---------- Forwarded message ----------
From:
Ruby Mirror <ruby.mi...@gmail.com>
Date: 2013/6/11
Subject: [mrsorcerer:38613] ဒေါ်အောင်ဆန်းစုကြည် ကို ဘာကြောင့် ထောက်ခံသင့် သလဲ
To: "မှော်ဆရာအဖွဲ့ ( Ѧя Ƨσяcɛяɛя )" <
mrsor...@googlegroups.com>
ဒေါ်အောင်ဆန်းစုကြည် ကို ဘာကြောင့် ထောက်ခံသင့် သလဲ
==================================
ဒီမေးခွန်း က လွန်ခဲ့တဲ့ နှစ် (၂၀) က မေးခဲ့ရင်တော့ လူရယ်စရာ
မေးခွန်းတစ်ခု ဖြစ်မလား ပဲ။ စစ်အာဏာရှင်တွေ ရဲ့ အမှောင်ခေတ်ကြီးထဲ မှာ
အားမာန်အပြည့်နဲ့ တောက်ပခဲ့တဲ့ မီးအိမ်ရှင် ဖြစ်ခဲ့လို့ ပါပဲ။
အာဏာရှင်စနစ်ရဲ့ ကြမ်းရှခက်ထန်မှု တွေ ကို ခါးသီးသူတွေ လူ့အခွင့်အရေး ရဲ့
ရောင်နီ ကို မျှော်လင့်ယုံကြည်သူတွေ အားလုံး အတွက် ဒီ နာမည် တစ်ခု ဟာ စိတ်ဓါတ်ခွန်အား ဖြစ်စေတဲ့ မန္တာန် တစ်ခု ဖြစ်ခဲ့ ပါတယ်။
အဲဒီကာလတွေ တုန်းက ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်ခဲ့တာ ဆိုလို့
အာဏာရှင် လက်ပါးစေ အောက်ဆွဲ တွေလောက်ပဲ ရှိခဲ့ မှာ ပါ။ မြန်မာတစ်ပြည်လုံး
နီးပါး ရဲ့ မေတ္တာ နဲ့ ထောက်ခံ မှု ကို ရခဲ့ ပါတယ်။
၂၀၁၀ မှာ နိုင်ငံရေးလမ်းကြောင်းပြောင်းလို့
စစ်တပ်အစိုးရ နဲ့ ပူးပေါင်းလို့ လွှတ်တော်နိုင်ငံရေး ကို လုပ်မယ်
ဆုံးဖြတ်ခဲ့တော့ တစ်ချို့သော ရေဒီကယ်တွေ က ဒေါ်အောင်ဆန်းစုကြည်ကို
တိုက်ခိုက်ကြပြန်တယ်။ ၂၀၀၈ စစ်ကျွန်ဥပဒေ ကို တစ်ခါတည်း
အပြီးတိုင်ချေမှုန်းဖို့ စိတ်ကူးယဉ်ကြသူတွေ ပါ။ ဒေါ်အောင်ဆန်းစုကြည် က
ဘာလို့ ပူးပေါင်းခဲ့ သလဲ ဆိုရင် ဒါက တစ်ခုတည်းသော ဖြစ်နိုင်ချေရှိတဲ့
နည်းလမ်း မို့ ပါပဲ။ စိတ်ကူးစံနိုင်ငံရေး က နေ လက်တွေ့ နိုင်ငံရေး လမ်း ပေါ်
ပြောင်းလျှောက်ခဲ့ ပါတယ်။
ဒီနောက် မှာ တော့ ပိတ်ဆို့မှုန်းဝါး
နေတဲ့ အခြေအနေ တွေ က တစ်ဖြေးဖြေး ပြောင်းလဲ လာခဲ့ ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် တာ က နေ စလို့ နိုင်ငံတကာ စီးပွားရေး
ပိတ်ဆို့မှုတွေ ဖြေလျှော့လာတာ တွေ ပြည်တွင်းလွတ်လပ်မှု တွေ ရရှိလာတာ တွေ
စီးပွားရေးရင်းနှီး မြုပ်နှံမှု တွေ တိုးတက် လာတာ တွေ ကို မြင်တွေ့ ကြ ရမှာ
ပါ။ ဒါတွေ ဟာ ပူးပေါင်း ဆောင်ရွက်မှု နဲ့ အပြန်အလှန် နားလည်မှု ကတိက၀တ် တွေ
ကြောင့် ဆို မမှား ပါဘူး။
ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် က
ပြည်သူ့လွှတ်တော်ထဲ ကို ရောက်တယ်။ ပြည်ပခရီးတွေ မှာ အထာကျကျ
ဂုဏ်သရေကြီးမားစွာ လှည့်လည်တောက်ပ ခဲ့တယ်။ နိုင်ငံခေါင်းဆောင် အများအပြား
ဟာ သူ့ ရဲ့ သြဇာတိက္ကမဂုဏ်ကြောင့် နေထိုင်ရာ အိမ်အထိ လာရောက်
တွေ့ဆုံခဲ့ကြတယ်။ မြန်မာပြည်သစ် ကို မွေးဖွား ပေးခဲ့ သလို ပါ။
ဒေါ်အောင်ဆန်းစုကြည် ဟာ လက်ပန်းတောင်းတောင် ပြဿနာ မှာ လဲ အကျဉ်းအကြပ်ထဲ က
ဖြစ်သင့်တာ တစ်ခု ကို ထုတ်ပြခဲ့ တယ်။ မနှစ်သက်သူတွေ ပေါ်လာပါတယ်။
ဝေဖန်တိုက်ခိုက်သူတွေ ရှိလာ ပါတယ်။ ဒီလို ပဲ ရိုဟင်ဂျာကိစ္စ မှာလဲ
လူ့အခွင့်အရေး ကို အခြေပြုတဲ့ ရပ်တည်မှု ကြောင့် သူ့ ကို
တိုက်ခိုက်ကြပြန်ပါတယ်။
တကယ်တော့ လူပြိန်းကြိုက် နိုင်ငံရေး
(အမျိုး ဘာသာ သာသနာ) ကို အလိုက်သင့် စီးမျောပြီး လူထုထောက်ခံ မှု ကို
ရယူနိုင်ဖို့ က သူ့ အတွက် အလွယ်လေး ပါ။ ဒီနေရာ မှာ သူ့ ရဲ့
အာဇာနည်စိတ်ဓါတ်နဲ့ ပြည်သူ့ခေါင်းဆောင်တစ်ယောက် ရဲ့ စိတ်ထား ကို အထင်းသား
တွေ့ ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ လူပြိန်းကြိုက်နိုင်ငံရေး
ကိုလုပ်ပြီး ပြည်သူလူထု ရဲ့ မသိနိုးနားမှု ကို အမြတ်မထုတ်ခဲ့တဲ့ အပြင်
လူမုန်းခံပြီး မိမိ ယုံကြည်ရာ တန်ဖိုးတွေ အတွက် ရပ်တည်ပြခဲ့တယ်။ ပြည်သူတွေ
တောင်းဆိုတာ ကို အလိုလိုက်ပြောဆိုလုပ်ဆောင်ဖို့ ထက် ပြည်သူတွေ
ရွေးချယ်သင့်တဲ့ လမ်း ကို အမုန်းခံ အဝေဖန်ခံပြီး ပြခဲ့ ပါတယ်။ ဒီ အတွက် သူ့
မှာ ရုပ်ဝတ္တု အကျိုးအမြတ် ဘာ တစ်ခုမှ မရှိပါ။
တကယ်တော့ ဒီလို ခေါင်းဆောင်မျိုးဟာ မြန်မာပြည် အတွက် တကယ်လိုအပ်နေပါတယ်။
ခင်ဗျားတို့ စဉ်းစားကြည့် လေ...။ ဟို ဘဘကြီးတို့ ခေတ်တုန်း က
မျိုးချစ်စိတ်အလွန်အကျွံ ရှင်သန် ထက်မြက်ပြရတာ လဲ ရှိပ..။ သာသနာတော်ကြီး
ကို လဲ ချီးမြောက်ထောက်ပံ့ လို့ ဘာသာရေး ကို အားပေးယောင်လဲ ပြခဲ့ သပ။
ဒါပေမဲ့ ဒီမျိုးချစ် သာသနာချစ်ကြီးတွေ က နောက်ဆုံး တိုင်းပြည် အတွက်
ဘာလုပ်ပေးခဲ့သလဲ..အဆီစုပ်ခဲ့ အခွင့်ထူးတွေ ယူခဲ့လို့ ဗမာတွေ
ဖွတ်ကျောမွဲပြာစု ခဲ့တာ ပဲ အဖတ်တင် ပါရောလား။
ဒေါ်အောင်ဆန်းစုကြည် က တော့ မျိုးချစ်စိတ် ဘာသာချစ်စိတ် ဆိုတာ တွေ ထက်
တရားမျှတမှု နဲ့ ဥပဒေစိုးမိုးရေး လူ့အခွင့်အရေး နဲ့ ပညာရေးမြင့်ဖို့ တွေ ပဲ
ပြောတယ်။ ကျုပ်တို့ နိုင်ငံ မှာ လူမျိုးစုံ ဘာသာစုံ ရှိနေတာကြောင့်
လူမျိုးကြီး ၀ါဒ ဘာသာကြီးဝါဒတွေ ကို အားပေးအားမြောက် လုပ်နေသရွေ့ ကတော့
ပဋိပက္ခတွေ က ဘယ်ခါမှ ဆုံးမယ် မထင်ပါဘူး။ မိမိ အနိုင်ရသလို ရှိနေပေမဲ့
ကိုယ်လဲ ငြိမ်းချမ်းပျော်ရွှင် မနေရ ပါဘူး။ ဒီလို နိုင်ငံမျိုး မှာ
သန်မာအားကောင်းတဲ့ တွေးခေါ်စဉ်းစား ချင့်ချိန်ဆုံးဖြတ်နိုင်တဲ့
လစ်ဘရယ်ခေါင်းဆောင်တွေ လိုအပ်တာ မှန်ရင် ဒေါ်အောင်ဆန်းစုကြည် ဟာ ထိပ်ဆုံး က
စဉ်းစားထိုက်တဲ့ ခေါင်းဆောင် ပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ဟာ
ခြောက်ပစ်ကင်းသဲစင် ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ သူ မဟုတ်ရင် သူ့ထက်သာတာ
သူ့ထက်သင့်တော်တာ ဘယ်သူ ရှိသလဲ စဉ်းစားကြပါ။ မျိုးချစ်ဘာသာချစ် ဆိုသူတွေ
တော့ ဝေါင်ဝေါင်ရှေး ပါရစေဗျာ။
ဒါကြောင့် ဒီ အလင်းတံခါးတစ်ချပ်
ကို ခင်ဗျားတို့ လက်ခံကြိုဆို တွန်းမဖွင့် နိုင်ခဲ့ ရင်တော့ အမှောင်ငရဲ ရဲ့
ရာစုနှစ်တွေ များစွာ ထပ်ပြီး ပေးဆပ်ကြ ရပေလိမ့် ဦးမှာ အမှန် ပါ မိတ်ဆွေ။
(အောင်ကျော်မိုး)
--
May Peace Be Upon You
Regards,
Ruby
--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက
http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
mrsor...@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
mrsorcerer+...@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
mrsor...@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင်
www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ (
mrsor...@gmail.com,
mrsorc...@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at
http://groups.google.com/group/mrsorcerer?hl=en.