စလေဦးပုညနဲ့အချုပ်တန်းဆရာဖေ

878 views
Skip to first unread message

ရွှေအိမ်စည်

unread,
Aug 25, 2011, 12:13:32 AM8/25/11
to shweaeimsi
စလေဦးပုညနဲ့အချုပ်တန်းဆရာဖေ

တကယ်တော့ ကုန်းဘောင်ခေတ်ရဲ့အထင်ကရစာဆိုတေ

ာ်ကြီး နှောင်းခေတ်ပညာရှင်တွေက

မြန်မာပြည်ရဲ့ရှိတ်စပီယားလို့ အမည်တတ်ခံရတဲ့စလေဦးပုညဟာ
ရုပ်ဆင်းအင်္ဂါပြည့်စုံသူမဟုတ်ပါ

ခြေတစ်ဖက်သိမ်ပြီ လက်တစ်ဖက်ကလဲသေးပြီ မွေးရာပါဒုက္ခိတပါ
ဒါပေမယ့်ပညာဥာဏ်ပါရမီ

ရင့်သန်လှသူမို့လဲ သူရဲ့အားနည်းချက်တွေပျောက်ကွယ်ေ

နချင်းဖြစ်ပါတယ် ဘယ်သူမှလည်း

သူ့ရဲ့အားနည်းချက်ကိုဖေါ်ထုတ်စော်ကားရဲမယ်မထင်ပါ
သူနဲ့တစ်ခေတ်တည်းပေါ်ခဲ့တဲ့ခေတ်ပြိုင်စာဆိုအချုပ်တန်းဆရာဖေကလွဲရင်ပေါ့..အချုပ်တန်းဆရာဖေဆိုတာကလည်း
သူခေတ်နဲ့သူတော့ ခေသူမဟုတ်ပါ ဦးပုညလိုအနုအလှတွေထိမီတဲ့စာသားတွေ
မသုံးနိုင်ပေမယ့် နယ်ချဲ့အင်္ဂလိပ်ကိုကလောင်သွားနဲ့

မကြောက်မရွံ့ကလိရဲတဲ့

အာဇာနည်စာဆိုတစ်ဦးပါ
ဦးပုညနဲ့ဆရာဖေတို့ဟာခတ်ဖော်ခတ်ဖက်တွေမို့တစ်ယောက်အကြောင်းပြောရင်
တစ်ယောက်ကိုချန်ထားလို့မရပါ
တစ်ယောက်နဲ့တစ်ယောက်လည်းမညှာတမ်းတိုက်ခိုက်ရေးသားကြသူတွေဖြစ်ပါတယ်.

(စာကောင်းရင်မအေပေးတွေက

စလေရေးဆိုကြပြန်တယ်

တို့များကျဥာဏ်မမီတယ်

ကံမပီညစ်နွမ်း)

ဆိုပြီအချုပ်တန်းဆရာဖေကစရေးတော့စာပေတိုက်ပွဲကြီးဖြစ်လာပါတယ်

သူမတူအောင်အသားမည်းလှတဲ့ဆရာဖေကိုရည်ရွယ်ပြီး

(ခါးတောင်းကျိုက်ပိတုန်းပိတ်နဲ့

ကျုံးထိပ်ကငဖေ

ကုန်းပြိတ္တတစ္ဆေလို

အသရေဟိတ်နွမ်း

မနှိုင်းအပ်မယှဉ်ရာ

နင်ဘာပြောဟော့ရမ်း)

ဆိုတဲ့တေးထပ်ကိုရေးလို့ ဆရာဖေကိုနံမည်ခေါ်ပြီးပြောင်ပြော

င်ကြီးတွယ်ခဲ့ပါတယ် ဒါကိုမကျေနပ်တဲ့ဆရာဖေကလည်း

(ကဗျာစီ မောင်ပုည

ဆောင်ဂုဏ်ပြ ထုတ်လျှင်

တောင်ချုံက ပုတ်သင်လို

ကုပ်ခွင်သိမ် လက်သေး။

မင်းမြှောက်လို့ 

သင်းလောက်ကျော်သည်

ထွင်းဖေါက်ကော် ဥာဏ်မျိုးနှင့်ဝေး။)

အစရှိတဲ့ တေးထပ်နဲ့  ပြန်ခွပ်တာပေါ့ ။ (တေးထပ်အပြည့်အစုံတော့
မတွေ့ မိပါ၊ ပညာရှင်များ ရှာဖွေကြဆဲလို့ ထင်ပါတယ်။) အဲဒိမှာ ဦးပုည
နည်းနည်း ငြိမ်သွားတယ်။ ပြန်တီးတဲ့  စာထွက်မလာတော့ဘူး။ ဒါပေမယ့်  နေသေးသပ
ချုံထဲက ချိုသွေးတမြမြ ဆိုတာလို အကြံထုတ်နေတာနေမှာပါ။ အဲဒိအချိန်မှာ
ထပ်ပြီး မီးဆေးဖို့  အလဲထိုးဖို့  အချုပ်တန်းဆရာဖေရဲ့  ဘက်တော်သားတွေက
မီးလောင်ရာ လေပင့်ထပ်လုပ်ကြ ၊ အကြံပေး ကြတာပေါ့ ။ အဲတော့

ဇစ္စန္ဒာဧဠ

စလေက ပုညံ

အခြေက ဂုဏ်ခံသော်

ပုံသဏ္ဍာန် ဆိုပြ။

ကုသလ ဥပေက္ခာ

လူဖြစ်လာ သန္တီရဏ။

သန္ဓေချင်းမတူပါ

အယူမှာကွာလှ

နမူနာ စာအရကိုတော့

ကမ္ဘာက အသိပါ။

ဝိပါက်မှာ မဟာထပ်ပါလို့ 

လာကပ်တဲ့ မန်းမြို့ ဆရာ။

သန္ဓေချင်း ဒါလောက်ကွာတယ်

ဝါမောက်ကာ ဆိုင်မတုချင်နဲ့ 

ပြိုင်ပြုက မနုဿဌာနီ

မုချကွာမည်။

ဥက္ကဋ္ဌ အာဇာနည်ကို

စာပလီ ရေးလာနှင့်လေး။

ဆိုပြီး ပွဲသိမ်းဒူးပေးလိုက်တာပေါ့ ။ အဲဒိမှာတင် စလေ နဂါးကြီး
ရှူးရှူးရှဲရှဲ ဖြစ်သွားတော့တာပေါ့ ။ သူ့ အားနည်းချက် လက်ခွင်တဲ့ 
ကိစ္စကို အချုပ်တန်းဆရာဖေရဲ့  ကဗျာကြောင့် လူတွေသိသွားကြတာကို
သူသိပ်ရှက်သွား တာလည်းပါတာပေါ့ ။ အဲတော့ သူ့  ရဲ
့လက်ကိစ္စကိုလည်းဖြေရှင်းရင်း၊ ပင့်လက်သီးလည်းပေးရင်း
တစ်ချက်ခုတ်နှစ်ချက်ပြတ် တွယ်လိုက်တာက

တရုဏီရွယ်ကာလ

ငယ်ခါက ကျောင်းနေ

ဘယ်ညာချ စောင်းအနေမှာ

လောင်းကဝေ ငါ့အား။

အိပ်ပျော်ခိုက် ဘ- အလာမှာ

မကာသာ တွန်းချလေငြား။

သို့ အတွက် လက်ျာ သိမ်သည်

ငါကဝိန်သူ့ အား

ဘာအလိမ် လူ့ ငနွားရယ်က

အရှုမှားလေတယ်။

ငဖေရယ် စလေတုပေမယ့် 

မေရုနှင့်မြင့်မိုကွာမယ်။

သူရာနှင့်သိကြားနှယ်

ဘုရားဝယ် မာရ်နတ်သို့ 

စာတတ်နှင့် အ,သူပမာ

အဲသည်လောက်ကွာ။

ကေဝဋ်နှင့် မဟော်သဓာလို

အတော်ကွာခြားတာမို့ လေး။

သူ့ အဖေ အအိပ်ကြမ်းလို့  တွန်းချခံရပြီး လက်သိမ်သွားတာကို ဖေါ်ပြရင်းနဲ
့ဥပမာ အမျိုးမျိုးသုံးပြီး နှိပ်နှိပ်ကွပ်ကွပ် ချေပ လိုက်တာပေါ့ ။

ဦးပုည က အချုပ်တန်းဆရာဖေက သူ့ လက်နဲ့ ပါတ်သက်ပြီး ဝမ်းတွင်းပါ
အနာလို့  စာချိုးထားတာကို တော်တော် အခံရခက်နေတော့ အဲလောက်နဲ
့မကျေနပ်နိုင်သေးပဲ အချုပ်တန်းဆရာဖေက သူ့ ငယ်ကျိုးငယ်နာကို
ဖေါ်ထုတ်ရေးသားတာဟာ လိမ်ညာပြီး ရေးတာမို့  လူလိမ် တစ်ဦးဖြစ်ကြောင်း
တိုင်းပြည်ကို ဖြေရှင်းချက် ချေပချက် ပေးလိုက်တာက

စေတီယ မင်းလက်ထက်

ဖွားဘက်တော်ရဲဗိုလ်

မဟုတ်မှ သူဆိုတယ်

သူ့ တကိုယ်မုသား။

အလွဲများဘုရင်တွင်သည်

အလိမ်တွင် မင်းတရဖျား။

အမှားများ ဥသျှောင်ငယ်

အကောက်တောင်ပိုင်စား

သင်္ဘောပါ မှန်များသော်မှ

မှားခေါ်လို့ ရောင်းစေ။

မှန်ခေါ်လျှင်အာကိုဖဲ့ မယ်ဟု

မောင်း လှည့်မည့်လူစားပါပေ။

တစ်မိုးအောက်လူ့ ပြည်မှာ

သည်မောင်ဖေ တပါးဟာဖြင့်

မုသားစောင်လိုခြုံ

ပိန်းပိတ်လို့ မှုံ။

မျက်လှည့်ကြီးဥာဏ်မျိုးစုံရယ်

လှည့်စားပုံဆန်းလှပါလေး။

ဒါနဲ့ လည်း စိတ်မကျေသေးဘူး။ အချုပ်တန်းဆရာဖေဟာ လိမ်ညာ တတ်သူဆိုတာ ပိုပြီး
ထင်ရှားမြင်သာစေချင်လို့  အလွန့် အလွန် ထိမိပြီး သေးသိမ်ယုတ်ညံ့  တဲ့ 
ရွံရှာဖွယ် စကားလုံး ဝေါဟာရတွေ ကို စက်သေနတ် ပစ် သလိုသုံးပြီး

ဂျပ်ကောင်နှယ် ဖင်ကြားက

သန်းစကားသူဝါ

ရမ်းကား၍တုလာလျှင်

ဥပမာဆိုစို့ ။

ချေးပုံနှင့် မြင့်မိုတောင်

ခင်းဆိုယောင် ပြုကြသည်သို့ ။

သေးကွက်ကို ပင်လယ်

နင်တကယ်ထင်လို့ 

သဘင်ဝယ် ယှဉ်မတို့ လာနှင့်

သခင်တို့ ဦးချီ။

အုန်းမှုတ်လို အနေစားငယ်နှင့်

ရွှေဖလား မနှိုင်းတန်သင့်ပြီ။

ဥတုနှင့်ပုဇွန်ဆီ

ဒွန်ပီပီယှဉ်တွဲလို့ 

စပ်ဖဲအတွင်းခံ

ရိုင်းမိုက်တဲ့ ဥာဏ်။

မိုးကြိုးနှင့်အီးသံလို

ခရီးမှန်ကွာလှမ်းလှလေး။

ဒီလိုနဲ့ ပဲ ဦးပုည နဲ့  အချုပ်တန်း ဆရာဖေ တို့ ရဲ့ ကဗျာစီးချင်းတိုက်ပွဲ
ဟာ ယမ်းနံ့ သွေးနံ့  တို့  လွင့်ပျံ့  လို့ နေကြပြီပေါ့ ။ တကယ်တော့ သူတို
့နှစ်ဦးရဲ့  ရန်စကို ဇာတ်ရှိန် မတက်တက်အောင် မီးထိုး မြှောက်ပင့်ပေး တဲ
့သူတွေရှိခဲ့ ကြလို့ သာ အခုလို အပြန်အလှန် စာချိုးခဲ့  ကြတာဖြစ်ပြီး၊
အဲလို သူတစ်ပြန်ကိုယ်တစ်လှည့်  ကဗျာသိုင်းကွက် အသစ်တွေ ထုတ်ခဲ့  ကြတဲ
့အတွက် အခုလို စီးချင်းတိုက်တဲ့  ကဗျာတွေကို မြန်မာ စာပေ ကဗျာ လောကမှာ
တွေ့ မြင်ခဲ့  ကြရတာ ဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် တပည့်နောက်လိုက်တို့ ရဲ့ 
မြှောက်ပင့်သွေးထိုးမှုကြောင့်ရော၊ ပြီးတော့ ငါ ဆိုသော မာန အခံ၊
အရည်အချင်း ပြိုင်ဆိုင်လိုတဲ့  စိတ်အခံ တို့ ကြောင့်ပါ အခုလို ကဗျာ
စီးချင်းတိုက်ပွဲမျိုး ဖြစ်ခဲ့ ကြတာပါ။ ဒါပေမယ့်  တစ်ယောက်နဲ့ တစ်ယောက်
သဲသဲမဲမဲ ရန်ငြိုးသိုပြီး တစ်သက်လုံး မုန်းနေကြလိမ့် မယ်လို့ ထင်ရင်တော့
မှားလိမ့် မယ်နဲ့ တူပါတယ်။

ဦးပုည တစ်ယောက် အခါပေး မှုနဲ့ ပါတ်သက်ပြီး အဖမ်းခံရ၊ ပြီးတော့
"လူကိုခွေးသတ် " ခံရ တဲ့ အခါမှာ အချုပ်တန်း ဆရာဖေတစ်ယောက် အူမြူးနေမယ်
ထင်ကြပါသလား။ ဒါမှမဟုတ် မတရားသော လောကကြီးကိုပဲ စိတ်နာပြီး
ဘဝတူချင်းအတွက် မျက်ရည်ကျနေမလား။

ကျွန်တော့ကတော့ လက်ရည်တူ ပြိုင်ဘက်ကောင်းတစ်ယောက် အချိန်မတန်မီ
ကြွေလွင့်ခဲ့  ရတော့  အချုပ်တန်းဆရာဖေ အဖို့ မှာ နှမျောစိတ်နဲ့  သေတဲ
့အထိ ဦးပုညကို လွမ်းနေလိမ့်  မယ်လို့ ထင်မြင်မိပါကြောင်း။

သူတို့ နှစ်ဦးရဲ့  စာပေတိုက်ပွဲ ကဗျာစီးချင်းထိုးပွဲနဲ
့ပါတ်သက်လို့  မြန်မာစာ ပါမောက္ခ ဦးချမ်းမြ က

စာဟူသည်မှာ အပြိုင်ရှိမှလည်းတိုးတက်သည်။ သူတို့ ရဲ
့စာပေတိုက်ပွဲမျိုးတွေကို နိုင်ငံရေး အမြင်များဖြင့် ပုံကြီးမချဲ့ သင့်။
မည်သူမှန်၍မည်သူမှားသည် ဟု စပ်ကြားက မဝေဖန်သင့်။ သူ့  ဆရာငါ့ဆရာ ဟူ၍လည်း
ငါ့ဆရာထိကမခံဟူ၍လည်း စိတ်သဘောမျိုးမထားသင့်။ သူတို့  စာများကို ဖတ်ရှု၍
ဆင်ခြင်ပြီး အမြတ်ထုတ်ကြရာသည်ဟု ထင်မြင်ကြောင်း

သုံးသပ်ချက်ကို တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

ကဗျာများအား မူရင်းသတ်ပုံအတိုင်းဖေါ်ပြထားခြင်းဖြစ်ပါတယ်။

ကဗျာနှင့်အချက်အလက်များအား အငြိမ်းစားမြန်မာစာ ပါမောက္ခ ဦးချမ်းမြ ၏
အချုပ်တန်းဆရာဖေ စာအုပ်မှ ကူးချ ဝေငှထားတာ ဖြစ်ပါကြောင်း။

Reply all
Reply to author
Forward
0 new messages