Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

မဘသ ကို မတရားအသင်း တခုအဖြစ် ကျေညာမလား ?

17 views
Skip to first unread message

minkyaw thuyein

unread,
Jul 13, 2016, 5:45:27 AM7/13/16
to
တိုင်းချစ် ပြည်ချစ် အမျိုးဘာသာ ချစ် တို.
12 July 2016 နေ သစ်ထူးလွင်က ဖေါ့်ပြတဲ့ “မဘသ တရားဝင် အဖွဲ့အစည်းမဟုတ်ကြောင်း မဟနပြော ”ခေါင်းစဉ်နဲ့. RFA သတင်းတပုဒ်ကို ဖတ်လိုက်ပြီး ဖြစ်ကြပါလိမ့်မယ်။
‘မဘသ’ ကို တရားဝင် အဖွဲ.အစည်းမဟုတ်ကြောင်း လို. မဟန အဖွဲ.က ဆိုရအောင်၊ ဒီ ‘မဘသ’ အဖွဲ.ကို “ မတရားအသင်း” အဖြစ် အစိုးရက ကျေညာထားသလားဆိုတဲ့ မေးခွန်းကိုမေးဘို.လိုပါလိမ့်မယ်။

မဘသ ကို မဟန က အသိအမှတ်ပြုတာ မပြုတာနဲ့ မဆိုင်ပါဘူး။ မဟန ဟာ ဗုဒ္ဓဘာသာအဖွအြစည်းတွေရဲ့ ထီးဆောင်း အဖွဲ.လို. ပြောထားသလား?

VOA ရဲ့ သတင်းနဲ့ တွဲပြီး ဖတ်လိုက်ရင်လဲ သာမန်လူစကားနဲ့ ပြောရရင် ဘုန်းကြီးချင်း သပိတ်စောင်းခုတ်နေ တာလား - ၀ါရင့် ဘုန်းကြီး တွေ မဘသ ရဟန်းငယ်တွေ နိုးကြား
လာတာ အမျိုးသားရေးမှာ သူတိုနေရာ မရမှာကိုစိုးရိမ် ၀န်တို ကြတာလား လို. ထင်မှတ် စရာဘဲ။ ၀ါရင့် ဘုန်းကြီးတချို.ဟာ တချိန်က မဘသ မှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့ ကြတယ် လို သိရတယ်။

အတိတ်အကြောင်း ပြန်ပြောင်းပြောရရင် မင်းတုန်းဘုရင် လက်ထက်က ညီတော် အိမ်ရှေ.စံ မင်းသား ကနောင်မင်းက အ၈င်္လိပ် ရန်ကို ကာကွယ်ဘို. လက်နက်အပါအ၀င် အစီအစဉ် တွေ ချမှတ်လုပ်ဆောင်နေတာကို သံဃ မဟာနာယက ဆရာတော် မနှစ်မြို.လို မင်းမိန်နဲ့ တားမြစ်ရပ်ဆိုင်းခဲ့ရဘူးတယ် ဆိုတာကိ မျတ်သားရဘူး တာ သတိရမိတယ်။

ဒီထုံးအရ ဆိုရင် မဟန တွေ ကြောင့်. မြန်မာနိုင်ငံမှာ ဗမာ ဗုဒ္ဓဘာတွေ ကွယ်ပျောက်ဘို အချိန်ရောက်လာပြန်ပြီးလား လို. စိုးရိမ်စရာ ဖြစ်နေပြီ ။

မြန်မာလူမှုရေး သတင်းမီဒီယာ က ဖေါ်ပြချက်ဟာ "နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့-မဟန ရဲ့ ကြေ ညာချက်" လို့ ယူဆရတဲ့ မူကြမ်းတခု” လို.ဆိုထားတဲ့ အတွက် “ယူဆ” ခြင်တာ ယူဆလို.ရနေတာဘဲ ဟုတ် ခြင်မှလဲ ဟုတ်မယ် ၊ မှန်ခြင်မှလဲ မှန်မယ် ဆိုတဲ့ ဒွိဟ သံသယ ပေါ်လာရတယ်။ ဒီဒွဟသံသယရဲ့ အကျိုး ကို ဥပဒေအရ မဘသ ခံစားခွင့်ရှိတယ် လို. ပြောရလိမ့်မယ်။

မြန်မာနိုင်ငံမှာ ဒို.ဗမာ အစည်းအရုံး ၊ ဗုဒ္ဓဘာသာ ကလျှာန ယုဝ အသင်း ၊ Y.M.B .A.နဲ့ တခြားဗုဒ္ဓဘာသာ အသင်းတွေ ရှိကြသလို ရဟန်းပျို အဖွဲ.ဆိုတာရှိတယ်။ ဘာကြောင့် ရှိခဲ့ရတာလဲ ရှီနေရတာလဲ သူတိုရဲ့ ရည်ရွယ်ချက် ရည် မှန်းချက်တွေက ဘာလဲ ? ။

အလားတူဘဲ တခြားဘာသာတွေ ဖြစ်တဲ့ ခရစ်ယန်၊ မွတ်စလင် ။ ဟိန္ဒူ နဲ့ Sikh အသင်းတွေ လဲ ရှိကြတယ် လို.သိ ရတယ်။ သူတိုဟာသူတို တက်ကြွစွာ လှုပ် ရှားနေဆဲဘဲလို.လဲ သိရတယ် ။ ဒါပေမဲ့ ဘယ်ဟာက တရားဝင် အသင်း ၊ ဘယ်ဟာက “မတရားအသင်း” လဲ ဆိုတာတော့ မသိဘူး။

သတင်းတွေအရ ကတော့ မြန်မာနိုင်ငံမှာ “ မတရား အသင်း” ဆိုတာတွေ မရှိတော့ဘူးလို. သိရတာဘဲ ။

ဆိုရှယ် မီဒီယာမှာ လူတိုင်းဟာ ကိုယ့်ဆန္ဒ ထင်မြင်ယူဆချက်တွေ တံခါးမရှိ ဒါးမရှိ ရေး နေကြတာဘဲ ။ ကိုယ်တိုင်လဲ တင်ပြနေတာတွေ.ရတ တယ်. ဖတ်သူတွေက ဆင်ခြင် သုံးသပ် ဖတ်ကြဘို. မှန်မမှန် ယုတ္ထိ တန်မတန် ဆုံးဖြတ်ကြဘို.ဘဲ ။ “ သူများယောင်လို ယောင်ရတယ်- အမောင် တောင်မှန်း မြောက်မှန်း မသိ ဖြစ်ရင်၊ မသိတဲ့ အမောင် ဆိုတဲ့ ကိုယ်သာဘဲ ညံ့ရာရောက်မယ်။

ဒီမိုကရေစီဆိုတာ မီးများမီးနိုင်ရေများရေနိုင် ၀ါဒလို . ဆိုသူက ဆိုနေတာမို။ ဒီမိုကရေစီဟာ အများအမှန်ကို အာမခံချက်မပေးနိုင်ဘူး လို. မှတ်ယူသူတွေရှိတယ် ။ ဒါကြောင်.တချို.ကလဲ ဒီမိုကရေစီဆိုတာ ပရဟိတ္တ အကျိုး သယ်ပိုးရွက်ဆောင် တာကို ပြောတာဘဲ လို အဓိပါယ် ဖေါ်ကြပြန်တယ်။ ဒီနေရာမှာ တွေးတော ဆင်ခြင်စရာတွေ ပေါ်လာတာပေါ့။

ဒီမိုကရေစီ ကို အနောက်တိုင်းက အဓိပါယ်ဖေါ်ဆိုထား သလို “လှေကြီး ထိုး-ရိုးရိုး” မြင်နေ တဲ့ သူတွေနဲ့ ကွဲလွဲနေတာတွေ.ရတယ်။ တဦးတယောက်က တာဝန်သိစိတ်နဲ့ အများ အကျိုး သယ်ပိုးရင်လဲ ဒီမိုကရေစီ မြောက်တယ် လို.မှတ်ယူနိုင်တယ် ။

မြန်မာမှု ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာ အလှုအတန်းပြုသူဟာ သူ ရဲ့ သဒ္ဒါတရားအရ( အသိစိတ်) အရ ပေးကမ်းစွန်ကျဲ လှုတန်းတာ ပါ. သူကို လှုရမယ် တန်းစရမယ်လို ပြည်သူ လူထုက ( လူအများက) ။ တာဝန်တရပ်ပေးလာလို. မဟုတ်ပါဘူး ဆိုတဲ့ သဘောပါဘဲ။

ဒီမိုကရေစီ ဆိုတာ လူအူုပ်နဲ့ ၀ိုင်းရိုက်တာလဲ ဖြစ်နိုင်တယ် ၊ Mob rule ဆိုတာလဲ ဖြစ်နိုင် တယ် ၊ ဖြစ်နိုင်တာ တွေက တော့ အများကြီးဘဲ ၊ “ လူကြံရင် နရံ တောင် ဒုတ်ကနောင်း ဖြစ်တယ်” လို. ဆိုထားတော့ လူကြီး တွေ ပြောတဲ့ “ မဖြစ်နိုင်တာမရှိဘူး - မဖြစ်သေးတာ သာ ရှိတယ်” ဆိုတဲ့ စကားနဲ့ နှိုင်းယှဉ် ဆင်ခြင်ဘို. လိုမယ်။

“နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့-မဟန” ရှိနေလို. “ မဘသ” ရှိစရာမလိုဘူး ဆိုရင် “ ရဟန်းပျို.အဖွဲ.” အပါအ၀င် တခြား ဗုဒ္ဓဘာသာ အဖွဲ.အစည်း အမျိုးဘာသာ စောင့်ရှောက် တဲ့ အဖွဲ အစည်း - အမျိုးဘာသာ စော်ကားတဲ့ အဖွဲ.အစည်းတွေ လဲ ရှိဘို လိုတော့မယ် မဟုတ် ဘူး။ ရှိနေ့ရင် အားလုံးကို “မတရားသင်းတွေ” အဖြစ် ကျေညာ လိုက်ရင် ကောင်း လိမ့်မလားလို. ၀ိုင်းပြီးစဉ်းစားကြတာပေါ့ ၊။ ။ ။

moegy...@gmail.com

unread,
Jul 16, 2016, 3:20:11 AM7/16/16
to
တင်းသူပြည်သား လူအများတို.၊

ေ ခေတ်မီတိုးစတက် ဖွံ.ဖြိုးနေတဲ့ ဒီမိုကရေစီ နိုင်ငံဆိုတာတွေမှ ဆဲရေး တိုင်းထွာ ယုတ်ရင်း ကြမ်းတမ်းသော စကားတွေကို သာမန်စကားတွေအလား နေ.စဉ် စကားပြောတိုင်း သုံးစွဲ နေကြတာကို တွေ.ရ မြင်ရ ကြားရတယ် ။

မြန်မာနိုင်ငံမှာ ခေတ်မီ တိုးတက် ဖွံဖြိုးတာနဲ့ ဘာမှ မဆိုင် ဆဲဆို တိုင်းထွာ ယုတ်ရင်း ကြမ်းတမ်းသော စကားတွေကို ဒေါသ မထိမ်းနိုင်တဲ့ အခါ ပုထုဇဉ် အားလုံး လူကြီး လူငယ် ဘုန်းကြီး ရဟန်းအပါအ၀င် အားလုံး အနဲ နဲ့ အများဆိုသလို သုံးတတ်ကြတယ်။

းဒါကို ဘုန်းကြီးကျောင်းမှာ ကျောင်းသားအဖြစ် ၊ သာမဏေအဖြစ် ၊ ဒုလဘ္ဘရဟန်း အဖြစ် နေဘူးတဲ့ ကိုယ်တိုင်လဲ သိတယ်။ ဒါဟာ အတွင်းစကားဘဲ ။

လူဘဲ ဖြစ်စေ လူတွေကို ဆိုဆုံးမ သွန်စသင်ကြတဲ့ ဘုန်းကြီးရဟန်းဘဲ ဖြစ်စေ တိုဟာ လူသူ ၄ ပါးမျက်မှောက်မှာ ဆဲဆို တိုင်းထွာ ယုတ်ရင်း ကြမ်းတမ်းသော စကားတွေကို ဒေါသ အလျှောက် မြည် တွန် ပြောဆိုကြတယ် ၊ သာမန်အချိန် တွေမှာတော့ ထိမ်းထိမ်းသိမ်းသိမ်း ရှိကြတာ များတယ် သူများနိုင်ငံတွေမှာလို နေ.စဉ်းသုံးစကားအဖြစ် အကျင့်လုပ် မသုံးကြ ပါဘူး။ ဘုန်းကြီးရဟန်းတွေကလဲ ဆဲဆို တိုင်းထွာ ယုတ်ရင်း ကြမ်းတမ်းသော စကားတွေကို ကြိတန်ပြီး သုံးစွဲ ပြောဆိုတတ်ကြသည့်တိုင် လူတွေကို သင်ကြားပိုချ မပေးကြပါဘူး။

လူတွေဟာလဲ စကားပြောတတ်တဲ့ ခလေး လူမမယ်အရွယ်မှာဘဲ မိဘတွေရဲ အမူအကျင်.တွေကို ခိုးယူတဲ့ အခါ ဆဲဆို တိုင်းထွာ ယုတ်ရင်း ကြမ်းတမ်းသော စကားတွေကို နားထော်င်မှတ်ယူ ကြတာပါဘဲ ။ တချို မိဘများဆိုရင် ချစ်စနိုးနဲ့ ခလေးကိုတောင် ဒီစကားတွေ အမှုမဲ့ အမှတ်မဲ့ သင်ပေးတတ်ကြတယ် လို သိရပါတယ်။

ေ ဒီနေရာမှ ပြောခြင်တာက မဘသ ဦးဝိရသူအနေနဲ့ အထူးသဖြင် လူသူ ၄ ပါး ရှေ. စကားပြောတဲ့ အခါမျိုးမှာ ဒေါသကို လူတွေ ထက် ပိုပြီုး ထိမ်းသိမ်းဘို. လိုပါလိမ့်မယ်။

ဦးဝိရသူနဲ့ မဘသ တို ဆောင်ရွက်ချက်တွေဟာ အမျိုးဘာသာ သာသနာစောင့်ရှောက် ရေးဆို တဲ့ ရည်မှန်းချက် မြင့်မြတ်တဲ့ လုပ်ငန်းမှန်သော်လဲ ဆဲဆို တိုင်းထွာ ယုတ်ရင်း ကြမ်းတမ်းသော စကားတွေကို ဘယ်လို အကြောင်းနဲ့ ဘဲ သုံးစွဲ လာစေ မွန်မြတ်တဲ့ လုပ် ငန်းရဲ တန်ဘိုးဟာ ကျဆင်းသွားနိုင်ပါတယ်။

တနည်းအားဖြင့်လဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးကို ဗမာဗုဒ္ဓဘာသာ စိုးမိုးရေး
ဝါဒလို.တခြားဘာသာဝင်တွေရဲ့ အဓိပါယ်ပြန်ဆိုမှု ဆန်ကျင်တုန်.ပြန်မှုတွေကို ခံရနိုင် ပါ တယ်။ အခုလဲ သိသိသာသာ ခံ နေတယ် လို မြင်ပါတယ်။

ဘာသာ သာသနာ စောင့်ရှောက်ရေးဟာ ဘုန်းကြီးရဟန်းတွေရဲ တာဝန်သာ ဖြစ်တယ် လူတွေနဲ့မဆိုင်ဘူးလို.လဲ ပြောလို.မရပါဘူး။ အမျိုးဘာသာ စောင်ရှောက်ရေးကို ဦးဝိရသူလို ဘုန်းကြီးရဟန်းက လုပ်မယ် ဆိုရင်လဲ ဆဲဆို တိုင်းထွာ ယုတ်ရင်း ကြမ်းတမ်းသော စကား တွေကို လုံးဝ မသုံးဘဲ လုပ်ဆောင်သွားစေလိုပါ တယ်။ ။ ။


0 new messages