ဧရာဝတီအတွက် စာပေဟောပြောပွဲ အစည်းအဝေး

17 views
Skip to first unread message

Zaw Nyi Nyi Oo -oo

unread,
Sep 17, 2011, 2:28:54 PM9/17/11
to saveir...@googlegroups.com, jns...@gmail.com, U Bo, happ...@gmail.com, aung...@gmail.com, myatm...@gmail.com, garmani, ပိုင်မင်းဦး, ko Nay Win Soe
ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများခင်ဗျား....
ဒီနေ့(၁၇.၉.၂၀၁၁)တွင် Fort Canning Park, Singapore ၌ စာပေဟောပြောပွဲအတွက် အစည်းအဝေးကျင်းပဖြစ်ပါတယ်။
အစည်းဝေးတွင် ဆွေးနွေးသည်များမှာ....
၁) ဖိတ်ကြားမည့်ဆရာများ
     - ဆရာအော်ပီကျယ်
     - ဒေါက်တာထွန်းလွင်
     - ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) (သို့) ဆရာကိုတာ

၂)  စပွန်စာရှာရန်
     - မိန်းစပွန်စာ(၃)ဦး၊ တဦးလျှင် အနည်းဆုံး စင်္ကာပူဒေါ်လာ ၁၀၀၀
     - ကိုစပွန်စာများ၊ တဦးလျှင် အနည်းဆုံး စင်္ကာပူဒေါ်လာ ၃၀၀

၃) ပိုလျှံလာသောကုသိုလ်ငွေများကို မြန်မာပြည်တွင်းမှ စာပေဟောပြောပွဲများကျင်းပမည့် ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများ အဖွဲ့သို့ လှူဒါန်းသွားမည်။

၎) ဟောပြောပွဲ ပါမစ်တင်ရန်

၅) ခန်းမ ငှားရန်

၆) ပန့်ဖလတ်၊ ကြော်ငြာစာအုပ်၊ လက်မှတ်၊ ဒီဇိုင်းပိတ်ကား စသည်ပြုလုပ်ရန်

စပ်ကော်မတီများ

ဟောပြောပွဲပါမစ်စပ်ကော်မတီ - ဦးဘို
                                       - ကိုရဲမင်း
                                       - ကိုဂျာနော်

 ခန်းမငှားရေးစပ်ကော်မတီ     - ကိုညီညီမျိုး
                                       - ကိုရဲမျိုး
                                       - ကိုပိုင်မင်းဦး
                                  
ဘဏ္ဍာရေး                         - မခိုင်ခိုင်စိုး
                                       - မခိုင်ဇာမင်း
                                       - မကြည်ဝါထွန်း

ဈေးကွက်ရှာဖွေရေးစပ်ကော်မတီ - ဦးဘို
                                          - ကိုညီညီမျိုး
                                          - ကိုဟိန်းထိုက်ဈာန်

ကြော်ငြာစာအုပ်စပ်ကော်မတီ  - ဦးဘို
                                       - ကိုဟိန်းထိုက်ဈာန်
                                       - ကိုဇော်ညီညီဦး

ဆက်သွယ်ရေးနှင့်ပျံ့နှံ့ရေး    - ကိုဟိန်းထိုက်ဈာန်
                                        - ကိုဂျိမ်း

ဧည့်ခံကျိုဆိုရေး နှင့်နေရာချထားရေး - ကိုရဲမျိုး
                                                  - ကိုဇော်ညီညီဦး

ဒီဇိုင်းစပ်ကော်မတီ - ကိုညီညီမျိုး
                         - ကိုဟိန်းထိုက်ဈာန်

လက်မှတ်များကို ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများ အဖွဲ့ဝင်တိုင်းက ရောင်းချကြမည်။
ဟောပြောပွဲနေ့ကို ၂၃.၁၀.၂၀၁၁ ဟုသတ်မှတ်သည်။


(ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများ(စင်္ကပူ)၏ အဖွဲ့ဝင်စာရင်းအားနောက်အီးမေးလ်တွင်ပေးပို့ပါမည်။)





--
"စိတ်ထားကောင်းဖို့ ပထမ။" အရှင်ဇနကာဘိဝံသ"

ညီညီ

ဟိန်းထိုက်ဈာန်

unread,
Sep 18, 2011, 12:34:35 AM9/18/11
to saveir...@googlegroups.com, ဂျာနော်, jns...@gmail.com, U Bo, happ...@gmail.com, aung...@gmail.com, myatm...@gmail.com, garmani, ပိုင်မင်းဦး, ko Nay Win Soe

ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများခင်ဗျား....


စာပေဟောပြောပွဲ အတွက် နည်းနည်းလေးပို အသေးစိတ်သွားအောင် ကျွန်တော်ကောက်ကြောင်းဖော်ကြည့်မိတာလေးတွေကို ရေးပေးလိုက်ပါတယ်။ ညက ကိုဇော်ညီညီဦးပို့ထားတဲ့ အီးမေးကလည်းတော်တော်လေး ပြည့်စုံသလောက်ရှိပါပြီ။

ပထမဆုံးအနေနဲ့ အစည်းအဝေးပြီးတော့မှ ကျွန်တော်တို့ တိုးချဲ့ဖြစ်သွားတဲ့ အစီအစဉ်တစ်ခုကို အားလုံးသိရအောင် ပြောပြချင်ပါသေးတယ်။

ဖိတ်ကြားမယ့်ဆရာတွေကတော့ ပထမလျာထားတဲ့ဆရာတွေသာဖြစ်ပါတယ်။ ဆရာအော်ပီကျယ် ၊ ၊ဒေါက်တာထွန်းလွင် ၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) (သို့) ဆရာကိုတာ။

ကျွန်တော်တို့ ထိုဆရာများအပြင် ပရိသတ်အတွက် ပိုမိုစိတ်ဝင်စားစရာဖြစ်လာနိုင်အောင် ဧရာဝတီကိစ္စနဲ့ ပတိသက်ပြီး စိတ်ဝင်တစားဆောင်ရွက်နေကြတဲ့  မြန်မာပြည်နယ်ပယ်အသီးသီး အရပ်ရပ်မှ ထင်ရှားကျော်ကြားသူများရဲ့ ဧရာဝတီ ထာဝရရှင်သန်ရေးအတွက် မှတ်ချက်စကားများကို ဗွီဒီယိုမှတ်တမ်းတိုလေးတွေအနေနဲ့ (၁ မိနစ်၊ ၂ မိနစ်၊ ၃ မိနစ်၊ အများဆုံး ၅ မိနစ်) ပြသသွားဖို့ စီစဉ်ထားပါသေးတယ်။ ထို့အတွက် အခမ်းအနား တင်ဆက်မှု အစီအစဉ် အသေးစိတ်ကို ကျွန်တော်တို့ အားလုံးစုပြီး ထပ်မံ သေချာရေးဆွဲသွားဖို့ရှိပါတယ်။ အကြမ်းဖျင်းလျာထားချက်ကတော့ ဆရာတစ်ဦး နဲ့ တစ်ဦး အကူးအပြောင်း ကြားကာလမှာ ပြသသွားဖို့ စဉ်းစားထားပါတယ်။

ဗွီဒီယိုမှတ်တမ်းတွင် ပါဝင်ပြောကြားရန်လျာထားသော ဆရာ/ဆရာမများ။

ဆက်သွယ်ပြောကြားပြီး၊ သဘောတူညီထားသော ဆရာများစာရင်း။

၁. ဦးအောင်သင်း

၂. လူထုဦးစိန်ဝင်း

၂. ဦးညိုမောင်

၃. ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)

၎. မောင်ဝံသ

၅. ညီပုလေး

၆. ကျော်ရင်မြင့်

ဆက်သွယ်နေဆဲဖြစ်ပြီး ပါဝင်နိုင်ရန် လျာထားသော ဆရာ/ဆရာမများ။

၁. ဒေါ်အောင်ဆန်းစုကြည်

၂. ဦးဝင်းတင်

၃. ဒဂုန်တာရာ

၎. ဂျူး

၅. ကျော်သူ

၆. ဒါရိုက်တာမင်းထင်ကိုကိုကြီး

ရ. ဒါရိုက်တာချိုတူးဇော်

၈. မြင့်မိုးအောင်

၉. လေးဖြူ

၁၀. ဇော်ဝင်းထွဋ်

၁၁. မောင်စိမ်းနီ (ကဗျာဆရာ)

၁၂. သစ္စာနီ (ကဗျာဆရာ၊ စာရေးဆရာ)

၁၃. လှသန်း (သို့) ကြည်မောင်သန်း (ကဗျာဆရာ)

၁၃. မြင့်မောင်ကျော် (ဒီဇိုင်း)


စုစုပေါင်း ၂၀ လောက်ပါဝင်ဖို့ ရည်မှန်းထားပါတယ်။ တစ်ဦးကို ပျမ်းမျှ ၂ မိနစ်နှုန်းနဲ့ ဆိုရင် အချိန် မိနစ် ၄၀ လောက်ပိုသွားမှာ ဖြစ်ပါတယ်။ စစချင်း ၅ ဦး၊ (၁၀) မိနစ်။ ပထမဆရာဟောပြောပြီးချိန် ၅ ဦး၊ (၁၀) မိနစ်။ ဒုတိယဆရာဟောပြောပြီးချိန် ၅ ဦး၊ (၁၀) မိနစ်။  တတိယဆရာဟောပြောပြီးချိန် အပြီးသတ်မှာ  ၅ ဦး၊ (၁၀) မိနစ်။ စုစုပေါင်း မိနစ် ၄၀၊ ဆိုကြပါစို့ရဲ့ ..တစ်နာရီလောက် အချိန်ပိုကြာသွားပါလိမ့်မယ်။ အားလုံးဝိုင်းဝန်းအကြံပြုပေးနိုင်ပါတယ်။

စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ လုပ်ငန်းစဉ်များကို အပိုင်း (၃)ပိုင်းခွဲခြားလိုပါတယ်။

၁. စာပေဟောပြောပွဲ ဖြစ်မြောက်လာရေးအတွက် လုပ်ငန်းဆောင်တာများ။

၂. စာပေဟောပြောပွဲ ကျင်းပနေစဉ်တွင်း လုပ်ဆောင်ရန် ကိစ္စများ။ (အခမ်းအနား တင်ဆက်မှု အစီအစဉ် စသည်ဖြင့်)

၃. စာပေဟောပြောပွဲ ပြီးစီးသွားသောအခါဆောင်ရွက်ရန် ကိစ္စများ။

အသေးစိတ်အချက်အလက်များကို အောက်တွင်ကြည့်ရှုနိုင်ပါတယ်။ (ကိုဇော်ညီညီဦး အီးမေးကိုပဲ ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။)လိုအပ်တာများကိုလည်း ဖြည့်စွက် အကြံပြုပေးကြစေလိုပါတယ်။ တာဝန်ယူဆောင်ရွက်မယ့်သူများမှ တချို့သည် ခေါင်းစဉ်တော်တော်များများအောက်တွင် ပါဝင်နေသည်ကိုတွေ့ရပါတယ်။ အခြားကော်မတီဝင်များအနေနဲ့ မိမိတို့နာမည်မပါသော်လည်း လုပ်ဆောင်ပေးနိုင်မည်ဆိုပါက မိမိကိုယ်မိမိ အဆိုပြုအမည်တင်သွင်းနိုင်ပါတယ်။ အားလုံးတက်ညီ လက်ညီနဲ့ ပါဝင်ဆောင်ရွက်ပေးနိုင်ကြမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်ပါလိမ့်မယ်ခင်ဗျား။

၁. စာပေဟောပြောပွဲ ဖြစ်မြောက်လာရေးအတွက် လုပ်ငန်းဆောင်တာများ။

စဉ်

ဆောင်ရွက်ရန်ကိစ္စများ

တာဝန်ယူဆောင်ရွက်မည့်သူ

ပြီးစီးမှု

၁.

ဟောပြောပွဲ ပါမစ်တင်ရန်

၁. ကိုဘိုဘိုဝင်း

၂. ကိုဂျာနော်

၃. ကိုရဲမင်း

 

၂.

ခန်းမငှားရန်

၁. ကိုညီညီမျိုး
၂. ကိုရဲမျိုး
၃. ကိုပိုင်မင်းဦး

 

၃.

ဈေးကွက်ရှာဖွေရေးဆပ်ကော်မတီ  (စပွန်ဆာရှာရေးအတွက် ရေးသားရန်စာတမ်းပါပြု  စုရန်။)

၁. ကိုဘိုဘိုဝင်း

၂. ကိုညီညီမျိုး
၃. ကိုဟိန်းထိုက်ဈာန်
၎. ကိုဇော်ညီညီဦး

ကိုဘိုဘိုဝင်းမှ ရေးသားပြီးစီး။

၎.

ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများ စာလုံးဒီဇိုင်း။

၁. ကိုညီညီမျိုး

 

၅.

ပန့်ဖလတ်၊ ကြော်ငြာစာအုပ်၊ လက်မှတ်၊ ဒီဇိုင်းပိတ်ကား စသည်ပြုလုပ်ရန် ဆပ်ကော်မတီ။

(စပွန်ဆာကုမ္ပဏီများအတွက် ကြော်ငြာဆလိုက်နှင့် စာသားများဖန်တီးပေးရန် အပါအ၀င်)

 

 

၆.

ဘဏ္ဍာရေး  

(အကောင့်အသစ်ဖွင့်ရန်၊ အိုင်ဘဏ်ကင်းလုပ်ရန်၊ အိုင်ဘဏ်ကင်းမှ စစ်ဆေးရရှိသော ၀င်/ထွက်ငွေစာရင်းများကို ကော်မတီဝင်အားလုံးထံ လစဉ်ထုတ်ပြန်ပေးရန်။)

၁. မခိုင်ခိုင်စိုး

၂. မခိုင်ဇာမင်း
၃. မကြည်ဝါထွန်း

 

၇.

ဗွီဒီယိုဖိုင်များရရှိရန်ဆက်သွယ်ဆောင်ရွက်ခြင်း။

၁. ကိုဘိုဘိုဝင်း

၂. ကိုညီညီမျိုး

 

၈.

ဧရာဝတီ တီရှပ်မှာယူရန်

၁. ကိုညီညီမျိုး

 

၉.

ဧရာဝတီ စာအုပ်မှာယူရန်

၁. ကိုညီညီမျိုး

 

၁၀.

 

 

 

 

အသေးစိတ်အချက်အလက်များကို ဆက်လက်ပြီး ရေးသားပေးပါဦးမယ်။

အခြားတွေးမိတာများရှိပါက မည်သူမဆို ၀င်ရောက်ဖြည့်စွက်ရေးသားနိုင်ပါကြောင်း။

ခင်မင်လေးစားလျက်

ဟိန်းထိုက်ဈာန်



2011/9/18 Zaw Nyi Nyi Oo -oo <zawny...@gmail.com>

win mgthant

unread,
Sep 18, 2011, 1:32:25 AM9/18/11
to saveir...@googlegroups.com
noted & thanks!
brgds

2011/9/17 ဟိန်းထိုက်ဈာန် <heinht...@gmail.com>

eain dra

unread,
Sep 18, 2011, 1:07:46 PM9/18/11
to saveir...@googlegroups.com, jns...@gmail.com, U Bo, happ...@gmail.com, aung...@gmail.com, myatm...@gmail.com, garmani, ပိုင်မင်းဦး, ko Nay Win Soe
ကိုဘိုဘိုဝင်း ၊ ကိုဟိန်းထိုက်ဈာန်နဲ့ ဧရာဝတီကို အဖွဲ့သားများထံ

ဒါရိုက်တာ ကိုချိုတူးဇော်နဲ့ အဆက်အသွယ်ရပြီး၊

လုပ်ပေးမှာပေါ့ ညီမရေ..
 တခု စဉ်းစားမိတယ်။ skype သုံးပြီးပြောတာ ပိုမကောင်းဘူးလား အခွေ ရိုက်ဟယ်၊ ပို့ဟယ်က တောင် ကြာနေမလားလို့ ဒီဗီဘီ အင်တာဗျူးက အဲဒီလို လုပ်ခဲ့တာ။  အဆင်ပြေ မပြေ ပြန်ပါဦး။ အကိုက ဒီလ၂၁ ရက်လောက်ကို ခရီးထွက်ရမှာ...

ချိုတူးဇော်


လို့ဆိုပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အဆင်ပြေအောင် ကျွန်မတာဝန်ယူလုပ်ဆောင်ပါ့မယ်။
ဆရာမင်းထင်ကိုကိုကြီး၊ ဆရာမြင့်မိုးအောင်တို့ ရဲ့ ဆက်သွယ်ဖို့နံပါတ်တွေရဖို့နဲ့ ဆရာဦးစိမ်းနီ ၊ ဆရာသစ္စာနီ တို့တွေကိုလည်း ဆက်သွယ်ထားပြီးပါပြီ။
အသေးစိတ် အချက်အလက်တွေ ဆက်ပြီးတင်ပြသွားပါ့မယ်

လေးစားစွာ
အိန္ဒြာ




"
2011/9/17 Zaw Nyi Nyi Oo -oo <zawny...@gmail.com>

win mgthant

unread,
Sep 18, 2011, 7:36:13 PM9/18/11
to saveir...@googlegroups.com
ကျေးဇူးပါခင်ဗျာ။

2011/9/18 eain dra <eaind...@gmail.com>

eain dra

unread,
Sep 18, 2011, 7:49:34 PM9/18/11
to saveir...@googlegroups.com
ကိုဘိုဘိုဝင်း နှင့် အဖွဲ့သားများထံ

ကိုဘိုဘိုဝင်းရေ..

တာဝန်ယူထားတဲ့ လုပ်ကိုင်ဆောင်ရွက်ထားတဲ့ လုပ်ငန်းဆောင်တာ အားလုံးကို စနစ်တကျ စုစည်းတင်ပြေပေးသွားမှာဖြစ်ပါတယ်။
အခုက ပထမအဆင့်အနေနဲ့ စတင်အကောင်အထည်ဖေါ်နေပြီဖြစ်တဲ့ အကြောင်းကြားလိုက်တာပါ။


ခင်မင်လေးစားစွာ

အိန္ဒြာ

2011/9/18 win mgthant <win.m...@gmail.com>

Nyi Nyi Myo

unread,
Sep 18, 2011, 8:48:12 PM9/18/11
to saveir...@googlegroups.com, c2 hololu, khine khine, pain...@googlemail.com
ကျော်ကျော်အောင်ရေ Group Name မှာ Save Irrawaddy Group လို့ဆိုမယ့်အစား Irrawaddy Forever Group (ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ) ဆိုပိုပြီး သင့်တော်မယ်ထင်ပါတယ်။
Dr.Than Htut Aung စကားအပြင် ပိုပြီးလေးနက်အောင် EIA Report ထဲက အောက်ကစာပိုက်လေးကို ထပ်ထည့်ရင်ပိုကောင်းမယ်လို့ထင်ပါတယ်။ ဇော်မင်းကိုယ်တိုင် EIA Report ကို ထည့်ပြောခဲ့ရတော့ EIA Report ကိုထည့်ပြောသင့်တယ်။
I attached some page from EIA report

ကျန်တာအားလုံး ကောင်းပါ၏

ညီညီမျိုး

2011/9/18 ဟိန်းထိုက်ဈာန် <heinht...@gmail.com>
---------- Forwarded message ----------
From: "thet htar" <lynnly...@gmail.com>
Date: 18 Sep 2011 12:58
Subject: Re: ဧရာဝတီအတွက် စာပေဟောပြောပွဲ အစည်းအဝေး
To: "ဟိန်းထိုက်ဈာန်" <heinht...@gmail.com>

draft is amended


2011/9/18 ဟိန်းထိုက်ဈာန် <heinht...@gmail.com>




--
Regards,
Nyi Nyi Myo
1.pdf
2.pdf
Reply all
Reply to author
Forward
0 new messages