Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

အာဏာရူး ၊ ဘုန်းကြီးရူးနဲ.လှေ လူး။

185 views
Skip to first unread message

minkyaw thuyein

unread,
Jan 11, 2014, 3:20:34 AM1/11/14
to
တိုင်းချစ် ပြည်ချစ်သားကောင်း သမီးကောင်းတို.။

အာဏာရူး ဘုန်းရူးနဲ.ကြီးလှေ လူး ၊ ဒီလိုဘဲ ခေါင်းစဉ် တပ်လိုက်တော့ မယ်။ ဘယ်လူက အာဏာရုးသလဲ ဘယ်ဘုန်းကြီးကရူးပြီး လှေလူးနေသလဲ သိတဲ့ လူတွေ သိကြပါတယ်။

ဇန္န၀ါရီ ၅ ရက်နေယက (လွတ်လပ်ရေး အထိမ်းအမှတ် ဆန္ဒ ပြု ခြင်း) အာလူးပေး တဲ့ လူကို သိပ်ကို မုန်းတယ် ဆိုတာလေးပါသွားတော့ ကို ပိုပြီးပြည့်စုံအောင် ဖြည့်စွက်ပြီး သီးခြားစာ မျက်နှာ နဲ့ ဖေါ်ပြပေးဘို. တချို.အချက်အလက်တွေ ကို ပိုပြီး ရှင်ရှင်းတင်ပြဘို. အကြံပြုသူ က ပြုလာတယ် ၊ အတွေ. အကြုံ နဲတဲ့ လူငယ်ဖြစ်ပုံရတယ်၊ ဥာဏ်စမ်းတာလဲ ဖြစ်နိုင်တာပေါ့ ၊ကိုယ့်မှာ ဖြည့်စွက်စရာရှိရင် ကိုယ်သိ ထားတာ ရှိရင် ကိုယ်တိုင် ဝေဖန်ချက် အဖြစ် ဖေါ်ပြ ထောက်ပြဘို. ၊ အရာရာကို တယောက်ထဲ မမှတ်မိနိုင် ၊ သတိ မရနိုင်ပါကြောင်း ရိုးသားစွာဝန် ခံပြီး ပြန်တိုက်တွန်း လိုက်တယ် ။ ဒါပေမဲ့ လူငယ်သာမှန်ခဲ့ရင် သူ မသိတာ လေးတွေ သိ ခြင် သေးသလို အခြားသူတွေ လဲ သိခြင်လိမ့်အုံးမယ် ၊ အနဲ ဆုံးတော့ ကိုယ့်အမြင် ရှူဒေါင့် ကို သူတိုသိလို လို.ဘဲ ဆိုပြီး အကောင်းမြင်နဲ. အခုလေးစား သနားမေတ္တာနဲ.ဆန္ဒ ဖြည့်ပေး လိုက် တယ်။ နိဗန္န ပစ္စယော ဟောတု ။

အခုတောင်မှ မေးခြင်တာလေးတွေ ပြောခြင်တာလေးတွေကို မျိုထားခဲ့တာ ကြာပါပြီ။ သူများ ဘြာေ့ပာလာ မလဲလို. စောင့်မျှော်ရင်း တလုံးစ ၂ လုံးစ ပစ်သွင်းပေမဲ့ ။ လေ.လာသူတွေ တော့ ရှိပါရဲ့ ဘာမှထိထိ ရောက် ရောက် တိုက်ရိုက်တုန်.ပြန်ဆင်သွယ်မှု မရဘူး။ ဆွေးနွေး နိုင် တဲ့ အဆင့်ထိ မရောက်ဘူး ။ အမြင်မတူတဲ့ ကွဲ ပြားမှုတွေ က များနေတယ် ၊ ကိုယ် ပြောခြင်တာကို ပြောလိုက်ရရင် ပြီးရော သဘောသာ တင်ပြလိုက်ရ တယ် ။ ၊တချို. က လဲ စာတွေ.တွေ ပြောပြီး ။ တချို.ကလဲ လက်တွေ. တွေ ဆိုပေမဲ့ ကိုယ့်အတွေ အကြုံ မဟုတ် ကိုယ်ကိုတိုင် ဘာမှန်းမသိဘဲ (လေသံကြား တရားနာ )ဆိုသလို ။ နားကျ ပါးကျနားမထောင် ၊ ခလုတ် တိုက်တာကို ဖါးပြုတ်ကိုက်တယ် ဆိုပြီး နောက်ဆုံး တရုတ်နဲ. ရိုက် ကြ တော့တဲ့ ထိဘဲ ၊ ပြီးခဲ့တဲ တရုတ် မြန်မာအရေးအခင်း ဆို တာ ၁၉၆၂ ခုနောက်ပိုင်းမှာ ဖြစ်ခဲ့တယ်၊ တရုတ်တွေက အားကျမခံ သူတိုတရုတ်ပါဆိုတာကို ပေါ်လွင်စေလိုလို. ပြည်ထောင်စု အလံ လျွှင့်ပြ ခဲ့တော့မှ တရုတ်မှန်း သိရလာ တာတွေလဲ ရှိတယ် ၊ အခုထိလဲ တချို.က တရုတ်ကို မကြည့်စိမ့်ဘူး ၊ မလိုလား နေကြသေးတာကိုဘဲ ကြည့် တော့ ။ သူတိုကတော အဓိပါယ် တမျိုးဆောင်ပါလိမ့်မယ်။

ပြောခြင်တာတွေ မအောင့်နိုင် တော့လိုဘဲ လို. ဆိုဆို ၊ ပျို.ပျို.တက်လာတယ် လို.ဘဲပြောပြော မထိမ်း နိုင်လို. ပြောမှ သိမယ် ဆိုလို. ၂၀၁၄ ခုမှာ အဟောင်းရော အသစ်ပါ ပြောရတော့ မယ် ၊ အသစ်အဆန်းတော့ မဟုတ်ပေမဲ့။ အသစ်ကိုတော့ မျှော်လင့်တယ် ။ ဒို.မြန်မာ တွေ ဟာ ကိုယ့်ဟာကိုယ် ဘာမှန်းသိကြပုံမရှိဘူး ၊ ဘယ်သူဟာ မြန်မာလဲ-ဘယ်သူဟာ ဗမာလဲ ဆိုတာလဲ ပါတယ် ၊ ဘယ်ခေါင်းဆောင်ကိုမှလဲ အကောင်း မထင်ဘူး။ ရှင်းပါတယ် ။ ကိုယ် ကြိုက်တာ သူမကြိုက် သူ ကြိုက်တာကိုယ် မကြိုက်။ အကြိုက်ချင်း မတူကြ တာ ဘဲပေါ့။ ကိုယ်ကိုကိုယ် မကြိုက်သူတော့ မရှိဘူး။

မိမိတို.ရဲ့ သမိုင်းဖြစ်စဉ်ကို ကျေကျေညက်ညက် မသိရင်၊ နားလည် သဘောမပေါက်ရင် ဘယ်သူတွေ ဘာပြောနေတယ် ဆိုတာ သိဘို.ခက်တယ် ။ဒါကြောင့်သမိုင်းကြောင်း လေး တွေ ထည်ပြေရတယ်. ထပ်ချည်းတလဲ ဖြစ်ကောင်းလဲ ဖြစ်နေလိမ့်မယ်။ လိုအပ်လို.ဘဲ ။

၂၀၀၈ ခု ဖွဲစည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာကို အခုတလော NLD က ဖုတ်ပူ မီး တိုက်လုပ်လာ တယ်။ ဘာကြောင့်နဲ့ ဘာရည်ရွယ်တယ် ဆိုတာ ခွေးတောင်သိတယ် ။ နိုင်ငံတော်ရဲ. ထိပ်တန်း လျှို.၀ှက် ချက်တရပ် မဟုတ်ပါဘူး။ ဖွဲစည်းပုံ အခြေခံ ဥပဒေ ပြင်ပြင် မပြင်ပြင် ရွေးကောက်ပွဲဝင်မယ် လို. NLD က နောက်ဆုံးပြောခဲ့ ပြီ။

မစုကြည်ပါးစပ်က( စွန်.စားပြီး ၀င်ရမှာ) လို.ပြောခဲ့ဘူးတယ်။ အင်္ဂလိပ်ကို ၈ျပန်ကို စွန်စားပြီး တိုကခိုက ခဲု့သူတွေကို တောငသ် အားမဏာဘူး၊ ပြောမှ ပြောရက်မလေ မစုကြည်ရဲ့၊ မသိ တဲ့ လူတွေကို ရည်ရွယ်ပြောရရင် ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဘို.အတိုက်အခံ့တို.က ဖိအား ပေးနေတာတွေဟာ အဓိ ကအားဖြင့် ။ မစုကြည် သမတ ဖြစ်ရေးအတွက်ထက် ဘာမှ မပိုဘူးလို. ပြောရ မှာဘဲ။ မစုကြည် သမတ ဖြစ်ရေးသည် အဓိက ဆိုတာကို ပေါ်လွင် နေစေတယ် ။ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးလို.လဲ မရ တော့ပါဘူး။ ပြောခြင်တာတွေ လျှောက် ပြောနေတာဘဲ. (ဆန်.သောလက် မကွေးခင်-ကွေးသောလက် မဆန်.ခင်) ဆိုတဲ့ စကားရှိ တယ် မဟုတ်လား ။ ပြောခြင်တာလေးတွေ မပြောခင် အနိစ္စနောက် ပါသွားမှာ စိုးရိမ်လို.ဘဲ ။
သတိထားရမှာက ( စွန်စားပြီး ၀င်ရမှာ) ဆိုတဲ စကားဘဲ။ ဘယ်လိုစွန်.စားမှာလဲ ?

ဖတ်ဘူးတဲ့ (မြင်ကွန်း မင်းသားကြီး၏ စွန်.စားခန်းများ) ဆိုတာ မှာ ၊ မြင်ကွန်းမင်းသား( ကိုမျိုးအေး)က ဦးရီးတော် ယောက္ခမ အိမ်ရှေစံ ကနောင်မင်းကို လုပ်ကြံ တာက စခဲ့တယ် ၊ ဖခမည်းတော် မင်းတုန်းမင်းတောင် သီသီလေးလွတ်ခဲ့ တယ်ဆိုတာတွေ.ရတယ်။ အကြံများ အောင်မြင်ခဲ့ရင် ဒုတိယ အဇာတသတ် ဘဲပေါ့။ ဒီအရေးတော်ပုံဟာ ဒို.ဘိုးဘွားတွေ ကျွန် သပေါက်ရောက်တဲ့ အထိဖြစ်ခဲ့တယ်။ ဒီနေယိထိရင်ဆိုင်နေရတာတွေဟာ အဲဒီတုန်းက အမေကျော် ဒွေးတော် လွှမ်းခဲ့ကြလို.ဘဲလို.ဆိုနိုင်တယ် ။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုကစပြီး ဒီမိုကရေစီစံနစ်နဲ့ အရပ်သားအစိုးရ ။ ၁၉၅၈/၅၉ အိမ်စောင့် စစ်အစိုရ ။ ၁၉၆၀ မှ ၆၂ ထိ ပထစ အရပ်သားအစိုးရ ၊ ၁၉၆၂ ခုက ၂၀၁၀ ခုထိ မြန်မာနိုင်ငံ မှာ စစ်အုပ်ချုပ်ရေး ၊ အရပ်ဝတ် စစ်ဖက်ပုဂိုလ်များဖြင့် ဖွဲ.စည်းသော အစိုးရ က ၁၉၇၄ ဖွဲစည်းပုံအခြေခံဥပဒေ ရေးစွဲပြီး တပါတီ စံနစ်နဲ့ ၁၉၈၈ ခုထိ အုပ်ချုပ်ခဲ့တယ် ။ ၁၉၈၈ မှ တပ်မတော်က အာဏာသိမ်းခဲ့ရပြန်တယ် ၊ ၂၀၀၈ ခုမှာ ဖွဲစည်းပုံ အခြေခံဥပဒေသစ် အ တည်ဖြစ်ခဲ့လို ၂၀၁၀ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပြပြီး လက်ရှိ အစိုးရ တာဝန်ယူခဲ့ တယ် ၊ စစ်ရိပ် စစ်ယောင် သန်းတုန်းဘဲ ဆိုတာ မငြင်းနိုင်ပါဘူး ။ သန်းကာမှသာ သန်း၊ အရင် စစ်အစိုးရ ၊ စစ်ယောင်သန်း အစိုးရတွေနဲ့ မတူတာကတော ထင်းရှာတယ် ဆိုတာ ကို တိုင်းပြည်ရဲ့ ဖွံဖြိုးတိုးတက်မှုတွေ နဲ့ ချိန်ထိုးကြည်နိုင်တယ် ၊ မတိုးတက်သေးတဲ အပိုင်းတွေ ရှိသေးတယ် ဆိုတာကို ဘယ်သူမှ မငြင်းပါဘူး။ ဒီလိုသာ ဆက်ပြီး တိုးတက်နေမယ်သာ ဆို ရင် NLD မစားသာဘူး ဆိုတာကို မစုကြည် တယောက် သိပ် ရိပ်မိတာပေါ. ဒါကြောင့်လဲ အကြောင်းတမျိုးမဟုတ် တမျိုးနဲဟန်တား နှောက်ယှက်ဘို.၊ အတိုက်အခံ လုပ်ဘို. သူရဲ့ မဟာတာဝန်ကြီးတရပ်ဘဲ လို. ခံယူထားပုံရှိတယ်။၊ အတိုက် အခံ ဆိုတာ အစိုးရကို ထောက် ခံ ပံ့ပိုးနေစရာမလိုဘူး။ အတိုက်အခံ ပြုဘို.သာလိုတယ် တဲ့လား?

၂၀၁၀ ခုက တက်ခဲ့တဲ့ အစိုးရဟာ မလုပ်ရ မကိုင်ရသေးတာတွေ ၊ မစနိုင်သေးတာတွေ တပုံကြီးဘဲ ၊ ၄ နှစ် ထဲရောက်လာဆိုပေမဲ့ ဒါဟာ ဘာတွေ ပြင်ရမလဲ ဆိုတာ သုတေသနပြု လေ.လာ စီမံကိန်း ရေးစွဲရေး ပြင်ဆင်ရေး ကာလဘဲ ရှိသေးတယ် ဆိုတာကို လူတိုင်း အား လုံး သိကြရမယ်။ ဒါကို ကိုယ်. အတွက်တဘန်း သာတဲ့ ချက်ကောင်းအဖြစ် NLD ကယူပြီး ခြေထိုးတာ ဟာ ယဉ်ကျေးသူတွေရဲ့ ပညာတတ်တွေရဲ အပြုအမူ လုပ်ရပ်မဟုတ်ဘူး၊ နိုင်ငံချစ် လူမျိုးချစ်တဲ့ မျိုးချစ်တွေရဲ လုပ်ရပ်မဟုတ်ဘူး၊ မြင်ကွန်း မြင်ကုန်တိုင်တို.ရဲ့ အာဏာ ရူး ယူတ်မာမှုမျိုးလို.ပြောတော.မယ်။ ။ ပူးပေါင်းဆောင် ရွက်မှု ဆိုတာလေးကြား ဘူးသလား မသိဘူး။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ညွှန်ချက်နဲ့ သွားနေတာကို. ဖွဲစည်းပုံ အခြေခံ ပြင်ဘို ဖျက်ဘို. အတင်း နသား ပါယားနေတော့ ဘယ်ဥပဒေကို အခြေခံ ပြီး ဆောင်ရွက်ကြမှာလဲ ဆိုတဲ့ မေးခွန်း ပေါ်လာတယ် ။ ဒီကြားထဲ တရားဥပဒေ စိုးမိုးရေးဆိုတာကလဲ ပါသေးတယ် ? ဘယ်တရားဥပဒေ ကို စိုးမိုးစေခြင်လို.လဲ ? တည်ဆဲ တရား ဥပဒေ အတိုင်းသာ လုပ်ရရင် တယောက်မှလဲ ကျန်တော့မယ် မထင်ဘူး။

ပြည်ခိုင်ဖြိုး ခြေကုတ် မစွဲခင် အလဲတိုက်ဖျက်ဘို.ရာ သူ.တာဝန်၊ ဖွဲစည်းပုံနဲ. ရွေးကောက်ပွဲ ကို အတိုက်အခံ NLD က အမျိုးမျိုး အပြစ်ရှာဝေဖန် စွပ်စွဲခဲ့တယ် ၊ ဒီလို ပြောနို်င် ဆိုနိုင် အောင် လဲ အမျိုးသားညီလာခံလဲ မတက်ခဲ့ဘူး ၊၂၀၁၀ ခု ရွေးကောက်ပွဲလဲ မ၀င်ဘူး ၊
ဒါတင်မကသေး နိုင်ငံတကာကလဲ လက်ရှိ အစိုးရကို အသိအမှတ်ပြု လက်ခံ ။ နှစ် ၂၀ ကျော်ကြာ ဆက်ဆံရေး လိပ်ခဲတင်းတင်း ဖြစ်နေခဲ့ တာတွေ ၊ စီးပွားရေး ဒါဏ်ခတ်မှုတွေကို ရုတ်သိမ်းခဲ့တဲ့ ပုံမှန်ဆက်ဆံရေးတွေ ဆီ ပြန်ရောက်ခဲ့တာ ။ အတိုက်အခံတို.ရဲ ပြောဆို လုပ် ကိုင်မှူု တွေမမှန်လို.၊ မရိုးသား လို.သာဖြစ်လိမ့်မယ်။ နောက်ကျင်းပတဲ့ ကြားဖြတ်ရွေး ကေါက် ပွဲတွေမှာ အရှက်မရှိ ၀င်ရောက်အရွေးခံလို. လွှတ်တော် ထဲ ရောက်လာခဲ့တယ်။

အခုလဲ ဘဲ အတိုက်အခံ ၈၈ မျိုးဇက် ဆိုသူတယောက်က ၁၉၈၈ ခုက ဖြစ်ရပ်တွေအတွက် အဲဒီအချိန်က တာဝန်ရှိသူတွေ ၀န်ချတောင်းပန်ရမယ်တဲ့ လေ၊ အဲဒီချိန်တုန်းကသာ တပ်မတော်က အချိန်မီတာဝန် မယူ ခဲ့ရင်.လမ်းဘေးဓါတ်တိုင်တွေ ၊ တယ်လီဖုန်းတိုင်တွေ သစ်ပင်တွေမှာ လည်ပင်းကြိုးတန်းလန်းနဲ့ မသာ အလောင်း ဘယ်နှစ်လောင်း တွေ.ရမယ် မသိဘူး။ ဒီအတိုက်အခံ လို.အတိုက်အခံမျိုးဟာ စကားထဲက ဇာတိပြ နေတာဘဲ ၊ သူတိုလို ကောင်တွေကို ဖမ်းဆီးထိမ်းသိမ်းခဲ့တာ အခြေအနေအရ မှန်ကန်တယ် ၊ အခုချိန်မှာ နိုင်ငံ တော်နဲ့ အမျိုးသား လုံခြုံရေးဥပဒေအရ ထပ်ဖမ်းပြီး ရုံးတင် ကြိုးပေး ကွက်မျက်လိုက် ရင်တောင် အခြေအနေအရ မှန်သေးတယ်။ သူတို.လိုလူတွေကို ဘယ်တော့မှ မလွှတ်သင့် ဘူး။ နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ အစတုန်း သေဒါဏ်(သို.) တသက်တကျွန်းဒါဏ် ချသင့် တယ်၊ တကယ်လို. ၁၉၈၉၈ ခုက သူတိုသာ တာဝန်ခံနေရာတွေမှာ ရောက်နေရင် သူတိုစိတ်ဓါတ်အရ သူတို.ကို ဆန်.ကျင်သူတွေ သောက်သောက်လဲ သေခဲ့ရမှာအမှန်ဘဲ။

တရားဥပဒေ စိုးမိုးစေခြင်သူ မစုကြည်က ဘာများပြောအုံးမလဲ မသိဘူး။ အခုချိန်မှာတော့ သူ.ခမျာ အာဏာ ရရေး ဗျာတွေ များနေရှာလို. သူပထွေးတွေ အကြောင်းသူနဲ့ မဆိုင၊်သူ.အလုပ်မဟုတ်ဘူးဆိုပြီး ကောင်းသည် ဆိုးသည် တလုံးတပါဒ မဟဘဲ မသိခြင်ယောင် ဆောင်နေတာကရော သူ.သိက္ခာတွေ တက်နေသတဲ့လား ? လောကကြီးမှာ ဖြစ်နေတာတွေ သူ.အလုပ် မဟုတ်ဘူး၊ တော်ပါသေးရဲ့ သူဟာ မြန်မာတချို.ရဲ့ ခေါင်းဆောင် သာဖြစ်တယ် ကမ္ဘာ့ခေါင်းဆောင် တယောက် မဟုတ်၊ သူသတ္တိ မရှိပါဘူး၊ အိမ် ကျယ် တယောက် သက် သက် ဘဲ လို.ပြောဘူးတယ်။

အတိုက်အခံ NLD က ပြောတဲ့၂၀၁၀ ခုရွေးကောက်ပွဲတွေရဲ မဲလိမ်မှုတွေ မသမာမှုတွေ ကို အပြည်ပြည် ဆိုင်ရာ ဆိုတာတို.က လှစ်လှုရှုလိုက်တာ ကို မယုံလောက်အောင် အံ့သြရ တယ် ၊ NLD ခေါင်းဆောင် မစုကြည်ကို နိုငငံတကာက မသိမသာ စိန်ခေါ်လိုက်တယ် ၊အမြောက်ကြိုက်သူကို မြောက်ပေးလိုက်တယ်၊ စိန်ပြောင်း(သိန်းစိန်)နဲ့ တေ့ပေးလိုက်တယ်၊ ၀ှက်ဖဲ ရှိရင်လဲ ၂၀၁၅ မှာတွေ. ရဘို.မျှော်လင့်ရတယ်။ ၂၀၁၅ ခုရောက်ရင် ဘယ်သူက အလျှော့ပေး ပါလိမ့်မလဲ ၊ ဆော်လမွန်ဘုရင်ကြီး သားဘယ်သူပိုင်တယ် ဆိုတဲ့ အမှုစစ် သလို. ခလေးကို ၂ ပိုင်းခြမ်းပြီး အမေ ၂ ယောက် ကို တယောက် တပိုင်းပေးလိုက်စေမှာ လား၊ ဘယ်အမေရင်းက သားသေမှာ မလိုလားလို. အလျှော့ပေးမှာလဲ ဆိုတာ တော့ တွေ. ရတော့မယ်။ ဒါလောက်တော့လဲ လွယ်မယ် မထင်ဘူး။ မစုကြည်နဲ့ အပေါင်းပါတွေကတော့ ( ရရင်ရ မရရင်ချ ) ဆုံးဖြတ် ထားပုံရှိတယ် ။ လုပ်ရဲ ပါ့မလားဆိုတာကတော့ တဂဏ္ဍ ပေါ့။

မစုကြည်သမတ မဖြစ်ရရင် မြန်မာနိုင်ငံမှာ ဘာမှ မထူးဘူး ၊ မတရားဘူး တရားမျှတခြင်း မရှိဘူးတဲ့လား။ ဘယ်ရွေး ကောက်ပွဲမှ မတရားဘူး ၊ မမျှတဘူး လို ဆိုအုံးမှာဘဲ လား ? အဲဒီပုံ.ပေါက်နေပြီ၊ တချိန်က မြန်မာဆိုရင် ကိုယ့်တိုင်းကိုယ့်ပြည်၊ ကိုယ်မင်း ကိုယ့်ချင်းနဲ ဘဲ။ နိုင်ငံရေးအရ လူမျိုးခွဲခြား ဘာသာ ခွဲခြားခြင်း မရှိဘူး။ ကမ္ဘာနဲ. ဆက်ဆံလာတဲ့ အချိန် ကစပြီးလဲ ။ လူအမျိုးမျိုး ဘာသာအမျိုးမျိုးကို ခွင့်ပြုခဲ့ တယ် ၊ အင်္ဂလိပ်တို.က အကြောင်း ရှာ ပြီး မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းယူခဲတာ ဒို.ညံ.လို.ဘဲ သူတို.တော် လို. မဟုတ်ဘူး။ လုမျိုး ဘာသာ ခွဲခြားမှုတွေ ပေါ်လာတယ် ၊ ဗမာပြည်မှာ ဗမာတွေ နေရာ မရတဲ့ Apartheid စံနစ် သွတ်သွင်းခံခဲ့ရဘူး တယ် ဆိုတာ သိသူနဲတယ် ။

ဒို.ဟာဒို.လဲ ဘုရင်တွေ မိဘုရားပေါင်းမြောက်များစွာနဲ့ သားတော်သမီးတော် မရေတွက်နိုင် အောင် ရှိခဲ့ပြီး ဘယ်သား ဘယ်သမီးက ငါ့သွေးလဲ လို.တောင် သိပုံမရဘူး၊ ဘယ်သူ.ကို ထီးမွေ နန်းမွေပေးရမယ်တောင် မသိဘူး ဒါကိုကြိုသိ ကြိုမြင်တဲ့ ရွှေဘိုမင်း အလောင်းဘုရား ဦးအောင်ဇေယျက သူသားတော်တွေ တယောက်ပြီး တယောက် နန်းတက်ဘို.မှာခဲ့သော် လည်း သားတော် အချင်းချင်း နန်းလုကြတဲ့ ကုန်းဘောင်နောက်ဆုံး မင်းဆက်တွေ ကို အားကျလှတဲ့ မြင်ကွန်း မြင်းခုန်တိုင် ညီနောင်တွေကြောင့် ဦးရီးတော် ကနောင် အိမ်ရှေ.မင်းကို သတ် ၊ အဇာတသတ် ဖြစ်မတတ် ကြံခဲ့ကြတယ် ၊ အင်္ဂလိပ်နဲ.ပြင်သစ် ဒို.ပြည်အရေး ၀င်ရှုတ်နေတာကို သိရတဲ့ အချိန်မှာ နောက်ကျနေခဲ့ပြီ ။ အင်္ဂလိပ် ပြင်သစ်တို မြန်မာ့နိုင်ငံ ကိုလု ကြတာမှာ ၊ ခြေကုတ်ရ နေပြီးဖြစ်တဲ့ အင်္ဂလိပ် အသာရသွားတာဘဲ ။ ပြောစရာက သူတိုနဲ့ အဆင်မပြေတဲ့ ကိုယ့်မင်း ကိုယ်ချင်း စော်ဘွား ဒူးဝါး ၊ ဒို.အရှင် ဒို.သခင်တွေကို လူဆိုး ကြီးတွေ.လူသတ် သမားကြီးတွေ သူခိုးကြီးတွေ လို အင်္ဂလိပ်တို.က ၀ါဒဖြန်.ခဲ့ပြီး သူတိုရဲ့ နယ်ချဲ ဓါးပြ လူ သတ် ၀ါဒကို ဖုံးကွယ်ပြီး တရားသလို.ပြောခဲ့တယ်။ သူတိုကိုတော် လှန် ပုန်ကန်တဲ့လူတွေ ၊ မြန်မာလူမျိုးစုဝင် မှန်သ မျှ ကိုလဲ စေ့စေ့ညက်ညက် ချေဖျက်ခဲ့ တာ မှာ ၊ မြန်မာသြဇာကျဆင်းပြီး အင်္ဂလိပ်သြဇာ တိုးခဲ့တယ် ၊ မြန်မာ တွေဟာ ဟာ နီးရာဒါး ကြောက်ခဲ့ ကြရတာ ၁၉၂၄ ခု က တစတစဘဲ ဆိုပါတော. ။

အခုချိန်ထိလဲ ဒို.ခေါင်းဆောင်တွေကို အပုတ်ချတုန်းဘဲ၊ ရင်နာစရာက ဒို.မြန်မာတွေထဲက တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာမှမလုပ်ခဲ့ဘူးတဲ့ အကောင်တွေ ကိုယ်တိုင်က အနောက်ဖက် နိုင်ငံတွေရဲ. အသုံးတော် ခံဘ၀ ကို နှစ်သိမ်.နေကြတယ် ။ ဒါကလဲ အချောင်စားလိုတဲ့ စိတ် ကြောင့်ဘဲ ။ အနောက်ဖက် နိုင်ငံ ဆိုတာ ကို တိတိကျကျပြောရရင် အင်္ဂလိပ်နဲ့ အမေရီကန် တို.ဘဲ ပေါ့။ မြန်မာနိုင်ငံကို ဂျပန်လက်ကလွတ် မြောက် အောင်၊ ပြန်တိုက်ခိုက်ခဲ့တာ ဟာ သူတိုအကျိုးစီးပွားအတွက်သာဖြစ်တယ်။ သူတိုပစ္စည်းသူတိုပြန်တိုက်ယူတဲ့ မျက်နှာဆယ် အဖတ်ဆယ် သိက္ခာဆယ်သဘော၊ မြန်မာတိုရဲ အကျိုးစီးပွား အတွက် မဟုတ်ဘူး။ ကမ္ဘာ.သမိုင်းကို လေ့လာရင် အင်္ဂလိပ် အုပ်ချုပ်တဲ့ နိုင်ငံတွေ ဟာ ဒီတိုင်းနှင်နှင် အင်္ဂလိပ်က သူတပါးတွေကို ဆက်ဆံ ခဲ့တာတွေရတယ်။ အာရပ်တွေ အပေါ် အင်္ဂလိပ်တွေ ဘယ်လို ယုတ်မာခဲ့တယ် ဆိုတာ ၊ Lawrence of Arabia လို. နာမည်ကြီးခဲ့တဲ့ အင်္ဂလိပ် ဗိုလ်မှုး T. E. Lawrence ရဲ့ ကိုယ်တိုင်အတွေ.အကြုံတွေက ဆိုတယ် ။ ဘွဲ.တံဆိပ်တွေကိုတောင် လက်မခံ၊ ရပြီးသား ဆုတံဆိပ်တွေကို ရေထဲ လွင့် ပစ်ခဲ့တဲ့ သူတယောက်ဘဲ ၊၊ ဒို.ဆီက သူငယ်မနဲ့ကွာလိုက်တဲ့ ဖြစ်ခြင်း။

ကမ္ဘာ့အရပ် ၈ မျက်နှာ နိုင်ငံတွေလဲ ဘာမှမခြား ပါဘူး။ ဒီအတိုင်းဘဲ ခံခဲ့ကြရတယ်ဆိုတာ သိပြီးသားတွေပါ၊ အားနဲသူကို အားကြီးသူက အနိုင်ယူသွားတာဘဲ ။ ဒိုမြန်မာတွေ ဗလ ငါးတန် စလုံး အားနဲ့လို.အားကြီးသူ က အနိုင်ယူသွားတာ ခံရတယ် ၊ သူတိုဟာ အားနဲသူ ကိုသာ အနိုင်ယူမယ် အားချင်းတူသူကို မျက်နှာတောက် မော် မကြည့်ရဲဘူး၊ မြန်မာတချို.ကလဲ ကိုယ်ကိုတိုင် ဗလငါးတန်ပြည့်ဘို.ထက် အားကြီးသူတွေကို မျက်နှာ လိုအားရ ဖင် ယက် တင်ယက် ရင်ယက် လုပ်နေကြတယ်။

ဖြစ်ခြင်တော့ ၊ အမျှော်မမြင်ကြီးတဲ့ အိမ်ရှေစံ ကနောင်မင်း၊ အင်္ဂလိပ် အကြံကို ရိပ်မိတဲ့ ကလောင်မင်း၊ အင်္ဂလိပ်ကို ရင်ဆိုင်ဘို ပြင်ဆင်နေတဲ့ ကနောင်းမင်း ကို လက်နက် ထုတ် လုပ်မှုရပ်ဆိုင်းရမယ်လို. နောင် တော် မင်းတုန်းမင်းက တချက်လွှတ် အမိန်.ပေးခဲ့တာ ၊ အမိန်.ကလဲ သာသနာပိုင် ဘုန်းကြီးရဲ ပယောဂ ပါခဲ့တာတွေ ၊ ပြင်ပအားကိုး ပုဆိန်ရိုး မြင်းခွန်တိုင် မင်းသား အာဏာရုး မျိုးအေး ရဲ့ ပက်စက်တဲ့ အကြံတွေ နဲ့ ပေါင်းလိုက်တော့ မြန်မာတွေ သူ.ကျွတ်သပေါက်ရောက်ခဲ့ရတာ မြန်မာတေါကြောင်.ဘဲ ။ အခုလဲ ဒီကိန်းများဆိုက်နေပြီလား လို. စိုးရိမ်မိတယ် ၊ မစုကြည်က အာဏာရူး။ အနားကပ်နေတဲ့ ဘုန်းကြီးကလဲ အရူး ဘာတွေ အကြံပေးနေတယ် ဆိုတာ တော့ စဉ်းစားစရာဘဲ။ လှေနဲ့သဏ္ဍာန်တုတဲ မြန်မာနိုငငံကတော လူး နေတာဘဲ။

ဒီနေ. မြန်မာနိုင်ငံက သတင်းတွေကြားရတာကတော့၊ တိုင်းပြည် ခေတ်မီ တိုးတက်ဖွံ့ဖြိုးရေူး ဆိုတာတွေ ဘေးချိတ် မစုကြည်ကို သမတအဖြစ် စွဲမခန်.သမျှ. ဘယ် ဥပဒေမှ တရားမျှတ ခြင်းမရှိဘူးဆိုတဲ့ ပုံ ရောက် နေတော့ ၊ တချိန်က မြန်မာနိုင်ငံမှာ ဥပဒေမရှိတဲ့ သက်ဦး ဆံပိုင် စံနစ်ဆီကို ပြန်သွားနြေ့ပီလား လို.မေးစရာ ရှိတယ် ၊ ဂျာမဏီ နိုင်ငံမှာ ၁၉၃၄ ခုက ၁၉၄၅ ခုထိ နာဇီပါတီ Adolf Hitler အဓိပတိ အဖြစ် ပြည်သူတွေ ဒီမိုကရေစီအရ ရွေးကောက် တင် မြောက် လိုက်တာ လို. သိရတယ် ။ သူလူမျိုးနဲ့ သူ.လူထုနဲ.ခေါင်းဆောင် လိုသည်ထက် ပိုပြီုးစည်းရုံးမှာကို မလိုလားသူတွေ ရှိစမြဲ ဘဲ ။ မြန်မာနိုငငံဟာ မြန်မာလူမျိုးတို.အတွက် ဖြစ်တယ် ဆိုတာကိုပြခဲ့တဲ့ ခေါင်းဆောင်ကို ၀ိုင်းဘေခဲ့ကြတာ ကြုံခဲ့ရဘူးတယ် ။

လက်စသပ်တော ဒီလိုကိုးဆိုတာ ၁၉၈၈ ခုမှာ ပေါ်လာတယ် ၊ မစုကြည်ကို လက်သပ်မွေး၊ ပွဲထုတ်ဘို. အစီအစဉ် ရှိထားတဲ့ အင်္ဂလိပ် အမေရိကန်တို.ဟာ လမ်းစဉ်ပါတီနဲ့ ဦးနေ၀င်းကို ဖျောင်ဘို အခွင့်မသာခဲ့ဘူး၊ သူ.ဆရာ ဗိုလိချုပ်အောင်ဆန်ူးရဲ သမီး မစုကြည် ကို ၁၉၈၈ ခုမှာ ပွဲထုတ် လိုက်တာဘဲ ။ မစုကြည် သမတ မဖြစ်သမျှ ၊ မြန်မာနိုင်ငံဟာ အေးဆေးလိမ့် မယ် လို. တထစ်ချ ယူဆ လို.မရတဲ့ ပုံမျိုးဖြစ် နေတယ် ။

သီပေါမင်းရဲ့ မိဘုရား တပါးဖြစ်တဲ့ စုဘုရားလတ်ဟာ ရဲရဲတောက် အာဇာနီမ တဦးဘဲ။ ဒါပေမဲ့ ဘုရင်မ တော့မဟုတ်ပြန် ဘူး။ အခု မစုကြည်ကို သူ.လူတွေက ဘုရင်မတပါး အဖြစ်များ မြှောက်ခြင်နေကြသလား ဟစ်တလာ လို. အဓိပတိအဖြစ်မြောက်စားကြ အုံးမှာ လား။ မစုပြည်မှာ နန်းဆက်ခံမဲ့ သားတော် မြေးတော် တွေက တော့ အသင့်ရှိနေ တယ် ။ အင်္ဂလိပ်ကြောင့် နန်းဆက် အမွေပျောက်ရတဲ့ ။ သီပေါ ကုန်းဘောင်ဆက်မင်း ညီမင်းသား၊ မဟာမျိုးမဟာနွယ်တွေ ဘာပြောကြမလဲ? မပြောပါဘူး သူတိုကလဲ စိတ်ဝင်စားပုံမရှိဘူး။ လွတ်လပ်ရေး မရခင်ကတည်း အင်္ဂလိပ်ကို လင်လုပ် အင်္ဂလိပ်မကို မယား လုပ်ခဲ့ကြသူတွေ ရှိတယ်၊ မစုကြည်နဲ့မတိမ်း မယိမ်းဘဲ ၊ တထေရာဘဲ လို.တောင်ပြောလို.ရတယ် ။ ဒါပေမဲ့ သူတိုတွေဟာ အင်္ဂလိပ်ကြောင့် နန်ဆက်ပြန်ပေါ်လာအုံ.မလား ?

အတိတ်ကို ပြန်ပြောင်းလေ.လာလိုက်တဲ့အခါ ၁၉၅၈ ခု မှာ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ အိမ်စောင့် အစိုးရ တက်လာကထဲက တရုတ်-မြန်မာနယ်ခြား သဘောတူစာချုပ်ကို နောက် ဆုံး သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်။ ရှမ်း စော် ဘွားတွေ အာဏာစွန်.ခဲ့ကြတယ် ။ ပြည်ထဲရေးဝန်ကြီး လက်အောက်ခံ ၊ ပြူစောထီး ၊ ပြည်စောင့် ရဲ တပ်ဖွဲ.။ ရာဇ၀တ်မှု ထိမ်းသိမ်းရေး ရဲအဖွဲ.ကိုပါ နိုင်ငံရေး သမားတွေရဲ. ခါးပိုက် ဆောင်တပ် တွေ ဆိုပြီး ကုလားဖန်ထိုး ချယ်လှယ်ခဲ့ တယ် ။ ပိုပြီး စည်းရုံး ခဲ့သလား ၊ ကွဲပြဲခဲ့သလားဆိုတာကိုတော့ ၁၉၈၈ ခု လူထု ဆန္ဒ ပြပွဲတွေမှာ ထင်ထင် ရှားရှား တွေ.မြင်ခဲ့ရတယ် ။ ကွဲပြဲမှာလဲ စည်းလုံး ရမယ်ဆိုတာကို သတိထားမိလာမယ်၊ သိလာမယ် ။

လိုရင်းကိုထပ် ပြောရရင်၊ ၁၉၅၈ ခုကစပြီး ဗိုလ်ချုပ်နေ၀င်း(ခ) ဦးနေ၀င်းခေါင်းဆောင်တဲ့ တပ်မတော်နဲ့ အစိုးရ တို.က ဆောင်ရွက်ခဲ့တာတွေကို မစုကြည်ဘာလုပ်မယ် လို. စိတ်ကူး သလဲ ? ကျမ လက်မှတ်မပါတဲ့ စာရွက် စာတမ်းတွေ သဘောတူချက်တွေ မှန်သမျှ အားလုံး ကို ပယ်ဖျက်( void ) တဲ့လား - ပြန်ပြီး ဆွေးနွေး မယ် လား? ဖီမော် - ဂေါ်လံ - ကမ်ဖန် ဒေသ ၃ ခုကို တရုတ်ဆီက ပြန် တောင်းမလား။ လိုအပ်ရင် အမေရိကန်ဦးဆောင်တဲ့ အ နောက် အုပ်စု နေတိုး တပ်တွေ အကူအညီနဲ့ တိုက်ယူ မလား ? ၁၉၈၈ ခုက စစ်အစိုးရ န၀တနဲ. တချို.သောင်းကျန်းသူအဖွဲူ့တွေ ကြား အပစ်အခတ်ရပ်ဆဲ ရေး သဘောတူ ထားတာ တွေ ကို ပလပ် လိုက်မယ် လို. ဆိုမလား။ ဒီမေးခွန်းတွေက အမြဘဲ စပ်ဆိုင်နေတာဘဲ ၊ ကှမဖေဖေ လက်မှတ် ထိုးခဲ့တဲ့ အောင်ဆန်း-အက်တလီဟာချုပ် ၊ ပင်လုံစာချုပ် တိုကြောင်. ပြသနာတွေ ပေါ်ခဲ့ပါတယ် လို. တစွန်းတစလေးမှ ရေရွက်သံမကြားရဘူး။၊ နု-အက်တလီ စာချုပ် တွေကိုရော ပါယ်ဖျက်ခြင်း ပြင်ဆင်ခြင်းတွေ လုပ်ဘို. ဘာမှ ပြောဆိုသံမကြားရဘူး။ စကားစပ်လို.သာ ပြောတာပါ၊ အခုချိန်မှာတော့ ဒါတွေဟာအဓိပါယ်တော့ သိပ်မရှိပါဘူး။ ငြိမ်းချမ်းရေးဆောင်ရွက်နေမှု တွေမှာ ပင်လုံစာချုပ်ဟာ ဘယ်လို အဓိပါယ်ဖေါ်မှုနဲ့တော့ အဟန်းအတား ဖြစ်နေတုန်းဘဲ ဆိုတာတော့ မသိဘူး၊ ဒီစာချုပ်ရော မဖျက်ူဘူးလား၊

KNU ကတော့ မနေတနေ.က မှ ( ဘယ်တောမှ ခွဲမထွက်ပါဘူး) ဆိုပြီးပြောလာပြန်တယ် ၊ ကျန်သူတွေတော့ မသိဘူး၊ စိတ် ဆိုတာ အပြောရ ခက်သားဘဲ ။ ကျမ သမတဖြစ်ဘို. အဟန်.အတား ၊ ကျမ သားသမီး မြေးမြစ်တွေ ထီးနန်း ဆက်ခံဘို. အနှောက်အယှက် တွေကို ဖါယ်ရှားရေးက အဓိက ပါ လို.ပြောမလား။ တပ်မတော်အပါအ၀င် ကာကွယ်ရေးအဖွဲ အင်အား အရပ်ရပ်ကို လျှောချမလား၊ ပြူစောထီး ပြည်စောင့်ရဲ နဲ့ ရာဇ၀တ်မှုဆိုင်ရာ ရဲတပ်ဖွဲ့.တိုကို ကာကွယ်ရေး ၀န်ကြီးလက်အောက်ခံ ဘ၀ကနေ ပြည်ထဲရေး ၀န်ကြီးအောက် ပြန်ပြောင်း ပြီး သီးသန်.ပြန်လည် ဖွဲ့.စည်းမလား။ တပ်မတော်ကို လက်နက်အင်အား လူအင် အားတွေ လျှောချဘို.စီစဉ်သလား။ ဂျာမဏီနဲ.ဥရောပ နိုင်ငံ ၊ ဂျပန်တိုလို.စတိ တပ်မတော် တွေ ဖွဲပြီး နေတိုးက အဝေးထိမ်း စက်ခလုတ်နဲ့ထိမ်းသိမ်းစေမှာလား။

လက်ရှိ စီးပွားရေး အခြေခံ အဆောက်အဥုံတွေ၊ ဖွံဖြိုးရေး စီမံကိန်း အစီအစဉ်တွေကို ဆန္ဒပြ ကန်.ကွုက်နေ တာတွေမှာ မစုကြည်ရဲ့ ခံယူချက် အနေအထားက ဘယ်လိုလဲ ၊ မေးစရာ တွေကတော့ အများကြီး ဘဲ အမေ စုရေ. ။ အားလုံးကို ဖြေလိမ့်မယ် ၊ ဖြေနိုင်လိမ့်မယ်လဲ မမျှော်လင့်ပါဘူး ၊ ကိုယ့်ဘက်က တဘန်း သာတယ်ဆိုရင် နှုတ်ပိတ် ရေငုံနေတော့ ၊ ကိုယ်ကဘဲ ဆန္ဒပြသူတွေကို ကြိတ်ပြီး နေ.တွက်စရိတ်တွေပေး မြောက်ပေးနေသလားမှ မသိတာ၊ ဖြေခဲ့ရင်လဲ ဝေ.လယ်ကြောင် ဖတ် လုပ်လိမ့်မယ် ဆိုတာကို ဘဲ မျှော်လင့်ထား ပါ တယ်။

(အာလူးပေးတဲ့ သူကို သိပ်ကို မုန်းတယ်) လို. ပြောရမလား ဆိုတာက ပါးစပ်ကပြောရတာ လွယ်တ.်. ပြောတာကို စာနဲရေးချရတာတောင်ခက်ရင်. အကောင်အထည်ဖေါ်ဘို. ဆိုတာ မနဲကြိုးစားရမယ် မဖြစ်နိုင်လောက်အောင်ဘဲ ? မစုကြည် ကိုဒင် မဟုတ်ပါဘူး နော် ၊ အားလူး ပေး တဲ့ သူတိုင်းကို ပြောတာ။ မစုကြည်တို တစုက ပွင့်လင်း မြင်သာတာကို လိုလားတယ် ကြိုက်တယ် မ ဟုတ်လား ။ ကဲ ကိုယ်ဟာကိုဘဲ ပွင်.လင်း မြင်သာ လိုက်ကြ စမ်းပါ ဆိုတာက ငေါ့လိုက်တာ။ အခုတလော မစုကြည်က တခု ပြောလိုက်၊ NLD ပြောခွင့် ရသူ ဆိုတာက ဖုံးလိုက် ဖိလိုက် နောက်က လိုက်ရှင်းလိုက်နဲ ဘာတွေ များ သူတိုဟာ သူတို ရှုတ် နေကြတယ် မသိဘူး။

မစုကြည်နဲ့တစုသိဘို.က ပြောတဲ့ အတိုင်း အများပြည်သူကို တကယ်လေးစာတယ် ဆိုရင် ကိုယ်ဟာကိုယ် အတိုက် အခံ ခေါင်းဆောင် တယောက်သာဖြစ်သေးတယ် ဆိုတာလက်ခံပါ၊ ၊ သမတ မပြောနဲ့ လက်ရှိ အစိုးရ အဖွဲရဲ.ဌာန လက်ကိုင်နဲ့ဝန်ကြီး တယောက်တောင် မဟုတ် တဲ့ အတွက် ရောက်ရာနေရာမှာ ၀န်ထမ်းတွေက ခရီးဦးကြိုပြု လက်အုပ်ချီ ဦးချလိမ့် မယ်လို.တော့ မမျှော်လင့်သင့်ဘူး ။ ထွက်လာ တွေ.လာ သူတွေကလဲ မျောက် ဆိုတာမမြင်ဘူးလို.မြင်ဘူးခြင်တဲ့ သဘောနဲ ထွက်လာကြည့်တာ ဖြစ်နိုင်တယ်၊ မျောက်ကိုက်ရင် နူ တတ်တယ် ဆိုလို အနားလဲ သိပ် ကပ်ရဲကြမှာ မဟုတ်ဘူး။ ကိုယ့်လူတွေကိုလဲ အမျှော် လင့်ကြီး မမျှော်လင်.ဘို. ပြောထား မှာထား သင့်တယ်၊ မဟုတ်ရင် တဖြေးဖြေးနဲ့ လူရွံ လူမုန်းတိုးပွား ပေါ များ လာလိမ့်မယ် ။

ေ တော်သေးပြီ ။

0 new messages