Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

ရသေ့ကြောင်မင်း " အရှင် သံဝရာ လင်္ကာရ "

51 views
Skip to first unread message

moegy...@gmail.com

unread,
May 31, 2015, 7:18:48 AM5/31/15
to
တိုင်းသူပြည်သား လူအများတို.လေး ။

နိပါတ်တော် လာအရ ဆိုရင် တေမိ မင်းဟာ တိုင်းပြည် အုပ်ချုပ်မ်ငးလ်ုပရမှာ စိုးရိမလို စကားမပြောဘဲ နေခဲ့တယ် တဲ့ ။ အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတဲ့ ပုဂိုလ် ဖတ်ဘူး လေ.လာဘူး မှာပေါ့ ၊

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတာရဲ့ဆောင်းပါးဆိုတာကို News Eleven Daily က ဒီနေ. ၃၁ / ၀၅ / ၁၅ ထုတ်မှာ ဖေါ်ပြထားတယ် ။

မိမိတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပြည်သူကို အလုပ်အကျွေးပြုမယ့် ခေါင်းဆောင်ကောင်း ကောင်း မရှိခဲ့တာ၊ နိုင်ငံကို ပခုံးနဲ့ ထမ်းတင်မယ့် အစိုးရကောင်းကောင်း မရခဲ့တာ ရာစုဝက် ခန့် ရှိခဲ့ပါပြီ။ တကယ်တမ်းရခဲ့တာက ပြည်သူကို နင်းတက်မယ့် ခေါင်းဆောင် တိုင်းပြည် အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်တဲ့ အစိုးရမျိုးကိုသာ ရခဲ့တာပါ။ ဒါ့ကြောင့် တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းရဖို့၊ အစိုးရကောင်းရဖို့ ရင်းနှီးခဲ့ရ၊ ပေးဆပ်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့ရဲ့ ဘ၀တွေ၊ သွေးတွေ၊ ချွေးတွေလည်း မနည်းတော့ပါဘူး။ အစိုး ရအပြောင်းအလဲတွေရှိခဲ့ပေမယ့် ပြည်သူအများစုဘ၀ကတော့ ထူးမခြားနား ဘုန်းတော်ဘွဲ့အတိုင်း ပါပဲ။ - တဲ့

အင်း ဘုန်းကြီးကို ယှဉ်ပြီးပြောရမှာကတော့ အတော် ခက်တယ်။ အနဲဆုံးကတော့ ကံကောင်းရင် “ဘုန်းကြီးစာချ မိချောင်းမင်း- ရေကင်းပြ သမား ’’လို သက်သက်ညှာညှာ အပြောခံရနိုင်တယ် ၊ ကံမကောင်း အဆိုးဆုံးကတော့ ‘ ငရဲရောက်မဲ့ အကောင် ’လို. အပြောခံ ရနိုင်တယ် ။ ရှိပါစေ ။

ဘုန်းကြီးလဲ သူ ပြောစရာရှိတာပြော ဒီကလဲ ပြောစရာရှိတာပြောရတာပေါ့ ။သူတယောက်(တပါးထဲ) ပြောခွင့်ရှိတာမှ မဟုတ်တာ ။ သူဟာလဲ လူထဲက လူ ( ပုထုဇဉ်) မို.သူပြောစရာ ရှိတာ ပြောသလို ကိုယ်လဲ ကိုယ့်အခွင့်အရေးအရ ပြော၇မှာဘဲ. ဘုန်းကြီး ကန်.ကွှက်စရာ ရှိလိမ့်မယ် မထင်ဘူး။ ။

ဂေါတမ ဗုဒ္ဒဟာ သူရှာဖွေ တွေရှိတဲ့ မှန်သောတရားတွေကို ကို လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးကို ဝေမျှခဲ့ ဘူးတာတော့ ရှိပါတယ် ။

ဗုဒ္ဒဘာသာမြန်မာတတွေဟာ ဘုန်းကြီး ဆိုတာတွေက ပြောလိုက် ဟောလိုက်ရင် ဘာမေး ခွန်းမှ မမေး အထွန်.မတက်တော့ ဘဲ သာဓု သာဓု သဓု နဲ့ ခေါင်ငြိမ်သွားကြတယ် ။ ကောင်း တာမကောင်းတာ မဝေ ဖန်ဘူး ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ဘဲပေါ့ ။

ဘုန်ကြီးပြောတာ မုသားမပါဘူး၊ မကောင်ူးတဲ့ စကားမဟုတ်ဘူးဆိုတဲ့ အစွဲက ရှိနေကြ တယ် လေ။ ငရဲ ဆိုတာကို ကြောက်လို.ဘဲပေါ့ ။ ငရဲ ဆိုတဲ့ အကြောက်တရားသာ မရှိရင် ဘာတွေ ဖြစ်ကုန်မလဲ ?

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတဲ့ ဘုန်းကြီးကိုယ်တိုင်က လန်ဘားတွေ ကျောက်တံတား တွေ ရေးထားတဲ့ ဆောင်းပါ ဆိုတာမှာ “ယခု ၂၀၁၅ အောက်တိုဘာလ အကုန်၊ နိုဝင်ဘာလဆန်း (လေထဲကအသံအရ) အစိုးရအပြောင်းအလဲ လုပ်ပါတော့မယ်။
မြ၀တီမင်းကြီးဦးစရဲ့ ထူးမခြားနား ဘုန်းတော်ဘွဲ့ကိုတော့ မကြားလို၊ မနာလိုတော့ပါဘူး။ ထူးလည်း ထူးစေချင်ပါပြီ။ ခြားနားလည်း ခြားနား စေချင်ပါပြီ။” လို.ဆိုထားတော့ ၂၀၁၅ ခု ရွေးကောက်ပွဲပြီ်း ဘယ် အစိုးရဘဲ တက်တက်လို. ပြောခြင်တာ လား ပြောတော့ ပြောမထား ဘူး။ ‘ အစိုးရ အပြောင်းအလဲ’ ဆိုတာ ကိုယ်လိုခြင်တဲ့ အဓိပါယ် ကိုယ် ကောက် နိုင်တယ် ။

ဒါပေမဲ့ သူပြောစကားက “မိမိတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပြည်သူကို အလုပ်အကျွေးပြု မယ့် ခေါင်းဆောင်ကောင်းကောင်းမရှိခဲ့တာ၊ နိုင်ငံကို ပခုံးနဲ့ ထမ်းတင်မယ့် အစိုးရကောင်း ကောင်း မရခဲ့တာ ရာစုဝက် ခန့် ရှိခဲ့ပါပြီ။ တကယ်တမ်းရခဲ့တာက ပြည်သူကို နင်းတက်မယ့် ခေါင်းဆောင် တိုင်းပြည်အတွက် ၀န်ထုပ် ၀န်ပိုးဖြစ်တဲ့ အစိုးရမျိုးကိုသာ ရခဲ့တာပါ။” ဆိုတာ သူထုတ်ပြောစရာမလိုပါဘူး။ သူထက်မက နာမည်ကြီး ဂုဏ်ကြော်ဇောတဲ့ ဘုန်းကြီးတွေ သူလို စကားမျိုးပြောခဲ့ ဟောခဲ့ တာ မကြားရ ဘူးဘူး ။ သူစကားအရဘဲ သူ.ကိုလဲ ဘာဆို တာ ခန်းမှန်လို ရပါတယ် ။

ပြည်သူကို နင်းတက်မဲ့ ခေါင်းဆောင် ဆိုတာ ပြည်သူကရွေးကောက်တဲ့ ခေါင်းဆောင်လိုလဲ ပြောခြင်ရင် ပြောနိုင်တာဘဲ ။ ဘယ် နိင်ငံရေးသမား ဘယ်ခေါင်းဆောင် မဆိုဟာ ပြည်သူ ကို ရှေ.တန်းတင်လေ့ရှိတယ် ပြည်သူဆိုတဲ့ စကားလုံးကို ရေပက်မ၀င်အောင် တွင်တွင်သုံး နေကြတာ ချည်းဘဲ မဟုတ်လား? သူတို. အဂိတ်လိုက်စားသလို တခြားလူတိုင်း လိုက်စား နေတယ် လို. တရားသေ မှတ်ယူနေတယ်။ သူတိုကလွဲပြီး သူများစားမှာ ကို မလိုလားဘူး။

စကားမဆက် မမေ့ခင် ပြောခြင်တာလေးက “ အင်းကို ဟင်္သာဆင်းမည် - ဆင်းရင် လေးနဲ့ ခွင်းမည် - ထိုမုဆိုးကို ထီးရိုးစိုက်မည် - ထီးရိုးကို မိုးကြို ပစ်တယ်လို. စာရှိပါသည် ။” ဆိုတဲ့ မြန်မာ တဘောင်ကို သူကြားဘူး ကောင်းကြားဘူးပါလိမ့်မယ် ။ မကြားဘူးရင်လဲ အခု ဒီက ပြောလို ကြားရပြီပေါ ။ အဓိပါယ်ကို လည်းသိလိမ့်မယ် ထင်ပါတယ်။ အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတာ ပေါက်စ တော့ ဟုတ်မယ် မထင်ဘူး။ ဒီတဘောင်ရဲ အဓိပါယ် ကို အားလုံး သိအောင်သူ ဖေါ်ပြရင် ကောင်းမယ် ။ သူပြောနဲ့ စကားနဲများဆက်စပ် မလား မသိဘူး။

ဦးကုလား ရေးတဲ့ မြန်မာ့ရာဇ၀င်မှာ ပုဂံခေတ်က သမုဒ္ဒရာဇ်မင်း နတ်ရွာစံတော့ ပြုစောထီး မင်းမပြု သေးဘဲ ကျေးဇူးရှင် ရသေ့ ကို နန်းအပ်ခဲ့ လို. “ရသေ့ကြောင်မင်း" ဆိုတာ ပေါ်ဘူး တယ် တဲ့ ။ ဦးဘိုးကျား ရာဇ၀င် မှာ တော့ “ ထီးလို မင်းလို မင်း” ဆိုတာကို ပြဆိုတာ မှတ်သားရဘူးတယ် ။

ဘုရား - ထီး နဲ့ ငြမ်း ပြသနာတွေလဲ ရာဇ၀င်ထဲမှာဘဲ " ပန်းပွတ်သယ် သားမြေးတို.ကောင်းစားလို. ပန်းကန်ပဲ့ နဲ့ စားနေရပါတယ်" လို ရိသဲ့သဲ ဆိုတဲ့ အမတ်ကြီးကို ‘ ထီးတင်ပြီးရင် ငြမ်းဖျက်ရတယ်’ ဆိုတဲ့ စကားနဲ ဘုရင်က နယ် နှင်ပစ်လိုက်တာလဲ ဖတ်ရဘူးပါတယ်။

ထီးတင်ပြီးရင် ငြမ်းဖျက်တာ ထုံးစံပါ ဆိုတာကိုလဲ အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာ တော်) ရဲ့ ထီးကို မလို ငြိမ်းကိုသာ လိုတယ်ဆို တဲ့ စကားအရ ဆိုရင် စေတီတွေဟာ ထီးမရှိဘဲ ၊ ငြမ်းတွေ တန်းလန်းနဲ.သာ ဖြစ်နေတော့ မှာဘဲ ပေါ့ ၊ ထီး တကယ် မလိုဘူးလို သူတကယ် ပြောနေတာလား? လူတွေကို ဒိလိုဘဲ သွန်သင်နေတာ ဘယ်လောက်ကြာနေပြီ လဲ ?

ရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)က ‘ ဒီရာစုဝက်ခန့်အတွင်းမှာ’ တိုင်းပြည်အုပ်ချုပ် တဲ့ သူတွေကို ကောင်းတယ် လို မထင်တာကတော့ ထင်ရှားတယ် ။ ဆရာမပြ နည်းမကျဆို တာ များ ဖြစ်နေမလား၊ ဒီရာစုဝက် မှာ ‘အရှင်သံဝရာလင်္ကာရ’ လို ပုဂိုလ်တွေဟာ ဘာတွေ လုပ်နေသလဲ ၊ ဘယ်သူတွေကို ဘာတွေ သွန်သင်ပြသ နေခဲ့သလဲ လို. မေးရ လိမ့်မယ် ။

တဆက်ထဲမှာ ဘဲ ဗြောင်မေးရရင် “ သာမန်ပုထုဇဉ်တွေဟာ အတ္တ ကသာ ပြဋ္ဌာန်းလေတော့ ဘ၀ကို ထီး အဖြစ်တည် ဆောက်လိုသူကသာ များမှာပါ” တဲ့ ။ ဒီအတိုင်းမှန်ရင် ‘အရှင်သံဝရာလင်္ကာရဟာ မိမိလက်ရှိဘ၀ ကို ထီးအဖြစ်ခံ ယူပါသလား - ငြမ်းအဖြစ်ခံယူပါသလား? ဘုရားထူးခံ အကန်တော့ခံ ဘ၀ဟာ ဘာ ဘ၀လဲ ဘယ်လိုသဘောရသလဲ နှစ်သိမ့် ကျေ နပ် နေပါသလား ?

အရှင်သံဝရာလင်္ကာရ ကိုယ်တိုင်ဟာ ပုထုဇဉ် ဆိုတဲ့ ထဲ မှာ ပါသလား ရဟန္တာ ဖြစ်နေပြီ လား? အခုပြောတဲ့ စကားတွေ အရ ကတော့ ရဟန္တာ မဖြစ်သေးတာ အရိယာ သူတော်စင် မဟုတ်သေးတာ သေချာတယ် ။

ဒါမှမဟုတ် ဗုဒ္ဒဂေါတမ ဟော တရားတွေကို ပြန်ဟြေနေပြီး ခြေမွှေးမီးမလောင် လက်မွှေးမီး မလောင် အချောင် စားနေတုန်းဘဲလား ၊ သင်္ကန်းဝတ်နဲ့ လူလောကမှာ လူတွေ ဆီကဖြစ် စေ ဗူဒ္ဒဘာသာကို ခုတန်းလုပ်ပြီး ဖြစ်စေ ဘာတွေအမြတ် ထုတ်နေသလဲ ? ငွေကြေး ပစ္စည်း ဥစ္စာ အမြတ်လား ၊ တရားဓမ္မ အမြတ်လား?

အမှန်က ဘုန်းကြီးတွေဟာ လူအရေးကိစ္စတွေမှ ကင်းဝေးအောင် သာသနာဘောင်ကို ၀င်ပြီး ဘုရားထူးခံ နေကြတာ လို လူတွေက သိနေကြတာ မဟုတ်လား?

လှူမှူရေးကိစ္စတွေ စိတ်မကုန်သေးဘူးဆိုရင် ၊ အကောင်းဆုံးပေးနိုင်တဲ့ အကြံကတော့ ၂၀၁၅ ခု ရွေး ကောက်ပွဲအမီ လူထွက်ပြီး အရွေးခံ ၊ တိုင်းပြည် လူထုက တင်မြောက်ရင် ဒုတိယမြောက်‘ ရသေ့ကြောင် မင်း ’ အဖြစ် ဘွဲနာမ နဲ့ ဘိသိတ်ခံ ၊ တိုင်းပြည်ကို ဗုဒ္ဒဘာသာ တရားနဲ့ အုပ်ချုပ်ရင် ကောင်းမယ်။ ဒါမှဘဲ မြန်မာနိုင်ငံလဲ ခေါင်းဆောင်ကောင်းတွေနဲ့ ကောင်းသွားလိမ့်မယ် ။

မြေန်မာတိုရဲ နောက်ဆုံးဘုရင် သီပေါမင်းလဲ " ရသေ့ကြောင်" လို ခေါ်ရမတတ်ဘဲ၊ ခမည်း တော် မင်းတုန်းမင်းက သီပေါမင်းသားကို သင်္ကန်းဝတ်နေရာက လူထွက်စေပြီး အိမ်ရှေ.အရာ အပ်နှင်းခဲ့တယ် လို ပြောကြတာတွေ ရှိတယ်။

ပြောစရာတွေက တော့ အများကြီးပါဘဲ ။ ဒီမှာတင် ရပ်လိုက်တော့မယ် ။ //

Sando

unread,
May 31, 2015, 3:41:49 PM5/31/15
to
ဘုန်းကြီးတွေဟာ သူတိုကို သူတို အမှာ မရှိတဲ့ ဆရာတပါး သူတော်စင်လို. ထင်နေကြတယ် ဘုရားရှင် ဂေါတမ လို ဂုဏ်တော် ၉ ပါးနဲ့ များပြည်စုံ့ နေကြရင် ဘယ်လိုများနေကြမလဲ မသိဘူး။

လူတွေက ရတနာ ၃ ပါးမှာ ထိပ်ဆုံးကဖြစ်တဲ့ ဘုရားရှင်ဂေါတမ ကို နောက်ပိုပြီး သံဃာ ဆိုတဲ့ ဘုန်းကြီး တွေကို ရှေ.တင်လာနေကြတာ တွေ.ရတယ် ၊ ဂေါတမ ဗုဒ္ဒကို လုံးဝ မဖျောက် သေးတာဘဲ တော်သေး တယ် လို ပြောရအုံးမယ်။

လူတွေဟာ သူတိုစွဲလန်းရာ အပြောကောင်း အဆိုကောင်း အကွဲကွဲ အပြားပြားရှိနေတဲ့ ဘုန်းကြီးတွေကိုသာ ပုဂိုလ်စွဲနဲ့ ပံ့ပိုး ကိုးကွယ်နေကြတာ တွေ.ရတော့ ဘယ်သူတွေဟာ မိစ္ဆာ ဒိတ္ထိ တွေလဲ လို တွေးစရာဖြစ်လာတယ် ။

ပြည်သူက လိုလားရင် ဘုန်းကြီးလဲ တိုငးပြည် အုပ်ချုပ်နိုငတာဘဲ သမ္မတ ညဖစ်နိုငတာဘဲ၊ သံဃာအားဘုရားတော်င မဆန်သာ ဆိုတဲ့ စကားရှိရင် ပြည်သူ.အားကို ဘုန်းကြီး ဆန်သာလိမ့်မယ် မဟုတ်ဘူး။

မိုးကြိုးပြောတာ မှန်တယ် ရသေ.ကြောင် မင်းဆိုတာ သမိုင်းမှာ ရှိခဲ့ဘူးတယ် ဆျိုတာ ဒီကလဲ ဖတ်ဘူးတယ် ။ အခု ဟာကတော့ ၇သေ. မဟုတ်ဘူး။ ဘုန်းကြီး ဆိုတော့ ဘုန်းကြီးကြောင်မင်း ဖြစ်နိုင်တာပေါ့ နော ။။



minkyaw thuyein

unread,
May 31, 2015, 4:38:19 PM5/31/15
to
ရသေ.ကြေင့်ဘဲ ဖြစ်ဖြစ် ၊ ဘုန်းကြီးကြောင်ဘဲ ဖြစ်ဖြစ် ? ရသေ.ရော ဘုန်းကြီးရော လူတွေရောဟာ ပုထုဇဉ်တွေချည်း ပါဘဲ ။

" မြ၀တီမင်းကြီးဦးစရဲ့ ထူးမခြားနား ဘုန်းတော်ဘွဲ့ကိုတော့ မကြားလို၊ မနာလိုတော့ပါဘူး။ ထူးလည်း ထူးစေချင်ပါပြီ။ ခြားနားလည်း ခြားနား စေချင်ပါပြီ။” လို.ဆိုထားတော့ ဘုန်းကြီး က ဘယ်လို ထူးစေခြင်တာလဲ ဘာတွေ ခြားစေခြင်တာလဲ ဆိုတာ ဘွင်းဘွင်းပြောဘို ကောင်းတယ် ။

ဘုန်းကြီးသာ အုပ်ချုပ်သူ ဖြစ်ခဲ့ရင် ဘာတွေ လုပ်မယ် ဆိုတဲ စိတ်ကူးလေးများရှိနေသလား။ အများကို မသိစေခြင်ဘူးလား ကိုယ့်အကြံ သူများမသိစေခြင်ဘူးလား ? လုန်းကြီးကျော်ငးမှ ဘယ်လို စသည်းကမ်းတွေနဲ အုပ်ချုပ်ပါသလဲ ၊ ဘုန်းကြီးကျောင်းသားတွေ ကိုရင် တွေ တခြား ဦူပဉ္ဖင်းတွေ ဒုလဘ္ဘ တွေကို အုပ်ချုပ်ရတာ လွယ်ရဲ့လား?

“မိမိတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပြည်သူကို အလုပ်အကျွေးပြု မယ့် ခေါင်းဆောင် ကောင်း ကောင်းမရှိခဲ့တာ၊ နိုင်ငံကို ပခုံးနဲ့ ထမ်းတင်မယ့် အစိုးရကောင်း ကောင်း မရခဲ့တာ ရာစုဝက် ခန့် ရှိခဲ့ပါပြီ။ တကယ်တမ်းရခဲ့တာက ပြည်သူကို နင်းတက်မယ့် ခေါင်းဆောင် တိုင်းပြည်အတွက် ၀န်ထုပ် ၀န်ပိုးဖြစ်တဲ့ အစိုးရမျိုးကိုသာ ရခဲ့တာပါ။” လို.လဲ ဆိုတယ် ။ အ်ငး အတော် ဆိုတဲ့ စာဘဲ ။

ေ မေးခြင်တာက " ရာစုဝက် ခန်. ဆိုတဲ့ နှစ် ၅၀ ကာလမှာ မြန်မာနိုင်ငံမှာ ပြောင်းလဲမှု တွေ ဘာမျ မရှိခဲ့ဘူးလို ၊ ကံ ၁၀ ပါး ထိမ်းသိမ်းတဲ့ ဘုန်းကြီး အနေနဲ့ ကံမကျိုးမပေါက်ဘဲ သစ္စာ ပြု နိုင်မလား? ဒီ နှစ် ၅၀ ကာလမှာ စိးပွားရေး ဒါဏ်ခတ် ပိတ်ဆို.မှု တွေ ကို အခုချိန်ထိ ခံနေရဆဲ ရှိတယ် ဆိုတာ ကို ဆွမ်းစားတဲ့ ဘုန်းကြီးတပါး အနေနဲ့ သတိထားမိရဲလား ဆို တာဘဲ။

တိုင်းပြည်မှာ ခေါင်းဆောင်ကောင်း မရှိတာ ဘုန်းကြီးတွေရဲ တာဝန်လဲ မကင်းဘူး။ လူတွေရဲ တာဝန်လဲ မကင်းဘူး လို ဆိုရင် အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတာ လက်ခံ မလား။ တနည်းပြောရရင် နိုင်ငံသူနိုင်ငံသားတွေ အားလုံးမကောင်းလို ဖြစ်နေတယ် လို ပြောခြင်တယ် ။

ရောင်စုံ သူပုန် သောင်းကျန်းတွေ ၊ ဘာသာရေး အစွန်းရောက်တွေ နဲ့ ပါတ်သက်လိုရော ဘုန်းကြီး အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတာ ဘယ်လို မြင်ပါသလဲ ဘာပြော လို ပါ သလဲ ?။

မွတ်စလင်တွေ ခရစ်ယန်တွေ လက်နက်တွေ ကိုင်ပြီး အတင့်ရဲနေတာ ဗုဒ္ဒဘာသာ ဘုန်းကြီး တွေ သတ္တိမရှိလို ဘဲလို. ပြောရမလား ၊ ဘုန်းကြီးတွေ ဘယ်နေရာမှာ သွားပြီး သတ္တိပြနေ သလဲ ချင်းမိုင် မှာလား ? သင်္ကန်ခြုံပြီး အောက်မှာ မေတ္တသုတ် ရွက်နေသလား ဒါမှ မဟုတ် ဘာလုပ်နေသလဲလို. မေးခြင်တယ် ။

ဘုန်းကြီးတို.နဲ့ မဆိုင်ဘူးတဲ့ လား။ မဆိုင်ရင် မဆို်င်သလိုဘဲ နေလိုက်ကြပါ ။ လောကီ
လူ တို.အရေး ကိစ္စ တွေမှာ ၀င်ရှုတ်ပြီး ဗုဒ္ဒဘာသာကို မှေးမှိန်အောင် မလုပ်ကြပါနဲ ။ သူများဘာသာတွေမှာ ဘုန်းကြိးဆိုတာတွေဟာ ပါသင့်တဲ့ နေရာမှာ ၀င်ပါကြပါတယ်။

ဒါပေမ့ အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတာလို အသံကြားဘို သက်သက် မဟုတ် ၊ ကိုယ့်ပေါင် ကိုယ်လှန် ထောင်းတာမျိုးတော့ မတွေ.ဘူး - မကြားဘူး ပါ ဘူး။

ဒီကအမြင်မျာတော့ အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)ဟာ သူများဘာသာ ဘုန်းကြီးတွေကို လေ့လာဘို. အများကြီး လိုနေတာ တွေ.ရပါတယ် ။ ကိုယ်အစိုးရဘာလုပ် နေတယ် ဆိုတာ ကို ၀ိပသနာနည်းနဲ့ မြင်အောင်ကြည့်ဘို.လိုနေတယ်။ ယှဉ်ပြောရရင်တော့ အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတာဟာ ရွာက နွားသင်းတဲ့ ဆရာကြိး လောက်တောင် မစွန်တဲ့ အလကား ဖွတ်ဆရာတော် ဖြစ်သွားပါလိမ့်မယ် ။။ /


moegy...@gmail.com

unread,
Jun 4, 2015, 10:31:26 AM6/4/15
to
တိုင်းသူပြည်သား လူ အများတို.။

သခင်ဘသောင်း၏ ဒီမိုကရေစီ ဆိုတာကို ကိုးကားတဲ့ ၀၄/၀၆/၁၅ နေ.ထုတ် News Eleven သတင်းစာမှ ဖေါ်ပြတဲ့ ဆောင်းပါ။ အရှင်သံဝရာလင်္ကာရ ဆိုသုရဲ ဆောင်းပါး ကို ဖတ်လိုကရပြန်တယ် ဖတ်ကြည့်ပြီး ကို.အမြင် ရှုဒေါင့် ကို.ခံယူချက်ကိုလည် ပြန်တင်ပြ လိုက်တယ် ။ သူတို စာတွေကို ဖတ်မိမှဘဲ မြန်မာတွေ ဒီနေ.ထိ ဒီမိုကရေစီနဲ့ လူ.အခွင့် အရေးဆိုတာတွေကို မကျေညက်ကြသေးပါလားဆိုတာ တွေရ တယ်။

တကယ်လိုသာ ဘုန်းကြီးတပါးအနေနဲ့ အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတာဟာ ဂေါတမ ဗုဒ္ဒ ဟော တရားတွေ ကို ပြော ဟော ဖြန်ချီမယ် ဆိုရင် ဒီစာကိုရော ပြီးခဲ့ တဲ့ စာကိုပါ ရေးဖြစ်ခဲ့လိမ့်မယ် မဟုတ် ဘူး။ ဘုန်းကြီးဟာ ဘုန်းကြီးစကားမပြောဘဲ လူစကားတွေနဲ့ လူ.ကိစ္စတွေ ပြောလာနေတော့ ဘုန်းကြီးကိုလဲ လူလို ဘဲ မှတ်ယူပြီး ဆက်ဆံပြီး တန်ရာ တန်ရာ စကားနဲ့ ပြန်ပြောရတာဘဲ ။

‘ သန့်ရှင်းသော အစိုးရ ကောင်းမွန်သော ပြည်သူ ’။ အင်မတန်ကောင်းတဲ့ စကားပါ လူတိုင်း မှတ်သား လောက်ပါတယ် အဓိပါယ်ကို ပြည်စုံတိကျစွာ နားလည် သဘောပေါ့က်ဘို.တော့ လိုပါတယ် ။

“ ဒီမိုကရေစီဆိုတာ တစ်နည်းအားဖြင့် ပြည်သူအများရဲ့ နာမည်တစ်မျိုးပင်ဖြစ်လို့ ပြည်သူအများ ကောင်း ကြမှသာ ဒီမိုကရေစီကလည်း ကောင်းနိုင်မယ်။ - - - - - - - - - - - - - - - ဒီမိုကရေစီဟာ ပြည်သူတွေ ကောင်းသလောက်ပဲ ကောင်းနိုင်မယ်၊ ပြည်သူတွေ အားရှိသလောက်ပဲ အားရှိနိုင်မယ်။ လောက မှာ တာဝန်မရှိတဲ့ လွတ်လပ်မှုမျိုးရယ်လို့ မရှိဘူး။ ဒါကြောင့် လွတ်လပ်တဲ့သူအဖြစ်နဲ့ နေလိုသူတွေဟာ စည်း ကမ်းကောင်းကြရ မယ်။ ” တဲ့ါ ဒီအယူအဆဟာ မဆိုးပါဘူး။ ဒါဟာ မမှန်ဘူးလို. မပြောပါဘူး။ ချွင်းချက်တွေ ကတော့ နေရာတကာမှာ ရှိပါတယ် ။ စည်းကမ်းဆိုတာဘာလဲ ၊ နောက်ပိုင်းမှာ ပြောရင်း ပါလာမှာပါ ။

ကမ္ဘာပေါ်မှ ဗုဒ္ဒဘာသာ သည်သာ တခုတည်းသော ဘာသာလို. အရှင်သံဝရာလင်္ကာရ မပြောဘူး ၊ပြောတဲ့ တချို ဘုန်းကြီးတွေ ရှိတယ် ကြားဘူးတယ် ၊ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ သာလျှင်တခုတည်းသော ၀ါဒ လို ဆို နေသူတွေဟာ အစွန်းရောက်တွေသာ ဖြစ်တယ် ဆိုတာကို လက်တွေ တွေခဲ့ရတဲ့ သဓကတွေ အများကြီး ဘဲ ။

အားမနာတန်းပြောရရင် ဒီမိုကရေစီကို စစ်အင်အားနဲ့ အဓမ္မ သွတ်သွင်းတာမျိုးကို အရှင်သံဝရာလင်္ကာရ မသိအမြင်တာ အကြောင်းရှိပါလိမ့်မယ် ? ကျောင်းထဲက ကျောင်းပြင် မထွက် ဘဲ ကျောင်းအောင်းနေလို လား ၊ မလေ့လာဘူး လို. ဖြစ်လိမ့်မယ် ၊ ထူထပ်တဲ့ မျက်မှန်မဲ ကြီးတတ်ထားလို.ဘာမှ မမြင်တာများလား ? ဒီမိုကရေစိ မဟုတ်တဲ့ တိုးတက်တဲ့ နိုင်ငံတွေ ရှိသေးတယ် ဆိုတာရော သူ သိရဲ လား? ဒီမိုကရေစီ မဟုတ်လို ၀င်းအတွယ်ခံရတဲ့ နိုင်ငံတွေ ရှိတယ် ဆိုတာလဲ သူ သိစေခြင်တယ် ။

မကြာခဏပြောဘူးပါတယ် အစိုးရ ဆိုတာ ပြည်သူပါဘဲ လို. ။ ပြည်သူက ရွေးကောက်တဲ့ အစိုးရဟာ ပြည်သူတွေပါဘဲ ၊ သန်.ရှင်းသော အစိုးရ ၊ ကောင်းမွန်သော ပြည်သူ ။ စကားကို ကပ်ပြီးပြောရရင် ပြည်သူတရပ်လုံးကောင်းမွန်နေရုံနဲ့ မပြီးပါဘူး - ပြည်သူတရပ်လုံးကလဲ သန်ရှင်းဘို လိုပါလိမ့်မယ် ။ဒါမှသာ သန်းရှင်းသော အစိုးရ ဆိုတာကို ရနိုင်မှာပါ ။

“မိမိတို့ မြန်မာပြည်သူ သန်း ၅၀ ကျော်တို့ အားလုံးပြေပြေလည်လည် ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်ရှိဖို့ အတွက်ဆိုရင် သန့်ရှင်းသောအစိုးရ (ညစ်ပတ်သောအစိုးရ မဖြစ်ရဘူး)၊ ကောင်းမွန်သောပြည်သူနဲ့ ပြည်ထောင်စုကို တည်ဆောက်ရပါမယ် လို. ပြောထားတဲ့ ထဲ မှာ “ အားလုံး ” ဆိုတာဟာ လက်တွေမှာ မဖြစ်နိုင် ဘူး လို.ဆိုမယ် ။ ‘ ဒီမိုကရေစီ ဆိုတာ အားလုံး ဆိုတဲ့ အဓိပါယ် မဟုတ်ဘူး ။

ဂေါတမ ဗုဒ္ဒဘူရား ကိုယ်တော်တိုင်က သဘောတရားတွေ ( တရားဓမ္မတွေ) လက်တွေ.ကျင့် သုံးအကောင် အထည် ဖေါ် ကြပါလို. အားပေးခဲ့တာဟာ အကြောင်းရှိလို ဖြစ်ရမယ် ။ သဘောက လူတွေမှာ တရားမရှိကြ လို. ဆိုတာ သူ သိလိုဘဲ ။ ဒါကြောင့် လိုတာကို သူ ဟောသွားတာ ။ ဒါတောင် တရားဟောခိုင်းလို ဟောတာ သူ.သဘောနဲ သူဟောတာ မဟုတ်ဘူး။ သစ္စာ ၄ ပါးတရား။ မဂ္ဂင် ၈ ပါးတရား ကိုတောင် လူနတ် ဗြဟ္မာ သတ္တ၀ါတို အတွက်ဟောခဲ့မယ် မထင်ဘူး ။ အမေးသာ မရှိခဲ့ရင် ၁၂ နှစ်ကာလပါတ်လုံး အဖြေ ရှာမရ နိုင်ပါ ဘူး ဆိုတဲ့ ၃၈ ဖြာ မင်္ဂလာ တရား ကိုလဲ သိရလိမ့်မယ် မဟုတ်ဘူး။ မဟောခဲ့ရင် နောက် ထပ် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းတောင် မင်္ဂလာ ဆိုတာ ဘာလဲ ဆိုတာကို သိခြင်မှ သိကြလိမ့်မယ် ။

အစိုးရလုပ်တဲ့ သူတွေဟာ ပြည်သူကို မိဘသဖွယ် လေးစားရမယ်။ ပြည်သူက အစိုးရ ကို လေးစားစရာ မလိုဘူးလို. ပြောနေတာလား ၊ မြန်မာစကားမှာ “ကျီးကို ခင်ပုတ် လေးစားမှ ခင်ပုတ်ကို ကျီးလေးစားမယ်” လို. ဆိုတယ် ။ တဦးကိုတဦး အပြန်အလှန် တူညီစွာ လေးစား ဘို. ဆိုတာမှ မှန်ပါလိမ့်မယ် ။

“ အစိုးရ လုပ်တဲ့ လူ” ဆိုတာ ဘယ်သူတွေလဲ ၊ အစိုးရ ဆိုတာ ပြည်သူဆိုတာတွေဘဲ မဟုတ်လား၊ အစိုးရ လုပ်သူဆိုတာ ပြည်သူကိုယ်စားလည်တွေ ဘဲ ဖြစ်မှာပေါ့။ ဒီနေ.ပြောစရာက ဒီနေ အစိုးရကို ရွေးကောက် တင်မြောက်လိုက်တဲ့ လူတွေ ကြိုက်တဲ့ သူတွေ ရှိသလို ၊ ဒီနေ.အစိုးရကို ဆန်.ကျင်သူတွေ မကြိုက်တဲ့ သူတွေ ရှိတယ် ။ ဒါဟာ သဘာဝ ဒါကို လက်ခံနိုင်ရမယ် ။ ကြိုက်ရင် ဘာကြောင့် ကြိုက်တယ် မကြိုက်ရင် ဘာကြောင့် မကြိက်ဘူးဆိုတဲ့ ယေယျာတဲ့ အကြောင်းတွေ ရှိရမယ် ၊ သူကြိုက်လို ငါကြိုက်တယ် ၊ သူမကြိုက်လို ငါ မကြိုက်ဘူးဆိုတာ ရှိကောင်းသလား? ကြိုက်ရင် သန်း ၅၀ ကျော်စလုံးက ကြိုက်ရမယ် ၊ မကြိုက်ရင် သန်း၅၀ ကျော်စလုံးက မကြိုက်ရဘူး ဆန်.ကျင်ရမယ် ဆိုတာ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငါ ကြိုက်မှ ဖြစ်မယ်၊ သူများကြိုက် တာ လက်မခံနိုင်ဘူး ဆိုတဲ့ ဒီမိုကရေစီဆိုတာ မျိုးကို ပြောနေတာလား ။ ကိုယ့် ငါးချဉ်မှ ကိုယ် ချဉ်ခြင်တယ် ပေါ့လေ. ဒါမှ ဒီမိုကရေစီပေါ့ ။ ဒါမှ လူ.အခွင့်အရေးပေါ့ ဟုတ်လား ၊ ငါမှ ငါ ဆိုတာ ဘုရား ဟော ဟုတ်မယ် မထင်ဘူး။ ခေတ်စကားအရ ဒီတိတ်တာဘဲ ဖြစ်နေတာလို ပြောခြင်တယ် ။

ဒီမိုကရေစီမှာ လူမျိုး ဘာသာတောင် မရှိရတော့ဘူးလား လူမျိုးမဲ့ ဘာသာမဲ့ သွေးမစစ် မျိုးမစစ်တွေလို ဘာသာပြန်ရမှာလား? ဒီမိုကရေစီ သဘောတရားတွေ အရ သံဃိက ပစ္စည်း ဆိုတာလေးကတော့ သဘောကျစရာ ပါ ။ ဘုန်းကြီးတွေကသာ ပိုင်တယ် လို.တော့ အဓိပါယ် မကောက်လိုဘူး။ ဘုန်းကြီးကျောင်း တချို.ဟာ ဘုန်းကြီးတွေ သူပိုင် ငါပိုင် သူ. ကျောင်း ငါ့ကျောင်း အမှုဖြစ်နေကြတာ ဒါကြောင့်.ကိုး လို မှတ်ချက် ချရတော့မှာဘဲ ။

မြန်မာနိုင်ငံဟာ လူမျိုး ဘာသာရယ် လို ထင်ထင်ရှားရှား သိသိသာသာ ရှိနေတဲ့ နိုင်ငံ တခုဖြစ်တယ် ဆိုတာကို အရှင် သံဝရာလင်္ကာရ သိဘို.လိုတယ် ။ မြန်မာဗုဒ္ဒဘာသာတွေ ဟာ သူများမြေကို ကျုးကျော် သူများပစ္စည်တွေ အဓမ္မသိမ်း. သူများသား မယား သမီးတွေကို မုဒိမ်းကျင့် သတ်ဖြတ်နေတဲ့ လူမျိုးနဲ့ ဘာသာဝင်တွေ မဟုတ်ဘူး ဆိုတာ အရှင်သံဝရာ လင်္ကာရ ဆိုတာ အထူးသိဘို.လိုတယ် လို. ပြောခြင်တယ် ။ အဲ့ဒီလူမျိုး ဘာသာဝင်တွေနဲ့ နှိုင်းပြီး ဗုဒ္ဒဘာသာ ၀င်တွေကလဲ အလားတူတွေ ကျုးလွန်နေတယ် မြန်မာနိုငံမှာ ရှိတဲ့ ဘာသာကွဲတွေက ပြောဆိုစွပ်စွဲ နေတာ တွေကို အရှင်သံဝရာလင်္ကာရ ယုံကြည် လက်ခံ နေပုံ ရှိတယ် ။

မြန်မာနိုငံဟာ ဗုဒ္ဒဘာသာနိုင်ငံလို.လူသိများတယ် မြန်မာတွေထဲမှာ ဗုဒ္ဒဘာသာ-၀င် တွေများတယ်. တခြားဘာသာတွေနဲ မညီမမျှ ဖြစ်နေတယ် ညီမျှ အောင် ဗုဒ္ဒဘာသာဝင် အရည်အတွက်ကို လျှော့ချပြိး တခြားဘာသာတွေ နဲ့ ညှိယူသင့် တယ်လို ဆိုမှာလား? လုတိုင်းဟာ နေ.စဉ် နေတိုင်း ။ ဒါမှ မဟုတ် အဖိတ် ဥပုတ်နေ.တိုင်း ပရိတ်ကြီး ၁၁ သုတ် ရွက်ဖတ်သရဇယ် နေကြတာ မေတ္တာသုတ် ဆိုတာလဲ ပါတယ် ။ ဘုန်းကြီးတွေဟာ အာရုံ မှာ ထပြီး ဘုရားဝတ်ပြု ကြတယ် . နေ.နံသင့်ရာ သုတံ္တ့ ကိုရွတ်ဆိုကြတယ် ။ အချိန် အကန်.အသတ်နဲ့ တရားမှတ်ကြတယ် ပြီးတော့ မှ အာရုံဆွမ်းဆိုတာကို ဖုန်းပေးကြတယ် ။

ဘုန်းကြီးကျောင်းမှာ တရားရိပ်သာတွေမှာ တာဝန်ခံ ဂေါပက အဖွဲ.( အာဏာရှိသူ) ဆိုတာ မရှိတော့ ဘူးလား။ ဘယ်သူတွေ စီမံ အုပ်ချုပ်နေသလဲ ။ လုပ်သင့်တာလုပ်နေသလား စည်းမရှိ ကမ်းမရှိ မလုပ် သင့်တာတွေ ဗြဲလျှန်း လုပ်နေကြသလား ဘယ်သူတွေက ကြပ် မတ်နေသလဲ သူတိုဟာ အစိုးရလား?

အာဏာ ဆိုတဲ့ စကားဟာ အာဏာ ရှိလိုသူ အာဏာလိုခြင်သူတွေက ပြောတဲ့ စကား အဓိပါယ်ဖေါ်တဲ့ အဓါပါယ်ကောက်လွဲတဲ့ စကား လို ဆိုခြင်တယ် အထူးသဖြင် တဦး တယောက်ကို ဖြစ်စေ အစိုးရ ဆိုတာကို ဖြစ်စေ ဆန်.ကျင် ပုတ်ခတ် တိုက်ခိုက်ဘို စကား လုံး တရပ်သာဖြစ်တယ် ။ အာဏာ ဆိုတာ တာဝန် လို. တချိုက အဓိပါယ် ဖေါ်တယ် ။

လူရဲ သဘော သဘာဝကိုက ရာသက်ပန် ၊ ထာဝရ မြဲသော ဘ၀ နိစ္စ မဟုတ်ဘူး။ အနိစ္စသာ ဖြစ်တယ် ဆိုတာကို ဟောတဲ့ ဘုရားတောင် ပရိနီဗ္ပာန် ပြုရသေးတယ် ဆိုတာ ဟုတ်ပါတယ် ။
ေ တော်တဲ့ ကောင်းတဲ့ သူတွေကို ရာသက်ပန် တာဝန် (အာဏာ) ပေးမထားဘုး ဆိုတော့ လဲ တိုင်းပြည်မှာ တော်တဲ့ ကောင်းတဲ့ လူတွေ ရာသက်ပန် အလုပ်မလုပ်ကြရလို. တိုင်းပြည် လဲဘဲ ကောင်းတခါ - မကောင်း တလှည့်ပေါ့ ။ ဘယ်သူကိုအပစ်တင်မှာလဲ ကံဆိုးသူပေါ့ ဟုတ်လား ? ဖြစ်သင့်တာက ကောင်းသူဟာ အာဏာ ရုးလာရင် ။ ဂျုးလီးယက် စေဇာ တိုလို အောင်မြင် မှုတွေ ရလာတဲ့ အခါ မနာလို ၀န်တိုသူတွေ ပေါ်လာပြီး အကြောင်း အမျိုးမျိုးရှာ ပြီး သတ်ပစ်လိုက်ကြ တာဘဲ။ ဖြုတ် ထုတ် သတ် လမ်းစဉ် ဆိုတာကြားဘူးကြမှာပေါ့ မြန်မာ နိုင်ငံမှာ ကောင်းသူတွေ နည်း အမျိုးမျိုးနဲ့ အစတေးခံနေရတာ အသတ်ခံ ကြရတာတောင် ပါတယ် ။ အနှိမ်ခံ့ရတယ် သိက္ခာချ ခံရတာ တွေကတော့ ပြောမနေနဲ့ တော့ ။ ဘယ်သူတွေ က ဘယ်သူတွေကို လူစာရင်း မသွင်းတာလဲ?

မြန်မာနိုင်ငံမှာ လက်တွေ. အလုပ်ကောင်း ဘို မလိုဘူး ၊ တော်ဘို. မလိုဘူး။ သဘောတရား တွေ နဲ အပြောကောင်းဘို.ဘဲ လိုတယ် ဆိုတာလိုဖြစ်နေတယ် ။ ဘုန်းကြီးတွေရော လူတွေ ပါ အတူတူပါဘဲ လို. ပြောခြင်တယ် ။။

“ ငါ၏ သာသနာကို - ငါ၏သားများက ဖျက်ဆီးလိမ့်မယ်” လို ဗြာဒိတ်ထားခဲ့ တာ၊ သားတော် ရာဟုလာ မရှိ တောတဲ့ နောက်ပိုင်း ဂေါတမ ဗုဒ္ဒမှာ တိတ်တိတ်ပုံး သားတွေ ဘယ်လောက် ရှိနေသလဲ ဘုရားသားတော် ဖြစ်ခြင်သူတွေ ဘုရားသားတော် ဖြစ်ပါတယ် လို ပြောသူတွေ ဘယ်လောက် ရှိနေသလဲ ဆိုတာ မေးရလိမ့် မယ်။ ဒီလိုမေးလို.တော မေးလာသူကို သာသနာဖျက် ဓမ္မ န္တရယ် လိုတော့ မစွပ်စွဲနဲ့ ။ အကြောင်းအကျိုးနဲ့ ဖြေတာကို သိခြင်တယ် ။ ဘယ်သူတွေ ဘုရားသသာသနာကို ဖျက်ကြမှာလဲ ဆိုတာ တွေးစရာ။ မြန်မာနိုင်ငံ မှာ ဖြစ်စေ ကမ္ဘာကြီးမှာ ဖြစ်စေ. ဗုဒ္ဒဘာသာ သာလျှင် တခုတည်းသော ယုံကြည်ကိုးကွယ်ရာ ဘာသာ မဟုတ် ဘူးဆိုတာကို သိဘို.လိုတယ် ။

“ လောကမှာ အဖိုးမတန်၊ အသုံးမကျတဲ့ လူဆိုတာ မရှိဘူး လူတိုင်းဟာ လေးစားအပ်၊ မြတ်နိုးအပ်တဲ့ သူချည်းပါပဲ” ဆိုတာမှန်ရင် - ဂေါတမဗုဒ္ဒ က ‘မင်္ဂလာ.သုတ်’ မှာ ဘာဖြစ် လို. “ အ သေ၀နာစ ဗာလာနံ ” ဆိုတာကို ထိပ် ဆုံးကထား စ ခဲ့တာလဲ ?

အရှင်သံဝရာ လင်္ကာရ (ဓမ္မပိယဆရာတော်) ဆိုတာဟာ ဘယ်တုန်းလောက်က ဒီမိုကရေစီ တို.လူ အခွင့် အရေးတိုဆိုတာကို ဘယ်သူတွေဆီက ဘယ်တုန်းက ဆည်းပူးလေ့လာ ခဲ့သ လဲ ? ဒီမိုကရေစီ ဆိုတာ အချိန်ဆွဲ အချိန်ဖြုန်းဝါဒ ဘာကိုမှ အပြီးအပြတ် ပြတ်ပြတ် သား သား မလုပ်နိုင်တဲ့ -တို.လို.တန်းလန်း ၀ါဒ ၊ နားလှဲ့ ပါးရိုက် ၀ါဒ သက်သက် တခုလို. ပြောရင် လဲ ရတယ် ။

လူအခွင့်အရေး ဆိုတာ အတိုင်းအတာ အကန်. အသတ်ရှိသလား? မြင်မြင်သမျှ သင်္ခါရ ဆိုတာရှိတာမို. မြင်မြင်သမျှ ငါ.ပစ္စည်းတွေဘဲ တဲ့ လား မြင်မြင်သမျှ ငါလိုသည်ဖြစ်စေ မလိုသည် ဖြစ်စေ ရမှ ၊ ဒါမှ ငါမှာ လူအခွင့်အရေး ပြည်စုံတယ် တဲ့ လား?

ဂေါတမ ဗုဒ္ဒရဲ တရားတွေ ထဲ မှာ ပညတ်ချက်တွေ မရှိဘူးတဲ့လား။ နိဗ္ပာန် နဲ့ ငရဲ ဆိုတာ မရှိဘူးတဲ့လား ၊ ခရစ်ယန်နဲ့တခြားဘာသာတွေမှာရော ဘာမလုပ် ဘာမကိုင်နဲု့ ဆိုတဲ တားမြစ် ပိတ်ပင်ချက်တွေ မရှိဘူးလား။ စည်းကမ်း စည်မျဉ်း နည်းထုံးဆိုတာတွေ မလိုဘူးလား၊ ဥပဒေ စည်းမျဉ်း စည်းကမ်း ထုံနည်းဆိုတာ တွေကို ဘယ်သူ တွေ က ဘယ်တုန်းက ဘာကြောင့် ချမှတ်ခဲ့တာလဲ ဆို တာ အရှင်သံဝရာလင်္ကာရ သိသလား၊ . ဘုန်းကြီးကျောင်းမှာ ရော စည်းကမ်းဆိုတာ မရှိဘူးလား ဘယ်သူက ချမှတ်တာလဲ ? လောကကြီးဟာ ဒါလောက်တောင် လွတ်လပ်နေ သလား ?

“လွတ်လပ်စွာနှီးနှော ဖလှယ်ခွင့်မရှိက အကြံဥာဏ်နှီးနှော ဖလှယ်ခွင့် ” ဆိုတာ လွတ်လပ်စွာ နှိးနှော ဖလှယ်လိုသူတွေ ၊ အသိရှိသူတွေ အတွက်ဘဲ ၊ လမ်းပေါ်က ဂျပိုးသူခိုး လူလေ လူ လွင့်တွေနဲ့ “ လွတ် လပ်စွာနှီးနှော ဖလှယ် နေစရာ မလိုဘူး။

ကမ္ဘာ. ခေါင်းဆောင်တွေလို အသိအမှတ် ပြုခံရတဲ့ လူတွေကို မေးရင် လက်တွေ.နဲ့ သဘော တရားက တခြားစီပါ လို ပြောကြလိမ့်မယ် ။ အကြမ်းဖက်သူတွေ အစွန်းရောက် ၀ါဒီတွေကို လူစာရင်းမှာ မထည်ကြဘူး လူမဟုတ်တဲ့ သူတွေနဲ့လဲ လွတ် လပ်စွာနှီးနှော ဖလှယ်ခြင်းမပြု ဘဲ လုပ်သင့်တာကိုသာ လုပ်သွားကြတယ် ။

စကားကြွယ်တိုင်း ထင်တာတွေ စွပ်ပြောနေလို ဒီမိုကရေစိဟာ ရသ ပို မထူးလာပါဘူး။ ဗုဒ္ဒ ဘာသာ ဘုန်းကြီးတွေဟာ ဗုဒ္ဒဟော တရားဒေသနာတွေ ကို ပြန်ပွားအောင် အဓိက မလုပ် ဘဲ လူ. ကိစ္စတွေမှာ ဟိုနေရာပါ ဒိနေရာပါ နေတာတွေ ကြောင့် သူများဘာသာတွေဝင်လာ ဘို.အတွက် လစ်လပ်နေရာတွေ ဖန်တီးပေးနေသလိုဖြစ် တယ် ၊ ဗုဒ္ဒဘာသာ မှေးမှန် ပပျောက်သွားနိုင်တဲ့ အရိပ် နိမိတ်တွေ လို ဆိုခြင်တယ် ။ ဘုန်းကြီးတွေကို လွတ်လပ်စွာ ဝေဖန် လာတာတွေ စ လာရင် ပဉ္စာနန္ဒိယ ကံ ထဲ က တ ကံ ထိုက်မယ် ဆိုတာထဲ မထဲ့ လိုက် ပါနဲ့ ၊ ရှင် သာရိပုတ္တရာလို ပုဂိုလ် ရင့်မကြီးတောင် သူများလက်ချက်နဲ့ အသက် ထွက်ခဲ့ရသေးတယ် လို ၀တ္တုမှာ ဖတ်ဘူးပါတယ် ။

မြန်မာနိုင်ငံမှာ ကောင်းသူ မကောင်းသူ ဆိုတာ အကြမ်းးအားဖြင့် ဘယ်သူက ပိုပြီးများသလဲ အားကောင်းတယ် လို. ဆိုလိုပါသလဲ၊ ဒီမိုကရေစီ ဆိုတာ ရေူများ ရေနိုင် ။ မီးများ မီးနိုင် ၀ါဒ လား?

ဗုဒ္ဒ၀ါဒဟာ မြန်မာနိုင်ငံမှာ အနော်ရထာမင်းလက်ထက်က စတင် ခဲ့တယ် လိုသိရတယ် ။ အနော်ရထာမင်း လက်ထက်က မွတ်စလင်တွေ ခရစ်ယန်တွေရယ် လို.သတ်သတ်မှတ်မှတ် ရှိတယ် မရှိတယ် မသိရဘူး ။ ဒါပေမဲ့ အရည်းကြီး ဆိုတဲ့ (ရဟန်း) တွေရှိခဲ့တယ် လို ဆို တယ်။ ဗုဒ္ဒဘာသာ နိုင်ငံဆိုတဲ့ မြန်မာနိုင်ငံမှာ အခုချိန် ထိ နတ်ကိုးကွယ်မှူ ဆိုတယ် ရှိနေ တုန်ူး အကြိးအကျယ်ဘဲ ။ ဗုဒ္ဒဘာသာမဟုတ်တဲ့ ဘာသာ ကိုးကွယ်မှု တွေလဲ ရှိနေတယ် ။

မွတ်စလင်ဆိုတာတွေဟာ ခရစ်တော် မပေါ်မီ ဘီစီ ရာစုတွေ ထဲ က ရှိလာကြတယ် လို သိရတယ် ။ မွတ်စလင်တွေဟာ သူတိုရဲ အီစလမ် ဘာသာကို နည်းအမျိုးမျိုးနဲ့ ဖြန်ဖြူးကြ တယ် ။ သူတိုနိုငံတွေကို အစ္စလမ်စ် နိုငံတွေ လို ခေါ်တယ် တည်ထော်ငကြတယ် အခုထိလဲ ဆက်ပြီးကြိုးစားနေတုန်းဘဲ . IS သို.မဟုတ် Islamic State ဆိုတာတွေ တည်ထောင်နေကြ တယ် တချို.ဘာသာတွေ မျက်လုံးပြုး မျက်ဆံပြူး ဖြစ်နေရတယ်။ မွတ်စလင်တွေကို အကြောင့်ပြချက် အမျိုးမျိုးနဲ့ တိုက်ခိုက် သတ်ဖြတ်နေတယ် ၊ မွတစလင်ကို တိုက်တာ မဟုတ် ပါဘူး တဲ့ ။

မြန်မာနိုင်ငံမှာလဲ အခုတလော မွတ်စလင်ဘာသာဝင်တွေ နဲ ပြသနာဖြစ်နေတယ် ဘာသာရေး မဟုတ်ပါ ဘူး လူမျိုးရေးပါ လို.ပြောသူက ပြောသေးတယ် ။ မြန်မာနိုင်ငံ သား မဟုတ်တဲ့ မွတ်စလင်တွေကို နိင်ငံသား ပေးပါ လက်ခံပါ လို.ဖိအားပေးနေတယ် အတင်း အကြပ်ပြုနေတယ် ၊ သူတို အလုပ်လား? သူတို.လက်မခံခြင်လို သူတိုဘက် ရောက် လာမှာ လက်ခံရမှာစိုးလိုဘဲ ။ ဒို.ဘက်ကို နိုငလိုမင်းထက် တွန်းပို.နေတာ ဗုဒ္ဒဘာသာ မြန်မာဘုန်း ကြီး တချို.တွေက မေတ္တာသူတ် ရွတ်နေတယ် ။ ဒါ ဟာ သူတိုအပိုင်းက နိုင်ငံနဲ့ လူထုကို အကျိုးပြုနေကြတာတွေပေါ့ လို ဘုန်းဘကီးတွေက ပြောလာရင် ကိုယ်က ဘာ အထွန်. တက် ပြောနိုင် အုံးမှာလဲ ။

ပြည်သူ. ကောင်းကျိုးစီးပွား မပါတဲ့ ဥပဒေဆိုတာ ရှိသလား ဘယ်ဟာတွေ ပါလိမ့်? ရှေး မြန်မာနိုင်ငံမှာ သက် ဦးဆံပိုင် စံနစ် ဘာကြောင့် ထွန်းကားခဲ့ ရသလဲ ။ ဘာဥပဒေတွေနဲ့ အုပ်ချုပ်ခဲ့ သလဲ လို. မေးရမယ် ။ မ်ြမာနိုင်ငံ ဗုဒ္ဒဘာသာနိုင်ငံ ဘာကြောင့် ဖြစ်လာရတာလဲ ဦးနု ကြောင့်လား ? ဘာကြောင့် နေစဉ်နဲ့ အမျှ ဗုဒ္ဒ တရားတွေ ကို နည်းအမျိုးနဲ့ တတွက် တွတ် ရွတ်နေ ပောာပြော သွန်သင်နေကြတာလဲ ? အဖြေကတော့ လိုအပ်လို. ဘဲ ပေါ့.လို ပြောရလိမ့်မယ် - ဗုဒ္ဒဘာသာတရားကလိုလဲ မကျေညက်ကြသေးလိုပေါ့ လို ပြောမယ် ။ အကြောင်း အကျိုးဆိုတာ ရှိတယ် ဆိုတာကိုး ၊ ဘာကြောင့် လိုအပ်သလဲ ဆိုတာ ကိုယ့် ဟာကိုယ် သာ စဉ်းစားကြည့်ကြတော့ ၊၊

စဉ်းစားတတ်ရင် စဉ်းစားဘို.က ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာ လက်ရှိ ဥပဒေတွေ ရုတ်သိမ်းပြီး ဗုဒ္ဒဘာသာ ဥပဒေအရ အုပ်ချုပ်ရင် မကောင်းဘူးလာ ၊ ဗုဒ္ဒဘာသာ ဥပဒေဆိုတာ ရှိမှာပေါ့ ရှေးဘုရင်များ လက်ထက် ကလဲ ခိုးသား ဒါးပြ သူဆိုး သူမိုက် ဆိုတာတွေ ရှိခဲ့တာဘဲ မဟုတ်လား ။ နန်းလုတဲ့ ဆွေတော် မျိုးတော်တွေ အပြင်လူ တစိမ်းတရံဆာတွေ လဲ ရှိတာဘဲ ၊ ဥပဒေတွေက ဘာ ဆိုထားသလဲ ၊မေတ္တာပြိ ထိုငရှိခိုးလို ဆိုထားသလား? ဥပဒေလေ.လာသူတွေ ကျွှမ်းကျင်သူတွေ သိကြမှာပါ ၊ ဥပမာ အရှင်သံဝရာလင်္ကာရ လို ပုဂိုလ်က အထူးလေ.လာမိထားတွေ ရှိလိမ့်မယ် ။

လယ်မြို ဒုတ်တိုနဲ့ ရိုက် ဥပဒေလား ၊ ခေါင်းဖြတ် ခြေဖြတ် ဥပဒေလား ၊ တဲကျင် သျှို ကားစင် တင် ဥပဒေလား ။ ဒီဥပဒေတွေကို ပြန်သွတ်သွင့်းပြီး ဒါးမိုး သံလျှက်မိုး အုပ်စိုးရမဲ စံနစ်ကို ပြန်သွားကြမလား စဉ်းစားကြရမယ် ? အချိန်အခါဟာ အခြေအနေတွေကို ဖန်တီးလာရင် လုပ်သင့်တာ လုပ်ကြရမှာဘဲ ပေါ့ ။

အင်အားကြီးသူက အင်အားနဲ သူကို သတ်ဖြတ်ပြီး ဗိုလ်ကျ ရအောင် တနည်းတလမ်း မြောက်ပေး သွေးထိုး နေတယ် ။ တဖက်ဖက်ကို ထောက်ခံ အားပေး ၊ သူတိုကဘဲ သူများ နိင်ငံကိုနယ် ချဲ့ ပြိး နောက်ဆုံး အပိုင်စီး ဘိုကြံစည်နေတယ် ။ သူတိုတတွေမှာ နိင်ငံနဲ လူမျိုးမရှိတိုင်း သူများတွေကို သေဖေါ်ညှိနေကြတယ် ။ နိင်ငံနဲ့ လူမျိုးရှိသူတွေကို ပဋိပက္ခ ဖြစ်အောင် နိုင်ငံနဲ့ လူမျိုးပျောက်အောင် လုပ်နေကြတာတွေ ကို မသိ ဂရုမပြုမိ သူတွေကလဲ ရှိနေတယ် ။

ဗုဒ္ဒဘာသာ ဘုန်းကြီး ဦးရေ တသန်းနီးပါး ရှိတဲ့ မြန်မာနိုင်ငံမှာ မွတ်စလင် ရှုပ်လို ဗုဒ္ဒ ဘာသာ နိုင်ငံဘ၀ ပြုတ်ရရင်တော့ မလေးယှားလို မွတ်စလင် နိုင်ငံ ဖြစ်သွားရရင် ၊ တိဘက် ဘုန်းကြီးတွေ ၁၉၅၀ ခုနှစ်တွေ ဆီက ရော အဲ ဒီ မတိုင်မီကပါ သေ ပွဲဝင်ကြ၇တဲ့ မှတ်တမ်း တွေ ဖတ်ဘူးတော့ ဘုန်းကြီးတွေ ၀င် ကြရမှာကိုလဲ စိုးရိမ်မိတယ် ။ ဒါမှ မဟုတ် အရှင်သံဝရာလင်္ကာရ ဦးဆောင်ပြီး ဘုန်းကြီးတွေ ကိုယ်ကို ဓါတ်ဆီ လောင်းပြီး မီးရှို. ဆန္ဒထုတ်ဖေါ် ကြမှာတွေကို တော့ အထူး စိုရိမ် မိတယ် သောက ဖြစ်မိတယ် လို ပြောတော့မယ် ///

0 new messages