မိတ်ဆွေများခင်ဗျာ......
ISchool-Myanmar မှ သြဂုတ်(၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ ဖွင့်လှစ်မည့် "Training for IT, Digital Security Social Media and Citizen Journalism" ၏ လျှောက်လွှာများကို ပေးပို့လိုက်ပါသည်။
မိတ်ဆွေတို့၏အဖွဲ့မှ စိတ်ဝင်စားစွာတက်ရောက်လိုပါက လျှောက်လွှာများ လျှောက်ထားနိုင်ပါသည်။
လေးစားစွာဖြင့်
ISchool-Myanmar
Training for ICT, Digital Security, Social Media and Citizen Journalism
ISchool-Myanmar သည် ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို ပိုမိုခိုင်မာနိုင်စေရန်နှင့် လျှင်မြန်နိုင်စေရန်အတွက် နိုင်ငံရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ သတင်းအချက်အလက်ဖြန့်ချီမှု၊ မျှဝေမှုအားကောင်းလာနိုင်စေရန်ရည်ရွယ်၍ ICT၊ Digital Security၊ Social Media နှင့် Citizen Journalism သင်တန်းများကို အခါအားလျှော်စွာ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိနေပါသည်။
ယခု ဖွင့်လှစ်မည့်သင်တန်းသည် နိုင်ငံရေးနှင့် အရပ်ဖက်အဖွဲ့အစည်းအသီးသီး၏ ပြည်သူ့ဆက်ဆံရေးဌာနများ (Public Relation Department) နှင့် သတင်းအချက်အလက်နည်းပညာဌာနများ (Information Technology Department) အတွက် သတင်းအချက်အလက် နှင့် ကွန်ပျူတာနည်းပညာ၊ ဒီဂျစ်တယ်စနစ်လုံခြုံရေး၊ လက်ကိုင်ဖုန်းဆိုင်ရာ လုံခြုံရေးနှင့် အသုံးချမှု၊ သတင်းရေးသားခြင်း/တည်းဖြတ်ခြင်း နှင့် လူမှုကွန်ရက်မီဒီယာများသုံးစွဲရာတွင် ပိုမိုထိရောက်စွာ အသုံးချနိုင်ရန်ရည်ရွယ်၍ အသိပညာ၊ အတတ်ပညာများ မျှဝေပေးလိုခြင်းဖြစ်ပါသည်။ ထို့ပြင် ပြည်သူ့သတင်းစာပညာ (Citizen Journalism) ဘာသာရပ်ကိုလည်း အချင်းချင်း မျှဝေဆွေးနွေးနိုင်ရန်လည်း ရည်ရွယ်ပါသည်။
သင်တန်းချိန်များကို သြဂုတ်လ(၁)ရက်နေ့မှ သြဂုတ်လ(၁၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး နေ့စဉ် မနက်(၉း၀၀)နာရီမှ ည(၉း၀၀)နာရီအထိ (၁၀)ရက်အပြည့် တက်ရောက်သင်ကြားရမည်ဖြစ်ပါသည်။ စုစုပေါင်းသင်တန်းချိန်မှာ (၁၀၄)နာရီ ကြာမြှင့်မည်ဖြစ်ပါသည်။ သင်တန်းရက်အတွင်းတွင် နေ့လည်စာ၊ ညနေစာ နှင့် Coffee Break (၂)ကြိမ်ကို ISchool-Myanmar မှ တာဝန်ယူသွားမည်ဖြစ်ပါသည်။ ထို့ပြင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ လာရောက်ကြသော သင်တန်းသား/သူများအတွက် ခရီးစရိတ်၊ တည်းခိုနေထိုင်ခြင်းတို့ကိုလည်း တာဝန်ယူ သွားမည်ဖြစ်ပါသည်။
သင်တန်းကာလတွင် အဓိက သင်ကြားမည့်ဘာသာရပ်များမှာ -
(၁) Information and Computer Technology (ICT)
(၂) Essential Knowledge for Internet and Websites
(၃) Digital Security
(၄) About Smart Phone App with Security
(၅) Social Media (Gmail, Facebook and YouTube)
(၆) Blogging (BlogSpot)
(၇) Citizen Journalism နှင့်
(၈) Media Monitoring တို့ဖြစ်ကြပါသည်။
Gmail၊ Facebook နှင့် Youtube တို့ကို အများအားဖြင့် သုံးစွဲနေတတ်ကြသော်လည်း လုံခြုံရေးတိုးမြှင့်၍ သုံးစွဲနည်း၊ ပိုမိုထိရောက်စွာ သုံးစွဲနည်းတို့ကို သိရှိသူ နည်းပါးသောကြောင့် ပိုမိုမွမ်းမံမျှဝေသင်ကြားပေးရန် ရည်ရွယ်ပါသည်။ ထို့ပြင် ကွန်ပျူတာသုံးစွဲမှုကိုလည်း လုံခြုံရေး တိုးမြှင့်၍သုံးစွဲနည်း၊ ပိုမိုထိရောက်စွာ သုံးစွဲနိုင်နည်းတို့ကို မျှဝေသင်ကြားပေးရန် ရည်ရွယ်ပါသည်။ Smart Phone များနှင့် ပတ်သက်၍လည်း Android Application များကို လုံခြုံရေးတိုးမြှင့်၍ သုံးစွဲနည်းကိုပါ မျှဝေသင်ကြားမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်လိုသူများသည် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအား အခြေခံအဆင့်တတ်မြောက်ထားရန် လိုအပ်ပြီး လူမှုရေး၊ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုခုမှ အဖွဲ့ဝင်ဖြစ်ရပါမည်။ ISchool ၏ သင်တန်းသားရွေးချယ်ရေးအဖွဲ့အနေဖြင့် စုစုပေါင်းသင်တန်းသား(၁၅)ဦးအား တက်ရောက်ခွင့်ရွေးခြယ်ပုံမှာ သင်တန်းပြီးဆုံးပါက မူလမိခင်အဖွဲ့အစည်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များ၊ မိမိတို့ ဒေသခံ နယ်မြေများအား ပြန်လည် အကျိုးပြုမည့်ပုဂ္ဂိုလ်များ၊ ပြန်လည်ဝေမျှသင်ကြားပေးမည့်ပုဂ္ဂိုလ်များကို ဦးစားပေးရွေးခြယ်သွားမည်ဖြစ်ပါသည်။
တက်ရောက်သင်ကြားလိုသူများသည် လျှောက်လွှာပုံစံ နှင့် မိမိအဖွဲ့အစည်း၏ထောက်ခံလွှာ တို့ကို ပြည့်စုံစွာရေးဖြည့်၍ ဇူလိုင်လ (၂၅)ရက်နေ့၊ မနက်(၁၂)နာရီအထိ နောက်ဆုံးထားကာ ischo...@gmail.com (သို့မဟုတ်) maung...@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ တက်ရောက်ခွင့်ရသူများကို ဇူလိုင်လ(၂၆)ရက်နေ့၊ ညနေတွင် အကြောင်းပြန်ကြားသွားမည်ဖြစ်ပါသည်။
သင်တန်းနှင့်ပါတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက -
ကိုရဲဝင်း - သင်တန်းညှိနှိုင်းရေးတာဝန်ခံ
ဖုန်း-၀၉ ၇၃၀ ၃၇၀ ၇၇၊ ၀၉ ၄၂၀ ၁၃၀ ၆၂၅၊ အီးမေး(လ်)လိပ်စာ- ischo...@gmail.com (သို့မဟုတ်) maung...@gmail.com (သို့မဟုတ်) https://www.facebook.com/ISchool.mmr သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။