
နိုင်ငံရေးနှင့် တော်လှန်ရေး လမ်းထဲမှာ
ပုခက် လွှဲသော လက်သည် ကမ္ဘာကို တစ်နေ့ အုပ်စိုး ရမည် ။ နိုင်ငံရေးသည် ပြည်တွင်းနှင့် ပြည်ပ ဆက်သွယ်ရေးနှင့် ဆိုင်သည် ။ အမျိုးသား နိုင်ငံရေးသည် ပြည်ပကို ဖြုတ်ထားရင် အမျိုးသား နိုင်ငံရေးနှင့် ဆိုင်သည် ။ အမျိုးသားထဲက အမျိုးသား နိုင်ငံရေးသည် ကိုယ့် အမျိုးသား ယဉ်ကျေးမှု စာပေ အရာများနှင့် စသော လုပ်ဆောင်မှုတွေနှင့် ဆိုင်သည် ။
နိုင်ငံရေးသမား ၊ တော်လှန်သမား ဆိုတာ အတွေးအခေါ် ၊ အယူအဆ ရှိရမယ် ။ အမြော် အမြင် ရှိရမယ် ။ ကောင်းမွန်တဲ့ စိတ်ထားနဲ့ အကျင့် သီလ ရှိရမယ် ။
အမြော်အမြင် မရှိ ၊ ဘာ စနစ် တည်ဆောက်ရမှန် သေချာ မသိရင် တိုင်းရင်းသား ပြည်သူ လူထုတွေ ဒုက္ခ ရောက်မယ် ။ အတွေးအခေါ် အယူအဆ မမှန်ရင် လုပ်ရပ်တွေ မှားတတ်တယ် ။ စိတ်ကောင်း မရှိ ၊ သီလ မကောင်းရင် တိုင်းပြည် ဘဏ္ဍာငွေ ဆုံးရှုံး ၊ မျိုးကောင်း သား သမီးတွေ ဆုံးရှုံး တတ်တယ် ။
နိုင်ငံရေး ၊ တော်လှန်ရေး သမားကောင်းတွေ ၊ နိုင်ငံရေး ၊ တော်လှန်ရေး သမားတွေက ပြသနာကို ပြောဆို ဆွေးနွေး အဖြေ ရှာတတ်တယ် ။ ရှာပြီး တိုးတက်အောင် လုပ်ကြတယ် ။
သို့သော် ဆွေးနွေး ညှိနှိုင်း မရတဲ့ အခါ တော်လှန် ကြတယ် ။ လက်နက်ကိုင် တော်လှန်တယ် ။ အတွေးအခေါ်ကို ရေးသား တော်လှန် ကြတယ် ။ လုပ်ရပ်တွေကို ဆန့်ကျင် တော်လှန် ကြတယ် ။ လက်နက်ကိုင်မှ တော်လှန်တာ မဟုတ်ဘူး ဆိုတာ နားလည် စေချင်ပါတယ် ။
အာဏာရှင် လုပ်ရပ်တွေ ရပ်ဆိုင်းသွားအောင် အာဏာရှင်တို့နှင့် မပူပေါင်း မပါဝင် ပဲ ၊ အာဏာရှင် စက် ယန္တရား ရပ်တန့် သွားအောင် လုပ်ခြင်း စတဲ့ လူထု ပါဝင်အောင် လုပ်ပြီး ဆန့်ကျင်တဲ့ တော်လှန်မှုမျိုးကို လူထု တော်လှန်ရေးဟု ခေါ်ကာ ကမ္ဘာမှာ ပေါ်ခဲ့ တာပါ ။
လမ်း
၁ ။ လမ်းဆိုတာ ကိုယ့် အတွက်ဘဲ ဖောက်တဲ့ လမ်း
၂ ။ လူ တစ်စု ၊ ရပ်ကွက် တစ်ခု ၊ ရွာ တစ်ခု အတွက် ဖောက်တဲ့ လမ်း
၃ ။ အားလုံး အတွက် ၊ ကိုယ့် အတွက် ပါ ။ အလိုလို ပါ ။ စေတနာနဲ့ ဖောက်တဲ့ လမ်း
၎ ။ အများထဲက ကိုယ့် အတွက်သာ ယူဖောက်တဲ့ လမ်းတွေ ရှိကြ ပါတယ် ။
ဘယ်သူက ဘာ အတွက် ဖောက်တာ လဲ ။
၁ ။ စီးပွားရေး သမား
၂ ။ လူမှုရေး သမား
၃ ။ နိုင်ငံရေး ၊ တော်လှန်ရေး သမား
၎ ။ အာဏာရှင်နဲ့ အချောင် သမား
မြန်မာပြည်က ဘယ်လမ်း ဖောက်တာ ဘယ်သူ လျှောက်ခွင့် ပေးတာရနေတာ
ဘယ်သူတွေ အကျိုးရှိ ခံစားနေတာ သေချာ သိဖို့ လိုတယ် ။ မသိရင်
ကိုယ်လျှောက်တဲ့ လမ်းမှာ ကားနဲ့ ပါ တိုက် ၊ ပါးကို ထပ်ပြီး ရိုက်ခံရမယ် ။
ကိုယ်နေတဲ့ အိမ် ၊ သူ ကားမောင်းတဲ့ လမ်း အတွက် ဖျက် ခံရမယ် ။
ကိုယ်မွေးတဲ့ သားသမီး သူ့အတွက် အခိုင်းစေ အလုပ်သမား ခိုင်းစာခံရ သူ့ အလိုကျ ကာကွယ် ရမယ် ။ တကယ် ငြိမ်းချမ်းဖို့ သူ့ဖို့ အတွက် လုပ်ပေးရမယ် ။ ညီမျှတဲ့ စေတနာ ကောင်းမွန်တဲ့ စိတ် မပါရင် ဖောက်တဲ့ လမ်းတောင် မညီမညာ မခိုင် ဖောက်ပြီး ရေလွှမ်း ၊ အမှိုက် ၊ ရှုတ်ပြီ စီးပွား မဖြစ်ဘဲ သမီး ၊ သား ပစ် ။ အလုပ် လုပ်လဲ အဖတ် မတင် ပင်ပန်း ဆင်းရဲပြီး ငမွဲကနေ တက်မှာ မဟုတ်ပါဘူး ။
လုပ်သမျှ အားလုံး အာဏာရှင် လူတစ်စုနဲ့ စီးပွားရေး အချောင်သာ အပေါ်ဆီက ထိုင်စား ပေရုံဘဲ ဖြစ်မှာ ပါ ။ တတိုင်းပြည်လုံး ကုန်ရုန်း လုပ်လဲ မတိုးတက် ၊ မချမ်းသာ ပါဘူး ။ ဒီလိုနဲ့ သေ ၊ ဒီလိုဘဲ နေသွားရမှာ ပါ ။ ကိုယ်တိုင် ဖောက်တဲ့ လမ်း မဟုတ်ရင် သူများ လမ်းဆိုရင် သူ့ အလိုတိုင်း လုပ်ရမယ် ။ ဒါမှ နားမလည်းရင် လဲ တန်ရာတန်ရာ ကံတရား ပေါ့ ။ ကိုယ် မလုပ်ရင် ဘာမှ မမျှော်ပါနဲ့ ။
ကစား မလား နား မလား
နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု့ရေး ၊ ဘာသာရေး ၊ လူ့ လောကမှာ
( က ) ကိုယ့်က ဦးဆောင် စလုပ်တာ ၊ စတိုက်တာ ရှိတယ် ။
( ခ ) အပြန်အလှန် အတိုက်အခံ ၊ ဝေဖန် ၊ ဆွေးနွေး ၊ အမှားအမှန် ပြောင်းလဲပြုပြင်တာ တခြား လုပ်ကိုင်တာတွေ ရှိတယ် ။
( ဂ ) ခတ်တုံးတုံး ဥာဏ်မွဲ ပညာ မရှိ သူ၏ ဝန်ထမ်း ဆိုသလို ရသလောက် ယူ ၊ ပေးသမျှ လက်ခံ ၊ ခိုင်းသမျှ လုပ် ၊ အားလုံးကို အဟုတ်ထင် ၊ သူ မငြိုငြင်မှ ကိုယ်ရ လိုသမျှ ဖြည့်ပေး ၊ လုပ်ပေး ရတယ် ။ ဒီလို နိုင်ငံရေးကိုတော့ အခံ သက်သက် ဂျိုထွက်တဲ့ နွားနိုင်ငံရေး သမား ပြုပြင်ရေး သမားလို့ ခေါ်တယ် ။
ကမ္ဘာမှာ ပြည်ပက တိုးတက်တာတွေ ပြောရင် ၊ လုပ်တာတွေ ပြောရင် ၊ နိုင်ငံခြား အတွေးခေါ် ၊ ပြည်ပ အမြင် ၊ ပြည်ပ လုပ်ပုံ ပြောကြပြီး အမျိုးမျိုး ဆင်ခြေပေး ၊ သူတို့ အခွင့်ရေး မရှိရင် ပယ်ထုတ် ၊ ကန်ထုတ် ၊ ပိတ်ဆို့ ၊ ကြောက်ရွံ့ ၊ ဝေဖန် ၊ တိုက်ထုတ် ဖျက်ဆီး ကြတယ် ။
ဟုတ်ပါပြီ ။ ဒါဆို ဒီမိုကရေစီ
ဆိုတာ ပြည်ပက မဟုတ်ရင် ၊ ယခု မြန်မာပြည်မှာ ဝတ်တာ ၊ စားတာတွေ ၊ ဖုံး ၊
ကွန်ပြူ တာ အစစ အရာရာတွေ ၊ စက်ရုံ လုပ်ငန်းတွေ တည်ထောင် ချင်တာ ၊ ခေတ်မှီ
လက်နက် တိုးတက် ချင်တာတွေ ၊ လေ့လာ သင်ကြား နေရတာတွေ ပြည်ပက မဟုတ်ရင်
မင်းတို့ အမေလင် လက်ထက်ကနေ ရှိနေ တာလား ။ မင်းအမေ လင်တွေက တတ်လာတာ လား ။
ပြည်ပ အတွေးအခေါ် ပညာ အရာရာ အားလုံးကို လူတွေ လုပ်ထား တာ ။ မြန်မာပြည်က
ခေါင်းဆောင်းတွေက လူမဟုတ်လို့ လက်မခံတာ လား ၊ ကြောက်နေတာ လား ။ ပြည်ပက
ပြန်လာ လုပ်ပေးတဲ့ မြန်မာတွေက လူ မဟုတ်လို့ လား ။ နတ်ဖြစ် ကုန်တာ လား ။
ပြည်တွင်းက တော်သူတွေ လုပ်နိုင် သူတွေ ကရော ဘာလို့ လုပ်ပိုင်ခွင့် ပိတ်တာ
လဲ ။
နတ်တွေမို့ လား ။ အတွေးအခေါ် သေးရင် ၊ အမြင် ကျဉ်းရင် ၊ သံကို
တူနဲ့ ထုတဲ့ ဘဝ ၊ မီးဖိုကို မီးပြောင်နဲ့ ဖင်ထောင် မှုတ် ၊ ပူရင်
ယပ်တောင်နဲ့ ခတ် ၊ ခြင်ကိုက်ရင် ခြင်ဆေးတိုင် ထွန်းတဲ့ ဘဝထက် မတိုးတက် ဘူး ။
လူမှန် ၊ နေရာမှန် မဟုတ်ရင် မတိုးတက် ဘူး ။ ဆိုက်ကား သမားကို ကွန်ပြူ တာ အလုပ်ကို အတင်း လုပ်ခိုင်းရင် ၊ ကွန်ပြူ တာ ပေါင်တာ ရောင်းစားတာဘဲ ဖြစ်မယ် ။ နိုင်ငံတော် လွှတ်တော်နဲ့ နိုင်ငံ အုပ်ချုပ်တဲ့ လူတွေ အတွေးခေါ် ဥာဏ် အမြော်အမြင် စိတ် သဘောထား မကောင်းရင် တိုင်းရင်းသား ပြည်သူတွေ ၊ လယ်သမား ၊ အလုပ်သမား ၊ အိမ်ဖော် ၊ ရောင်းစား ၊ ပေါင်စား ခံရတာဘဲ ဖြစ်မယ် ။ ငြိမ်းချမ်းဖို့ ဆိုတာ စစ်ပွဲရပ် ယုံ တစ်ခုထဲ မက ဘူးဆိုတာ နားလည် ပါ ။
၁ ။ တရား မျှတ ရှိရမယ် ။
၂ ။ လူ့ အခွင်ရေးနဲ့ ဒီမိုကရေစီ ခေါင်းဆောင် လမ်းစဉ် ရှိရမယ် ။
၃ ။ ငြိမ်းချမ်းရေးကို ကာကွယ် ၊ နိုင်ငံတော် အပေါ်သာ ချစ်တဲ့ တိုင်းရင်းသား ပြည်သူဘက်က ရပ်တည်တဲ့ ကာကွယ်တဲ့ တပ်မတော် ရှိရမယ် ။
၎ ။ တိုင်းရင်းသား ပြည်သူတွေနဲ့ တသားထဲ ရှိရမယ် ။
တပ်မတော် ဆိုတာ ဘာလဲ ။
တပ် .... ဆိုတာ တပ်ရဲ့ အကြောင်းကို ကျနော် သိခဲ့တဲ့ အဓိပ္ပါယ်က
တိုင်းရင်းသား ပြည်သူတွေက မွေးဖွားပေး လိုက်သော တိုင်းရင်းသား ပြည်သူသားများ စုစည်း တည်ထောင် ထားသော အဖွဲ့အစည်း ဖြစ်တယ် ။ တိုင်းရင်းသား ပြည်သူ့ အခွန် ၊ တိုင်းရင်းသား ပြည်သူ့ မေတ္တာက မွေးဖွား လာတဲ့ အခွင့်ထူးခံ လူတန်းစား မဟုတ်ဘူး ။ ဗိုလ် သင်တန်း တက်ပြီး နေရာယူ လုပ်စားဖို့ မဟုတ်ဘူး ။
မ .... ဆိုတာက ပြည်နယ် ၊ ပြည်မ မားမားမတ်မတ် မတည် နိုင်ဖို့ ၊ မတည်မငြိမ် ပြည်တွင်း ၊ ပြည်ပက အကျိုး ပျက်စီးမှု ကာကွယ်ဖို့ ၊ လူ တစ်စုကို ကာကွယ်ဖို့ မဟုတ်ဘူး ။ တိုင်းရင်းသား ပြည်သူ လူထုကို ကာကွယ်ဖို့ ဖြစ်တယ် ။
တော် .... ဆိုတာ နိုင်ငံတော်ကို ပြည်ပရန်ကို ကာကွယ်ဖို့ ၊ အမျိုး ၊ ဘာသာ ၊
သာသနာ ၊ ရေ ၊ မြေ ၊ တောတောင် ၊ လူမျိုး ၊ သယံဇာတ အားလုံးကို ကာကွယ်ဖို့ ဘဲ
ဖြစ်တယ် ။
အဲဒီထဲကမှ စိတ်ဓာတ် ကြံ့ခိုင်သူ ၊ ကိုယ်ခန္ဓာ ၊ စာရိတ္တ
ကောင်းတဲ့ ယောင်္ကျား ပီသ သူတွေကို ရွေးချယ် စစ်ထုတ်ပြီး စစ်သား လုပ်ခိုင်းတာ
ဖြစ်တယ် ။ ခုတော့ ယောင်္ကျား ပီသ သူတွေ ဘယ်မလဲ ? ။ အခုတော့ တကယ့် ပီသတဲ့
စစ်သားတွေ မရှိဘူး ။
တိုင်းပြည်ရဲ့ ကံကြမ္မာ ဥာဏ် တစ်ထွားနဲ့ လက်နက်မိုး ၊ အုပ်ချုပ် ၊ ငြိမ်းချမ်းရေး လုပ်ချင် သလို လုပ်နေ ကြတယ် ။
တရား ဥပဒေ မစိုးမိုး နိုင်တဲ့ အတုပ အုပ်ချုပ်ရေးမှာ ဂိုဏ်စတား သာသာတွေ ဗိုလ်ကျတဲ့ နေရာပဲလို့ ခေါ်ဆို နိုင်တယ် ။ ဒီမိုကရေစီ မခေါ်နိုင်သော ၂၀၀၈နဲ့ ဂိုဏ်စတား လူ တစ်စုအောက်မှာ တိုင်းရင်းသား ပြည်သူတွေက ဆင်းရဲပြီး ဆဲရင်း ဆဲရင်းနဲ့ ကမောက်ကမ ဖြစ်မယ် ။ အိမ်ပျောက် ၊ မြေပျောက် ၊ အိမ်ဖော် ဘဝ ရောက်မယ်
နိုင်ငံတော် ဌာနဆိုင်ရာတွေမှာ ငွေရှိသူ တရုတ် ၊ ကုလားတွေက အုပ်ချုပ်ရေးနဲ့ မဆိုင်ပဲ ၊ ဘာ တာဝန်မှ မရှိပဲ စိုးမိုး လမ်းသလား ၊ ထိုးဖောက် ဝင်ရောက် နေတယ် ။ နိုင်ငံတော် ဘာသာ စကားတွေ ဖျက်နေတာ ဖြစ်တယ် ။ အဲဒီတော့ ဒီလိုဘဲ ထားပြီးတော့ ဘာမှ မလုပ်ပဲ နားမလား ? ။ ကလေး ဘဝက အတိုင်း ပြောရရင် ရှုံးပြီထင် ရပ်ချင် ကြတာ ၊ အလျှော့ ပေးချင် ကြတာ ဖြစ်နေတယ် ။ အနာဂတ် တိုင်ပြည် အရေးကို မမျှော်တွေးတဲ့ သူတွေကို မေး ပါရစေ ။
ကစား မလား နား မလား ။
ဒီ အတိုင်းဘဲ လက်ခံ မလား ။
ဘယ် လမ်းကို လျှောက်ပြီး ဘာကို ကြောက်လို့ ကစား မလား ၊ နား မလား ။
Oo Aung ၊ ဇိုင်ဝါးလေး