Fwd: [mrsorcerer:40934] Fwd: [လူဗိုလ်ဟူသည် ...] “ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိ” ရုပ်ရှင်ဇာတ်ကား ၂၀၁၅ တွင် ပြသရန်မဖြစ်နိုင်ဟု ဇာဂနာသုံးသပ်ပြောကြား

0 views
Skip to first unread message

Wayan Win

unread,
Dec 25, 2013, 8:35:12 AM12/25/13
to Share Mercy, sharemercy.hq, waya...@facebook.com, sharemercy_english_learning_club


---------- Forwarded message ----------
From: Lu Bo <lub...@gmail.com>
Date: 2013/12/24
Subject: [mrsorcerer:40934] Fwd: [လူဗိုလ်ဟူသည် ...] “ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိ” ရုပ်ရှင်ဇာတ်ကား ၂၀၁၅ တွင် ပြသရန်မဖြစ်နိုင်ဟု ဇာဂနာသုံးသပ်ပြောကြား
To: mrsorcerer <mrsor...@googlegroups.com>




---------- Forwarded message ----------
From: Blogger <no-r...@blogger.com>
Date: 2013/12/23
Subject: [လူဗိုလ်ဟူသည် ...] “ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိ” ရုပ်ရှင်ဇာတ်ကား ၂၀၁၅ တွင် ပြသရန်မဖြစ်နိုင်ဟု ဇာဂနာသုံးသပ်ပြောကြား
To: lub...@gmail.com



Monday, 23 December 2013 13:23

 ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို လာမည့် ၂၀၁၅ ခုနှစ်တွင် ကျရောက်မည့် ဗိုလ်ချုပ်၏ မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်အမီတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ပြသနိုင်ရန် မဖြစ်နိုင်တော့ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဇာဂနာက မဇ္ဈိမသို့ သုံးသပ်ပြောကြားခဲ့သည်။
“၂၀၁၄ ဗိုလ်ချုပ်မွေးနေ့မှာ ရိုက်မယ်ဆိုရင် စရိုက်ပြီး ခြောက်လအတွင်းကနေ ၂၀၁၅ ဖေဖော်ဝါရီ ၁၃ရက်မှာ ပြသနိုင်ဖို့ အာမ,မခံနိုင်တော့ဘူး။ လုံးဝ ၁၀၀ ရာခိုင်နှုန်း ပြသနိုင်ဖို့ ဖြစ်နိုင်စရာမရှိပါဘူး” ဟု သူ၏ အမြင်ကို ပြောကြားလိုက်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ဖြစ်ရခြင်းသည် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုအချိန်ကြန့်ကြာခြင်း၊ နည်းပညာရပ်ပိုင်းဆိုင် ရာများ၊ ဇာတ်ညွှန်းပိုင်းဆိုင်ရာများ၊ ထုတ်လုပ်ရိုက်ကူးမည့် သူများကို ရှာဖွေနေရခြင်းကြောင့် ဖြစ်သည်။ ယင်းဇာတ်ကားဖြစ်မြောက်ရန်အတွက် ဆရာချစ်ဦးညို၊ ကြည်စိုးထွန်း၊ မြမြင့်မိုရ်တို့က ၁၉၁၅ ခုနှစ်၊ ၁၉၄၀ ခုနှစ်၊ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် အထိ အဖြစ်အပျက်များ အကြောင်းအရာများဖြစ်သည့် ဗိုလ်ချုပ် တက္ကသိုလ်မရောက်ခင်ကာလ၊ တက္ကသိုလ်ရောက်ပြီး နိုင်ငံရေးလောကထဲသို့ ရောက်သည့်ကာလ နှင့် ဗိုလ်ချုပ်လုပ်ကြံခံရသည့် နောက်ဆုံးကာလများအထိ ဇာတ်ညွှန်းများကို အပိုင်းသုံးပိုင်းခွဲပြီး ရေးသားခဲ့ကြ သည်။ အဆိုပါ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ကနေဒါနိုင်ငံရှိ Rhombust Media မှ ထုတ်လုပ်သူ တစ်ဦးဖြစ်သည့် Niv Fichman သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် လာရောက်ပြီး ဇာတ်ကား ထုတ်လုပ်ရိုက်ကူးခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ ယင်းသည် ဗိုလ်ချုပ်၏အကြောင်းအရာများကို များစွာသိရှိထားသူဖြစ်ပြီး ယခုရိုက်ကူးမှုတွင် ပြည်ပဒါရိုက် တာများ၊ ဇာတ်ညွှန်းရေးဆရာများ၊ ထုတ်လုပ်သူများကို အသုံးမပြုဘဲ မြန်မာနိုင်ငံအတွင်းက ထုတ်လုပ် သူ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာသုံးဦးကို ၎င်းနှင့်အတူ လုပ်ကိုင်ဆောင်ရွက်ရန် တောင်းဆိုခဲ့ခြင်းဖြစ် သည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတွင် မှားယွင်းစွာ လုပ်ကိုင်နေသည့် ဇာတ်ညွှန်းရေး သားခြင်းများ၊ ထုတ်လုပ်ခြင်းများ၊ ဒါရိုက်တာတို့၏ ရိုက်ကူးမှုတို့ကို ဇာတ်ကားရိုက်ကူးဆောင်ရွက်နေ စဉ်တွင် ပူးပေါင်းဆောင်ရွက်ကူညီသွားမည် ဖြစ်သည်။ ယင်းသည် ဟောလိဝုဒ်တွင် နာမည်ကြီး ဒါရိုက် တာတစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ရိုက်ကူးမှု ကုန်ကျစရိတ်သည် ဒေါ်လာ ၂၄ သန်းကုန်ကျမည်ဖြစ်သည်ဟု ယင်း ဒါရိုက်တာက သုံးသပ်ပြော ဆို ကြောင်း ဇာဂနာက ဆိုသည်။ ယင်းသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိပြီး ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် ထပ်မံစီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။ “ကုန်ကျစရိတ် သက်သာအောင်လိှု့Studio တွေ မဆောက်တော့ဘဲ နိုင်ငံခြားမှာ သွားရိုက်မယ်။ ဒီမှာ ကတော့ ဆောက်ရင် နောင်ငါးနှစ်တောင် မပြီးနိုင်ပါဘူး။သူက ဒီအချက်တွေကို ထောက်ပြပါတယ်” ဟု ဇာဂနာက ပြောသည်။ ယင်းဇာတ်ကား ရိုက်ကူးရန်အတွက် ဦးဝင်းဖေကို ဒါရိုက်တာအဖြစ် ကမ်းလှမ်းခဲ့ရာ စိတ်ဝင်စားမှုရှိသော် လည်း ယင်းသည် ပြည်ပနိုင်ငံတွင် ရောက်ရှိနေခြင်းကြောင့် ရိုက်ကူးနိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။ ယင်းအပြင် ဗိုလ်ချုပ်ဇာတ်ကားအတွက် ဇာတ်ညွှန်းပိုင်းဆိုင်ရာတွင် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် မိသားစု အကြောင်းအရာများ ထည့်သွင်းရေးထားခြင်းသည် နည်းပါးခြင်းကြောင့် ထပ်မံ ထည့်သွင်းသွားရန် အကြံ ပြုဆွေးနွေးခဲ့ သည်။ အဆိုပါ ဇာတ်ကားရိုက်ကူးနိုင်ရန် အတွက် လူငယ်ဒါရိုက်တာတစ်ဦးကို ရွေးချယ် သွားမည်ဖြစ်ပြီး ထုတ်လုပ်ရေး အပိုင်းကိုလည်း ထပ်မံဆောင်ရွက်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုက်ကူး၍မရနိုင်သည့် ဇာတ်ဝင်ခန်းများကို ထိုင်း၊ မလေးရှားနှင့် ဂျာမနီနိုင်ငံများရှိ Studio များတွင် ဇာတ်ဝင်ခန်းများကို သွားရောက် ရိုက်ကူးရမည်ဖြစ်သည်။ အဆိုပါဇာတ်ကားတွင် ဗိုလ်ချုပ်နေ ရာ၌ ပါဝင် သရုပ် ဆောင်ကြမည့် ကျော်ကျော်မျိုးကို Studio 35 တွင် အရာခံဗိုလ်တစ်ဦးနှင့် စစ်ပညာများ ကို သင်ကြားပေးနေပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာတွင် သရုပ်aဆာင်မည့် ဇာခြည်လင်းကို ပြင်ပတွင် ဖွင့်လှစ်ထားသည့် သူနာပြုကျောင်းတွင် အခြေခံသုံးလသင်တန်းများ တက်ရောက်ခိုင်းထားသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ပြီး ဗိုလ်ချုပ်ရုပ် ရှင် ဖြစ်မြောက်ရေးကော်မတီရုံးခန်းကို စတင်ဖွင့်လှစ်ပြီး ဇာတ်ကားရိုက်ကူးရန်အတွက် လုပ်ကိုင်ခဲ့ခြင်း jဖစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင်များသည် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး မောင်မိုးသူ၊ ဇာဂနာ (ဦးသူရ)၊ ဦးစိမ်းနီ၊ ဦးမော်ခင်း၊ မင်းထင် ကိုကိုကြီး၊ လူမင်း၊ အရိုင်း၊ ဝေဠုကျော်၊ အိအိခိုင်၊ ထွန်းအိနြေ္ဒာဗို၊ ကြည်ဖြူသျှင်တို့ ပါဝင်ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့ သည် ၂၀၁၃ ဧပြီလတွင် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာခဲ့သည့် ရုပ်ရှင်ကုမ္ပဏီအဖွဲ့ကို ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်စေရန် တွေ့ဆုံခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ၂၀၁၃ သြဂုတ် ၆ ရက်တွင်လည်း မလေးရှားနိုင်ငံတွင် ရုပ်ရှင်များအတွက် အခြေပြုလုပ်ကိုင်နေသူ သြစတြေးလျ နိုင်ငံသူ ဖြစ်သည့် Kate James နှင့်လည်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 mizzama / Written by ဘုန်းနေလ (ဒဂုံတက္ကသိုလ်)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/24/2013 10:32:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsor...@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+...@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsor...@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsor...@gmail.com, mrsorc...@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer.



--
Wayan Win
Contact: 09-7316-1510 @ Yangon
Via 09-420-119-420
44, 5th Flr, 7th Str, Hledon, Kamayut Township
Yangon
waya...@gmail.com
Skype: sharemercy

Reply all
Reply to author
Forward
0 new messages