Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

မြန်မာပြည်ရဲ့ အဓိကလိုအပ်ချက် ၆ ရပ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုရှင်းလင်း

0 views
Skip to first unread message

Zomi for Federalization and Democratization of Bur

unread,
Jun 7, 2013, 1:29:38 PM6/7/13
to

=====
The six prrimary needs of the people of Burma, according to Aung San
Suu Kyi, are: (1) jobs, (2) water, (3) roads, (4) electricity, (5)
education, and (6) health.

The six primary needs of the Brutal Bamar Buddhist Fascist Mercenary
Terrorist Rapist (BBBFMTR) USDP Government are: (1) armed thugs, (2)
police, (3) prisons, (4) fighter planes, (5) nuclear bombs, and (6)
narcotic drugs.

As long as the mindset of the BBBFMTR USDP government is in existence,
Burma will never be developed.
=====

Friday, June 7, 2013

မြန်မာပြည်ရဲ့ အဓိကလိုအပ်ချက် ၆ ရပ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုရှင်းလင်း

မြန်မာနိုင်ငံ တနိုင်ငံလုံးအနှံ့ သွားရောက်တဲ့အခါမှာ ပြည်သူလူထုအနေနဲ့
အလုပ်အကိုင်၊ ရေ၊ လမ်း၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အဓိက
လိုအပ်ချက် ၆ ခု ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာစီးပွားရေး
ဖိုရမ်နဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

လူတွေကို အလုပ်အကိုင်ရှိပြီး ဂုဏ်သိက္ခာရှိရှိနေစေချင်သလို
ဟိုယောင်ယောင်ဒီယောင်ယောင် ဖြစ်နေတာကို မလိုလားတဲ့အကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
သတင်းထောက်တဦးရဲ့ အမေးကို အင်္ဂလိပ်ဘာသာနဲ့ တုံ့ပြန်ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်မြေ ကော့မှူးမှာဆိုရင် ဘွဲ့ရ ၇၅
ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့တွေ ဖြစ်နေသလို နိုင်ငံတ၀န်းလုံးက ပျှမ်းမျှ
လူငယ် ၇၀ ရာခိုင်နှုန်းလောက်ဟာ အလုပ်အကိုင်မရှိတဲ့အကြောင်း လွတ်လပ်တဲ့
လေ့လာသူတွေက သူ့ကို ပြောဆိုတယ်လို့လည်း ဆိုပါတယ်။

ဒါတွေဟာ မျှော်လင့်ချက်ကင်းမဲ့တဲ့ အနေအထားဖြစ်နေသလို
မျှော်လင့်ချက်ကင်းမဲ့ရင် ငယ်ရွယ်ပြီး အလုပ်အကိုင်မရှိတဲ့လူတွေဟာ
အနာဂတ်မှာ လူမှုရေး ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါအပြင် မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ ကျေးလက်နဲ့
တိုင်းရင်းသားဒေသကို ဦးစားပေးရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း
ပြောဆိုပါတယ်။ တိုင်းပြည်မှာ ဖွံ့ဖြိုးရေးမညီမျှရင်၊ အားလုံးအတွက်
အကျိုးရှိတဲ့ ဖွံ့ဖြိုးရေးမဖြစ်ရင် ရေရှည်မှာ ကြီးမားတဲ့
နိုင်ငံရေးပြသာနာဖြစ်လာမယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

တိုင်းရင်းသား အုပ်စုတစုကိုသာ အကျိုးပြုတဲ့ ဖွံ့ဖြိုးရေးမျိုးဖြစ်ရင်
တိုင်းရင်းသားအားလုံး ညီညွတ်တဲ့ ပြည်ထောင်စုကို
မတည်ဆောက်နိုင်ဘူးလို့လည်း ဇွန်လ ၇ ရက်နေ့ ကကျင်းပတဲ့
ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ဆွေးနွေးပွဲမှာပြောဆိုခဲ့ပါတယ်။

by ဒီဗွီဘီ

http://www.thithtoolwin.info/2013/06/blog-post_5558.html#.UbITNpx-rHs
=====

0 new messages