Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss
သစ်လွင်သော ပြည်သူ. တပ်မတော်။
38 views
Skip to first unread message
minkyaw thuyein
unread,
Aug 13, 2013, 9:04:00 AM8/13/13
to
ဒို.လူကလေးများ ဆိုသလေး ၊
ဒို.တပ်မတော်နဲ့ ပြည်သူကို ကွဲအောင် တမင်လှုံ.ဆော်နေသူတွေရှိတယ်။တ ပ်မတော်ကိုပြည
်သူအများထင်မှားအောင်တပ်မတော် (ကြည်း ရေ လေ ရဲတပ်ဖွဲ.) အတွင်းက တပ်မတော် စည်းကမ်း လိုက်နာခြင်းမရှိ ဖေါက်က်ဖျက်သူတွေ ၊ ကျူးလွန်သူတွေ ကို နိုင်ငံတော် နဲ့ နို်င်ငံသား တို.အကျိုးဌာ၊ နိုင်ငံတော် လုံခြုံးရေး ရှေ.ရှု ရျွ် ပြင်းထန်သော အရေးမှု ပြစ်ဒါဏ်
များပေးခြင်းဖြင့် တပ်မတော်ကို ထိမ်းသိမ်းစောင့်ရှောက်ရမယ် ပြုပြင်ရမယ် ဖြစ်တယ် လို. ယုံကြည်တယ်။
တပ်မတော်ထဲ ၀င်လာလို အများဆုံး အနံဆုံး ရက်သတ္တ ၃ ပါတ်က အများဆုံး ၃ လမျှ လေ့ကျင် သင်ကြားပေးမိရင် ဒီတပ်မတော်သားဟာ အမိန်ယနာခံခြင်း ၊ စည်းကမ်းလိုက်နာ
နိုင်ခြင်းရှိ၊ တပ်မတော် အပါအ၀င် နိုင်ငံတော်နဲ့နိုင်ငံတော်သားတိုအပေါ်သစ္စာစောင့်သိနိုင်ခြင်း
ရှိ မရှိ ဆိုတာကို လေ.လာတွေရှိရလိမ်မယ် အဲဒီအချိန်ကစပြီး တပ်မတော်ကို ဇကာစစ်သွား
မယ်ဆိုရင်၊ တပ်မတော်ဟာ ပြည်သူတပ်မတော် အမှန်ဖြစ်လိမ့်မယ် ။ တပ်မတော်နဲ့ပြည်သူကို
ဘယ်သူမှ ခွဲလို.မရဘူးဖြစ်လိမ့်မယ် လို. ဦးစွာပြောခြင်တယ်၊
ဒီနေ.ဒို.နိုငံမှာ လက်နက်ကိုင်သောင်းကျန်းသူ အမျိုးမျိုးရှိနေသမျှ ။ ဒီ သောင်းကျန်းသူ တွေကို နှိမ်နင်းဘို.တပ်သား စုဆောင်ရာမှာ အရည်အချင်းထက် အရည်အတွက်က များနေ
းလိုးလိုကောင်း များနေလိမ့်မယ်။ ဇကာစစ် ဘို.အချိန် မသိပ်မရှိဘူး ၊ ထောင်မကျဘးလို့ ရာဇ၀တ်ပစ်မှု မှတ်တမ်းမ၀င်တဲ့ ခါးပိုက်နှိုက် ၊ သူခိုး ဒါးပြတွေလဲ . လွတ်ရာလွတ်ကြောင်း တပ်ထဲဝင် ခိုလှုံ.နေတာ ရှိကောင်းရှိနိုင်တယ် ။ သူများသားသမီးအကြောင်း မသိရင်နေ. ကိုယ်.သားသမီးအကြောင်းတော့ ကိုယ်သိကြမဲ့ မိဘ တွေချည်းပါဘဲ ။
ပြည်သူ.တပ်မတော် ဖြစ်စေဘို.ရာ ပြည်သူတွေ အပေါ်မှာလဲ မူတည်လိမ့်မယ် ဖြစ်တယ်။
တပ်မတော်နဲ့ ပြည်သူရင်ကြားစေ.ဘို ရာ တပ်မတော်မှာရော ပြည်သူမှာပါတာဝန်ရှိတယ် ၊ အသီးသီးတို.မှာ ပြုပြင်စရာတွေ ရှိမယ်။ ဖွဲ.စည်းပုံ အခြေခံ ဥပဒေ အခန်း ၇ ၊ ပုဒ်မ ၃၃၇ မှ ၃၄၄ (ခ) ကို အကောင်းအထည် ဖေါ်ရာမှာ တပ်မတော်ထဲမှာ တတ်နိုင်သမျှ ဂျိုကြိုး နားရွက်ပဲ့တွေ မပါဘို. အထူးစမ်းစစ်ရလိမ်.မယ်။
ဒို.နိုင်ငံမှာ ဥပဒေ ဆိုတာတွေကို သေချာစွာလေ့လာရင် သဘောပေါက်နားလည်ရင် လူတွေမှာ ဘယ်လို လူ.အခွင့်အရေးတွေရှိတယ်၊ ဘယ်လို တာဝန်တွေ ရှိတယ် ဆိုတာကို ဖေါ်ပြထားတာကိုတွေနိုင်တယ် ဒါကြောင့် လူတိုင်းဟာ ဥပဒေကိုလေးစားလိုက်နာကြမယ်
ဆိုရင်။ တာဝန်ရှိသူဆိုတာတွေဟာ ဘာတွေကို ဘာကြောင်.လုပ်နေကြတယ် ဆိုတာ သိမယ် ၊ မိမိကိုယ်တိုင်ရဲ့ အခန်းကဏ္ဍ ကိုလဲ မိမိသိပြီး အံဝင်ဂွင်ကျ ပါဝင်နိုင်မှာမို. ဒို.နိုင်ငံဟာ အေးချမ်းသာယာတဲ့ နိုငံတခုဖြစ်လိမ့်မယ်၊ ဒိုယတတွေဟာ စိတ္တသုခ ကာယသုက္ခ နဲ့ြ့ပည်.စုံကြလိမ့်မယ်လို.ယုံကြည်တယ်။
ဒီနေရာမှာ ဥပဒေကို မလေးစား မလိုက်နာသူတွေ ချိုးဖေါက်သူတွေကိုဥပဒေအတိုင်းထိမ်း
သိမ်းဘို လိုအပ်ရင် အရေးယူဘို. ရဲတပ်ဖွဲ.နဲ့တပ်မတော်တို.လဲ ရှိတယ်။ သူတို.ဟာလဲ ဥပဒေကို လိုက်နာပြီး ၊ ကျင့်ထုံးများအတိုင်း ဆောင်ရွက်ကြဘို.ဘဲ။
မြန်မာတပ်မတော်ဟာ သမိုင်းစဉ်နဲ. ပေါ်ပေါက်လာသလို့ ပုလိပ်( ရဲတပ်ဖွဲ.) ဟာလဲ တပ်မတော် ထက်ရှည်လျှားတဲ့ သမိုင်းစဉ်နဲ့ ဖြစ်တယ် ။ တပ်မတော်ဖျက်ဘို.ကြိုးစားတာမှာ သက္ခာချတာတွေ နာမည်ဖျက်ခံရတာ အကြောင်း အတော် အတန်ပြောခဲ့ ဘူးပြီး ဖြစ်တယ်။ အဓိကက နိုင်ငံရေး ပိုင်းမှာ ၁၉၆၂ ခုကစပြီ။ လုံးဝတာဝန်ယူခဲ့တာကြောင့်ဘဲ ။ တပ်မတော်
နဲ့ပြည်သူကို ခုတုန်းလုပ်တဲ့ တပ်မတော် ဆန်.ကျင်သူတွေ တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ခဲ့ရ
တော့တယ် ။
အမှန်က လွတ်လပ်ရေးအတွက် လှုပ်ရှားမှုမှာ တပ်မတော်သာ ခေါင်းဆောင်မှု မပေးခဲ့ရင် ဒို.နိုင်ငံသမိုင်းတပ်မတော်ရဲ့ သမိုင်းဟာ တမျိုးတဖုံ ဖြစ်ခြင် ဖြစ်လိမ့်မယ် ။ ဆိုလိုတာက တပ်မတော်ဆိုတာ မရှိခဲ့ရငိးု.ရဲ လွတ်လပ်ရေးဟာ ဘယ်နေ မယ် မှန်းမသိဘူး ၊ ဒို.ကြမ္မာ ဒို.အချိန်နဲ့တန်လို ဖြစ်ရကိန်းကြုံရင် ဘယ်သူဦးဆောင် ဆောင် ဖြစ်ရမှာဘဲပေါ့. မြန်မာစကားမှာ
“ ရွာကတည်တဲ့ ဘုရား သူကြီးကောင်းမှု”ဆိုတာမျိုးပေါ့ ၊
မွေးဇာတာ နာမည် ကိုထိန်လင်းတယောက် ကျောင်းသား ခေါင်းဆောင်သခင်အောင်ဆန်း
ဖြစ်လာပြီး စစ်တပ်ဖွဲတော့ ဗမာနာမည် ဗိုလ်တေဇ ၊ ဂျပန်လို အိုမါဒါ မွန်ဂျီး ၊ တရုတ်လိုတော့ တန်လူသျှို တဲ့၊ တော်လှန်ရေးကာလ နာမည်ဝှက် မျိုးအောင်(သို.) နောင်ချို ၊ ကိုနေ၀င်းနဲ့ သီးသန်.ဆက်သွယ်ရေး အမည် ကိုဆက်ဖေ လို.မှတ်တမ်းတွေမှာ တွေရတယ် ။
တော်လှန်ရေးကာလ ဆိုတာ ကွဲပြားသိဘို.လိုတယ် ဂျပန်ကို တော်လှန်တဲ့ကာလ ကိုပြော
တော့၊ အင်္ဂလိပ် ကိုတော်လှန်တဲ့ကာလဆိုတာ မရှိဘူးလို.ပြောခြင်သလား ။ မသိကြလို.လား၊ အင်္ဂလိပ်ကိုတော်လှန်ခဲ့တာမဟုတ်ဘူး။ ဆွေးနွေးခြင်းဖြင့် လွတ်လပ်ရေး ရယူခဲ့တာလို.ပြောနေသူတွေ ရှိတယ်။ ဟုတ်ရဲ့လား သေချာရဲ့လား ? အင်္ဂလိပ် အုပ်ချုပ်တဲ့ ၁၂၅ နှစ် ကာလအတွင်း ၊ တပ်မတော် မဖွဲ.ခင်က အင်္ဂလိပ်ကို တော်လှန်လို အသတ်ခံရသူတွေ
ကွက်မျက်ခံရသူတွေကို တော မစော်ကားကြပါနဲ့ ၊ မသိတာလား၊ အသိအမှတ်မပြုခြင်
တာလား ? ဘယ်သူမှ စကားထဲ ထည့်မပြောဘူး ၊ ကျောက်တိုင်မထူဘူး။
အောင်ဆန်းက လွဲရင် ဒို.နိုင်ငံမှာ တခြား ဘယ်သူမှ မရှိတော့ သယောင်ပြောနေကြတာ
တွေဟာ ဒို.တခြားခေါင်းဆောင်တွေကို စော်ကားနေကြတာဘဲ ၊ ဖေဖေရဲ့သမီးက အဆိုးဆုံး ၊ ကျမဖေဖေ မမွေးခင်က အင်္ဂလိပ်သတ်လို. သေခဲ့ရတဲ့ ကျတော့် ဖေဖေ ၊ ကျမဖေဖေတွေ အများကြီးဘဲ ရှိတယ်ဆိုတာကို သိထားစမ်းပါ လုံမရဲ့ ၊ သိထားစမ်းပါ ။
ဒို.တတွေဟာ ဒို.ခေါင်းဆောင်တွေကို ဘယ်လိုနားလည် ကြသလဲ? ကြေကြေညက်ညက် နားလည်ရဲ့လား? ဘယ်သူတွေဟာ လေသမားလဲ. ဘယ်သူတွေဟာ အလုပ်သမားလဲ ကွဲကွဲပြားပြား သိကြသလား။ ဒို.နိုင်ငံမှာ အရာရာဟာ အတုအယောင်တွေ Fake တွေ ဆိုရင်တော့ မကောင်းတော့ဘူး ၊ ဆန်းစစ်ရလိမ့်။
ကဲ ဆက်ပြောရအုံး မယ်၊ တပ်မတော်ဟာ သူအလုပ်သူ မလုပ် လျှော့ရဲရင်လဲလူကြိုက်နဲမယ်
၊ သူအလုပ် သူလုပ်လာရင်တော့ မကြိုက်သူများမယ်။ အရင်က ဆိုရင် ပုလိပ်တွေကို လူမုန်း
တယ် ၊ လူတွေနဲ့ နေ.စဉ်ထိစပ်နေရတာဟာ ပုလိပ်တွေ၊ အခု ဆိုရင် တပ်မတော်ရဲ့ တစိပ်
တပိုင်းဖြစ်တဲ့ ပုလိပ်တွေကိုလဲ လူမုန်းတယ် ၊ တပ်မတော်ကိုလည်းမုန်းတယ် ။ ပုလိပ်ဟာ
ပုလိပ်တာဝန်လုပ်ပြန်တော့လဲ ပုလိပ် နာမယ် ပျက် တာဘဲ။
အခုတိုရင် အရင်ကအတိုငးဘဲ ပုလိပ်ဟာ တပ်မတော်ရဲ အကိုင်း တကိုင်း မို. အစိုးရနဲ့ ပြည်သူကြားဖြစ်စေဈ တပိမတော်နဲ့ ပြည်သူကြားဖြစ်စေ ၊ ကြားခံ အဖွဲ . ကြားညပ်နေတဲ့ အဖွဲ . ၂ ဖက်စလုံးက ထိုးတာကို ခံနေရတဲ့ အဖွဲဘဲ ဆိုရင် မှန်မယ်၊
တပ်မတော်ကို အကြောင်းအမျိုးမျိုးနဲ့ မုန်းခဲ့တာတွေ ပြောပြီးပြီ ၊ အထူးသဖြင် ၁၉၆၂ ခုက အခုထိ ရှင်းရှင်းပြောရရင် ၁၉၈၈ ခုမှာ. “မှန်ခဲ့ လို. ၊ မှန်အောင် တည့်တည့် ပစ်ခဲ့လို.ဘဲ”ပေါ့ ၊ ပစ်တာသာပြောတာ ဘာကြောင့် ပစ်ရတယ်ဆိုတာကို ထည်.မပြောကြဘူး ။ ထိုင်ရှိမခိုးလို လက်အုပ်မချီလို ဘဲပေါ.၊ ထားပါတော့လေ။
အကယ်တော့ သမိုင်းစဉ်လာအရ ပုလိပ် ဟာ အမုန်းခံဘ၀ ၊ ပုလိပ်ဆိုတာ ဒို.နိုင်ငံမှာ အင်္ဂလိပ် လက်ထက်ကမှ ပေါ်လာတဲ့ အင်္ဂလိပ်အဖွဲ.၊ အစိုးရရဲ လက်ကိုင်ဒုတ်အဖွဲ. ဖိနှိပ်
ရေးအဖွဲလို. အင်္ဂလိပ် ဆန်ကျင်ကြတဲ့ ဒို.အမျိုးသား နိုင်ငံရေးသမားတွေက ဆိုတယ် ၊ ပုလိပ်ကို ပုလိပ်ရောဂါနဲ့ နှိုင်းပြီး မကောင်း ဆိုဝါး သတ္တ၀ါ လို မြင်ခဲ့ကြတယ် ။ တပ်မတော်ကို မြန်မာတွေတကယ်မုန်ကြသလား? ဗမာတွေက မလိုလားကြဘူးလား ? မလိုလားသူ လိုလား
သူ - ကြိုက်သူမကြိုက်သူတော့ ရှိမယ်၊ မုန်းတယ် လို.တော့ ဟုတ်မယ် မထင်ဘူး ၊ ဒါပေမဲ့ မသိနိုင်ဘူး ခါးပိုက်နှိုက် ။ လူလိမ် လူကောက် ၊ တေလေဂျပိုး ၊ သူခိုး ၊ ဒါးပြ၊ သူပုန် သူကန်တွေကတော့ မုန်းခြင်မုန်းလိမ်မယ် ။
ထပ်ပြောရမယ် ဆိုရင် ဘယ်နိုင်ငံမှာမဆို ဥပဒေလေးစားသူ. မလေးစားသူရှိစမြဲ၊ ဥပဒေ ထိမ်းသူနဲ့ ဥပဒေချိုးဖေါက်သူဟာ ပဋိပက္ခ မဖြစ်ရင်တောင် သဟဇာတ မဖြစ်ဘူး ။ တဦးးကို တဦးလေးစားရမယ် ပူးပေါင်းဆောင်ရွက်ရမယ်၊ ညီညွတ်ကြရမယ် ဆိုတာတွေကို အဓိပါယ်ကောက် လွဲမှားလို.လဲ မဖြစ်သေးဘူး။
ဒို.နိုင်ငံမှာ အင်္ဂလိပ် ဖွဲတဲ့ ပုလိပ် အဖွဲထဲမှာ ကုလားတွေ တရုတ်တွေ ဒို.တိုင်းရင်းသား လူမျိုးစုဝင်တွေ များပြီး၊ ဗမာတွေနဲတယ် ၊ အကြောင်းကတော့အမျိုးမျိုးပေါ.၊ အဓိက
အကြောင်းက. ဗမာကို အင်္ဂလိပ်က မယုံဘူး ဗမာတွေဟာ အင်္ဂလိပ် သတ်မှတ်တဲ့ ပညာ
အရည်အချင်းမမှီိဘူး။ ပညာအရည်အချင်းဆိုတာကတော့ အင်္ဂလိပ် စာနဲ့ စကား ၊ ဒါမှမဟုတ် ဟိန္ဒူ စာနဲ့ စကားမတတ်လို.ဘဲ။ စစ်တပ်ထဲလဲ ၀င်လို.မရဘူးလို. လူကြီးတွေပြော
တယ်. ဗမာကို လက်နက်ကိုင်ခွင့်ပေးရင် သူခိုး ဒါးရိုးလှမ်းတာမျိုး ဖြစ်မှာဆိုတာ အင်္ဂလိပ်
သိတယ်.
နောက်ပိုင်း ပုလိပ်အဖွဲ.နဲ့ စစ်တပ်ထဲ ၀င်လို ရတဲ့ ဗမာတချို ၀င်ကြပြီး။ များသောအားဖြင့် အစိုးရရဲ့လက်ကိုင်တုတ် ၊လက်ပါးစေဖြစ်ခဲ့ကြ တယ် ၊ ဘယ်အစိုးရလက်ထက်မှာမဆို ဒီအတိုင်းဘဲ ။ အင်္ဂလိပ် သြဇာခံရင် အလိုတော်ယိ ဖြစ်ရင် Sir ဘွဲနဲ့ သူကောင်းပြုခံကြ
ရတယ် ။ Indian Civil Service ဆိုတဲ့ စကားကိုသာ ကြည့်ကြပေတော့။
ဒါပေမဲ့ အင်္ဂလိပ် လက်ထက်ထဲဘဲ ဒို.နိုင်ငံမှာ စစ်မှု မထမ်းမနေရဆိုတဲ့ ဥပဒေ ပြဌာန်းခြင်း
မရှိဘူးဆိုတာကို တွေရလိမ်ါမယ် ။ လွတ်လပ်ရေး တို်က်ပွဲအတွက် ဖွဲ့စည်းတဲ့ မြန်မာ
တပ်မတော်ဟာ စေတနာ.၀န်ထမ်း တိုင်း ချစ် ပြည်ချစ် မျိုးချစ်တွေဖြစ်တယ် ၊ လူမျိုးပေါင်းစုံ ကပြားပေါင်းစုံ ပါတယ် ဆိုရင် လဲ မမှားပါဘူး။ လွတ်လတ်ရေးရပြီးနောက်လဲ မြန်မာနိုင်ငံမှာ စစ်မှု မထမ်းမနေရ ဥပဒေ မရှိဘူး. အခု တပ်ထဲမှာ ရှိနေသူတွေ ဟာ သူတို. ဖါသာ ဘော်လံ
တီယာ ၊ သူတို.ဘ၀ သူတိုအကြောင်းနဲ့ သူတို.၀င်လာကြတာ။
နိုင်ငံတော် နဲ့ နိုင်ငံသားတိုကို ကာကွယ် စောင့်ရှောက်ဘို.ဆိုတာက တပ်မတော်ရဲ့ဆောင်ပုဒ်
၊ တပ်ထဲဝင် လာသူတွေရဲ့ ဆောင်ပုဒ် ဟုတ်ခြင်မှ ဟုတ်မယ် ။ အမှန်စဉ်စစ်က စစ်မှုထမ်း ၀ါ
သနာအလျှောက် ၀င်လာကြသူတွေ ရှိသလို အလုပ်မရှိလို. အလုပ်တခုအနေနဲ စစ်မှူထမ်းရ
အောင်ဝင်လာတဲ့ ရာခိုင်နှုန်းက များမယ်ထင်တယ် ။ စားဝတ်နေရေး မပူရ လစာလဲမှန်မှန် ရတယ် ဆိုတော့ အိုကေဘဲ။
“ ကူညီခြင်း” ဆိုတာကတော့ ပုလိပ်တွေရဲ့ ဆောင်ပုဒ် ။ ကူညီခြင်သူမှန်သမျှ ပုလိပ်ထဲ -၀င်လာကြတယ်. အကူအညီတွေ ပေးနေတာဘဲ. ဘယ်လိုအကူအညီမျိုးတွေလဲ တော့ မသိဘူး. သူတိုအဓိပါယ်နဲ့ သူတိုဘဲ ။ဒို.စကားမှာ ယောက်ျားဖျင်းပုလိပ် ၊ မိန်းမဖျင်း ကွိတ် လို.တောင်ပြောကြတာဘဲ။
လွတ်လတ်ရေးရပြီး ခေတ်အဆက်ဆက် ပုလိပ်အဖွဲ.ကို ပြုပြင်ပြောင်းလဲမှုတွေ လူပ်ခဲ့တာ
တွေရှိပေမဲ့ သူတိုရဲ စာရိတ္တ တွေကိုတော ပြုပြင်နိုင်တာမတွေ.ရဘူး။ ပုလိပ်တွေဟာ သမိုင်းနဲ.ချည် တင်နေတဲ့ အကြွေးတွေကို အခုထိ မဆပ်နိုင်သေးဘူး. ဆပ်နိုင်မယ်လဲ မထင်ဘူး ကြွေဟောင်းမကြေ ကြွေးသစ်ဘဲ ထပ်တင်နေတယ်။ ပြည်သူလူထုရဲ့ အကူအညီ ပူးပေါင်းဆောင်ရွက်မှုမပါရင် ဘယ်လိုမှ အဖတ်ဆယ်လို.မရ တော့တဲ့ အခြေရောက်သွား
မှာဘဲ ၊ ပြည်သူလူထုကလဲ ကြီးသောအမှုငယ်အောင် ငယ်သောအမှု ပလပ်ရအောင် မလုပ်ခြင်နဲ့ ဥပဒေ အတိုင်းသာရှိပေစေ၊ လဘ်ပေး စရာလဲ မလိုဘူး။
တက္ကသိုလ်ကျောင်းသာဆိုသူတွေဟာ တက္ကသိုလ်မှာ ပညာလေ.လာရင် Boys Army ဆိုတဲ့ အပျော်ထမ်း တက္ကသိုလ်တပ်ရင်းမှာ ၀င်လို.ရတယ် ။ တပ်မတော် ၀န်ထမ်းတွေဟာ ၂ ယောက်ပေါင်း လို.မှ ၄ တန်းတောင် မအောင်ဘူးလို. ပြောသူတွေဟာ တက္ကသိုလ် ကျောင်း
တော်သားကြီးတွေရဲ့ စကားအသုံးအနှုန်းတွေဘဲ ။
၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာမသိမ်းခဲရင် မြန်မာနိုင်ငံဘာဖြစ့် မှာမို.လဲ ၊ ဒါတော့ မသိဘူးလေ၊ မထိမ်းခဲ့ ရင် ဖြစ်ခြင်တာဖြစ်မယ်။ ဖြစ်လာမဲ့ အတိုင်းဘဲ ပေါ့ ၊ ဖြစ်မှ မဖြစ်ခဲ့
တာ။ တပ်က လက်ဦးသွားလို.ဆိုပြီးပြော လို.ရတယ် ၊ ၁၉၈၈ ခုက အဖြစ်နဲ့ နိုင်းကြည့်ရင် ဖြစ်စက တပ်ကစောင့်ကြည်နေခဲ့တာဘဲ၊ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ မြင်ခဲ့ရ တွေ.ခဲ့ရ သိခဲ့ရတယ် ။ နောက်ဆုံးမတော့ တပ်ကဘဲ ထိမ်းခဲ့ရတာဘဲ။။
နိုင်ငံတိုင်းမှာ တပ်မတော်တွေရှိတယ် ။ အချို.နိုင်ငံတွေမှာ တပ်မတော်တွေဟာ အခန်းအနား
အဆောင်အယောင် အလှအပ အဆင်အယင်တွေ ထက် ဘာမှပိုတဲ့ တပ်မတော်တွေမဟုတ်
ဘူး ၊ သူတိုကိုမေးရင်လဲ နိုင်ငံတော် နဲ့ နိုင်ငံတော် သားတို.ကို ကာကွယ်ဘို.ဆိုတာကိုဘဲ ပြောမှာဘဲ ။ တချို.နိုင်ငံတွေဟာ ဆိုရင် စတိ အဖြစ်သာတပ်မတော် တွေ ဖွဲ.ထားကြတယ် ။ သူများ သြဇာခံ လက်သုံးခံ တပ်မတော်တွေဘဲ ဆိုတာကို လေ.လာသူတွေ တွေကြလိမ့်မယ်။
အချို.နိုင်ငံတွေဟာ သူတိုရဲ တပ်မတော်ကို သူများထက် အင်အားကြီးနိုင်သမျှ ကြီးအောင် တောင့်တင်းအောင် နူးကလီးယား အပါအ၀င် ခေတ်မီ လက်နက်အမျိုးမျိုးတပ်ဆင်ထားကြ
တယ် ၊ သူများနိုင် ငံတွေကိုတော့ လောက်လွှဲ ကိုင်တာကိုတောင် ပိတ်ပင်တားမြစ်တယ် ။
မြန်မာတပ်မတော် ဟာ စတင် ဖွဲစည်းကတည်းက နိုင်ငံနဲ့ နိုင်ငံသားတို.လွတ်လပ်ရေးအတွက်
ဖြစ်တယ် လွတ်လပ်ရေးကို ကာကွယ်ဘို.ဖြစ်တယ် ။
မြန်မာတပ်မတော် ကို ခေတ်မီ တပ်မတော် အဖြစ် ဖွဲစည်းရေးဟာ ၁၂၅ နှစ် နောက်ကျခဲ့ရပြီး ၊ မျိုးချစ်တပ်မတော် တခုဖြစ်ရေး စကထဲက သူပုန်တပ်မတော် အဖြစ် သိက္ခာချခံခဲ့ ရတယ် တပ်မတော် ဖွဲ.စည်းသူတွေဟာ ပြေးနိုင်လို.သာ လွတ်ခဲ့ ကြတာဖြစ်တယ်။ သူတို.မတိုင်ခင် ဖွဲခဲ့တဲ့ ဂဠုံတပ်တို. နဂါး တပ်တွေကတော ကြက် ကလေး ဌက်ကလေးများလို လယ်ပင်း လိမ်ချိုးခံရပြီး ကြက်ကလေး ဌက်ကလေးများလို ပျောက်ကွယ်ခဲ့ရတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတော် နဲ့ နိုင်ငံသားတို.ကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ဘို.တောင့်တင်းခိုင်မာတဲ့ မြန်မာတပ်မတော် တခုရှိရမယ်။ ဒီလို ရှိဘို.အရေးကို တချိုသူတွေက သိရက်နဲ့ ဖြစ်စေ မသိစိတ်နဲ့ ဖြစ်စေ။ မလိုလားဘူး။ ဘာဘဲ ဖြစ်ဖြစ် မြန်မာတပ်မတော် ခေါင်းဆောင်တွေ ပေါ်မှာ မှာတည်ပါတယ် ၊
ဒို.နိုငံ ပြုပြင်င်ပြောင်းလဲနေတာမှာ တပ်မတော် ဆိုတဲ့ ကြည်း ရေ လေ ရဲ တပ်ဖွဲတွေ ပြုပြင်
ပြောင်းလဲစေခြင် ရင် ပြည်သူလူထုအပိုင်းကလဲ ပြုပြင်ပြောင်းလဲကြဘို.လိုလိမ့်မယ်။
နောက်လိုတော့ ထပ်ပြောအုံးမယ် လေ၊ ပျော်ပျော် ပါးပါး ပေါ့ ။
flyingdragon
unread,
Aug 13, 2013, 8:34:04 PM8/13/13
to
minkyaw thuyein
unread,
Aug 14, 2013, 7:40:31 AM8/14/13
to
ကိုရင်ကြီး ၊
ပြည်သူတွေ ပြည်သူတွေ ဆိုတာကတော့ စိတ်ထဲကပါသည် ဖြစ်စေ မပါသည်ဖြစ်စေ ပြောတာကတော့ ပြော ရမှာဘဲ ၊ ဒါဟာ အားလုံးပြောနေကြတဲ့ လက်သုံးစကား ။ လူတွေကို ဆွဲဆောင်တဲ့ စကားလေ ကိုရင်ကြီးရဲ့ ? မမှားနိုင်တဲ့ စကားလူံး မဟုတ်လား? အဲဒီတော သီးခံသာ နားထောင်ပါ လို. တောင်းပန်ပါရစေ ။
“အနုပညာရှင်စင်ပေါ်ကလူကပရိသတ်ကိုဦးဆောင်မှာလားပရိသတ်ကစင်ပေါ်ကလူကိုဦး
ဆောင်မှာလား။”
သိတဲ့အတိုင်း မြန်မာနိုင်ငံမှာ ပန်တျာကျောင်း ထွက်နဲ့ ကောင်းမတက်ဘဲ မိရိုးဖလာ အနုပညာ
ရှင် ဆိုတာ တွေလဲ သူဟာနဲ့ သူတော့ရှိနေကြပါတယ် ။ အနုပညာရှင်ဆိုတာ ၀ိဇ္ဖာ တန်းက တပသီ ဇော်ဂျီ တွေလား? အမေးကို လက်တွေ မြင်တွေနေရတာနဲ့ ဖြေရရင်တော့ စင်ပေါ်က
ပြောတဲ့ စကားဟာ စင်အောက်က ပရိတ်သတ်အပေါ်လဲ အတော်ကို သြဇာသက်ရောက်
ပါတယ် ? ပုဒ်မ ၁၄၄ နဲ့ ကင်းလွတ်တဲ့ လူ ၅ ယောက် ထက်ပိုတဲ့ စုရုံး မှူ ဖြစ်ပါတယ် ။ စင်ပေါ်က လူပျက်( လူရွှင်တော်) ရဲ့စကားဟာ အလွန် အစိုးရ အတွက်လဲ သိသင်တာတွေပါ ထိရောက်ပါတယ်။ “စဉ်းစားပြီး ရယ်ပါနော် ပြည်ရွာပေါ် ပြန်.နှံတဲ့ သတင်း” ဆိုတာ စင်ပေါ်က ထွက်လာတာပါ ။ ထိရောက်တယ် သက်ရောက်တယ် ၊ စင်ပေါ်က ခေါင်းဆောင်ဘဲလို. တိုတိုပြောလိုက်လို. ရတယ် ။
စင်ပေါ်က ဇါတ်ကောင် ၊ ခင်းတဲ့ ဇါတ်ကို ဇါတ်ဆရာ ဒါရိုက်တာက စီစဉ်တာပါ. ဇါတ်ဆောင်
တွေ ကောင်းရင် စင်အောက်က ပရိသတ် သဘောကျတယ်၊ အဲဒီတော့ ဇါတ်ဆရာဒါရိုက်တာ
က ဦးဆောင် တာလို.ဘဲ ကျုပ်ကတော့ ဖြေမယ်။ သူတိုကလဲ သူတိုကိုယ်စားဇါတ်ကောင်တွေ
ကို စင်ပေါ်တင်လိုက်တာ မဟုတ်လား၊
ဒါရိုက်တာမကောင်း ရင် ဇါတ်ဆောင်လဲ မကောင်းလို. ပရိသတ်လဲ ကြိုက်မှာ မဟုတ်ဘူး ၊ ဇါတ်ကောင် ထွက်လာရင် ဘာဇါတ်ခင်းတော့မယ် ဘာဇာတ်ခင်းနေတယ် ဆိုတာ ပရိသတ်
ကလဲ သိဘို.လိုလိမ်.မယ် ။
ဒီနေရာမှာ တနည်းပြောခြင်တာက. ကိုယ်ကို ကိုယ်သာ ဦးဆောင်တယ် ကိုယ် အသိဥာဏ် ကသာ ဦးဆောင်တယ် ဦးဆောင်သင့်ပါတယ် လို ဆိုပါရစေ ။ ဒီအသိဟာလဲ တဦးကို တဦး ထိမ်းသိမ်း ဖေးမဘို. လိုပါလိမ့် မယ် ။
တာဝန်ရှိသူတွေက သင့်တော်သလို.လုပ်ပေးတာကို နိုင်ငံသားအချို.က သင့်တော်တယ် မထင် ကပျက် ရပျက်နဲ့ လူစု ၊ ဒီမိုကရေစီ ခုတုန်းလုပ် လမ်းပေါ်ထွက် အော်ကြဟစ်ကြ ပြည်သူဆန္ဒ ဆိုပြီး နံမယ်တတ် တာကို မကြို်က်တဲ့ အခြားပြည်သူတွေကလဲ ကပျက် ရပျက် ပါတီကို တန်ပြန် ဆန်.ကျင် ဆန္ဒပြကြအုံးမယ် ဆိုရင် အုတ်စု ၂ ခုကြား ဖြစ်လာနိုင်တဲ့ ပဋီပက္ခဟာ သေးသေးတော့ မဟုတ်ဘူး။ ဒီနေရာမှာ တာဝန်ရှိသူတွေ ၀င်လာ လိုအပ်သလို ထိမ်းသိမ်းပေးရလိမ့် မယ်။
၆၆ နှစ်သက်တန်းရှိတဲ့ ကျုပ်တိုနိုင်ငံမှာ ဥပဒေတွေ ရှိပြီးသား ၊ ပြင်သင့်တဲ့ဥပဒေတွေကိုပြင်
နေတယ် ၊ ဖွဲစည်းပုံ အခြေခံ မှာလဲ လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းရမယ်လို.လဲ ဆိုထားတယ် ဒါတွေကို နေ.ချင်း ညချင်း တော့ ပြီးမြောက်အောင် အကောင်အထည်ပေါ် လာလိမ့်မယ်တော့
မဟုတ်ဘူးလို. ရိုးသားစွာ ယုံကြည်တယ်။
ဥပဒေသစ်တွေ ဘယ်လောက်ဘဲ ပြဌာန်းသည်တိုင် တနေ.မှာဟောင်းသွားပြီး ၊ ရှေအနာဂါတ်
မှာလဲ ဒီဥပဒေ တွေကို ပြင်ဆင်ဘို.အသစ်ရေးဆွဲဘို.ဆိုတဲ့ အချိန်တွေ ရောက်လာလိမ့်အုံး
မယ်ဆိုတာလဲ သေချာတယ်၊ ဥပဒေပြင်ဆင်ရေး အသစ်ရေးဆွဲရေးဆိုတာ ဟာ ဘယ်တော မှ ပြီးပြတ်မဲ့ လုပ်ငန်းမဟုတ်ပါဘူ။ နိုငငျံတည်သရွေ.ရှိနေမဲ့အလုပ်ဘဲ ။
“အဲဒီဥပဒေတွေကိုစံနစ်တကျလိုက်နာအောင်အသိပညာပေးဘို့ အရေးယူဘို့ဆိုတော့ပြည်သူ
ဆိုတာ တာဝန်ရှိသူတွေက ပုံသွင်းယူရမှာ ကျုပ်တော့အဲလိုမြင် တယ်။” တဲ့
ပုံသွင်းတယ် ဆိုတာ ပန်းပု ၊ ပန်းချီ၊ ကြေးသွန်း စ တာတွေဖြစ်ပါတယ် ၊ ဘာဘဲ လုပ်လုပ် သတိထားရမှာပါ. ပန်းချီ ဟာ မှားရင် လွယ်လွယ် ပြင်လို.ရပေသိ . ပန်းပုနဲ့ ကြေးသွန်းဟာ မလွယ်ပါဘူး ။ ပျက်ရင် အစက ပြန် စ ရ ပါတယ် ။
ကျုပ်ပြောဘူးတာ များလှပါပြီ ပြည်သူတွေဟာ ဥပဒေကို လေ့လာရမယ် သိရမယ်၊ Ignorance of the law is NOT an excuse လိုလဲ အင်္ဂလိပ်ပြောဘုးပါတယ် မလေ့လာဘဲ မကောင်းဘူးလို ဘူးခံနေရုံနဲ့တော့ မဖြစ်ဘူး။ ကင်ဒါဂါဒင် ဆိုတဲ့ မူကြို ထဲ့ က ကလေးတွေကို
လေးလေး စားစား အရွယ်နဲ့ လိုက်အောင် သိသင့် သိထိုက်တာတွေပြောပြ သင်ပြရမယ် ၊ ငိုတဲ့ ကလေး တိတ်အောင်၊ သူရဲကြီးလာပြီ. ကုလားကြီးလာပြီ. ကိုဘယ်သူဘယ်ဝါရေ. မောင်ထွေးကို ဖမ်းသွားစမ်းပါရှင် ဆိုတာမျိုးတွေနဲ့ ချိန်းချောက်ဘို့ ကာလလဲ မဟုတ်ဘူး။
ပြောရမယ် ဆိုရင် ပညာပေးရာမှာ ပေးတာကို မယူဘဲ ပညာပြတယ် ဆိုရင် လဲ အဓိပါယ်
တမျိုး ပြောင်းသွား တတ်ပါတယ်။ ပညာကို ယူခြင်သူ ၊ ယူတတ်သူ မယူခြင်သူ မယူတတ်
သူတွေကလဲ ရှိနေတော့. အနဲနဲ့ အများ ပေါ်မူတည်ပြီး ပြည်သူတွေနဲ့ တန်တဲ့ အစိုးရကိုဘဲ ရမယ် ဆှို်တော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီမှာ လူထုအားကိုအများကြီူလိုတယ် ဆိုတာ
လဲ မှန်ပါတယ်။
လူထုအားဟာ ဘယ်လိုအား မျိုးလဲ ? ကျုပ်တိုနိုင်ငံမှာ ရှိတဲ့ ၆၆ နှစ်အရွယ် လူတိုင်းဟာ ပညာတတ်တွေ ကောင်းရာ မကောင်းရာ ခွဲခြားသိကြသူတွေ ၊ ရင်ကျက်သူ တွေ ဖြစ်သည့်
တိုင် အများစုဟာ နုးနပ်နေကြတာတော့ မဟုတ်ပါဘူး လို.ဘဲ ပြောခြင်တယ် ။
တန်ရာတန်ရာ ဆိုတဲ့ စကားကို မှန်ပေမဲ့ လွယ်လွယ်ပြောရင် ကိုယ်က တာဝန်မကျေရာလဲ ရောက်မယ် သူတိုကို ပညာပေး ဘို. ကျုပ်တို.မလဲ တာဝန်မကင်းဘူး လေ။ မြန်မာတွေကို
မြန်မာသမိုင်း ပြောရတာ ခက်ပါတယ် ၊ အထူးသဖြင် ပညာပေးတာလို.မမြင်ဘဲ အတိတ်ကို မသိခြင် ပဉ္စုပန်မှာနေပြီး အနာဂါတ်ကိုလဲ မစဉ်းစားဘူးဆိုသူတွေကို. ဘယ်လိုယူဆရမယ် ဆိုတာ မသိဘူး။
ဒီလကုန်ကျရင် ထိုင်းငံ ချင်းမိုင် မြို.မှာ လုပ်မယ်ဆိုတဲ့ United Nationalities Federal Council နဲ့ United Nationalities Alliance တိုရဲ့ အစည်းအဝေးက နိုင်ငံရေးလှည်.ကွက်
တွေ ကလဲ ကြည့်ရအုံးမယ်။ သူတိုကလဲ ဖွဲ.စည်းပုံ အခြေခံ ဥပဒေသစ် တခုကိုသူတို.က ရေးစွဲ မယ်တဲ့၊ ပြီးခဲ့တဲ့ အတိတ်က NLD ပြော ခဲ့တာ ကို သတိရမိတယ်။ UNFC + UNA တို.က လက်ရှိ တပ်မတော်ကိုလဲ ဖယ်ဒရယ်တပ်မတော်နဲအစား ထိုး ဘို. စီစဉ်တယ် ဆိုတော့ ၊ ဒါတွေကလဲ စဉ်းစားစရာဘဲ။
ဦးရွှေမန်း တင်မောင် ပြောတဲ့ အမေရိကန် ဖယ်ဒရယ်လဲ မဟုတ်. ဂျာမဏီဖယ်ဒရယ်လဲ မဟုတ်တဲ့ မြန်မာဖယ်ဒရယ် ကလဲရှိဗျသေးတယ် ၊ လုံမပြောတဲ့ ဖယ်ဒရယဟာ. UNFC + UNA ပြောတဲ့ ဖယ်ဒရယ်ဆိုတာများဖြစ်နေမလား ၊ သူတိုဘဲ သိမယ် ပရိတ်သတ် က နားလည်စရာ ဘာမှ မသိရသေးဘူး။ ပြည်သူတွေ ဘယ်လောက်နားလည်ကြသလဲ.ဆိုတာ အရေးကြီးတယ် ။
“လူမှန်တွေလူကောင်းတွေအရည်အချင်းရှိသူတွေစုမိအောင်ကတော့ခေါင်းဆောင်မှာတာ
ဝန်ရှိတယ်။" တဲ့ ၊
ပြောရ မယ်ဆိုရင် ကိုယ်ကြိုက်တဲ့ ခေါင်းဆောင်ဟာ ဘယ် သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ့်ခေါင်းဆောင် ဘဲ ၊ ဒီနေရာမှာ အသိပညာဟာ သိပ် အရေးပါတယ်. ခေါင်းဆောင် ဆိုတာကို ကျုပ်တိုက တင်မြောက်တာပါ၊ အလုပ်က ဘယ်နေမှန်းမသိသေးဘူး။အပြော
ကြိုက်လို. ဘဲ ။ ဒီ အပြော ဆိုတာကလဲ ပေါ်လစီ ဘဲလို ပြောလို. ရတယ် ။ အပြောနဲ့ အလုပ်ညီမညီ ဆိုတာ ၄/၅ နှစ် စောင့်ကြည့်ရမယ်။ ဒီကာလဟာ လျှပ်တပျက်သာဘဲ ဘာမှ ဖြစ်လာနိုင်တဲ့ အချိန်ကာလမဟုတ်ဘူး။ မြေစမ်း ခရမ်းပျိုးကာလ အသီးအပွင် ဘာမှ မမျော်
လင့်နိုင်ဘူး၊ ဒီကြားထဲ ရာသီဥတုမမှန် အပြောင်းအလဲ ကြောင့် ရွက်စားပိုး သီးစားပိုး နှံစားပိုးတွေကိုလဲကြောက်ရသေးတာ။
ခေါင်းဆောင်တွေ ဘာတွေြေ့ပာဆိုနေတယ် ဆိုတာ ကျုပ်တိုကိုယ်တိုင် သိနိုင်ဘို.ကျုပ်တို.မှာ အသိပညာလိုတယ် ၊ နို.မဟုတ်ရင် ခေါင်းဆောင်တွေ ရဲ့ လှဲ့ပါတ်နေတာကို ကျုပ်တိုသာ
ခံရမယ်။ ခေါင်ေးဆာင် ဆိုတာတွေဘာပြော လို. ဘာလုပ်နေကြတယ် ဆိုတာကျုပ်တိုမသိရင်
ကျုပ်တို.အပစ် ခေါင်းဆောင်ရဲ့ အပစ် မဟုတ်ဘူး။
ခေါင်းဆောင်နဲ့ နောက်လိုက် ဟာ သိပ်မကွာပါဘူး။ ခေါင်းဆောင်လဲ နွား ၊ နောက်လိုက်လဲ နွားချည်းပါဘဲ ။
“စစ်တပ်ကောင်းအောင်လုပ်ဘို့ စစ်တပ်ကိုတာဝန်ရှိသူတွေမှာ တာဝန်ရှိတယ်။”
စစ်တပ်ထဲမှာလဲ လူတွေဘဲ. လူတွေထဲ့မှာလဲ လူတွေဘဲ .ကိုယ့်ကိုကိုယ်ပြုပြင်ကြရင် အားလုံးပြုပြင်ြ့ပီးသား ဖြစ်မှာဘဲ ဘယ်သူကမှ ဘယ်သူ.ကို Dictate လုပ်နေစရာမလိုဘူး။ သစ်ကောင်း ၀ါးကောင်းတွေ ပေါလှတဲ့ ကျုပ်တို.နိုင်ငံမှာ ကောင်း ပေ့ ဆိုတာတွေထဲက ရွေးစမ်းပါလိမ့်ဗျာ။ ကိုယ့်အသိုင်းအ၀ိုင်းလေးထဲက ကြက်ဆူပင်ကိုမှ အထင်ကြီး ပြီး တမင်ရွေးတာမျိုးတော့ မဖြစ် ကောင်းပါဘူး ။
၁၉၈၈ ခု အချိန်ဟာ အပြောင်းအလဲ လိုအပ်တာကြောင် ဖြစ်ခဲ့တယ်. ဒီုလိုဖြစ်လို.လဲ ပြောင်းလဲ လာတာဆိုတဲ့ အချက်ကို ချွင်းချက်ထား လက်ခံတယ်။ မဆိုင်တဲ့ အကျိုးဆက်
တွေ လဲ ပေါ်လာခဲ့တယ် ။ ရောဂါ ရင်းက အရေးကြီးသလား ဒီရောဂါက ပေါက်ပွားလာတဲ့ အနာဆက်က အရေးကြီးသလား။ ကျုပ်အနေနဲ့ကတော့ အနာဆက်ကို ရော အနာရင်းကို
ရော တပြိုင်နက် ကုရလိမ်.မယ် အနာရင်းကနောက်ထပ် အနာစက် ကျနိုင် သလို အနာဆက်
ကလဲ နောက်ထပ် အနာစက်တွေ ကျလာမှာဖြစ်လို.ဘဲ ။ အားလုံးကို နိုင်အောင် ကုဘို. ကတော့ ဇီဝကကြီးတွေ သမားတော်ကြိးတွေဘဲ ပေါ့ဗျာ ၊ ရောဂါတာရှည်လေ ဆေးကုခ ကြွယ်လေလေ ဆို ရင်တော့လဲ ဘာတတ်နိုင်မလဲ ၊ ဆေးကုခ မရလို. လုနာကို အသေသတ်
တဲ့  ဆရာဇီဝက တွေ သမား တော်ကြီးတွေ ရှေးကလဲ ရှိဘူးတယ် ၊ အခုလဲ ရှိနေတယ် ဆိုတာ ကိုယ်တွေ သိတယ် ၊ အပိုပြော စရာမလို ပါဘူး . ကိုယ်အမြင် ကိုယ်ရှုဒေါင့်ကဘဲ ဆိုခြင် ဆိုပါ ဟုတ်ဘူးလား ။
တပ်မတော်သားဖြစ်ဘို. မလွယ်တာအကောင်းဆုံးပါ ၊ မနေ.က ပြောသလို.အခြေအနေ
ပေါ်မူတည်ပြီး စစ်သား စုဆောင်းရတာ ၊ စစ်မှုထမ်းကြတာပါ စစ်မှုမထမ်းမနေရ ဥပဒေ့ ကျုပ်တိုမှာ မရှိသေးပါဘူး။ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အပါအ၀င် စည်းကမ်းလေး ဘာလေး နားလည်ရအောင် အနံဆူံး ၁ နှစ် စစ်မှု မထမ်း မနေရ ဥပဒေ လေး တော့ ရှိထားသင့်တယ် လို.မြင်တယ် ၊ ဒါဟာ လုအခွင်.အရေးကို စော်ကားရာရောက်နေမလား။ တပ်မတော်
ဆွေးဆွေး ငါဘဲ ဆွေးဆွေ ဆိုတဲ့ ရာသက်ပန် စစ်သားတွေ ရှိသင့်သလောက်လဲ ရှိပါတယ် လေ . ဒီမိုကရေစီနိင်ငံ တချို.မှာ စစ်မှုမထမ်းမနေရ ဥပဒေမျိုးတွေ ရှိတယ် ။ ရာသက်ပန်
စစ်သားတော့နဲ့တယ် ၁၀ နှစ် စာချုပ်နဲ့ ၊ ပျော်ရင် ဆက်လုပ် အပစ်တွေရင် ထုတ်ပစ်မယ်၊ ပြည်သူနဲ့ မပါတ်သက်တဲ့ တပ်တွင်းစည်းကမ်းဖေါက်ရုံ.နဲ့ ဂျောင်း ဘဲ။
ကျုပ်တို ဖွဲ.စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄၀ ကတော့၊ “ တပ်မတော်သည်အမျိုးသား
ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်
ကာကွယ်ရေး တွင် ပြည်သူတရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည် ၊ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူစစ် မဟာဗြူဟာကို ဖေါ်ဆောင်ရမည် ” လို.ဆိုထား
တာတော့ ရှိတယ် ။
ဖြစ်နိင်ပါတယ် လုပ်လဲ လုပ်နိုင်ပါတယ် အခြေအနေက ပေးလာရလိမ့်မယ်။ ပြောခဲ့ ဘူးသလို
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရှိလာရင် အကောင်းဆုံးတွေကို စဉ်းစားပြီး အကောင်းဆုံးတွေ ဖြစ်အောင်လုပ်ကြဘို.မှာ အကောင်းဆုံးလူတွေက စကြရမယ်ဖြစ်တဲ့ အတွက် လူတိုင်းဟာ ကိုယ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားရမယ်၊ ကြိုးစားကြရမယ်။ သူများကို မျက်စေ. ဒေါက်ထောက်ကြည့်နေလို.နဲ့ မပြီးဘူး၊ ကိုယ့် မျက်ချေးစင်ရဲ့လားဆိုတာ ကိုယ် သိရမယ်လို.ဘဲ ပြောခြင်တယ်။
“ခြေမ မကောင်းခြေမ လက်မမကောင်းလက်မ တိတိကျကျလုပ်” ရရင် တနိုင်ငံလုံး ခြေမရှီ
လက်မရှိသူတွေ ပြည့်နေအုံးမယ်. ဂျိုကြိုးနားရွက်ပဲ့တွေက သူတိုလက် သူတိုခြေတွေနဲ. လူလယ်လုပ်ကြအုံးမယ် ၊ ဒါတွေလဲ ထဲ့ပြီး စဉ်းစားရမယ်လေ ။ လူ.လောကမှာ ဘာမဆို
လူတွေ က လုပ်တာပါ၊ လူတွေက ဖန်တီးတာပါ ၊ လုပ်ခြင်ရင် ဘာမဆို လုပ်လို့ ရပါတယ်။
တော်သေးပြီဗျာ ဆက်ပြော စရာတွေကတော့ များပါတယ် ။ အလျှင်းသင့် သလိုပေါ့ ။
mogyothwar
unread,
Aug 16, 2013, 4:30:26 AM8/16/13
to
မျိုးချစ် တိုင်းချစ် ပြည်ချစ်တို.။
၁၉၈၈ ခု အထိမ်းအမှတ်ဆိုပြောရင် တပ်မတော်အကြောင်း ပြောတာ အပ်စပ်တယ် စပ်ဆိုင်
တယ်၊ ပြပြင် ပြောင်းလဲနေတာတွေ ပြောရင် တပ်မတော် ပြုပြင်ပြောင်းလဲ ဘို. ပြောတာလဲ အပ်စပ်တယ် စပ်ဆိုင်တယ် ၊ လက်နက်ကိုင် သောင်းကျန်းသူ. တွေကတောာ ဘာမှ ပြောင်း
လဲ စရာမလိုဘူးပေါ့.၊ သူတိုက ၁၉၄၇ ခုနှစ် ဆီပြန်သွားပြီး သူတိုကို လူမသိအော်င သံခေါင်းစွပ် မင်းသားတွှေ လုပ်ခြင်နေပုံရှိတယ်။ အဟောင်းကို အဟောင်းအတိုင်း လိုခြင် တယ် ပြုပြင်ပြောင်းလဲ ဘို.ဆိုတာတွေ နားလည် ပုံမရဘူး။ Good seconf hand အဖြစ် တောင် လက်မခံ နိုင်အောင် အတိတ်ကို တွယ် တာနေကြတယ် လို. မြင်တယ်။
တပ်မတော်နဲ့ တပ်မတော်သားတွေကို ၂ ပြားမှ မတန်အောင် ပစ်တင်ရှုံ့ချသိက္ခာချနေရက်က
ပြည်သူ ကမွေးတဲ့ ပြည်သူသားသမီးတွေဟာ ပြည်သူတပ်မတော်ထဲကို ၀င်သွားကြသူတွေဘဲ၊
တပ်မတော်သား၊ သမီးတွေ ကို မှန်ကန်စွာ လေ့ကျင့်သင်ကြားပေးဘို. တပ်မတော်ရဲ့တာဝန်
ဘဲလို.ပြောလာ သူတွေကို မှားတယ်လို. မဆိုလိုပါဘူးး။ ဆရာမကောင်းလို. တပြည်.မကောင်းရရင် မိဘမကောင်းလို. သားသမီးမကောင်းတာလဲ ဖြစ်ပါလိမ်.မယ်၊
မိဘတွေကရောကောင်းကြရဲ့လား မေးရင် ဖြေနိုင်လိမ့်မယ် မဟုတ်ဘူး။ မိဘဆရာသမားဆို
တာတွေဟာ ရှေ့ဆုံးကလာတယ်. တပ်က နောက်ဆုံးပေါ. ဒါတောင် ပြည်သူသားသမီးစာရင်း
ဝင် သားကောင်းသမီးကောင်းတွေ. သားဆိုးသမီးဆိုတွေဟာ သူသန္ဒေနဲ့ သူဘဲ လို.ဆိုရလိမ်.
မယ် ။ မြန်မာစကားမှာ တောင်းဆိုး ပုလုံးဆိုး ပစ်ရိုးထုံးစံ ရှိတယ်. သားဆိုးသမီးဆိုးကို ပစ်ရိုးထုံး မရှိဘူး ဆိုတော့ ထုံးမရှိရင် ကွမ်း မစားရယုံပေါ.လို. နောက်တဲ့သူကနောက်လိုက်
သေးတယ်။
တပ်မတော်ရဲ မွန်မြတ်တဲ့ ရည်ရွယ်ချက်ကို ယုံကြည်လို.နိုင်ငံတော်နဲ့နိုင်ငံသားတို.ကို အသက်ပေးကာကွယ် ပေးရေး ဘို.တာဝန်ကိုထမ်းဆောင်ခြင်လို. ဆိုတာကစပြီး ၊ ဘာကြောင့် တပ်ထဲဝင်သွားကြတယ် ဆိုတာက တော့ အကြောင်းအမျိုးမျိုးရှိမှာပေါ.လေ ၊ အကြောင်းဆိုတာ ကတော.ရှိကြတာချည်းဘဲ သူဟာနဲ့သူတော့ ခိုင်လုံနေကြတာဘဲ ၊ ရီးစားနဲ့ကွဲလို. မုဆိုးမဖြစ်လို.မယ်သီလ ရင် လုပ်သွားသူတွေ ၊ သင်္ဃာန်းဝတ်သွားတဲ့ ဘုန်းကြီးဆိုတာတွေလဲ ရှိတာဘဲ ။
ဒီထဲမှာ တပ်ကို အတွင်းကနေ ၀င်ဖျက်မယ်ဆိုတဲ့ အကြံအစီ အဖျက်လုပ်ငန်းအတွက် သက်သက်ဝင်သွား တဲ သူသျှိုတွေတော့ ရှီမယ်မထင်ဘူး ၊ ခေတ်ကပြောင်းလဲနေတော့ ပြောလို.တော မရဘူးပေါ့။ ဒါမျိုးတွေက နိုငငံကြီးတွေ ကြားမှာ နည်းအမျိုးမျိုးနဲ့ ခေတ်စား
လာနေတယ် ။
၂၂၇ ပါးသော သက္ခာပုဒ်တွေ စောင်ထိမ်းနေပါတယ် ဆိုတဲ ဘုန်းကြီးတွေ တပါး မှ သိက္ခာ မချိုးဖေါက်ဘူး ဆိုရင်. ညနေပိုင်းတိုင်း အာဘတ် ဖြေနေစရာမလိုဘူး။ သင်္ဃာန်းချွတ်ရတဲ့ ကံနဲ့ သက္ခာတွေ ချိုးဖေါက်တဲ့ သင်္ဃန်းဝတ်တွေ ဘယ်လောက်ရှိနေတယ် တကယ်ရော ချွတ်ကြသလား ဆိုတာတွေ တော့ ဘယသူမှလဲ မသ် ဘယ်လိုမှလဲ့ မပြောနိုင်ဘူး။ တပ်ထဲမှာလဲ တပ်သားတွေရှိမယ်။ စည်းကမ်းဖေါက်လို. တပ်နာမည်ပျက် ရတာ တပ်သိက္ခာ ထိခိုက်ရတာတွေကတော့ ရှိမယ် ။ ငါးခုံးမ တကောင်ကြောင် တလှေလုံး ပုတ်တာ ဖြစ် တယ်။
တပ်ထဲမှာ ငြီးငွေ့လို.၊ အပြင်မှာအလုပ်ကောင်းရလို. တပ်က သိက္ခာချ ထုတ်ပစ်လို. ထွက်သွားသူတွေရှိမယ်၊ တပ်က ခွင့်ပြုချက်မရဘဲ ထွက်ပြေးသွားတဲ့ တပ်ပြေးတွေ ရှိကြပါ
တယ် ။ တပ်ပြေးမို.တော့ သစ္စာဖေါက် မဖြစ်ပါဘူး ၊ သစ္စာ ဖေါက်ဆိုတာ စစ်သားမှလဲ မဟုတ် ၊ တပ်ပြေးမှတင်လဲ မဟုတ်ဘူး. နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး အစီအစဉ်နဲ့
လျှို.၀ှက်ချက် တွေကို ပေါက်ကြားရင် ၊ ရန်သူ သို.မဟုတ် တိုင်းတပါး သား အပြင်သူတွေကို ပေါက်ကြားတဲ့ ရောင်းစားတဲ့ အမှုထမ်းတွေ အရပ်သူ/သားတွေလဲ ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတိုကို ပြည်ပအားကိုး ပြီး နည်းအမျိုးမျိုးနဲ့အန္တရာယ်ပြု့သူတွေ ပုဆိန်ရိုးတွေဘဲ ပေါ ။့
ပြည်သူတပ်မတော်ဟာ ၁၉၈၈ ခုမှာမှ အရှိုက်ထိုးခံရတာ ။ ဘယ်သူ.လက်ချက်လဲ မိုဟာမက် အလီလား၊ မိုက်တိုင်စင် လား ၊ ဂျော.ဖိုမင်လား ? ဒါမှမဟုတ် အောင်ဆန်း အမှတ်တံဆိပ် စလောင်းလင်ပန်းနဲ့အရိုက် ခံရတာလား ၊ အပွတ်ခံရတာလား ၊ ဒါမှမဟုတ် သရေခေတ္တရာ ပျက်တုန်းက ဆန်ပြာနေတဲ့ အဒေါ်ကြီးရဲ့ လေထဲလွင့်ပါ သွားတဲ့  ဆံကော ပြန်လွင့်လာလို. အဖျားခတ်သွားတာလား ဆိုတာ စဉ်စားစရာ ၊ အကောင်းဖြစ်ခြင်လို. အဆိုးခံ ဆိုရင်လဲ ၊ ကောင်းပြီးရင် ပျက်ရမယ် လို.ပြောရတောမှာပေါ့ ဟုတ်လား? မပျက်ခြင်လို. မကောင်းစေခြင်
တာလား ?
ဘယ်နိုင်ငံက ဘယ်တပ်မတော်မဆိုတို.ဟာ နိုင်ငံထူထောင်းရေးမှာ အဓိက အခန်းတွေကပါဝင်တယ်. ဆိုတာ ပြောဘို.မလိုဘူးထင်တယ် ။ မြောက်စရာလဲ မလို နှိမ်စရာလဲ မလိုဘူး ။ တပ်မတော် တွေမပါဘဲ ဘယ်နိုင်ငံမှ ထူထောင်လို.မရဘုးဆိုတာတော့ ယုံတော့။ ဘုရားသားတော်လို. အမည်ခံပြီးနေတဲ့ ဘုန်းကြီး နေကြသူတွေထဲမှာအားလုံးဟာသူတော်စင်
်တွေ မဟုတ်ကြဘူးဆိုတာ လက်ခံသလား?
မော်တော်ကား မောင်းသလို သင်္ဘောမောင်းသလို တပ်မတော် စည်းကမ်းကိုတော့ အချိန်မလပ် ထိမ်းသိမ်းပေးနေရမယ်။ တပ်မတော်အပါအ၀င် ဘယ်မှာမှ သူတော်စင် သူမြတ်လောင်းတွေချည်းဘဲ မဟုတ်ဘူးဆိုတာ ကိုတော့ လက်မခံခြင်နေ သိတော့ သိထား
ရမယ်။ ၊ တခြားတပ်မတော်တွေ အကြောင်းလဲ နေ.စဉ်နဲ့ အမျှ ကြားနေ မြင်နေရတာဘဲ။
ဒါတွေဟာ လန်ကြုတ်တဲ့ လုပ်ကြံသတင်းတွေ ချည်းဘဲလို.တော့ ပြောလို.လဲ မဖြစ်နိုင်ဘူး၊ ဘယ် နေရာ မှာ မဆို ပုတ်လို.ပေါ်တာဟုတ်ပေမဲ့ ၊ ဟုတ်လို.ကြော်တာ ဖြစ်ခြင်မှဖြစ်မယ် ဘာကြောင်လဲ ဆိုတော့ ပရော့ပါဂန်ဒါ ဆိုတဲ့ ၀ါဒဖြန်.မှုတွေဟာ မကြာခဏ ဆိုသလို ပုံကြီး ချဲ့ထားတဲ့ အဖြစ်တွေဘဲ ။ ဒိုနိုင်ငံ ကိစ္စဟာ ဒီအတိုင်းဘဲ ပုံကြီး ချဲ့ ခဲ့တာဘဲ ဆိုတာ ချဲ့သူတွေ ကိုယ်ဟာကိုယ်ဘဲ သိကြလိမ့်မယ်။
တပ်မတော်ဟာ စစ်အေးကာလမှာဖြစ်စေ. ဖြန်သန်းသွားလာရင်းဖြစ် စေ၊ အချိန်ရ အားလပ်
ရင် ပြည်သူ တွေကို တဦးချင်းသော် လည်းကောင်း၊ တပ်ဖွဲ တပ်စု တပ်ရင်း အလိုက်သော်
လည်းကောင်း ပြည်သူ. အကျိုးပြုလုပ်ငန်းတွေမှာ စေတနာ ၀န်ထမ်း လုပ်အားပေးနိုင်
တယ် ။ လုပ်ကိုင် ဆောင်ရွက်နိုင်စရာတွေ အများကြီးရှိ တယ် ။ အရင်က လုပ်လဲ လုပ်ခဲ့ဘူး
တဲ့ Community services အစဉ်အလာတွေရှိတယ် ၊ ၊ အောင်မြင်ခဲ့တယ် တပ်နဲ့ ပြည်သူ တသားထဲ ကျခဲ့တယ် ။
၁၉၈၈ ခုမှာ ဒီမိုကရေစီ ခုတုန်းလုပ်ပြီး လူသတ်တဲ့ အထိ ဥပဒေ ချိုးဖေါက် ထိမ်းမနိုင် သိမ်းမရအခြအနေ တွေ ဖြစ်ပေါ်ခဲ့လို.၊ ပြည်သူတိုရဲ့ အသက် အိုးအိမ် စည်းစိမ်တွေ ကို ကာကွယ်ဘို. တပ်က ၀င်ထိမ်းခဲ့တယ်၊ အချိန်ဆွဲ မနေဘူး။ လုပ်စရာရှိတာ ချက်ချင်းပြတ်ပြတ်
သားသား မြန်မြန် ဆန်ဆန်ဘဲ အရေးယူဆောင်ရွက် ခဲ့ တယ် ၊ သာမန်ပြည်သူအများစုက ကျေနပ်တယ် ကြိုဆိုတယ် ။ သူတို.ကဘဲ တပ်ကို တောင်းဆိုတာဘဲ ဒီထဲမှာ စစ်ထွက် NLD
တင်ဦး ကလဲ သူတို.၄/၅ ယောက်ကိုလဲ လူရမ်းကားတွေ လက်က ကာကွယ်ပေးဘို. အရှက်
မရှိတောင်းဆို ခဲဘူး တယ်။
ဒီမိုကရေစီဟာ မြန်မာနိင်ငံအတွက် အစိမ်းသက်သက်တော့ မဟုတ်ပါဘူ။ ဒီမိုကစေီကို မကြိုက်သူ လက်မခံသူတွေဟာ အနဲ့စု ရှိတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ.ရေးကာလမှာ ဒါတွေ ပြောမကောင်း ပေမဲ့ အားလူံး သိကြပြီးသားပါ ၊၊ သိရဲ့သားနဲ့။
၁၉၈၈ ခုမှာ ဒီမိုကရေစီ တောင်းဆိုမှုဟာ အကြောင်းမဟုတ်ပါဘူးလို.ပြောရမှာကလဲ မဖြစ် ပြန်ဘူး။ မဆိုင်တဲ့ ဆိုးကျိုး သက်ရောက်မှုတွေဘဲ။ Side effect ဆိုတာတွေပေါ.၊ တောကြောင် တွေလေ၊ ဒီမိုကရေစီခေါင်းဆောင်တွေ ကြိုတင် မမြင်ခဲ့ကြမှုတွေ ဘဲ ။ ဒီလိုသာ ကြိုတင်မြင်နိုင်စွမ်း မရှိတဲ့ NLD က လူတွေကို နိုင်ငံတော်ရဲ့ တာဝန်ကြီးတွေ ပေးသင့်
သလား။ သူတိုကတော့ အာဏာ လိုခြင် တာကိုသာ အရှက်မရှိပြောနေတယ် ၊ တာဝန်လို.မပြောဘူး အာဏာလို ခြင်တာ နံ.နံ.ကိုတက်နေကြတာ။ တနည်းပြော ရရင် အာဏာရူးနေကြ
တာပေါ့ ။ မင်းသားကြီးမလုပ်ရလို. ပတ်မကြီး ထိုးဖေါ့က် နေတာလဲ မြင်နေရတယ် ။
ရှိသမျှ ရထား ရန်ကုန် ကွမ်းခြံဘူတာကြီးမှာ ဆိုက်တာပါ ဆိုသလို.ဒီမိုကရေစီပြောလိုက်ရင် ပင်လုံစာချုပ် ဆိုတာကို ဆိုက်ဆိုက်လာတယ် ။
ပင်လုံ စာချုပ်ကို ပြင်ရမယ် ပြင်စရာတွေရှိတယ် လိုပြောရင် လက်ခံမလား ၊ ဖွဲစည်းပုံအခြေခံ ဥပဒေ ၃ ခုစလုံး ( ၁၉၄၈ ၊ ၁၉၇၄ ၊ ၂၀၀၈ ) ကို လက်မခံ သူတွေ၊ ပြင်လိုသူတွေ တဖွဖွ
ပြောနေကြတယ် ၊ ဒီတခါ အင်္ဂလိပ်လိုမှ နားလည်မယ်ဆိုရင်လဲ Consequences တွေကို ကြိုတင် မြင်ကြသလား။ ထည့် တွက်ကြ သလား လို. မေးပါရစေ ။ အတွေအကြုံ အရ
အကြောင်းရှိလို. မေးနေတာနော်။ အထုးသဖြင်. ၂၀၀၈ ခု ဖွဲ.စည်ူပုံအခြေခံ ဥပဒေကို လွှတ်တော် က ပြင်နေတာ ကြာတယ်. အသစ်တခုရေးစွဲရမယ် အချိန်ကုန် ငွေကုန် သက်သာ
တယ်တဲ့ အဲဒါ သာကြည့် ပေတော့ ၊ ဘယ်လောက် စီးပွားရေးဆန်နေသလဲဆိုတာ။
United Nationalities Federal Council, United Nationalities Alliance“ တို.ကပြောနေ တယ် ၊ Democratic forces” and civil society organisations ဒီမိုကရေစီ အင်အားစုတွေ
နဲ. လူ.ဘောင် အဖွဲအစည်းတွေကိုပါ ဖိတ်ခေါ်အုံးမလို.တဲ့ စင်ပြိုင် အစိုးရထောင်ဘို.တော့ မဟုတ်ပါဘူးထင်ပါရဲ့ ။
ရှေ.အနာဂါတ်မှာလဲ တပ်က ၀င်ပြီး ထိမ်းရအုံးမဲ့ အခြေအနေတွေ နိုင်ငံမှ မပေါ်တော့ဘူးလို. ဘယ်သူ အာမ ခံနိုင်သလဲ ၊ အခုတောင် တပ်မတော်ကို ဖယ်ဒရယ် စစ်တပ်ဆိုတာနဲ့ အစား ထိုးမယ်လို.ဖယ်ဒရယ် သမား တွေက လေသံတွေ လွှင်.နေတယ် ။ အဲဒီတပ်မှာရော ခရစ်ယန် သူတော်စင်တွေ နဲ့ တဲ့ လား၊
၁၈၆၅ ခု က အမေရိကန် ပြည်တွင်းစစ်ဟာ ပြည်နယ် ၁၁ နယ်က တဖက် ၊ ကျန်တဲ့ ပြည်နယ်တွေက တဖက် ဖြစ်ခဲ့ဘူးတယ်။ အခုလဲ ဒို.နိုင်ငံမှာ ဖယ်ဒရယ် စစ်တပ်ဆိုတာ လူမျိုးစု လက်နက်ကိုင် ၁၁ ဖွဲ. (သို.) ပြည်နယ် ၁၁ နယ် ပေါင်း ဖွဲ.မဲ့ စစ်တပ်ဘဲ၊ တိုက်ဆိုင်မှုတွေက တော့ လွန် လွန်းတယ်၊ ပြည်နယ် ၃၉ နယ် ကို ကိုယ်စားပြုတဲ့ Union Army က နောက်ဆုံး နိုင်သွားတာဘဲ ၊ ။ ပြည်တွင်းစစ်မတိုင်ခင်က ဖြစ်ခဲ့တဲ့ ဌာနေတိုင်းရင်းသား တွေနဲ့ အခြေချတွေရဲ့ စစ်ပွဲ တွေမှာလဲ ဌာနေတိုင်းရင်းသားတွေ ရှုံးသွားခဲ့တယ် ။ နိုင်တာရှုံးတာကတော့ မှာဘဲ အဲတာက တမျိုးပေါ.လေ ၊ အဲဒီတုန်းက ပျက်စရာပစ္စည်း မရှိသေးဘူး လူတွေသာ သောက်သောက်လဲ သေခဲ့တယ် ။နောက်ဆုံးတော့
သတ်ရဲသူ မင်းဖြစ်ခဲ့တာဘဲ ။ မှားတာ မှန်တာ သမိုင်းက ပြောလိမ့်မယ် ။ ကိုယ်ကတော့ လုပ်စရာရှိတာ လုပ်ကြမှာဘဲ ။
ဒီမှာ ရပ်အုံးမယ် ။
0 new messages