယ် ၊ လာမယ် ကြာမယ် ဖြေးဖြေးပေါ့ ၊ လဘက်ကေါင်းစားချင်ရင် ပလောင် တောက် တက် နှေးရမယ်တဲ့ ၊ မရှိလို. လုပ်စားကြတာဘဲ ပျော်ပျော်ပါးပါးပေါ့ ။

0 new messages