Fwd: [mrsorcerer:38612] Fwd: [လူဗိုလ်ဟူသည် ...] ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခက်ခဲဖွယ်ရှိ

0 views
Skip to first unread message

Wayan Win

unread,
Jun 11, 2013, 12:11:28 PM6/11/13
to sharemercy_english_learning_club, sharem...@facebook.com, waya...@facebook.com


---------- Forwarded message ----------
From: Lu Bo <lub...@gmail.com>
Date: 2013/6/11
Subject: [mrsorcerer:38612] Fwd: [လူဗိုလ်ဟူသည် ...] ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခက်ခဲဖွယ်ရှိ
To: mrsorcerer <mrsor...@googlegroups.com>




---------- Forwarded message ----------
From: Blogger <no-r...@blogger.com>
Date: 2013/6/9
Subject: [လူဗိုလ်ဟူသည် ...] ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခက်ခဲဖွယ်ရှိ
To: lub...@gmail.com


Posted by drmyochit Friday, April 05, 2013, under 
ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု များနှင့် အတူ မြန်မာ နိုင်ငံ၏ အဓိက အတိုက် အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် နှစ်ပေါင်း၂၅ နှစ် သက်တမ်း အတွင်း ပထမ အကြိမ် နိုင်ငံလုံး ဆိုင်ရာ ပါတီ ညီလာ ခံကို မတ်လ ၈ ရက်မှ ၁၀ ရက်နေ့ အထိ ကျင်းပခဲ့ ပါသည်။

ညီလာခံ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်မှာ ပါတီအတွင်း အကွဲ အပြဲပြ ဿနာများကို ဖြေရှင်းရန်နှင့် အသက် အရွယ် ကြီးရင့်သည့် ပါတီဝင်များနေရာတွင် လူငယ်များဖြင့် သွေး သစ်လောင်း ရန်တို့ ဖြစ်ပါသည်။


ဒေါ်အောင် ဆန်းစုကြည် သည် ပါတီဥက္ကဌအဖြစ် ပြန်လည်တင်မြှောက်ခံရပြီး NLD ပါတီသည် ဒီမိုကရေစီ လမ်းစဉ်နှင့် ဆန့်ကျင်မှုရှိသည့် လက်ရှိအခြေခံဥပဒေအား ပြင်ဆင်ရေးကို ဆက်လက် တောင်းဆို သွား မည်ဖြစ် ကြောင်း၊ တရားဥပဒေ စိုးမိုးမှုခိုင်မြဲစေရန်နှင့် ကချင်နှင့် ရခိုင်ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကို ဖြေရှင်းရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံ တွင် ဖော်ပြခဲ့ သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် NLD ပါတီ သည် နိုင်ငံ တကာ အဖွဲ့ အစည်း များနှင့် မြန် မာပြည် သူလူထု၏ ထောက်ခံမှုပိုမိုရရှိရန် တက်ကြွစွာ ကြိုးစားနေသည်ကို ပါတီ ညီလာ ခံက ဖော်ပြနေ ပါသည်။

သမ္မတရာထူးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူမ၏ ရည်ရွယ်ချက်ကို ဒေါ်စုကြည်က ထပ်မံဖော်ပြခဲ့ ပါသည်။ ပြည် သူ များကသာ ဒေါ်စုကြည်အား သမ္မတအဖြစ် ရွေးချယ်ပါက ၎င်းအနေဖြင့် လက်ခံ မည်ဖြစ် ကြောင်း လက် ရှိ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့လျှင် ဒေါ်စုကြည်နှင့် ၎င်းဦးဆောင်မှု အောက်တွင် ရှိသည့် NLD ပါတီက အောင်ပွဲခံနိုင်လိမ့်မည်ဟု ပြည်သူအများစုက ယူဆထားကြပါသည်။

ဒေါ်စုကြည်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအမှတ်အသားတစ်ခုအဖြစ် ရှုမြင်ခံရပြီး ပြည်သူလူထု အကြား တွင် နာမည်ဂုဏ်သတင်း ကြီးသူ လည်းဖြစ်သည်။ ၎င်း၏မိန့်ခွန်းများမှာ နားထောင်သူပေါင်း များစွာ ကို ဆွဲဆောင်နိုင်ပြီး သူ့သတင်းမှာလည်း သတင်းစာများ၏ ရှေ့စာမျက်နှာတွင် မကြာခဏ ဖော်ပြခြင်းခံရ ပါ သည်။
ဒေါ်စုကြည်မှာ နိုင်ငံတကာနယ်ပယ်တွင်လည်း ကျော်ကြားပြီး နိုင်ငံခြား တိုင်းပြည်များသို့ ၎င်းသွား ရောက် သည့် အခါတွင် နိုင်ငံ့အကြီးအကဲများအား ကြိုဆိုသကဲ့သို့ သူမအားကြိုဆိုကြသည်။

ဒေါ်စုကြည်၏ သြဇာအောက်တွင် NLD ပါတီဝင်ဦးရေမှာ ၁.၂ သန်းကျော်ရှိ ပြီဒေါ်စုကြည်နှင့် NLD ပါတီ၏ ရှေ့အလားအလာ ကောင်းမွန်လာသည်မှာ မငြင်းနိုင်သည့် အချက် တစ်ချက်ပင် ဖြစ်သည်။ သို့သော် ဒေါ်စုကြည် သမ္မတရာထူးရရှိရန်မှာ မလွယ်ကူ လှပေ။

ဒေါ်စုကြည်၏ ကွယ်လွန်သွားပြီဖြစ်သည့် ယောက်ျားမှာ နိုင်ငံခြားသားတစ်ဦး ဖြစ်နေခြင်း၊ စစ်ရေး စစ်ရာကိ စ္စများ တွင် ကျွမ်းကျင်မှုမရှိခြင်း စသည် တို့ကြောင့် လက်ရှိအခြေခံဥပဒေအရ ဒေါ်စုကြည်မှာ သမ္မတ ရာထူး အတွက် အရည် အချင်း မပြည့် မီပေ။ ဒေါ်စုကြည် သမ္မတ ဖြစ်ရန်အတွက် အခြေခံ ဥပဒေပါ အချက် များကို ပြင်ဆင် ရန် လိုအပ်ပါသည်။

သို့သော် အခြေခံဥပဒေပြင်ဆင်ရန်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ လေးပုံသုံးပုံက ထောက်ခံ ရမည် ဖြစ် သည်။ လက်ရှိလွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ၏ လေးပုံတစ်ပုံမှာ တပ်မတော်သား ကိုယ်စား လှယ် များဖြစ်ကာ အခြေခံဥပဒေပြင်ဆင်ရာတွင် ၎င်းတို့၏ မဲအရေအတွက်ကသာ နောက်ဆုံး အဆုံး အဖြတ်ပေး မည်ဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုထောက် ခံကြ ပါသည်။ အခြေခံဥပဒေပါ ထိုအချက်များကိုပြင်ဆင်ခွင့်ပြုပါက ၎င်းတို့၏ အုပ်ချုပ်မှု အာဏာ အား စွန့်လွှတ် ရာရောက် မည်ဖြစ် ပါသည်။

၁၉၈၈ ခုနှစ် သူမ NLD ပါတီတည်ထောင်ချိန်၌ လုပ်ဆောင်ခဲ့သကဲ့သို့ ဒီမိုကရေစီ အဖွဲ့အစည်း အားလုံးကို စုစည်းရေးနှင့် ဦးဆောင်ရေးတို့ကို ယခုအခါဒေါ်စုကြည် မဆောင်ရွက်နိုင်တော့ပေ။ ၈၈ မျိုး ဆက် ကျောင်းသား အဖွဲ့နှင့် NDF ပါတီကဲ့သို့ အတိုက်အခံပါတီ များစွာသည် NLD ၏ နိုင်ငံရေးသြဇာ လွှမ်းမိုးမှု ကင်းသည့် ပါတီအဖြစ် ကြိုးပမ်းလာကြပြီး NLD ပါတီနှင့် အတိုက်အခံဖြစ်သည်များပင် ရှိပါသည်။
ထို့ပြင် ရခိုင်နှင့် ကချင်အရေးများကဲ့သို့ တိုင်းရင်းသားပြဿနာများအပေါ် ဒေါ်စုကြည်၏ လျစ်လျူ ရှုမှုများ က တိုင်းရင်းသား အဖွဲ့အစည်းများ၏ မကျေနပ်မှုကို နှိုးဆွခဲ့သည်။

NLD ပါတီအတွင်း အသက်ကြီးပိုင်း ပါတီဝင်များနှင့် သက်လတ်ပိုင်း ပါတီဝင်များအကြား အာဏာ အားပြိုင် မှုများ လည်း အပြင်းအထန် ဖြစ်ပေါ်လာခဲ့သည်။ ပထမအကြိမ်ပါတီညီလာခံတွင် မျိုးဆက်သစ် လူငယ်များ ကိုပါ ဝင်ရန် ပြောကြား ခဲ့သော်လည်း ယခင် မျိုး ဆက်ဟောင်းများက ပါတီအပေါ် သြဇာ လွှမ်းမိုးမှု ရှိနေဆဲဖြစ် ပါသည်။

NLD ပါတီ၏ သြဇာကြီးမားမှုသည် အဓိကအားဖြင့် ဒေါ်စုကြည်ကြောင့် ဖြစ်သည်။ အတိုက်အခံ ပါတီ တစ်ခု ဖြစ်သည့် အတွက် NLD ပါတီသည် အုပ်ချုပ်မှုပိုင်း အတွေ့အကြုံမရှိဘဲ နည်းစနစ်ကျသည့် အုပ်ချုပ်မှု အစီအစဉ် များကိုလည်း မချမှတ်ရသေးပေ။ NLD ပါတီတွင် အတွေ့အကြုံရှိသော ထူးချွန် ထက်မြက် သူများလည်း မရှိပါ။
ထို့အတွက်ကြောင့် NLD ပါတီသည် ပြင်းထန်သည့် တိုင်းရင်းသားပဋိပက္ခများ၊ များစွာသော ပြုပြင်ပြောင်း လဲမှု များနှင့် ခေတ်နောက်ကျန်နေသည့် စီးပွားရေးစသည်တို့ကို ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံကို ဦးဆောင် ရန် အရည်အချင်းရှိ/မရှိ အပြင်ကမ္ဘာက သံသယရှိပါသည်။

ယခု အာဏာရပါတီသည် NLD ပါတီကဲ့သို့ လူကြိုက်မများသော်လည်း တပ်မတော်၏ ထောက်ခံမှု ရပြီး အုပ်ချုပ်မှု ပိုင်းဆိုင်ရာ အတွေ့အကြုံများစွာရှိပါသည်။ ဒေါ်စုကြည် အသက် ၇၀ ပြည့်မည့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲရောက် ရှိရန် နှစ်နှစ်လိုပါသေးသည်။ ထိုကာလအတွင်း ဒေါ်စုကြည်နှင့် သူ၏ NLD ပါတီ သည် အခက်အခဲများကို ကျော်လွှားပြီး ဒေါ်စုကြည် သမ္မတဖြစ်လာ/ မလာကို စောင့်ကြည့် ရဦး မည် ဖြစ်ပါ သည်။

Global Times, 17-3-2013
Suu Kyi’s path to presidency proves tough ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/10/2013 07:51:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsor...@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+...@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsor...@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsor...@gmail.com, mrsorc...@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 



--
Wayan Win
Contact: 09-7316-1510 @ Yangon
Via 09-420-119-420
44, 5th Flr, 7th Str, Hledon, Kamayut Township
Yangon
waya...@gmail.com
Skype: sharemercy

Reply all
Reply to author
Forward
0 new messages