A brilliant detective ဆားပ့လင်း နှင်းမောင် & Inspector of police.

46 views
Skip to first unread message

Hla Myint

unread,
Jul 17, 2015, 12:41:53 PM7/17/15
to saya...@googlegroups.com

ကျွန်ုပ်မှာ ကိုနှင်းမောင်စကား ကြောင့် အားတက်သွားပီး
ဒါဆိုရင် နောက်ကွယ်က ခိုင်း နေတဲ့ တရားခံ ဖမ်းရတာ
လွယ်သွားပီ ကိုနှင်းမောင်။
အစိုးရ အဖွဲ့ ထဲက ခပ်ပေါ
ပေါ ကောင်ကို ဖမ်းလိုက်ရင် ပွဲပြီးပြီ ဟု ဝမ်းမြောက်ဝမ်း
သာမေး လိုက်လေ၏ ။
ထိုအခါ ကိုနှင်းမောင်သည် ကျွန်ုပ် အား သနားစရာ လူ တစ်ယောက်အား ဂရုဏာ
ထားသော အကြည့်ဖြင့် ကြည့်ပီး အဲဒါခက်နေတာ အိုင်
ပီရေ အစိုးရတစ်ဖွဲ့ လုံးက ခပ်ပေါပေါ လူတွေချည်းပဲ ဆို
တော့ တရားခံ ရှာမရဖြစ်နေတာ သိပ်ခက်တယ် ဟု ဆိုကာဂလေစီယာရေခဲတောင်စီးကရက် ရှိုက်ဖွာလျက်
မီးခိုးငွေ့ များအား မျက်နှာကြက် ဆီသို့ မှုတ်ထုတ်လိုက်
လေ၏။့

ဆားပုလင်းနှင်းမောင်နှင့်elevenငယ်ထိပ်ကုန်းသီးမှန်မှု့
==============================

ပြင်းပြင်းထန်ထန် ရွာနေသော မိုးများကြားမှ အိုင်ပီ
အောင်သင်း သည် အမှတ် ၂၉၅ ဘိုးလိန်းလမ်းရှိ ဆား
ပုလင်း နှင်းမောင်၏ တိုက်ခန်းသို့ တံခါးကိုတွန်းဖွင့်ပြီး
ဝင်လိုက်ရာ ဟွာဝေးဖုန်းတစ်လုံးဖြင့် အွန် လိုင်းတက်
ကာအလုပ်ရှုပ်နေသည့် ဆားပုလင်းနှင်းမောင်အား အံ့
သြ ဖွယ်ရာ တွေ့ရှိ ရလေ၏။

အိုင်ပီလာဗျာ ဟုဆိုကာ ဆားပုလင်းနှင်းမောင် သည်
ကျွန်ုပ် အားလှည့်မကြည့်ပဲ အနီးရှိ ထိုင်ခုံအား မေးထိုး ၍
ပြလေ၏။တဆက်တည်း ပင် အိုင်ပီ ဒီနေ့ တော်တော်အ
လိုမကျပုံပဲ။ စကားမစပ် အခုဒီကိုမလာခင် စမ်းချောင်း
မြို့ နယ်ထဲက မာဆက် ကို ဝင်ခဲ့ သေးတယ် မဟုတ်လား
နှိပ်ပေးတဲ့ လူကလည်းသီတာ ဆိုတဲ့ မိန်းခလေးပဲ ဖြစ်
မယ်။သူနဲ့ လည်းစကားများခဲ့ သေးတယ်မဟုတ်လား ဟု
ဆိုကာ မပွင့်တပွင့်ပြုံးနေလေ၏။

ကျွန်ုပ် မှာ ကိုနှင်းမောင်စကားကြောင့် လွန်စွာအံ့သြသင့်
ကာ ကိုနှင်းမောင် ခင်ဗျား ဘယ်လိုသိတာလဲ ဟုမေးလေ
၏ ။ ကိုနှင်းမောင်သည်ရုတ်တရက်စကားပြန်မပြောသေး
ပဲ ဂလေစီယာ ရေခဲတောင် စီးကရက်ကို မီးညို့ လျက်
အောက်ပါအတိုင်း ပြောလေ၏ ဒါမခက်ပါဘူး အိုင်ပီ မာ
ဆက်သွားခဲ့ တယ် ဆိုတာက ခင်ဗျား အိပ်ထောင်ထဲမှာ
ထည့်ထား တဲ့ မျက်နှာသုတ် တစ်ရှုးထုပ်လေးကိုကြည့်ယုံ
နဲ့ သိနိုင်ပါတယ်။ ခင်ဗျားကဒါမျိုးဝယ်လေ့မရှိဘူး။ အလ
ကားရရင်သာ ယူ တာ ဟုတ်တယ်မဟုတ်လား ဟုပြော
လေ၏ ။ ကဲထားပါ မာဆက်မှာမိန်းခလေးတွေ အများ
ကြီးပါ ။ ဘာဖြစ်လို့ သီတာဆိုတာ အတပ်ပြောနိုင်ရတာ
လဲ ဟု ကျွန်ုပ် ကပြန်၍ မေးရာ ကိုနှင်းမောင်သည် ရယ်
ကျဲကျဲဖြင့် သြော် ဒါလား လွယ်ပါတယ်အိုင်ပီရယ် အချင်း
ချင်းတွေပဲဟာ ခင်ဗျား အကြောင်းကျုပ်သိတာပေါ့ ခင်
ဗျားက လူကောင်သာသေးတာ ကြံလိုက်ရင် လုံးကြီး
ပေါက်လှချည်းပဲလေ ။ အနှိပ်ခန်းမှာ ခပ်ထွားထွား မိန်းခ
လေးနှစ်ယောက်ရှိတယ်ဗျ။ကြည်ပြာနဲ့ သီတာ ပေါ့။
ကြည်ပြာ က ခင်ဗျားလို သက်ကြားအိုမျိုး ဆို ပိုက်ဆံ
ဘယ်လောက်ပေးပေး မနှိပ်ပေးဘူးဗျ။ ဒီတော့ ခင်ဗျား
နဲ့ ဆက်ရှင်ဝင်တဲ့ မိန်းခလေး က သီတာပဲ ပေါ့ ဟု ပြော
လေ၏။

ဟုတ်ပါပီကိုနှင်းမောင်ခင်ဗျားပြောတာမှန်ပါတယ် ဒါနဲ့
နောက်ထပ်မရှင်းတာက သီတာဆိုတဲ့ ကောင်မလေးနဲ့
စကားများတာရယ် ကျနော် စိတ်အလိုမကျဖြစ်နေတယ်
ဆိုတာရယ် ဘယ်လိုလုပ်သိလဲ ဟု ကျွန်ုပ် ကမေးလေ၏။
ကိုနှင်းမောင် သည် ဖုန်းကို ချကာ ဒါလည်းလွယ်ပါတယ်
အိုင်ပီ။ သီတာဆိုတဲ့ မိန်းခလေး က ခေတ်ပျက်ကြီးထဲမှာ
မရှိလို့သာလုပ်စားတာ ။ မာနကြီးတယ်ဗျ။ ခင်ဗျားလိုခြေ
ဆော့လက်ဆော့လုပ်တဲ့ သူမျိုးဆိုရင် ဆက်ဆက်ထိမခံ
ပြန်ပြောမှာ။အာ့ကျရင် ခင်ဗျား ကလည်းရှက်ရမ်းရမ်းပီး
ငါ့ပုလိပ်ကွ ဆိုပြီး စကားများကြမယ်ဆိုတာ ကြိုတွေးပီး
သားပါ။ နောက် ခင်ဗျားစိတ်အလိုမကျဘူး ဆိုတာကဒီ
လိုပါ။ မိုးကမနက်ကတည်းက ရွာနေတယ်လေ မိုးရွာရင်
ရန်ကုန်မှာ မီးပျက်တာ ထုံးစံဖြစ်နေပီ။ မီးပျက်တော့ မာ
ဆက်မှာ အဲကွန်းဖွင့်လို့မရဘူး ။ သူတို့ဆီမှာမီးစက်က
ပျက်နေတယ်။ အလုံပိတ် အခန်းတွေ ဆိုတော့ အအေး
ကြိုက်တဲ့ ခင်ဗျား ချွေးပြန်ပီး စိတ်ညစ်ပီပေါ့ အိုင်ပီ ဟု
ပြောလေ၏ ။

ကျွန်ုပ် မှာကိုနှင်းမောင်၏ ကျိုးကြောင်းဆက်စပ်နိုင်မှု့၊ အ
မျော်အမြင်ရှိမှု့ ဗဟုသုတကြွယ်ဝမှု့ ကို စိတ်တွင်းမှ ချီး
ကျူးမိလေ၏။
ထို့ နောက် ကျွန်ုပ် က အခုပဲဗျာ အင်းစိန်
က မင်းကြီးဆီ စာဝင်တယ်။
eleven ဂျာနယ်က CEO
ဒေါက်တာ သန်း ထွဋ်အောင်ကို လူငယ်ငါးယောက်က
ကုန်းသီးနဲ့ လုပ်ကြံ တဲ့ သတင်းပဲ ဒီအမှု့ ကို ခင်ဗျားဆီ
လွှဲလိုက်တယ်ဆိုတာရယ် အမှု့ အကြောင်း လေးရယ်
ခင်ဗျားသိသလောက်ပြောပြပါအုန်းဟု မေးလေ၏။

ဆားပုလင်းနှင်းမောင်သည် နှဖူးကြောကိုရှုံ့လျက်အမှု့
အကြောင်းကို အောက်ပါအတိုင်း ပြောလေ၏။
အမှု့ က ထင်သလောက်မလွယ်ဘူး အိုင်ပီ။
အခုတလော eleven နဲ့ အစိုးရ အဖွဲ့ ထဲ ကလူတွေနဲ့ လည်းငြိနေ
တယ်။
လုပ်ကြံ တဲ့ ချာတိတ်တွေကလည်း လူမိုက်အစစ်
တွေလည်း မဟုတ်ပါဘူး။
ကားမှန်ခံထားတဲ့ကြားထဲက
ကုန်းသီးကို ၂ပေ အကွာက ဆက်တိုက်ပစ်တယ်ဆိုတော့
ကားမှန်ကွဲ ယုံ ကလွဲပြီးလူကို ဘာမှ မဖြစ်နိုင်ပါဘူး။
လုပ်ကြံ တဲ့ လူငယ်တွေက ငတုန်းလေးတွေပါ။


ဒီငတုန်းလေးတွေကို နောက်ကွယ်ကခိုင်းနေတဲ့ လူက လည်းပေါတော
တောဆိုတာလောက်တော့ သိပါပြီ ဟုပြောလေ၏။

ကျွန်ုပ်မှာ ကိုနှင်းမောင်စကား ကြောင့် အားတက်သွားပီး
ဒါဆိုရင် နောက်ကွယ်က ခိုင်း နေတဲ့ တရားခံ ဖမ်းရတာ
လွယ်သွားပီ ကိုနှင်းမောင်။
အစိုးရ အဖွဲ့ ထဲက ခပ်ပေါ
ပေါ ကောင်ကို ဖမ်းလိုက်ရင် ပွဲပြီးပြီ ဟု ဝမ်းမြောက်ဝမ်း
သာမေး လိုက်လေ၏ ။
ထိုအခါ ကိုနှင်းမောင်သည် ကျွန်ုပ် အား သနားစရာ လူ တစ်ယောက်အား ဂရုဏာ
ထားသော အကြည့်ဖြင့် ကြည့်ပီး အဲဒါခက်နေတာ အိုင်
ပီရေ အစိုးရတစ်ဖွဲ့ လုံးက ခပ်ပေါပေါ လူတွေချည်းပဲ ဆို
တော့ တရားခံ ရှာမရဖြစ်နေတာ သိပ်ခက်တယ် ဟု ဆိုကာဂလေစီယာရေခဲတောင်စီးကရက် ရှိုက်ဖွာလျက်
မီးခိုးငွေ့ များအား မျက်နှာကြက် ဆီသို့ မှုတ်ထုတ်လိုက်
လေ၏။့

Unlike · Comment · Share
Reply all
Reply to author
Forward
0 new messages