Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

မိုးမခရွာ၊ ကျောင်းသားသပိတ်၊ ကြောင်သခင်နှင့် မယ်တော်ကြီး

6 views
Skip to first unread message

Zomi for Federalization and Democratization of Bur

unread,
Feb 10, 2015, 9:56:09 PM2/10/15
to

======
Political Humor
Students' protest against unjust education law
======

ဂျော်ဒီး – မိုးမခရွာ၊ ကျောင်းသားသပိတ်၊ ကြောင်သခင်နှင့် မယ်တော်ကြီး

(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၅

==
Image:
Screen Shot 2012-06-30 at 3.14.23 PM.png

==

မိုးမခရွာသားကလေးငယ်များ.. ဒီနေ့ကျောင်းမတက်..။ မိုးမခရွာ ပညာရေးကို သပိတ်မှောက်ထားကြသည်..။ သူတို့ရဲ့ သပိတ်ကို.. ဖိုးခွားခေါ် စောဝါးဝါးရှီးက ဦးဆောင်သည်..။ မူလတန်း ဗကသကျောင်းသားခေါင်းဆောင် ဖိုးခွားကား..စကား များများ မပြောတတ်..။ အလုပ်များများ လုပ်သူတည်း..။

“ရဲဘော်တို့… မြင်းအလုပ် ခွေးဝင်လုပ်..တဲ့။ မိုးမခရွာလူကြီးတွေ တဖက်သတ်ရေးထားတဲ့ အမျိုးသားပညာရေးဥပဒေကို… ကန့်ကွက်သပိတ်မှောက်ပြီး ကျောင်းမတက်ကြနဲ့..။ ဒါပဲ”

“ဟေးးးးးးး..”
ကျောင်းတက်ပျင်းသူ…ဂျော်ဒီး၊ ဟေမန်သဇင်၊ ဇာနည်ဝင်း၊ မုန့်ချိုသင်း၊ စပယ်ဖြူ၊ စပယ်ညိုတို့တစု၏ ကြွေးကြော်အော်သံ ကား.. ဘ၀ဂ်ညံစွာ … မဟာပထ၀ီ မြေကြီးကို သိမ့်သိမ့်တုန်လေ၏ ..။ စာကြိုးစားသူ..ဂျူနီယာကား..မျက်မှောင်ကျုံ့ကာ..မေး မြန်းစုံစမ်း အထွန့်တက်သည်..။

“မိုးမခရွာလူကြီးတွေ…မြင်းအလုပ် ခွေးဝင်လုပ်တာနဲ့.. တို့က ကျောင်းတက်ပျက်ရမလား..”

အရာရာ ရစ်တတ်သူ မောင်ရစ်က.. “ဖိုးခွားရာ ခွေးအလုပ် မြင်းဝင်လုပ်တာပါကွ..။ ပုံပြင်ထဲမှာလေ.. အိမ်စောင့်တဲ့ခွေးအလုပ်
ကို….မြင်းဝင်လုပ်လို့.. ၀ါးရင်းတုတ်နဲ့ရိုက်ခံရတာပါကွ..။ တို့က မေမေကြီးလက်ပေါ်မှာ ပုံပြင်တွေနဲ့ကြီးလာတာပါကွ..။ လာ ..မရွှီးနဲ့”

“အေး..မင်းတို့ ဗမာပုံပြင်ထဲတော့မသိဘူး..။ တို့ကရင်ရိုးရာ ပုံပြင်တွေထဲမှာတော့ … မြင်းအလုပ် ခွေးဝင်လုပ်တာပဲ ..နော် ..နော်..။ ခိုင်မာနဲ့ကယ်သွေ..” ဖိုးခွားက ကရင်မလေး နှစ်ယောက်ကို စစ်ကူတောင်းသည်..။

ကယ်သွေက..ကရင်ငါးမူး ဗမာငါးမူးမို့ သိပ်သိပုံမရ..။.. ရောတော ရောင်တောင် လုပ်နေသည်..။ ကရင်မလေး.. ခိုင်မာက တော့.. ဒေါနဲ့ မောနဲ့ ပြောသည်..။

“ကရင်ပုံပြင်တော့ မသိဘူးဝေ့..။ လောလောဆည်ဆည်တော့.. ကရင်ဖထီးမန်းတို့တော့ တော်လှန်ရေးသစ္စာ ဘေးချ..၊ မိုး မခရွာထောင်စုအစိုးရနဲ့ ဝေစားမျှစားပေါင်းပြီး.. ရရာ..ကားလိုင်းထောင်..အဲလေ..စီးပွားရေးဈေးကွက်ထဲ ၀င်လို ၀င်…၊ ကား ပါမစ်နဲ့ ပဲလှော်..အဲလေ..နိုင်ငံရေးသိက္ခာနဲ့ လဲလို လဲ….၊ ဗိုက်အငှားနဲ့ဓားထိုးခံပြီး..အစိုးရရဲ့စပီကာ လုပ်လိုလုပ်..၊ အဲဒါ.. မြင်းအလုပ် ခွေးဝင်လုပ်နေကြတာပဲဝေ့..”

“ဟေ့ကောင်တွေ..မြင်းရော ခွေးရော..တိရိစ္ဆာန်တွေချည့်ပါပဲကွ…။ ဘာမှ မထူးဘူးဟ..” ကျော်ဟုန်းက အလွန်တရာ ခက်ခဲ သော ပုစ္ဆာတပုဒ်ကို အဖြေထုတ်ရသကဲ့သို့ ၀မ်းသာအားရ ၀င်ပြောလေသည်..။

“ထားပါတော့…မြင်းတွေ ခွေးတွေက အရေးမကြီးဘူး..။ မိုးမခရွာလူကြီးတွေရဲ့ပညာရေးဥပဒေကို သပိတ်မှောက်ရတဲ့ကိစ္စက အရေးကြီးတယ်..။ နောင်တော်ကျောင်းသားကြီးတွေ သပိတ်မှောက်ဟေ့.. ဆိုတိုင်း သပိတ်မှောက်ရတာထက်..ကိုယ် ဘာကြောင့် သပိတ်မှောက်ရတာလဲဆိုတာ သိဖို့လိုတယ်” ခင်လွန်းက မျက်မှန်ထူထူကို လက်နှင့်ပင့်တင်ရင်း.. စာဂျပိုးပီပီ တွေးတွေးဆဆ ၀င်ပြောသည်..။

“အင်း..ဟုတ်တယ်..။ စဉ်းစားကြည့်ရအောင်..” မင်းကျော်လှိုင်က ထောက်ခံသည်..။

“တကယ်တော့…တို့တွေမူလတန်းပညာမသင်မနေရဆိုပြီး..ကျောင်းတွေတက်သာနေရတာ..ကွာ..။ တော်ကြာ အထက်က ဟိုလို အမိန့်တမျိုးလာလိုက်.. တို့ဆရာမတွေကတမျိုး လိုက်ပြောင်းလိုက်ရ။ ကလေးဗဟိုပြုစနစ်ပုံစံနဲ့ သင်မယ်ဆိုပြီး..သင် လိုက်..။

နှစ်ကုန်ကာနီး စာမေးပွဲနီးကာမှ..အဲဒါမဟုတ်သေးဘူးဆိုတော့ တို့တွေမှာ စာတွေ အသစ်ထပ်ကျက်ရ..၊ သင်ရတဲ့ဆရာ ဆရာမတွေရော…ရွာလည်ကုန်တာလေ။ တို့ကလေးတွေကို ဘယ်မှာဗဟိုပြုလို့လဲကွာ။ အထက်က အမိန့်အမျိုးမျိုးကိုပဲ ဗဟိုပြုနေတာ..။ ကြာတော့.. ကျောင်းတက်ရတာတောင် စိတ်ညစ်လာပြီး ရွာထဲမှာပဲ ငှက်ပစ်နေချင်တော့တယ်…” ငြိမ်းချမ်း အေး က စိတ်ပျက်လက်ပျက် ငြီးငြူသည်..။

ထိုစဉ်..သပိတ်မှောက်ကျောင်းသားလေးများအနီးသို့ ဘကြီးစွမ်းတို့ ဘဘများအဖွဲ့ ရောက်လာသည်..။

“တကယ်တော့ကွာ..။ မင်းတို့ သပိတ်မှောက်တယ်ဆိုတဲ့…အမျိုးသားပညာရေးဥပဒေကြမ်းဆိုတာ..တိုတိုပြောရရင်..ဟိုး..မိုးမခရွာရဲ့ စစ်အာဏာရှင်အဆက်ဆက် မဆလာခေတ်လက်ထက်ကတည်းက ကျင့်သုံးလာတဲ့ ပညာရေးပေါ်လစီကြီးကို ထုံးသုတ်ထားတာပဲကွဲ့ ..။ ဘဘစွမ်းတို့က ပညာရေးစနစ်တခုလုံးကို ရိုက်ချိုးဖျက်ဆီးထားတဲ့ ဆိုရှယ်လစ်မဆလာအုပ်..ပညာရေးစနစ်ရဲ့မအောင်မြင်မှုတွေအကြောင်း..ကောင်းကောင်းသိတာပေါ့ကွယ်..”

ဘဘအုန်းကလည်း“လက်ရှိ.. မိုးမခရွာထောင်စုအစိုးရမှာ…ဒီမိုကရေစီပြုပြင်ပြောင်းလည်းရေးတွေလုပ်နေပါတယ်လို့ ကြွေး ကြော်ပြီး.. ကမ္ဘာရွာကြီးကို ဟန်ဆောင်မျက်လှည့်ပြနေတာကွဲ့။ တကယ့်အနှစ်သာရမှာတော့.. ဘာမှပြောင်းလဲလိုတဲ့ စေတ နာမရှိဘူး..။ အရာရာကို ချုပ်ကိုင်ထားချင်တယ်..။ အရာရာမှာ ပွင့်လင်းမြင်သာမှုမရှိဘူး..။ အခု..ပညာရေးဥပဒေကြီး က လည်း.. ပညာရှင်တွေ ဆရာ ဆရာမတွေ အားလုံးပူးပေါင်းရေးဆွဲထားတာပါလို့ ဟန်ပြအော်ပြီး တကယ့် တကယ်တော့ အစိုးရစိတ်ကြိုက်ပေါ်လစီတွေနဲ့ ဗဟိုကနေချုပ်ကိုင်ထားလို့ တက္ကသိုလ်ကျောင်းသားတွေက ဦးဆောင်ပြီး ဆန့်ကျင်ကန့် ကွက် ဆန္ဒပြကြတယ်။ ကျောင်းသားတွေရဲ့တောင်းဆိုမှုတွေကို အာဏာရှင်အဆက်ဆက်စရိုက်အတိုင်း ပြေလည်အောင် ညှိနှိုင်း ဖြေရှင်းမပေးပဲ လျှစ်လျှူရှုတယ်..။ မှန်မှန်ကန်ကန်မဖြေရှင်းပဲ..ကျောင်းသားချင်း၊ ပြည်သူချင်း သွေးခွဲတဲ့နည်း သပ် သျှိုတဲ့နည်းတွေနဲ့ ဖြိုခွဲဖို့ကြိုးစားတယ်။ ဉာဏ်နီ ဉာဏ်နက်နဲ့ လမ်းလွှဲပြီး အကောက်ကြံတယ်”

အဘတူမောင်ညိုကလည်း….သူ့စတိုင်အတိုင်း ခပ်မာမာ ကြိမ်းဝါးနှိုးဆော်လိုက်သည်။

“ဟုတ်တယ်..။ အခုဆိုရင် တရွာလုံးအနှံ့ ကျောင်းသားသပိတ်တွေ ပျံ့လာပြီ..။ တချို့က ဆန္ဒပြကျောင်းသားတွေကို အပြစ် မြင်ကောင်း မြင်မယ်..။ ပညာအေးအေး မသင်ရဘူးပေါ့။ တကယ်တော့ ဒင်းတို့ရဲ့ စစ်အာဏာရှင်အကျင့်ဆိုးကို မပြင်သ ရွေ့ဘယ်သူမှ စိတ်အေး လက်အေး ပညာမသင်ရ။ အသက်မမွေးရဘူး..မှတ်ပေတော့”

ထိုစဉ်…..ရန်နောင်က ဗိုလ်ခြေတထောင်အားနှင့်ညီမျှသော သူ့ခန္ဓာကိုယ်ပိန်ပိန်ကလေးကို ဆတ်ခနဲမတ်လိုက်ရင်း အရေး ပေါ် ဆော်သြလိုက်လေသည်။

“ဟေး..ဟိုမှာ..ပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်တဲ့ ကျောင်းသားထုကြီး ခရီးရှည်…လမ်းလျှောက်ဆန္ဒပြလာကြပြီ တဲ့..။ သွားပူးပေါင်း အားပေးကြစို့”

မိုးမခရွာ မူလတန်းဗကသမှ သပိတ်မှောက်ကျောင်းသူကျောင်းသားများသည် ရွာလည်လမ်းမဆီ အမြန်ပြေးလာကြသည်..။ ရွာလည်လမ်းမရောက်မီ ရွာဦးဘုန်းကြီးကျောင်းအနီးအရောက်တွင် ထူးဆန်းသော စကားသံအချို့ကို ကြားရလေသည်။

“ဟဲ့..ကြောင်မလေးတို့..။ ညည်းတို့ ဟိုဖက်အိမ်က ကြောင်မဲမဲကြီးတွေနဲ့.. အိမ်ထောင်မပြုရဘူးနော်..။ သူတို့က အမွှေး အမျှင် ထူပါဘိနဲ့.။ တို့ကြောင်မလေးတွေကနေ.. အမွေးထူတဲ့ကြောင်မဲမျိုးကွဲလေးတွေ မွေးလာမှာကို ကိုယ်တော်မမြင် ချင်ဘူး..။ အမျိုးကိုစောင့်ရမယ်နော်..”

“ညောင်”

“ကြောင်ထီးတွေကတော့ ကြောင်မဲ ကြောင်ညို ကြောင်ပိန် ကြောင်ဝ ကြိုက်သလိုယူလို့ရတယ်..ဟီဟီ။ ဒါပေမယ့် တကြောင် တမယား စနစ်ပဲ..။ တော်ကြာ ဟိုမုတ်ဆိတ်ကြောင်မဲအထီးတွေက ကြောင်မတွေ အများကြီးယူ..။ ကြောင်မဲတွေ အများ ကြီးပွားလာဦးမယ်..။ အဲသလိုဆို.. ဘာသာခြားကြောင်မဲတွေ ပေါလာမယ်..။ ဘာသာကိုလည်း စောင့်ရမပေါ့ကွဲ့။ မဖြစ်ပါ ဘူးလေ။ တခုခုတော့လုပ်ရမယ်..။ ရွာထောင်စုအစိုးရတို့ လွှတ်တော်တို့နဲ့ပေါင်းပြီးဒင်းတို့အတွက် မျိုးစပ်ဥပဒေတွေ ထုတ် ပစ်ရမယ်..”

“ညောင်…ခွီး..ခွီး..ခွီး”

“ဟဲ့ ..ကြောင်စွာကျယ်မ..။ ငါ့ကိုပြန်ကုတ်တယ်..ကြည့်စမ်း။ နင်တို့အတွက် လုပ်နေတာဟဲ့။ ကြောင်သည်မရဲ့ ..”

ရုန့်ရင်းကြမ်းတမ်းသော ဆဲသံဆိုသံများကြောင့် မိုးမခရွာသားကလေးငယ်များ.. ပြေးနေသောခြေလှမ်းကိုတန့်ကာ ရပ်ကြည့် မိ၏။

“ဟယ်.. ဆဲနေတာ ရွာဦးကျောင်းက ကိုရင်ကြီးတော့”

“ဟယ်..ကိုရင်ကြီးက ကြောင်တွေကိုကြိုးနဲ့တုတ်ပြီး ရေချိုးပေးနေတာကိုးကွ။ အကုတ်ခံရတာတောင်နည်းသေးတယ်..ဟိ”

“အဲဒါကြောင့် ခုတလော..ကိုရင်ကြီး..…တရားမပြ..သီလမပေးနိုင်တာကိုး။ အိုး…သူသိပ်အလုပ်ရှုပ်နေရှာတာပဲ..။ အရေးထဲ သူ့စေတနာနားမလည်တဲ့ကြောင်တွေက ကုတ်တောင်သွားသေးတယ်နော်..ကျွတ်..ကျွတ်”

ကလေးများကား ကိုရင်ကြီးကို ကြာကြာရပ်မကြည့်နိုင် သူ့ဖာသာ ကြောင်မရေချိုးနေသည်ကို..လိုတာထက်ပိုပြီး အရေး စိုက်နေလို့မဖြစ်။ သူတို့အားပေးရမည့် ကျောင်းသားသပိတ်ကြီးဆီကို အရေးတကြီး သွားရောက်ပူးပေါင်းရမည်။

အလျှင်လိုကာမှ..လမ်းတွင်…လမ်းပိတ်နေသော..ဆိုင်းဘုတ်ကြီးတခုကိုလည်း ကို့ရိုးကားယားတွေ့ရသေး၏..။ ဆိုင်းဘုတ် ကြီးပေါ်တွင်..

“ရွာဂံတော်၏ ဦးဆောင်မှုကဏ္ဍအ၀၀ကို နတ်ကတော်အမေကွိုင်နှင့် သားများအဖွဲ့မှ ရာသက်ပန်တာဝန်ယူမည်” ဟု ရေး ထားလေသည်..။

“အော်..အရေးထဲ နတ်ကတော်ကြော်ညာဆိုင်းဘုတ်က ရှုပ်ရသေးတယ်”ဟု..ဖိုးထက်ကအော်ကာ ခြေထောက်နှင့် ပိတ်ကန် လိုက်သည်။

“အေးလေ..ကိုယ့်ဖာသာ နတ်ရူးစွဲရုံတင်..မဟုတ်ဘူး။ အာဏာပါ ရူးချင်သေးတယ်…။ ရွာဂံတော်ရဲ့ဦးဆောင်မှုကဏ္ဍကို တောင် ရာသက်ပန် တာဝန်ယူဦးမတဲ့။ ခွေးအလုပ် မြင်းဝင်ရှုပ်တာဆိုတာ ဒါမျိုးပဲ။ ၀ါးရင်းတုတ်နဲ့တော့ မဆော်ဘူး..။ ရှူးရှူး နဲ့ ပန်းခဲ့မယ်။ ကိုင်း..လဟယ်” ဆိုကာ..မိုးမခရွာသားကလေးများက ၀ိုင်းဝန်းအားပေးကြလေသည်။

မိုးမခရွာသူကလေးများကား..နောက်မလှည့်တမ်း ရွာလည်လမ်းဆီ အရင်ချီတက်နှင့်ကြလေသည်။

ရွာလည်လမ်းမပေါ်တွင်ကား..တဖက်သတ်ဖိနှိပ်ချုပ်ချယ်မှုများနှင့်ရေးဆွဲထားသောပညာရေးဥပဒေကို သပိတ်မှောက်ဆန့် ကျင် ဆန္ဒပြနေသောကျောင်းသားများကို မျက်စိတဆုံး ရှုမဆုံး..စုရုံး စီတန်းစွာ တွေ့ လိုက်ရလေသည်..။

အရီးမာအေးတို့ရွာသူရွာသားများက..သောက်ရေများ..၊ စားစရာများ၊ ပန်းကုံးများဖြင့် ကျောင်းသားသပိတ်ကြီးကို အားပေး ကြိုဆိုနေကြလေသည်။ လမ်းဘေးစင်မြင့်တခုပေါ်တွင် မိုးမခရွာပြေး နံမယ်ကျော်ကဗျာဆရာကြီး “အဖိုးသခင်ကိုယ်တော် ဝေး” မှ ကဗျာတပုဒ် ရွတ်ဆို ဂုဏ်ပြုနေလေသည်..။

“အဓိပတိလမ်းပေါ်ကလည်း
“ဆန်း” နဲ့ ”ဟိန်း” ကို
ရမ်းရော် မှန်းမျှော်မိပါရဲ့ 
ကြမ်းကြမ်းထော်ထော် စတေးခဲ့ရတဲ့
သွေးနဲ့ မျက်ရည်ကိုလည်း
ခွေးကတက်ကနေ ရောင်းမစားခဲ့ကြတဲ့
အကောင်းစား ကျောင်းသားလေးတွေကိုဖြင့်
အားပေးမဟဲ့
အားပေးလိုက်မဟဲ့လို့ 
အားဆေးတွေ မျိုမျိုပြီး
ဟောဒီ ကဗျာအိုကြီး အိုမကောင်
အောင်ဝေးကလည်း
မောင်ကလေးတို့ကို
ယခေါင်ရှေးက “မှိုင်း” အလေးပြုသလို
ကိုင်း … အရေးဂရုပြုလိုက်ပါရဲ့ 
တိုက်ရဲသူသာ အောင်ပွဲခံစတမ်း
တစ်သွေးတစ်သံတစ်မိန့် နဲ့ 
တစ်ဗိုလ်ကျ တစ်ဗိုလ်တက်
သံမဏိထက်မာတဲ့ အသည်းနှလုံးတွေက
ခရီးအဆုံးအထိ
စည်းရုံးစုစည်းကာနေ … ”

——————————— ပြီး ———————————————–

http://gita.cc/archives/41899

======

0 new messages