အတိတ် ဘ၀ က အကုသိုလ် များက ချောက်လှန် .နေတယ် S1 alias လက် ညှိုး ညွှန်ရာ ဒုက္ခ ရောက် ကြ ရတဲ. အက်စ ၀မ်း alias တွ င်း (၁)

0 views
Skip to first unread message

Hla Myint

unread,
Jun 22, 2015, 11:44:30 PM6/22/15
to saya...@googlegroups.com

အတိတ် ဘ၀ က အကုသိုလ် များက ချောက်လှန် .နေတယ်
S1
alias လက် ညှိုး ညွှန်ရာ ဒုက္ခ ရောက် ကြ ရတဲ. အက်စ ၀မ်း
alias တွ င်း (၁)
alias ၀န်ကြီး ချုပ်
alias မိတ်ကပ်လူး တဲ. ဒူးဒူး
alias လက်နက်မဲ. သူတွေကို အသေ " ပြစ် ရဲတဲ. သတ္တိခဲ သားသတ်သမား ဦးနေ၀င်း ရဲ. ထီးတော်မိုး
alias Director General of most-feared detention centers ( torture centers).
အတိတ် ဘ၀ က အကုသိုလ် များက ချောက်လှန် .နေတယ်

Ko Nyo's photo.

ဗိုလ်ခင်ညွန့်တို့ တုန်လှုပ်နေတယ်..။
မီဒီယာဟာ တစ္ဆေသရဲမဟုတ်၊
ကြေးမုံမှန်တချပ်သာဖြစ်တယ်၊
ကိုယ့်ပုံရိပ်ကိုယ်..မထိတ်လန့်ပါနဲ့..။

အတိတ်က ကိုယ်မတရားပြုခဲ့တာတွေ..ကိုယ်တိုင်ပြန်မကြားရဲတော့တာ..
ဦးခင်ညွန့်မှမဟုတ်၊ စစ်အာဏာရှင်တွေ အားလုံးပဲ.။

အကြောင်း နဲ့ အကျိုး တရားကို လက်မခံနိုင်ရင် ဘယ်တရားကို ယုံကြည်သလဲလို့ မေးခွန်းထုတ်ရမယ်။
အကြောင်းမရှိပဲ ဘယ်အရာမှ အကျိုးမဖြစ်ထွန်းဘူး။
သူတို့ ယုံကြည်တဲ့ဆိုတဲ့ ဗုဒ္ဓရှင် ကိုယ်တိုင်ဟောကြားခဲ့တဲ့ ဓမ္မစစ်ကို လက်မခံနိုင်ပဲ ငါတို့က ထေရ၀ါဒ ဗုဒ္ဓဘာသာလို့ ကြွေးကြော်မနေပါနဲ့..။

တချိန်က ကိုယ်တိုင် ဥပဒေမဲ့ ထင်သလို ရိုင်းပျ၊ လူမဆန် နှိပ်ကွပ် အာဏာအရူးအမူးဖြစ်ခဲ့တာကို ပြန်မကြားရဲတော့သလို၊
အချောင် ကိုယ်ကျိုးဖက် စီးပွားရှာ၊ ဥစ္စာဓနကို လုယက် ကြောင်တောင်နှိုက်ပြီး ပြည်သူတွေ မျက်ရေ နဲ့ ကြွယ်ဝနေတာကိုလည်း ပြည်ဖုံးကားချချင်နေကြတယ်။

ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသလို.သူတို့ဟာ.. မသေခင်ကတည်းက ၀ဋ်လည်နေပြီ.။
ကိုယ့်အပြုအမူ၊ ကိုယ့်ပုံရိပ်တောင် ကိုယ်ပြန်မမြင်ရဲ မကြားရဲလောက်အောင် ဆောက်တည်ရာမရဖြစ်နေပြီ။
စစ်အာဏာရှင်တွေ အရမ်းကြောက်ဒူးတုန်နေတယ်။
ဂနာမငြိမ်ဖြစ်နေတယ်။

ဘယ်သူမပြုမိမိမှုပါပဲ.။
ကိုယ်ပြုသမျှ ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ.။
ကောင်းတာလုပ်ရင် စိတ်ဓာတ် တည်ငြိမ်၊ အိနြေင်္ ဂုဏ်သိက္ခာနဲ့
ကောင်းတဲ့အကျိုးချမ်းသာခံစားရမှာမလွဲ.။
မကောင်းတဲ့ ကံကို ကျူးလွန်ရင် သွေးလေခြောက်ခြားပြီးဆောက်တည်ရာမရ..ကိုယ်မတရားပြုခဲ့သမျှ မကြားရဲ.မမြင်ရဲ၊ မဖတ်ရဲအောင်ဖြစ်မှာပဲ..။

အဆိုး၊ အကောင်း၊ အကျိုး အကြောင်းကို ဝေဖန်တာ မနာခံရဲရင် အာဏာရှင်စနစ်ကိုသာ ဗြောင်ကြေငြာပြီး အုပ်ချုပ်ကြပါ။
ဒီမိုကရေစီနဲ့ မတန်မရာသူတွေဆိုတာ အာဏာရှင်စိတ်ဓာတ်ရှိသူတွေသာဖြစ်တယ်။
အာဏာရှင်စိတ်နဲ့ ဒီမိုကရေစီစနစ် တည်ဆောက်လို့မရပါ။
မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုတာ.အာဏာရှင်တွေ စည်းစိမ်ခံရေးကြွေးကြော်သံပါ။
ကိုယ့်နိုင်ငံသားချင်း နှိပ်စက်ကျွန်ပြုရေး လမ်းစဉ်ပါ။
ဒီမိုကရေစီမှာ မြန်မာ့နည်း၊ အင်္ဂလန်နည်း လို့မရှိပါ။ မယုံရင် စာဖတ်ပါ၊ လေ့လာကြည့်ပါ။
ဒီမိုကရေစီဆိုတာ ကျင့်ဝတ်တစ်ခုလည်းဖြစ်တယ်။
လူအချင်းချင်း လေးစား ချစ်ခင်မှုပေါ် အခြေခံတဲ့ ကျင့်ဝတ်ဖြစ်တယ်။
ဆူငေါက်အော်ဟစ်ကြိမ်းမောင်းတာ ဒီမိုကရေစီ ကျင့်ဝတ်မဟုတ်၊ အာဏာရှင်စရိုက်ဖြစ်တယ်။

မြန်မာတွေဟာ အဆင့်အတန်းမှီ ဒီမိုကရေစီနဲ့ မထိုက်တန်သူတွေမဟုတ်ဘူး။
မြန်မာတွေဟာ ကျွန်မဟုတ်၊ အတွေးအခေါ်ကင်းမဲ့သူတွေမဟုတ်၊
အဆိုးအကောင်း၊ အကျိုး အကြောင်းနဲ့ ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်သူတွေဖြစ်တယ်။
ဗိုလ်ခင်ညွန့်တို့လို အာဏာရှင်တွေက အရိုင်းအစိုင်းဇာတ်ကို အတင်းအဓမ္မ ကနေလို့ တိုင်းပြည်ရဲ့ စိတ်ဓာတ်ရေးရာ ယဉ်ကျေးမှုတွေ ပြာဖုံးနေတာပါ။
အာဏာရှင်စိတ်တွေ ပျောက်သွားရင် အကုသိုလ် ပြာမှုံတွေပါ လွင့်စင်သွားပါလိမ့်မယ်။

မီဒီယာဟာ တစ္ဆေ သရဲမဟုတ်ပါ။
မီဒီယာဆိုတာ ကြေးမုံပြင်ဖြစ်တယ်။
ကိုယ်ပြုသမျှ အမှား၊ အမှန် ရောင်ပြန်ထင်ဟတ်တဲ့အရာပါ။
စစ်အာဏာရှင်တွေ၊ မတရားသူတွေ
မီဒီယာကို ကြေးမုံပြင်လို့ မမြင်ရဲပဲ တစ္ဆေ သရဲ လိုမြင်ပြီး ကြောက်ရွံ့နေတာ
ကိုယ်တိုင်က အကုသိုလ်တွေ ကျူးလွန်နေလို့..
မကောင်းမှုတွေ ပြန်လည် ရောင်ပြန်အဟတ်ခံရတာဖြစ်တယ်။
ကိုညို( အော်စလို)

Like · Comment · Share
Reply all
Reply to author
Forward
0 new messages