အရွယ်ရောက်ပြီးလူသားတစ်ဦးအတွက် အရေးကြီးဆုံး ဘာလိုအပ်လဲ? ဘယ်ချိန်ထိလဲ?

2 views
Skip to first unread message

ရွှေအိမ်စည်

unread,
May 18, 2015, 1:04:05 AM5/18/15
to shwe...@googlegroups.com

အရွယ်ရောက်ပြီးလူသားတစ်ဦးအတွက် အရေးကြီးဆုံး ဘာလိုအပ်လဲ? ဘယ်ချိန်ထိလဲ?
============
အရွယ်ရောက်ပြီးလူသားတစ်ဦးအတွက် အရေးကြီးဆုံး ဘာလိုအပ်လဲလို့မေးရင် အရေးကြီးဆုံးက ဘယ်အသက်အရွယ်အတွက်ပဲဖြစ်ဖြစ် မိမိကိုယ်ပိုင်လုပ်အားဝင်ငွေလိုပါတယ်။

ဝင်ငွေနဲ့ငွေဟာမတူပါဘူး။
ဝင်ငွေအတွက်ဆိုရင် ၀င်ငွေရအလုပ်တစ်ခုအမြဲလိုနေပါတယ်။ အလုပ်လို့ပြောလိုက်ပြီဆိုတာနဲ့ အထွေထွေလုပ်သား (General Workers) နဲ့ ၀ါရင့်ကျွမ်းကျင် ပညာရှင် (Professional) ဆိုပြီးနှစ်မျိုးရှိပါတယ်။

အထွေထွေလုပ်သားဆိုတာက အလုပ်ကြမ်းသမားတွေကိုခေါ်တာပါ။ အလုပ်ကြမ်းသမားနဲ့ ၀ါရင့်ကျွမ်းကျင်ပညာရှင် ဘာကြောင့်ကွာသွားလဲဆိုတော့ သင်ယူမှု (Learning) ကြောင့်ပါပဲ။

ဒီတော့ ကောင်းမွန်တဲ့ Learning မှာဘာတွေလိုသလဲ။ ကောင်းမွန်တဲ့ Learning အတွက် ပထမအချက်လိုအပ်မှုက လေ့လာကိုးကားမဲ့ အရင်းအမြစ် (Resources) တွေလိုပါတယ်။ ဒီ Resources တွေရှိပြီးရင် သေသေချာချာ၊ စေ့စေ့ငုငု လေ့လာကြရမှာဖြစ်တယ်။ လေ့လာလို့သိလာတာတွေကို သေသေချာချာ မှတ်တမ်းတင်ထားကြရမှာဖြစ်ပါတယ်။ စာအုပ်ထဲမှာဖြစ်ဖြစ် ကွန်ပျူတာထဲမှာ ဖြစ်ဖြစ် သေသေချာချာ မှတ်သားဖို့လိုတယ်။ ကိုယ်လေ့လာတဲ့အကြောင်းအရာကို သေသေချာချာ သိလာရင် ရဲရဲဝံ့ဝံ့ အစစ်ဆေးခံနိုင်ရမယ်။ အစစ်အဆေးခံပြီးပြီဆိုရင် ကိုယ်သိတာကို သူများကို ပြန်ဖြန့်ဝေပေးရတယ်။ ဒါတွေကို လုပ်နိုင်မှာသာလျှင် ကောင်းမွန်တဲ့ သင်ယူရေးလို့ခေါ်တယ်။ သင်ယူရမှာက တခဏမဟုတ်ပါ။ နောက်ဆုံးထွက်သက်ထိလုပ်သွားကြရမှာဖြစ်တယ်။

လူငယ်တိုင်းကျင့်ကြံအားထုတ်နိုင်ပါစေ
ရွှေအိမ်စည်

Reply all
Reply to author
Forward
0 new messages