---------- Forwarded message ----------
From:
Ruby Mirror <ruby.mi...@gmail.com>
Date: 2013/6/7
Subject: [mrsorcerer:38570] တွံ့တေးတွင် အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ပြီး ဘာသာရေး လှုံဆော်ရန်စမှု ဖြစ်ပွား
To: "မှော်ဆရာအဖွဲ့ ( Ѧя Ƨσяcɛяɛя )" <
mrsor...@googlegroups.com>
တွံ့တေးတွင် အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ပြီး ဘာသာရေး လှုံဆော်ရန်စမှု ဖြစ်ပွား
==================
ဇွန်လ ၆၊ ၂၀၁၃
M-Media
ဆုံမှတ်
ရန်ကုန် ။ ။ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင်
ဘာသာတစ်ခုနှင့်တစ်ခုအကြား အထင်အမြင်လွဲမှားပြီး အကြမ်းဖက်မှုဖြစ်ပေါ်လာစေရန်
လှုံ့ဆော် ရန်စပြီး မိမိကိုယ်ကို အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါဟု
လိမ်ညာပြောဆိုခဲ့မှုတစ်ခု ဇွန်လ(၄)ရက်ညက ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အိုးဘို အရှေ့ရပ်ကွက်၊ သာဓု(၁)လမ်းတွင် ဟိန္ဒူဗုဒ္ဓဘာသာဝင်
အမျိုးသားတစ်ဦး ဖြစ်သော အသက် (၃၀)ကျော်အရွယ်ရှိ ဦးလှဝင်း(ခ)ရာန်ဆာမိ မှ
ဇွန်လ ၄-ရက်နေ့ ည(၁၀)နာရီ ၀န်းကျင်ခန့်တွင် တစ်ဘာသာနှင့် တစ်ဘာသာ
ချစ်ခင်လေးစားမူကို ပျက်ပြားစေကာ အထင်မြင်လွဲမှားပြီး အကြမ်းဖက်မှု
ဖြစ်ပေါ်လာအောင် လှုံဆော် ရန်စသော အပြောအဆို အသုံးအနှုန်းသုံးကာ
ပြဿနာရှာခဲ့ပြီး ရဲစခန်း၌ မိမိကိုယ်မိမိ အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါဟု
လိမ်ညာထွက်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍
ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ '' အိုးဘို သာဓု (၁)လမ်းမှာ
ဘယ်ကနေပြောင်းလာတဲ့ သူတွေတော့ မသိဘူး၊ သေချာတာကတော့ ကျွန်တော်တို့ မြို့က
မဟုတ်ဘူး၊ ကျွန်တော်တို့ မြို့က ကျဉ်းတော့ တစ်ယောက်နဲ့ တစ်ယောက်
ဘယ်သူဘယ်ဝါရဲ့ သားသမီးဆိုပြီး အကုန်လုံး သိကြတယ်၊ ၁၀-ရက်နေ့ညက ကိုလှဝင်းက
သူ့မိန်းမနဲ့ သူတို့လင်မယားချင်း စကားများ ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ပြီးတော့
သူက လမ်းအပြင်ဘက် ထွက်လာပြီး ၉၆၉ ခွေးတွေ၊ ဘာညာ ဆိုပြီး ညစ်ညစ်ငြမ်းငြမ်း
ဆဲတယ်လို့ သိရတယ်၊ အဲဒီမှာ သူ့ကို လူအယောက် တစ်ရာလောက် ၀ိုင်းလာပြီး
ရိုက်မယ်၊ ထုမယ်၊ လုပ်တဲ့အချိန်မှာပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးရောက်လာပြီး
နောက်ဆုတ်ပေးပါလို့ လူအုပ်ကြီးကို တားတယ်။ ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်။
တွံ့တေးမြို့နယ် ရဲစခန်းရောက်တော့ အဲဒီ့ ဦးလှဝင်းဆိုတဲ့ လူက သူကိုယ်သူ
အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါလို့ ပြောတယ်။ အဲဒါကို ကြားတော့ မြို့က
အစ္စလာမ်ဘာသာဝင် တစ်ယောက်၊ နှစ်ယောက်က ရဲစခန်းကို သွားရောက်ပြီး အဲဒီ့လူကို
တွေ့ခွင့်ပေးပါလို့ ခွင့်တောင်းပြီး ဖြေရှင်းပေးဖို့ သွားတယ်။ အဲဒီ့ မြို့က
အစ္စလာမ် ဘာသာဝင်က ဘာလို့ အဲလိုလုပ်ရတာလည်းလို့ ဆဲဆိုရန်စသူကို
မေးကြည့်မယ်ဆိုပြီး သွားတာလို့ သိရပါတယ်၊ သူပြောရင် သူ့အပြစ်လုပ်ရင်
ကိုယ်ဘာသာခံရမယ်ပေါ့၊ အဲဒီလူကို သွားရောက်မေးမြန်းတဲ့ သူက 'မင်းဘာလို့
အဲလိုလုပ်တာလဲ၊ မင်းနဲ့ ဘယ်လို ပတ်သက်လို့လဲ၊ ရန်စရှိလို့လားလို့ မေးတယ်၊
အဲဒီလူက ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူးတဲ့၊ ဒါဆို ဘာလို့ ၉၆၉ ဆိုတာကို
ကိုင်ပြီး ဆဲရတာလဲ၊ ကိုယ့်မိန်းမနဲ့ကိုယ်ရန်ဖြစ်တာ အိမ်မှာ မိန်းမကို
ဆဲချင်ဆဲပေါ့၊ ဘာလို့ အပြင်က မဆိုင်တဲ့ သူများတွေကို ဆဲရတာလဲ လို့ပြောတယ်။
အဲဒီလူက ကျွန်တော်လည်း ဘာဖြစ်သွားမှန်းမသိဘူး၊ ဘယ်လိုပြောရမှန်း
မသိတော့ပါဘူး လို့ပြန်ပြောတယ် လို့အပြန်အလှန်စကားပြောကြတယ်။
အဲဒီမှာ သွားတွေ့တဲ့ ပုဂ္ဂိုလ်က မသင်္ကာဖြစ်လာတယ်။ သူ့မှာလည်း ဘာသာပေါင်းစုံက
မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းစုံတယ်။ အဲဒီလူရဲ့ လေသံတွေကလည်း မွတ်စလင်မ်
တစ်ယောက်ရဲ့ ပြောဆိုနေကြ အသံမဟုတ်ဘူး။ အဲဒီမှာ မင်း အာအုဒုလိလ္လာ
ဗစ္စမိလ္လာဟ် ဖတ် ဆိုတော့ သူက ' အန် 'တဲ့၊ ဖတ်ခိုင်းတော့ မဖတ်တတ် ဖြစ်နေတယ်၊
အဲဒါနဲ့ ကျွန်တော်က ကလီမာ(အစ္စလာမ်ဘာသာဖြစ်ရန် သက်သေယုံကြည့်ချက်)
ထပ်ဖတ်ခိုင်းတယ်၊ မဖတ်နိုင်ဘူး ဖြစ်နေတယ်၊ သူရဲ့ အာရဗီ နာမည် ကဘာလဲ ဆိုတော့
ရာန်ဆာမိ လို့ ပြန်ဖြေတယ်လို့ သိရတယ်။ ဒါနဲ့ သွားတွေ့တဲ့ ပုဂ္ဂိုလ်က
ဒီနာမည်က အာရဗီနာမည်မှ မဟုတ်တာ၊ ဟိန္ဒူ နာမည်ကြီးပဲလို့ ပြန်ပြောတယ်လို့
သိရတယ်၊ အဲဒါနဲ့ အဲဒီလူက မင်းကွာ ဘာလို့ တဖက်သားကို ဘာလို့
အဲလိုလုပ်တာလည်း။ မင်းကြောင့် အပြစ်မရှိတဲ့ သူတွေအားလုံး
ဒုက္ခရောက်သွားနိုင်တယ်။ အမှန်အတိုင်းပြောပါကွာ လိမ်လည်တာ မကောင်းပါဘူး။
အမှုလည်း ပိုကြီးသွားလိမ့်မယ်လို့ပြောတယ်။ အဲဒီတော့မှ ဦးလှဝင်းဆိုသူက
ဟုတ်ပါတယ်ခင်ဗျား၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်က ဟိန္ဒူ
ဗုဒ္ဓဘာသာပါလို့ ပြန်ပြောတယ်လို့ သိရပါတယ်၊ သူ့ကို အရင်က
ဘယ်မှာနေတာလဲဆိုပြီးမေးတော့ ကျွန်တော် အရင်က လှိုင်သာယာမှာနေတာပါ၊ ဒီကို
ဘာလာလုပ်တာလည်းဆိုတော့ အဲဒီလူက သူဒီမှာ ပေ-၄၀ ပေ-၆၀ မြေကွက် ၀ယ်ထားတယ်။
အဲဒါနဲ့ လာနေတာတဲ့။ သူ့ကို မနက်က ထမင်းလာပို့တဲ့သူတွေကတော့ ဒီမြို့က
မျက်နှာသိတွေပဲလို့ ပြောတယ်။
ထူးထူးခြားခြားအနေနဲ့ ကျွန်တော်တို့
မြို့မှာ ဒီနေ့ မနက်က မြို့က မဟုတ်တဲ့ တစိမ်း ဟိန္ဒူ ဗုဒ္ဓဘာသာတစ်ယောက်
ထပ်ရောက်နေတာကို ကျွန်တော်ကိုယ်တိုင် သတိထားပြီး တွေ့မြင်ရပါတယ်၊ ဒါနဲ့
ပတ်သတ်ပြီး ကျွန်တော်တို့က စစ်တပ်ကိုလည်း သတင်းပို့ထားတယ်၊ ရဲစခန်းကိုရော၊
မယက ကိုရော ကျွန်တော်တို့ အကြောင်းကြားထားပါတယ်"ဟု ပြောပြလာပါတယ်။
ယခုတလော မြန်မာနိုင်ငံရဲ့ မြို့တော်တော်များများမှာ မိမိဒေသခံမဟုတ်ပဲ
အခြားဒေသမှရောက်ရှိလာသူနေများအနေနှင့် မြို့ရွာအတွင်း
ပြဿနာများဖြစ်ပွားအောင် လှုံ့ဆော်ဖန်တီးနေမှုများ
များစွာကြားသိတွေ့ရှိနေရပါတယ်။ ဒါကြောင့် မိမိရပ်ရွာ ဒေသအတွင်း
အကြမ်းဖက်ရန် လှုံ့ဆော်မှုများ မဖြစ်ပေါ်လာစေရေးအတွက် ၀ိုင်းဝန်း
ကြိုးပမ်းသင့်ကြောင်း သုံးသပ်လိုက်ရပါတယ်။
--
May Peace Be Upon You
Regards,
Ruby
--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက
http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
mrsor...@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
mrsorcerer+...@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
mrsor...@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင်
www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ (
mrsor...@gmail.com,
mrsorc...@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at
http://groups.google.com/group/mrsorcerer?hl=en.