Groups
Groups
Sign in
Groups
Groups
shweaeimsi
Conversations
About
Send feedback
Help
ဘုရားသခင်ဖန်ဆင်းတဲ့လူ(သို) အတိတ်အလှူဒါနကြောင့်ကံကောင်းတဲ့လူ ဆိုတာတကယ်ရှိလား?
3 views
Skip to first unread message
ရွှေအိမ်စည်
unread,
May 18, 2015, 1:13:28 AM
5/18/15
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to shwe...@googlegroups.com
ဘုရားသခင်ဖန်ဆင်းတဲ့လူ(သို)
အတိတ်အလှူဒါနကြောင့်ကံကောင်
းတဲ့လူ ဆိုတာတကယ်ရှိလား? မေးရင် ရှိပါတယ်
သန်းကြွယ်ထီဆု လေးခါ ပေါက်တဲ့ ကမ္ဘာ့ ကံအကောင်းဆုံး လူသား
ပုံမှာ မြင်တွေ့နေရတဲ့ အသက် ၆၅ နှစ်အရွယ် Joan R. Ginther လို့အမည်ရတဲ့ အမျိုးသမီးဟာ ကမ္ဘာ့ ကံအကောင်းဆုံး လူသား အဖြစ် အသိမှတ်ပြု ခံထားရ ပါတယ်။ အကြောင်းကတော့ သူမဟာ ထီလေးခါ ပေါက်ပြီး အမေရိကန်ဒေါ်လာ ၂၁ သန်းနီးပါးကို ရရှိထားလို့ ဖြစ်ပါတယ်။
ပထမ တစ်ကြိမ်ပေါက်တုန်းက အမေရိကန်ဒေါ်လာ ၅.၄ သန်း ဖြစ်ပြီး ဆယ်စုနှစ်ကြာတော့ ဒုတိယ အကြိမ် အနေနဲ့ ကန်ဒေါ်လာ ၂ သန်း ပေါက်ပါတယ်။ နောက်ထပ် ၂ နှစ်ကြာတဲ့အခါ ကန်ဒေါ်လာ ၃ သန်း ဖြစ်ပြီး ၂၀၁၀ မှာတော့ ကန်ဒေါ်လာ ၁၀ သန်း ကို ပေါက်ပါတယ်။ ဒါကြောင့်မို့ ပေါင်းကြည့်လိုက်တဲ့အခါ ကန်ဒေါ်လာ ၂၁ သန်း ဝန်းကျင်ကို ရောက်ပါတယ်။ ဒါကြောင့်မို့ သူ့ကို ကံအကောင်းဆုံးလို့ ဆိုခြင်း ဖြစ်ပါတယ်။
သူဟာ ယင်းထီ လေးခုစလုံးကို တက္ကဆက်က စတိုးဆိုင်ငယ် တစ်ခုမှာပဲ ဆက်တိုက်ထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမရဲ့ ထီပေါက်မှု နှုန်းကို မသင်္ကာကြပါဘူး။ ဒါပေမယ့် ယင်းထီ ဖန်တီးတဲ့အဖွဲ့အစည်းလည်း အဖြေရှာမရ ဖြစ်ခဲ့ပါတယ်။ သူမဟာ စတန့်ဖို့ တက္ကသိုလ်မှာ သင်္ချာ ဘာသာရပ်ကို ပါမောက္ခတန်း အထိ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ ထီလှည့်ပတ်တဲ့ ဖြစ်နိုင်ချေ အစောင်ရေ၊ ယင်းပေါက်မယ့် ထီ ကျနိုင်တဲ့ ဆိုင် အစရှိသဖြင့်တို့ကို သေချာ တွက်ချက်ပြီးတော့ ထိုးခြင်း ဖြစ်နိုင်ကြောင်းလည်း ပြောဆိုကြပါတယ်။ အဲ့ဒီလိုသာ ဆိုရင်တော့ ဥာဏ်ကြီးရှင် အဖြစ် အသတ်မှတ်ခံရ ပါလိမ့်မယ်။
နောက်ဆုံးကတော့ ပတ်ဝန်းကျင်က လူမျာဟာ သူ့ကို ဘုရားသခင်က ကောင်းချီးပေးနေကြောင်း ကူညီနေကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာအရ ကြည့်ရင် အရင်က လှူခဲ့တဲ့ အကြောင်းကြောင့် ယခုလို အကျိုးဖြစ်ထွန်းလာတာ လို့လည်း မြင်နိုင်ပါတယ်။
.
Ref: Dailymail
Reply all
Reply to author
Forward
0 new messages