Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

JCK အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀၀ ကျော် ပိတ်လှောင်ခံရ

6 views
Skip to first unread message

Zomi for Federalization and Democratization of Bur

unread,
Jan 17, 2015, 10:54:37 AM1/17/15
to

======
The Brutal Bamnar Racist Buddhist Fascist Mercenary Terrorist Rapist (BBRBFMTR) USDP Government of Sinomaniacs (Chinese-lovers) is the cause of the humiliation of our people by the Chinese.

The Brutal Bamnar Racist Buddhist Fascist Mercenary Terrorist Rapist (BBRBFMTR) USDP Government of Sinomaniacs has been kow-towing to the Chinese Communists and the North Korean Communists.

======

JCK အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀၀ ကျော် ပိတ်လှောင်ခံရ

14 January 2015 22:30(+0630) (3 ရက် ခန့်က)

==
Photo:
11.jpg

About 1,000 workers working at the Chinese-owned JCK Tailoring Factory
==

ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ စက်မှုဇုန် ၁ မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဂျေစီကေ JCK အထည်ချုပ် စက်ရုံမှာ မနေ့ညပိုင်းက အချိန်ပိုမဆင်းချင်တဲ့ အလုပ်သမား ၃၀၀ လောက်ကို စက်ရုံ တာဝန်ရှိ သူတွေက စက်ရုံထဲမှာ တစ်နာရီကျော်ကြာ ပိတ်ထားတယ်လို့ သိရပါတယ်။

စက်ရုံမှူးက အချိန်ပိုမဆင်းနိုင်ရင် အလုပ်ထွက်ရမယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်လို့ မနေ့က စက်ရုံထဲမှာ ပိတ်ခံခဲ့ရတဲ့ ဂျေစီကေ စက်ရုံ အလုပ်သမား တစ်ဦးက ပြောပါတယ်။

"မဆင်းချင်ဘူးလို့ပြောတဲ့ဟာကို မရဘူး အတင်းဆင်းခိုင်းတာပဲ၊ အလုပ်သမားရုံးကလူတွေရောက်လာပြီး သူတို့ကမဆင်းချင်ဘူးလားတဲ့၊ မဆင်းချင်လို့ရှိရင် ဖယ်ရီကားနဲ့ ပြန်ပို့ဖို့လုပ်ခိုင်းတဲ့၊ အဲ့ဒါကို ဂိတ်မှူးတွေကလည်း တံခါးဖွင့်မပေးဘူး၊ တရုတ်တွေကလည်း အပြင်ကိုပေးမလွှတ်ဘူး၊ သူတို့ကမဆင်းလို့ရှိရင် နောက်နေ့မနက်ကျရင် အလုပ်မလာတော့နဲ့လို့ပြောတာ၊ "

အဲဒီစက်ရုံမှာ ပုံမှန်အလုပ်ချိန်ဟာ မနက် ၈ နာရီကနေ ညနေ ၆နာရီခွဲအထိဖြစ်ပြီး ညဘက်အချိန်ပိုဟာ ည ၁၀ နာရီအထိဖြစ်ကြောင်း အလုပ်သမားတွေက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးဌာနက စစ်ဆေးရေးမှူး ဦးကျော်ကျော်ထွန်း က မနေ့ညက ဂျေစီကေ စက်ရုံမှာဖြစ်ပွားခဲ့တဲ့ ပြဿနာကို အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနက သွားရောက်စစ်ဆေးမှာဖြစ်ပြီး တရားဥပဒေနဲ့မညီရင် အရေးယူသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အလုပ်သမားဥပဒေအရ အလုပ်ရှင်က တစ်နေ့ အလုပ်ချိန် ၈ နာရီအပြင် အချိန်ပိုခေါ်မယ်ဆိုရင် စက်ရုံအလုပ်သမားတွေရဲ့ သဘောတူညီချက်ရှိဖို့ လိုအပ်ပြီး အလုပ်သမားဝန်ကြီးဌာနထံ တင်ပြရမယ်လို့ သိရပါတယ်။

ရွှေပြည်သာစက်မှုဇုန် ၁ မှာရှိတဲ့ ဂျေစီကေ အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့နှစ်ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အလုပ်သမား တစ်ထောင်ခန့်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

======
6 comments

==
Michael Sithu
တရုတ်ပဲဖြစ်ဖြစ် ။ကုလားပဲဖြစ်ဖြစ် ။ဗမာပဲဖြစ်ဖြစ် ။အစိုးရ ပဲဖြစ်ဖြစ် စည်းနဲ့ကမ်းနဲ့ မျှမျှတတ လုပ်ပါ။လူလူချင်းကိုယ်ချင်းစာတတ်ဖို့ လိုတယ်။တဘို့တည်းကြည့်ရင် တော့နွားပဲ။
Reply · Like · Follow Post · 15 January at 03:16
==
Anthony Ommaung · Pakokku University
Fucking Chinese people
Reply · Like · Follow Post · 15 January at 01:40
==
Than Kywe · University of Yangon
အလကားပါ- ပြီးတော့လည်း သူတို့ အချင်းချင်းနားလည်မှုယူပြီး စက်ရုံအလုပ်သမားတွေဘဲ ခံနေရတာ
Reply · Like · Follow Post · 14 January at 22:23
==
Myo Thant · Pathein University
တရုတ်ကြီးကတော့ တော်တော်လူပါးဝနေပြီ... တာဝန်ရှိသူတွေ ဘာလုပ်နေကြလဲ
Reply · Like · Follow Post · 14 January at 20:25
==
Aung Ye · Top commenter · Works at School
ဥပဒေနဲ့အညီရင်တကယ်အရေးယူမှာသေချာလား
Reply · Like · 1 · Follow Post · 14 January at 11:47
==
Chammyeih Linn · Follow · Top commenter · University of Madras
သူများနိုင်ငံသားက ကိုယ့်နိုင်ငံလာပြီး ဗိုလ်ကျနေတာ အစိုးရမကောင်းလို့ပဲ။ သိန်းစိန်အစိုးရက မျက်နှာသာပေးထားတာ၊
Reply · Like · 1 · Follow Post · Edited · 14 January at 11:40
==
Facebook social plugin
======

http://www.thithtoolwin.com/2015/01/jck.html

======

0 new messages