မင်းကျော်သူရိန်ကတော့ “မှန်သောတရား အတွက် နေရာရှိပါ သလား?” ဆိုပြီး June 20 ရက်က အတော်လေး ပြော သွားခဲ့ပြီ ။ သူပြောတာတွေ လက်ခံပေမဲ့ အားမရဘူး။ သူကျန် ခဲ့တဲ့ စကားလေးတွေ အချက်အလေက်လေးတွေနဲ့ ဒီက လဲ ပြောခြင်သေးတယ် ။ စုံသွား တာ ပေါ့ လေ ဟုတ်ဘူးလား၊ ။ ပုဂိုလ်ရေးမဟုတ်ပါဘူး။ တိုင်းရေး ပြည်ရေး နိုင်ငံတော် နဲ့ နိုင်ငံသားတို.အရေး ၊ အမျိုး ဘာသာ သာသနာ အရေးလိုဘဲ ပြောပါစို. ။
နိုင်ငံတော်ရဲ့ အနာဂါတ်ကို ထည့်သွင်းစဉ်းစားတဲ့ အခါ ကာကွယ်ရေးဆိုတာ နည်းအမျိုးမျိုး ရှိတာမှန်ပေမဲ့ အဲဒီနည်းတွေ မျိုးမျိုးကို တောင့်တင်းခိုင်မာတဲ့ တပ်မတော် တခုက ကာကွယ် ပေးရလိမ့်အုံးမယ် ဆိုတာလဲ ပါတယ် ၊ ဖွဲစည်းပုံအခြေခံဥပဒေကို ကာကွယ်ဘို တပ့်မတော် မှာ တာဝန်ရှီတယ် ၊
ကမ္ဘာပေါ်ရှိ ဘယ် နိုင်ငံမဆိုမှာ သူတို.နိုင်ငံနဲ့သူတို. ကာကွယ်ဘို.တပ်မတော်တွေ ရှိကြပါတယ် ။ အင်အား အကြီးအသေး အခြေအနေပေါ်မှာ မူတည်တယ် ။ တချို. တပ်မတော်တွေ ဟာ သူများတပ်မတော်တွေထက် အဆထောင်သောင်းမက အင်အား ကြီးမားကြပါတယ်။ သူများ တွေ အင်အားကြီးမားလာမှာကို လက်မခံ ကန်.ကွက်ကြတယ် ။ ဖြစ်နိုင်ရင် အညွန်ချိုးကြတယ် ။ ဒီလူသား တို.ရဲ.ကမ္ဘာကြီးကို မပြောနဲ့ နေစင်္ကြာဝဠာ အတွင်း ရှိ ဘယ်ဂြိုဟ် နက္ခတ်တာရာကိုမဆို ဖျက်ဆီးပစ်နိုင်တဲ့ အင်အား ရှိတယ် လို.တောင်သိရပါတယ်၊ အဲဒီတပ်မတော်တွေ လူသတ်သလား မသတ်ဘူးလား ၊ လူတွေ သေတာ မသေတာ ၊ သတ္တ၀ါတွေ သေတာမသေတာ အောင်ဆန်းစုကြည် သိပုံမရှိဘူး လေ.လာပုံလဲ မရှိဘူး။
ဒီ နိုင်ငံကြီးတွေက တပ်မတော် တွေမှာဘဲ DEATH SQUAD ဆိုတဲ့ လူသတ်အဖွဲ.တွေ လက်ဖြောင်.တပ်သားတွေ သိးခြားလေ.ကျင့်သင်ကြားပေးပြီူ တဖက်ရန်သူ ခေါင်းဆောင် တွေ၊ နိုင်ငံရေးပုဂိုလ်တွေကိုအစတုံး ဖြောင်ပစ်ကြ တယ် ။ အစက်စင်း( Assassins) လို.ခေါ်တာပေါ့လေ၊ အောင်ဆန်းစုကြည် ဘယ်မှာ သွားပြီး အကြည်ဆိုက်နေလို. ဒါမျိုးတွေ ကို မသိရ တာ လဲ ? သူအဖေ ကိုအောင်ဆန်းကိုယ်တိုင်တောင် စစ်သားဘ၀နဲ့ လူသတ်မှု ကျုးလွန်ခဲ့ တယ် လို သိရတယ် မှတ်တမ်းတွေမှာ တော့ ဒံဒြိုးလဲ ၀န်ခံထားတာမရှိဘူး ငြင်းဆိထြားတာလဲ မရှိဘူး။ ပွင့်လင်း မြင်သာရရင် ပိုကောင်းမှာ ဘဲ ။ ကိုယ့်အဖေအကြောင်း မို ကိုယ် အမှန်ကို ရှင်းပြရင် ကောင်းမှာ ဘဲ ။
တချို.နိင်ငံငယ်တွေဟာ အင်အားကြီး နိုင်ငံကြီးတွေရဲ စစ်ရေးအကာအကွယ် ခံယူကြလို. သူတို နိုင်ငံရဲ တပ်မတော် တွေကို အခန်းအနားကျင်ပတဲ့ အခါ ပြဘိုလောက်သာ စတိ ပြရုပ် အဖြစ် ဖွဲ့စည်းထားကြတယ် ၊ တချိုကလဲ သူတိုမှာ စစ်တပ် မရှိရင် ဘယ် သူကမှ သူတိုကို ရန်လုပ်မယ် မဟုတ်ဘူးလို. ယုံကြည်ကြတယ် ၊၊
ဗမာတို.ရဲ အတွေ.အကြုံအရ ဒီယုံကြည်ချက် မှားပါတယ် ဆိုတဲ့ သာဓကတွေ ရှိခဲ့တယ်၊ ဒါနဲ.ဘဲ.နိုင်ငငယ်တွေဟာ စစ်အင်အားကြီးတဲ့ နိုင်ငံတွေရဲ့ ကျွန်သဘောက်ကျ ရောက်ခဲ့ရ တာ၊ အမျိုး ဘာသာ သာသနာ ထိခိုက်ရတာ ပျောက်ကွယ် ခဲ့ကြရတာတွေထိ ရှိသော် လည်း ယဉ်ကျေးမှု ဓလေ.ထုံးစံခြင်း တူညီသလိုရှိကြတော့ သိပ် မသိသာလှဘူး။
ဗမာတွေ ကုလားတွေ တရုတ်တွေ အရှေ.အာရှတိုက်သားတွေနဲ့တော့ တစ်ခြားစီဘဲ ။
ကိုရီးယား ကျွန်ဆွယ်အရေး ၊ ဗီယက်နမ်အရေးတွေမှာ လူမသတ်တဲ့ တပ်မတော်တွေကို အောင်ဆန်းစုကြည်တွေ ခဲ့တယ် လေ့လာမိတယ် ထင်ပါရဲ့ ။။ အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခု ဗမာ့နိုင်ငံရေးဇါတ်ခုံပေါ် ရောက်ကထဲက ဗမာ့တပ်မတော် ကို ဦးနှိမ်နေတယ် အညွန်ချိုးဘို.ဘဲ လုံးပန်းနေတယ် ။ ဘယ်သခင်အားရဘို ကျွန်ပါးဝနေတယ် မသိဘူး။
ဗမာနိုင်ငံအပါအ၀င် အရှေ.တောင်အာရှနိုင်ငံတချိုမှာ သူ.ကျွန်မခံစိတ်ရှိသူတွေနဲ့ အမျိုးသား တပ်မတော်သာ မရှိခဲ့ရင် အခုချိန်ထိ သူများကျွန်ဖြစ်နေလိမ့်အုံးမယ် ။ နိုင်ငံငယ်တွေဟာ ၊ အခုချိန်ထိ နလံမထူကြပါဘူး ဆိုတာတောင် အောင်ဆန်းစုကြည် သိသင့်ပါရက် မသိဘူး ဆိုတော့ အောင်ဆန်းစုကြည်ဟာ ဘာလူမျိုးလဲ ၊ လူစင်စစ်မှ ဟုတ်ပါ ရဲ.လား လို. ဘဲ မေးလိုက်ခြင်တော့တယ် ။ စိတ်မရှိနဲ့နော် ။
စစ် ဆိုကထဲကိုက သတ်ခြင်တဲ့ စိတ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ့် လိုဘ နဲ့ ကိုယ် လူသတ်ပွဲဆင်နွှဲကြတာဘဲ ၊ ကိုယ် က မသတ်ရင် ကိုယ်.ကို သူများက သတ်လိမ့်မယ် ၊ လက်ဝါးလေးကာပြီး မေတ္တာသုတ် ရွတ်ဖတ်သရဇယ် လို.တော့ ပျောက်မသွား ဘူး။
ရန်ကိုရန်ချင်း မတုန်နှင်းနဲ့ ဆိုတာ ဘယ်သူပြောတဲ့ စကားလဲ တော့မသိဘူး။ ဘုန်းကြီး တွေလား လူတွေလား။ ကိုယ်က မတုန်.ပြန်ရင် ရန်အေးသွားမယ်လို. ယူဆ ကြတယ် - ဟုတ်လှချည့်လား ။ ဘုန်းကြီးတွေတောင် ရန်ဖြစ်နေကြတော့ ဘုန်းကြီး စစ်စစ်တွေ ပြောတာ မဖြစ်နိုင်ဘူး။
ဒီအဆုံးအမတွေကြောင့် ထင်ပါရဲ. ဗမာတပ်မတော် အင်အား တောင့်တင်းသင့်ပါလျှက်. သတ္တိကောင်းလှပါလျှက် တိုက်ရည် ခိုက်ရည်ရှိပါလျှက် ၊ ကိုယ့်မြေပေါ်က ကိုယ့်ရန်သူဘယ်သူဆိုတာ သိပါရက်. ဘယ်က လာလိမ့်မယ် ဆိုတာလဲ သိပါရက် ။ ၁၈၆၆ ခုက ဓမ္မစက် အာဏာ စက် တွေကြောင့် လက်နက်မလုပ်ရ ။ တပ်မဖွဲရတဲ့ ဗမာတွေ ၁၈၈၆ မှာ တစ်ပါးကျွန်ဖြစ်ခဲ့ရတာ ထင်ပါရဲ ။
အခုလဲ လာပြန်ပြီ စစ်ဗိုလ်ချုပ်တယောက်ရဲ့ သမီး အောင်ဆန်းစုကြည်ဆိုတာက တမျိုး။ နိုင်ငံခြားပြန် ဘုန်းကြီး တွေ ဆိုတာကတနည်း သာသနာ့ဝန်ထမ်းဆိုပြီးတဖုံ၊ သံဃာ တော်များဆိုတဲ့ နာမယ်အလွဲသုံးစားနဲ ဗမာတပ်မတော်ကို အကြောင်းရှာ အဖက်ဖက်က အမျိုးမျိုး ၀ိုင်း ဘေ နေကြတာ ဘယ်သူအကျိုးအတွက်ပါလိမ့်?
အမေ့အိမ်ပညာဒါနကျောင်းရှိ ကလေးငယ်များအား နောင်ဖြစ်လိုသည့်ဆန္ဒအား မေးမြန်းရာ ကလေးငယ်များက နိုင်ငံကာကွယ်ရန် စစ်ဗိုလ်ဖြစ်လိုသည်၊ ရဲဖြစ်လိုသည်ဟု ဖြေကြားကြ တာကို အောင်ဆန်းစုကြည် နှလုံးတွေ. နှစ် မြို. ပုံမရှိဘူး။ တဲ့ မင်းကျော်သူရိန်က မှတ်ချက် ပြုတယ် ၊
စစ်တပ်ထဲဝင်တာ သဘောကျပါတယ် ဆိုတဲ့ မက်လုံးကလေး ပေးပြီး ၊ အောင်ဆန်းစုကြည် က "ကိုယ်ရဲ့နိုင်ငံကို ကာကွယ်ဖို့ ဆိုရင် နည်းအမျိုး မျိုးရှိတယ်။ သူတစ်ပါး ကိုသတ်တဲ့နည်း တွေနဲ့ ကာကွယ်ဖို့မလိုဘူး။ ပထမကာကွယ်ရမှာ က အမှန်တရားကို ကာ ကွယ် ရမယ်။ ကိုယ့်နိုင်ငံမှာ အမှန်တရား ဘက်ကို ရပ်တည်ရမယ်။ အဲဒါဟာ နိုင်ငံအတွက် အကောင်းဆုံး အကာအကွယ်ပဲ တဲ့ ။ သူပြောတာကို ခလေးတွေ ဘယ်လိုနားလည် သဘောပေါက်ကြမယ် တော့ မသိဘူး။ သူနောက်က လိုက်နေတဲ့ သတင်းထောက်ကတော့ သဘောပေါက်ပုံရတယ် ။ အောင်ဆန်းစုကြည်ဟာ ခလေးတွေ ပေးတဲ့ အဖြေကို သဘောမကျတာကတော့ အမှန်ဘဲ ၊ ဒါပေမဲ့ သဘောမကျကြောင်း တိုက်ရိုက် မပြော ခဲ့ဘူး။ မပြခဲ့ဘူး။ သူ.စိတ်ထဲရှိတာကို တော့ ထုတ်ပြောခဲ့တယ် ။ သတင်းထောက်အကြိုက်ပေါ့ ။
အောင်ဆန်းစုကြည်လို အမျိုးသမီး အမျိုးသားတွေသာ စာသင်ကျောင်းအုပ် ဆရာ ဆရာမ လုပ်ကြမယ် ဆိုရင် ခက် ရချည်ရဲ. ။ ၁၉၆၀ ခုလွန် နှစ်များဆီက တရုတ်သံအဖွဲဝင်တွေဟာ ပြည်သူကျောင်းတွေကို ၀င်ပြီး မော်စီတုန်းရင်ထိုးတွေ ပေးဝေခဲ့တဲ့ အတွက် ၊ တရုတ် ဗမာ အရေးအခင်း တခုဖြစ်ခဲ့ရတာကို မှတ်မိလိုက်တယ် ။
အောင်ဆန်းစုကြည်ဟာ ဘယ်သူခွင့်ပြုချက်နဲ့ ပညာဒါနကျောင်းကို ၀င်တာလဲ ပုဂလ္လိက ကျောင်းမို. ကျောင်းပိုင်က ဖိတ်ခေါ်တာဘဲ ဖြစ်ဘို.များတယ် ။ အစိုးရပိုင်( သို.) ပြည်သူပိုင် ကျောင်း မရှိတော့ရင် တော့ မပြောတတ်ဘူး။
ဒါကြောင့်လဲ အောင်ဆန်းစုကြည်က "ကိုယ်ရဲ့နိုင်ငံကိုကာကွယ်ဖို့ဆိုရင် နည်းအမျိုးမျိုးရှိ တယ်။ သူတစ်ပါး ကိုသတ် တဲ့ နည်း တွေနဲ့ ကာကွယ်ဖို့မလိုဘူး။ ပထမကာကွယ်ရမှာက အမှန်တရားကို ကာကွယ်ရမယ်။ ကိုယ့်နိုင်ငံမှာ အမှန်တရား ဘက်ကို ရပ်တည်ရမယ်။ အဲဒါဟာ နိုင်ငံအတွက် အကောင်းဆုံး အကာအကွယ်ပ"ဲ တဲ့ ။ သူဘာကို ရည်ရွယ်တယ် ဆို တာ သူလဲ သိတယ် ။ လူတိုင်းလဲ သိတယ် ။ သဘောရိုးမဟုတ်ဘူးလို.ဘဲ ယူဆရမယ် ။ သူ.ကို မယုံသူအနေနဲ့ သူဘာ ပြောသမျှလဲ မယုံဘူး။ ကဲ ရှင်းပြီလား။
လူကြီးတွေ ကို လှည့် မရတော့ ခလေးတွေကို သွား ဖြီးနေတယ် ၊ ခလေးတွေက သူ.အမေး ဖြစ်တဲ့ ကြီးလာရင် ဘာဖြစ်လိုသလဲဆိုတဲ့ ဆန္ဒ အား မေးမြန်းရာ ကလေးငယ်များက နိုင်ငံ ကာကွယ်ရန် အောင်ဆန်းစုကြည် အံခြင်သွားပုံရှိတယ် ပျို.တက်လာတယ် တဲ့ ။
စစ်ဗိုလ်ကြီးလုပ်မယ် ၊ ရဲ လုပ်မယ် လို ဒဲ့ဒိုးဘဲ သူတိုစိတ်ထဲရှိတာ မှန်တဲ့အတိုင်း ခလေးတွေ ဖြေလိုက်တော့ ကျွတ်သွားပြီး ပြောမိပြောရာ၊ ထွက်မိထွက်ရာ ထွက်သွားတာမှာ အထက်က အတိုင်းဘဲ ။
ဟုတ်ရဲလား အောင် ဆန်းစုကြည် ရယ် ၊ အမှန်တရား ဆိုတာ ဘာဆိုတာကို သူ ရှင်းမပြခဲ့ ဘူး။ ခလေးတွေက မမေးလို.ဘဲလို. ပြော မှာ သေချာတယ် ၊ မမေးလဲ တဆက်ထဲ ရှင်းပြဘို.တော့ ကောင်းတာပေါ့ ၊ ကိုယ်တိုင်လဲ သိပုံမရှိဘူး။ ခလေးဆိုတာ က တော့ ပြန်ပြီး မေးခွန်း ထုတ်တတ်သူ ရှားပါတယ် ။ မေးရင်တော စိတ်ထဲရှိရာကို မကွယ်မ၀ှက် ဖြေ လိုက်တာဘဲ ။ ခလေးတွေဟာ အပစ်ကင်းပါတယ် ။ ချစ်စရာလေးတွေပါ ။
အမှန်တရားဆိုတာ ကိုယ်မှန်တယ် ထင်တာဟာ အမှန်ဘဲ ပေါ့ ဟုတ်ဘူးလား ၊ ဒီလို ဖြေလိုက် ရင် မမှားဘူးပေါ ။ သိပံ္ပ ပညာမှာ လျှပ်စစ်အားကြောင့် အပူဓါတ်နဲ့ရေနွေးကို ရသလို. ၊ ဒီလျှပ်စစ်ဓါတ်အားကြောင့်ဘဲ အအေးဓါတ်နဲ့ ရေခဲကို ရပါတယ် ၊ ကမ္ဘာပါတ် လမ်းကြောင်းပေါ် တက်တဲ့ ဒုံးပျံတွေဟာ ဟိုင်ဒရို၈ျင်နဲ့ အောက်စီဂျင်တို ပေါင်းပြီး ထုတ်ပေး တဲ့ တွန်းအားနဲ လေဟာပြင်ကို တက်ကြပါတယ် ။ ဟို်ငဒရို၈ျင်နဲ အောက်စီဂျင်ဆိုတော့ သာမန်အားဖြင် ( H2 0 = Water) ရေ ပေါ့ ဟုတ်လား ၊ ရေအားနဲ့ ကောင်းကင်ထိ တက်နိုင်တယ် ။
ဒါမျိုးတွေကလဲ ရှိတဲ့ အတွက် အမှန်တရားဆိုတာ ဘာဆိုတာကို ခလေးတွေကို နားလည် အောင် ရှင်းပြဘို.ကောင်းတယ် လို ပြောရတာပါ ၊ အောင်ဆန်းစုကြည်လို ပညာတတ် တစ် ယောက်က ခလေးတွေ ပြီးစလွယ် နဲ. ကိုယ်လိုခြင်တဲ့ ဘက် ဆွဲပြီး မပြောသင့်ပါဘူး။ တကယ်မှတ်ပြီး အမှားကို အမှန်အဖြစ် ယုံသွားကြပါလိမ့်မယ် ။
အကယ်၍ဟာ အောင်ဆန်းစုကြည် မတော်တဆ သမ္မတ ဖြစ်ခဲ့ ရင် ဗမာနိုင်ငံမှာ သားသတ် ဥပဒေ ဖျက်သိမ်းပြီး သား ငါး မစားရ အသက်လွတ်သာ စားကြရမယ် လို ဥပဒေပြဌာန်း ကောင်းပြဌာန်း လိမ့်မယ် ။ ကြက်ဌက် တိရိစ္ဆာန် မွေးမြူ ရေး တားမြစ် ပိတ်ပင်နိုင်ပါတယ် ။ ကြက် ဌက် ဥတောင် စားရလိမ်မယ် မထင်ဘူး။ အသီးအနှံသာ စားမယ် ဆိုရင်တော့ လဲ စားနိုင်ပါတယ်။ အသားစားရင် ကြက် ဌက် တိရိစ္ဆာန်တွေကို သားသတ်ရုံပို.ပီး သတ်ရပါ လိမ့်မယ်. မသတ်ရင် မစား နဲ့ပေါ့၊. သူများသတ်တာကို ကိုယ်စာရင်း ကိုယ်သတ်တာနဲ့ အတူတူပါဘဲ. သားသတ်သူကို အားပေးရာရောက် တယ်။
ဒါမှ မဟုတ် သား ငါးစားသုံးတဲ့ ဗမာတွေ စိုးရိမ်စရာ မလိုပါဘူး။ အင်္ဂလန်အပါအ၀င် ဥရောပ ၊ အမေရိကံပြည်ထောင်စု တို.က သားငါးတွေ ၊ သြစတွေလီးယား နိုင်ငံတိုဆီက သားပိုက် ကောင်သားတွေ ၊ ကီဝါးလား သားတွေ ၊ အာရပ်နိုင်ငံ တွေက ကုလားအုပ်သားတွေ တင် သွင်းပေးပါလိမ့် မယ် ။ ဗမာနိုင်ငံမှာ ဥပဒေအရ မွေးမြူခွင့် ရှိတော့မှာမှ မဟုတ်ပဲကိုး
တကယ်တော့ ကြက်ဌက် သားငါး တိရိစ္ဆာန်တွေ ဗုဓ္ဒဘာသာ အရဆိုရင် ၃၁ ဘုံမှာ သူတိုဘုံ နဲ သူတို.နေကြရတဲ့ သက် ရှိ သတ္တ၀ါတွေသာဖြစ်တယ် ၊ သူတပါး အသက်သတ်တယ်ဆို တာ လူသတ်မှ မဟုတ်ဘူး။ ကြက်ဌက်တိရိစ္ဆာန်ကိုသတ် ရင်လဲ ပါနာတိပါတ ကံ ထိုက်တယ် လို နားလည်ထားတယ် ။
တိရိစ္ဆာန်ဆိုတာ လူက ချွတ်မှ ကျွတ်တာလို. ပြောနေကြတာတွေဟာ ဘုရားဟောလား။ ဘုန်းကြီးဟောလား လူပြော လား? ဘုန်းကြီးတွေလဲ ၀က်သားဆီပြန် ကြိုက်ကြပါတယ် ၊ သားကြီး ငါးကြီးမစားဘူး ဆိုလို သားငယ် ငါးငယ်ဖြစ်တဲ့ ချေငယ် စိုင်ဆပ် ဖွတ်ပဒတ် ၊ ပုဇွန်ဆိပ်ကလေး ငါးသလဲထိုးလေးတွေ ချက်ပြုတ် ကြော် လှော်ပေးရပါသေးတယ် ။ ဒါမှ ဘုန်းကြီး ဆွမ်းမိန်သတဲ့ ၊ ငါးပိရည် တခွက်ရဘို. ပုဇွန်ဘယ်နှစ်ကောင်း ငါးဘယ်နှစ်ကောင်း ကို ငါးပိ သိပ်ရသလဲ အောင်ဆန်းစုကြည် သိဘို.လိုတယ်။ အောက်စဖို အပါအ၀င် အောင်ဆန်းစုကြည် တက်ခဲ့သမျှ ကျောင်းတွေ ကောလိပ် တွေ တက္ကသိုလ် တွေမှာ. ဒါတွေ ကို သင်ပေးမဲ့ ပုံမရှိဘူး လေ့လာ သူတေသနပြု စာတမ်းလဲ တင်ခဲ့ပုံမရှိဘူး။
အခုဆိုရင် အောင်ဆန်းစုကြည်ဟာ သွားလေရာမှာ ရန်စွယ် တစ်ငေါငေါနဲ့ လမ်းပေါ်ကကား ထဲထိုင်ပြီး လမ်းဘေးက လူတွေကို ရန်တွေ.နေတယ် ။ သူ.ကို မကြိုက်တာနဲ့ သူ.အဖေကိုတောင် ထိခိုက်လာပြီဆိုတာ တပ်ကုန်းမြို.ဖြစ်စဉ် တစ်ခုမှာ ဗီဒီရိုနဲ့ တွေ.ခဲ့ရတယ် ၊ သူ.အဖေကို တောင် ထိခိုက်ပြောလာကြပြီ ။ သားသမီးမကောင်း မိဘ ခေါင်း ဆိုတာထင်ပါ ရဲ့။ ///