လမ်းလျောက်ရင်းဘာကြောင့်လမ်းပျောက်ရတာလဲ.?

2 views
Skip to first unread message

ရွှေအိမ်စည်

unread,
May 18, 2015, 2:52:56 AM5/18/15
to shwe...@googlegroups.com

လမ်းလျောက်ရင်းဘာကြောင့်လမ်းပျောက်ရတာလဲ.?
==================
တချို့ ကလူတွေကရည်မှန်းထားတဲ့ အတိုင်းကျိုးစားပေမဲ့ ...ရတဲ့ ဘွဲနဲ့ အလုပ်က မတူတာ...။ အဆင်မပြေတာတွေ ရှိကောင်းရှိမှာပါ....။ အဆင်မပြေတာသာထိုင်ညည်းနေလို့ ကတော့... ဘာမှဖြစ်လာမှာမဟုတ်ပါဘူး..ကိုယ့်ကဘာတွေလိုလို့ ဘာပြင်ရမလဲဆိုတာသာသိသင့်တယ်...။

အမှောင်ရှိရင် အလင်းရောင်ရှိတယ်။
ကောင်းတဲ့ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိတယ်။
အမှားတွေနဲ့ပြည့်နှက်နေသလို အမှန်တရားလည်းရှိတယ်။

လူသားတစ်ယောက်အတွက်အမှန်တရားဆိုတာက ဒီအမှန်တရားကိုမြတ်နိုးခြင်းဖြစ်တယ်။

တစ်ယောက်ထဲ ဖာသိဖာသာနဲ့ တစ်ဦးတည်းနေလိုတဲ့စိတ်ကမှားတယ်။
အများနဲ့ မိတ်ဆွေတွေနဲ့နေရမယ်။

အလကားရတာတွေကိုပဲလိုချင်နေရင်မှားတယ်။
ကိုယ့်လုပ်အားနဲ့ကိုယ်အလုပ်လုပ်ရမယ်။

ဖြစ်သလိုနေပြီး ကျန်းမာရေးထိခိုက်အောင်လုပ်တာမှားတယ်။
မိမိကိုယ်ကို အမြဲလှလှပပပြင်ဆင်ပြီး ခွန်အားတိုးလာအောင်၊ ကျန်းမာအောင်လုပ်ရတယ်။

ဖြစ်သလိုစားတာမှားတယ်။
အဟာရရှိတဲ့အစားအစာကိုစားရမယ်။

တစ်နေရာတည်းမှာနေပြီးဘယ်ကိုမှမသွားတာမှားတယ်။
ခရီးများများသွားပြီး များများသိလာအောင်ကျိုးစားတာမှန်တယ်။

ဒါတွေကို မသိရင် လူသားအားလုံးလမ်းပျောက်နေဦးမှာပဲ။
သင်လည်းလမ်းလျောက်ရင်းလမ်းမပျောက်စေချင်ရင် အမှန်တရားကိုမြတ်နိုး.မှန်ကန်သောလမ်းကိုလျောက်မှသာလမ်းမပျောက်မှာဖြစ်ပါတယ်။

လူ့အသိုင်းအ၀ိုင်းတစ်ခုဟာ မဖွံ့ဖြိုးနိုင်တော့ဘူးဆိုရင်၊
ဆင်းရဲချို့တဲ့သူများလာပြီဆိုရင်၊
နာမကျန်းသူတွေ၊
မသန်စွမ်းသူတွေများလာပြီဆိုရင် ယုံကြည်မှုအပိုင်းမှာ ချို့တဲ့သွားတာရယ်၊
သင်ကြားမှုအပိုင်းမှာ လိုအပ်နေတာကြောင့်ဖြစ်ပါတယ်

လူသားတွေကို ဘာကိုယုံကြည်ရမယ်ဆိုတာသေသေချာချာသိအောင်လေ့လာရမယ်။ အလုပ်တစ်ခုရနိုင်အောင် မိမိကိုယ်သင်ကြားပေးရမယ်။
ရလာတဲ့ ငွေကိုစုဆောင်းတတ်အောင်သိကိုသိရမယ်....။
ကျန်းမာအောင် ဘာတွေစားမလဲ၊
ဘယ်လိုနေထိုင်မလဲဆိုတာသိရမယ်။

ဒါမှမဟုတ်ရင်တော့ ဒီလူ့အသိုင်းအ၀ိုင်းဟာ ချွတ်ခြုံကျနေတဲ့ အသိုင်းအ၀ိုင်း၊ လမ်းလျောက်ရင်းလမ်းပျောက်တဲ့ သူဘဲဖြစ်မယ်။

ရွှေအိမ်စည်
Reply all
Reply to author
Forward
0 new messages