ဧရာဝတီအတွက် ဗွီဒီယိုခွေများ ဖြန့်ဝေခြင်းကိစ္စ

3 views
Skip to first unread message

eain dra

unread,
Oct 8, 2011, 9:43:00 PM10/8/11
to saveir...@googlegroups.com, ကိုဘိုဘိုဝင်း, ko kzk, ဟိန်းထက်ဈန်
ဧရာဝတီအဖွဲ့သားများထံ

မိတ်ဆွေများ အားလုံးတိုင်ပင်သိရှိထားပြီးတဲ့ အတိုင်း ဧရာဝတီအတွက် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်ကြီးများရဲ့ ရင်တွင်းစကားများကို ဗွီဒီယို ကလစ်တွေ အားလုံးကို စုဆောင်းရရှိပြီးဖြစ်ပါတယ်။

စုစုပေါင်း ဆရာ ဆရာမ (၁၅)ယောက် ဖြစ်ပြီး ပါဝင်သူတွေကတော့

ဦးဝင်းတင်
ဦးတင်ဦး
ဦးအောင်သင်း
ဦးအုန်းကြိုင်
လူထုစိန်ဝင်း
မောင်ဝံသ
သစ္စာနီ
မောင်စိမ်းနီ
မောင်တင်ဆင့်
မောင်အောင်ပွင့်
ကိုရဲလွင်
ကြည်မင်း
သားထွေး( အဆိုတော်)
ဒေါက်တာဒေါ်မြင့်မြင်ခင်
ဒေါ်ဒေ၀ီသန့်စင်  တို့ဖြစ်ပါတယ်။

ပထမ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတဲ့ အတိုင်း စီဒီအနေနဲ့ ဖြန့်ဝေမယ်လို့ ရှိပေမယ့်တကယ်ဖိုင်တွေ ရောက်ရှိလာတဲ့အခါတစ်ချို့ဆရာကြီးတွေ ပြောပြပေးထားတာတွေက အတော်လေးရှည်လျားနေပြီး ဖြတ်တောက်ဖြစ်ဖို့ကိုလည်း မလုပ်သင့်သလို  တကယ့်ကို စေတနာ မေတ္တာ စိုးရိမ်ကြောင့်ကျ စိတ်တွေနဲ့ ပြောကြား အသိပေး သတိပေး ထားတာတွေ ဖြစ်တဲ့အတွက် မှတ်သားသင့်တဲ့ ထိမ်းသိမ်းထားရှိသင့်တဲ့ ဧရာဝတီရဲ့ သမိုင်းမှတ်တမ်းတွေ သက်သေ ပြယုဂ်တွေဖြစ်ပါတယ်။
ဒါကြောင့် အားလုံးကို အပြည့်အတိုင်းတင်ပြဖို့ စီစဉ်လိုက်တဲ့ အခါမှာ စီဒီအဖြစ်မရတော့ပဲ ဒီဗွီဒီအဖြစ်ပြောင်းလဲ ဖို့ စီစဉ်ရပါတယ်။
ဒီအတွက် ကုန်ကျစရိတ်များလည်း ထင်ထားတာထက်ပို များပြားလာခဲ့ပါတယ်။

အခု ဒီ ဗွီဒီယို အစီအစဉ်နဲ့ ပတ်သက်သမျှ ကုန်ကျစရိတ်အထွေထွေကို ရသအလင်းဖောင်ဒေးရှင်းအမှုဆောင် အဖွဲ့ မှ
 မေတ္တာနဲ့ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ကြောင်း နဲ့ ဧရာဝတီ အဖွဲ့ ရန်ပုံငွေထဲမှ ဒီကိစ္စနှင့် ပတ်သက်တဲ့ ကုန်ကျစရိတ်များကို ထည့်တွက်ရန် မလိုအပ်တော့ပါကြောင်း အားလုံးကို လေးစားစွာ အသိပေးအပ်ပါတယ်။

အခွေကတော့ လောလောဆည် လက်ကမ်းစာဆောင်မှာ ပါရှိထားတဲ့ အတိုင်း ပထမဆုံးလက်မှတ်ဝယ်ယူသူ ၂၀၀ကိုမေတ္တာလက်ဆောင်ပေးမည်လို့ ဖေါ်ပြထားပေမယ့် ရသအလင်းမှ ပရိတ်သတ်အားလုံးကို ပေးနိုင်အောင် အတတ်နိုင်ဆုံး စီစဉ်နေပါတယ်။ ( အနည်းဆုံးကတော့ ခွေ ၂၀၀ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ )
အသေးစိတ်သတင်းတွေနဲ့( အရေအတွက်) ကိုတော့ ထပ်မံတင်ပြပေးသွားပါမယ်။
ဖြန့်ဝေရေး အစီအစဉ်အနေနဲ့ ပရိတ်သတ်အားလုံးကို ဖြန့်ဝေနိုင်ရင်တော့ ဒံပေါက်ထုတ်များနှင့်တစ်ပါတည်း ပေးဝေမှာဖြစ်ပြီး
အခွေ(၂၀၀)တည်းသာဖြစ်ခဲ့ရင်တော့ ရသအလင်းအဖွဲ့သားတွေက အခွေများ ဝေငှဖို့ အတွက်တာဝန်ယူလုပ်ဆောင်ပေးသွားပါ့မယ်။

စလိုက်ရှိုးအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အစီအစဉ်ပါလာတဲ့ အတွက်ရယ်၊ လက်ရှိရပ်တန့်ထားတဲ့ အနေအထားတွေအတွက်ရယ်ကြောင့် ဆရာတွေရဲ့စကားကို မိတ်ဆက် ပုံစံ ကောက်နှုတ်တင်ပြချက်တွေကိုသာ စပွန်စာများကြော်ငြာ အပြီးမှာ မိနစ်(၂၀)ခန့် ပြသပေးသွားမှာဖြစ်ကြောင်း---

ဧရာဝတီအဖွဲ့သားအပေါင်းကို လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါတယ်။


ဧရာဝတီ ထာဝရ ငြိမ်းချမ်းပါစေ။


အိန္ဒြာ

win mgthant

unread,
Oct 9, 2011, 8:49:46 AM10/9/11
to saveir...@googlegroups.com
ကျေးဇူးပါ ခင်ဗျား။

2011/10/8 eain dra <eaind...@gmail.com>

win mgthant

unread,
Oct 9, 2011, 9:23:01 AM10/9/11
to saveir...@googlegroups.com
DVD ကို ပွဲတက်သူအားလုံး အား ဝေငှနိုင်ရန် အကြံပြုအပ်ပါတယ်။ ရသ အလင်း ကို ကျေးဇူးတင်ပါတယ်။ ၀န် ထုပ်ဝန်ပိုးလဲ မဖြစ်စေချင်ပါ။ အားလုံး စဉ်းစား ဝေဖန်ပေးကြပါ။
early bird တွေ ဘဲ ဝေမယ်ဆို ဝေ တဲ့လူတွေမှာ အလွန်ခက်ခဲပါလိမ့်မယ်။
ဒီလို လူစေ့ ဝေငှတာဟာလဲ "ဧရာဝတီမြစ် ပြန်လည်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ကဏ္ဍ များတွင် သုံးစွဲသွားမည် ဖြစ်ပါသည် "နှင့် ဘောင်ဝင်သည် ဟု ယူဆ ပါသည်။

2011/10/9 win mgthant <win.m...@gmail.com>

eain dra

unread,
Oct 9, 2011, 10:33:42 AM10/9/11
to saveir...@googlegroups.com
ကိုဝင်းမောင်သန့် နဲ့ Dear All

DVD  ခွေကို လူတိုင်း ဝေနိုင်အောင် စီစဉ်နိုင်ပါပြီ။
ဒါကြောင့် အခွေကို ဒံပေါက်ဗူးတွေနဲ့ အတူတူ တစ်ပါတည်း ရောပြီး လွယ်လွယ်ကူကူ ဖြန့်ဝေနိုင်မှာဖြစ်ပါတယ်။
ရသအလင်းမှပဲ အားလုံးကို တာဝန်ယူပြီး မေတ္တာနှင့် ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။

လေးစားစွာ

အိန္ဒြာ


2011/10/9 win mgthant <win.m...@gmail.com>

Zaw Nyi Nyi Oo -oo

unread,
Oct 9, 2011, 10:39:35 AM10/9/11
to saveir...@googlegroups.com
ကျေးဇူးပါ ရဿအလင်းခင်ဗျားးးးးး

2011/10/9 eain dra <eaind...@gmail.com>



--
"စိတ်ထားကောင်းဖို့ ပထမ။" အရှင်ဇနကာဘိဝံသ"

ညီညီ

ဟိန်းထိုက်ဈာန်

unread,
Oct 9, 2011, 11:24:35 AM10/9/11
to saveir...@googlegroups.com
အားလုံးခင်ဗျား

ခွေကိုအားလုံးဝေနိုင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မအိန္ဒြာအထက်မှာ ပြောသွားသလိုစီစဉ်ပြီးသွားပါပြီ။ ဒီနေ့ညနေ ကိုပိုင်မင်းဦးနဲ့တွေ့တော့ သူ့ဆီကရတဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်စုံးစမ်းပြီး အားလုံးအတွက် ဖြန့်ဝေပေးသွားနိုင်အောင် စီစဉ်ခဲ့ပြီးဖြစ်ပါတယ်။
အစပထမက တစ်ခွေကို အားလုံးအပြီးအစီး ၂ ဒေါ်လာလောက်ကျမှာ ဖြစ်တာမို့ လူအရေအတွက် ကန့်သတ်လိုက်ရခြင်းဖြစ်ကြောင်းလည်း အသိပေးအပ်ပါတယ်။ ခုတော့ ဈေးလျော့လျော့ပေါ့ပေါ့နဲ့ရတာကြောင့် အားလုံးအတွက် ဖြန့်ဝေပေးပါမယ်။
ကိုပိုင်မင်းဦးရေ..ကျေးဇူးပဲဗျာ..။ ကျွန်တော်တို့အတွက် အဆင်ပြေအောင်ပြုလုပ်စီစဉ်ပေးတဲ့ Broken Wings က ကိုသုခကိုလည်းအထူးပဲကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေပြောလိုပါတယ်။
ခုလို ဒီပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်ကနေပြီး မိမိတို့ရဲ့ အားလပ်ချိန်တွေကို အသုံးချပြီး အားကြိုးမာန်တက်လုပ်ဆောင်နေကြတဲ့သူအားလုံးကို ကျွန်တော့်စိတ်ထဲမှာ ချီးကျူးလေးစားတန်ဖိုးထားမိကြောင်း စိတ်အရင်းခံသက်သက်နဲ့ ပြောလိုပါတယ်။

ခင်မင်လေးစားလျက်
ဟိန်းထိုက်ဈာန်


2011/10/9 Zaw Nyi Nyi Oo -oo <zawny...@gmail.com>

win mgthant

unread,
Oct 9, 2011, 6:59:43 PM10/9/11
to saveir...@googlegroups.com
အားလုံး ကျေးဇူးတင်ပါကြောင်း ခင်ဗျား။

2011/10/9 ဟိန်းထိုက်ဈာန် <heinht...@gmail.com>

Khaing Zar Min

unread,
Oct 9, 2011, 9:27:49 PM10/9/11
to saveir...@googlegroups.com
အရမ်းဝမ်းသာ အားတက်ရပါတယ်။ အားလုံးကို ကျေးဇူးတင်ကြောင်းပါ
လေးမြတ်စွာ
KZMin

2011/10/10 win mgthant <win.m...@gmail.com>
Reply all
Reply to author
Forward
0 new messages