မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့စည်းများနှင့် တွေ့ဆုံရာတွင် အသစ်ထွက်ရှိလာသည့် ဥပဒေသစ်များတွင် လူအခွင့်အရေးချိုးဖောက်သည့်အချက်များ ပါဝင်လာသည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ လူ့အခွင့်ရေးရာစောင့်ကြည့်လေ့လာရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေသည့်အဖွဲ့ သုံးဖွဲ့ နှင့် နှစ်နှစ်နာရီအကြာ တွေ့ဆုံသည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး လုပ်ငန်းစဉ် ဆောင်ရွက်သူ Equlity Myanmar မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကပြောသည်။
““ဥပဒေသစ်မှာပါတဲ့ အကြောင်းအရာတွေထဲက လူ့အခွင့်အရေးချိုးဖောက်တဲ့ဥပဒေတွေ အချက်အလက်တွေကို နေပြည်တော်မှာ တွေ့ဆုံပွဲမှာ နိုင်ငံခေါင်းဆောင်တွေကို ပြောသွားမယ်လို့ သူက ပြောသွားတယ်”” ဟု ဦးအောင်မျိုးမင်းကပြောသည်။
လူ့အခွင့်အရေးချိုးဖောက်သည့်အချက်များ ပါဝင်သည်ဆိုသော ဥပဒေများမှာ အသင်းအဖွဲ့ ဆိုင်ရာဥပဒေကြမ်း၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ၊ မီဒီယာဥပဒေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတို့ဖြစ်သည်ဟုဆိုသည်။
--
You received this message because you are subscribed to the Google Groups "ShareMercy_English_Learning_Club" group.
To unsubscribe from this group and stop receiving emails from it, send an email to sharemercy_english_lea...@googlegroups.com.