မှန်ကြည့်ပြီးပြီလား....ဘယ်လိုကြည့်မလဲ???

3 views
Skip to first unread message

ရွှေအိမ်စည်

unread,
May 20, 2015, 2:21:51 AM5/20/15
to shwe...@googlegroups.com



မှန်ကြည့်ပြီးပြီလား....ဘယ်လိုကြည့်မလဲ???

မှန် .... လူတိုင်း ကြည့်ဖူး ကြပါသည် ။
ဘာလို. ကြည့်တာလဲ လို့ ဆိုပါ လျှင် ..
အမှန်အတိုင်း မြင်ချင်လို့ ကြည့်တာ ဟု ဖြေရ ပေမည် ။ ကိုယ့် ကို ကိုယ့်
အမှန်အတိုင်းမြင်ချင် ၊ သိချင်သည်မှာ လူတိုင်းပင် ။ သို့ သော် အမှန်ကို ကြည့်
ချင်၍ မှန် ကြည့် ပြီး ၊ အမှန်ကို ဖုံးကွယ်ပစ်တတ်သည်မှာလဲ လူ့ သဘာဝ တစ်ခုပဲ
ဖြစ်နေပြန်ပါသည် ။။
ကျနော်ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်...တခါက

ခွေးလေးနှစ်ကောင်က အခန်းတစ်ခုထဲကို ရှေ့ ဆင့်နောက်ဆင့်
ဝင်သွားတယ်။
အတန်ကြာမှာ ခွေးတစ်ကောင်အမြီးလေးနှံ့ ပြီး အခန်းထဲမှ ပြန်ထွက်
လာပါတယ်။နောက်ခွေးလေးတစ်ကောင်ကတော့ ဒေါသတကြီးမာန်ဖီပြီး
ပြန်ထွက်လာတယ်။

ဒီလို တစ်ကောင်ပျော်ရွှင်၊ ကျန်တစ်ကောင် ဒေါသထွက်နေသော
ခွေးနှစ်ကောင်ရဲ့  အဖြစ်အပျက်ကို လူတစ်ယောက်က
တွေ့ မြင်သွားတော့ ဒီအခန်းက ဘာကြောင့်လဲဆိုပြီး
စူးစမ်းချင်စိတ်ဖြစ်လာတယ်။

အဲ့ ဒိလူလည်း အခန်းထဲ ဝင်ကြည့်တဲ့အခါမှာ
သူ အံသြသွားပါတော့တယ်။အကြောင်းက ခွေးနှစ်ကောင်ဝင်ခဲ့တဲ့ အခန်းထဲမှာ
နေရာမလပ်မှန်ချပ်များစွာ အပြည့်ရှိနေလို့ ပါပဲ။

အမြီးလေးနှံ့ ပြီးပျော်ရွင်နေတဲ့ခွေးလေးက ပျော်ရွင်နေတဲ့ခွေး
ပေါင်းများစွာကို မှန်တွေပေါ်မှာ တွေ့ မြင်ပါမယ်...။

ဒေါမာန်ဖီလို့ ဟောင်သံမြည်တဲ့ခွေးကလည်း ထပ်ရင်းတူမျှ
မာန်စွယ်ထနေတဲ့ ခွေးများစွာကို တွေ့ မြင်ရမှာပါပဲ...။

ကျနော်တို့  လောကကြီးကို ရှု့ မြင်သလို လောကကြီးကလည်း
ရောင်ပြန်ဟပ်မှာပါဘဲ...။

လောကကြီးကို ဘယ်လိုကြည့်ဖို့  စဉ်းစားမိပါသလဲ မိတ်ဆွေ....... ပုံထဲမှာတော့
အမှန်ကိုအမှန်တိုင်းမမြင်ဘဲ.... ကိုယ်ထင်တာကိုယ်ရေးထားတဲ
့ပုံလေးပါ...မိတ်ဆွေကော...မှန်ကြည့်ပြီးပြီလား....?

ရွှေအိမ်စည်
Reply all
Reply to author
Forward
0 new messages