There is more similarity than difference between them. Both
governments are brutal. Both governments are oppressing poor farmers,
poor students, poor non-Bamar ethnic people. Both governments
detained those standing up for democracy and human rights.
=====
Friday, June 7, 2013
လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီအဖွဲ့ဝင် ဦးမြင့်အောင်
ထောင်ဒဏ်ချမှတ်ခံရ
မုံရွာ၊ ဇွန် ၆
လက်ပံတောင်းတောင် တောင်ကြည့်ပွဲများကို ဦးဆောင်ခဲ့သော လက်ပံတောင်းတောင်
ကယ်တင်ရေးကော်မတီမှ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးမြင့်အောင်ကို မုံရွာ
မြို့နယ်တရားရုံးက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်
နည်းဥပဒေပုဒ်မ (၁၈)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ် ကျခံစေရန်
ဇွန်လ၆ရက်နေ့တွင် စီရင်ချက် ချမှတ်ခဲ့ကြောင်း လက်ပံတောင်းတောင်
ကယ်တင်ရေးကော်မတီမှ အဖွဲ့ဝင် တစ်ဦးကပြောကြားသည်။
"အမှုတွဲထဲမှာတော့ ကျောင်းသား သမဂ္ဂကကလေးတွေရော၊ ဦးမြင့်အောင်ရော
တရားစွဲခံရတာပါ၊ အမှုတွဲက တစ်ခုထဲပါပဲ။ ဦးမြင့်အောင်ကို အလုပ်ကြမ်းနဲ့
ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ပြီး ကျောင်းသား နှစ်ယောက်ကို ငွေဒဏ်
ချမှတ်လိုက်တာပါ၊ ရှေ့နေများကွန်ရက်အကူအညီနဲ့ အယူခံ ဝင်ဖို့တော့
ကြိုးစားနေပါတယ်" ဟု လက်ပံ တောင်းတောင် ကယ်တင်ရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းအမှုမှာ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် လက်ပံတောင်းတောင်
တောင်ကြည့်ပွဲများကို ခွင့်ပြုမိန့်မရဘဲ ပြုလုပ်ခဲ့ခြင်းအတွက်
မုံရွာအမှတ် (၁) ရဲစခန်းက အမှုဖွင့်အရေးယူထားခြင်း ဖြစ်ပြီး၊
ဇွန်လ၆ရက်နေ့တွင် တရားရုံးက အမိန့်ချခဲ့ခြင်း ဖြစ်သည်။ အမှုတွင်
ဦးမြင့်အောင်နှင့် အတူ မုံရွာခရိုင် ကျောင်းသားသမဂ္ဂမှ
ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုနွေဦးကိုနှင့် ကိုဟိန်းဇော်ဝင်းတို့လည်း
တရားစွဲဆိုမှု တွင်ပါဝင်ခဲ့ပြီး ၄င်းတို့နှစ်ဦးကို တရားရုံးက တစ်ဦးလျှင်
ငွေဒဏ် သုံးသောင်းစီ ပေးဆောင်ရမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များမှာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်
စီတန်းလှည့်လည်ခွင့် ဥပဒေကို ဆန့်ကျင်ပြီး စီတန်းလှည့်လည်မှု တိုင်းတွင်
ခွင်ပြုမိန့်တောင်းခံ ခြင်းမရှိကြောင်း၊ မေလ၂၄ရက်နေ့ ညနေပိုင်း
အချိန်တွင် မြို့မဂါတ်ကျောင်းမှ ရွှေစည်းခုံဘုရားအထိ မြန်မာနိုင်ငံတွင်
ဖြစ်ပွားနေသော အကြမ်းဖက်ဖြေရှင်းမှုများကို ရှုတ်ချခြင်းနှင့်
ဆုတောင်းညောင်ရေသွန်းပွဲ တွင်လည်း ခွင့်ပြုမိန့်မတင်ခဲ့သည့်အတွက်
ကျောင်းသားသုံးဦးကို တရားစွဲခဲ့ပြီး မုံရွာ မြို့နယ်တရားရုံးက
တစ်ဦးလျှင် ငွေဒဏ်သုံးသောင်း ပေးဆောင်ရန် ဇွန်လ ၅ ရက်နေ့ တွင်
အမိန့်ချမှတ်ခဲ့ကြောင်း ကျောင်းသား သမဂ္ဂအဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ယခုနှစ်ဧပြီလ ၂၅ရက်နေ့တွင်လည်း လက်ပံတောင်း တောင်ခြေ၌ ရန်ကုန် ပြည်သူ့
အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးနှင့် ဆည်တည်းရွာသားနှစ်ဦး
အဖမ်းခံခဲ့ရကာ၊ ဇွန်လ ပထမပတ်တွင်းတွင် ထောင်ဒဏ်များ
အသီးသီးချမှတ်ခံခဲ့ရသည်။
http://www.thithtoolwin.info/2013/06/blog-post_1203.html#.UbIR55x-rHs
=====