“ သူခိုးက လူဟစ်- ခွေးပါးစပ်က နတ်စကားထွက်” ကြိုက်တာကိုယူ ကိုယ်လူတို.။
ဒီအကြောင်းရေးတော့မယ် ဆိုတိုင်း အမေရိကံ တေြး့ပုဆရာ အနူပညာရှင် Paul Simon ရဲ့ Sounds of Silence တေးဟာ ခေါင်းထဲ ၀င်လာတယ်။ မသိသေးသူတွေ ရှာဖွေ ဖတ်ကြည့် ဘို. ကောင်းတယ်။ ကိုယ် ပြောခြင်တဲ့ စကားနဲ ဒီတေးရဲ့ စကားလုံးတွေဟာ အပ်စပ်နေလို ဒီတေးကို ညွှန်းလိုက်တာဘဲ၊ လေ့လာပြီး ရင် ကိုယ်နားလည်ခြင်သလိုသာ နားလည် လိုက် ကြပါတော့ ။
အမျိုးသားပြန်လည် ရင်ကြားစေ.ရေး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိုင်ငံတော် ငြိမ်းချမ်းသာယာရေး ဆိုတာတွေဟာ နားနဲ့ မဆန်.လို. နားထဲ မ၀င် လျှံကျနေတာလား။ နားဖါကြီးပိတ်နေလို နားထဲ မ၀င် တာ လား ဆိုတာတွေလဲ တွေးမိတာပေါ့ ။ ဘယ်သူတွေက ပြောနေသလဲ ဘယ်သူတွေက နားထောင်နေ သလဲ ? Paul Simon ရေးတဲ့ People talking without speaking , People hearing without listening, People writing songs that voices never share, and no one dared, disturb the sound of silence.ဆိုတာ သိပ် မှန်နေတာပေါ့ ။
ဒီစကားတွေဟာ နေ၀င် နေထွက် တနေ.ဟောင်းလို တနေ.ပြောင်းတိုင်း မနက်မိုးလင်းရင် စကားသစ် စကားဆန်းတွေ ဖြစ် ဖြစ်သွားတယ် ။ နှစ်ပေါင်း ဘယ်လောက်ကြာပြီ ဆိုတာ တိတိကျကျမပြောနိုင်ပါဘူး။ မျိုးဆက် တဆက်ပြောင်းတိုင်း ပြောင်း တိုင်း ဒီစကားတွေကို ဘဲ ပြောနေကြတာဘဲ ။ တမင်းပြောင်းတိုင်း ပြောတိုင်း ပြောနေကြတယ် ဘာလို. ပြောနေ ကြ တယ်တော့ မသိဘူး။ တကယ်လိုခြင်လ.ို ပြောနေတာလား မရနိုင်မှန်းသိလိုြေ့ပာနေကြ တာ လား။ မြန်မာနိုင်ငံမှာ ဘယ်အချိန် ဘယ်ကာလက ငြိမ်းချမ်းရေး ရှိဘူးတယ် ဆိုတာကို မမှတ်မိဘူး။
“အမျိုးသားပြန်လည် ရင်ကြားစေ.ရေး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိုင်ငံတော် ငြိမ်းချမ်းသာယာ ရေး” ဆိုတာကို အခု အထူးပြု ပြောနေသူတွေ မကြားသေးခင် ကာလ အထိ မောင်နဲ နှမ. သားနဲ့ အမိ စိတ်သဘောထားကွဲအောင် လုပ်ခဲ့ ကြတာဘဲ ။
သူတိုကိုမချစ်ရင် သူတိုကို မုန်းသူ ၊ သူတိုကို မထောက်ခံ ရင် သူတိုကို ဆန်ကျင်သူ ။ သူတို. မိတ်ဆွေမဟုတ်ရင် သူတိုရဲ ရန်သူ. ၊ သူတို ရန်သူရဲ့ မိတ်ဆွေဟာလဲ သူတိုရန်သူဘဲလို သတ်မှတ်ခဲ့ကြတဲ့ အထိဘဲ ။
အခု သူတိုကဘဲ “ အမျိုးသားပြန်လည် ရင်ကြားစေ.ရေး။ တိုင်းရင်းသားစည်း လုံးညီညွတ် ရေး နိုင်ငံတော် ငြိမ်းချမ်းသာယာ ရေး” ပြောလာတော့ တချိန်က ဒါတွေကို ပြောခဲ့တဲ့ လူတွေ ကိုဘဲ ခွေးလုံးလုံး ဖြစ်စေတာ လား. အခုမှပြောလာသူတို ကိုယ်တိုင်ကို “ခွေးပါးစပ် က နတ်စကားထွက်တယ်” လို. ရိုင်းရိုင်းပြောရမလား။ “သူခိုးက လူဟစ်တယ်” လို. သက်သက် ညှာညှာ ပြောရမလား ?
အထူးသဖြင် အခုချိန်မှာ လူတွေဟာ လေသံကြားတရားနာ နေကြတယ်လို. ပြောရမလား ၊ ကြက်တူရွေး-သာလိကာ ဌက်တွေလို ရေရွတ်နေကြသလို ရွက်နေကြတယ် အဓိပါယ် နားလည်ပုံမရှိဘူးလို. ထင်ရတယ်. သူတို.ဟာ ခွေးစကားရော နားလည်ကြသလား လို. မေးရမဲ့ ပုံ ဖြစ်နေတယ် ။
ငြိမ်းချမ်းရေး ကို ဘယ်လိုနည်းနဲ့ရရ လိုခြင်ပါတယ် ဆိုတာတော့ မဟုတ်ဘူး။ ရော့ ပတ္တမြား ရော့ နဂါး ဆိုတဲ့ မြန်မာစကားအရ အပေးအယူ တော့ လိုတဲ့ ပုံဘဲ ။ ဘယ်သူက ဘာပေးရ မယ် ဆိုတာတော့ ရှိလိမ့်မယ်။
ပြောဆိုနေတဲ့ စကားတွေ အရ. မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရနိုင်တာဟာ လက်နက်ကိုင် သောင်း ကျန်း တွေ ကြောင့် ဖြစ်တယ် လို. ပြောသူတွေရှိသလို. မြန်မာ့တပ်မတော်ကြောင့် ဖြစ်ရတာလို.ြေ့ပာသူတွေ တပ်မတော်ကို အပစ်တင်သူတွေ ရှိနေတယ် . တပ်မတော်ကို မလိုလားသူတွေ . တပ်မတော် မရှိစေခြင် သူတွေကလဲ ၁၉၄၅ ခု ထဲက ရှိခဲ့တယ် ။
တပ်မတော် ရှိနေရင် သူတို ချယ်လှယ်ခြင်တိုင်းချယ်လှယ်လို မရဘူး ဆိုတာသိကြတာကိုး။
ပြည်သူလူထု ဆိုတာ ပညာတတ်တွေလို.ပြောလို မရဘူး။ အများစုဟာ ရေးတတ် ဖတ်တတ် ရုံလောက်ရှိတယ်လိုဘဲ ပြောနိုင်မယ် ။ ပညာတတ်တွေရဲ အလှည် အပါတ် ကို ခံ ရစမြဲ ဘဲ ။
အထက်ကပြောခဲ့သလို. ‘အမျိုးသားပြန်လည် ရင်ကြားစေ.ရေး။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိုင်ငံတော် ငြိမ်းချမ်းသာယာရေး’ ဆိုတဲ့ စကားတွေ ဟာ တကယ်တန်ဘိုးမှ ရှိပါသေးရဲ.လားလိုမေးစရာဖြစ် နေတယ်။ ဘာကြောင့် လဲ ဆိုတော့. သူခိုးက လူဟစ်တယ် ဆိုတဲ့ စကား - ခွေးပါးစပ်က နတ်စကားထွက် တယ် ဆိုတဲ့ စကားတွေက ရှိနေတာကိုး။
၁၉၄၅ ခုနှစ်က စလို ဖြစ်စေ. ၁၉၈၈ ခု က စလိုဖြစ်စေ မြန်မာနိုင်ငံမှ ဘယ်သူတွေ ဘာပြော ပြီး ဘာလုပ်ခဲ့ ကြတယ် ဆိုတာကို ဒီနေ သက်ရှိထင်ရှားနေသူ လူကြီးလူငယ် အားလုံး သိကြ တာဘဲ ။ အမှန်ကို သိဘို. လိုတယ်လို. ပြောခြင်တယ် ။ အမှန်ဆိုတာ ကိုယ်ကမှန်တယ်ဆိုမှ အမှန် - ကိုယ်ကမှန်တယ် ထင်တာမှ အမှန်မဟုတ်တဲ့ အစစ်အမှန် ကို ပြောလိုတာ ဖြစ် တယ်။
အထူးသဖြင့် ဒီမိုကရေစီ ကို အကြောင်းပြပြီး ဘယ်သူနဲ့ မှ မပေါင်းနိုင် ရင်ကြားမစေ့နိုင် မစည်းလုံးနိုင် ဘဲ တဖက်လူကို ရန်သူလို သတ်မှတ် အပြုတ်ချရေးလမ်းစဉ်လိုက်ခဲ့ သူတွေ က ဒီနေ.‘အမျိုးသားပြန်လည် ရင်ကြားစေ.ရေး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိုင်ငံတော် ငြိမ်းချမ်းသာယာရေး ’ ဆိုတာတွေကို ရေပက်မ၀င်ြေ့ပာလာနေကြတယ်။
အထူးသဖြင့် ထောက်ပြစရာက “ မြန်မာ့နိုင်ငံ့တော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းဂဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” ဆိုတာကို လက်မခံတဲ့ သူတွေ၊ လက်နက်ကိုင် တပ်ဖွဲတွေဟာ တပ်မတော်ရဲ့ ကွတ်ကဲမှူ အောက်မှာ ရှိရမယ် ဆိုတာကို လက်မခံ သူတွေ နားလည် အော်င မကြိုးစားသူတွေဟာ၊ NLD တွေ ဘဲ ပေါ့ ။ သူတို. NLD တွေကသာ အရာရာကို ဦးစီးခေါင်း ဆောင်မှုြ့ပုရမယ် ဆိုတာမျိုး ပြောလာ တာ လုပ်လာတာတွေ တွေ.လာနေ ရတယ် ။
မည်သည့် အသင်းအဖွဲ. မဆို ကို ဖျက်သိမ်းပြီး NLD လက်အောက် ခံ ဖြစ်ရမယ် ဆိုတာက လဲ ပါသေးတယ် ။ အာဃာတ မထားရေး - လက်စားမချေရေး ဆိုတာတွေနဲ့တော့ တခြား စီ ဘဲ လို မြင်တယ်။ ယုံကြည် လက်ခံ နိုင်ဖွယ်ရာ ရိုးသားဖြောင့်မတ်တယ် လိုမမြင်ဘူး။ NLD လက်ထက် Leader ဟာ Dictator ဖြစ်အမှန်းမသိ ဖြစ်လာနေတာ တွေ.ရတယ် ။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လိုနေတာတော့အမှန်ဘဲ ။ ဒါမျိုးတွေနဲ့တော့ ငြိမ်းချမ်းရေးဟာ မနီးစပ်သေး ပါဘူး - အလှမ်းဝေးနေဆဲပါ ။ ရှီတေနတဲ့ ပဋိပက္ခ မှုကိုပြီး မကြီးထွားလာဘို.အပစ်အခတ်ရပ်ဆဲရေး ဆိုတာနဲ့ ထိမ်းထားနိုငဘညိုဘဲ ကြိုးစားရမယ်။ ‘ ကိုယ့်ဝမ်းနာ ကိုယ်သာ သိ’ ဆိုသလို ဘေူလူ တခြားသူတွေက မသိနိုင်ပါဘူး။ အထူးသတိထား ဆောင် ရွက်ကြရ မှာဖြစ်တယ်. သံသယဖြစ်စေမဲ့ ဘယ်လို အပြောအဆို လုပ်ရပ်မျိုးကိုမှ မကြိုစား သင့်ဘူး။ အလျှင်စလိုနဲ့ အလောမကြီးသင့်ဘူး ဆိုတာပေါ့။
NLD အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွေ ၊ NLD အစိုရရ့ မူဝါဒတွေကို နောက်လိုက်တွေကဘဲ အဓိပါယ် ကောက်မှားနေသလား ။ သူတိုကို ဘာလုပ် ဘာကိုင်ဘို တရားဝင်စာနဲ ပေနဲ့ ညွှန်ကြားချက်တွေ ရှိသလား ?
NLD ဟာ အာဏာရှင် ဆန်နြေ့ပီ ။ ဒါမှမဟုတ် အာဏာရှင် ဖြစ်အောင် သူနောက်လိုက် သူလူကလေး တွေက ဒီမိုကရေစီအားနဲ့ တွန်းပို.နေသလား - ချော်လဲ ရောထိုင် ပုံမှား ရိုက်နေသလား ဆိုတာ ပကါတီကိုယတိုင်က ဆန်းစစ် ရလိမ့် မယ်။
ဒုတိယ ကမ္ဘာစစ်ဟာ ၁၉၄၅ ခုမှာ ပြီးဆုံးခဲ့တယ် ဂျာမဏီနဲ့ ဂျပန်တို စေစေ.ညက်ညက် ခြေမှုန်းခံရတယ် စစ်ရေးမှာ နလံ မထူနိုင်ခဲ့ဘူး။ ဒါပေမဲ ကမ္ဘာ မှ ငြိမ်းချမ်းရေးဆိုတာ မရခဲ့ ပါဘူး ကိုရီးယားစစ်ပွဲ ဆက်ဖြစ် တယ် နိုင်ငံတွေဟာ လဲ ကွန်မြုနစ် နဲ အရင်းရှင် စံနစ် ကြားမှ မြေဇာပင်ဖြစ်ခဲ့ ကြရတယ်။ နီးရာဒါး ကြောက်ခဲ့ရတယ်။
မြန်မာနိုင်ငံမှာဆိုရင် တဖက်ဖက် ကတော့ စေ့စေ့ညက်ညက် ခြေမှုံန်ုးခံ့ရမှသာ ဖြစ်နိုင် စရာ ရှိတယ် ၊ဒါတောင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမယ်လို တာဝန်မခံနိုင်ဘူး။ မြန်မာ့တပ်မတော် ကို ဖြိုခွဲဘို ကြိုးပန်းနေတာတွေကို ကာချုပ် ကိုယ်တိုင်ရိပ်စား မိနေတာဘဲ တပ်မတော်ပါးပါး အလှီးခံနေရတာလဲ အသိသာကြီးဘဲ။
မြန်မာနိုင်ငံမှာ အခု ဆိုရင် တိုင်းရင် သားလက်နက်ကိုင် အဖွဲ.ဆိုတဲ့ စစ်တပ်တွေ အမျိုးမျိုး အသင့်ရှိနေကြတယ် ။ ဘယ်အချိန် ထ ချကြအုံးမယ် မသိဘူး။ ၁၉၄၈ ခု က ဖြစ်ခဲ့တဲ့ အတွေ.အကြုံတွေကို မေ့ဖျောက်လို. ဘယ်လိုမှ မရပါဘူး။
အခုလဲ ဒုတိယပင်လုံဆိုပြီး နိမိတ်မရှိ နမာမရှိ နဲ့ လုပ်ဘို ကြံစည်နေပြန်ပြီ လို သိရတယ်။ ဘုရားတ ရတော့ မဲ့ပုံဘဲ ၊ ဂေါတမ ၊ ဂျီးဇက် ၊ မိုဟာမက် တို. ဘယ်သူတွေကို အားပေး ထောက်ခံ ကြမယ် တော့ မသိဘူး။ ///
အမေရိကံြ့ပည်ထောင်စု ဟာ အမြင်အရမှာတော့ ငြိမ်းချမ်းနေတဲ့ နိုင်ငံတခုဘဲ သူ.ပြည်တွင်း မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကတော့ လေ့လာ သူတွေ သိကြတယ်။ အမေရိကံ ပြည်ထောင်စုဟာ မြန်မာ တချို ထင်သလို Paradise ဆိုတဲ့ လောကနိဗ္ဗာန် တခုတော့ မဟုတ်ဘူး။ သူပြော့ကွက်နဲ့ သူ။ သူချို.ယွင်းချက်နဲ့သူ ၊ သူ ဟာ ချက်နဲ့ သူတော့ ရှိနေတာဘဲ ။ သိအောင်ပြောတာပါ ကိုယ့် အလုပ်တော့ မဟုတ်ပါဘူး။ သူတိုအလုပ်မှာ ကိုယ်မပါ ဘူး။ ကိုယ့်အလုပ်မှာ သူတို စွက်ဖက် ပါဝင်တာကိုတော့ မကြိုက်ဘူး ထောက်ပြရမှာဘဲ ။
အမေရိကံ ပြည်ထောင်စုတွင်းမှာ ရီပါပလီကင် နဲ့ ဒီိမိုကရက် ဆိုတဲ့ အဓိက နိုင်ငံရေးပါတီကြီး ၂ ခုရှိတယ် ။
ဖွဲစည်းပုံ အခြေခံ ဥပဒေအရ . လူတိုင်းဟာ လက်နက်ကိုင်ဆောင်ခွင့် ရှိတယ်။ လူလူချင်း လေး လစားတာတော့ မဖြစ်နိုင်ဘူး။ လက်နက်ကို လေးစားတာဘဲ ဖြစ်နိုင်တယ်၊ သူတို စကားမှာ Son of the gun ဆိုတာရှိတယ် လေ။ အရာရာ ကို သေနတ်နဲ့ ဘဲ ဖြေရှင်းတာ သူတိုရဲ့အကျင့် အလေ့အထ ပြောင်းလဲလိုမရတဲ့ သူတို.ရဲ ဥာဉ် American way of life ဆိုတာဘဲ ။ ရှိတဲ့ လက်နက် ကို မဆင် မခြင် သုံးစွဲရင် သုံးစွဲသူဟာလဲကြာကြာ အသက် မရှည် ဘူး လုံခြုံရေးတပ်ဖွဲတွေက တွေ.တဲ့ နေရာမှာတင် ကိစ္စတုန်းပစ် လိုက်တာ ပွဲချင်းပြီး ဘဲ ။ ကဲ ဘာပြောမလဲ ။
တပ်မတော်မှတပါး တခြား လက်နက်ကိုင် အဖွဲ.အစည်းဆိုတာလဲ မရှိဘူး။ လက်နက်စွဲကိုင် သူတွေဟာ သေနတ်ပစ်အဖွဲ.အပါအ၀င် ဟိုအဖွဲ.ဒီအဖွဲ.ဆိုတာလေးတွေ ရှိသော်လဲ မြန်မာ နိုင်ငံမှာလို တပ်မတော်နဲ. စင်ပြိုင်ဆန်းကျင် တိုင်ခိုက်နေတဲ့တပ်တွေတော့ မဟုတ်ဘူး။
အမေရိကံ ပြည်ထောင်စုဟာ အမေရိကံ ဌာနေတိုင်းရင်းသားတွေ ( Red Indian ) ဆိုတာ တွေကို မျိုးဖြုတ် ခဲ့တယ် ၊ မျိုးတုန်းစေခဲ့တယ် ခေါင်း မဖေါ်နိုင်အောင် မြေမြုတ်ခဲ့တယ် ။ ဌာနေတိုင်းရင်းသားတွေ ၀ပ်သွားတာ အခု ချိန် ထိဘဲ ။ ကျန်သူတွေကို ကမ္ဘာလှည့် ခရီးသယ် တွေ ကြည့်ရအောင် Indian Reservations ဆိုတဲ့ သီးသန်.ကြိုးဝိုင်းတွေနဲ့ ထား တယ်။ တိရီစ္ဆာန် ဥယဉ်လို.ဘဲတော့ မဆိုလိုပါဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား တွေ က သူတိုနေရာနဲ့ သူတို သတ်သတ်မှတ်မှတ် သူတိုဟာ သူတို. နေခြင်တယ် လို. ပြောနေ တယ်။
မြန်မာနိုင်ငံက ပြည်တွင်း စစ်ဆိုတာဟာလဲ အမေရိကံပြည်ထောင်စုမှာ ၁၈၆၅ ပါတ်ဝန်း ကျင်က ဖြစ်တဲ့ ကွန်ဖယ်ဒရိတ်နဲ့ ယူနီယံ တိုကြား ( တောင်နဲ့မြောက်) စစ်ပွဲနဲ့ နှိုင်းဆာရင် မြန်မာနိင်ငံက ပြည်တွင်းစစ် ဆိုတာ သူတိုရဲ့ ကလေးတွေ ကစားတဲ့ စားပွဲ ပေါ်က စစ်သား အရုပ်တွေ ရဲ့ စစ်ပွဲသာသာဘဲ ရှိတယ်။
တချို. မြန်မာတိုင်ရင်းသားတွေက မြန်မာနိုင်ငံက ပြည်တွင်းစစ်ကို အမေရိကံ အင်ဒီယန်းဝါး ဆိုတဲ့ ဌာနေတိုင်းရင်းသားတွေကို အစတုန်းပစ်တဲ့ စစ်ပွဲနဲ့ နိုင်းကြတယ် ။ ဗမာတွေက တိုင်းရင်းသားလူနဲစုတွေကို မျိုးဖြုတ်ရေးလမ်းစဉ်ချ မှတ်လုပ်ဆောင်နေတာလို. ယုတ်ယုတ် မာမာစွပ်စွဲတယ် ၊ သူတိုယူုတ်မာမှုကတော့ ကမ်းကုန်ဘဲ ၊ အမေရိကံ အင်ဒီယန်းဝါး ကို သူတို ဘယ်လို သုံးသပ်ကြတယ် တော့ မသိဘူး သူတိုစကားနဲ့ သူတိုလဲ ဟုတ်ပုံမရ၊ လွတ်လပ်ရေးပေးရခါနီးမှာ ဗြိတိသျှတို ဖန်တည်းလိုက်တဲ့ စကားလုံး သူတိုနားထဲ အ၀င်ချို သွားတဲ့ ဗမာလူမျိုးကြီးဝါဒ ဆိုတာကို မှီးပြီး ပြောနေကြပုံ ရှိတယ်။
အမေရိကံပြည်ထောင်စု တပ်မတော်ဟာြ့ပည်တွံင်းမှာ မရှိဘဲ နိုင်ငံ ရပ်ခြားဒေသတွေမှာ တပ်ချထားပြီး နယ်ချဲ.စစ်ပွဲ အမျိုးမျိုး ၀င်နေကြတယ်။ အမေရိကံ ရဲ့ အကျိုးစီးပွားကို ကာ ကွယ်နေတာလို ပြောတယ် ။ အမေရိကံ ပြည်တွင်းမှာ တပ်မတော်က ပြည်သူလူထုကို လက်ဖျားနဲ့ မထိ မတို.ဘဲ နိုင်ငံ ရပ်ခြား ရောက်လေရာ ဒေသမှာ ဒေသခံ ပြည်သူတွေကို တသတ်ထဲ သတ်နေတာဘဲ ။ နှိပ်စက်နေကြတာဘဲ ၊ တကမ္ဘာလုံးကလဲ သိပါ တယ် ။
မဟာ အင်အားကြီး နိုင်ငံတခု ဖြစ်တဲ့ အမေရိကံ ပြည်ထောင်စုဟာ နိင်ငံငယ်လေးတွေ အပေါ် နည်းအမျိုးမျိုး နဲ.ဗိုလ်ကျခြင်တိုင်းကျနေတယ် သူနဲအရွယ်တူ လက်နက်တူ အင်အား တူ နိုင်ငံတွေကိုတော့ ထိတောင် မထိ ရဲဘဲ သူများတွေနဲ့ တို.ပေး တိုက်ပေးဘို. တော့ သတ္တိ ရှိတယ်။
ဘယ်နိုင်ငံမှာ မဆို အစိုးရကို ဆန်.ကျင်တဲ့ အတိုကအခံ အဖွဲ.အစည်းတွေပေါ်လာရင် အမေရိကံတို. အင်္ဂလိပ်တို.က ဦးဆောင်ထောက်ခံ အားပေးလေ့ရှိတယ်။
ပဌမ ကမ္ဘာစစ်ကြီး . ဒုတိယ ကမ္ဘာစစိကြိးတိုဟာ အမေရိကံ မြေကို တလက်မမှ မထိခဲ့ဘူး။ ပုလဲ ဆိပ်ကမ်း ဆိုတာဟာလဲ အကယ်တော့ အမေရိကံမြေ လို.သာ ဆိုတဲ့ ဟာဝါယံ ကျွန်း မှာ ဖြစ်တာ မဟုတ် အဲဒီမှာ တပ်စွထြားတဲ့ အမေရိကံ ရေတပ်ကို ဂျပန်က တိုက်ခိုက် ခဲ့တာ ဖြစ်တယ်။ အမေရိကံပြည်ထောင်စု ပြည်မကြီး မဟုတ်ဘူး။
တကယ်လို တတိယ ကမ္ဘာစစ်ဖြစ်ခဲ့ရင် လဲ သူများနိုင်ငံတွေကို စစ်တလင်း စစ်မြေပြင် အဖြစ် သုံးဘို.အခုထဲ က နေရာယူထားတာ သူတိုမှာ အကြံ ရှိနေလို ဆိုတာကို ဒုတိယကမ္ဘာစစ် အတွင်း ကျော်ကြားခဲ့ သူတဦး ဖြစ်တဲ့ အမေရိကံ စစ်ဗိုလိချုပ်ကြိး Scott နဲ့ ဗြိတိသျှ ၀န်ကြိး ချုပ် ဆာဝင်စတန် ချာချယ်(လ်) တို စကားတွေ အရ သိရတယ်။ ဒို.ပြည် ဒို.မြေကို တလက် မ အထိမခံ အပြုတ်နှံမယ်” ဆိုတာ သူတိုဘဲ ပေါ့။
ငြိမ်းချမ်းရေး ဆိုတာ ဆွေးနွေးလို ရတာမျိုးမှမဟုတ် တဖက်က တဖက်ကို အပြုတ်နှံနိုင်မှ မထနိုင်အောင် အလဲထိုးနိုင်မှ အင်အားချိနဲ့ အောင် လုပ်နိုင်မှ ရတတ်တာမျိုး ဆိုတဲ့ သာဓကတွေ အထင်အရှား တွေ.ရတယ်။ ။
သိကြတဲ့ အတိုင်း မြန်မာနိုင်ငံမှ ၁၉၅၀ ခုလောက်က စပြီးလဲ ငြိမ်းချမ်းရေးဆိုတာ ၀င် တလုတ် ထွက်တလုတ် ဘဲ ။ တည်ညိမ်တဲ့ ငြိမ်းချမ်းရေး အဒွန်ရှည်တဲ့ ငြိမ်းချမ်းရေးဆိုတာ အလျှင်း မရှိခဲ့ပါဘူး။ ခေါင်းဆောင်တွေ မကြိုးစားဘူးလို.တော့ မပြောပါနဲ့ မရနိုင်ခဲ့တာပါ ။
အခုလဲ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ.ဆိုတာတွေထဲမှာ တိုင်းရင်သား ဗမာ မျိုးချစ်တပ် ဖွဲ.ဆိုတာ မရှိသေးပါဘူး။ အခု .ဒုတိယ ပင်လုံ ဆိုတဲ့  ညီလာ ခံ ခေါ်မယ် ဆိုပြီး နောက်ကြောင်းလှည်.ပြန် တော့ လွတ်လပ်ရေး မတိုင်မီ က ဒို.ဗမာ အစည်းအရုံး ဆိုတာမျိုး ဗမာ့တပ်မတော် ဆိုတာမျိုး ပြန်ဖွဲခြင်ရင် ဘယ်သူ ဆီက ခွင့်ပြုချက် တောင်းခံရ မှာလဲ ခွင့်ပြုချက်ရမလား - လက်ခံမှာလား? ဗမာ ဆိုလို ခွင့်ပြုချက် မရဘူးလား ? တရားမျှတ စေခြင်တယ် ဆိုရင် တရားမျှတမှု ဖြစ်ရအောင် ခွင့်ပြုသင့်တယ် ဆိုရင် မှန်မလား- ဘာပြောခြင်သလဲ ?
ဒါတွေကို ထည့်သွင်းစဉ်းစားလိုက်ရင်၊ အမျိုးသားပြန်လည် ရင်ကြားစေ.ရေး။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နိုင်ငံတော် ငြိမ်းချမ်းသာယာရေး ဆိုတာ တွေဟာ လူကြားကောင်းတဲ့ စကားတွေသာဖြစ်တယ် ဘာမှ အဓိပါယ်မရှိ လက်တွေ.မကျတဲ့ သဘောတရား စကား ၀ါဒဖြန်.လုံး သက်သက်တွေ ဘဲ ဖြစ်နေသေးတယ် လို.သာ ပြောခြင်တယ်။။။