Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

အ၀ါရောင် အဆင့် လုံခြုံရေး - Yellow Alert တဲ့လား ?

7 views
Skip to first unread message

Sando

unread,
Dec 15, 2014, 6:12:13 AM12/15/14
to
တိုင်းချစ် ပြည်ချစ် မျိုးချစ် သားသမီါ်ကောင်း ရောင်းရင်းတို.။

မြန်မာနိုင်ငံရဲ့ လုံခြုံရေး အ၀ါရောင် အဆင့် တင်ထားတယ် လို. လုံခြုံရေးဆိုင်ရာ တာဝန် ခံ တွေက ပြောတယ်။

ဒီ သတင်းကို ကြားလိုက်ရတော့ ဗမာပြည်က မီဒီယာတွေမှာ ။ ဘယ်သူတွေက စပိုင်တွေ ၊ သူသျှိုတွေ ။ သစ္စာဖေါက်တွေ လဲ ဆိုတာ အရေးတကြီး သိဘို လိုလာတယ် တာဝန်ရှိ သူတွေသာမဟုတ် တနိုင်ငံလုံးကို တပ်လှန်.ထားသင့်တယ် လို ပြောခြင် တယ် . ဗမာတွေ နိုးကြားကြဘို ပေါ့ ။ မီဒီယာတွေ ကတော့ ဒီတခါ ဦးဦးဖျားဖျား အစွန်းတစတောင် ဖေါ်မပြဘဲ အစိုးရ အရေးယူဆော်ငရွက်လာတာကိုသာ ဖေါ်ပြတယ် ။

ဒီနေရာမှာ တာဝန်မဲ့ အချောင်လွတ်နေတာကတော့ မြန်မာမီဒီယာ ဆိုတာတွေဘဲ ပေါ့. ဒီလိုသတင်းမျိုးကို သူတို မရဘူး။ အစိုးရကို မပေးဘူး။ ပြည်ပနိုင်ငံတခုခုတော့ ပေးခြင်ပေး လိမ့်မယ်၊ စေ့စေ.ကြည့်လိုက်ရင် မီဒီယာတွေဟာ အတိုက်အခံ တွေ သူပုန်တွေနဲ့ ရင်းနှီးတာကို တွေ.ရတယ် ။ သူတိုကိုယ်တိုင်ကလဲ အတိုက်အခံတွေဘဲ သူပုန်တွေဘဲ လို ပြောခြင်တယ် ။

ဗမာပြည် ဟာ ၆၇ နှစ်ကြာ ပြည်တွင်းသောင်းကျန်းမှု တွေရင်ဆိုင်နေခဲ့ရတာမှာ ရောင်စုံ သူပုန်ဆိုတာ ရှိပေမဲ့ လြုံခုံရေး အဆင့်ကို ဖြုနီဝါပြာစိမ်း ရယ်လ်ု. ခွဲခြားတာတွေ မတွေဘူး ဘူး။ မကြားဘူးဘူး။ အခု ဒီလိုခွဲလာတော့ ပြည်ပ ရန်သူတွေ ထိုးဖေါက်နေပြီလား လို စိုးရမိမိတယ် ၊ ဘယ်သူတွေက ချိန်းချောက် နေသလဲ ဆိုတာလဲ စဉ်းစားလာမိတယ် ။
ဒီက စဉ်းစားမိတာကတော့ အယ်(လ်)ကေဒါ ၊ အိုင်စစ် တွေကို ဘန်းပြပြီး ပြည်တွင်း က လူမျိုးစု သူပုန် တွေကလဲ တစခန်း မထဘူး လို. မပြောနိုင်ဘူး။ မဖြစ်နိုင်တာတွေ အားလုံး ဟာ ဖြစ်နိုင်တာတွေ ချည်းဘဲ လို.ဆိုခြင်တယ် ။ ရရှိတဲ့ သတင်းတွေ ဘယ်လောက် မှန်ကန်တယ်. ယုတ္တိရှိတယ် ဆိုတာတွေကို အချိန်တို အတွင်း စမ်းစစ် အတည်ပြု ပါယ်ချ နိုင်ဘို. သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တာဝန်ဘဲ ၊၊

သတင်း မှန်တာ မှားတာ အပထား အမေရိကံတွေလို ဆောက်မြင်ကပ်သူကို လက်ဦး အောင် တီးလိက် ခေါင်မထောင်နိုင်အောင် ခြေမှုန်းသုတ်သင်လိုက်ဘို.ကောင်း တယ်၊ ကဲ့ရဲ့ ၇ ရက်- ချီးမွမ်း ၇ ရက်ပေါ့ ဟုတ်ဘူးလား ။

အခုတလောသတင်းတွေမှာ အမေရိကံ ဗဟိုထောက်လှမ်းရေးအဖွဲ. စီအိုင်အေ CIA )က အများပြည်သူ ဝေဖန် နေတဲ့ သူ.ရဲ့ လုပ်ရပ်တွေကို ဖြောင့်ကွယ် ကွယ်ခဲ့တယ် ၊ ကြားရတဲ့ စကား ကတော့ သူတို လုပ်ရပ် တွေဟာ အမေရိကံ အသက်ပေါင်းမြောက်များစွာကို ကယ်တင် နိုင်ခဲ့တယ် ဆိုတာဘဲ၊ ဒုတိကမ္ဘာ စစ် က ဂျပန်နိုင်ငံ ဟီရိုရှိမာမြို.နဲ့ နာဂါဆာကီ မြို.တိုကို အနုမြူဗုံန်း ချခဲ့တာလဲ အမေရိကန် အသက်ပေါင်းများစွာကို ကာကွယ်ဘို. ဖြစ်တယ် ဆိုပြီး သမတ ဟယ်ရီ ထရူးမင်းက ပြောခဲ့တာနဲ. စင်တူ နေတာကို သတိ ထား လိုက် မိတယ် ၊၊ ဓီ ဆင်ခြေ မျိုး မ်ြနမာတွေ သုံရမယ် သုံးသင့်တယ်။ ပြည်သူတွေကို ကာကွယ် ဘို.ဘဲ မဟုတ်လား?

ဒိလိုသာ ဆိုရင် ၊ အမေရိကံတိုဟာ ၆၈ နှစ်အတွင်း ဘာမှ ပြောင်းလဲ ခြင်းမရှိ . Who dares win သတ်ရဲ မင်းဖြစ်ဝါဒကို ဆုန်ကိုင်ထားမြဲ ထားနေတယ် ၊ အမေရိကံတိုဟာ သူများတွေ လုပ်ရင် တော့ အမျိုးမျိုး ဝေဖန်ပစ်တင် တခါတလေမှာ အရေးယူတဲ့ အထိ လုပ်လာတာတွေ တွေ.ရတယ် ။ ဒီထဲမှာ အမေရိကံ ခါးပိုက်ဆောင် Poodle ၊ ကမ္ဘာ့အဖွဲကြီး အမည်ခံ ကုလ သမဂ လဲ ပါတာပေါ့.။ ဒါဖြစ်ရင် ကုလသမဂမှာ အမှုထမ်းနေကြတဲ့ ဗမာတွေကို ဗမာတွေနဲ့ ဗမာပြည်က ဘယ်လောက် ယုံကြည် စိတ်ချရမလဲ ?

အခုချိန်မှာ အမေရိကံ နိုင်ငံသားလို လူသိများတဲ့ လူတွေဟာ ခရစ်သက္ကရာဇ် ၁၄၉၂ - ၁၅၀၂ ခု တွေက Christopher Columbus စတင်တွေရှိခဲ့ တဲ့ မြေသစ် ပေါ် အခြေချလာခဲ့ပြီး ဌာနေ တိုင်းရင်းသားတွေကို နည်ါးအမျိုးမျိုးနဲ့ ဖျော်ကဖက် အနိုင်ယူခဲ့ကြတဲ့ သူတိုရဲ အကျင့်တွေကို အခု ၂၀၁၄ ခု ။ နှစ် ၆၀၀ နီးပါး ကြာသည့်တိုင် စွန်လွှတ်ခြင်းမရှိ ဆက်ပြီး ကျင့်သုံးနေတုန်းဘဲ ဆိုတာကို မျက်ဝါးထင်ထင် တွေ.ရတယ် ။

လေ့လာမိတာက အမေရိကံဟာ သတ္တိကြောင်တယ် ၊ တကယ်တန်း သတ္တိမရှိဘူး။ ရင်ဆိုင် မတိုက်ရဲ ဘူး အဝေးက ခဲနဲ့ ပေါက်တတ်တဲ့ အကျင့်ရှိတယ် ၊ အားနဲသူတွေ အပေါ် အနိုင် ယူတယ် ၊ အားချင်းတူရင် ရှောင်တယ် ၊ ငွေကြေး တတ်နိုင်တဲ့ အလျှောက် အလိုတူ အလိုပါ တွေကိုဆွဲပြီး ဂိုဏ်း ဖွဲဘို.လဲ အခက်အခဲမရှိဘူး ဆိုတာဘဲ ၊ ချမ်းသာတဲ့ နိုင်ငံတွေကို ဆင်းရဲ အောင်လုပ်တယ် ၊ တည်ဘိမ်တဲ့ နိုင်ငံတွေ ကို မတည်ငြိမ်အောင်လုပ်တယ် ၊ဆင်းရဲတဲ့နိုင်ငံတွေကို ကြေးစားအဖြစ် ခေါ်ခိုင်းလေ.ရှိတယ် ။

ပြောရ ရင် ဒုတိယ ကမ္ဘာစစ်အတွင်း က အမေရိကံတို ကယ်လိုက်တဲ့ ဥရောပ နိုင်ငံတွေဟာ အင်္ဂလိပ်က အစ အမေရိကံကို ခေါင်းဖေါ်မကြည့်ရဲ့ဘဲ ဟုတ်ပါဘုရား မှန်ပါ့ ဘုရားနဲ့ ကျွန် ပီသနေကြတယ် ၊ မြန်မာတိုင်းရင်းသား တချို.တောင်ပါတယ် လို. ဘဲ ပြောတော့မယ် ။

အခုချိန်ထိလဲ အမေရိကံတို.ဟာ အနောက် ဥရောပ၊ အရှေ.ဥရောပ နိုင်ငံတွေမှာ ဒုံးကျည် စခန်းတွေ အပါအ၀င် စစ်အချေခံ စခန်းတွေ ချထားပြီး စောင့်ကြည့် နေတာကိုတွေ.ရတယ် ၊ တကယ် လိုများ စစ်ရယ်လို ဖြစ်လာရင် ဘယ်သူတွေ အရင်ခံရမလဲ ။ စစ်ဖြစ်တိုင်း ဖြစ်တိုင်း ဥရောပဘဲ ခံတာ မဟုတ်လား အမေရိကံက ကယ်တင်ရှင်ဘဲ ၊ ဥရောပက အကြွေးတွေ ဘယ်လောက် ဆပ် နေကြရတယ် တော့ မသိဘူး ။

မြန်မာနိုင်ငံကတော့ ၁၈၂၄ ခုက အင်္ဂလိပ် နဲ့ စစ်အပြီး ၊ ခံရတဲ့ ဗမာက အောင်နိုင်သူ အင်္ဂလိပ်တွေကို စစ်လျှော်ကြေး တကုဋေ ပေးရတယ် . အကြွေး. မကျေ မချင်း ရခိုင် ရန်ကုန် ရေး ဘိတ် ထားဝယ် တနင်္သာရီ ကမ်းရိုးတန်း တွေကို အင်္ဂလိပ်ကို အပိုင်းပေး သိမ်းပိုက်ထားခွင့်ပြုရတယ် ဆိုတာ သမိုင်း မှတ် တမ်း ( ရ န္တပို စာချုပ်) မှာ တွေ.ရတယ် ။ မိမိ အကျိုးစီးပွားကိုသာ ကြည့်တဲ့ အမေရိကံတိုဟာ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီဒေါ် နွားကျောင်းပေးမှာတော့ မဟုတ်ဘူး။

စစ်ဗြူဟာ ပရိရာယ် အနေနဲ့ ပြောရရင် အမေရိကံဟာ သူများနိုင်ငံတွေကို သုံးပြီး စစ်မြေပြင် Buffer zone အဖြစ်ထားပြီး သူ.ကိုယ် သူကာကွယ်နေတာ ဘဲ ဖြစ်တယ် ။ သူ.ကိုယ်သူ ကာကွယ်နိုင်ဘို.မှာ ထောက် လှမ်း ရေးဆိုတဲ့ Intelligent report ရဘို.အရေးကြီးတယ် ၊ ဒါကိုရနိုင်ဘို.ရာ တနည်းတလမ်းအဖြစ် မီဒီယာ လွတ်လပ်မှု ဆိုတာကို လှုံ.ဆော်အားပေး နေတယ် ၊

သူတို.အပိုင်းကျတော့ သူတို.အကြောင်း ဟုတ်တာ မဟုတ်တာ လွတ်လွတ် လပ် လပ် ပွင့်လင်းမြင်သာ ဖေါ်ပြတဲ့ သူတွေကို အမေရိကံပြည်ထောင်စု လုံခြုံရေး ဖေါက်ဖျက်တဲ့ သစ္စာဖေါ့က်တွေအဖြစ် စွပ်စွဲ ၊ ဖမ်းဆီးဝါရမ်းထုတ်ကြတယ် ၊ အမေရိကံက မတရားစွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်မှာကို ကြောက်လို ထွက်ပြေးတိမ်းရှောင် တပါးနိုင်ငံမှာ ခိုလုံ နေသူတွေ ရှိကြတယ်။ အင်္ဂလိပ် လက်ထက်က ဗမာ ပြည်မှာ ကိုအောင်ဆန်းတယောက် နိုင်ငံက ထွက်ပြေးခဲ့ရတာကို မှတ်မိ လိုက်တယ် ။ ဖမ်းသာမိရင် ၁၉၄၇ခု ဇုလိုင် ၁၉ ရက်နေ.ထိ အသက်ရှင်ပါ့မလား ၊ ဆရာလို ကြိုးပေးခံရနှိုငတယ် ၊ ခေါင်းဖြတ်ခံရနိုင်တယ် ဆိုတာ သေချာတယ် ။ ဖမ်းဆီးမိလို.အသတ်ခံတဲ့ တညခားလူတွေ ရှိတယ် လေ။ ဒီလို ဖမ်းဆီး သတ်ဖြတ်ခံရအောင်လဲ မြန်မာတိုင်းရင်းသားတချို.က အင်္ဂလိပ်ကို သတင်းပေါက်ကြား ကူညီ ခဲ့ကြ တာတွေ မှတ်တမ်းနဲ့ ရှိတယ် ။ မေ့သူက မေ.ပေမဲ့ မမေသူက ကမ္ဘာတည်သရွေ.မမေ.ဘူး။

မြန်မာနိုင်ငံ စစ်ထောက်လှမ်းရေးအဖွဲ့ ( MI ) ရဲ့ အချို.လုပ်ရပ်တွေကို ဗမာတွေ နားမလည် ဘူး။ လက်မခံဘူး။ အင်္ဂလိပ်စစ်တပ်နဲ. အဲဒီမှာ အမှုထမ်းကြတဲ့ မြန်မာတိုင်းရင်းသားတွေ အကြောင်း ပြော စရာရှိသလို ၊ ဂျပန်လေ့ကျင့် သင်ကြားပေးတဲ့ ဗမာတပ်မတော် အကြောင်း လဲ ပြောစရာရှိကောင်းရှိမယ် ။ လွန်ခဲ့တဲ့ နှစ် ထောင်ပေါင်းများစွာက စစ်တပ်တွေအကြောင်း ပြောစရာတွေလဲ ရှိမယ် ၊၊

အမေရိကံ စစ်တပ် အင်္ဂလိပ် စစ်တပ် တိုမှာ အမှုထမ်းဘူးတဲ့ မြန်မာတိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ ဆိုတာတွေဟာ အမေင်္ရကံ CIA အင်္ဂလိပ် MI6 တိုနဲ့ ဘာတွေ သတင်းပေး ပေါက်ကြားနေတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ပေမဲ့ ဘူး။ သူတိုခေါင်းဆောင် တွေဟာ မကြာမကြာ အမေရိကံ အင်္ဂလန်တို ကို သွားပြီး အစိုးရပိုင်း တာဝန်ရှိ ပုဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေရှိတယ် ၊ ဘယ်လောက် အဆက် သွယ် ရှီတယ် ဆိုတာ မြန်မာ မီဒီယာတွေက ဖေါ်မပြဘူး ၊ မဖေါ်ပြရဲဘူး ။ မြန်မာ မီဒီယာတွေဟာ ဘာလူမျိုးစု ၀င်တွေလဲ ဆိုတာထိ မေးရင် မေးသူသာ လွန်လိမ့်မယ် ။ မေးစရာကော လိုသလား ?

ဒါပေမဲ့ တူညီသော အချက်တွေကတော့ စစ်တပ်ဟာ စစ်တပ် အလုပ်လုပ်ကြတယ် ဆိုတာ ဘဲ ၊ သူနည်း သူ.ဟန်၊ အသုံးအနှုန်း စကားလုံးတွေနဲ နိင်ငံတော်နဲ နိုင်ငံတော်သားတို.အကျိုးစီးပွားကို ကာကွယ်နေကြ တာဘဲ ၊ ဒီလိုပြောလို. မကြားခြင်ရင် နား ပိတ်ထားကြပေါ့.။ ကိုယ်အမေ ၊ ကိုယ်.နှမ ကို ကာကွယ်တာပါ ဆိုရင် ရော နားလည် လက်ခံနိုင်ကြမလား ?

ဗမာတွေဟာ စာပေ အဖတ် ၀ါသနာ မပါကြတာများတယ် ၊ ဖတ်စရာ စာပေလဲ များများ စားစားမရှိပါဘူး။ မြို.ူပေါ်မှာ ရှပ်ရှင်တွေ စိတ်ကူးယဉ် ဇါတ်လမ်းတွေ ကြည်.ကောင်းလိုသာ ကြည့်ကြတယ် ၊ ဘာအဓိပါယ် ဆိုတာ သိကြရဲ့လား၊ ပညာဘယ်လောက်ပါသလဲ ၊ ပညာ ယူကြသလဲ ကိုယ်အတွက် ဘယ်လို အသုံးဝင် သုံးချကြသလဲ နိုင်ငံအတွက် ဘယ်လို အထောက်အပံ့ဖြစ်သလဲ ဆိုတဲ့မေးခွန်းတွေ မေးရင် တရားပါ့မလား။ အထူးသဖြင် ဘယ် ဥစ္စာဟာ ၀ါဒဖြန်.စည်းရုံးရေး သက်သက်ပဲ ဆိုတာ ခွဲခြားသိကြရဲ့လား ?

မှန်ပါတယ် အတွေ.အကြုံ ဗဟုသုတမရှိရင်ဖြစ်စေ ၊ နဲကြရင်ဖြစ်စေ သိနိုင်မယ်မဟုတ် ပါ ဘူး။ ဗမာတွေဟာ အတွေ. အကြုံ ဗဟုသုတ တကယ်ဘဲ နဲ့ ကြသလား - မရှိကြဘူးလား ? ဒါပေမဲ့ ခုချိန်မှာ ဖတ်စရာတွေက များတယ် ။ များလွန်းလို. ဘာ ဖတ်ရမယ် ဆိုတာလဲမသိ ၊ ရောင်လည်လည်ဖြစ်နေကြတယ် ကြောင်တော်တောင် ညဖစ်နေကြတယ် ။ စာနယ်ဇင်း အဖိုး ကလဲမြင့် မြို.ကြီးပြကြီးတွေမှာ အရများတယ် တောမှာ စာနယ်ဇင်းမထုတ်ဘူး အရောင်းမသွက်ဘူး။ မြို.ကပါလာတဲ့ စာနယ်ဇင်းတွေကို ဖတ်ပြီး ကုန်ထုတ်စက္ကူအဖြစ် သုံးတယ် ၊၊

အခု ဗမာပြည်မှာ မီဒီယာ ဆိုတာတွေ ချီးပေါ သေးပေါ ။ ခွေးပေါပေါ နေတယ် စာရွက် စာ တမ်း ဖိုးသာ ကြီးမယ် ၊ ပညာတန်ဘိုး အားဖြင် နဲ နေပုံရှိတယ် ။ ၀ါဒဖြန်.တာ တွေ များနေ ပုံရှိတယ် ။

တကယ်တော့ မီဒီယာဆိုတာ ထောက်လှမ်းရေးတွေဘဲ ၊ စပိုင်တွေ ။ အသုံးလိုသူတွေ ၊ သုံးတတ်သူတွေ အတွက် ကတော့ Informers တွေမို. သိပ်ကို အကျိုးရှိတာဘဲ ။ တချို.က ဆိုရင် သူတိုကို သူတို PI Private Investigator , Private Eye အလွတ် စုံထောက် တွေ တောင်လို. မှတ်ယူနေကြတာ။ ဗမာပြည်က မီဒီယာတွေဟာ သူတို.ပြောပြောနေတဲ့ လွတ်လပ်တဲ့ အဖွဲ.တွေလား ? ပြည်သူတွေ သိထိုက် တယ် ပွင့်လင်းမြင်သာ ဆိုတဲ့ ဆောင် ပုဒ်နဲ့ ပြည်သူတွေ မသိထိုက်တာ ဘာမှ မရှိဘူး ဆိုတာဘဲ ပေါ့.၊ သူတို. ရရှိတဲ့ သတင်း အချက် အလက်တွေကို သူတို.ရဲ့ စာနယ်ဇင်းတွေမှာ သူ.ထက် ငါ ဦးအောင် သတင်းဦး သတင်းထူးတွေ အဖြစ် ဖေါ်ပြနေကြတာ နိုင်ငံနဲ့ နိုင်ငံသားတိုအတွက် ဘယ်လောက် အကျိုးရှိသလဲ ဘယ်လောက် အကျိုးယုတ် နိုင်သလဲ ဆိုတာ ကြိုတင် စဉ်းစား မိကြရဲ.လား ?

လူများများဖတ်ဘို စောင်ရေးရောင်းရဘို ၊ ခွေးကိုက် ခွေးချင်းတွဲနေတာတောင် ဖေါ်ပြနေကြတယ ၊် သူတို မိဘတွေတောင် ဘာလုပ်နေကြတယ် ဆိုတာ ဘာဖြစ်လို.မဖေါ်ပြတယ် မသိဘူး။ ခွေး ဆိုတာ ခွေးလို ကျင့်ကြံနေသူ တွေကိုပြောတာ ၊ မရှက် အကြောက် မရှိသူတွေ အကုန်လုံးပါတယ် လို. ဆိုမယ် ။

မီဒီယာတွေ ဖေါ်ပြတိုင်း သတင်းမှန်တွေလို မပြောနိုင်သလို မမှန်သတင်းတွေလိုလဲ မပြောနိုင်ဘူး။ မိမိ ဖေါ်ပြချက်တွေကို ပြည်ပနိုင်ငံတွေကပါ စုဆောင်းပြီး သူတိုနိုင်ငံအတွက် အကျိုးရှိအောင် လုပ်ပြီး မိမိတို.နိုင်ငံအတွက် အကျိုးမဲ့စေမှာတွေ လုပ်နိုင်တယ် ဆိုတာ ကိုရော စဉ်းစားမိကြသလား။ ဒီလို စဉ်းစား တတ်သူတွေဟာ တိုင်းချစ် ပြည်ချစ် မျိုးချစ် သားသမီးကောင်းတွေသာ ဖြစ်တယ် ၊ ကော်လံစား သတင်း ထောက်တွေကတော့ စဉ်းစားမှာ မဟုတ်ဘူး။ ကော်လံ ပြည့်ဘိုဘဲ ၊ အယ်ဒီတာဆိုတာကလဲ အဲဒစ် လုပ်ရ တာ ဆင်ဆာ လုပ်တာဘဲ မီဒိယာလွတ်လပ်မှုကို ထိခိုက်တယ်လို.မြင်ပြီး အဲဒစ် လုပ်ဘို.၀န် လေးမှာ ဖြစ် တယ် ၊၊

ဒီလိုပြောလိုက်တော့ မြန်မာ မီဒီယာဆိုတာတွေဟာ မြန်မာနိုင်ငံ စစ်ထောက်လှမ်းရေး၊ အရပ်ထောက် လှမ်းရေးအဖွဲ.တွေကို ၊ ဒါမှမဟုတ် ပြည့်ပနိုင်ငံတွေက ထောက်လှမ်းရေး အဖွဲတွေနဲ့ ဘယ်လောက် အဆက် အသွယ် ရှိနေကြသလဲ ဆိုတာ ပြည်ပနိုင်ငံ ထောက် လှမ်းရေးအဖွဲ.တွေကို ဘယ်လောက် အကျိုးပြုနေသလဲ ၊ ဘယ်သူ.ကို ပံ့ပိုးနေသလဲ ဆိုတာ မေးစရာဖြစ်လာတယ် ။ မေးခြင်သာ မေး အတိအကျ အမှန်အကန် တော့ ဖြေမှာတော့ မဟုတ်ဘူး။ ပေးတဲ့ အဖြေကိုလဲ စီစစ်ဘို လိုလိမ့်မယ် ။ အကေါင်းအမြင် အဆိုးအမြင် ၂ မျိုးနဲ့ မြင်နို်င်တယ် ။။

Iraq နိုင်ငံကို အမေရီကံ ဦးဆောင်တိုက်ခိုက်တဲ့ စစ်ပွဲမှာ အမှားအမှန် ဆိုတာဘာဆိုတာ လူမှန်ရင် သိကြ တာဘဲ. ဒါပေမဲ့ လူဆိုတာ ဘယ် လူ တွေကို ပြောတာလဲ ဆိုတာတွေ ချွင်း ချက်ထားရလိမ့်မယ် ၊ လူလူ ချင်းဆာနာထောက်ထားမှု ၊ စစ်ရာဇ၀တ်မှူ နိုင်ငံရေး အကျဉ်း သားတွေကို မတရားဖမ်းဆီး ညှင်းပန်းနှိပ် စက်မှူ ဆိုတာတွေ ပြောခြင်တာပြောကြ ဘယ်သူတွေ ကျုးလွန်သလဲ ကိုယ် အမြင်နဲ့ ကိုယ့် ဘဲ ပေါ့ ။

ဘီဘီစီ ၊ ဗွီအိုအေ ၊ ဒီဗွီဘီ ၊ အာရ်( အက်(ဖ)အေ လို ဌာနတွေကတော့ အထူးပြောနေစရာ မလိုပါဘူး။ ၀ါဒဖြန်.သတင်းဌာန သက်သက်တွေဘဲ ဆိုတာ သိပါတယ် ၊ အဲဒီမှာ အလုပ်လုပ် တဲ့ ဗမာတွေကို ဘယ်နိုင်ငံ ဘယ်သူတွေက ပေးကမ်းထောက် ပံ့နေတယ် ဆိုတာလဲ လူ တိုင်း သိတာဘဲ ။ ဒီဗမာတွေဟာ ဘယ်သူ.သားသမီးတွေ ဆိုတာလဲ သိကြတယ် ။ ပြောရရင် ဘယ်လူမျိုးစု ၀င်တွေလဲ ဆိုတာတောင် သိတယ် ။ ဒီဌာနတွေကို ဘယ်သူတွေက ဘာသတင်းတွေ ပေးနေကြသလဲ ။ သူတိုလဲ ရတဲ့ သတင်းကို ဖေါ်ြ့ပကြတာ ဘဲ မဟုတ်လား?

ဗမာပြည် က မီဒီယာတွေ ဟာ ဘယ်သူတွေအတွက် လုပ်ကိုင်ပေးနေကြသလဲ။ ဘယ်သူ တွေရဲ အထောက် အပံ့ ပံ့ပိုးမှုတွေ ရနေသလဲ ၊ သူတို.ကို သတင်း ဘယ်သူတွေက ခွန်.သလဲ ၊ သတင်းအချက်အလက်တွေကို မှားသည် မှန်သည် ဘယ်သူတွေက လိုသလို အသုံး ချနေ သလဲ ဆို တဲ့ လဲ ပေါင်းများစွာ ပေါ်လာတယ် ။

မီဒီယာတွေကို အင်တာဗြူး ပေးစတဲ့အခါ ချောင်ပိတ်မိပြီး နိုင်ငံတော် လုံခြုံရေး ဥပဒေ စည်း ကမ်းတွေကို သတိမမူ ချိုးဖေါက်ပြီး တာဝန်ရှိသူ ဘယ်သူ တွေက ဘာတွေ ပေါက်ကြား နေ တယ် ဆိုတာတွေ စောင့်ကြည့်ဘို.လိုမယ် ။ //

minkyaw thuyein

unread,
Dec 18, 2014, 11:27:21 AM12/18/14
to
အ၀ါရောင် အဆင့် လုံခြုံရေး - Yellow Alert လို. ဆိုလို.မှ ပါးစပ် မပိတ်သေးဘူး။ Sidney (Aus) Pashawar ( Pak) တိုမှာ အစု လိုက် အပြုံလိုက် အသတ်ခံရမှုတွေ ဖြစ်တယ် ဆိုတော့ မြန်မာနိုင်ငံမှာ အ၀ါရောင် အဆင့် တပ်လှန်ထားတယ် ဆိုတာနဲ့ လုံ လောက် ပါ့မလား ? အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ ဝေးလှ သေးတဲ့ နေရာဒေသတွေမှာပေါ့ ။ အမှန်တော့ နေရာတိုင်းမှာ ဖြစ်တတ်ပါတယ် ၊ မထင် မှတ်တဲ့ နေရာတွေ လဲ ပါတာပေါ့ ။

ဗုဓ္ဒဘာသာနိုင်ငံမှာ ဒါမျိုးတွေ မဖြစ်ပါဘူးတဲ့ လား ။ အကြမ်းဖက်မှူု ဟာ ဗုဓ္ဒဘာသာဝင်တွေ မကျူးလွန်ပါဘူးလို ဘယ်သူမှ အာမ မခံရဲ ဘူး ၊ ၁၉၈၈ ခု အဖြစ်ကိုကြည့် ၊ ဗမာပြည်မှာ ဘာသာစုံ နေကြတယ် လေ။ တချိန်က ဗုဓ္ဒဘာသာတွေ ပညာ မတတ်ကြပေမဲ အခု ပညာ အသင့်အတင့်တတ်နေကြပြီ ဆိုတာ တွေ.ရတယ် ။ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု တွေကို ကျုးလွန်နေတာ ဗုဓ္ဒဘာသာဝင်တွေ မဟုတ်တာ တော့ အခုထိ မှန်နေတုန်းဘဲ ။

ဘာမှ မဖြစ်သေးဘူး။ ဖြစ်လာမှဘဲ အရေးယူနိုင်မယ် ဆိုမှာလား ၊ တရားဥပဒေစိုးမိုးရေး ဆိုတဲ့ အပို်င်းမှာ မဖြစ်ပွားသေးသော ရာဇ၀တ်မှုတွေကို မဖြစ်ပွားရအောင် ကြိုတင် ကာကွယ်ရေးဆိုတာ ပါ တယ် ၊ ဖြစ်လာမှ အမေ တ လို မရဘူး ။ စုံစမ်းထောက်လှမ်းလို မရဘူး။ မဖြစ်ခင်ကတည်းက စုံစမ်းထောက်လှမ်းစရာတွေ ရှိမယ် ။ အရေးယူရမှာတွေ ရှိမယ် ။

အနံအသက်ရှိသူတွေ သင်္ကာမကင်းရန် ရှိသူတွေကို ကြိုတင် ထိမ်းသိမ်းတာတွေ လုပ်သင့် ရင် လုပ်ရမယ် ဒီနေရာမှ အမေရိကံတို.ရဲ ထုံးကို ယူသင့်က ယူရလိမ့်မယ် ။ လူ.အခွင့်အရေး တွေ ၀ အခွင့်အရေးတွေ ဘေးချိတ်လိုက် ။

မြန်မာနိုင်ငံမှာ သူရဲဘောကြောင်တဲ့ စစ်သားဟောင်းကြီး ဦးသိန်းစိန်က ထောင်တွေခါ ရာဇ ၀တ်သားတွေ ကို လွှတ်ပြီး နာမယ်ကောင်း ယူနေတယ် ။ ဒီလိုနဲ့ အတိုက်အခံတွေကို ထိမ်းထားနိုင်လိမ့်မယ် လို.ထင်နေတယ်။ သူတိုမိသားစုကျတော့ လက်နက်ကိုင် အစောင့်တွေ အရှောက် တွေနဲ့နေပြီး ပြည်သူတွေရဲ့ ရုံးပြင် ကန္နားတွေ .ခလေးတွေရဲ့ ကျောင်းတွေမှာတော့ အစောင့် ဆိုလို ခွေးတစ်ကောင်တောင် မရှိဘူး ။

အစိမ်းရောင် ယူနီဖေါင်းဝတ်စုံတွေကို လူတိုင်းဝတ်နေကြတယ် ၊ လက်နက်တကိုင်ကိုင်နဲ့ ဘယ်တပ်ကမှန်း မသိရသူတွေကလဲ လပ်ယားလပ်ယား လုပ်နေသေးတယ် ၊ မေးလဲ မမေးရဲ စစ်လဲ မစစ်ရဲ ။ မရှိတဲ့ ငြိမ်းချမ်းရေးကို ပျက်မှာစိုးလို.တဲ့ ။

အလုပ်ပြ သဘော ဟန်ပြသဘောနဲ မီးဖိုချောင်သုံး ဒါးတွေ ၊ ကိုင်းခုတ် တောင်ယာလုပ် ဒါးတွေ ကိုတော့ မကြာခဏ ဆိုသလို သိမ်းပြနေတာတွေ.ရတယ် ၊ လက်နက်ကိုင်တွေနဲ့ တွေ.ရင် သေပြန်ပြီအရပ်သား ၊ ကျဆုံး ပြန်ပြီ တပ်မတော်သား ဆိုတာတွေဘဲ ကြားနေ ရတယ် ။ သေသူ ကျဆုံးသူ တွေဟာ ဒါးနဲ့ အခုတ် ခံကြရတာ မဟုတ်ဘူး ဒါးတွေ သိမ်းထားလို ဒါးနဲ့ အခုတ် မခံရတာလဲ ဖြစ်နိုင်တယ် ။ သေနတ်နဲ့ အပစ်ခံရလို သေကြ ကျဆုံးကြရတာ ။

အဲ့တော့ “ မြန်မာနိုင်ငံရဲ့ လုံခြုံရေး အ၀ါရောင် အဆင့် တင်ထားတယ်” လို ဆိုနိုင်အောင် မီးခလုပ်လေးတွေ နှိပ်ပြီး နီ ၀ါ စိမ်း အရောင် ပြောင်းနေရုံနဲ့ မပြီးပါဘူး ၊ တကယ် ထိရောက် တဲ့ အစီအစဉ်တွေ လက်တွေချမှတ် ဆောင်ရွက်ဘို.လိုပါတယ် ။

အကယ်၍ ဖြစ်လာလို.သေဆုံး ကျဆုံးရသူတွေရှိခဲ့ရင် သူတို.ထဲမှာ လုံခြုံရေးဆိုင်ရာတာဝန် ခံတွေရဲ့ သား သမီး မြေမြစ်တွေ ဆွေမျိုးညာတကာ တွေ ပါမသွားဘူးလို မပြောနိုင်ပါဘူး။ မပါ ပါစေနဲ့ လို. တော့ ဆုတောင်း ပေးမယ် ။ //

0 new messages