Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

အကျင့်ဟောင်း၊ အကျင့်ပျက်များကိုကျင့်သုံးနေဆဲ၊ စစ်ဗိုလ်အမျိုးအနွယ်များ

9 views
Skip to first unread message

Zomi for Federalization and Democratization of Burma

unread,
Apr 2, 2014, 5:49:57 PM4/2/14
to
======
Why has democratic change not been happening in Burma? Because the present government leaders are unrepentant fascists from the Than Shwe government.

They have no desire and willingness to do good for the country. They are just egotists.
======


Zarni gyi – အကျင့်ဟောင်း၊ အကျင့်ပျက်များကိုကျင့်သုံးနေဆဲ၊ စစ်ဗိုလ်အမျိုးအနွယ်များ


April 2, 2014


?

အကျင့်ဟောင်း၊ အကျင့်ပျက်များကိုကျင့်သုံးနေဆဲ၊ စစ်ဗိုလ်အမျိုးအနွယ်များ

ဇာနီကြီး

ဧပြီ ၂၊ ၂၀၁၄

==
Image:
bad.at13.jpg

==

အတိတ်က စိတ်ဓါတ်နဲ့လုပ်ကိုင်မှုတွေကို နောက်ကြောင်းပြန်ဖေါ်ခြင်းကို မလုပ်လိုပေမဲ၊ သမ္မတဦးသိန်းစိန် မိန့်ခွန်းထွက်လာတဲ့အချိန်မှာ အတိတ်လူဆိုးများကို ပြေးမြင်မိပါတယ်။ ဆန်ဖရန်စစ္စကိုမြို့က မြန်မာပြည်က အခြေချပြီး သူဌေးဖြစ်လာတဲ့ ကိုဒေဗစ်အကြောင်းပါ။ သူပြောတာက “ငါက မြန်မာတွေ ဆန်ဖရန်စစ္စကိုရောက်ပြီး အလုပ်မရှိသူများကို ငါ့ရဲ့ကုမ္မဏီ အိမ်ပြုပြင်ဆောက်လုပ်ရေးတွေမှာ တစ်နာရီ ၁၀ဒေါ်လာပေးပြီး ခန့်တယ်၊ တစ်ပါတ်တစ်ခါရှင်းပေးတယ်။ တစ်ပတ်တစ်ခါ အလုပ်သမားတွေကို စားသောက်ဆိုင်မှာ ကျွေးတယ်။ ဒါပေမဲ့ ငါဘယ်လောက်ဂရုစိုက်ပေမဲ့၊ ငါ့က အလုပ်သမားတွေရဲ့အပြစ်တွေ မြင်တယ်ကွ၊ ဒီတော့ မနေနိုင်ဘူး၊ နောက်မလုပ်အောင် သူတို့အပြစ်တွေကို ဖေါ်ပြ၊ ပြောပြတော့ အလုပ်သမားတွေ မကြိုက်ကြဘူး။ ငါ့ကို ကန်ပြီး အလုပ်ကထွက်သူတွေ၊ ထုတ်ခံလိုက်ရသူတွေကို နောက်နောင် ဘယ်တော့မှ ပြန်မခေါ်တော့ဘူး။ လူတွေက ပြုပြင်ပြောင်းလဲလို့မရပါဘူး။ ခွေးမြီးကောက်ကျည်တောက်စွပ်သလိုပဲ ဒီကောင်တွေ နောင်တရသလိုနဲ့ ခဏနေတော့ အရင်ပုံစံ ပြန်ပေါ်လာတာပါပဲ “ .. လို့ပြောပါတယ်။ “ကိုဒေးဗစ်ရယ် ၁၀ယောက်မှာ တစ်ယောက်၊ နှစ်ယောက်တော့ တကယ်နောင်တရပြီး ကိုဒေးဗစ်အလုပ်ကို ပြန်လာလုပ်တာပါ။ လက်ခံဖို့ကောင်းပါတယ်” ပြောတဲ့အခါ ကိုဒေးဗစ်က ငြိမ်နေတယ်။ ပြီးတော့ တိုးတိုးပဲပြောတယ်။ လူတွေက အသက်သာကြီးသွားမယ်၊ အကျင့်ပြောင်းနိုင်တဲ့လူမရှိပါဘူး… လို့ သက်ပြင်းချပြီး ပြောပါတယ်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ဒီလူတွေပဲ ပြန်လုပ်နေကြတော့ မိုးမခက တူမောင်ညိုရေးသလို ဒီပုပ်ထဲကပဲတွေ၊ အကုန်လုံး ပြောင်းလိုက်မှ ကောင်းမယ် ယူဆသူ တော်တော်များမယ်ထင်ပါတယ်။ အခုဆို အတိုက်အခံ အင်အယ်ဒီပါတီက ၈% လောက် လွှတ်တော်မှာရောက်နေပေမဲ့၊ အစိုးရဝန်ကြီး ၉၀ ကျော်မှာ တစ်ယောက်မှ မပါဘူး။ ဦးရွှေမန်းတို့ အုပ်စုထဲကလူတွေတောင် ပါတဲ့ပုံသဏ္ဍန် မရှိဘူး။ ဦးသိန်းစိန် စိတ်ကြိုက်ခန့်တယ်။ အရေးပါတဲ့ ဝန်ကြီးဌာန၊ အစိုးရဌာနတွေကို ကာကွယ်ရေးဦးစီးချုပ် နာမည်ပေးထားတဲ့ ဗိုလ်ချုပ်တွေပဲ ကြီးစိုးနေဆဲပါ။

တစ်ခါက ၂၀၀၀ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ ဆန်ဖရန်စစ္စကိုမှာ ဆရာပူဇော်ပွဲလုပ်တယ်။ မြန်မာပြည်ကဆရာတွေကို ဖိတ်ခေါ်တာ အဲဒီတုန်းက လက်ရှိဝန်ထမ်းဆရာများ ဘယ်သူမှ မလာရဲဘူး။ အီလက်ထရွန်းနစ် ပါမေက္ခ ဒေါက်တာစန်းတင့် (ကွယ်လွန်) တစ်ယောက်ပဲ၊ အမေရိကားကို ရောက်အောင်လာခဲ့ပါတယ်။ ဆန်ဖရန်စစ္စကို၊ နယူးယောက် စတဲ့နေရာများကို ဆရာကြီး လာရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ၂၀၀၂ ရောက်တော့ စင်ကာပူရောက် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ အဖွဲ့က ဦးဆောင်သူများ ဆရာပူဇော်ပွဲလုပ်ဖို့ ကြိုးစားကြပါတယ်။ မိုးမခ မောင်ရစ်တို့လည်း အမေရိကားမရောက်သေးတော့ သူတို့အုပ်စုလည်း အားတက်သရော ပါဝင်ကူညီကြပါတယ်။ NTU စင်ကာပူ နန်ယန်းနည်းပညာတက္ကသိုလ်က မြန်မာလူမျိုး ပါမောက္ခ ဆရာဒယ်နီရယ်တင့်လွင် ဦးဆောင်ပြီး သကြီန်ပွဲနဲ့အတူ၊ ဆရာပူဇော်ပွဲ လုပ်ခဲ့ကြတယ်။ ထုံးစံအတိုင်း မတည်ငွေ တစ်ယောက်ကို ဒေါ်လာ ၁၀၀၊ ဒေါ်လာ ၂၀၀ စသဖြင့် စိတ်ဝင်စားသူများ စတင်မတည်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဆိုက၊တီးမှုတ်အဖွဲ့က လူကြိုက်အများဆုံးနဲ့ ပြသနာအများဆုံးဖြစ်ပါတယ်။

အဲဒီတုန်းက ကျင်းပရေးကော်မတီက လက်မှတ်ရောင်းချပြီး၊ VIP အဖြစ် မြန်မာသံအမတ်ကြီးကို ဖိတ်လိုက်ပါတယ်။ သံအမတ်ကြီးက လာချင်တာမဟုတ်ပေမဲ့၊ ဖိတ်တဲ့လူတွေက ကပ်ဖားပြီး ဖိတ်လိုက်ပါတယ်။ သဘောထားတင်းမာသူများက သကြီန်ပွဲပြီးတဲ့အခါ အင်တာနက်မှာဓါတ်ပုံတွေဖြန့်ရင်း ဆရာပူဇော်ပွဲရှေ့ဆုံး VIP ခုံတွေမှာ ထိုင်နေတဲ့ သံအမတ်ကြီးနဲ့အဖွဲ့တွေကို ခေါင်းလေးတွေ မှင်နဲ့ဝိုင်းပြပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဇာနီကြီးတို့လည်း တိုက်ခိုက်တဲ့အဖွဲ့မှာ ပါဝင်ခဲ့တယ်။ သံအမတ်ကြီးကို ဖိတ်တဲ့လူအုပ်စုထဲမှာ သံအမတ်ကြီးမလာစေရဘူး ပြောတဲ့လူကြီးတွေလည်း ပါဝင်ပါတယ်။ ခေါင်းခံရသူကတော့ စက်မှုတက္ကသိုလ်ဆရာဟောင်းကြီး တက္ကသိုလ်မိုးဝါ ဖြစ်ပါတယ်။ သံအမတ်ကြီးကို ဖိတ်ကြားတာ ကန့်ကွက်သူများက ဆရာနဲ့တွေ့ချိန်တိုင်းမှာ ဘာဖြစ်လို့ စက်မှုတက္ကသိုလ် ဆရာပူဇော်ပွဲမှာ မြန်မာသံအမတ်ကြီးကို ဖိတ်ရတာလဲ၊ ပြီးတော့ သံအမတ်ကြီး ဝင်လာတော့ ခင်ဗျားတို့ ဘာလို့ မတ်တက်ရပ်ဂါရဝ ပြုနေရပါသလဲ၊ ဗိုလ်သန်းရွှေနဲ့စစ်အုပ်စုက ကျွန်တော်တို့ စက်မှုတက္ကသိုလ်နဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပဲ ..လို့ မေးတော့ ဆရာကြီး တက္ကသိုလ်မိုးဝါက ပြုံးပြုံးလေးနဲ့ ဒီလိုကွ၊ ဂါဝရဆိုတာ မြန်မာလူမျိုးတွေမှာ ရှိတယ်ကွ…လို့ ဖြေပါတယ်။

ဒီလိုပဲ ဂါရဝပြုရင်း လူကြီးကို ဖင်ဗူးထောင် ဝင်ကန်တော့သူတွေပဲ ရာထူးတက်၊ အုပ်ချုပ်ခေါင်းဆောင်ဘဝရောက်ရတဲ့ မြန်မာစစ်အစိုးရ အုပ်ချုပ်မှုကို နပိုတီစင် Nepotism လို့ခေါ်ပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကြိုးပါပဲ။ အခုချိန်ထိ အဲဒီ ဂါရဝ ဆိုတဲ့အရာနဲ့ သမ္မတဦးသိန်းစိန်အစိုးရအဖို့ ပြုပြင်ပြောင်းလဲရေး ခက်ခဲစွာ လုပ်နေရပါတယ်။ ခေါင်းဆောင်တွေ စုဝေးပြီး သတင်းကျွတ်ရင် သူတို့တပ်ချုပ်ဟောင်းကြီးကို သွားပြီး ဂါ နေရပါတယ်။ မဂါရင်တော့ ဗျာများသွားမဲ့သဘောလားမသိဘူး။

ဗိုလ်ချုပ်ဟောင်း ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မြင့်အောင် တို့အုပ်စုကို ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ဂါရဝပြုနေတာကိုလည်း တစ်ချို့က စဉ်းစားလို့မရဘူး။ ဗိုလ်ခင်ညွန့်တို့အုပ်စုကတော့ ထောင်ထဲမှာ စံမြန်းနေဆဲဖြစ်ပါတယ်။ ကိုယ်နဲ့အဆင်ပြေသူကို မြှောက်စားပြီး၊ ဂါရဝပြုနေတာ မြန်မာတို့စရိုက်လားတော့မသိဘူး။

သံတမန်တစ်ဦး ရေးသားတဲ့ ဗိုလ်ခင်ညွန့်ဇတ်လမ်းမှာလည်း ဗိုလ်ခင်ညွန့်ကောင်းစားစဉ် ၁၉၉၀-၉၅ အချိန်ကာလက လန်ဒန်မြို့ မြန်မာသံရုံးအမှုထမ်းများ ဗိုလ်ခင်ညွန့်ရဲ့ အတွင်းခံ၊ စွပ်ကျယ်၊ ဘောင်းဘီ၊ အင်္ကျီများကို လျှော်ဖွတ်ပေးဖို့ လုနေလို့၊ ခွဲတမ်းချပေးရတယ် ဆိုပါတယ်။ မလျှော်ပေးတဲ့ စစ်ဗိုလ်အုပ်စုလည်း ရှိပါတယ်။ နောက်ဆုံးတော့ အတွင်းခံလျှော်ဖွတ်ပေးတဲ့ စစ်ဗိုလ်တွေပဲ နေရာကောင်းတွေ၊ ရာထူးကြီးတွေ တိုးတက်သွားတာကို မျက်ဝါးထင်ထင်တွေ့ရတယ်လို့ ရေးထားပါတယ်။

ဗိုလ်ထွန်းကြည်ဆိုရင် သူ့လက်အောက်ခံများကို အလွန်ဆက်ဆံရေးကောင်းတဲ့ စစ်ဗိုလ်ကြီးဖြစ်ပါတယ်။ သူ့ခေတ်မှာ ဗိုလ်ထွန်းကြည်လာရင် ပြေးပြီး ဖိနပ်တိုက်တဲ့ ဗိုလ်ကြီးအုပ်စု ရှိပါတယ်။ ဒါလောက်ဖားစရာမလိုပါဘူး ပြောပြီး ပုံမှန်ပဲ အလေးပြု၊ ရိုသေ၊လေးစားစွာ နေထိုင်ကြပါတယ်။ တစ်နှစ်၊ နှစ်နှစ်အကြာမှာ ဖိနပ်တိုက်ပေးတဲ့ ဗိုလ်တွေပဲ၊ ဗိုလ်မှု၊ ဗိုလ်ချုပ်ရာထူးတွေ လျှင်မြန်စွာ တိုးတက်သွားတာ အမှန်ပဲလို့ စစ်ဗိုလ်ဟောင်းတစ်ဦး ပြောတာ နားထောင်ခဲ့ဖူးပါတယ်။ အဲဒီ စစ်ဗိုလ်ဟောင်းကို ..မင်းတို့စစ်တပ်က စည်းကမ်းအရှိဆုံးပါ။ ခေတ်ပျက်ပေမဲ့ အကျင့်မပျက်အောင် ဥပမာ စစ်တပ်မှာ နောက်မိန်မယူတဲ့ စစ်ဗိုလ် အလုပ်ထုတ်ခံရတဲ့ စစ်ဥပဒေရှိတယ်လို့ .. ၁၉၉၀အထိ စစ်တပ်ကတော့ အကျင့်ပျက်မှု နည်းတယ်မဟုတ်လား မေးမိတယ်။ ဒီစစ်ဗိုလ်ဟောင်း ဘယ်ကသာ.. အဲဒီကတည်းက လာဘ်ထိုးပြီး ဗိုလ်သင်တန်းတက်ခွင့်ရတာတွေ၊ အဆိုးဆုံးကတော့ မနက်ခြင်ထောင်၊ စောင်တွေကို သေချာမခေါက်ပJ သေတ္တာထဲ စုပြုံထည့်လိုက်ပြီး၊ သေတ္တာထဲက တစ်ခါမှခေါက်ရိုးမကျိုးတဲ့ စောင်၊ခြင်ထောင်အထုပ်ကို ပုံမပျက်၊ ကတင်ပေါ်ချထားတဲ့ လိမ်လည်မှုက စစ်တပ်မှာ ရှိနေပြီ။ စစ်ဗိုလ်လောင်းတွေ သင်တန်းတက်ချိန် အိပ်ဆောင်ကို လာစစ်တဲ့အဖွဲ့တွေ ခေါက်ရိုးမကျိုး အိပ်ယာလိပ်ကို သိတာပေါ့ကွာ။ တကယ် ကြိုးစားပမ်းစား မလိမ်ညာတဲ့ စစ်ဗိုလ်လောင်းများစွာ ရှိပါတယ်။ ဒီလူတွေ နေရာမရကြပါဘူး။ ငါလည်း နေရာမရပဲ ဗိုလ်ကြီးဘဝမှာပဲ ထွက်လာခဲ့ရတယ်ကွ…ဟု ပြောတာကို နားထောင်ရပါတယ်။

နောက်ဆုံးတော့ ဒီလူတွေ ပြုပြင်ပြောင်းလဲမှုလုပ်နေကြတယ်။ ဒါပေမဲ့ လူဟောင်းတွေ နိုင်ငံကို သူတို့လက်နဲ့ဖျက်ဆီးခဲ့ပြီး၊ သူတို့လက်နဲ့ အသစ်ပြန်ဆောက်ကြတာ ၃နှစ်ကြာခဲ့ပါပြီ။ ဧပြီလ ၂၀၁၄မှာ သမ္မတလစဉ်မိန့်ခွန်းကို လူတွေ တော်တော်ကြိုက်နှစ်သက်ကြပါတယ်။ မိုမခဆောင်းပါးရှင် တူးမောင်ညိုကတော့ မကြိုက်ကြောင်း အချက်ပေါင်းများစွာ တင်ပြပါတယ်။ အတိုက်အခံပါတီဆိုတာလည်း အာဏာရရေးကို ဦးတည်ပါတယ်။ မီဒီယာ မှန်ကန်တဲ့သတင်းစာဆရာများကတော့ အမှန်ကိုရေးပါတယ်။ တိုးတက်သင့်သလောက်တော့ တိုးတက်နေပါပြီ။။ အကျင့်ပျက်အရာရှိကြီးများကို အရေးမယူပဲ ဂါရဝပြုတဲ့အနေနဲ့ ဆက်လက်လွှတ်ထားမယ်ဆိုရင် တိုင်းပြည်အလွန်နစ် နာပါတယ်။ အခုလဲ အိမ်မြေဈေးနှုန်းတွေ မတရားကြီးနေတာ သူတို့အုပ်စုကြောင့်ပဲ မဟုတ်ပါလား။ ဦးသိန်းစိန်အစိုးရ ဖြေရှင်းနိုင်ပါလျှက် လစ်လျူပြုခြင်းခံရတဲ့ ပြသနာတွေမှာ အိမ်မြေဈေးနှုန်း အလွန်ကြီးခြင်းဖြစ်ပါတယ်။ တရာဥပဒေကလည်း မစိုးမိုးတော့ အရေးယူဖို့ ခက်နေပါတယ်။

ကာချုပ်ဖြစ်မယ်လို့ လျာထားခြင်းခံရတဲ့ ဗိုလ်မြင့်အောင် ခမြာလည်း စကားတစ်ခွန်းမှားသွားတယ်လို့ ပြောတယ်။ ဒီတရုပ်တွေ လက်ဝါးကြီးအုပ်နေတာ၊ ပြုပြင်ပြောင်းလဲရမယ်လို့ ပြောလိုက်တော့ ကာချုပ်မဖြစ်တော့ပဲ၊ ထောင်သွင်းအကျဉ်းချခံလိုက်ရရှာတယ်လို့ ကြားရပါတယ်။ ဘာပဲဖြစ်ပါစေ၊ တရုပ်လက်ဝါးကြီးအုပ်၊ မြန်မာလက်ဝါးကြီးအုပ် ခရိုနီများကို သမ္မတဦးသိန်းစိန်က ရာဇသံပေးထားပုံရပါတယ်။ SME Small and Medium Enterprises အသေးစား၊အလတ်စား စီးပွားရေးများကို ကူညီမြှင့်တင်ဖို့၊ လူငယ်အင်အားကို အမြန်ဆုံးနည်းနဲ့ SME များမှာ အသုံးချဖို့ သမ္မတဦးသိန်းစိန်ပြောသွားတာက အားရစရာကောင်းပါတယ်။ တရုပ်များ လက်ထဲကစီးပွားလုပ်ငန်းများစွာကို မြန်မာများ ပြန်လည်ကြီးစိုးဖို့ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖက်ဒရယ်အစိုးရ ဖြစ်လာမှ အောင်မြင်မယ်လို့ပဲ ယုံကြည်ပါတယ်။ လူဟောင်းတွေ၊ စိတ်မပြောင်းပဲ စစ်အာဏာရှင်စရိုက်များကို ပြစ်ဒဏ်ပေးမဲ့ အချိန်ရောက်ဖို့နီးလာပြီလို့ပဲ မျှော်လင့်ပါတယ်။


http://moemaka.com/archives/36694
======

0 new messages