ပျော်စရာတွေ နဲ့ သင်ယူပြီးပြီလား...???

1 view
Skip to first unread message

ရွှေအိမ်စည်

unread,
May 20, 2015, 4:01:19 AM5/20/15
to shwe...@googlegroups.com

ပျော်စရာတွေ နဲ့ သင်ယူပြီးပြီလား...???
▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒီလိုတွေးပြီး...လောကကြီးကို နေကြည့်ရအောင်
လောကကြီးအတွက် အသုံးဝင်တဲ့လူကောင်းတစ်ယောက် မဖြစ်ရင်တောင်၊ လောကကြီးကို
ဒုက္ခပေးတဲ့လူတစ်ယောက်မဖြစ်အောင် နေသွားရင် အသက်ရှင်ရကျိုးနပ်တယ်လို့
ဆိုနိုင်မှာပါ။
ဒီလိုဆိုရင် ပျော်စရာဘယ်ရှိတော့မှာလည်းလို့ မေးစရာရှိပါတယ်။
မပူပါနဲ့။ ပျော်စရာဆိုတာ ကိုယ့်ရင်ထဲမှာ ရှိတဲ့အရာပါ။
တနည်းပြောရရင်တော့ စိတ်ခံစားချက်ပါပဲ။ ပျော်ရွှင်မှုအတွက် ကြားခံတွေ
မလိုပါဘူးလေ။ ဘယ်လိုအနေအထားမျိုးပဲဖြစ်ဖြစ် လူဆိုတာတော့ ပျော်ကြတာပါပဲ။
ပျော်တာချင်းအတူတူတော့ အကျိုးရှိရှိလေး ပျော်ကြရင်ပိုမကောင်းပေဘူးလား။
နောက်ဆုံးအဆင့် ဘာအလုပ်မှမလုပ်ရင်တောင် ကိုယ့်ကိုယ်ကို
မပျက်စီးအောင်ထိန်းသိမ်းတာမျိုးပေါ့.......................။

လောကသဘာဝက ခန္ဒာကိုယ်ကိုပဲ ဖန်ဆင်းပေးလိုက်တာပါ။အဲဒီခန္ဒာကိုယ်ကို လှုပ်ရှားပေး
နိုင်မယ့် “ စိတ် ” ကိုတော့ မိမိဘာသာ မွေးမြူပျိုးထောင်ရတာပါ။

ဘ၀ရဲ့ဒဏ်ကို ကြမ်းကြမ်းတမ်းတမ်းခံခဲ့ရသူတွေမှာ ဆူးတစ်ချောင်းရှိပါတယ်။
အဲဒီဆူးဟာ….. အရာရာကို ထိုးဖောက်ပစ်နိုင်တယ်။

“ လိမ့်နေသောကျောက်တုံးသည် ရေညှိမတင် ” ဟူသောစကားအတိုင်း …….
အမြဲလှုပ်ရှားကြိုးစားနေသူကို “ ပျင်းရိခြင်း ”သည် လာရောက်တွယ်ကပ်နိုင်မည်
မဟုတ်ပါဘူး...။

လူ့စိတ်သည် သင်ယူခြင်းမရှိဘဲ မတိုးတတ်နိုင်ပါဘူးတဲ့ ...ဒါကြောင့် ဒီနေ
့ဒီအချိန်ကစလို့ ကျနော်တို့ တွေ
ဘ၀ကိုပျော်ပျော်ကြီး...နေတတ်အောင်...သင်ယူကြစို့ ဗျာ.

သူငယ်ချင်းတို့ ရဲ့ ....
ရွှေအိမ်စည်

Reply all
Reply to author
Forward
0 new messages