Fwd: [mrsorcerer:38527] ။အချုပ်အခြာ အာဏာကို ထိပါးလာတော့မယ်ဆိုလျှင် ကလားဗမာအထိကရုဏ်း တရုတ်ဗမာအထိကရုဏ်းများကို ထွက်ပေါက်အဖြစ် ဖန်တီးခြင်း

0 views
Skip to first unread message

Wayan Win

unread,
Jun 4, 2013, 11:48:40 AM6/4/13
to sharemercy_english_learning_club, share mercy, Share Mercy, Wayan Tin Maung Win, Wayan Tin Maung Win, wayan.win, zawaungtun, Ni Ni Than, Sok Phoeuk, Aung Min Naing, zarni oo, Than-Tun Sein, nk 49, tonyz...@gmail.com, Sun Yu Maw, Tin Aye, mma...@gmail.com, tinyum...@gmail.com, warwar...@gmail.com, Soe Moe Aung, seaprin...@gmail.com, Ba Gyi Aung, Nyan Lin, soes...@gmail.com, soes...@gmail.com, kyawn...@gmail.com, kokya...@gmail.com, Zinbo Bohtike, ayemyat thu, koyi...@gmail.com, chit ko ko oo, Myint Thein, Haji Farrok, m...@lokethar.com, Ba Than Than, Maung Aye, naing min
ရန်ကုန်၊ ဇွန်- ၁

လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အသီးသီးတွင် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်နေကြကြောင်းသတင်းရရှိသည်။

ပဋိပက္ခဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်များတွင် ကြိုတင်ကာကွယ်ရေးကော်မတီများ ဖွဲစည်းထားကြကြောင်း သတင်းရရှိသည်။

“အားလုံးက သတိရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ရင်ကောင်းတယ်။ အဖွဲ့မဖွဲ့နိုင်ရင်တောင် အရပ်ထဲကလူတွေနဲ့ သတိရှိပြီး တစ်ဖက်နဲ့တစ်ဖက် နားလည်မှုယူထားသင့်တယ်”ဟု ပဋိပက္ခကြိုတင်ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ထွဋ်ဦးက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်တိုက်တွန်းပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခမှစတင်ခဲ့သော ပဋိပက္ခများသည် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့မှတစ်ဆင့် မြောက်ပိုင်းတိုင်းရင်းသား အများစုနေထိုင်ရာ ရှမ်းပြည်နယ်အထိပါ ကူးစက်သွားသောကြောင့် မြို့အသီးသီးတွင် နေထိုင်ကြသူများက မိမိတို့မြို့များသို့ပါ ကူးစက်လာမည် ကို ပူပန်လာကြသည်။

ပဋိပက္ခများဖြစ်ပွားခဲ့ရာ လားရှိုးမြို့နှင့် ခရီးလမ်းတစ်ကြောတွင်ရှိပြီး ကားဖြင့် ၆နာရီကျော်သွားရသည့် ပြင်ဦးလွင်မြို့တွင်လည်း လူမျိုးရေး ပဋိပက္ခများကူးစက်လာမည်စိုး၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့ခံဘာသာရေးအခြေခံအဖွဲ့အစည်းအချင်းချင်း ကြိုတင်ညှိနှိုင်းထား ကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟကဆိုသည်။

“ဗုဒ္ဓဘာသာဘက်ကစဖြစ်တယ်ဆိုရင် ဗုဒ္ဓဘာသာဘက်က ချက်ချင်းလာပြီး ပြဿနာကို ဖြေရှင်းဖို့ အစ္စလာမ်ဘာသာဘက်ကစဖြစ် တယ်ဆိုရင်လည်း ချက်ချင်းလာပြီး ပြဿနာဖြေရှင်းဖို့ အချင်းချင်းလည်း မျက်နှာတွေရင်းနှီးနေအောင် ဖုန်းနံပါတ်တွေကအစအချင်းချင်း လဲထားကြတယ်။ တစ်ခုခုဖြစ်ခဲ့လို့ အချိန်မီများမရောက်နိုင်ရင် ပြဿနာကကြီးသွားမှားစိုးတော့ အားလုံးဝိုင်းဆွေးနွေးပြီးတော့ ဖြေရှင်းနိုင် အောင်လုပ်ထားကြပါတယ်”ဟု ဦးကျော်သီဟက ပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလို့စိုင်းကလည်း “ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်။ ပြဿနာကို မဖြစ်လာအောင် မကြီး ထွားအောင် အောက်မှာပဲ အဖွဲ့အစည်းအချင်းချင်းပြေလည်အောင် ဖြေရှင်းနိုင်ဖို့ အစိုးရကလည်းညွန်ကြားထားတာမျိုးသိရတယ်။ အခု
လည်း အစိုးရအဖွဲ့က ညှိနှိုင်းနေကြတယ်လို့ သိရတယ်”ဟု ရှမ်းပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာရေးလူမှုရေးအဖွဲ့အ စည်းများကြားဆောင်ရွက်နေမှုများကို ပြောကြားသည်။

အချို့ဒေသများတွင် နိုင်ငံရေးပါတီများ မပါသော်လည်း အစိုးရအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း များကိုလည်း ပဋိပက္ခများစတင်ဖြစ်ပွားချိန် လွန်ခဲ့သည့်လများကပင် ပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

မွန်ပြည်နယ်တွင် ထိုသို့ညှိနှိုင်းထားပြီး ပြဿနာမဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်လာပါက တရားဥပဒေဘောင်အတွင်းမှသာ ဖြေရှင်းရန် ပြောကြားထားပြီးဖြစ်သည်ဟု မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

“ကျွန်တော်တို့ ကျောက်မဲမြို့ နယ်မှာလည်း လားရှိုးမြို့မှာ ပြဿနာဖြစ်ပြီးဆိုတော့ အားလုံးက စိတ်မကောင်းကြဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဘာသာပေါင်းစုံက အကြီးအကဲတွေတွေ့ပြီး ကြိုတင်ညှိနှိုင်းတာတွေလုပ်ကြတယ်။ စိုးရိမ်ကြတာပေါ့”ဟုကျောက်မဲဒေသခံကျောင်းဆရာကြီး တစ်ဦးဖြစ်သည့် ဦးစိုင်းနော်ခမ်းဦးကဆိုသည်။

ယင်းသို့ပဋိပက္ခများကို ကြိုတင်ကာကွယ်မှုများပြင်ဆင်နေသကဲ့သို့ပင် ပဋိပက္ခကြီးထွားလာစေရန်အားယူသည့်ပြဿနာများစတင်ပေါ်ပေါက်လာ ချိန်တွင် သက်ဆိုင်ရာဒေသအာဏာပိုင်များသည် အချိန်မီဒေသတည်ငြိမ်အေးချမ်းရေးလုပ်ဆောင်နိုင်သည့် စွမ်းအားလိုအပ်နေကြောင်း နိုင်ငံရေး ပါတီခေါင်းဆောင်များကသုံးသပ်သည်။

“မဖြစ်အောင်ထိန်းရမယ်။ နောက်တစ်ခုဖြစ်ရင် သက်ဆိုင်ရာက ပိုင်ပိုင်နိုင်နိုင်အရေးယူရမယ်။ အဲလိုမဟုတ်ဘဲ ခပ်ပျော့ပျော့ကိုင်ရင်တော့ မဖြစ်ဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌဦးသုဝေက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ပြဿနာကူးစက်လာနိုင်သည့် ဒေသအများအပြားတွင် အစိုးရအဖွဲ့များနှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ထားပြီးဖြစ်သော်လည်း ယခု ထက်ပို၍ အောက်ခြေထိ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်မှသာ ကြိုတင်ကာကွယ်မှုသည် ထိရောက်နိုင်မည်ဟုလည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုပြောကြားထားသည်။

7Day News Journal

---------- Forwarded message ----------
From: Ruby Mirror <ruby.mi...@gmail.com>
Date: 2013/6/3
Subject: [mrsorcerer:38527] ။အချုပ်အခြာ အာဏာကို ထိပါးလာတော့မယ်ဆိုလျှင် ကလားဗမာအထိကရုဏ်း တရုတ်ဗမာအထိကရုဏ်းများကို ထွက်ပေါက်အဖြစ် ဖန်တီးခြင်း
To: "မှော်ဆရာအဖွဲ့ ( Ѧя Ƨσяcɛяɛя )" <mrsor...@googlegroups.com>



by Mitter

ဒီနေ့ကြည့်ထားတဲ့ဗွီဒီယို ကော်နက်ရှင်မကောင်းသူတွေအတွက် စာရိုက်ပေးလိုက်တာပါ။

အာဏာရှင်ကြီး ဦးနေ၀င်း သူ့အာဏာအတွက် ၁၉၈၇ နောက်ပိုင်းနဲ့ ၁၉၈၈ အစပိုင်းကာလတွေမှာ တောင်ကြီး။ ပြည်နဲ့ အခြားမြို့ကြီးတွေမှာ ကလားဗမာအထိကရုန်းတွေကို ဖန်တီးခဲ့ပါတယ်။အချုပ်အခြာ အာဏာကို ထိပါးလာတော့မယ်ဆိုလျှင် ကလားဗမာအထိကရုဏ်း တရုတ်ဗမာအထိကရုဏ်းများကို ထွက်ပေါက်အဖြစ် ဖန်တီးတဲ့ နေရာမှာ အချို့သော ထောက်လှမ်းရေး ရဲ ရပ်ကွက်ကောင်စီ နဲ့ အရန်မီးသတ်တို့ကို အသုံးချပီး သံဃာအတုများ ပြုလုပ်ကာ အထိကရုဏ်းများကို ဖန်တီးကြီးထွားစေခဲ့ပါတယ်။ ဒါတွေဟာ အခု သက်သေသာဓကနဲ့တကွ မှတ်တမ်းတွေ ရှိနေပါပြီ။
အလားတူ စစ်အာဏာရှင် အစိုးရလက်ထက်မှာလဲ အကျဉ်းအကြပ်ရောက်လာတိုင်း သူတို့ရဲ့အထိကရုဏ်းဖန်တီးရေး ယန္တယားတွေဖြစ်တဲ့ ထောက်လှမ်းရေး ရဲမွန် အရံမီးသတ်တို့က ရွေးချယ်ထားသူတွေကို သံဃာအတုများအဖြစ်ဖန်တီးကာ တမြို့ဝင် တမြို့ထွက် ပြသနာများဖန်တီးစေပြီး အောင်မြင်စွာ ထွက်ပေါက်ရှာခဲ့ကြတဲ့ ကာလတွေကို မမေ့ကြသေးဘူးလို့ထင်ပါတယ်။
၂၀၀၇ မှာ ပြည်သူ့သံဃာ အရှင်ဂမ္မဘီရဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာတော့ ပြည်သူ့သံဃာတော်တို့ရဲ့ အင်အားကို ချိန်ဆမိပြီး အဲဒီ အင်အားကို ချိန်ခွင်လျှာညှိဖို့ စစ်အာဏာရှင် တွေ က အလိုတော်ရိ သံဃာအတုအင်အား မြှင့်တင်ရေး မြေအောက် စီမံကိန်းကြီးကို စတင်လုပ်ဆောင်လာခဲ့ရပါတော့တယ်။ တချိန်မှာ စစ်တပ်အုပ်ချူပ်မှု မရှိတော့တောင်မှ ဒီမိုကရက်တစ်မြန်မာပြည်ကို စစ်ဖိနပ်အောက် ပြားပြားမှောက်အောင် အချိန်မရွေးထိန်းထားနိုင်မဲ့ mechanism ယန္တယားတခု အဖြစ် အဲဒီစီမံကိန်းကြီးကို ယုတ်မာပက်စက်စွာ ဖန်တီးလိုက်ကြပါတော့တယ်။
ဒီသံဃာအတုတွေကို ဘယ်လိုစုဆောင်းခဲ့သလဲ။ ကျေးဇူးတော်ရှင် တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ ဘ၀နတ်ထံပြန်လွန်တော်မူပြီးသည့်နောက် ကျန်ရှိတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများကို စစ်အစိုးရက အာဏာစက်သုံးပီး ဖိအားပေးကာ အရည်အချင်းမပြည့်မှိတဲ့ သံဃာအတုများဖြေဆိုတဲ့ သံဃာ့စာမေးပွဲေ တွကို ဇွတ်အတင်းအောင်မြင်စေခဲ့ပါတယ်။ ပြီးတော့ ဘွဲ့ထူး ဂုဏ်ထူးတွေပေးပြီး နိုင်ငံတ၀ှန်းက ကျောင်းကြီးကျောင်းငယ်တွေမှာ အုပ်ချုပ်စေခဲ့ပါတယ်။ နောက် စစ်အာဏာရှင်တွေ ရွေးချယ်ထားတဲ့ အလိုတော်ရိတွေကို သင်္ကန်းဝတ်စေပြီး သံဃာအတုတွေ အုပ်ချုပ်တဲ့ကျောင်းတွေမှာ အယောင်ဆောင်နေထိုင်စေကာ စစ်အာဏာရှင်များထံ ပုံမှန် သတင်းပို့စေခဲ့ပါတယ်။ နောက်တချက်က ဦးနေ၀င်းလက်ထက် တပ်ထွက်စစ်မှုထမ်းဟောင်းတွေကို ဦးစားပေးခန့်ခဲ့တဲ့ စက်ရုံ အလုပ်ရုံတွေကို အခုအာဏာရှင် သားသမီးတွေ ပိုင်ဆိုင်ပြီး နောက်ပိုင်းမှာ တပ်ထွက်စစ်မှုထမ်းဟောင်းများအတွက် လစ်လပ်နေရာတွေ နဲလာတော့ အာဏာရှင် အလိုတော်ရိသံဃာတွေ ဦးဆောင်နေတဲ့ ဘုန်းကြီးကျောင်းတွေမှာ သင်္ကန်းခြုံစေပြီး အဆိုပါ သံဃာတုများရဲ့ စားဝတ်နေရေးကို နိုင်ငံတော် သို့မဟုတ် သန်းခြောက်ဆယ်သော မြန်မာနိုင်ငံသားများ နဲ့ ခရိုနီများမှ တာဝန်ယူခဲ့ပါတယ်။ အဲလိုနဲ့ စစ်အာဏာရှင် အလိုတော်ရိ သံဃာအတုတွေကို စုဆောင်းခဲ့ပါတယ်။ ဒီကျောင်းတွေဟာ ခရိုနီများနဲ့ အာဏာရှင်သားသမီများ ဆုံစည်းရာ အလှူပွဲအမည်ခံ စီးပွားရေး ဆက်သွယ်မှု ကွန်ယက် ဖြစ်လာစေခဲ့ပါတယ်။ စီးပွားရေးလုပ်ချင်ရင် ဘယ်ဘုန်းဘုန်းနဲ့တွေ့လိုက် ဘယ်လောက် လှူလိုက်ရင် သူအားလုံးစီစဉ်မယ်ဆိုတာတွေအထိဖြစ်လာခဲ့ပါတယ်။
ဒီသင်္ကန်းခြုံ သံဃာတုတွေက စီးပွားရေးလုပ်ချင်သူ ခရိုနီတွေနဲ့ အာဏာရှင် တွေကို မိတ်ဆက်ခါ စီးပွားရေး အကျိုးတူဆောင်၇ွက်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ ဒါတွေအားလုံး အထောက်အထားတွေ ရှိနေပါပြီ။ အခုတော့ ပရက်ရှာအမျိုးမျိုးကြောင့် တိုင်းပြည်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရတော့မယ်ဆိုပြီး ဥပဒေတွေ ပြောင်းတော့ ခရိုနီတွေ လဲတန်းစီဖောင်ဖြည့် အများနဲ့ ယှဉ်ရတော့မယ်လို့လဲဆိုရော ဘုန်းဘုန်းရေ လုပ်ပါအုံးတဲ့။
အာဏာရှင် ဒကာ၊ဒကာမတွေကလဲ ဦးဇင်းတို့ စတော့လေတဲ့။ မဟုတ်ရင် အားလုံးငတ်ကုန်မယ်တဲ့။ ဒီလိုနဲ့ ၉၆၉ တွေက ကြိုတင်ဝါဒဖြန့်ပြီးသားနေရာတွေမှာ ဘီလူးက ကခဲ့ကြတာ ကမ္ဘာသိ ဟိုးလေးတကျော်ဖြစ်ခဲ့ရတာပေါ့။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလုပ်ပြီး လမ်းပေါ်ထွက် မေတ္တာပို့ခဲ့တဲ့ သံဃာတော်တွေကို သေနတ်နဲ့ပစ်၊ ကားနဲ့ကြိတ် ခေါင်းရိုက်ခွဲခဲ့ စစ်ဖိနပ်နဲ့ ဆောင့်ကန်ပြီး ဗုဓ္ဒဘာသာ ရဟန်းတွေကို စော်ကားနေတဲ့အချိန်မှာ (အပယ်လားရင်လားပါစေတော့ သာသနာ ကို ကာကွယ်သွားပါ့မယ်ဆိုတဲ့) ၉၆၉ ဂန္တာ့ဝါစက သံဃာကွန်ယက်က ဘယ်ရောက်နေလဲ။ ၂၀၀၇ ခုနှစ်နော် ဒါက။ ၉၆၉ ဂိုဏ်းက ၁၉၉၈ ကတဲက ပေါ်နေတာ ။ သာသနာ ကိုကာကွယ်မဲ့ သံဃာတွေဆို။ သံဃာ့ညီနောင်တွေ ဘုရားသားတော်တွေ ရုပ်ပျက်ဆင်းပျက် စစ်ဖိနပ်အောက်မှာ အလူးအလဲခံနေရချိန်မှာ သာသနာကို ကာကွယ်မဲ့ ၉၆၉တွေ ဘယ်ရောက်နေလဲ။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက် ဖြစ်မနေဘူးလား ။ ၉၆၉ ဟာ ၁၉၉၈မှာ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှုးလုပ်ခဲ့တဲ့ ဦးကျော်လွင် ခေါ် နှစ်ဘက်ချွန်ကျော်လွင်ဆိုသူက စတင်တည်ထောင်ခဲ့တဲ့ လေပေါ် အမှတ်တဆိပ်တစ်ခုဖြစ်ပါတယ်။ စစ်အာဏာရှင်အစိုးရသစ္စာခံ သာသနာတော် ထိန်ချုပ်ရေးမှုးကြီး ဦးကျော်လွင်က မြန်မာနိုင်ငံရဲ့ ဗုဓ္ဒသာသန ရာဇ၀င်မှာ မရှိခဲ့တဲ့ အယူဝါဒဆိုးတွေကို သိရိလင်္ကာနိုင်ငံမှာ ရှိတဲ့ ဘီပီအက်စ် ခေါ် (ဘိုတူဘာလာစီးနား) အကြမ်းဘက်အစွန်းရောက် ဗုဓ္ဒဘာသာဂိုဏ်းကြီးမှ ပုံတူကူးချပြီး မြန်မာ့နိုင်ငံရေး လှည့်ကွက်တွေမှာ အသုံးပြုရန် ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ မြေအောက်ဂိုဏ်းတခုသာဖြစ်ပါတယ်။ ယခုချိန်ထိ မြန်မာနိုင်ငံ ပြည်ထဲရေးနဲ့ သာသနာရေး ၀န်ကြီးဌာနမှာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမ၀င်မြေအောက်ဂိုဏ်းတခုသာဖြစ်ပါတယ်။ အဆိုပါဂိုဏ်းကို အကောင်အထည်ဖော် ထူထောင်ရာမတော့ အလွန်သီလဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ် ကြီးမြင့်မားသော ဌေကြီးဝါကြီး ဆရာတော်သံဃာတော်ကြီးများရဲ့ သြ၀ါဒနဲ့ သွန်သင်မှုအောက်မှာ ပြုလုပ် ခြင်းအလျင်းမရှိပဲ ဦးကျော်လွင်၏သြဇာခံ မော်လမြိုင်အခြေစိုက် ဂန္ဒ၀ါစက သံဃာတော်များကွန်ယက်ခေါ် သံဃာတော်တစုကို အသုံးချကာ အကောင်အထည်ဖော်ခဲ့ပါတယ်။ ၉၆၉ဂိုဏ်း ကို နိုင်ငံတော် သံဃာ့နာယကအဖွဲ့ကြီးက၄င်း ရွှေဝါရောင်သံဃာတော်များကဲ့သို့ ပြည်သူ့အကျိုးဆောင် သံဃာတော်များမှ၎င်း တရားဝင်ထောက်ခံအတည်ပြုခြင်းကို ယနေ့တိုင် မတွေ့ရသေးပါ။ ဓမ္မစကြာ၂၄ပစ္စည်းနောက်ခံနဲ့ အရဟံဆိုတာကို မြန်မာ့ဗုဓ္ဒဘာသာရဲ့သင်္ကေတအဖြစ် နှစ်ရာပေါင်းများစွာကတဲက သုံးလာခဲ့ကြတဲ့ မြန်မာ့ဗုဓ္ဒဘာသာဝင်တွေအတွက် ၉၆၉နဲ့ အိန္ဒိယအစိုးရ ရုံးတံဆိပ်ကိုမြန်မာ့ဗုဓ္ဒဘာသာ သင်္ကေတအဖြစ် သုံးကြရမယ်ဆိုတာ တရားပါ့မလား
ဒါကြောင့်မြန်မာပ်ြည်မှာ မှီတင်းနေထိုင်ကြတဲ့ ဗုဓ္ဒဘာသာမြန်မာပြည်သားအားလုံး တိုင်းပြည်သိက္ခာနဲ့ ဗုဓ္ဒဘာသာရဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းကြစေချင်ပါတယ်။ အရဟံကို ပစ်ပယ်ပြီး စစ်အာဏာရှင်တွေ တီထွင်ထားတဲ့ မသုံးမိကြဖို့ ထောင်ချောက်တွေကို မြင်တတ်စေဖို့ ပိးတော့ မိမိကိုးကွယ်တဲ့ သံဃာဟာ ၀ိနည်းနဲ့ ညီမညီ စစ်ပြီး အတုအစစ်ခွဲခြားပီးမှသာ ကိုးကွယ်သင့်ပါတယ်။ ဖွတ်ထွက်မှ ခြတောင်ပို့မှန်းသိတာ မဖြစ်စေလိုပါ။ မြန်မာပြည်ရှိ ဗုဓ္ဒဘာသာဝင် သူတော်စင်အပေါင်း မြတ်စွာဘုရားရှင်ဗုဓ္ဒဟောကြားခဲ့တဲ့ တရားတော်များကို နှလုံးသွင်းပြီး သတ္တ၀ါအပေါင်းအပေါ်မှာ မေတ္တာတရား ထားနိုင်ကြပါစေကြောင်း တင်ပြလိုက်ရပါတယ်။ '' လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ "

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsor...@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+...@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsor...@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsor...@gmail.com, mrsorc...@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.
 
 



--
Wayan Win
Contact: 09-7316-1510 @ Yangon
Via 09-420-119-420
44, 5th Flr, 7th Str, Hledon, Kamayut Township
Yangon
waya...@gmail.com
Skype: sharemercy

Reply all
Reply to author
Forward
0 new messages