Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

မြန်မာပြည်နဲ့ထောက်လှမ်းရေး

262 views
Skip to first unread message

flyingdragon

unread,
Mar 1, 2014, 2:11:34 AM3/1/14
to
28/02/14
တပ်အကြောင်းရေးချင်တာအတော်များများးရှိပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ အင်တာနက်မှာ မြန်မာပြည်နဲ့တပ်မတော်ကိုနှစ်ပြားမတန်အောင်ပြောနေကြတဲ့အုပ်စုက ခွေးအအုပ်လိုများပြီး မြန်မာပြည် နဲ့တပ်မတော်ကိုတတ်စွမ်းသမျှပြန်လှန်ရေးသားချေပသူကလက်တဆုပ်စာမရှိခဲ့ပါဘူး။ မလိုလားအပ်သော အချက်များစွာရှိတယ်ဆိုတာ တပ်မတော်ကိုထဲထဲဝင်ဝင်လေ့လာသုံးသတ်သူတချို့သတိပြုမိမယ်ဖြစ်သလို ဘယ်လိုဘဲဖြစ်ဖြစ်တပ်မတော်နဲ့နိုင်ငံတော်ကိုမြတ်နိုးတဲ့စိတ်နဲ့ အရိုးအကြေကြေအရေခန်းခန်းတာဝန်ထမ်း သူများ ဘ၀ပေးအခြေအနေအမျိုးမျိုးကြောင့်ရာထူးဌာနနန်တရနဲ့အခြေတကျမဖြစ်သော်ငြားလည်း တပ်မတော်နဲ့တိုင်းပြည်ကိုသစ်စာမဖောက်သူများ မိမိနဲ့ဆက်စပ်နေသောအနီးကပ်အခြေအနေအကြောင်း များကြောင့်တပ်မတော်မှခွဲခွာခဲ့သော်လည်းတိုင်းပြည်နဲ့တပ်မတော်ကိုသစ်စာမဖောက်သူများ။ တပ်မတော်သားဘ၀ကိုမြတ်နိုးစွာခံယူခဲ့ပြီး သဘာဝမကျသောအကြောင်းများကြောင့်တပ်မတော်မှခွဲခွာခဲ့ သူသော်လည်းတပ်မတော်နှုင့်တိုင်းပြည်ကိုသစ်စာမဖောက်သူများ။စသဖြင့် များစွာသောအကြောင်းများနဲ့ တပ်မတော်နဲ့ခွဲခွာခဲ့သူများရှိကြသော်လည်းတိုင်းပြည်နဲ့တပ်မတော်အပေါ်ထားသင့်တဲ့သစ်စာမဖောက်သူ များ အားလုံးမှာတူညီတဲ့အချက်က တိုင်းပြည်ချစ်စိတ်နဲ့ တပ်မတော်သားဘ၀ကိုမြတ်နိုးတန်ဘိုးထားတတ် ခြင်း သစ်စာရှိခြင်းဆိုတဲ့အချက်ပါဘဲ။ ဒီစာရေးဖြစ်တာကတော့ဘူးလက်လှဆွေရယ်လို့အမည်ရတဲ့ပုဂ်ဂိုလ် တဦးကတပ်မတော်သားတဦးဖြစ်ပါရက်နဲ့ တပ်မတော်ရဲ့အစိတ်အပိုင်းတခုဖြစ်တဲ့ထောက်လှမ်းရေး တပ်ဖွဲ့ ၀င်များကို မထောက်ထားမညှာတာစွာပက်ပက်စက်စက်ပြောလိုက်တာရယ် ဟိုးလွန်ခဲ့တဲ့ ၂၆နှစ် နီးပါးလောက်က ဆုံခဲ့ဘူးတဲ့ဝန်ကြီးပြုတ်တပ်မတော်ထွက်ဦးစိန်မြ(ဗိုလ်မှူးကြီး)ရဲ့စကားတခကိုပြန်သတိ ရ လို့ပါ။ နောက် ဗိုလ်ထွန်းကြည်ရဲ့ရေးတဲ့သူ့ဘ၀အကြောင်းစာအုပ်ထဲကအကြောင်းတချို့ကလဲ ဦးလှဆွေရဲ့ လေသံမျိုးထွက်ချင်တာသတိပြုမိပါတယ်။ ဒါတွေဟာ အပြုသဘောမဆောင်တဲ့ အမြင်တိုတဲ့ အယူအဆလို့ ပြတ်ပြတ်သားသားပြောရဲသလို တိုင်းပြည်နဲ့တပ်မတော်အတွက်ရေရှည်အကျိုးမရှိစေတဲ့အယူအဆဖြစ် တယ်။ မြန်မာပြည်ဟာမြို့ပြကလူများသာတိုင်းပြည်ဘာဖြစ်နေတယ်ဆိုတာမသိချင်မသိမယ်။ နယ်ခြားတော တောင်မှာနေကြသူများဟာတိုင်းပြည်ဘယ်လောက်မငြိမ်းချမ်းသလဲဆိုတာသိကြတယ်။ ၇၀။၈၀ ပါတ်ဝန်းကျင်လောက်အချိန်ထိ မြစ်ဝကျွန်းပေါ် ပဲခူးရိုးမ နဲ့ စစ်တောင်းအရှေ့ခြမ်း နယ်မြေ အများအပြား မှာ လက်နက်ကိုင်သောင်းကျန်းမှု့နဲ့ဆက်စပ်ဖြစ်ရပ်တွေ ရန်ကုန်မန်းတလေးရထားကိုမိုင်းထောင်တဲ့ဖြစ်ရပ်တွေ ရှမ်းပြည်နယ် ကချင်ပြည်နယ်တွေရဲ့အခြေအနေတွေ တပ်မတော်သားများနဲ့ ဒေသခံများသိကြပါတယ်။ မြန်မာပြည်အခြေအနေနဲ့တပ်မတော်ဟာခတ်ရိုင်းရိုင်းပြောရရင်ဖင်ယားလို့တောင်မကုတ်အားဘူးလို့ပြောရင် သိတ်လွန်ရာကျမယ်မထင်ဘူး။ ဦးနေ၀င်းဟာတပ်ကလာတဲ့သူ အာဏာကိုအသုံးချတတ်သူအာဏာ ကိုရရှိအောင်ဆောင်ရွက်တတ်သူ အဲတော့ မြန်မာပြည်အခြေအနေအချိန်အခါနဲ့ သူဖြတ်ကျော်လာခဲ့တဲ့ အတွေ့အကြုံတွေအရ သူဟာတပ်ကိုအခြေပြုပြီးအာဏာတည်ဆောက်ခဲ့တယ်။ သူ့ဘေးနားမှာတပ်က လာတဲ့သူတွေရံထားခဲ့တယ်။ တိုင်းပြည်အုပ်ချုပ်မှု့မှာ တပ်ကမဏ္ဍိုင်ပြုခဲ့တယ်။ အခုအချိန်မှာပြန်ပြောင်းသုံး သတ်ရင်အဲဒါဟာအမှား ဒါပေမဲ့သူ့အချိန်သူ့အခြေအနေအရတော့ အမှားလို့ယူဆဘို့မရှိဘူး။ ဌာနဆိုင်ရာ တွေမှာလဲတပ်ကဘောင်းဘီချွတ်တွေက ကြီးစိုးခဲ့တယ် အုပ်ချုပ်မှု့ နဲ့စီမံကိန်းတော်တော်များများဟာ က မောက်ကမဖြစ်ခဲ့ကြတယ်။ တော်တဲ့သူတချို့မှန်တဲ့သူတချို့ရှိခဲ့သော်လည်းမိုးခါးရေသောက်ကြတဲ့ အများ စု ကကြီးစိုးခဲ့တယ်ဆိုတာ အမှန်တရားတခုဘဲ။ ယနေ့ကုလားထိုင်ပေါ်ထိုင်နေကြတဲ့သူများ အသက်၄၀ ကျော်ရှိတဲ့သူများ တချို့တ၀က်သိမယ် ၅၀ ကျော်ပိုသိမယ် ၆၀ ကျော်တာဝန်ယူခဲ့ဘူးသူများမသိပါဘူး လို့ ဖင်ပိတ်ငြင်းရင် မြန်မာလိုခတ်ရိုင်းရိုင်းပြောရင် ချီးစားပြောချီးကြိုက်လို့သာလျင်ဖြစ်လိမ့်မယ်။ ဦးနေ၀င်း ခေတ် အုပ်ချုပ်ရေးယန်းတရားမှာ ခေတ်ပျက်ကွန်မြူနစ်များဟာ မြို့နယ်ဒေသဆိုင်ရာတွေမှာပါခဲ့ကြတယ်။ တပ်ထွက်အများစု တောပြန်အတော်များများနဲ့ အခြားအုပ်စုဝင်တချို့ဟာအုပ်ချုပ်ရေးကဏ္ဍမှာ နေရာယူခဲ့ကြတယ်။ မြို့နယ်အဆင့်တော်တော်များများမှာ မဟုတ်တဲ့လုပ်ရပ်တွေ မတရားမှု့တွေဟာ အောက်ခြေလူထုကိုတိုက်ရိုက်ထိခိုက်စေခဲ့တယ်။ အဲဒီကာလတွေမှာတပ်မတော်ထောက်လှန်းရေး ဟာ နေရာအတော်ယူခဲ့တယ်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ဟာဦးနေ၀င်း ထံ တိုက်ရိုက်အစီရင်ခံတယ်လို့ယူ ဆနိုင်တယ်။၁၉၈၅ အမျိုးသားထောက်လှမ်းရေးကိုပြင်ဆင်တဲ့အမိန့်မထွက်ခင်အထိ လူငါးဦးပါတဲ့ ကော်မတီကိုသာအစီရင်ခံခဲ့တယ်လို့သိခဲ့ရဘူးတယ်။ မန်းတလေးအတက်လေယာဉ်ပျက်ကျခဲ့တဲ့ကိစ်စတွေ အာဇာနည်းကုန်းဗုံးပေါက်တဲ့ကိစ်စရယ် နိုင်ငံတော်လုပ်ကြံမှု့ကြီးလို့ခေါ်တဲ့ကိစ်စရယ်(အုန်းကျော်မြင့် ကိစ်စ မဟုတ်) (နိုင်ငံတော်ဆိုင်းဝိုင်းနဲ့ပါတ်သက်တဲ့လုပ်ကြံမှု့နဲ့ပါတ်သက်သူတဦးကိုကိုယ်တိုင်စကားပြောခဲ့ဘူး) ပြသနာမျိုးစုံနဲ့ တပ်မတော်ထောက်လှမ်းရေးညွှန်ချုပ် အပြောင်းအလဲများခဲ့ပြီးတပ်ဖွဲ့ဝင်များအပြောင်းအလဲ များခဲ့ပင်မင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ဟာ အကြီးအကျယ်ပြောင်းလဲခဲ့မှု့မဖြစ်ခဲ့ဘူးလို့သိခဲံရတယ်။ တပ်ကိုအခြေပြုတဲ့အာဏာတည်ဆောက်မှု့ဟာနိုင်ငံအုပ်ချုပ်ရေးပိုင်းမှာ အလွန်ထိရောက်တဲ့အပိုင်းတွေ ရှိ သော်လည်းအလွန်တရာအားနဲ့တဲ့အပိုင်းတွေအများကြီးရှိလာခဲ့တာငြင်းမရဘူး။တပ်ကိုအခြေပြုတဲ့အတွက် ထောက်လှမ်းရေးဆိုင်ရာလုပ်ငန်းတွေဟာလဲ တပ်ကိစ်စ သာလျင်မဟုတ်တခြားသော နိုင်ငံရေးစီးပွားရေး ကိစ်စတွေပါပါဝင်ပါတ်သက်လာခဲ့ရတယ်။ အာဏာဟာယစ်မူးစေတတ်တယ် ဖျက်ဆီးတတ်တယ် အကြွင်း မဲ့အာဏာဟာအကြွင်းမဲ့ပျက်ဆီးစေတဲ့ဖျက်ဆီးတတ်တဲ့သဘာဝရှိတယ်။လူသဘာဝနဲ့အာဏာကိုတလွဲ အသုံးချနိုင်တဲ့အခွင့်အရေးကိုတားဆီးနိုင်ခဲ့တဲ့အခြေအနေဟာမဖွံ့ဖြိုးခဲ့တဲ့အတွက် ထောက်လှမ်းရေး အဖွဲ့ဝင် များပျက်ဆီးကြရတယ်။ မပျက်ဆီးခဲ့တဲ့ပုဂ်ဂိုလ်များလဲအများရှိခဲ့သော်လည်း မိုးခါးရေမသောက်တဲ့ သူဟာ ရွာပြင်ထွက်နေရတတ်တဲ့သဘာဝရှိခဲ့တာမငြင်းပါနဲ့။ ဒါပေမဲ့ထောက်လှမ်းရေးတွေကိုစစ်မင်းသားလို့ ပြော ပိုက်ဆံရှာတပ်မတော်နာမည်ပျက်အောင်လုပ်လို့ပြောတာကကောတရားမျှတမှု့ရှိသလားဆိုတာ ဆန်းစစ် ကြည့်ဘို့လိုမယ်။ ၈၂။၈၃ မတိုင်ခင်အထိထောက်လှမ်းရေးတပ်တွေမှာ အထူးသဖြင့်ရန်ကုန်အခြေစိုက် ဗထလနဲ့၆။၇။အကူတပ်တွေမှာအရိုးဆွေးမဲ့အုပ်စုများရှိခဲ့သော်လည်းနောက်ပိုင်းမှာ ခြေလျင်ကလူများနဲ့ ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့သိရဘူးတယ်။ပြောရရင် ထောက်လှမ်းရေးတပ်မှာအမှု့ထမ်းဘို့ဆိုင်ရာဆိုင်ရာ ကခေါ်ကြတာဖြစ်ပင်မင့် တိုက်ပွဲထောက်လှမ်းရေး တိုင်းအဆင့် ဗဟိုအဆင့် တန်ပြန် စသဖြင့် သင်တန်းများ တက်ရောက်ပြီးမှခြေလျင်ကစစ်သည်များကိုတာဝန်ပေးခြင်းဖြစ်တယ်ဆိုတာ တပ်ကသူများအားလုံးသိကြ ပါတယ်။ အရာရှိများဟာတဆင့်တိုးတိုင်းခြေလျင်ဆင်းကြရပါတယ်။ ဆိုင်ရာဆိုင်ရာဆိုတာကတော့ ရှိကြတာပေါ့ဗျာ အားလုံးသိကြတဲ့အတိုင်း သို့သော် အဓိကပြောချင်တာက တပ်မတော်ရဲ့အစိတ်အပိုင်းတခု ဖြစ်တဲ့တပ်မတော်သားများဖြစ်တဲ့ကိုယ့်ရဲဘော်ရဲဘက်များကို နစ်နစ်နာနာပြောနေမဲ့အစား မြေနိမ့်ရာလှံ စိုက် နေမဲ့အစား ဘာကြောင့်ဖြစ်ရတယ် ဘယ်လိုပြင်ကြမယ်ဆိုတာပိုပြီးနိုင်ငံနဲ့တပ်မတော်အတွက်အကျိုးရှိ မယ် လို့ထင်လို့။ခြေလျင်မှာနေလို့မစားဘူးပြောပါ။ဦးလှဆွေ တပ်ရင်းမှူးအဆင့်အနဲဆုံးနေခဲ့ဘူးတယ်လို့ယူဆ ပါတယ်။ တပ်မတော်ဟာထောက်လှမ်းရေးကြောင့်နံမည်ပျက်တယ်လို့ ပက်ပက်စက်စက်ပြောရအောင် (တပ်ကြပ်လောက်ကခွေးချီတဲ့ကြိုးလောက်ရှိတဲ့ဆွဲကြိုးနဲ့လို့ဆိုတာနောက်ဆက်တွဲ)လပ်စားမှု့ မတရားမှု့ တွေကြောင့်လို့ပြောရင် တပ်ရင်းမှူးအဆင့်မရောက်ခင်ရေးထောက် လုပ်ပြီးမစားပါဘူးလို့ ဘ၀ဆက်တိုင်း လူမဖြစ်ပါရစေနဲ့လို့သစ်စာဆိုနိုင်တဲ့သူများရာခိုင်နှုံး များများ ရှိရင်(ရာခိုင်နှုံးအလွန်တရာမှနဲ့မယ် လို့ အသက်ထပ်ပြီးပြောရဲတယ်) ကျုပ်တို့နိုင်ငံဟာ အကောင်းဘက် ရောက်ဘို့များပြီ။ တပ်မတော်နာမည်ပျက်တယ်ဆိုတာ အကြောင်းတရားအများကြီးရဲ့နောက်ဆက်တွဲ အကျိုးဆက်ပါ။ အဲဒိအကျိုးဆက်ကိုမမြင်ချင်လို့လဲ အင်တာနက်မှာ မြင်ခဲ့တာကြားခဲ့တာကြုံခဲ့တာတွေကို အပြုသဘောနဲ့ ပြန်လှန်ရေးနေခဲ့တာအတော်ကြာပြီ။ ထောက်လှမ်းရေးဆိုတာ မရှိမဖြစ်အဖွဲ့အစည်း အဲဒီလို ဘဲတပ်မတော်ဟာနိုင်ငံတနိင်ငံမှာမရှိမဖြစ်တဲ့အဖွဲ့အစည်း။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကိုဖျက်ဆီး လိုက်တာတိုင်းပြည်အတွက်နစ်နာသလိုတပ်မတော်ထောက်လှမ်းရေးကိုဖျက်ဆီးတာဟာလဲတပ်မတော်နဲ့ နိုင်ငံအတွက်အကျိုးမများနိုင်တဲ့လုပ်ရပ်။ဦးခင်ညွန့်ကိစ်စ အသေးစိတ်မဝေဘန်လိုပါ သူ့အကြောင်းနဲ့သူရှိ ကြပါလိမ့်မယ် အဲလိုလုပ်လိုက်မှဖြစ်မယ်လို့ယူဆကြလို့လုပ်ခဲ့ကြပြီးဖြစ်လို့ အတိတ်ပြန်လှန်လျင်လဲ အကျိုး မရှိပါ။ ဖြစ်သင့်သည်မှာ ယနေ့တိုင်းပြည်ပြန်လည်တည်ဆောက်ရာတွင် ယခင်အမှားများနှုင့်အမှားများ၏ အခြေခံဇစ်မြစ်ကိုရှာရ်ျပြုပြင်တည်ဆောက်ရန်သာဖြစ်ပါသည်။ အားလုံးပြည့်စုံအလုံးစုံပြည့်စုံကောင်း မွန် သောစံနစ်သော်၎င်းလူသားသော်၎င်းယနေ့လောက၌ရှိရန်ဖန်တည်းရန်အလွန်တရာခဲယဉ်းသည်ဆိုသည် ကိုအရွယ်ရောက်သူတိုင်းစဉ်းစားဥာဏ်ရှိသူတိုင်းသတိပြုမိကြမည်ထင်ပါသည်။ နိုင်ငံတည်ဆောက်ရာ ၌ အထူးသဖြင့်ယနေ့အချိန် တပ်မတော်သည်ခိုင်ခိုင်မာမာရပ်ရ်ျ နိုင်ငံတော် ၏အရေးပါသောအင်အား စုတခုအဖြစ် ခေတ်ပြောင်းစံနစ်ပြောင်းကာလ၌ နိုင်ငံရှေ့ရေးကိုအဓိကထား ဆောင်ရွက်နေရာတွင် တပ်မတော်သား ဖြစ်ခဲ့သူများအနေဖြင့် အပြုသဘောဆောင်သောအမြင် မျှတမှန်ကန်သောအမြင် ကိုသာလျင် စွဲကိုင် ရပ် တည်သင့်ပါသည်။ လပ်စားမှု့ မတရားမှု့များ အဆင့်လိုက်မရှိစေရန် လူ ကိုသ တိပြုရွေးချယ်ရန်လိုအပ်သလို မူကိုလဲ တိတိကျကျ ကိုင်တွယ်အသုံးချရန်လဲလိုအပ်ပါသည်။ မူသည် လူကိုမူမတည် ထားသင့်ထားအပ်သည့်စံတခုကိုသာမူတည်ရ်ျ အပြန်အလှန်ထိမ်းကွပ်မှု့ရှိစေသည့် ဦးတည်ချက်ရှိသည့်အများလိုက်နာရမည့်အချက်အလက်များစုစည်းထားမှု့သာဖြစ်ပါသည်။ တိုက်ပွဲဖြစ်စဉ် ကို သေသေချာချာ တိတိကျကျရေးသားရ်ျတိုက်ပွဲသုံးသတ်ချက်ကိုလဲမညာတမ်းမညှာတမ်း လုပ်ကြမည် ဆိုလျင်ဖြင့် တပ်မတော်နာမည်ပျက်ခြင်းသည်ထောက်လှမ်းရေးကြောင့်ဟူသော ၀ါးလုံးချီးသုတ်ရမ်း သည့်စကားမျိုးသည် ယနေ့ အဖျက်အမှောင့်သမားများက၀ါဒဖြန့်နေသည့်မုဒိမ်းစစ်တပ်ဆိုသည့် စကားနှင့် မခြားဖြစ်ပါလိမ့်မည်။ တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည် ထို့အတူထောက်လှမ်းရေးကွန်ယက် များအင်အားရှိအရည်အချင်းပြည့်ပါမှ တပ်မတော်၏စစ်ရေးစည်းရုံးရေးများအင်အားရှိပါလိမ့်မည်။ မလိုအပ် သောဆုံးရှုံးမှုများကိုကာကွယ်နိုင်ခြင်းနှင့်အရင်းနဲအမြတ်များသောအကောင်အထည်ဖော်ဆောင်မှု့များ ကို တိကျခိုင်မာသောထောက်လှမ်းရေးသတင်းများကပံ့ပိုးနိုင်ပါသည်။ လူသားတိုင်းသည်မာန်မာနရှိကြပါသည်။ မာနသည်ရဟန်းတာအဆင့်ရောက်မှပြုတ်သည့်အလွန်အစွဲကြီးသောအရာဖြစ်ပါသည်။ စစ်ပွဲဝင်နေသည့် စစ်သားသည်ငါကတိုက်ခိုက်ရေးအသက်ရင်းလုပ်နေရတယ်ဟုမာန်တက်သလို မိမိစစ်ပွဲဝင်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ ပိုးပေးနေသည့်ဦးရေးထောက်လုပ်ငန်းများနှင့်စစ်သည်များအပေါ်အထင်သေးဆက်ဆံမှု့ များသိသိသာသာသော်လည်းကောင်းမသိမသာသော်လည်းကောင်းရှိတတ်ကြပါသည်။ထို့အတူ ဦးရေး ထောက်ကိုသာလုပ်ရ်ျ မြေပြင်စစ်ပွဲကိုနားမလည်သည့်ပုဂ်ဂိုလ်များလဲရှိတတ်ပါသည်။ စစ်သားကောင်း သည် တိုက်ပွဲဝင်ရာတွင်သတ်တိရှိသလိုဦးရေးထောက်လုပ်ငန်းများကိုလည်းကျွမ်းကျင်နိုင်နင်းစေတနာပါစွာ ဆောင်ရွက်နိုင်စွမ်းရှိရပါမည်။ မဆောင်ရွက်နိုင်ပါကလည်းနားလည်ထောက်ထားမှု့တော့အနဲဆုံးရှိ ရမည် ဖြစ်သလို ဦးရေးထောက်သာလုပ်ပြီးတိုက်ပွဲမ၀င်သူများအနေဖြင့်လဲ စစ်မြေပြင်အကြောင်းနားလည်စာနာ နိုင်သူဖြစ်ရပါမည်။ တပ်မတော်သည် အစိတ်အပိုင်းများစွာဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီးထိုထိုသောအစိတ်အ ပိုင်းများအားလုံး၏ရည်ရွယ်ချက်မှာ တခုတည်းဖြစ်ရပါမည်။ထိုထိုသောအစိတ်အပိုင်းများတွင်တာဝန်ထမ်း ဆောင်နေသူများအားလုံး၏ တာဝန်မှာလည်းထိုတခုတည်းသောရည်ရွယ်ချက်ကို အကောင်အထည်ဖော် ပံ့ပိုးရန်သာဖြစ်ရပါမည်။ ထိုအချက်များကိုသဘောပေါက်ပါက ဦးလှဆွေသော်၎င်းတခြားသူတဦးတယောက် သော်၎င်း တပ်မတော်၏အစိတ်အပိုင်းအသီးသီးကိုတန်ဘိုးထားတတ်ပါလိမ့်မည်။ ထိုအစိတ်အပိုင်းအသီး သီး၏ဆက်စပ်လုပ်ငန်းများ ပူးတွဲဆောင်ရွက်ရမည်များ ညှိနှိုင်းလုပ်ဆောင်ရမည်များအားလုံးနှင့် အချက်အလက် မျှဝေခြင်း တာဝန်သီးသန့်ကန့်သတ်ခြင်းများကို သင်ခန်းစာယူရ်ျဆောင်ရွက်နိုင်ကြလျင်ဖြင့် တပ်မတော်သည်ပိုမိုခိုင်မာတောင့်တင်းလာကာနိုင်ငံ၏အဓိကမဏ္ဍိုင်ကြီးတခုအဖြစ်အဓွန့်ရှည်စွာရပ်တည် နိုင်ပါလိမ့်မည်။ တပ်မတော်၌ ဦးစီးချုပ်ရာထူးယူခဲ့ပြီးတပ်မတော်ကိုအပြုသဘောမဆောင်သောနှုတ်ထွက်စ ကားများဆိုသူကိုမိမိမလေးစားနိုင်ပါ။ တာဝန်ရှိချိန်၌ရေငုံနှုတ်ပိတ်ရ်ျ နိုင်ငံခြား၌ခိုလှုံခွင့်တောင်းအတိုက်အခံ များကြိုးဆွဲရာကရ်ျ မပြောသင့်မဆိုသင့်သည် များပြောသူ များ ကိုမိမိရွံ့ရှာပါသည်။ ထိုသို့သောသူများသည်တိုင်းပြည်ကိုနှစ်ပြားမတန်အောင်တပ်မတော်ကိုအပုတ်ချသူ များနှင့်တတန်းတစားထည်းဖြစ်သည်။ မကြိုက်လျင်ထွက်ပါ။ရိုးရိုးထွက်မရလျင်တပ်ပြေးဖြစ်ပါစေထွက်ပါ။ သို့သော် တိုင်းပြည်နှင့်တပ်မတော်ကိုသစ်စာမဖောက်သင့်ပါ။မိမိသိသော အချက်အလက်များကို မိမိတာဝန်ရှိချိန်၌အကောင်းဆုံးဖြစ်ရန်ကိုယ်ကျိုးမငဲ့မဆောင်ရွက်ခဲ့ဘဲအပြင်လောကရောက်မှ မဟုတ်တမ်းတရားများကိုဖွင့်ချခြင်းသည် အနိမ့်ဆုံး တာဝန်မဲ့သူ တန်ဘိးု့မဲ့သူသာဖြစ်ပါသည်။ ထို့အတူ တပ်မတော်၏အစိတ်အပိုင်းအသီးသီး၏ကဏ္ဍအလိုက်တာဝန်ထမ်းဆောင်မှု့ကို ၀ါးလုံးချီးသုတ်ရမ်း သလို နှိမ့်ချပြောဆိုခြင်းသည်လည်း အထက်ပါပုဂ်ဂိုလ်များလောက်မဆိုးစေကာမူ လက်ခံသင့်သည့်ကိစ်စမဟုတ် ပါ။ တပ်မတော်ထဲကိုနိုင်ငံချစ်စိတ်တပ်မတော်သားဖြစ်ချင်စိတ်နဲ့ဝင်လာတဲ့သူများဘို့လိုပါတယ်။ အခွင့်အရေးလိုချင်လို့ဝင်တဲ့သူများဟာတပ်မတော်က နိုင်ငံအုပ်ချုပ်ရေးမှာပါဝင်နေခဲ့တဲ့ကာလမှာများလာ တယ်လို့ယေဘုံယျသုံးသတ်နိုင်ပါတယ်။ သို့သော်တပ်မတော်သားစစ်စစ်များကယနေ့အချိန်အထိ တပ်မတော်မှာမပြတ်လတ်ခဲ့တာမြန်မာပြည်အတွက်အားဖြစ်စေခဲ့ပါတယ်။တပ်မတော်မှာကော အခြားသောဌာနဆိုင်ရာများမှာကော လွှတ်တော်မှာကော လူမှန်နေရာမှန်ရောက်အောင် ၀ိုင်းဝန်းဆောင်ရွက် ကြလျင်ဖြင့် မြန်မာပြည်ခေါင်းပြန်မော့လာဘို့ကျိန်းသေပါတယ်။ မြန်မာပြည်ဟာ အရှိန်ရ လာတာနဲ့အတက်မြန်ပါလိမ့်မယ်။ တပ်မတော်ကို ဂုဏ်ယူရမဲ့အဖွဲ့အစည်းတရပ် နိုင်ငံသားတွေချစ်ခင်လေး စားတဲ့အဖွဲ့အစည်းတရပ်အဖြစ်ထာဝစဉ်မြင်ချင်ပါတယ်။ ၉၈။၉၉လောက်ကရေးခဲ့သလို၂၀၀၄ပါတ်ဝန်းကျင် ဦးခင်ညွန့်တိုပြသနာဖြစ်ချိန်လောက်ကရေးခဲ့သလို တပ်မတော်ဟာ ခိုင်ခိုင်မာမာနဲ့ညီညီညွတ်ညွတ်ရှိနေသ ရ်ျမြန်မာနိုင်ငံအတွက်စိတ်ချရတယ်ဆိုတာရင်ထဲကယုံကြည်တဲ့သစ်စာစကား။ တပ်မတော်သားဟောင်းများ အထူးသဖြင့်အရာရှိကြီးအဆင့်ယူခဲ့ဘူးသူများတချို့ရဲ့ အမြင်မကြည်လင်မှု့နဲ့ အယူအဆတခဟာတပ် မတော်အတွက်ကောနိုင်ငံအတွက်ပါအကျိုးမများစေဘူးဘို့ယူဆမိတယ်။ဦးနေ၀င်းခေတ် ထောက်လှမ်းရေးရုံခါသလိုဦးသန်းရွှေလက်ထက်အကုန်ဖျက်ပြစ်တာ ယနေ့ တပ်မတော်အနေနဲ့ တာဝန်ရှိသူများအနေနဲ့ စိတ်သစ်လူသစ်အမြင်သစ်နဲ့ ပြန်လည်ဖွဲံစည်းသင့်တယ်။ နိုင်ငံတော်အချုပ်အခြာ အာဏာနဲ့လုံခြုံရေးအတွက်တတပ်တအားဖြစ်မဲ့အဖွဲ့အစည်းတရပ်ကို စံနစ်တကျပြန်လည်ဖွဲ့စည်းလေ့ကျင့် ပျိုးထောင်သင့်တယ်။ တပ်မတော်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူများပြည်ခိုင်ဖြိုးမှာတာဝန်ယူထား ကြတာများပါတယ်။ တပ်မတော်သားမဟုတ်တော့လို့ တပ်မတော်ကလွှတ်တော်မှာပါနေတာ ရယ် မိမိ တို့တဦးချင်းအနေနဲ့တပ်မတော်ကိုသြဇာသက်ရောက်မှု့မရှိတော့တာရယ်တွေကြောင့် ဒါမှမဟုတ်တခြား သောပုဂ်ဂိုလ်ရေးအကြောင်းများကြောင့်ရယ် ကြောင့် အုပ်စုတခုအဖွဲ့တခုအနေနဲ့ တစုံတခုလုပ်မယ်လို့ များစဉ်းစားရင် နိုင်ငံတော်ဆိုတာကိုမျက်စိထဲအရင်မြင်မိမိတပ်မတော်သားဖြစ်ခဲ့ဘူးတာကိုသတိရ ပြီးမိ မိ ပြောဆိုဆုံးဖြတ်လုပ်ကိုင်မှု့တခုခုသည် နောက်ဆက်တွဲအဖြစ်နိုင်ငံတော်နှုင့်တပ်မတော်ကိုထိခိုက်ပျက်ဆီး မှု့သို့မဟုတ်သက်ရောက်မှု့ဖြစ်နိုင်သည်ရှိ မရှိကိုသတိပြုဆင်ခြင်သင့်သည်ဟုယူဆမိပါသည်။ ယနေ့ ခေတ် ပြောသောစကားတခွန်းသည် လွန်ခဲ့သောကာ ၁၀ နှစ်ကျော်ကပြောသောစကားတခွန်းနှင့်သက်ရောက်မှု့ ခြင်းမတူဆိုသည်ကိုလွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများနားလည်သတိထားသင့်ပါသည်။ ပြောသည့်စကား၏သည်မရွေးတူသော်လည်း သက်ရောက်မှု့နဲ့ရိုက်ခတ်မှု့ မတူတော့ပါ။ ပြောသင့်တာပြောရ်ျလုပ်သင့်တာလုပ်ကြဘို့ညီညီညွှတ်ညွတ်ရှိကြဘို့အထူးလိုအပ်ပါသည်။ တိုင်းပြည် အား ဖွနေသူများ တစခန်းထဘို့ကြိုးစားနေကြချိန် တပ်မတော်သားဟောင်းများထံမှ အပြုသဘောဆောင် သော လုပ်ရပ်များနှင့်ပံ့ပိုးရ်ျညီညွှတ်မှု့ကိုခိုင်မြဲအောင်ဆောင်ရွက်နိုင်ကြပါစေဟုဆုတောင်းပါသည်။

mogyothwar

unread,
Mar 3, 2014, 6:23:28 AM3/3/14
to
On Saturday, March 1, 2014 7:11:34 AM UTC, flyingdragon wrote:
> 28/02/14
တပ်အကြောင်းရေးချင်တာအတော်များများးရှိပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအင်တာနက် မှာ မြန်မာပြည်နဲ့တပ်မတော်ကိုနှစ်ပြားမတန်အောင်ပြောနေကြတဲ့အုပ်စုကခွေးအ အုပ်လို များ ပြီးမြန်မာပြည်နဲ့တပ်မတော်ကိုတတ်စွမ်းသမျှပြန်လှန် ရေးသားချေပသူက လက်တဆုပ် စာမရှိခဲ့ပါဘူး။

ရောင်းရင်းကြီး ၊

တဦးတယောက်ကို လိပ်စာအတိအကျမပါတဲ့စာ ၊ "ရန်ကုန်မြို.ရှိ အမေ့မေးရန်စာ၊ To whom it may concern သို.မဟုတ် သက်ဆိုင်သူ မှ သက်ဆိုင်သူသို. ဆိုတာတွေကတော့ ရှိပါတယ်၊ ကြားဝင်ပြီး ဆွေးနွေးရင် ရိုင်းတယ် လို.များဆိုမလား ၊ နိင်ငံတော် အရေး ပြော လာ ရင် နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တယ် လို. ယူဆတယ် ၊ ကိုယ့်ကို အသိအမှတ် ပြုတာ မပြုတာ ၊ လေးစားတာ မစားတာတွေ ကတော့ အရေးမကြီးပါဘူး။ မစော်ကားရင် ပြီးတာဘဲ။

ရောင်းရင်းကြီး အနေနဲ့လဲ ပြောခြင်တာတွေြေ့ပာလိုက်ရတော့ ရင်ထဲ အတော် ပေါ့ သွားပုံရ တယ် ။ နှလုံး အတွက်ကောင်းတယ် ။ အာရောဂျံ ပရမံ လာဘံ အသက်ရှည်မယ် ။ နှလုံး ကောင်းဘို.ကလဲ အရေးအကြီး ဆုံးဘဲ မဟုတ်လား။ စာအုပ်တအုပ်များရေးတော့ မလား ၊ အနဲဆုံး မင်မွာ ( memoir) ) ပေါ့နော် ။ မသိ သူတွေအတွက် ဗဟုသူတအတော်ရတယ်၊ ကိုယ်မသိ တာတွေ အများကြီးဘဲ မို.လဲ အသေးစိပ် မဆွေး နွေးတော့ဘူး။ ရောင်းရင်းကြီးရဲ့ ဗဟုသုတတွေကို ဖြန်.ဝေတာ ကောင်းတဲ့ အလုပ်ပါ ။ ဒါတွေကို ဆန်းစစ် လိုက်ရင် မြန်မာ တပ်မတော်ရဲ့ သမိုင်းနဲ့ ဖြစ်စဉ်တွေကို သိကြတာ ပေါ့. ၊ မသိသူ မကြားဘူးသူတွေ သိဘူး ကြားဘူးသွားရတာပေါ ဗျာ ၊။


ဥပမာ ပြောရရင် သံဃာယနာတင်တယ် ဆိုတာ သံဃာတော်များ အစုအဝေးနဲ့ တင်ကြရပါ တယ် ၊ ဒီ သံဃာ့အစုအဝေး ဆိုတာ ကလဲ ပိဋိကတ်တော်များ ကျွမ်းကျင်တဲ့ စာတတ်ပေ တတ် ၀ါတော်ရ သိက္ခာပြည့် ဘုန်းကြီးတွေပါဘဲ ၊ အခြား အာစရိယတန်းဝင် စာချ သံဃာ တော်အချို.လဲ ပါဝင်ပါလိမ့်မယ် ။ ၂ ပါးထဲ က တော့ အာပါတ် ဖြေ နိုင်ရုံလောက်ဘဲ လို.ဆိုရမယ်။ ဘုရားဟာ ဘုရားဆိုတာကတော့ ဂုဏ်တော် ၉ ပါးနဲ့ ပြည်.စုံသူမို. တပါးထဲနဲ.ဟောနိုင်ခဲ့တာပါ ။ သာရိပတ္တ၇ာ ။ မဟာမောဂ်ဂလန် လို ပုဂိုလ်တွေ မရှိခဲ့ရင် ဘုရား ဟော တွေ တရားတွေ ဘယ်သူ မှ သိလိမ်.မယ် ကြားကြရလိမ်ယမယ် မဟုတ်ပါဘူး။

ဗုဓ္ဒဘာသာ အခြေခံ မရှိသူတွေကတော့ ဒီဝါ၀ါဝတ် ဂတုံးတွေ ဘာလုပ်လို. ဘာကိုင်နေကြ တယ် ဘာတွေ ရွက်ဖတ်သရဇယ် မန်းမှုတ်နေကြတယ် ဆိုတာ ရေးရေးလေးတောင် သ ဘော ပေါက်ကြလိမ့်မယ် သိကြ လိမ့်မယ် မဟုတ်ဘူး ဆိုတာ ရောင်းရင်းကြီးလဲ သိပါလိမ့် မယ် ။ တကမ္ဘာလုံး ဗုဓ္ဒဘာသာတွေ မဟုတ်ကြ ဘူး။ ဗုဓ္ဒဘာသာဝင်တွေထဲမှာလဲ အားလုံး ဟာ ရာခိုင်နှုန်းမပြည့်ဝ ကြတဲ့ အတွက် ပိဋိကတ်တော်တွေ လွှင့် ပစ် မီးပုံရှို.လိုက်လို.လဲ မဖြစ်ဘူး။ အခုတလောမှာ သံဃာတုတွေ ၊ သိက္ခာနဲ့မညီတဲ့ ဘုန်းကြီးတွေကို သာသနာ သန်းရှင်းရေးအတွက် သန်.စင်ဘို. အကြောင်းတွေ ပြောလာကြတာကြားရတယ်။ လက် တွေ. ဘယ်လောက်အကောင်အထည်ဖေါ်ခဲ့ ပြီလဲ တော့ ဒီက မလျှောက်တတ်ဘူး။

အမျိုးစောင့်ရှောက်ရေး ဥပဒေပြဌာန်းဘို.တောင် အမျိုးဆိုတာဘာမှန်းမသိတဲ့ မျိုးမစစ် တွေက ဆန်ကျင် ကန်.ကွက်နေတာသာ ကြည် တော့ ။ အမျိုးစောင့် ဥပဒေ ဘာကြောင်. လိုအပ်တယ်ဆိုတာ ကိုယ်မသိတာကို သိအောင် မကြိုးစားဘဲ စွတ်ပြီး ကန်.ကွက် ဆန်.ကျင်နေကြ နေလို.ကတော့ ဒီမိုကရေစီကိုယ်တိုင် တန်ဘိုးမရှိ အပေါစား အရသာမရှိ ဖြစ်သွားမယ် ။ အနာဂါတ် ဆိုတာအတွက်လဲ စိတ်မချမ်းမြေ.စရာ ဖြစ်လိမ်.မယ် ။ ကြိုတင် ကာကွယ်မှု သည် ကုသမှုထက် သညရွေ.ကောင်းမွန်သည်လို. ပညာရှိများ ဆိုထားပါတယ်၊ တရာ့းပဒေစိုးမိုးရေးဆိုတာ ဥပဒေရှိမှာဖြစ်တာပါ ။

ရောင်းရင်းကြီး ပြောတာတွေဟာ ဒီကတောင် ရေးရေးလေး တောင် မသိတာအမှန် ၊ တခြားသူတွေတော. မပြောတတ် ဘူး။ အတွေ.အကြုံချင်းကလဲ မတူကြဘဲကိုး လို.ဘဲ ပြောရလိမ့်မယ် ၊၊

မြန်မာ့ တပ်မတော်ကို မလိုလားကြသူတွေဟာ ၁၉၄၅ ခုကတည်းက တပ်မတော် ပျက်ဆီး ဘို. ဖျက်ဆီူဘို. လုပ်ခဲ့ကြတာ ကြံစည် ခဲ့ကြ တာတွေ၊ မြေအောက် လက်နက်ကိုင် သောင်း ကျန်းတွေကတမျိုး ၊ မြေပေါ်သောင်းကျန်းတွေက တဖုံ တို. ဟာ တပ်မတော်ကို ဘယ်လိုမှ မလိုလားဘူး၊ ကာယကံ ၀ဇီကံ မနောကံ ၊ ကံ ၃ ပါးနဲ. ပစ်မှားနေကြတာ ၊ ကိုယ် နှုတ် နှလုံး ၃ ပါးနဲ့ပုတ်ခတ် တိုက်ခိုက်နေကြတာ ဒီနေ.အထိပါဘဲ၊ တပ်မတော်မှာ အန္တ၇ာယ်ရှိခဲ့ တာ တွေ. ရှိနေဆဲဘဲ ဖြစ်တယ် ဆိုတာတွေ ကို အလျှင်းသင့်.တိုင်း ထပ်ချေး တလဲ ပြောနေ တာ ဘဲ ။

သူတိုတွေ နားမလည်နိုင် တာ က ၊ Principal of exchange. ဘဲ Action & Reaction လို. ဆိုမလား။ တပ်မတော် အန္တရာယ်ရှိတာနဲ့ အမျှ သူတိုကိုယ်တိုင်လဲ အန္တရယ် ရှိနေ တယ် ဆိုတဲ့ အချက်ဘဲ ၊ တောင်ဝှေး လဲ ရင် ဘိုးသူတော်က ထူ လိမ့်မယ် ၊ ဘိုးသူတော် လဲရင် တောင်ဝှေး က ထူနိုင်ပါ့မလားဆိုတာ ဘဲ ။

ဂေါတမ မြတ်ဘုရားဟာ လူ နတ် ဗြဟ္မာ သတ္တ၀ါ တို.ကိုရည်ပြီး တခုထည်းသော တူညီသော တရားကိုသာ ဟော ပါတယ်။ သောတပန်သူ. အနာ၈မ်သူ အဆင်မြင့် ကျွတ်တန်းဝင်သူတွေ ဆိုတာ သူ.ပါရမီ နဲ့ သူဖြစ် ကြတယ် ၊ အရေအတွက်နဲ ပြောမယ်ဆိုင်ရင် တရားနာပရိသတ် ထဲက အနဲစုသာ ဖြစ်တယ်လို. လူကြီးသူမ များ ပြောတာ ကြားဘူးပါတယ် ။

ဂေါတမ ဗုဓ္ဒရှိစဉ်ထဲ သံဃာတို.အတွက် ၂၂၇ ပါးသော သိက္ခာပုဒ်နဲ့ တခြား စည်းကမ်း ဆိုတာ တွေကို လို အပ်လို. ချပေးခဲ့တယ် ။ ငါ၏ သာသနာ ကို ငါ၏သားများ ဖျက်ဆီးကြလိမ့်မယ် လို.လဲ ဗျာဒိတ် ထားခဲ့ ပါ တယ် ။ စည်းကမ်းဖေါက်တဲ့ သံဃာတော်တွေ ရှိလာလို. သာသ နာ တောင်ပျောက်ကွယ်လိမ့်မယ်လို. ဘုရား က ကြိုတင်ဟောခဲ့တာပေါ့ ။

နှိုင်းရမယ် ဆိုရင် ရောင်းရင်းကြီးရဲ စကားတွေဟာလဲ ဒီနည်းနှင်နှင်ပါဘဲ ။ ပါရမီများခဲ့.လိုနားလည်သဘော ပေါက် လွယ်သူ.၊ ပါရမီနဲခဲ့လို. နားဝေးသူတွေ ၊ မကြားနိုင်တဲ့ အရပ် ရောက်နေသူတွေ ရှိနေပါတယ် ။ ငါတို. ၏ တပ်မတော် ၊ ငါတို.၏ နိုင်ငံတော်ကို ငါတို.၏ သားတော်များ ဖျက်ဆီးကြလိမ့်မည်လို.တော့ ရှေ.ဖြစ် မဟောလိုဘူး။ ဖြစ်ခါမှသာဖြစ်ရော ၊ သူတိုရဲ့ ပါရမီဘဲ ၊ နိုငံတော် ရဲ ကံကြမ္မာဘဲလို.ဆိုပြီးလဲ ပစ်မထားနိုင် ဘူး။

မြန်မာနိုင်ငံမှာ အစိုးရကို ဆန်.ကျင်သူမှ ၊ တပ်မတော်ကို ဆန်ကျင်သူမှ ၊ သူရဲကောင်းတွေ ဖြစ်တယ် ၊ ဂုဏ်ရှိတယ်လို.ယုံကြည်နေသူတွေ ရှိကောင်းရှိမယ် ၊ အမြင်အရကတော့ အစိုးရဆန်.ကျင်သူတွေ၊ တပ်မတော်ဆန်.ကျင်သူတွေ ဟာ သူတိုကိုသူတို. နိုင်ငံတော်ကို ချစ်သူ မြတ်နိုးသူ လို.တင်စားနေကြ သလား၊ သူတိုဟာသူတို.လဲ မြန်မာနိုင်ငံကို ခေတ်မီ နိုင်ငံတော် တခု အဖြစ် ပြောင်းလဲ လိုကြသူတွေလို. တပါးသူတွေ အထင်ကြီးအောင် လုပ် နေ တဲ့ လူပျံတော် ပတ္တမြားသွေး ဆေး အရောာင်းသမားတွေဘဲ ။ နိုင်ငံတော် ကို တကယ် တိုးတက်အောင် လုပ်အားပေး ပံ့ပိုးနေသူတွေက တော ကိုယ့်စာရိတ်နဲ့ကိုယ် မိဘထောက် ပံ့မှုနဲ ရိုးရိုးသားသား ပညာလာသင်ကြသူတွေထဲ က အများစုဘဲ ဆိုတာ တွေ.ရတယ် ။

ပြောခဲ တဲ့ ဆန်.ကျင်ရေးသမားတွေကတော အခွင့်ထူးခံစား နေကြရတာဘဲ နိုင်ငံခြားထွက် လို.ကောင်းတယ် နိုင်ငံခြားမှာ အလုပ်ရဘို.လွယ်တယ် ၊ ဒါမှဟုတ် နိုငံခြား က လူမှူုဖူလုံရေး အကျိုးခံစားခွင့်တွေထောက်ပံ့ကြေးတွေကို နိင်ငံခြားမှာ အမျိုးမျိုး ခံစားနေကြတယ် ၊
မြန်မာ နိုင်ငံမှာ အတိုက်အခံ လုပ်စားနေတဲ့ မစုကြည် တယောက်တောင် လာမဲ့ ဇွန်လမှာ ၆၉ နှစ်ပြည့်တော့ မယ် ။ အင်္ဂလန်မှာ အခြေချ လုပ်လုပ်ခဲ့တာတွေ အတွက် အသက် ၆၀ ပြည့်တဲ့ ၂၀၀၅ ခုထဲ က ပင်စင်နဲ့ တခြားခံစားခွင့်တွေကို ခံစားပိုင်ခွင်.ရှိတယ်၊ သူခံစားနေ သလားမနေလူးလာလို.တော် မသိဘူး။ွှအင်္ဂလိပ် လက်ထက် က မြန်မာနိုငံရှိ အင်္ဂလိပ် စစ်တပ်မှာ အမှုထမ်းနေခဲ့ပြီး မြန်မာ့ခေတ်မှာ အစိုးရနဲ့ တပ်မတော်ကို ဆန်.ကျင်တိုက်ခိုက် ၊ သူပုန်လုပ်စားနေတဲ့ ကရင် ၊ ကချင် ၊ ချင်း တွေတချို.ဟာ ဗြိတိသျှ စစ်တပ်ရဲ့ ပင် စင်လစာ တွေ အခုထိ ခံစားနေဆဲ ရှိတယ် ဆိုတာ သိရတယ် ။

ဒို.အရေးသမားတွေ ဒီမိုကရေစီသမား ဆိုတာတွေကတော့ ထွက်လာကတည်းက ပြန်ဘို.လဲ အစီအစဉ်မရှိ စိတ်ကူးမရှီတဲ့ ယောင်ဝါးဝါး တွေဘဲပေါ့ ၊ သမတရဲ လွတ်ငြိမ်းခွင်.နဲတောင် ပြည်တော် မပြန်နိုင်ကြသူတွေ ရင် နှီးမြှုတ်နှံ ဘို. ပြန်လည် အခြေချဘို.ဆိုတာ ဝေးရော ၊ မြန်မာနိုင်ငံရဲ လက်ရှိ ဖွံ ဖြိုးနေမှု အရှိန်နှုန်းကိုတောင် သူတို မမီနိင်တဲ့ လက်လုပ်စားတွေ များတယ် ။ ဒို.အရေးဆိုတာ သူဒို.အရေးကိုပြောတာ နိုင်ငံတော်နဲ နိုင်ငံတော် သားတိုရဲ အရေးကို ပြောတာမဟုတ်ဘူး ဆိုတာ နားလည် အပ်တယ်။

အော်ဒါနဲ့ ကြုံတုန်းမေးရအုံးမယ် ဖျက်သိမ်းခဲ့တဲ့ နားကုတ်တွေ ၊ နွားဂုတ်တွေ (NCGUB ) တွေအကြောင်း ဘာများကြားမိ သလဲ ၊ ဗိုလ်အောင်ဆန်းနဲ အတူကြွသွားတဲ့ ဦးဘ၀င်း ရဲ့သား . ဗိုလ်ချုပ်ရဲ တူ၊ မစုကြည်ရဲ့ ၀မ်းကွဲ၊ ၀န်ကြီး ချုပ်စိန်ဝင်း၊ အနောက်တိုင်း ၀တ်စုံကို ခေါင်းပေါင်းနဲ ကိုယ်ရို.ကားယာ ၀တ်တဲ့ လင်းပင် မင်းသားကြီး ရဲ့သွေး ပီတာလင်းပင် ၊ ဘိုလှတင့် ၊ ခွန်မာကိုဘန်(ရှမ်း)၊ မောင်မောင်အေး ၊ တက်ဒီ ဘူရီ (ကယား)၊ ကိုသိန်းဦး၊ ဒေါက်တာ ဆန်းအောင် ၊ ဒေါက်တာ တင့်ဆွေ၊ ဒေါက်တာ ဇာလေသန(ချင်း) ။ ဦးသာနိုး(ရခိုင်)၊ သိခြင်တာက သူတိုတွေ ပြည်တော်ပြန်ပြီး လုပ်အားပေးနေကြသလား ဆိုတာပါ ။

အတိုက်အခံ ခေါင်းဆောင် မစုကြည်ရဲ အတိုင်ပင်ခံဖြစ်ခဲ့ဘူးတဲ့ ဦးအုံးမြင့်ရဲ သား တယောက် ဘီဘီစီမှာ အလုပ်ရခဲ့ပြီး ၊ ချွေးမကလဲ မစုကြည်လုပ်ခဲ့ SOAS မှာ အလုပ်ရတယ် ဆိုတာ တိုက်ဆိုင်မှုလား ၊ ထူးလို. ပေါ့နော် ဟဲ ဟဲ လို. ဆိုရမလား။ ပြောစရာတွေ အများရှိ ပါတယ် ။ ဒါတွေက ပုဂိုလ်ရေး ဆန်ူသွားပါ လိမ့် မယ် ။ ခရိုနီဆိုတာ နေရာတိုင်းမှာ ရှိပါတယ် ။

ပန်ပြားပင်လို လေယူရာ ယိမ်းသူတွေကတော့ ရှိမှာဘဲ ၊ စိတ် ဆိုတာ နဂိုကမှ အစိုးမရ ဘဲ ကိုး ၊ စိတ်ရဲ့ ဆန်း ကျယ်မှူ ၊ စိတ်ရဲ့ အသွားနှုန်း အတိအကျ တိုင်းထွာ လိုမရ၊ ပြောင်းလဲမှု မြန်တယ် ၊ ပြည်သူတွေထဲမှာ သစ္စာ မရှိ သူတွေ ရှိသလို ၊ တပ်မတော်ထဲမှာလဲ သစ္စာဖေါက် တွေ ရှိမှာပါ ။

ယုံကြည်ချက် နဲပါးသူ မခိုင်မာ သူတွေမှာ ဂယောင်ချောက်ခြား ဖြစ်တတ်တာများပါတယ် ၊ ရောင်းရင်း ကြီးပြောတဲ့ သူတွေဟာ တယောက် နှစ်ယောက် ရေတွက်လို. ရပါတယ် ။ သူတို. ကြောင့် သူတို အစွမ်း ကြောင့်တော့ တပ်မတော်ကို မထိခိုက်နိုင်ဘူးလို.လဲ အတိ အကျပြောဘို. ခက်တယ် ၊ ဘာကြောင့်လဲ ဆိုတော့ မြန်မာ ရာခိုင်နှုန်းများများ ဟာ ဝေလေလေ တွေ ဖြစ်နေသေးတာကို တွေ့ရလို.ဘဲ ။ တပ်မတော် တင် မက တိုင်းပြည်ကိုပါ ထိခိုက်ပါတယ် ။ တပ်မတော်နဲ.ပြည်သူ ကြည်ဖြူတာကို မကြည့်နိုင် မရှုစိမ့် သူတွေ ရှိတာကတော့ ရှိနေတာဘဲ။ ဒီနေ. မြန်မာ့နိုင်ငံရေးလောကမှာ အစိုးရနဲ့ တပ်မတော်ကို မနှစ်မြိုံ.သူတွေဟာ သောင်ကျန်းသူတွေနဲ့ သောင်းကျန်းသူတွေ ထေိာ်ကခံနေတဲ့ NLD လို အဖွဲ.အစည်းမဘဲ ဆိုတာ သိသာနေတယ် ။ ပြည်သူတွေကို သူတိုဘက် ပါအောင် ဆွယ်သူ တွေ ဟာ တပ်မတော်နဲ့ ပြည်သူ ကွဲအောင် နည်းအမျိုး မျိုး လှုံ.ဆော်မှာ ဘဲ ။ တပ်မတော်က ပြည်သူတွေကို ကိုယ်.ဘက်ပါအောင် ဘယ်လို ဆွဲဆောင်နိုင်မလဲ ဆိုတာဟာ အဓိကကျ တယ် ။

ဒီနေ. အစိုးရ နဲ့ အတိုက်အခံ ဆိုပြီး ရှိလာတဲ့ အခါမှာ ၊ တပ်မတော်ဟာ နင်ငံတော်နဲ့နိုင်ငံ သား တို. အတွက် သာဖြစ်တယ် ဆိုတာ ပိုပြီး ပေါ်လွင်စေရမယ် ၊ လွှတ်တော်ထဲက တပ် မတော်သားသမီးတွေဟာ အစိုးရ လူတွေ မဟုတ်ဘူး၊ အတိုက်အခံရဲ့ လူတွေလဲ မဟုတ်ဘူး နိုင်ငံတော်နဲ့ နိုင်ငံသားတိုရဲ့လူတွေဘဲ ။ အုတ် ရောရော ကျောက်ရောရော ဝေလေလေ ယောယိမ်းဘသားယိမ်းမဟုတ်ဘဲ လိုအပ်တာကို ရဲရဲတင်းတင်း သတ္တိရှိရှိ ဆောင်ရွက်ရမယ် ။ အင်္ဂလိပ်လို ပြောမှ နားလည်မယ် ဆိုရင်တော့ Firm & Fair ပေါ့ဗျာ။

အပစ်တင်စရာရှိရင် တပ်မတော်ပေါ် သစ္စာဖေါက်သူ၊ နိုင်ငံတော်အပေါ် သစ္စာဖေါက်သူတွေ ကို သစ္စာဖေါက်လို. မမှတ်ယူတာတွေ ၊ သစ္စာဖေါက်တွေကို ထို်က်သင့်သလို အရေးမယူခဲ့ တာ တွေအတွက် အစိုးရ အဆက် ဆက် ဈ တပ်မတော် ဦးစီး အဆက်ဆက်ကို အပစ်တင်ရ မှာသာ ဖြစ် တယ်၊ သစ္စာဖေါက်ရင် ဘာဖြစ်နိုင်တယ် ဆိုတာ Leonidas နဲ့ စပါတန် ၃၀၀ တို.ဖြစ်စဉ်ကို လေ.လာနိုင်တယ် ။

ဦသိန်းစိန် လွတ်ငြိမ်းချမ်းသားခွင့်ပေးတာကိုတောင်သဘောမကျကြောင်း မကြာခဏ ပြော ဘူး ပါတယ် ၊နိုင်ငံရေး သမား အယောင်ဆောင် သူခိုး ဓါးပြ လူသတ် မုဒိန်းကောင်တွေ၊ ရာဇ၀တ်သားတွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးတာတွေဟာ ပြည်သူတရပ်လုံးကို ဗြောင် စော် ကားတာဘဲ ပြည်သူတရပ်လုံးရဲ့ လူအခွင့် အရေး တွေ ကို စော်ကားတာဘဲ ၊ ပြည်သူတရပ်လူံး ရဲ အစစ လုံခြုံရေးလို. ဖေါက်ဖျက်တာဘဲလို မြင်တယ်။ လွတ်ငြိမ်း ချမ်းသာခွင်ဟာ နိုင်ငံတော် သမတက ပေးတာမို.လဲ တိုင်းပြည် မငြိမ်သက်တာ ဆူပူ သောင်း ကျန်း တာ တွေ ဟာ သမတ မှာသာ တာဝန်ရှိတယ် ၊ ဒီ သူခိုး ဓါးပြ လူသတ် မုဒိန်းကောင်တွေက ပေါက် ပွား လာအုံးမဲ့ ဘမျိုး ဘိုးတူ ဂျိုနဲ့ ကားယား တွေ ၊ဘယ်လောက် ပြန်.နှံ.လာအုံးမယ် ဆိုတာ ခန်.မှန်းလို မရဘူးလို ပြောခြင် တယ် ။ ဒါတွေကြောင့်များ ဒို.နိုင်ငံ ဒီလိုဖြစ်နေရတာ လားလို.လဲ တွေးမိတယ် ။ ပြော ရရင် ၊ နိုင်ငံရေး သမား အယောင်ဆောင် သူခိုး ဓါးပြ လူ သတ် မုဒိန်းကောင်တွေ၊ ရာဇ၀တ် သား တွေ ကို တမင် မွေးထား သလိုဘဲ ။

တပ်မတော်ထဲမှာ လူအမျိုးမျိုးရှိတယ် ဆိုပေမဲ့ ထမင်းငတ်လို တပ်ထဲ ၀င်တယ် ဆိုတာ မဖြစ် ရအောင် တပ် က ဘဲ ပြန်ပြီးထိမ်းပေးရလိမ့်မယ်။ ၃ လ စောင့်ကြည်လို.မှ မဟန်ရင် တပ် သား သစ်ကို ထိုက်သင့်တဲ့ပစ်ဒါဏ် ပေးပြီး ထုတ်ပြစ်ရမယ် ။ တပ်တွင်းစည်းကမ်းတွေနဲဒင် မလုံလောက်ရင်၊ အရပ် စည်းကမ်းဥပဒေ တွေ ၊ ပြည်ထောင်စု ဥပဒေ တွေ ၊ ပြည်နယ် ဥပဒေတွေပါ တပ်မတော်သားတွေ အပေါ် သက်ရောက်စေရ မယ် ။

အတိတ်ရဲ့ ဖြစ်ရပ်တွေဟာ သင်္ခန်းစာတွေဘဲ ။ ယူနီဖေါင်းဝတ် သေနတ်ကိုင်ရတာ တာဝန် တရပ်သာ ဖြစ် တယ် ။ ကိုယ့်ကို. အာဏာကုန် လွဲခံရတဲ့ အုပ်ချုပ်သူ အရှင်သခင်လို မှတ်ယူ ဘို. မဟုတ်ဘူး။ ဒီတာဝန်ရှိသူ ကိုလဲ ဘယ်လို နည်း နဲ့မှ အာဏာရှင်လို. ပြန်လို.လဲ မရဘူး။

ထောက်လှမ်းရေးဆိုတာ ကတော့ ၊ ကမ္ဘာမြေကြီး အထက် မိုင်ပေါင်းများစွာမှာ အာကာသ စခန်းတွေြ၈ိုဟ် တု တွေ တင်ပြီး နိုင်ငံတကာကို စုံစမ်းထောက် လှမ်းနေတဲ့ ခေတ် ၊ ပြည် တွင်း မှာဆိုရင်လဲ CCTV ကင်မရာ တွေနဲ တမျိုး၊ လူတွေကိုလဲ မွေးသည်မှ သေသည်အထိ ကိုယ် ရေး မှတ်တမ်း အသေးစိပ်တွေကို CIA, FBI မှာ စုဆောင်ထားနေတဲ့ ကာလမှာ မြန်မာနိုင်ငံက ထောက်လှမ်းရေး အကြောင်း ပြောလာတော့ ရီခြင်လာ တယ် ။

ဘယ်သူကိုမှာ စော်ကားတာမဟုတ်ဘူး။ မြန်မာတွေဟာ အသိပညာ ဗဟုသုတ နဲပါးလှပါ လား ။ သူများတွေ ချောက်တိုင်း ကြောက်နေကြတာ ၊ စက်ဘီး မော်တော် ဆိုင်ကယ် စီး၊ လွယ်အိတ်လွယ်၊ နေကာ မျက်မှန် တတ်၊ ဦးထုတ်ပြော.ကို နားရွက်ဖုန်းအောင်ဆောင်ပြီး ဟင်းဆက် မိုဗိုင်း ကိုင်ထားသူတိုင်းကို မြင်ရင် လန်. နေကြတယ် ။ ဒီ လန့်စိတ်နဲ့ဘဲ တွေ.ကရာတွေ စွတ်စွဲ သမုတ်တာတွေကလဲ မနဲဘူး။ တကယ့် ထောက်လှမ်း ရေးသမားဆိုတာ ဖြုသလား မဲ သလား၊ အထီးလား အမလားလို.တောင် မသိရဘူး ။

ထောက်လှမ်းရေးလဲ တပ်မတော်ဘဲ ၊ တပ်မတော်လဲ ထောက်လှမ်းရေးဘဲ အမျိုးသားထောက် လှမ်းရေးဆို ပြီး ကြည်း ရေ လေ ရဲ နဲ ဘီအက်(စ်)အိုင် လို ဌာနတွေဟာ ကိုယ့်အလုပ်ကိုယ် လုပ်နေရုံနဲ့ မပြီးတော့ဘူး။. နေ.စဉ်နေတိုင်း တနေ.တာ အရပ်ထဲ မြိုထဲ ခွေးကိုက်တာက အစ ဖြစ်စဉ်တွေ သတင်းစာတွေထဲ ပါတဲ့ သတင်းဇစ်မြစ်တွေ၊ ကောဠဟာဠ အပါအ၀င်ကို နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ လယ်သမား အလုပ် သမားအရေး ၊ ဘာသာ သာသနာ အရေး စသည် ခွဲခြားပြီး ၊ ရရှိတဲ့ သတင်း အချက်အလက် အဖုံဖုံကို နံနက် ၇ နာရီအရောက် အစီရင် ခံရတယ် ဆိုတာကိုတော သိတယ်၊ စပါယ်ရှယ်ဘရန်.(ချ) ဆိုတာ ရဲတပ်ဖွဲရဲ့အစိပ် အပိုင်း ထောက်လှမ်းရေး တပ်ဖွဲ့ဘဲ ဆိုတာကိုလဲ မေ့လို မဖြစ်သေးဘူး။

ကိုယ့်ပေါင် ကိုယ်လှန်းထောင်းလိုက်သလိုဘဲ ကိုယ်တို.ရဲ ချို.ယွင်း အားနဲချက်တွေကို ထုတ် ပြောတာ ပြုပြင်စေခြင်လို.၊ အားဖြည့်စေခြင်လိုဖြစ်ပေမဲ့ မပြု ပြင်ရင် အားမဖြည့်ရင် ကိုယ့် အကြောင်းကို သူများသိတာဘဲ အဖတ်တင် တယ်၊ ဘယ် ပြော့ကွက်ကို နှိုက်ရမလဲ ဆိုတာ ပြောလိုက်သလို ရှိလိမ့်မယ် ၊ ကိုယ့်အတွက်လဲ အန္တရာယ် ရှိနိုင်တယ်၊ အထူးသဖြင် နိင်ငံ တော် လုံခြုံရေး။ အမျိုးသား လုံခြုံရေး အတွက်ပဲ ပေါ့ ရောင်းရင်း ရယ် ။

ပွင့်လင်းမြင်သာ ဆိုလို. အဟုတ်မမှတ်နဲ သူများကိုသာ ပွင်လင်းမြင်သာစေခြင်တယ် ကိုယ် ဟာကိုတော့ မဟော်သဓ ထုံးပိုက်ပြီး ဘာမှ မပွင်ယလင်း မညမင်သာစေလိုဘူး။ တဖက်က လဲ အမျိုးသား/နိုင်ငံတော် လုံခြုံရေး ဆိုပြီး။ ဘယ်သူမှ ဂရုမစိုက် လုပ်ခြင်တိုင်းလုပ်နေကြတဲ့ နိုင်ငံတွေ ရှိတာ သိသားနဲ့ ၊ သူတိုလိုဘဲ သူများတွေ လုပ်တော့ သူတို.ကဘဲ သူများကို အပစ်ပြောလိုက်သေးတယ် ။ ဒါဟာ ကမ္ဘာ့လူသားအားလုံးကို ဗြောင်စော်ကားနေတာ မဟုတ်လို. ဘာလဲ ?

နောက်ဆုံးပြောခြင်တာက မြန်မာနိုင်ငံမှာ နိုင်ငံသားတွေဟာ ကိုယ့်ရဲ့ ချိုယွင်း အားနဲချက် ပြော့ကွက်တွေ ကို ကိုယ့်ဟာကို သိကြပါ ပြုပြင်ကြဘို. အများကြီး လိုတယ် ။ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေဟာ မြန်မာနိုငံကို သူးဆက် မလာဘူးလို မပြောနိုင်ဘူး။ အနာဆိုတာ ပျောက်သလိုရှိ ပေမဲ့ သတိမထားရင် ပြန်ရင်းလာတတ်တယ် ၊ အနာစက်ကျရာမှာ အနာသစ် ပေါက်လာတတ်ပါတယ်// ။

ပျော်ပျော်ပါးပါး ပေါ့.

0 new messages