Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

ဗမာတောင်ပေါ်ရောက် ချင်းမြစ်ရေသောက်

43 views
Skip to first unread message

Zomi for Federalization and Democratization of Bur

unread,
Oct 5, 2014, 2:34:53 PM10/5/14
to

=====
When I was a young boy (of about 6 or 7 years of age), I heard "ချင်း မြစ်ရေ သောက်၊ ဗမာ တောင်ရိုး ရှောက်" from my paternal uncle who spent a great number of years among Bamar Buddhists in Mawlaik and Phaungpyin, where a Buddhist monk uttered these words.

The time for the oppressed Chins to rule Burma will come!
=====

ဗမာတောင်ပေါ်ရောက် ချင်းမြစ်ရေသောက်

Posted by adminPosted on Wednesday, July 23rd, 2014

ကျတော်မြန်မာနိုင်ငံတွင် နေခဲ့စဉ်က အထက်ပါ ” တဘောင် ” ကိုမကြားခဲ့ဖူးပါ၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်မြို့တော် အိုက်ဇောလ်မြို့သို့ရောက်လာပြီး ၁ဝ-နှစ်ကျော်ကာလ အကြာတွင် စစ်ကိုင်းတိုင်း ကလေး မြို့နယ် ရှားတောရွာမှ ပြောင်းရွှေ့လာသော မိတ်ဆွေသစ် တစ်ယောက်ထံမှကြားသိခဲ့ရခြင်းဖြစ်ပါသည်၊

တဘောင် ဟူသည် ဘုရားဟောဗျာဒိတ်လည်းမဟုတ်၊ ဗေဒင် နက္ခတ် ဟောကိန်းလည်းမဟုတ်၊ ဖြစ်လာ လတ္တံ့သောအရာ ကို ပြည်သူလူ ထုရင်ကြားမှ တပြိုင်တည်း ပေါက်ထွက်လာသည့် အတိတ်နိမိတ်ဆိုက မှားအံ့မထင်ပါ၊

တဘောင်နှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါသည်၊ ပေါက္ကာရာမပြူပုဂံခေတ်ကုန်၍ မြန်မာပုဂံ ခေတ်ဦး ကာလ၊ တောင် သူကြီးမင်းလက်ထက်တွင် “ မင်းလောင်းပေါ်မယ် ” ဟူသောတဘောင်ပေါ်ခဲ့ရာ တစ်နေ့သော အခါ တွင် ပုဂံမြို့သူမြို့သားများ မင်းလောင်းကြို ရန် မြို့တံခါးနေရာသို့ချီတက် သွားကြသည်၊ တောင်သူကြီးမင်း ထံတွင် ကွမ်းဆော်အမှုဖြင့် ခစားနေသော ကြောင်ဖြူ ရွာသားလုလင်ငယ်တစ်ယောက်လည်း မင်းလောင်းလာမည် ထင်သည့် မြို့တံခါးဆီသို့ တစ်ယောက် တည်းထွက်လာခဲ့စဉ် လမ်းခုလပ် တွင် မင်းမြှောက်တန်ဆာဆင်ယင်ထားသောမြင်းစီး အဘိုးအို တစ်ယောက်နှင့် ဆုံခဲ့ရာ အဘိုးအိုက မေးမြန်းစုံစမ်းသဖြင့် မင်းလောင်း ကြို ရန် သွားရခြင်းဖြစ်ကြောင်းဖြင့် ဖြေကြားခဲ့သည်၊

ထိုအခါအဘိုးအိုက မင်းလောင်းကြိုမည်ဆိုလျှင်ဒါတွေနဲ့ သွားကြိုနှင့်ဆိုပြီး ၄င်းဆင်မြန်းထားသည့် မင်း မြှောက် တန်ဆာများ ( မကိုဋ်၊ ရွှေခြေနင်း၊ သံလျက်၊ သားမြီးယပ်။ ထီးဖြူ၊ အရိန္မမြာလှံများ) ကို ဆင်မြန်းပေးကာ စီးနင်းလာ သောမြင်းပေါ်တင်ပေးပြီး တခါတည်း အဘိုးအိုလည်း ကွယ် ပျောက်သွားခဲ့သည်၊ ထိုလုလင်ငယ်သည် မြို့တံခါးသို့ ရောက်လာသော် မြို့သူမြို့သားများက မင်းလောင်းပေါ်ပြီဟုကြွေးကြော်ပြီး နန်းတော်ဖက်ဆီသို့ချီ ဆောင် လာသည်ကိုမယုံနိုင်လွန်းသောတောင်သူကြီးမင်းသည် နန်းတော်တံ ခါးပြင်သို့အံ့သြစွာ ထွက်ကြည့်စဉ် နန်းတော် လှေခါးမှ လိမ့်ကျကာသေဆုံးခဲ့သဖြင့် ထိုလုလင်ငယ်သည် နန်းတော် ပေါ်တက်လာပြီး ကွမ်းဆော် ကြောင်ဖြူ မင်း ဘွဲ့ဖြင့် ပုဂံပြည်ကို အုပ်ချုပ်လာခဲ့သည်ဟု မြန်မာ့ရာဇဝင်ပုံပြင်အရ သိရှိခဲ့ရပါသည်၊ ယင်းပုံပြင်အရ တဘောင်၏ သ ဘောကို နားလည်ရိပ်မိနိုင်ကြတော့မည်ဟုယူဆပါသည်၊

ယနေ့ချင်းအမျိုးသားများသည် စီးပွါးရေး နှင့်ဘဝရပ် တည်ရေးအတွက် မိမိတို့ဇာတိမြို့ရွာများကို စွန့်ခွါပြီး စီးပွါးရေးအချက်အ ချာဖြစ်သော မြေပြန့်ဒေသရှိမြို့ကြီးများ သို့ပြောင်းရွှေ့နေထိုင်ကြသည်၊ ဖွံ့ဖြိုးရေးနှေးကွေး လွန်း သော တောင်ပေါ်ဒေသတွင်ပင် ပန်းကြီး စွာ လုပ်ကိုင်ရသည်ထက် အစစအရာရာတွင်ဖွံ့ဖြိုးနှင့် ပြီးသော မြို့ကြီး ပြကြီး များတွင် ဘဝထူထောင်ရသည်က ပိုမိုခ ရီးရောက်ပြီး ကြီး ပွါးလွယ်သဖြင့် အနည်းနှင့် အများဆိုသလို ဘိုးဘွား များအ မွေ၊ မွေးရပ်မြေအားထာဝရကျောခိုင်းစွန့်ခွါလျက် ရှိနေကြ ပါသည်၊ ထိုသို့ မိမိတို့ စားဝတ်နေရေးနှင့် ဘဝရပ်တည် ရေး၊ တိုးတက်ကြီးပွါးရေးအဖို့ ပြောင်းရွှေ့နေကြရသည်ကို မဝေဖန်လို ပါ၊ အထက်ခေါင်းစဉ်ပါ တဘောင် အရ အလိုအ လျောက် အကောင်အထည်ဖော် လိုက်ခြင်းဖြစ်နိုင်သည်ဟုယူဆလိုပါသည်၊

ကျတော်ဖတ်ရှုလေ့လာခဲ့ဖူးသည့်အရှို ( မြေပြန့် ) ချင်းပုံပြင်တစ်ပုဒ်ကိုသွားသတိရမိပါသည်၊ ဗမာနှင့်ချင်းညီ အစ်ကိုရှိခဲ့ရာ မိခင်လှီဘုရားမ က သားကြီးဖြစ်သူ ဗမာအား ညီငယ်ဖြစ်သူ ချင်းကိုစာရေးစာဖတ် သင်ကြားပေး ရန်ခိုင်း သော်လည်း အစ်ကိုဗမာက စာကိုမသင်ပေးဘဲ စာသင်ခအဖြစ်ကျွဲ၊ နွားစသော အိမ်မွေးတိရစ္ဆာန်ကြီးများကိုသာ အ တင်းတောင်းနေရသဖြင့် ညီဖြစ်သူ ချင်းကလေး သည် မိမိပိုင် လက်ကျန်အိမ်မွေးတိရစ္ဆာန်ဖြစ်သော ဝက်၊ ခွေး၊ ဆိတ်၊ ကြက်၊ ကြောင်တို့ကိုဆွဲပြီး တောင်ပေါ်သို့တက် သွား နေထိုင်ရာ မှတောင်ပေါ်သားဘဝဖြင့် တင်းတိမ်ခဲ့ရသည် ဟု ဆိုသည်၊ အစ်ကိုဖြစ်သူ ဗမာက ဝက်သားစားလိုသည့်အခါ ညီငယ် ချင်းထံမှ ဝယ်ယူနေ ရပြီး ညီကအစ်ကိုထံမှ ကျွဲ၊ နွားများကိုဝယ်နေရခြင်းဖြင့် တောင်ပေါ်၊ မြေပြန့် စီးပွါးရေးအရ အချင်းချင်းမှီခိုလာခဲ့သည်ဟုဆို သည်၊ နောင်တွင် ညီ၏ အဆက်အနွယ်များထဲမှ တစ်ချို့သည်လည်း ၄င်းတို့ ဘကြီး၏ အဆက်အနွယ်များနေရပ်မြေပြန့်ဒေသသို့ စုန်ပြီး အခြေချ နေထိုင်ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်၊

ပထမကမ္ဘာစစ်မှ စပြီး တောင်ပေါ်ချင်း အမြောက်အမြား ဗြိတိသျှအစိုးရလက်အောက်တွင် စစ်မှုထမ်းယင်း ပြင်ပလောကနှင့် ထိတွေ့လာခဲ့ သည်မှ အသိအမြင် ဗဟုသုတများရလာပြီး မိမိတို့ဘဝမြှင့်တင် လိုစိတ်ပွါးလာခဲ့သည်၊ ၄င်းတို့၏ မျိုးဆက်သစ်များအား ပညာသင်ကြားစေခြင်းဖြင့် မိရိုးဖလာအသက်မွေးဝမ်းကျောင်းဘဝကို တဖြည်းဖြည်း ကျော်လွန်လာပြီး မိမိတို့ အရည်အချင်း အလျောက် ဝန်ထမ်း လောကသို့ဝင်ရောက်လာကြသည်၊ ယနေ့တွင်မူ အဆို ပါ စစ်မှုထမ်းဘဝ၊ ဝန်ထမ်းဘဝများ ကိုကျော်လွှားလာပြီး စီးပွားရေးလောကသို့ခြေစုံနင်းလာသူ အမြောက်အမြား ရှိ လာပြီဖြစ်သည်၊ စီးပွားရေးလုပ်ငန်းမှာ ကောင်းမွန်သောသယ် ယူ ပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေးသည် အဓိက ဖြစ်နေသဖြင့် လမ်းပန်းဆက်သွယ်ရေးမဖွံ့ဖြိုးသေးသည့်တောင်ပေါ်တွင် ပင်ပန်းကြီးစွာရောင်း ဝယ်ဖောက်ကားနေ ရသည်ထက် အစစအရာရာတွင် ဖွံ့ဖြိုးနေနှင့်ပြီးသော အောက်မြေ၊ အောက်ရွာသို့ စုန်ဆင်း ရောင်းဝယ်ရသည်က ပိုမိုခရီးရောက်ပြီး အောင်မြင်မှုအရှိန်အဟုန်ဖြင့်တက်လာနိုင်သည် ကိုကောင်းစွာ သဘော ပေါက် နားလည်လာ ကြ သည်၊ ထို့ကြောင့် တောင်ပေါ်နေ ချင်းလူဦးရေတိုးပွါးမှုအရှိန်ကျဆင်းလာပြီး မြို့ကြီးပြကြီးများသို့ ရွှေ့ပြောင်းနေ ထိုင်သူ ချင်းလူဦးရေ တိုးတက်လာသည်ကို တွေ့နေရခြင်းဖြစ်ပါသည်။

ယနေ့ချင်းပြည်နယ်သည် ယခင်က ချင်းဝိသေသတိုင်းဖြစ်ခဲ့ပါသည်၊ ဝိသေသတိုင်းဖြစ်လာရခြင်းမှာ မဖွံ့ဖြိုး သေးသော ဒေသ အား ဗဟိုအစိုးရမှလိုလေသေးမရှိ ဘဏ္ဍာရေးထောက်ပံ့ရန်ပင်ဖြစ်သည်၊ ပင်လုံစာချုပ် အဖွဲ့ ဝင်ဖြစ် လျက် ထိုသို့ဘဏ္ဍာရေးအထောက် ပံ့ခံပြည်နယ်ဖြစ်ရခြင်းအကြောင်းရင်းကို သဘောမပေါက်၊ နားမလည်ရှာ ကြသော ချင်းနိုင်ငံရေး ခေါင်းဆောင်များသည် မိမိတို့ဝိသေ သတိုင်းအတွက် ကျလာသော ဘဏ္ဍာတော်ငွေများကို ဒေသဖွံ့ဖြိုး ရေးအတွက် အကုန်အစင်သုံးစွဲရမှန်းမသိဘဲ နှစ်ကုန်တိုင်း လက် ကျန်ငွေ များအား နိုင်ငံတော် ဘဏ္ဍာရေး ဌာနသို့ပြန် လည်ပေးပို့လေ့ရှိသည် ဟုသိရပါသည်၊ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံမခံရပါက “ ဘာလို့ပြန်ပို့တာလဲ၊ အကုန်လုံးသုံးလိုက်ပေါ့၊ မလောက်ယင်လဲပြန်ပေးရမှာ၊ ခင်ဗျားတို့ ချင်းတောင်ဖွံ့ဖြိုးရေး လျင်မြန်အောင် အထူး ထောက်ပံ့တဲ့ငွေဘဲ” ဟု ပြောမှာ သေချာပါသည်၊

ယင်း နိယာမကို မီဇိုရမ်တွင်လည်းတွေ့ရပါသည်၊ သာဓကမှာ Union Territory ခေတ်ဦးကာလ ၁၉၇၁-၁၉၇၅ ခန့်တွင် ပြည်နယ် အစိုးရကသုံးမကုန်သည့်ဘဏ္ဍာတော်ငွေ လက်ကျန်များ အား ဗဟိုသို့ ပြန်လည်ပေးပို့ရာ အိန္ဒိယအစိုးရက “ ဘာလို့ပြန်ပို့တာတုန်း၊ မလောက်ယင်ပြန်ပေးမှာပေါ့၊ ပြန်ယူသွား၊ ဘယ်လောက်လိုသေးလဲ၊ ထပ် ပေးမယ်၊”ဟုဆိုပြီး ဆောင်းပေးခဲ့ရာမှ မီဇိုရမ်ဟာ ယခုကဲ့သို့ တိုးတက်ဖွံ့လာရခြင်း ဖြစ်ပါသည်၊ ဧကန္ဒတော့ လွတ်လပ် ရေးရစကာလတွင် ချင်းပြည်နယ်သည် ဝိသေသတိုင်းအဆင့်သို့ ပင်ရောက်နေပြီး မီဇိုရမ်ဟာ ခရိုင်အဆင့်တွင် သာရှိခဲ့ သည်၊ အမှန်မှာ ထောက်ပံ့ငွေများကို အကျိုးရှိရှိအသုံးချတတ်၍သာ ယခုကဲ့သို့ တိုး တက်လာခြင်းဖြစ်သည်ကို သင်္ခန်း စာ ယူသင့်သည်။

ဗြိတိသျှခေတ်ကတည်းက ခရိုင်ရုံးစိုက်ရာမြို့များဖြစ်သည့် ပလက်ဝမြို့နှင့် ဖလမ်းမြို့လူနေမှုအဆင့် အတန်း သည် အိုက်ဇောလ်မြို့ အဆင့် အတန်းနှင့် ကွာခြားလှပါသည်၊ ယခုတွင်မူပြောင်းပြန်ဖြစ်နေပါပြီ၊ ဝိသေသတိုင်း ဘတ် ဂျက်ကို အကုန်မသုံးရဲဘဲ ဗဟို သို့ပြန် ပို့နေ ခဲ့ရသည့်ရလဒ်သည် ချင်းတို့အား အထင်အမြင်သေးစရာဖြစ် လာပါ တော့သည်၊

ကိုယ့်ပြည်နယ်တိုးတက်မှုနှေးကွေးနေခြင်းကြောင့် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရ သော် လည်းကောင်း၊ မိမိတို့ ဘဝဖူလုံရေးအတွက်သော်လည်းကောင်း အဘချင်းပြည်နယ် အားစွန့်ခွါပြီး မြေပြန့်ဒေသသို့ ပြောင်းရွှေ့သူများ နှစ်စဉ်နှစ် တိုင်း တရိပ်ရိပ် မြင့်တက်လျက်ရှိရာ ချင်းအများအပြား မြစ်ရေကို သောက်နေ ကြရပြီဖြစ် သည်၊ ဗမာတွေကော ဘယ်ချိန်ဘယ် ခါတောင်ပေါ်ရောက် လာကြမည်နည်း၊ ဤတဘောင်သည် ဗမာများက ချင်းတို့ အားဝါးမြိုမည့်နိမိတ်လက္ခဏာ ပေလော မပြော တတ်ချေပြီတကား၊

======

One Comment to “ဗမာတောင်ပေါ်ရောက် ချင်းမြစ်ရေသောက်”

Salai Zaw Zaw says:
August 18, 2014 at 5:13 pm

This is an amazing story and article! The article highlights our Chin traditional heritage and cultural values.
ဒီဆောင်းပါးလေးကို ယခုချင်းပြည်နယ် အစိုးက အဖွဲ့ ဝင်တွေ၊ ချင်းတော်လှန်ရေးခေါင်း
ေေေေေေ ဆောင်တွေ၊ ပညာတတ်တွေ ဖတ်သင့်ပါတယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ဒါဟာ သိသင့်သိထိုက်တဲ့ ရိုးရာပုံပြင်လေးပါ။
ေို ခိုနှုန်းထုန်သတင်းဌါန အနေနဲ့ ချင်းရိုးရာ ပုံပြင်လေးတွေ လစဉ် သတင်းမှာ အမြဲထုတ်ပေးစေချင်ပါတယ်။

======

http://www.khonumthungburmese.org/?p=3838

=====

0 new messages