Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

ခိုင်မာကျော်ဇော – ဗိုလ်မှူးကြီး မေရီအုန်း- မုန်တိုင်းထဲက ပန်းရိုင်းနှင်းဆီ

86 views
Skip to first unread message

Zomi for Federalization and Democratization of Bur

unread,
Nov 4, 2014, 6:56:14 PM11/4/14
to

======
The Militarist Dictatos are still in power in Burma oppressing the people, not because the Brutal Bamar Racist Buddhist Fascist Mercenary Terrorist Rapist (BBRBFMTR) RC, SLORC, SPDC, and USDP Governments of Ne Win, Saw Maung, Than Shwe and Thein Sein are competent, but because the people are divided. If the people are united, the dictatators will not be in power.
-- Col. Naw Mary Ohn
======

ခိုင်မာကျော်ဇော – ဗိုလ်မှူးကြီး မေရီအုန်း- မုန်တိုင်းထဲက ပန်းရိုင်းနှင်းဆီ
November 4, 2014

==
Photo:
Screen+Shot+2014-11-03+at+10.32.49+PM.png

Photos of Colonel Naw Mary Ohn
==

ခိုင်မာကျော်ဇော – ဗိုလ်မှူးကြီး မေရီအုန်း- မုန်တိုင်းထဲက ပန်းရိုင်းနှင်းဆီ
(သူ့ဖေစ်ဘွတ်) နိုဝင်ဘာ ၄၊ ၂၀၁၄

“အဖေက ပြောခဲ့ဘူးတယ် အလုပ်တခုကို လုပ်ရင် ဆုံးခန်းတိုင်အောင် လုပ်ရမယ်”တဲ့၊

“အဖေပြောတဲ့ စကားအတိုင်းပဲ ကျမ အခု လုပ်နေတယ်၊ အဖေ လျောက်ခဲ့တဲ့ လမ်းပေါ်မှာပဲ ကျမ လျောက်နေတယ်”

ဒီစကားကို ပြောခဲ့သူက ၂၀၀၇ ခုနှစ် မေလ(၂၅)ရက်နေ့ က ကွယ်လွန်သွားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံးက ဗိုလ်မှူးကြီး နော်မေရီအုန်းပါ၊
သူ့ ကို ခဏတဖြုတ် မြင်ဘူး။ တွေ့ ဘူး သူများက သူ့ ကို ဂွကျသည်၊ စကားပြောပြတ်သည်၊ မဟုတ်မခံ စိတ်ရှိသည်၊

မာကြော ခက်ထန်သည်ဟု ထင်ကြလိမ့်မည်၊ တကယ်တော့ သူသည် ပျော်ပျော်ရွင်ရွင်နေတတ်သည်၊ အတီးအမှုတ် ၀ါသနာထုံသည်၊

ဇွဲ ရှိသည်၊ သတ္တိရှိသည်၊ ရဲရင့်တည်ကြည်သည်၊ အမျိုးသားရေး ချစ်စိတ်ရှိသည်၊ တိုင်းပြည် ချစ်စိတ်ရှိသည်၊ သနားကြင်နာတတ်သည်၊ တခါတခါလည်း စိတ်အား ငယ်တတ်ပါသည်၊

သူ့ အကြောင်းအစုံအလင်ကို ကျမ ကောင်းကောင်းမသိပါ၊ သို့ သော် သူနှင့် စကားတွေပြောရင်း။

သူ့ ငယ် ဘ၀များကို စပ်စပ်စုစု မေးကြည့်ရင်းနှင့်ပင် သူ့ အကြောင်းကို ကျမ သိလာရခြင်းပင်၊ ထိုသို့  သိလာရသည့်အတွက်

သူသည် အဆင်း။ အနံ့ နှင့် ဆူးတွေရှိသည့် နှင်းဆီတပွင့်ဖြစ်သည်ကို

ကျမ သိလာရပါသည်၊ နှင်းဆီထဲကမှ သူသည် ရဲရင့်။ စူးရှ။ မွေးမြလွန်းလှသည့် နှင်းဆီရိုင်းတပွင့် ဖြစ်ပါသည်၊
အသံသြဇာပြည့်စုံပြီး စကားကို တိုရှင်းလိုရင်း ပြတ်ပြတ်သားသား ပြောတတ်သော နော်မေရီအုန်း၏ ၀တ်စားဆင်ယင်ပုံကြည့်ပါ၊

ဆံပင်က ဘိုကေ၊ ဘောင်းဘီရှည်ကို မချွတ်တမ်းဝတ်ပြီး ရှပ်အကျီ်ကို ၀တ်စကုတ်နှင့် အမြဲဝတ်ဆင်သည်၊

ဒီအတွက် သူ့ ကို ယောက်ျားတဦးဟုပင် ထင်ပေလိမ့်မည်၊
ထိုသို့ ထင်သည့်အတွက်လည်း အမျိုးသမီးအဖွဲ့ အစည်းများ.အစည်းအဝေးတခုတွင် ရှမ်းအမျိုးသမီးငယ်တဦးက

‘အမျိုးသမီးအစည်းအဝေးကို အဲဒီယောက်ျားကြီးက ဘာလာလုပ်တာလဲ’ဟု ပြောခဲ့ဘူးသည်၊

ဒီအကြောင်း သူ့ ကို ပြောပြတော့ သူက တဟားဟားနှင့် ရီ(ရယ်)နေခဲ့သည်၊
ထိုရှမ်းအမျိုးသမီးငယ်သာမဟုတ် လူအတော်များများက သူ့ ကို ယောက်ျားတဦးဟုပင် ထင်မှတ်ကြသည်၊

———–
အတွန့် အတက်တွေအများသည့် အဖြူရောင်စကပ် အရှည်ကြီးကို ၀တ်ဆင်ထားသည့် ၅နှစ်ကျော်အရွယ် ကောင်မလေးတယောက်

သူ့ အရပ်လောက်ရှိသည့် ပန်းစည်းကြီး တစည်းကိုကိုင်ပြီး စင်ပေါ်ကို ဒေါက်မြင့်ဖိနပ်သံ တဒေါက်ဒေါက်ပေးပြီး တက်လာသည်ကို

ဧည့်သည်များ။ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသားများကပါ ငေးမောနေကြသည်၊

ကောင်မလေးက ပန်းစည်းကြီးကို ကိုင်ပြီး ပရိတ်သတ်ဘက်လှည့်ပြီး ဦးညွတ်လိုက်၊ ဧည့်သည်တွေဘက် ဦးညွတ်လိုက်နဲ့  မြူးကြွနေသည်၊

ကောင်မလေးအတွက် လက်ခုပ်သံများစွာ ဆူညံသွားခဲ့သည်၊ စင်ပေါ်ကနေ အရှေ့ အနောက် တောင်မြောက်ဝဲယာကို

ကောင်းမလေး ဦးညွတ်လိုက်သည့်အခါမှာတော့ လူတွေက တအံ့အားသင့်ကာ မှင်သက်သွားကြပြီး ခဏအကြာမှာ လက်ခုပ်သံတွေကို တဖြောင်းဖြောင်းနဲ့  ထွက်ပေါ်လာာကပြန်သည်၊

ကောင်မလေး အကိုက ကောင်မလေးကို ကြည့်ပြီး ဒေါတွေပွနေသည်၊

အဲဒီနောက် ကောင်မလေးက ပန်စည်းကြီးကို ဧည့်သည်နိုင်ငံခြားသူအမျိုးသမီး. လက်ထဲသို့  ထိုးအပ်လိုက်ပြီး ခုန်ကာ။ ပေါက်ကာဖြင့် စင်မြှင့်ထက်မှ ပြေးဆင်းသွားသည်၊

ထိုကောင်မလေးမှာ ယောက်ျားကြီးတယောက်ဟု ရှမ်းအမျိုးသမီးငယ်လေးတဦးထင်ခဲ့သည့် နော်မေရီအုန်းဖြစ်ပါသည်၊
“အမေ့သမီး လုပ်လိုက်ရင် တလွဲချည်းပဲ၊ ဆရာဆရာမတွေ သေသေချာချာ သင်ထားပေးရက်နဲ့  သူက လူတွေကြားထဲမှာ အပြောင်အပျက်သိပ်လုပ်တယ်”

နော်မေရီအုန်း. အကိုက အမေဖြစ်သူကို ပြန်တိုင်ခဲ့ခြင်းဖြစ်သည်၊

“ဘာဖြစ်လို့ လဲ ဆရာဆရာမတွေက ဂွတ်ဂွတ်လို့  ပြောတာ နင် မကြားဘူးလား”

နော်မေရီအုန်းက ကြက်ခေါင်းဆိတ်မခံ ပြန်ပြောသည်၊

ဒါကို ကြားသည့်အဖေက သမီးကို အပြစ်မတင်ပဲ သဘောတွေ ကျနေခဲ့သည်၊

နော်မေရီအုန်းတွင် ထိုသို့  ရွတ်တတ်တတ်နိုင်သည့် အကျင့်လည်း ရှိပါသည်၊

———
“မာလာကားသီး စားချင်တယ် အကို”

“စားချင်ရင် နင့် ဟာနင် ခူးပေါ့”

“နင် တကယ် မခူးပေးဘူးပေါ့”

“နင့်မှာ ခြေတွေလက်တွေ ပါတာပဲဟာ”

အဲဒီနောက်တော့ နော်မေရီအုန်းကို မာလာကာပင်။ သရက်ပင်နှင့် အုန်းပင်ပေါ်တွင် တွေ့ ရတော့သည်၊
“အကိုက မိန်းမကလေးဆိုပြီး အထင်လည်း သေးချင်တယ်၊

ဘယ်ရမလဲ နောက်ဆိုရင် အပင်ပေါ်က မာလာကာသီး တလုံးမှ သူ မစားရတော့ဘူး၊

အဲဒီ စိတ်ဓာတ်တွေကြောင့်ပဲ ကရင့်တော်လှန်ရေးထဲ ရောက်တော့လည်း ဘယ်သူ့ မှ အားမကိုးဘူး၊ ဘယ်လောက်မြင့်တဲ့ သစ်ပင်ဖြစ်ပါစေ၊

ကိုယ့်ဟာ ကိုယ်တက်တာပဲ၊ ဘယ်တော့မှ သူများကို အားမကိုးဘူး၊ သူများကို အားကိုးတယ်ဆိုတာ ကောင်းတာမဟုတ်ဘူး”၊

ကိုယ့်အားကိုးတဲ့စိတ်နှင့် မခံချင်သည့်စိတ်လည်း နော်မေရီအုန်းတွင် ငယ်ငယ်လေးထဲက ကိန်းဝပ်ခိုတွယ်နေခဲ့ပါသည်၊

——–
ကရင့်တော်လှန်ရေးသို့  ၁၉၅၁ ခုနှစ်က နော်မေရီအုန်း စတင် ၀င်ရောက်ခဲ့သည်၊ ထို့ စဉ်က အဖေဖြစ်သူရဲ့ အထက်အရာရှိတဦးက နော်မေရီအုန်းကို အထင်သေးသည့် အကြည့်နှင့် ကြည့်ခဲ့ဘူးသည်၊

“သူ့ အကြည့်တာက တော်လှန်ရေးထဲမှာ ဒီကောင်မ ဘာလုပ်နိုင်မှာလဲဆိုတဲ့ အကြည့်”

အဲဒီအကြည့်ကို နော်မေရီအုန်း သဘောမကျပါ၊

ဒါကြောင့်လည်း ‘ငါ့ကို ဘာမှ မခိုင်းရသေးပဲနဲ့  အထင်သေးတဲ့ အကြည့်နဲ့  နင် ငါ့ကို မကြည့်နဲ့ ’ဟု နော်မေရီအုန်းက မကြောက်မရွံ့ ပြောခဲ့သည်၊

ထိုစစ်ဗိုလ်က နော်မေရီအုန်း လုပ်နိုင်မည်ဟု မထင်သည့် တာဝန်တခုကို ပေးခဲ့သည်၊

ထိုတာဝန်မှာ ရန်ကုန်။ အင်းစိန်ရပ်ကွက်တခုက အိမ်တအိမ်တွင် လွန်ခဲ့သည့်(၁၀)နှစ်က ထိုစစ်ဗိုလ်ဝှက်ထားခဲ့သည့်

သေနတ်တလက်ကို သူတို့  စခန်းချသည့် ပုသိမ်ပင်လယ်ဘက်ကို ယူဆောင်လာရန်ဖြစ်သည်၊
ထိုအိမ်ကို မရရအောင် နော်မေရီအုန်း စုံစမ်းခဲ့သည်၊ သံချေးတွေတက်နေသည့် ပစတိုသေနတ်ကို ခြေသလုံးတွင် ကြိုးများဖြင့် အထပ်ထပ်ရစ်ပတ်ကာ

ကားတတန်။ သင်္ဘောတတန်။ လှေတတန်။ ခြေလျင်ခရီး တတန်ဖြင့် ယူဆောင်လာခဲ့သည့် နော်မေရီအုန်းကို ကြည့်ပြီး ထိုစစ်ဗိုလ် စကားမပြောနိုင်ပဲ အံ့သြ နေခဲ့သည်၊

နော်မေရီအုန်းကို ထိုစစ်ဗိုလ်သာမက အခြားတော်လှန်ရေးသမားများပါ အထင်မသေးရဲတော့ပါ၊

ထိုအချိန်မှစလို့ နော်မေရီအုန်း ကရင့်တော်လှန်ရေးအတွက် ယူဂျီလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်၊

————-
လက်နက်သယ်ယူရေး။ တပ်သားသစ် စုဆောင်းရေးအတွက် မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်ကို လွန်ထိုးသလို ခေါက်တုံ့ ခေါက်ပြန် နော်မေရီအုန်း သွားလာခဲ့ရသည်၊

ပဲခူးရိုးမနှင့် ကော်သူးလေအရှေ့ တိုင်းသို့ လည်း နော်မေရီအုန်း ခြေစင်္ကြာဖြန့် ခဲ့သည်၊

တော်လှန်ရေးတွက် အရေးတကြီးလိုအပ်သည့် ဆေးဝါး။ ဓာတ်ခဲ။ ဘက်ထရီအိုးများကိုလည်း ဗိုက်ကြီးသည်လို တမျိုး။

နွားကျောင်းသားလို တဖုံ။ နတ်ကတော်လို တနည်း။ အငှါးမယားလို တသွယ်။ လယ်သူမလို တလမ်းနဲ့  နည်းမျိုးစုံသုံးကာ

ရန်သူတပ်စခန်းများ။ ရန်သူဂိတ်များကို ကျော်ဖြတ်ကာ နော်မေရီအုန်း စုဆောင်းသယ်ပိုး ပေးခဲ့သည်၊
မြစ်ဝကျွန်းပေါ်။ ပဲခူးရိုးမ။ ကော်သူးလေအရှေ့ တိုင်း(ဖာပွန်) ရန်ကုန်။ အင်းစိန်။ ပဲခူး။ တောင်ငူ။ ဘိတ်-ထားဝယ် နယ်မြေဒေသကွဲပြားခြားနားမှုနှင့်

အယူဝါဒ ကွဲပြားများမှုရှိသည့် ကရင့်တော်လှန်ရေးကြီးအတွင်း ယူဂျီအလုပ်ကို လုပ်ရသည့်မှာ အလွန်ခက်ခဲရှုတ်ထွေးပြီး အနရယ်လည်း အလွန်ကြီးပါသည်၊

“နေရာဒေသတွေ။ ဘာသာစကားတွေအပြင် လူတွေက အယူဝါဒတွေလည်း မတူကြတော့ တော်တော်ခက်တယ်၊

ယူဂျီအလုပ်ဆိုတော့ ပိုဆိုးတာပေါ့၊ မြစ်ဝကျွန်းပေါ်က လွှတ်လိုက်လို့  ကော်သူးလေတိုင်းကို မသေမပျောက်ပဲ ခက်ခက်ခဲခဲနဲ့ တော့ ရောက်ပါရဲ့ 

ဒါပေမယ့် ဒီက လူတွေက မယုံကြည်ကြပြန်ဘူး၊ သူတို့ ယုံအောင် သူတို့ ခိုင်းတာကို ခိုင်းတဲ့အချိန်အတွင်း လုပ်ပြရတယ်၊

ကိုယ်က ခိုင်းတာကို ခိုင်းတဲ့အချိန်အတွင်းမှာ ဖြစ်အောင်လုပ်နိုင်တော့လည်း တဖက်က လက်နက်တွေ ချသွားပြန်ရော၊

ဒီလို အကွဲအပြဲတွေဖြစ်ရင် လူမောစိတ်မော ဖြစ်ရတယ်”

ယူဂျီတယောက်ဖြစ်တဲ့ နော်မေရီအုန်းရဲ့  အပြောတွေနဲ့  အမောတွေပါ၊
ကရင့်တော်လှန်ရေးကြီးထဲ ခြေစုံပစ်ပြီး ၀င်ခဲ့တော့လည်း

အကွေ့ အကောက်။ အတက်အဆင်း။ အချိုးအကွေ့ ။ အလှည့်အပြောင်းတွေများလှတဲ့ တော်လှန်ရေးခရီးကြမ်းထဲက မိန်းကလေးတဦး ဘ၀ကလည်း မလွယ်ကူပါ၊

“တော်လှန်ရေးထဲဝင်စကတော့ ကျမ ယောက်ျားလေးလို မနေသေးဘူး၊ ၀တ်တာစားတာလည်း မိန်းကလေးလိုပဲ၊

အဲဒီအချိန်တုန်းက ကိုယ်လုံးက သေးသေးသွယ်သွယ်ပဲရှိသေးတယ်၊ တော်လှန်ရေးထဲမှာလည်း ထိကပါး။ ယိကပါး ယောက်ျားတွေ ရှိတာပေါ့၊

နာရီ မေးသလိုလိုနဲ့  လက်ကို ကိုင်တာ၊ အရပ်တိုင်းသလိုလိုနဲ့  အသားကို ထိတာ၊

“ဘယ်ယောက်ျား ဘယ်လို မရိုးသားဘူးဆိုတာ မသိပဲ နေမလား၊ ဒါက မိန်းကလေးတိုင်း သိကြတဲ့ သဘာဝပေး အသိပဲ”

တော်လှန်ရေးထဲက မိန်းမသားတဦးရဲ့ ဘ၀ကို နော်မေရီအုန်းက ပြန်လည် ပြောပြခဲ့တာပါ၊
ဒီလို ထိတာယိတာတွေကြောင့်ပဲ မေရီအုန်း ကြမ်းခဲ့ ရမ်းခဲ့ခြင်းပင်၊

“ဟေ့ကောင်တွေ နာရီကြည့်ရင် ကောင်းကောင်းကြည့် ငါ့သေနတ်က လူမရွေးဘူး”

“ဒီလို ကြိမ်းလိုက်။ မောင်းလိုက်တော့ ဒီကောင်တွေ တော်တော်ကြောက်တယ်”

“မကြောက်လို့ လည်း မရဘူး၊ စိတ်က မရတော့ဘူးဆို မောင်းက တင်ပြီးနေပြီ”

ထိုနည်းနှင့်ပင် မထောင်သားများအလယ်တွင် နော်မေရီအုန်း ကျင်လည်ခဲ့ရသည်၊
“မြစ်ဝကပေါ်ကနေ ဗိုလ်စိန်မှန်တို့ လွှတ်လိုက်လို့  ဗိုလ်ချုပ်မြဆီလာတာ”

“ကော့ရိတ်ရောက်တော့ ဗိုလ်ချုပ်ရွှေဆိုင်းက မယုံကြည်လို့ ဆိုပြီး မပေးတွေ့ ဘူး”

“ဟိုကလည်း ဗိုလ်ချုပ်မြနဲ့ တွေ့ မှ စာပေးပါလို့ မှာတာ”

“ဘယ်လိုပဲရှင်း ပြရှင်းပြ မရဘူး၊ နောက်တော့ ဗိုလ်ချုပ်ရွှေဆိုင်းက အလုပ်တခုခိုင်းတယ်”

“ရန်ကုန်က ဗိုလ်တယောက်ကို ပြန်ခေါ်ခိုင်းတယ်၊ တပတ်အတွင်း ရောက်အောင်ပြန်လာရမယ်တဲ့”

“သူမှာတဲ့ ရက်အတိုင်းပြန်ရောက်နိုင်အောင် လုပ်ရတာပေါ့”
“သွားတုန်းက အဖွားကြီးပုံနဲ့ သွားတယ်၊ ပြန်လာတော့ ကောင်မလေးပုံနဲ့ ပြန်လာတယ်”

ရန်ကုန်ရောက်တော့ သူခေါ်ခိုင်းတဲ့ ဗိုလ်နဲ့ တွေ့ ပြီး အကျိုးအကြောင်းပြောပြ၊ ထွက်ရမယ့် ရက်ကို ချိန်းပြီး အခန်းထဲဝင်ပြီး အ၀တ်အစားလဲတယ်၊

အဲဒီမှာ သူတို့ က အံ့သြသွားတယ်၊ အခန်းထဲ ၀င်သွားတုန်းက အဖွားကြီး ပြန်ထွက်လာတော့ ကောင်မလေးဖြစ်သွားပြီ”တဲ့၊

ဒီလို ရုပ်ပြောင်းရုပ်လွဲများကိုလည်း နော်မေရီအုန်း လုပ်ခဲ့ရသည်၊
“အဲဒီတော့မှ သူက ယုံပြီး ဗိုလ်ချုပ်မြနဲ့ ပေးတွေ့ တာ၊ ဗိုလ်ချုပ်မြရှိတဲ့ မာနယ်ပလောကို စက်လှေတစင်းနဲ့  တင်ပေးလိုက်တယ်၊

လှေထဲမှာ ယောက်ျား(၁၀)ယောက်ကျော်လောက်ပါတယ်၊ လက်နက်လာရောင်းတဲ့ ထိုင်းတွေ၊

မှောင်ကလည်း မှောင်နေ+ပီ၊ သူတို့  ထိုင်းစကားပြောတာ တလုံးမှ နားမလည်ဘူး၊

မာနယ်ပလောရောက်တော့ ဗိုလ်ချုပ်မြက ထိုင်းတွေနဲ့ အတူပါလာတော့ ငါ့ကို ထိုင်းမယားလို့  ထင်နေတာ၊

သူတို့  စကားတွေပြောလို့ ပြီး အိပ်ဖို့ နေရာချတော့ ကျမကို အဲဒီထိုင်းတွေနဲ့  နေရာချပေးတယ်၊

ကျမလည်း မခံနိုင်လို့  ကရင်လို့ ထပြောလိုက်တယ်၊

“ဟဲ့ ငါက မြစ်ဝကျွန်းပေါ်ကနေ နင့်ကို တွေ့ ဖို့ လာတာ၊ ငါ ထိုင်းမယား မဟုတ်ဘူး”

ဗိုလ်ချုပ်မြက “နင့် အစက ဘာလို့  ငါ့ကိုမပြောလဲ”တဲ့

“နင်က နင်ယောက်ဖတွေနဲ့ ပဲ ပြောနေတာ၊ ငါ ပြောဖို့  အချိန်ရှိလို့ လား”

ကျမ ဒီလိုပြောလိုက်တော့မှ ကျမကို မိန်းမအဖော်တွေနဲ့  နေရာချပေးတယ်၊

သက်တူရွယ်တူ ခေါင်းဆောင်ကြီးများပင် ကြောက်ကြသည့် ဗိုလ်ချုပ်မြကို မကြောက်မရွံ့ ။ မဟုတ်မခံ မှန်တာကို ရဲရဲပြောရဲသည်မှာလည်း နော်မေရီအုန်းပင်ဖြစ်သည်၊
“ဗိုလ်ချုပ်မြကို သူများတွေက ကြောက်တယ်၊ ကျမတော့ မကြောက်ဘူး၊ သူက လူရိုး လူဖြောင့်ကြီး။ သူ့ ကို မီးထိုးပေးနေတာက သူ့ ဘေးနားက လူတွေ၊

သူမှာ ပညာနည်းတော့ သူ့ ဘေးကလူတွေ ပြောတာကို အဟုတ်ထင်ပြီး လုပ်တာတခုပဲ ပြောစရာရှိတယ်၊

ဒါကို သိလို့  သူါကို ထောက်ပြရင် သူလက်ခံတယ် သူ့  ခေါင်းဆောင်မှုကို ကျမ ကြိုက်တယ်၊ သူက ရဲရင့်တယ်၊ ပြတ်သားတယ်”

သူကိုယ်တိုင် ရဲရင့်ပြီး ရဲရင့်ပြတ်သားသည့် ခေါင်းဆောင်ကို သဘောကျသည့် နော်မေရီအုန်းက ထိုခေါင်းဆောင်၏ အားနည်းချက် အားသာချက်ကိုလည်း

ရဲရဲဝင့်ဝင့် ထောက်ပြ ရဲသူဖြစ်သည်။ ရဲ ရင့်သည့် နော်မေရီအုန်းသည် ချို့ တဲ့သူ။ အားနည်းသူများအပေါ်တွင် သနားကြင်နာတတ်ပြန်သည်၊

“ဝှေ့ ကလုတ် ဒုက္ခသည်စခန်းမှာ ကျမ ဥက္ကဋ္ဌ လုပ်တဲ့အချိန်က စခန်းထဲက ကလေး။ လူကြီး ကျမကို တော်တော်ကြောက်ကြတယ်၊

ကျမ အသံကြားရင် ကလေးတွေ သေးထွက်ကြ၊ အဖေတွေ အမေတွေက ပုန်းကြ ကွယ်ကြနဲ့ ၊

စခန်းထဲက ကုလားတွေက တော်တော်ညစ်ပတ်တာ၊

ကျမက စခန်းသန့် ရှင်းရေးလို့  အမိန့် ပေးလိုက်ရင် ညစ်ပတ်တဲ့ ကုလားတွေလည်း မနေရဲဘူး၊

ကျမကလည်း စခန်းထဲမှာ တအိမ်ဝင် တအိမ်ထွက်လိုက်ပြီးစစ်တာကိုး၊

ကုလားအိမ် တအိမ်ရောက်သွားတော့ တအိမ်လုံး ပြောင်နေတာပဲ၊ အ၀တ်အစားတွေနဲ့  အိုးခွက်ပန်းကန်တွေကို

မြွေရေခံအိတ်ကြီးတလုံးထဲ ထည့်ပြီး စုစည်းထားတာကို ကျမတွေ့ တယ်၊ သူတို့  ပိုင်ဆိုင်တာလည်း အဲဒါအကုန်ပဲထင်တယ်၊

ကျမရောက်သွားတော့ ကုလားကလေးဟာ ငိုလိုက်တာ အသားတွေတောင်တုန်နေတယ်၊ သူ့ အမေကလည်း ကျမကို ကြောက်ပြီး သေးတွေ ထွက်လို့ ၊

သူတို့ ကို ကြည့်ပြီး သနားတာနဲ့  အိမ်က အိုးတွေ။ ခွက်တွေ။ စောင်တွေယူပြီး ကျမကိုယ်တိုင် သွားပေးတယ်၊ ပိုက်ဆံလည်း နည်းနည်းပေးလိုက်တယ်၊

သူတို့ လည်း ဒုက္ခသည် တွေပဲလေ၊ တိုင်းပြည်က စစ်ကြီးပဲဖြစ်နေတော့ ကရင်ရော။ ကုလားရော။ မြန်မာရော အားလုံး ဒုက္ခသည်ရောက်ကြတာပဲ ”

လူမျိုးရေးမရှိ။ ဒုက္ခသည်ရောက်သူတွေကို သနားကြင်နာတတ်သော နှလုံးသားလည်း နော်မေရီးအုန်းတွင် ရှိနေသည်၊

နော်မေရီအုန်းက အတီးအမှုတ်ဘက်မှာလည်း ၀ါသနာထုံသူ ဖြစ်သည်၊ အင်္ဂလိပ်သီးချင်း တော်တော်များကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်တီးနိုင်သူဖြစ်သည်၊

ကရင်တော်လှန်ရေးနယ်မြေ ရှေ့ တန်းတပ်စခန်းများသို့ သွားရောက်ပြီး တော်လှန်ရေးရဲဘော်များနှင့် ရင်းရင်းနှီးနှီး

တွေ့ ဆုံစကားပြောခြင်း ကိုယ်တိုင်ဂစ်တာတီး။ သီးချင်းဆိုကာ အားပေးစကားများလည်း ပြောခဲ့ဖူးသည်၊

ဘုရားကျောင်းများ။ မွေးနေ့ ပွဲများတွင် ဂစ်တာတလက်နှင့် ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုသည့် နော်မေရီအုန်းကို ကရင်တော်တော်များများ

တွေ့ ဖူး မြင်ဖူးကြသလို မဟာမိတ်အဖွဲဏ္ဍအစည်းများက အမျိုးသမီးများလည်း

နော်မေရီအုန်း အတီးကောင်း အဆိုကောင်းသည်ကို ကောင်းကောင်းသိကြပါသည်၊

အားလပ်ချိန်များတွင်လည်း သူငယ်ချင်း။ မိတ်ဆွေများနှင့် တ၀ါးဝါး တဟားဟားပွဲကျအောင် အပြောင်အပျက်များကိုလည်း နော်မေရီအုန်း ပြောတတ်သေးသည်၊

———
နော်မေရီအုန်းသည် သူ့ ပခုံးပေါ်ကျလာသည့် ကရင်အမျိုးသမီးအစည်းအရုံး၏ တာဝန်များကိုလည်း တက်တက်ကြွကြွနှင့် တာဝန်ကျေခဲ့ပါသည်၊

ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် အမျိုးသမီးအဖွဲ့ အစည်းများ စုပေါင်းပြီး အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ) WLB ဖွဲ့ စည်းရေးအတွက်ကိုလည်း အင်တိုက် အားတိုက်ပါဝင်ခဲ့။

ဆွေးနွေးခဲ့။ အကြံပေးခဲ့ပြီး အမျိုးသမီးခေါင်းဆောင်များကိုလည်း အမြဲ အားပေးခဲ့သည်၊
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နော်မေရီအုန်းက အလွန်သဘောကျသည်၊

ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးခေါင်းဆောင်တွေ မြန်မာနိုင်ငံအတွက် အများကြီးလိုသည်ဟုလည်း သူက ပြောသည်၊

“ဒီအမျိုးသမီးက တော်တော်ထက်မြက်တယ်၊ ဒီလို အမျိုသမီးခေါင်းဆောင်မျိုးတွေ ကျမတို့ တိုင်းပြည်မှာ အများကြီးလိုအပ်တယ်”

အမျိုးသားရေးတာဝန်များကို သူ ထမ်းဆောင်နေသော်လည်း မြန်မာနိုင်ငံရေးနှင့် ကမ္ဘာနိုင်ငံရေးကိုလည်း နော်မေရီအုန်း မျက်ခြေမပြတ်ပါ၊

“မြန်မာပြည်မှာ စစ်အာဏာစနစ် မပြုတ်ကျသေးတာ။ စစ်အာဏာရှင်တွေက တော်လို့ မဟုတ်ဘူး၊

ကျမတို့ အားလုံး မညီညွတ်ကြသေးလို့ ပဲ၊ ကျမတို့  အားလုံး စုစည်းညီညွတ်ကြမယ်ဆိုရင် ဒီအာဏာရှင် ဘာခံနိုင်မှာလဲ၊

ကမ္ဘာ ပေါ်မှာ အာဏာရှင်တွေ ပြုတ်ကျသွားတာကို ကြည့်ရင် နိုင်ငံသားတွေရဲ့ နိုးကြားမှုနဲ့  ညီညွတ်မှုက အဓိကပဲ”

နော်မေရီအုန်းက စုစည်းညီညွတ်ကိုလည်း အလေးထားသူ တယောက်ပါ၊
“အဖေက ကျမကို ငယ်ငယ်လေးထဲက ပြောခဲ့တယ်၊ ငါ့ သမီး လင်မယူရဘူး အမျိုးသားအလုပ်ကို လုပ်ရမယ်”တဲ့၊

“အဲဒီစကားကို ကျမ အမြဲပြဲ ကြားယောင်တယ်၊ အဖေ့စကားအတိုင်းပဲ ကျမ အိမ်ထောင်မပြုခဲ့ဘူး၊ အမျိုးသားရေး တာဝန်တွေကို ကျမ တတ်စွမ်းသမျလုပ်ခဲ့တယ်၊

ဒါပေမယ့် ကရင်တွေ ကွဲကြပြဲကြ မညီညွတ်ကြတာကို မြင်ရတော့ ကျမ နှလုံးသားတွေ နာကျင်ရတယ်၊ ကျမ တော်တော် စိတ်ထိခိုက်တယ်”

ဒီစိတ်ကြောင့်ပဲ နော်မေရီအုန်း အိပ်ယာထဲ ဘုန်းဘုန်းလဲခဲ့ခြင်းပင်၊ နော်မေရီအုန်းက ကရင်တွေကို ချစ်သည်၊

ကရင်တွေကို ညီညွတ်စေချင်သည်၊ ကရင်တွေကို စည်းလုံးစေချင်သည်၊ ကရင်တွေကို အဖိနှိပ်ခံဘ၀မှ လွတ်မြောက်စေချင်သည်၊

ထို့ အတူ မြန်မာနိုင်ငံသားအားလုံးကိုလည်း စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်စေချင်ခဲ့သည်၊

ဒါ့ကြောင့်လည်း (၁၉)နှစ်အရွယ်ထဲက ကရင့်တော်လှန်ရေးထဲကို သူ ၀င်ခဲ့သည်၊

အသက်(၇၀)ကျော်သည်အထိ တော်လှန်ရေးတာဝန်များကို သူ ထမ်းရွက်ခဲ့သည်၊

တော်လှန်ရေးထဲမှာပဲ သူ နေခဲ့သည်၊ တော်လှန်ရေးထဲမှာပဲ သူ ဘ၀ကို မြှုပ်နှံသွားခဲ့သည်၊
နော်မေရီအုန်းသည်ကား တော်လှန်ရေးအတွက် ရဲရင့်စူးရှ မွှေးမြစွာ ပွင့်ခဲ့ကြွေခဲ့သည့် နှင်းဆီရိုင်းတပွင့် ဖြစ်ပါသည်၊
—————————–
(မြန်မာအမျိုးသမီးသမဂ္ဂမှ ထုတ်ဝေသော ဂျိုးလင်းပြာစာစောင်တွင် ဖော်ပြပြီးဖြစ်ပါတယ်။ ခွန်အား ရလိုသူများ မဖတ်ရသေးသူများအတွက် ပြန်လည်မျဝေပါတယ်)
ထပ်ဆင့်ဝေမျှပေးရန် ...


http://moemaka.com/archives/40622

======

0 new messages