Fwd: [mrsorcerer:38584] ၃ခါဖတ် ပါ နားမလည်ရင် အိမ်အထိလာရှင်းပြမယ်။

0 views
Skip to first unread message

Wayan Win

unread,
Jun 10, 2013, 10:37:52 AM6/10/13
to sharemercy_english_learning_club


---------- Forwarded message ----------
From: Ruby Mirror <ruby.mi...@gmail.com>
Date: 2013/6/8
Subject: [mrsorcerer:38584] ၃ခါဖတ် ပါ နားမလည်ရင် အိမ်အထိလာရှင်းပြမယ်။
To: "မှော်ဆရာအဖွဲ့ ( Ѧя Ƨσяcɛяɛя )" <mrsor...@googlegroups.com>



by Tun Wai's photo.
၃ခါဖတ် ပါ နားမလည်ရင် အိမ်အထိလာရှင်းပြမယ်။

ဒေါ်အောင်ဆန်းစုကြည် က ရိုဟင်ဂျာမွေးဖွားနှုန်း အပေါ် ကန့်သတ်တဲ့ ဥပဒေ ကို လူ့အခွင့် အရေး ချိုးဖေါက် မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။

ဒါ မှန်သော သစ္စာစကား ကို ပြောဆိုခြင်းပါ။

မြန်မာနိုင်ငံသားတွေ အပေါ်မှာ စစ်အာဏာရှင် က လူ့အခွင့် အရေး ချိုးဖေါက် ခဲ့တာ တွေ ကို နှစ် ၂၀ တိုက်ပွဲဝင်ခဲ့တဲ့ သူ က ပြောတဲ့ စကား ပါ။ မဆန်းပါဘူး။မတရား တဲ့ ဥပဒေတစ်ခု ကို လစ်လျှူရှု လိုက်ရင် နောက် မတရား တာ တွေ (၁၀၀) မက ထပ် ဖြစ်ခွင့် ရ လာမှာ ဖြစ်တယ်။ မတရားမှု ဟာ လူမျိုး ဘာသာ မရွေးခဲ့ ဘူးဆိုတာ အားလုံး အသိပါ။ရိုဟင်ဂျာ ဆိုတဲ့ နာမည်ဟာ သမိုင်းမှာ ရှိရှိ မရှိရှိ သူတို့ ဟာ လူသားတွေ ဖြစ်တယ်။ ရိုဟင်ဂျာတွေ မှာ နိုင်ငံ ရှိရှိ မရှိရှိ သူတို့ ဟာ လူသားတွေ ဖြစ်တယ်။ လူ့ ဂုဏ်သိက္ခာ နဲ့ အခွင့်အရေးတွေ နဲ့ ထိုက်တန်သူတွေ ဖြစ်တယ်။ နိုင်ငံရေးတွေ ဘာသာရေးတွေ ဘာတံဆိပ်တွေ နဲ့ မှ မဆိုင် ပါဘူး။သူတို့ မွေးဖွားနှုန်း ထိန်းချုပ်နိုင် အောင် ပညာပေး ရမယ် စည်းရုံးရမယ်။ ဥပဒေနဲ့ အတင်းအကျပ် လုပ်ဆောင်ခြင်း ဟာ မျိုးတုန်းသတ်ဖြတ်မှု သဘောသက်ရောက်စေ သလို လူသား အခွင့်အရေး ကို စော်ကားမှု လဲ ဖြစ်တယ်။သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဆိုလဲ သူတို့ မှာ ကျန်တဲ့ နိုင်ငံသားတွေ နဲ့ တူညီတဲ့ ရပိုင်ခွင့်တွေ ရှိရမယ်။ သူတို့ဟာ မြန်မာနိုင်ငံသားတွေ မဟုတ်ဘူး ဆိုရင်လဲ မြန်မာအစိုးရ က သူတို့ အပေါ်မှာ ဥပဒေပြဋ္ဌာန်းခွင့် မရှိ ပါဘူး။ဒီတော့ ဒီ ဥပဒေ ကို ပြဋ္ဌာန်းသူတွေ ဟာ မိမိ တို့ ပြဋ္ဌာန်းတဲ့ ဥပဒေ ဟာ လူ့အခွင့်အရေးစံချိန် စံညွှန်းတွေ နဲ့ မညီဘူး ဆိုတဲ့ အချက် ကို ရိုးရိုးသားသား လက်ခံ ပေးဖို့ လိုပါတယ်။ အမှန် ကို ထောက်ပြသူ ကို စော်ကား နေဖို့ မဟုတ် ပါ။

ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး တိုက်ပွဲ ကို ဆင်နွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဗမာ-ဗုဒ္ဓဘာသာ တစ်မျိုးတည်း အတွက် တိုက်ပွဲ ၀င်ခဲ့ တာ မဟုတ်ဘူး ဆိုတာ သတိရကြပါ။ လူမျိုးစုံ ဘာသာစုံ ပါဝင်နေတဲ့ မြန်မာ နိုင်ငံသားတွေ အတွက် တိုက်ပွဲဝင်ခဲ့ သူ အတွက် ဒီစကားတွေ ဟာ သူ မပြော မဖြစ်ပြော ရ မဲ့ စကားတွေ ပါ။တစ်ချိန်တစ်ခါတုန်း ကတော့ အာဏာရှင်စစ်ဖိနပ်အောက်မှာ အဖိနှိပ်ခံခဲ့ရသူတွေ ချင်းအတူတူ သွေးမကွဲခဲ့ကြဘူး။ ရန်သူ ကို ဘုံ အဖြစ်မြင်ခဲ့ ကြတယ်။

ရန်သူဟာ ထင်တာထက် ကို ပိုယုတ်မာ ပိုကောက်ကျစ်တတ်မှန်း သိခဲ့ကြရပြီ။ ဒီမိုကရေစီ ကို အိုးမဲသုတ်ပြီး လူမုန်းအောင် ပြခဲ့ပြီ။ လူမျိုးရေး ဘာသာရေး အဆိပ်မှိုင်း တွေ နဲ့ လူငယ်တွေ ရဲ့ နှလုံးသား တွေ ကို ပျက်စီးစေခဲ့ပြီ။ခင်ဗျားတို့ အားလုံး လိုချင်တာ တရားမျှတ ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရက်တစ်လူ့ဘောင်သစ် တစ်ခု ဆို ရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံကြပါ။ သူ ကို ၀န်းရံ ရပ်တည်ပေးကြ ပါ။ ကျွန်တော်တို့ အားလုံး စိတ်ဝမ်းမကွဲပြား ပဲ ပန်းတိုင် ကို ရောက်အောင် ချီတက်ကြ ပါ လို့ တိုက်တွန်းလိုက် ရပါတယ်။

ရန်နိုင်မင်း
ပြန်လည်မျှဝေပါတယ်။
ကိုထွန်းဝေ
4.6.2013

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsor...@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+...@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsor...@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsor...@gmail.com, mrsorc...@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 



--
Wayan Win
Contact: 09-7316-1510 @ Yangon
Via 09-420-119-420
44, 5th Flr, 7th Str, Hledon, Kamayut Township
Yangon
waya...@gmail.com
Skype: sharemercy

Reply all
Reply to author
Forward
0 new messages