Groups
Groups
Sign in
Groups
Groups
shweaeimsi
Conversations
About
Send feedback
Help
ပညာတတ်ဆိုတာ..?
26 views
Skip to first unread message
ရွှေအိမ်စည်
unread,
May 18, 2015, 3:20:23 AM
5/18/15
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to shwe...@googlegroups.com
ပညာတတ်ဆိုတာ..ဘာလဲ?
▬▬▬▬▬▬▬▬
ကျွန်တော်တို့အားလုံး တစ်ချိန်က စာသင်ခန်းတွေထဲမှာ ပညာသင်ကြားခဲ့ကြပါတယ်။ ဒီလို ပညာသင်ကြားခဲ့ကြတုန်းကလည်း ကွန်ဖြူးရှပ်ပညာရေးဆိုတဲ့ အလွတ်ကျက်၊ အာဂုံဆောင်ပညာရေးကိုပဲ သင်ကြားခဲ့ကြရပါတယ်။ ဒီလို ပညာရေးတွေနဲ့ ကြီးပြင်းခဲ့ပြီး ဘွဲ့လက်မှတ်တစ်ခုကို ရယူခဲ့ကြပါတယ်။ ဒီလို ဘွဲ့လက်မှတ်တစ်ခုရဖို့ အာဂုံဆောင် အားထုတ်ပြီးတဲ့အခါ အခမ်းအနားတစ်ခုတက်ပြီး ဘွဲ့ရစတိုင်ထုတ်လာကြတာဟာ ဒီနေ့ခေတ်ရဲ့ ပညာေ
ရးဆုတ်ယုတ်မှုတစ်ရပ် ဖြစ်လာနေတာကို အားလုံးအသိဖြစ်နေပါပြီ။ ဒါတင်မကပါဘူး။ ဒီလို လက်မှတ်တစ်ခု ပိုင်ဆိုင်ခြင်းမရှိတော့ရင်
ကော ပညာတတ်မဟုတ်တော့ဘူးလား။ ဒီနေ့လို အင်တာနက်ခေတ်ထဲမှာ ဘယ်သူမဆို ပညာတတ်ဖြစ်နိုင်ကြပါတယ်။ ပညာတတ်မရှိတဲ့နိုင်ငံဟာ တိုးတက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဒီနေ့ လူငယ်တွေအားလုံး ကျွန်တော်တို့ အမိနိုင်ငံအတွက် ကိုယ်စီကိုယ်စီ ပညာကို စဉ်ဆက်မပြတ် လေ့လာနေသူတွေ ဖြစ်သင့်တယ်လို့ ထင်မိပါတယ်။ ဘယ်ခေတ်မဆို လူငယ်ထုရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးအချိန်မှာ အောင်မြင်မှု၊ တိုးတက်မှုတွေကို ရယူနိုင်ခဲ့ကြတာ သမိုင်းမှာ အထင်အရှားပါ။ ဒါကြောင့် ပညာဆိုတာနဲ့ ပါတ်သက်တဲ့ ဆောင်းပါလေးကို ဖတ်မိရာက အားလုံးကို ဖတ်စေချင်တဲ့စိတ် ဖြစ်လာလို့ မျှဝေပေးလိုက်ပါတယ်..။ ဆရာကျော်ဝင်းရဲ့ ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
“ပညာတတ်ဆိုတာ ဘာလဲ” ဆိုသော မေးခွန်းကို မဖြေမီ၊ “စာတတ် ပေတတ်(Literate Person) ဆိုသည်ကို ပြန်လည်ဆန်းစစ်ဖို့ လိုလိမ့်မည်ထင်သည်။ ကျွန်တော်တို့ နားလည်သိရှိထားသော သမားရိုးကျ အဓိပ္ပါယ်တို့ ဗြောင်းဆန်အောင် ပြိုနေသောကြောင့် ဖြစ်ပါသည်။ အရေး၊ အဖတ်၊ အတွက် “အ- သုံးလုံး” ကြေလျှင် စာတတ်ပေတတ်ဖြစ်ပြီဟု အကြမ်းအားဖြင့် ဆိုနိုင်ပါသည်။ မမှားပါ။ သို့သော် မမှန်တော့။ အရေး၊ အဖတ်၊ အတွက်တို့ အပြင် နောက်ထပ် လိုအပ်ချက်တွေ တသီကြီး လိုက်လာသောကြောင့် ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွ
င် မိခင်ဘာသာစကားတစ်ခုတည်းကိုသ
ာ ရေးတတ်၊ ဖတ်တတ်ရုံမျှနှင့် စာတတ်ပြီဟု မခေါ်နိုင်တော့ပါ။ ကမ္ဘာသုံးဘာသာစကား(အထူးသဖြင့
် အင်္ဂလိပ်စာ) တတ်ဖို့ လိုပါသည်။ သို့မှသာ “ကမ္ဘာလုံးအတိုင်းအတာ စာတတ်မြောက်ခြင်း”(Global literacy) ဟု ခေါ်နိုင်ပါလိမ့်မည်။ ပြောရလျှင် ဤမျှနှင့်ပင် မလုံလောက် သေးပါ။ ကွန်ပြူတာနှင့် မောင်းနေသော ပညာခေတ်တွင် “ကွန်ပြူတာတတ်ဖို့” ( Computer Literacy)လည်း လိုပါသည်။ ထို့ထက် မိမိ၏ လုပ်ငန်းဆောင်တာများကို ကွန်ပျူတာနှင့် ချိတ်ဆက်၍ အလုပ်လုပ်တတ်ရပါဦးမည်။ “ဒစ်ဂျစ်တယ်စာတတ်မြောက်ခြင်
း”( Digital Literacy) ဟု ခေါ်ပါသည်။ ဤအရာအားလုံးတတ်ပါမှ စာတတ်ပြီဟု ခေါ်နိုင်ပါလိမ့်မည်။ ပညာတတ်တစ်ယောက်ဖြစ်ဖို့ ပထမဆုံး စာတတ်ရပါလိမ့်မည်။ ဆက်လက်၍ ပညာတတ်တို့၏ ဂုဏ်အင်ကို ဆက်လက် ဆန်းစစ်ကြည့်ပါမည်။
၁။ လွန်ခဲ့သော စက်မှုခေတ်မှာ “ အထူးပြုလေ့လာကြရသောခေတ်” (Age of specialization )ဖြစ်သည်။ ပညာရပ်တစ်ခုခုကို အထူးပြုတတ်မြောက်ပြီဆိုလျှင
် ပညာတတ်ဟု ခေါ်နိုင်သည်။ ယခု မလုံလောက်တော့ပါ။ ပညာခေတ်တွင် ပညာရပ်အသီးသီးမှာ မိမိဘာသာ၊ ထီးထီးကြီး ကျောက်ချရပ်တည်နေ၍ မရတော့ပါ။ ပညာရပ်အားလုံး ထွေးရောယှက်တင် ဆက်စပ်လာသည်။ ဥပမာ ဘောဂဗေဒတွင် သင်္ချာမှာ “ခေးအော့သီအိုရီ”ပါလာသည်။ မနုဿဗေဒတွင် ဇီဝဗေဒမှ D.N.A ပုံစံခွဲပညာရောလာသည်။ သမိုင်းမှာ ဓာတုဗေဒလာ ကာဗွန်သက်တမ်း တွက်ချက်နည်းနှင့် တွဲလာရသည်။ ဤအခင်းအကျင်းသစ်တွင် ပညာတတ်တစ်ယောက်မှာ မိမိကျွမ်းကျင်ရာ ပညာရပ်တစ်ခုမျှနှင့် မလုံလောက်တော့ပါ။ “ ပညာရပ်အားလုံး၏ လောကလုံးသဘော” (Universalization of Knowledge )ကို ဆုပ်မိကိုင်မိဖို့ လိုလာပါသည်။ ဤသည်မှာ ပထမလိုအပ်ချက်(တစ်နည်း) ပထမဂုဏ်အင် ဖြစ်ပါသည်။
၂။ အထက်တစ်နေရာတွင် ဆိုခဲ့ပြီးသည့်အတိုင်း ပညာခေတ်တွင် ပညာမှာ အဆင်းတန်ဆာ သက်သက်မျှ မဟုတ်တော့ပါ။ လူ့အဖွဲ့အစည်း၏ ဒိုင်းနမစ်အင်အား ဖြစ်ပါသည်။ သို့အတွက် ပညာခေတ်၏ ပညာတတ်တစ်ယောက်မှာ ဓလေ့စရိုက်နှစ်ခုနှင့် အလုပ်လုပ်တတ်သူမျိုး ဖြစ်ဖို့လိုပါသည်။ စကားလုံးများနှင့် အိုင်ဒီယာများကို ဖိုးကပ်(စ)လုပ်ရသော “ပညာဓလေ့”( Intellectual culture )နှင့် လူများနှင့် အလုပ်ကို ဖိုးကပ်(စ)လုပ်ရသော “မန်နေဂျာဓလေ့”( manager culture )တို့ ဖြစ်ပါသည်။ အကယ်၍ ပညာဓလေ့ကို မန်နေဂျာဓလေ့နှင့် ချိန်ခွင်လျှာ မညှိနိုင်လျှင် လူတိုင်း ကိုယ့်အလုပ်ကိုယ် လုပ်ကြသော်လည်း ဘာအလုပ်မှ မအောင်မြင်ဆိုသော အနေအထားသို့ ရောက်သွားနိုင်သည်။ အလားတူ မန်နေဂျာဓလေ့ကို ပညာဓလေ့နှင့် မထောက်ကူနိုင်လျှင်လည်း “အလုပ်ဗျူရိုကရေစီ၏ အစေစားခံ” ဖြစ်သွားပါလိမ့်မည်။ သို့အတွက် ဓလေ့စရိုက်နှစ်မျိုးနှင့် လုပ်တတ်ကိုင်တတ်ပါမှ ပညာတတ်မည်ပါလိမ့်မည်။ ဤသည်ပင် ပညာတတ်တို့၏ ဒုတိယဂုဏ်အင်ဖြစ်တော့သည်။
၃။ ပညာခေတ်မှာ ပညာပေါက်ကွဲမှုကာလကြီးလည်း ဖြစ်ပါသည်။ ဤအကြောင်းကို ဆိုခဲ့ပြီးပြီ။ ပြောလိုသည်မှာ ပညာများ အဆက်မပြတ် ပေါက်ကွဲလျှံကျနေသည်ဖြစ်ရာ ပညာရပ်အသီးသီး၏ အမှန်သက်တမ်းမှာ တဖြည်းဖြည်း တိုတောင်းလာသည်ကို သတိပြုကြဖို့ ဖြစ်ပါသည်။ ဤအခြေအနေတွင် မည်သည့်ပညာတတ်ပုဂ္ဂိုလ်မှ မိမိပိုင်နိုင်ကျွမ်းကျင်သည
့် ပညာရပ်တစ်ခုတည်းနှင့် ရာသက်ပန် ပုရောဟိတ်လုပ်လို့ မရနိုင်တော့ပါ။ သို့နှင့်အမျှ “စဉ်ဆက်မပြတ် ပညာသင်ကြားရေး”( Continual Learning )သည်ပင် ပညာတတ်တို့၏ နောက်ထပ် ဂုဏ်အင်တစ်ခု ဖြစ်လာရတော့သည်။ ဤနေရာတွင် “မေဂျီပြုပြင်ပြောင်းလဲရေး”
ခေတ်က ထင်ရှားခဲ့သော ဂျပန်လူမျိုးပညာရှင် “ယူကီချီ ဖူကူဇ၀ါ”၏ ဖွင့်ဆိုချက်မှာ အသုံးတည့်လိမ့်မည် ထင်သည်။ “ဖူကူဇ၀ါ”က “ပညာတတ်ဆိုသည်မှာ ဆက်လက်ပညာသင်ကြားလိုသော ဆန္ဒရှိပြီး ပညာသင်ကြားနိုင်စွမ်းလည်း ရှိသော ပုဂ္ဂိုလ်မျိုးသာဖြစ်သည်”ဟု အဓိပ္ပါယ် ဖွင့်ခဲ့သည်။
၎။ ပညာခေတ်တွင် ပညာကို ကိုင်၍ အလုပ်လုပ်သူ“ ပညာအလုပ်သမား”( Knowledge Worker )သာမက အသစ်အသစ်သော ပညာများကို ပွားစီးစေသည့် “ပညာဖန်တီးသူ”( Knowledge Creator )များ မွေးထုတ်ဖို့လည်း အရေးကြီးပါသည်။ သို့နှင့်တိုင် ယနေ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးများမှအစ နိုင်ငံတော်တော်များများမှာ
“ပညာအလုပ်သမား”နောက်သို့သာ တကောက်ကောက်လိုက်နေကြပြီး ပညာဖန်တီးသူ၏ အခန်းကဏ္ဍကိုမူ မေ့လျော့နေကြသည်။ ဤပုံအတိုင်းသာ သွားလျှင် အမေရိကန်ပြည်ထောင်စုလို ထိပ်သီးနိုင်ငံများမှာပင် ၂၀၅၀ အရောက်တွင် “ပညာရှားပါးမှု”( Knowledge Shortage )နှင့် ကြုံရလိမ့်မည်ဟု ခန့်မှန်းချက်များ ရှိနေသည်။ သို့အတွက် ပညာတတ်တစ်ယောက်၏ တာဝန်မှာ ပညာကို အသုံးချနိုင်ရုံမျှနှင့် မပြီး၊ ပညာကို ဖန်တီးနိုင်ရမည်ဟုလည်း ဆိုပါသည်။ စင်စစ် ပညာဆိုသည်မှာ “သိပြီးသားနယ်မြေ”ဟု ဆိုနိုင်သော်လည်း ဘ၀ဆိုသည်မှာ မသိသေးသော နယ်မြေသာ ဖြစ်ပါသည်။ သိပြီးသောပညာနှင့် မသိသေးသော နယ်မြေကို ထောက်လှမ်းနိုင်မှသာ ဘ၀တွင် ငုပ်နေသော ပညာအသစ်များကို ဖော်ထုတ်နိုင်ပါလိမ့်မည်။ သို့အတွက် ပညာခေတ်တွင် သုတေသနနှင့် မချိတ်ဆက်နိုင်လျှင် ပညာတတ် မလုပ်နိုင်တော့ပါ။
၅။ သုတေသီများ၏ တွက်ချက်မှုအရ ပညာရပ်နယ်ပယ်အသီးသီးမှ အမေးပုစ္ဆာများမှာ (၃)နှစ်လျှင် နှစ်ဆမျှ တိုးနေသည်ဟု သိရပါသည်။ ဤမေးခွန်းများ၏ ၇၅%ကို ယခုတိုင် တိတိပပ အဖြေမပေးနိုင်သေးဟုလည်း သိရသည်။ ဤအချက်က ဘာကို ဖော်ပြနေသနည်းဆိုလျှင် ပညာပေါက်ကွဲမှုကာလကြီးတွင် မည်သည့်ပညာရပ်ကိုမှ “ဘယ်တော့မှ မမှားသောအမှန်”အဖြစ် အရမ်းအကန်း မယုံကြည်မိဖို့ ဖြစ်သည်။ ဝေဖန်ဆန်းစစ်သော “၀ိဘဇ္ဇ၀ါဒ”ဖြင့် အမြဲတစေ မေးခွန်းထုတ်နေဖို့ လိုအပ်ပါသည်။ ဤသည်ကို ပညာရှင်များက “ပဋိပညာ”( Anti Knowledge )ဟု အမည်ပေးထားသည်။ တည်ရှိပြီး ပညာများကို အနုလောမနည်းနှင့် လေ့လာရုံမျှမက ပဋိလောမနည်းနှင့် ဆန်းစစ်ကြဖို့ ဖြစ်ပါသည်။ “ပဋိ”ကို မကိုင်နိုင်လျှင် ပညာတတ်မမည်ဟူ၍ပင် ပြောဆိုလာကြသည်။ဤသည်တို့မှာ
စဉ်ဆက်မပြတ် ပွားစီးလျှက်ရှိသော “ပညာတတ်”ဆိုသည်၏ ဖြည့်စွက်အဓိပ္ပါယ်များ ဖြစ်ပါသည်။
Reply all
Reply to author
Forward
0 new messages