SEA-ME-WE 4 ကို သွယ်တန်းရန် အစီအစဉ်ပျက်ပြယ်
“အခုအခြေအနေက ထပ်တိုးမဲ့ ရေအောက်ဆက်ကြောင်းကို ပထမစီစဉ်ထားသလို
ထပ်ပြီးတိုးချဲ့နိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီဆက်ကြောင်းကို
အစီအစဉ်အတိုင်း ဆက်လုပ်ဖြစ်မျာ မဟုတ်လောက်ဘူး”
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ထပ်မံတိုးချဲ့ သွယ်တန်းမည်ဆိုသည့် အာရှ-ဥရောပ ရေအောက်
ကေဘယ်လ်ဆက်ကြောင်းဖြစ်သည့် SEA-ME-WE 4 အား သွယ်တန်းဖြစ်မည်
မဟုတ်တော့ကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အဆိုပါ
SEA-ME-WE 4 ဆက်ကြောင်းအသစ် သွယ်တန်းမှုနှင့် ပတ်သက်ပြီး အထက်ပါတာဝန်ရှိသူက
“အခုအခြေအနေက ထပ်တိုးမဲ့ ရေအောက်ဆက်ကြောင်းကို ပထမစီစဉ်ထားသလို
ထပ်ပြီးတိုးချဲ့နိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီဆက်ကြောင်းကို
အစီအစဉ်အတိုင်း ဆက်လုပ်ဖြစ်မျာ မဟုတ်လောက်ဘူး”ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် SEA-ME-WE 3
အင်တာနက်ဆက်ကြောင်းပေါ်တွင် အခြေခံထားသည့် နယ်စပ်ဖြတ်ကျော်
အင်တာနက်ဆက်သွယ်မှုလိုင်းများကို အသုံးပြုနေသည်ဟု အထပ်ပါတာဝန်ရှိသူထံမှ
သိရသည်။ အဆိုပါ ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်း နံပါ(၄)အား
ထပ်မံသွယ်တန်းရာတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်
ချိတ်ဆက်ရန်အတွက် ယင်းနိုင်ငံနှင့်လည်း နှစ်နိုင်ငံညှိုနှိုင်းမှုများကို
ပြုလုပ်ခဲ့ပြီးမှ လက်တွေ့တွင် အကောင်အထည်ပေါ်လာခြင်း မရှိခဲ့ဟုလည်း အထက်ပါ
တာဝန်ရှိသူကဆိုသည်။ ယခုလက်ရှိအချိန်တွင် ပြည်တွင်း၏ အင်တာနက်ဆက်သွယ်မှု
ဆက်ကြောင်းများအား SEA-ME-WE 3 ပေါ်၌ အခြေခံထားသည့် ဆက်ကြောင်းများပေါ်တွင်
အသုံးပြုနေခြင်းဖြစ်သည်။ အဆိုပါဆက်ကြောင်းတွင် မြန်မာနိုင်ငံ အပါအဝင်
နိုင်ငံပေါင်း သုံးဆယ်ကျော်မှ အင်တာနက်သုံးစွဲခြင်းများ ဆောင်ရွက်နေကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ သိရသည်။
Credit: ယုဇနကိုကို (7Day News Journal))
MPT အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်မှုဖြစ်
“MPT အင်တာနက်လိုင်းက ဒီနှစ်ထဲမှာ ပိုပိုဆိုးလာတယ်။ ကျွန်တော်တို့က
နယ်ဘက်မို့လို့လားမသိဘူး။ တစ်ပတ် တစ်ပတ်ကို လိုင်းကောင်းကောင်းမွန်မွန်
ရတာဆိုလို့ သုံးရက်လောက်တောင်မရှိဘူး။ ရရင်လည်း မနက်ရရင် နေ့လယ်ပြတ်၊
နေ့လယ်ရရင် ညနေပြတ် အဲဒီလိုပဲ သုံးနေရတာ”
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ဆောင်ရွက်လျက်ရှိသည့် အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်နေမှုကြောင့်
ရန်ကုန်အပါအ၀င် နယ်မြို့များရှိ စီးပွားရေးလုပ်ငန်းများ
အခက်ကြုံလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ပြည်တွင်းရှိ အင်တာနက်ဝန်ဆောင်မှု
ထောက်ပံ့သူ ISP ဖြစ်သော MPT အင်တာနက်လိုင်းများသည် ယခုနှစ်အတွင်း
လိုင်းပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ADSL လိုင်းများ
ရယူသုံးစွဲနေသည့် အင်တာနက်ဆိုင်များ၊ စီးပွားရေးလုပ်ငန်းများမှာ အခြားသော
ISP များနှင့် ပူးတွဲသုံးစွဲနေရကြောင်း MPT User များကပြောသည်။ “MPT
အင်တာနက်လိုင်းက ဒီနှစ်ထဲမှာ ပိုပိုဆိုးလာတယ်။ ကျွန်တော်တို့က
နယ်ဘက်မို့လို့လားမသိဘူး။ တစ်ပတ် တစ်ပတ်ကို လိုင်းကောင်းကောင်းမွန်မွန်
ရတာဆိုလို့ သုံးရက်လောက်တောင်မရှိဘူး။ ရရင်လည်း မနက်ရရင် နေ့လယ်ပြတ်၊
နေ့လယ်ရရင် ညနေပြတ် အဲဒီလိုပဲ သုံးနေရတာ”ဟု မော်လမြိုင်မြို့ရှိ
ရာဇာအင်တာနက်ဆိုင်မှ တာဝန်ခံတစ်ဦးကပြောသည်။ ပြည်တွင်းရှိ
စီးပွားရေးလုပ်ငန်းများနှင့် အင်တာနက်ဆိုင်များ၊ သုးစွဲသူများက
ယင်းပြတ်တောက်မှုများကြောင့် ရတနာပုံနှင့်MPT ISP နှစ်မျိုးထံမှ ရယူထားရပြီး
လိုင်းပြတ်ချိန်တွင် လှည့်လည်သုံးစွဲနေကြရကြောင်း သိရသည်။
“အဲဒီလိုသုံးနေတာတောင်မှ တစ်ခါတလေ ရတနာပုံကပါပျက်ရင် သွားရော။
အဲဒီလိုရက်ကျရင် ဘာမှကို လုပ်လို့မရတော့ဘူး”ဟု အင်တာနက်ကွန်နက်ရှင်
အခက်အခဲနှင့် ပတ်သက်၍ လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ယခုနှစ်အတွင်း
အင်တာနက်ပြတ်တောက်မှုများသည် ဆာဗာချို့ယွင်းမှု၊ Backbone ချို့ယွင်းမှု၊
တိုက်ခိုက်ခံရမှုစသည့် အကြောင်းအမျိုးမျိုးနှင့် ပြတ်တောက်မှုများ
ဖြစ်ပွားနေပြီး သုံးစွဲသူအချို့ကမူ ယခုနှစ်သည် အင်တာနက်ပြတ်တောက်မှုအကြိမ်
အလွန်များသောနှစ်ဖြစ်ကြောင်း ပြောကြသည်။
Credit: နေလင်းအောင် (7Day News Journal)
တရုတ်အစိုးရက မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ထုတ်ချေး
ဂျူးလိယက်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၇)
တရုတ်နိုင်ငံက မြန်မာနိုင်ငံအား အမေရိကန် ဒေါ်လာ ၂
ဒသမ ၄ ဘီလျံ ချေးငွေထုတ်ချေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူ
စာချုပ်ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၌
နှစ်နိုင်ငံတာဝန်ရှိသူများက ချုပ်ဆိုခဲ့သည်။
ယင်းသဘောတူညီချက်ကို မြန်မာ့နိုင်ငံခြား
ကုန်သွယ်မှုဘဏ်နှင့် China Development Bank Corporation (CDBC) တို့အကြား
ပြုလုပ်ခဲ့ပြီး ချေးငွေကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်
ယူနန်ပြည်နယ်သို့ သွယ်တန်းထားမည့် တရုတ်-မြန်မာ ဓာတ် ငွေ့ပိုက်လိုင်းအတွက်
မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံရန် အဓိက အသုံးပြုသွားမည်ဖြစ်ကြောင်း
မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးကောင်စစ်ဝန် ဦးရွှေမြစ် က ပြောသည်။
"ချေးငွေက မြန်မာ၊ တရုတ်၊ ကိုရီးယားနဲ့ အိန္ဒိယ လေးနိုင်ငံပါဝင်တဲ့
သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအနက် မြန်မာပြည်အတွက် ရင်းနှီးငွေအဖြစ်
ပေးတာပါ။ ရင်းနှီးငွေ အပြည့်အ၀ပေးနိုင်ရင် စီမံကိန်းကို အမြန်ဆုံး
အကောင်အထည်ဖော်နိုင်မှာပါ" ဟု ၎င်းက ပြောသည်။
အဆိုပါစီမံကိန်းတွင် မြန်မာနိုင်ငံမှ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှယ်ယာပါဝင်ကြောင်း သိရသည်။
ဦးရွှေမြစ်က ချေးငွေနှင့်ပတ်သက်သည့်
အသေးစိတ်အကြောင်းအရာများကိုမူ ပြောကြားခြင်းမရှိသော်လည်း ယင်းဓာတ်ငွေ့ပိုက်
လိုင်းစီမံကိန်းအပြင် အခြားကဏ္ဍများအတွက်ပါ အသုံးပြုသွားမည်ဖြစ်ကြောင်း
ပြောသည်။
ဓာတ်ငွေ့စီမံကိန်းမှ မြန်မာနိုင်ငံအတွက်
နိုင်ငံခြားဝင်ငွေ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ယင်းပိုက်လိုင်းပြီးစီးပါက
တရုတ်နိုင်ငံ ယူနန် ပြည်နယ်၏ စွမ်းအင်လိုအပ်ချက်ကိုပါ
ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
"မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို ယူနန် ပြည်နယ်ရဲ့
စက်မှုလုပ်ငန်းအပြင် ဒေသတွင်း လိုအပ်ချက်အတွက်ပါ အသုံးပြုသွားမှာပါ။
စီမံကိန်းအောင်မြင်ရင် နှစ်ဦးနှစ်ဖက်အတွက် အများကြီး အကျိုးရှိပါတယ်"ဟု
ဦးရွှေမြစ်က ပြောသည်။
"တရုတ်ပြည်က နှစ် ၃၀ လောက်အတွင်းမှာ အများကြီး
ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ကိုယ့်နိုင်ငံ တိုးတက်ပြီး
အိမ်နီးချင်းနိုင်ငံ ကိုလည်း တိုးတက်စေချင်ပါတယ်။ အထူးသဖြင့်
မိတ်ဟောင်းဆွေဟောင်း မြန်မာနိုင်ငံကို ပိုမိုတိုး တက်စေချင်ပါတယ်"ဟု
၎င်းက လာမည့်နှစ်များ အတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအား
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့အတွင်း အထင်အရှား
တွေ့မြင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
လာမည့်နှစ်များအတွင်း တရုတ်နိုင်ငံ၏
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ များလာရာ ယင်းအခြေအနေမှာ
တရုတ်နှင့် မြန်မာ အပြန်အလှန် စေတနာရှိရှိ ပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍကို
ဖော်ပြနေကြောင်း၊ အသစ် ပေါ်ပေါက်လာသော ရန်ကုန်မြို့အတွင်းရှိ စူပါ
မားကက်များနှင့် ၀ယ်ယူသူများပြားခြင်းမှာ
ဖွံ့ဖြိုးမှု၏လက္ခဏာတစ်ခုဖြစ်ကြောင်း၊ မြန်မာ နိုင်ငံဆိုင်ရာ
တရုတ်သံရုံးအနေဖြင့် အခြေအနေကောင်းများကို မြင်တွေ့ရသည့်အတွက်
ဝမ်းမြောက်ကြောင်း ၎င်းက ပြောသည်။
မြန်မာနှင့် တရုတ်အကြား ချေးငွေနှင့်ပတ်သက်၍
ပထမအဆင့်အနေဖြင့် သဘောတူ စာချုပ် ချုပ်ဆိုပြီးနောက် နှစ်နိုင်ငံ ဘဏ်အချင်း
ချင်း ဆက်သွယ်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
"တရုတ်-မြန်မာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ပြီး
စာချုပ်ချုပ်ဆိုကြတဲ့အပြင် သံရုံးအနေနဲ့လည်း တရုတ်နိုင်ငံက ကုမ္ပဏီတွေ
လာရောက် ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းလေ့ရှိပါတယ်"ဟု ဦးရွှေမြစ်က
ပြောသည်။
စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ
မောင်အောင်က ချေးငွေအား အခြေခံ အဆောက်အအုံ ရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းများ
အတွက် ထိရောက်စွာအသုံးပြုသွားမည်ဆိုလျှင် မြန်မာနိုင်ငံအတွက်
လွန်စွာအကျိုးရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးရေး အတွက်
တရားဝင်ရရှိပြီး ထောက်ပံ့ကြေးများတွင် တခြားသောနိုင်ငံများနှင့်ယှဉ်လျှင်
အားနည်းသည့်အခြေအနေနှင့် ဆက်စပ်ပြော ကြားသည်။
"အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကျိုးရှိရှိ
အသုံးပြုမယ်ဆိုရင် အရမ်းအကျိုးရှိပါတယ်"ဟု ဒေါက်တာ မောင်အောင်က လက်ရှိတွင်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကလက်တွဲဖော်အဖြစ်ရှိနေသည့် အနေအထားကို
သုံးသပ် ပြောကြားသည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင်
တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေသန်းပေါင်း တစ်ဘီလျံကျော်ကို မုတ္တမကွေ့ရှိ
ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းနှစ်ခုမှ ထုတ်လျက်ရှိသည်။
မြန်မာနိုင်ငံသည်အာရှ-ပစိဖိတ်ဒေသအတွင်း သဘာဝဓာတ်ငွေ့အများဆုံးထုတ်လုပ်နိုင်သည့် နိုင်ငံများတွင် တစ်ခုအပါအ၀င်
ဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ၁၁ နိုင်ငံမြောက် အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်ကတည်းက
စတင်လည်ပတ်ခဲ့သည့် ပီတီတီအီးပီ ထိုင်းကုမ္ပဏီက ရတနာနှင့် ရဲတံခွန်တို့မှ
တစ်ရက်လျှင် ကုဗပေ တစ်ဘီလျံကျော်ခန့် ၀ယ်ယူလျက်ရှိသည်။
သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့
တင်ပို့မှုမှ နှစ်စဉ် ဒေါ်လာ နှစ် ဘီလျံကျော် ၀င်ငွေရရှိလျက်ရှိပြီး ၂၀၁၃
တွင် စတင်မည့် ရွှေနှင့်
ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းပြီးစီးပါက ဓာတ်ငွေ့ထုတ်လွှတ်မူမှာ တစ်နေ့ ကုဗပေ ၁၊ဒသမ၊၅ ဘီလျံခန့် ရှိနိုင်သည်။
ရန်ကုန်-ယူနန် မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည်
မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့
ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၁၁ ခု ဇန်န၀ါရီလ ၌ စတင်
ဖောက်လုပ်မည်ဟု နေပြည်တော်ရှိ မြန်မာ့ မီးရထား ၀န်ကြီးဌာနမှ
အဆင့်မြင့်အရာရှိတဦးက ပြောဆိုသည်။

တရုတ်နိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင် ရထားတွဲများနေပြည်တော်တွင် တွေ့ ရစဉ်(ဓာတ်ပုံ-ကြေးမုံ)
အဆိုပါ ကီလိုမီတာ အရှည် ၁၉၂၀ ရှိ မြန်နှုန်းမြင့် ရထားလမ်းသည် ၁ နာရီ
လျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့် မောင်းနှင်နိုင် မည် ဖြစ်သည်ဟု သိရသည်။
တရုတ်နိုင်ငံ၏
အရှေ့တောင် အာရှ နိုင်ငံများနှင့် ဆက်သွယ်သည့် အမြန်ရထားလမ်း
စီမံကိန်းတွင် တရုတ်နိုင်ငံ အနောက် ပိုင်း ဒေသ ယူနန်ပြည်နယ်မြို့တော်
ကူမင်းနှင့် ရန်ကုန်မြို့သို့ ဖောက်လုပ်မည့် ယခု လမ်းပိုင်းသည် တခု အပါအ၀င်
ဖြစ်
ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏
မြန်မာပြည်နှင့် ကုန်သွယ်မှုကို အကောင်းဆုံး အထောက်အပံပေးနိုင်မည့် အဆိုပါ
အမြန်ရထားလမ်း စီမံကိန်း တွင် လမ်းပိုင်းများစွာ ပါဝင်သောကြောင့် ပြည်တွင်း
ကုမ္ပဏီတချို့ကိုလည်း လမ်းပိုင်းတည်ဆောက်ခွင့် ပေးသွားမည် ဖြစ်ပြီး ယခု
အချိန်တွင် ဖောက်လုပ်သွားမည့် ရထားလမ်းကြောင်းကို ရေးဆွဲပြီးသွားပြီဟု
အဆိုပါ အထူးစီမံကိန်းတွင် ပါဝင်သည့် မီးရထား ၀န်ကြီးဌာနမှ အင်ဂျင်နီယာ
တဦးကလည်း ပြောသည်။
“ပြီးခဲ့တဲ့ အောက်တိုဘာလ က ကူမင်း
မီးရထားအုပ်ချုပ်ရေး အဖွဲ့တွေက မီးရထားတွဲတွေကို ချစ်ကြည်ရေး အနေနဲ့
လက်ဆောင်ပေးပြီး နေပြည်တော် ဘူတာကြီးကိုလည်း ကြည့်သွားတယ်။ သူတို့
ဆောက်မယ့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း အတွက် နေရာအနေအထား လာလေ့လာတဲ့
အင်ဂျင်နီယာ အဖွဲ့လည်း ပါတယ်”ဟု ၎င်းက ဆိုသည်။
စစ်အစိုးရသည်
တရုတ်နိုင်ငံမှ မီးရထားတွဲများ လက်ဆောင်ပေးအပ်ခြင်း အခမ်းအနားကို
သတင်းစာများတွင် ဖော်ပြထား သော်လည်း အသစ် ဖောက်လုပ်မည့် မြန်နှုန်းမြင့်
ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ ဖော်ပြသည်ကို မတွေ့ရှိရပေ။
“တရုတ်နိုင်ငံ
က အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုးဖို့
လုပ်တဲ့ကိစ္စမှာ မြန်မာပြည်က ၂ နိုင်ငံ ရထားလမ်း ဖောက်ဖို့ သဘောတူလိုက်တာ။
စီးပွားအမြင်အရ တရုတ်က ကြည့်ပြီး ဘယ်နိုင်ငံတွေကနေ ငါတို့ နိုင်ငံထဲကို
အချိန်ကုန်သက်သာပြီး
ပို့ကုန်တွေရောက်လာမလဲ ရည်ရွယ်ချက်နဲ့လုပ်နေတာ။ တရုတ်နိုင်ငံနဲ့
မြန်မာနိုင်ငံ ပူးပေါင်းလုပ်တဲ့ ကိစ္စတိုင်းမှာ ပါသွားတာ အကုန်လုံးက
မြန်မာပြည်က အဖိုးတန် ထုတ်ကုန်တွေ ချည်းပဲ”ဟု စီးပွားရေး ပညာရှင် တဦးက
ပြော သည်။
ရန်ကုန်-နေပြည်တော် အမြန်ရထားလမ်းပိုင်းကို ပြည်တွင်း အေးရှားဝေါလ်ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိနေသည်ဟု သိရသည်။
ယူနန်ပြည်နယ်
ကူမင်းမြို့မှ ကူမင်း-ရန်ကုန်၊ ကူမင်း- ကမ္ဘောဒီးယား၊ ကူမင်း-လာအို၊
ကူမင်း- ဗီယက်နမ်တို့ ဖောက်လုပ် သွား မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်
အစောပိုင်းတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း တရုတ်မီးရထား
ထိပ်တန်းအတိုင်ပင်ခံ တဦး ဖြစ်သူ Wan Menshu က ချိုင်းနား ဒေးလီး သတင်းတွင်
ပြောဆိုထားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်
ကုန်သွယ်မှုတွင် လက်ရှိ ၈ လကျော် အတွင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၉၀၀
ကျော်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ
ထုတ်ပြန်သော စာရင်းဇယားအရ ဖော်ပြထားကြောင်း ယခု တပတ် ပြည်တွင်းထုတ် 7 Day
ဂျာနယ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၉၀
ကျော် တင်ပို့ထားပြီး တရုတ်ပြည်မှ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော် ပြန်လည်
တင်သွင်းနေဟု ပါရှိသည်။
အဆိုပါ ပမာဏထဲတွင် ပြီးခဲ့သည့် နိုဝင်ဘာ လ က ရောင်းချခဲ့ရသည့် ကျောက်မျက်ရတနာပွဲတော်မှ ရရှိသည့် ၀င်ငွေများ မပါရှိသေးကြောင်း သိရသည်။

အစိုးရ၀န်ကြီးဌာနများတွင် ညွှန်မှူးအဆင့် (လက်ထောက်
ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး အထက်အဆင့်)
အမျိုးသမီးဝန်ထမ်းမှာ ၀န်ထမ်းအားလုံး ၏ တစ်ရာခိုင်နှုန်းအောက်သာ ရှိသော်လည်း
အမျိုးသမီးဝန်ထမ်းဦးရေမှာ ၀န်ထမ်းအားလုံး၏ ထက်ဝက်ခန့်ရှိကြောင်း
ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ၀န်ကြီးဌာန ၃၁ ခုရှိရာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာ
ရေးနှစ်တွင် အစိုးရ၀န်ကြီးဌာနများ ၌ တာဝန်ထမ်းဆောင်သော ၀န်ထမ်းဦးရေမှာ
၈၅၆၇၅၃ ဖြစ်ကာ အမျိုးသမီးဝန်ထမ်း ဦးရေမှာ၄၄၀၇၂၁ ဖြစ်ပြီး ယင်းမှာ
ဝန်ထမ်းအားလုံး၏ ၅၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ညွှန်မှူးအဆင့် (လက်ထောက် ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊
ညွှန်ကြားရေးမှူး အထက်အဆင့်) ၀န်ထမ်းအားလုံးမှာ ၇၃၅၃ ဖြစ်ကာ
အမျိုးသမီးဝန်ထမ်းမှာ၂၃၉၇ ဖြစ်ပြီး ယင်းမှာ ၀န်ထမ်းအားလုံး၏ ၀ ဒသမ ၂၈
ရာခိုင်နှုန်းဖြစ်သည်။
၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ် တွင် အစိုးရ၀န်ကြီးဌာနများ၌ တာ
ဝန်ထမ်းဆောင်သော ၀န်ထမ်းဦးရေ မှာ ၈၆၁၈၆၈ ဖြစ်ကာ အမျိုးသမီး ၀န်ထမ်းဦးရေမှာ
၄၃၄၀၁၆ ဖြစ်ပြီး ယင်းမှာ ၀န်ထမ်းအားလုံး၏ ၅၀ ဒသမ ၃၆ ရာခိုင်နှုန်းဖြစ်သည်။
ညွှန်မှူးအဆင့် (လက်ထောက် ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊
ညွှန်ကြားရေးမှူး အထက်အဆင့်) ၀န်ထမ်းအားလုံးမှာ ၆၉၃၁ ဖြစ်ကာ
အမျိုးသမီးဝန်ထမ်းမှာ၂၄၀၃ ဖြစ်ပြီး ယင်းမှာ ၀န်ထမ်းအားလုံး၏ ၀ ဒသမ ၂၈
ရာခိုင်နှုန်း ဖြစ်သည်။
၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် တွင် အစိုးရ၀န်ကြီးဌာနများ၌ တာဝန်ထမ်းဆောင်သော
ဝန်ထမ်းဦးရေ မှာ ၈၃၇၄၂၉ ဖြစ်ကာ အမျိုးသမီး ၀န်ထမ်းဦးရေမှာ ၄၁၅၉၆၅ ဖြစ်ပြီး
ယင်းမှာ ၀န်ထမ်းအားလုံး၏ ၄၉ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်။
ညွှန်မှူးအဆင့် (လက်ထောက် ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊
ညွှန်ကြားရေးမှူး အထက်အဆင့်) ၀န်ထမ်းအားလုံးမှာ ၆၇၃၅ ဖြစ်ကာ
အမျိုးသမီးဝန်ထမ်းမှာ၂၂၉၉ ဖြစ်ပြီး ယင်းမှာ ၀န်ထမ်းအားလုံး၏ ၀ ဒသမ ၂၇
ရာခိုင်နှုန်း ဖြစ်သည်။
၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ် တွင် အစိုးရ၀န်ကြီးဌာနများ၌ တာ
ဝန်ထမ်းဆောင်သောဝန်ထမ်းဦးရေ မှာ ၈၅၉၈၀၃ ဖြစ်ကာ အမျိုးသမီး ၀န်ထမ်းဦးရေမှာ
၄၂၆၆၂၆ ဖြစ်ပြီး ယင်းမှာ ၀န်ထမ်းအားလုံး၏ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းဖြစ်သည်။
ညွှန်မှူးအဆင့် (လက်ထောက် ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊
ညွှန်ကြားရေးမှူး အထက်အဆင့်) ၀န်ထမ်းအားလုံးမှာ ၆၈၁၂ ဖြစ်ကာ
အမျိုးသမီးဝန်ထမ်းမှာ၂၄၀၉ ဖြစ်ပြီး ယင်းမှာ ၀န်ထမ်းအားလုံး၏ ၀ ဒသမ ၂၈
ရာခိုင်နှုန်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၀န်ကြီးဌာန ၃၁ ခုရှိရာ ၎င်းင်းတို့မှာ လယ်ယာ
စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း
ဝယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သမ ၀ါယမ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဝန် ကြီးဌာန၊
ပညာရေးဝန်ကြီးဌာန၊ အမှတ်(၁) ၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊
စွမ်းအင်ဝန်ကြီးဌာန၊ ဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဌာန၊ နိုင်ငံခြား
ရေးဝန်ကြီးဌာန၊ သစ်တောရေးရာ ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာ န၊
ပြည်ထဲရေးဝန်ကြီးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အမှတ်(၁) စက်မှု
ဝန်ကြီးဌာန၊ အမှတ်(၂) စက်မှုဝန် ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊
အလုပ်သမားဝန်ကြီးဌာန၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊
သတ္တုတွင်းဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေး
ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်
နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေးဝန်ကြီးဌာန၊ အားကစား ၀န်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီး ဌာနတို့
ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်၌ လူဦးရေ ၅၈ ဒသမ ၃၈
သန်းရှိကြောင်းနှင့် အမျိုးသမီး ဦးရေမှာ ၂၉ သန်းကျော်ရှိကြောင်း သိရသည်။ |
အစိုးရ၀န်ကြီး ဌာနများရှိ အမျိုးသမီး ၀န်ထမ်းဦးရေပြဇယားဘဏ္ဍာရေးနှစ် စုစုပေါင်းဝန်ထမ်း အမျိုးသမီးဝန်ထမ်း ညွှန်မှူးအဆင့် အမျိုးသမီးဝန်ထမ်း ၀န်ထမ်းအားလုံး၏ရာခိုင်နှုန်း
၂၀၀၈-၂၀၀၉ ၈၅၆၇၅၃ ၄၄၀၇၂၁ ၂၃၉၇ ၀ ဒသမ ၂၈ ရာခိုင်နှုန်း
၂၀၀၇-၂၀၀၈ ၈၆၁၈၆၈ ၄၃၄၀၁၆ ၂၄၀၃ ၀ ဒသမ ၂၈ ရာခိုင်နှုန်း
၂၀၀၆-၂၀၀၇ ၈၃၇၄၂၉ ၄၁၅၉၆၅ ၂၂၉၉ ၀ ဒသမ ၂၇ ရာခိုင်နှုန်း
၂၀၀၅-၂၀၀၆ ၈၅၉၈၀၃ ၄၂၆၆၂၆ ၂၄၀၉ ၀ ဒသမ ၂၈ ရာခိုင်နှုန်း
၂၀၀၄-၂၀၀၅ ၈၈၅၉၈၈ ၄၁၅၃၂၄ ၁၉၁၅ ၀ ဒသမ ၂၂ ရာခိုင်နှုန်း
နိုင်ငံရေး ပါတီ အဖြစ် တရားဝင် ရပ်တည်ခွင့် မရှိ တော့တဲ့ NLD က
ပုဂ္ဂိုလ်ကြီး တွေဟာ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ အိနြေ္ဒမရ အပူလုံးကြွ
နေကြတာ တွေ့ရပါတယ်။ သွေးရူး သွေးတန်း ဖြစ်နေကြတယ်။ မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီ လမ်းကြောင်း အစ ဖြစ်တဲ့ ရွေးကောက်ပွဲကြီး အောင်မြင် သွားရင်
သူတို့ တတွေရဲ့ အခန်း ကဏ္ဍဟာ မှေးမှိန် တိမ်မြှုပ် သွားမယ်။ လွှတ်တော်
အသီးသီးဟာ အင်အား အပြည့်နဲ့ နိုင်ငံ့ အကျိုး၊ ပြည်သူတွေရဲ့ အကျိုးကို
ဆောင်ရွက် သွားကြ တော့မယ် ဆိုတော့ ပြည်ပ အားကိုး ပုဆိန်ရိုးတွေ အနေနဲ့
ကတော့ ဘယ်လို နည်းနဲ့မှ လိုလားကြမှာ မဟုတ်ဘူး ဆိုတာကတော့ အထင် အရှား
ပါပဲဗျာ။
ဦးတင်ဦး၊ ဦးဝင်တင်တို့ ရူးကြောင်ကြောင် နိုင်လိုက်ပုံ
ကတော့ ဒုတိယ အကြိမ် ပင်လုံ ညီလာခံကြီး ကျင်းပမယ် ဆိုတဲ့ စကားပါဘဲ။ မရှက်
မကြောက်၊ မဆီမဆိုင် ပြောလိုက်တဲ့ စကား၊ အံ့သြ စရာလည်း ကောင်းပါတယ်။ ပင်လုံ
ညီလာခံကြီး ကျင်းပခဲ့တဲ့ သမိုင်း ကြောင်းက နယ်ချဲ့ ဗြိတိသျှတွေ မြန်မာ
နိုင်ငံကို လွတ်လပ်ရေး မပေးမဖြစ် ပေးရတော့မယ်။ ဒီလိုပေးတဲ့ အခါမှာ
နယ်ချဲ့တွေ အနေနဲ့ တောင်တန်း ဒေသတွေကို ချန်ထားခဲ့ ချင်တယ်။ ဒီတော့
ပဒေသရာဇ် စော်ဘွားအချို့ကို သွေးထိုးလှုံ့ဆော် ထားတယ်။ အဲဒါကို
ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသတွေလည်း လွတ်လပ်ရေး ရတဲ့အခါ တောင်တန်း
ဒေသတွေ အားလုံးကလည်း လွတ်လပ်ရေး ရလိုတယ်။ တိုင်းရင်းသား အားလုံး
စည်းလုံးညီညွတ်တယ် ဆိုတာကို နယ်ချဲ့တွေကို ပြသတဲ့ အနေနဲ့ ကျင်းပခဲ့တာ
ဖြစ်ပါတယ်။ ပဒေသရာဇ် တစ်ချို့ သဘောမကျ သော်လည်း တောင်တန်းဒေသက ပြည်သူ
အားလုံးရဲ့ ဆန္ဒဖြစ်နေတဲ့ အတွက် အောင်မြင်ခဲ့တယ်။
"
ဦးတင်ဦး၊ ဦးဝင်တင်တို့ ရူးကြောင်ကြောင် နိုင်လိုက်ပုံ ကတော့ ဒုတိယ
အကြိမ် ပင်လုံ ညီလာခံကြီး ကျင်းပမယ် ဆိုတဲ့ စကားပါဘဲ။ မရှက် မကြောက်၊
မဆီမဆိုင် ပြောလိုက်တဲ့ စကား၊ အံ့သြ စရာလည်း ကောင်းပါတယ် " ...
နယ်ချဲ့တွေ
အံ့သြ သွားလောက်အောင် တိုင်းရင်းသား ……. စည်းလုံး ညီညွတ်ခဲ့တဲ့ ညီလာခံကြီး
ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ မြန်မာ နိုင်ငံကြီးဟာ ကမ္ဘာ့ အလယ်မှာ
လွတ်လပ်တဲ့ နိုင်ငံ အဖြစ် ရပ်တည် နေတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်တဲ့
အနေအထား ဖြစ်တယ်။ ဘယ်ခေတ် ကမှ လိုက်မမီအောင် တည်ငြိမ် အေးချမ်းနေတယ်။
နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေ တွေလည်း အတိုင်းအတာ တစ်ခုအထိ
တိုးတက်မြင့်မား နေတယ်။ နိုင်ငံရေး အနေနဲ့လည်း စည်းကမ်း ပြည့်ဝပြီး
ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးရဲ့ အစပျိုး
ရွေးကောက်ပွဲကြီး ကျင်းပတော့မယ်။ အဲဒီ အခြေအနေမျိုးမှာ ပြည်ပအားကိုး
ပုဆိန်ရိုးတွေက မနာလို ဝန်တိုဖြစ်၊ ဆရာကြီး မလုပ်ရလို့ ပတ်မကြီး
ထိုးဖောက်ချင်တဲ့ လူတစ်စုက အမျိုးမျိုး ဖျက်လို ဖျက်ဆီး လုပ်နေကြတာ
ဖြစ်ကြောင်း ပြည်သူအားလုံး ကလည်း သဘော ပေါက်ကြပါတယ်။
ဒုတိယ အကြိမ်
ပင်လုံ ညီလာခံကြီးကို ကျင်းပမယ်လို့ ပြောလို့ပြော၊ ရွေးကောက်ပွဲကို
သပိတ်မှောက်လို့ ကြေညာချက်တွေ ထုတ်ပြန်လို့ ထုတ်ပြန်၊ နယ်တွေ ဆင်းပြီး
မဲမပေးကြဖို့၊ မဲပေးရင်လည်း ပယ်မဲ ဖြစ်အောင် လုပ်ကြဖို့ ဆော်သြ စည်းရုံး
နေကြတာ တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေကို သူတို့ အားကိုးနေကြတဲ့ ပြည်ပ မီဒီယာ
အသံလွှင့်ဌာနတွေ ကလည်း အားပေး အားမြှောက် ပြုနေကြတယ်။ မြန်မာ နိုင်ငံကို
ခေတ်သစ် ကိုလိုနီ ပြုလိုကြတဲ့ သူတို့ ဆရာကြီးတွေဖြစ်တဲ့ အနောက်အုပ်စု
နိုင်ငံတွေကလည်း ဝိုင်းဝန်းပံ့ပိုး ပေးနေကြတယ်လေ။ ဒီတော့ သခင်အားရ
လုပ်နေကြတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ပြည်သူ တစ်ရပ်လုံးက လိုလားတဲ့ ဒီမိုကရေစီ
လမ်းကြောင်း ဖြစ်တဲ့ ရွေးကောက်ပွဲ ကြီးကတော့ အောင်အောင် မြင်မြင်နဲ့
ပြီးစီးသွားမှာ ဖြစ်ပြီး စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့
ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်ပေါ်ရေးကို အစပျိုး နိုင်တော့မှာ မြေကြီး
လက်ခတ် မလွဲပါကြောင်း သိထား စေချင်ပါတယ် ခင်ဗျာ။
မျိုးချစ်မောင်
ဗမာလား၊ မြန်မာလား
နေ့စဉ်ပြောဆို သုံးနှုန်းနေတဲ့ စကားလုံးတွေထဲမှာ အနက်အဓိပ္ပာယ် မထင်ရှားတာ၊
အသိရခက်ခဲ နက်နဲတာတွေ၊ ဝိဝါဒ ကွဲပြား အငြင်းပွားစရာတွေ
အများအပြားရှိကြတဲ့အနက် အလွန်အရေးကြီးတဲ့ အလွန်အရေးကြီးတဲ့ အငြင်းပွားစရာ
စကားလုံးတလုံးအကြောင်းကို ဒီကနေ့ ပြောကြရအောင်ပါ။
ကဲ … ပထမဆုံးတော့ သမိုင်းဝင် တေးသီချင်းတပုဒ်ကို နားဆင်ကြည့်ကြပါစို့။
နောင်ဥဒါန်း
××× ဘယ်မပြေစရာ ××× ရာဇဝင်တင်ထား ××× မျိုးရိုးနွယ်သာ ×××
ကမ္ဘာတခွင်မှာဖြင့် ××× ဗမာထင်ရှား ××× ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား
ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေလေ့သလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ -
ငါတို့ဗမာ) ၂
နယ်ချဲ့တော်လှန်ရေးကို ရှေ့တန်းက ဦးဆောင်ခဲ့တဲ့
ဒို့ဗမာအစည်းအရုံးရဲ့ သမိုင်းဝင် အမျိုးသားရေး လှုံ့ဆော် တေးသီချင်းကြီးပါ။
ဒီသီချင်းမှာ ဆိုသွားတဲ့ ဒို့ဗမာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့
အများစု လူမျိုးတမျိုးတည်းကို ပြောတာလား။ ဒါမှမဟုတ် ရှမ်း၊ ကချင်၊ ကရင်၊
ကယား၊ မွန်၊ ရခိုင်၊ ချင်း အပါအဝင် နိုင်ငံတခုလုံး အတွင်းမှာ
မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးကို ဆိုလိုတာပါလား။ သောတရှင်တို့
ဘယ်လိုထင်ပါသလဲ။
ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေလေ့သလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ - ငါတို့ဗမာ) ၂
ဒို့ဗမာအစည်းအရုံးသမိုင်း
စာမျက်နှာ ၂၁၅ မှာ ဒို့မြန်မာ အစည်းအရုံး လို့ မခေါ်ဘဲ ဘာကြောင့် ဒို့ဗမာ
အစည်းအရုံးလို့ ခေါ်သလဲကို ရှင်းလင်း ဖွင့်ဆိုထားပါတယ်။ မြန်မာ ဆိုတာဟာ
ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့လူမျိုးကိုသာခေါ်တာ ဖြစ်တယ်။
မြန်မာပဒေသရာဇ်တွေ ပေးထားတဲ့နာမည် ဖြစ်တယ်။ လူမျိုးကြီးဝါဒသဘော ပါဝင်တယ်။
ဒါ့ကြောင့် လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို
မြန်မာတမျိုးတည်းအပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန်ကန်ဘူး။ လူမျိုးအားလုံး
အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံ လို့ခေါ်မှသာ ညီညွတ်မှန်ကန်မယ်လို့
အတိအလင်း ဖွင့်ဆိုထားခဲ့ပါတယ်။
ကဲ ... ဒီတော့ ပညာရှင်တွေကရော ဘယ်လိုမြင်ပါသလဲ။ ဘာသာဗေဒပညာရှင် ဆရာ မောင်သာနိုးရဲ့ အမြင်ကတော့ …
“ဗမာက
မူလဗျ၊ ဗြဟ္မာ က လာတာကိုး။ ဗထက်ချိုက် ဟရစ် ဟ မ ဆင့်၊ ဗြဟ္မာ က လာတာကိုး။
ဗြဟ္မာ ကနေပြီးတော့ ဗမာ ဖြစ်သွားတာ။ အဲဒါကိုမှထပ်ပြီးတော့ ဗမာ ကို
ဗထက်ချိုက်နဲ့ မ နဲ့ ပြောင်းပြီးတော့ မြန်မာ ဖြစ်သွားတာ။ အဲတော့ မြန်မာက
ဒုတိယ၊ ဗြဟ္မာ ဆိုတဲ့ ဗမာက အဓိက ပင်မဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိတွေ
ယူဆကြတယ်။ နောက်တခါ အဲဒီ ဗမာနဲ့ မြန်မာ မှာက အင်္ဂလိပ်ခေတ်က ဝံသာနုခေတ်က
ဒို့ဗမာအစည်းအရုံးခေတ်က သူတို့က ဗထက်ချိုက် မ ရေးချ မာကို ချင်းကော၊
ကချင်ကော၊ ကရင်ကော၊ မြန်မာကော အားလုံးအတွက် သတ်မှတ်တယ်။ မြန်မာကိုတော့
မြန်မာလူမျိုး ကျနော်တို့၊ ခင်ဗျားတို့ပေါ့လေ အတွက်ပဲ သတ်မှတ်တယ်။ အဲဒီလို
အယူအဆရှိတယ်လို့ ကျနော့်ကို တလောဆီက သေဆုံးသွားတဲ့ သခင် ခင်ညွန့်က
ရေနံချောင်း သခင် ခင်ညွန့်က ပြောဖူးတယ်ဗျ။ အခု ပြောင်းပြန်ဖြစ်နေပြီတဲ့
မြန်မာက ကချင်ရော၊ ကရင်ရော၊ ရှမ်းကောကို ခေါ်တာ။ ဗမာကမှ ဒီလူမျိုးလေးကို
ခေါ်တာလို့ ဖြစ်နေတယ်။ ဒါဟာ ငါတို့ ဝံသာနုခေတ်ကဟာနဲ့ ပြောင်းပြန်လို့ သခင်
ခင်ညွန့်က ပြောတယ်ဗျ။ ဒီခေတ်ကျမှ ဘယ်လိုလုပ်ပြီးတော့
ပြောင်းပြန်ဖြစ်သွားသလဲ မသိဘူး”ဒါတွေကို
ပြောင်းပြန်လှန်ပစ်သူအဖြစ် အများနားလည်ထားကြတာကတော့ သွားလေသူ
ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဗမာစာ ဗမာစကားမှာ
ဝင်ရောက်စွက်ဖက် ပါဝင်မှုတွေအနက်က တခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့
ဒီအမွေကို သူ့ရဲ့လက်ရင်းတပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က
နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။
တိုင်းရင်းသားလူမျိုးအားလုံး
အပါအဝင်ဖြစ်တဲ့နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့
သုံးရမယ်ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့
အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ကို လူမျိုးစု တစုတည်းရဲ့အဖွဲ့အဖြစ်
သေးသိမ်အောင်လုပ်ပြီး ကျောင်းသားတွေကိုလည်း သဘောထားကွဲလွဲမှုဖြစ်အောင်
သွေးခွဲခဲ့တဲ့လုပ်ရပ်အဖြစ် အဲဒီအချိန်က လူသိများခဲ့ပါတယ်။
“ကျနော်ကတော့
ဒို့ဗမာအစည်းအရုံးကို ထောက်ခံတယ်၊ စာပေရေးအရတော့ ထောက်ခံတယ်ဗျာ၊
ဘာကြောင့်လဲဆိုတော့ ခုနပြောသလိုပဲ ဗမာဆိုတဲ့ ဗထက်ချိုက် မာ က ဗြဟ္မာ က လာတာ။
ဗြဟ္မာ ဆိုတာက ပါဠိပေါ့ဗျာ။ အိန္ဒိယမှာလည်း ခုထက်ထိပဲ မြန်မာကို ဗြမ္မာ
ခေါ်ကြတာပဲ။ ဗမာစာကို ဘာရမီ လို့ခေါ်တယ်။ မြန်မာစကားဆိုရင် ဘာရမီဘာသာ လို့
ခေါ်တယ်ဗျ။ ဗမာ ကသာလျှင် တပြည်လုံးကို ခြုံတဲ့အမြင် ဖြစ်တယ်။ မြန်မာက
ခင်ဗျားတို့၊ ကျနော်တို့ အပါအဝင် ရန်ကုန်၊ မန္တလေးက လူတစုကို ခေါ်တာ။ ရှမ်း၊
ကချင် မပါဘူး”အီလွီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ
ပါမောက္ခ ဆရာ ဦးစောထွန်းကတော့ ထိုင်းငံမှာလည်း ဗမာလူမျိုးကို ဖမာ လို့
ခေါ်တာကိုလည်း စဉ်းစားစရာအဖြစ် ထောက်ပြပါတယ်။ ဒါ့အပြင် ...
“မြန်မာပြည်ကိုပဲ
ပါဠိရှိတဲ့အခါကျတော့ ပါဠိအဘိဓာန်ထဲမှာဆိုရင် မြန်မာပြည်ဆိုတာကို ဗြဟ္မာ ဒေသ
ဆိုပြီးတော့ ဗြဟ္မာ ဆိုပြီးတော့ ပြတာရှိတယ်။ နောက် ဆရာတော်ကြီးတွေက ဗြဟ္မာ
လို့ ရေးကြတာတွေ ရှိတယ်။ အဲဒီကနေပြီးတော့ အသံပြောင်းပြီးတော့ ဗမာ လို့
ဖြစ်မယ်ဆိုလည်းပဲ ဖြစ်ခွင့်တော့ ရှိတာပဲ”ပုဂံခေတ်မှာတော့
မြေပြန့်နေလူမျိုးကို မြန်မာ အဖြစ် ကျောက်စာရေးထွင်းခဲ့တဲ့ အထောက်အထားတွေ
တွေ့ခဲ့ရတာကိုလည်း ဆရာ ဦးစောထွန်းက အခုလို ပြောပြပါတယ်။
“မွန်တွေက
သူတို့ ကျောက်စာတွေ ထိုးတာ ရှိတယ်။ မွန်ကျောက်စာထဲမှာ ကျန်စစ်သားလက်ထက်က
လူတွေအကြောင်း ပြောတော့ ဗမာတွေကို သူတို့က မရမာ လို့ ပဲ သူတို့ ပြောတာပါပဲ”- ဟုတ်ကဲ့ဆရာ၊ တိုင်းရင်းသားလူမျိုးအားလုံးကို မြန်မာလို့ သုံးခဲ့တာမျိုးရော အထောက်အထား တွေ့မိခဲ့သလားဆရာ။
“သမိုင်းကြောင်းအရကတော့
မြန်မာဆိုတာလည်း ဗမာ၊ ဗမာဆိုတာလည်း မြန်မာ ဖြစ်ခဲ့တော့
တိုင်းရင်းသားအားလုံးကို ခြုံပြီးတော့ မြန်မာလို့ ခေါ်တာမျိုးတော့
ရှိတယ်လို့ မပြောနိုင်ဘူးလေ။ ဒါကတော့ နောက်မှ နိုင်ငံရေးအရ သတ်မှတ်ချက်
တခုပေါ့လေ”ကဲ ... ဒီတော့ ဗမာ၊ မြန်မာ ဆိုတဲ့ အသုံးအနှုန်းဟာ
နိုင်ငံရေး ပရောဂကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရတယ်ဆိုတာ ရှင်းလင်းပြီ
ထင်ပါရဲ့နော်။ နောင်တချိန်မှာ နိုင်ငံရေးပရောဂကင်းကင်းနဲ့ ပညာရှင်တွေ
စုဝေးတိုင်ပင်ပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ပါ ရယူဆုံးဖြတ်သင့်တဲ့
ကိစ္စမျိုးလို့ ထင်မိပါတယ်။
အော် ကျနော်တို့ အလင်္ကာ ပုလဲပန်းမှာတော့
မြေပြန့်နေ လူမျိုးရဲ့စာပေအဖြစ်ရော၊ တနိုင်ငံလုံးရဲ့ ရုံးသုံးစာအဖြစ်ပါ
သုံးနှုန်းပြောဆိုတာဖြစ်တဲ့အတွက် ဗမာစာရော၊ မြန်မာစာရော သုံးနှုန်းလို့
ရတန်ကောင်းပါရဲ့နော်။
၂၀၁၀
ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ဘီဘီစီ (မနက်ပိုင်း အစီအစဉ်) မှ ဗမာ ဆိုတဲ့
အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ တင်ပြထားတဲ့ ကိုသိန်းမြတ်ရဲ့ အလင်္ကာပုလဲပန်း
အစီအစဉ်ကို ကောက်နုတ်ဖော်ပြပါတယ်။
http://oothandar.blogspot.com/2010/12/blog-post_11.html
မလေးရှားတွင် မြန်မာမိန်းကလေးအလုပ်သမ များ နေထိုင်သော အိမ်အား အကြမ်းဖက် ဝင်ရောက်လုယက်
ပည်ပနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများမှာ လုံခြုံမှု မရှိကြောင်း အောက်ပါ အဖြစ်အပျက်က သက်သေပြနေပါသည် ။
မလေးရှားနိုင်ငံ၊
ဂျိုဟိုးဘာရူး တွင် အလုပ် လာရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေးများ
နေထိုင်ရာ အိမ်ကို အကြမ်းဖက်ဝင်ရောက် ပစ္စည်းယူ မုဒိန်းကျင့် သောအမှုတခု
ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။အမှုမဖြစ်ပွားမှီ
ရက်အနည်းငယ်ကြာက အိမ်နောက်ဘက် လမ်းကြားမှ လာရောက် ကြည့်ရှု့ချောင်းမြောင်း
နေသည့် ယောင်္ကျားလေး သူစိမ်းကို တွေ့ရှိရသဖြင့် အလုပ်သမ များမှ အေးဂျင့်အား
ဖုန်းဆက်ကာ အကြောင်းကြား သော်လည်း တစ်စုံတရာ လာရောက်
ပြောဆိုလုပ်ကိုင်ပေးခြင်း မရှိခဲ့ပါ။နောက်တစ်ကြိမ်တွင်လည်း
အဆိုပါအိမ်နောက်ဖက်လမ်းကြားမှ မလေးနိုင်ငံသား အိန္ဒိယ ဟု ထင်မြင်ယူဆ
ရသူများ လာရောက်၍ မဖွယ်မရာ ပုံစံများကို မိန်းကလေးများအား ပြုလုပ်ပြသသဖြင့်
အေးဂျင့်အားထပ်မံ တိုင်ကြားခဲ့ပါသည်။ အဆိုပါ အေးဂျင့် မှ သူနှင့်
မဆိုင်သလို တာဝန်ယူဖြေရှင်း ပေးခြင်းမရှိပဲ လာပြရင် ကြည့်နေပေါ့ဟု ပြန်လည်
ပြောကြား ခဲ့သည်ဟု ကြားသိ ရပါသည်။ယခုဖြစ်ပွားပုံမှာ
အဆိုပါ မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည့် မိန်းကလေး
နေထိုင်ရာ အိမ်တွင်းသို့ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်ရသူ လေးဦး
ဝင်ရောက်လာကာ အိမ်တွင်နေထိုင်သူ မိန်းကလေး (၁၀)ယောက်ကို ကြိုးနှင့်တုပ်
အဝတ်များပါးစပ်ကို ပိတ်စည်းကာ အားလုံးကို အဝတ်အစားများချွတ်ပြီး
ရေချိုးခန်းတွင်းသို့ ထည့်ကာ ပိတ်ထားပါသည်။ထို့နောက်
ငယ်ရွယ်သော မိန်းကလေး (၄)ယောက် ကို အခန်းတွင်းသို့ခေါ်ကာ မုဒိန်းကျင့်မှု
ကျူးလွန်ခဲ့သည်ဟု သိရှိရပါသည်။ တန်ဖိုးရှိသော ပစ္စည်းများကို
ရှာဖွေမွှေနှောက် ယူငင်သွားကြသည့်အပြင် မိန်းကလေး (၄)ဦးအား
စော်ကားသွားခြင်းဖြစ်ပါသည်။အဆိုပါ
အမှုကိစ္စအား မလေးရှား ရဲဌာနမှ မည်သို့ ဆက်လက် လုပ်ကိုင်ပေးမည်ကို
မသိရှိရသေးသော်လည်း နောက်ဆုံး ကြားသိရသည့် သတင်းအရ အဆိုပါ မိန်းကလေး
များအားလုံးကို မြန်မာသံရုံးမှ လာရောက် ခေါ်ဆိုသွားသည်ဟု သတင်းပေးပို့သူမှ
တဆင့် ကြားသိရပါသည်။အသေးစိတ် အချက်လက် သတင်းကို ထပ်မံ စုံစမ်းဖော်ပြ ပေးသွားပါမည်။ပြည်တွင်းစီးပွားရေး
မပြေလည်မှု အလုပ်အကိုင် ရှားပါး မှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ကာ
အလုပ် လုပ်ကိုင်နေကြရသည့် မြန်မာနိုင်ငံမှ အလုပ်သမား အများအပြား ရှိပါသည်။
အဆိုပါ အထဲတွင် မိန်းကလေး အများအပြားပါရှိပါသည်။ မြန်မာနိုင်ငံမှ
လာရောက်အလုပ် လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမား အများအပြားမှာ
မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံတွင် အများဆုံးဖြစ်ပါသည်။မလေးရှားတွင်
အလုပ်လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများမှာ မကြာခဏ
လုယက်ခံရခြင်း၊ ရိုက်မှုများဖြစ်ခြင်းနှင့်အနိုင်ကျင့် စော်ကားခံရမှုများ
မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။အလုယက်
ခံရသူများမှာ မည်သို့ တိုင်ကြားရမည်ကို မသိရှိခြင်း၊ရှက်ကြောက်ခြင်း
တို့ကြောင့် လူ့အခွင့်ရေး ချိုးဖောက်မှု့များ ဖြစ်ပွားနေသော်လည်း မည်သည့်
အမှု့မှ သေချာ ပေါ်ပေါက်ခြင်းမရှိပဲ ရှိနေပါသည်။
(ခုလောလောဆယ်
စင်္ကာပူမှာ ပီအာတွေ ရီဂျက်မိနေတာနဲ့ ပတ်သတ်ပြီး ဦးခြိမ့်က သူ့ရဲ့ သဘောထား
အမြင်ကို ဖိုရမ်မှာ ရေးထားတာလေး တင်ပေးလိုက်ပါတယ်။ )
လွန်ခဲတဲ့
သြဂုတ်လမှာ ၀န်ကြီးချုပ်လီစန်လုံးက နိုင်ငံသားစီစစ်ရေးနဲ့
ပီအာပေးတာနဲ့ပါတ်သက်ပြီး လက်ရှိပြည်ထဲရေးဝန်ကြီးဟောင်း ၀မ်ကန်ဆင်းကို
တာဝန်ပေးလိုက်တယ်။ ၀မ်ကန်ဆင်းနဲ့ အဖွဲ့က နိုင်ငံသားလျှောက်လွှာတွေ၊
ပီအာတွေနဲ့ပတ်သက်ပြီး စီစစ်မဲ့တာဝန်ယူမယ်။ ပြန်လည်စစ်ဆေးမယ်လို့ သိရတယ်။
လွန်ခဲ့သော
၂၀၀၅ ကနေ ၂၀၀၈ နှစ်လည်အထိ ပီအာတွေကို လွယ်လင့်တကူချပေးခဲ့တယ်။ ဒီနေရာမှာ
မည်သူ့ကိုမျှ မရည်ရွယ်ပါဘူး။ နိုင်ငံခြားသားအားလုံးကို ဆိုလိုပါတယ်။
ဘယ်လောက်အထိ လွယ်လင့်တကူချပေးခဲ့သလဲဆိုရင် စင်္ကာပူနိုင်ငံကို ရောက်တာ ၃လပဲ
ရှိသေးတယ်။ ပီအာတင်လိုက်တယ်။ စင်္ကာပူနိုင်ငံကိုရောက်တာ ၆လပဲ ရှိသေးတယ်။
ပီအာရသွားတယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။
ယခင်တုန်းက
ပီအာလျှောက်တဲ့အခါမှာ ပီအာလျှောက်တဲ့သူရဲ့ ၀င်ငွေ၊ မိသားစု၊ သူရဲ့
ပညာရေးအဆင့်အတန်း၊ စင်္ကာပူနိုင်ငံတိုးတက်မှုမှာ သူရဲ့ လုပ်ဆောင်မှု၊
လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှု(Skill talent) ၊
စင်္ကာပူနိုင်ငံအတွင်းမှာ ရောက်ရှိပြီး စင်္ကာပူ လူမျိုး ရေမြေတွေမှာ ရင်းနှီး
ကျွမ်းကျင်မှုပေါ်မှာ မူတည်ပြီးမှ ပီအာ ပေးလေ့ရှိပါတယ်။
ဒါပေမဲ့ ၂၀၀၅
ကနေ ၂၀၀၈ ခုနှစ်အတွင်း လျှောက်တဲ့သူတချို့မှာ ပညာအရည်အချင်းအားဖြင့်
မပြည်စုံတာ၊ skill အားဖြင့် သာမန်မျှရှိတာ၊ စင်္ကာပူလူမှုဝန်းကျင်မှာတောင်
မကျင်လည်သေးတဲ့ သူတွေကို ပီအာပေးခဲ့တဲ့အတွက် စင်္ကာပူလူမျိုးတော်တော်များများ
ပြသာနာရှာခြင်းကို ခံရလို့ အစိုးရအနေနဲ့ နောက်ပိုင်း ပီအာပေးမယ်၊ ပီအာကို
သက်တန်းထပ်တိုးမယ်ဆိုရင် ထပ်မံစစ်ဆေးရမယ်ဆိုတဲ့
လမ်းညွန်မှုမျိုးပေးထားပါတယ်။ အဲဒီလိုလမ်းညွန်မှုများကြောင့်
ပီအာသက်တမ်းတိုးရာမှာ နှောင့်နှေးတာမျိုးတွေ၊
ပီအာတွေကိုရီဂျက်ပေးတာမျိုးတွေဖြစ်လာခဲ့တယ်။
ဘယ်လောက်အထိတောင်ဖြစ်ခဲ့သလဲဆိုရင် မိဘ ၂ယောက်လုံးပီအာ၊ ၂ ယောက်လုံး
အလုပ်အကိုင်နဲ့ ၀င်ငွေအားဖြင့် မိသားစုဝင်ငွေ ၆၀၀၀-၇၀၀၀ လောက်ရှိသော်လည်း
မွေးကင်းစ ခလေးကို မှီခိုပီအာချမပေးတာတွေ အထိ ဖြစ်လာခဲ့ပါတယ်။
အဲဒီလိုမျိုးအခြေအနေတွေမှာ
ဘယ်နိုင်ငံသားတွေ ပိုထိသလဲလို့ဆိုရင် မြန်မာတွေ၊ ဖိလစ်ပိုင်တွေ ထိပါတယ်။
တကယ်တော့ မြန်မာတွေ ဖိလစ်ပိုင်တွေက ပညာပြည့်စုံသော်လည်း
တခြားမြုပ်ကွက်တချို့ကို မပြည့်စုံလို့ပါ။ အဲဒီမှာ လ၀က က သေသေချာချာ
စစ်ဆေးမှုကို မလုပ်တောပဲ မြန်မာနဲ့ ဖိလစ်ပိုင်တွေကို အများအားဖြင့်
ရီဂျက်ပေးလိုက်တာ များပါတယ်။
စင်္ကာပူမှာ အဓိက လူမျိုးအားဖြင့် တရုပ်၊
မလေး၊ အိန္ဒိယ နွယ်ဖွား ဆိုပြီးရှိပါတယ်။ အဲဒီ ၃မျိုးမှာ မလေး က
ကလေးများများမွေးပါတယ်။ တစ်မိသားစုကို ကလေး ၃ယောက်က
အနည်းဆုံးလောက်ရှိပါတယ်။ တရုပ်နဲ့ အိန္ဒိယက ကလေးမရတာနဲ့ ရရင်လဲ
တစ်ယောက်လောက်ပဲ ပျမ်းမျှရှိပါတယ်။ မူလစင်္ကာပူလူမျိုးကို Balance
လုပ်ဖို့အတွက် မလေးများတာကို လူမျိုးရေးမျှအောင်လုပ်ဖို့ တရုပ်လူမျိုးနဲ့
အိန္ဒိယ နွယ်ဖွားကို များများဖြည့်ဖို့ လိုအပ်ပါတယ်။ သူတို့လိုချင်တာ
မြန်မာနဲ့ ဖိလစ်ပိုင် မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ကြီးတရုပ်နဲ့ အိန္ဒိယ
လူမျိုး ပီအာ နိုင်ငံသားသွားလျှောက်ရင် လွယ်ကုပြီးတော့ တခြားလူမျိုးများ
သွားလျှောက်ရင် မုချ ရီဂျက်မိဖို့ အခြေအနေ ရှိနေပါကြောင်း ကျွန်တော့်ရဲ့
အမြင် ရိုးရိုးလေး တင်ပြပါတယ်။
နောက်တစ်ခုက ပီအာနဲ့ပတ်သတ်ပြီး ကျွန်တော်ပတ်ဝန်းကျင်မှာ အမှန်တကယ်ဖြစ်သွားတဲ့ အကြောင်းအရာပါ။
လွန်ခဲ့တဲ့
၈နှစ်လောက်က မြန်မာလူမျိုးယောက်ျားလေး တစ်ယောက် စင်္ကာပူက
စကော်လားရှစ်ပေးလို့ ဒီမှာ စကင်ဒရီ ၃ မှာ ကျောင်းလာတက်တယ်။ ခလေးက
တော်တော်လေးကို စာတော်ပါတယ်။ သူ့မိဘက စင်္ကာပူမှာ ကျောင်းထားနိုင်လောက်အောင်
ဝင်ငွေ မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ မြို့ငယ်လေး တစ်ခုကနေ စင်္ကာပူအစိုးရကနေ
ခေါ်လို့ ၀င်ရောက်စာမေးပွဲ ဖြေဆိုရာကနေ စကော်လားရှစ်ရပါတယ်။ သူ့မိဘ ဒီကို
လိုက်မလာနိုင်ပါဘူး။ အဲဒီချာတိတ်က သူရဲ့ ရပ်ဆွေရပ်မျိုး
ကျွန်တော့်သူငယ်ချင်းက စိတ်ဓါတ်အားဖြင့် စောင့်ရှောက်တာပါ။ အဲဒီချာတိတ်က
ကျွန်တော်တို့နဲ့ အတူတူ ကျောင်းပိတ်တိုင်း လာရင်းနဲ့ ၁၃-၁၄ နှစ်သား ဘ၀ကနေ
ယခုဘွဲ့ရတာပါ။
ဂျီစီအီး အိုလယ်ဗယ်ဖြေတယ်။ အမှတ်ကောင်းတယ်။
ဂုဏ်ထူးတွေ အများကြီးပါတယ်။ ဒါကြောင့် ဂျူနီယာကောလိပ်ကို စကော်လားရှစ်
အသစ်နဲ့ ထပ်တက်ရတယ်။ အဲဒီနောက် ဂျီစီအီး အေ လယ်ဗယ်ဖြေတယ်။ ဂုဏ်ထူးတွေပါတယ်။
အဲဒီနောက်
NUS မှာ စကော်လားရှစ်နဲ့ ကျောင်းတက်တယ်။ ကျောင်းတက်တဲ့ အချိန်တွင်းမှာလဲ
သူက စာလဲတော် အများကလဲ တင်မြှောက်လို့ NUS အဆောင်တွေမှာ ဟောကျူတာ
အဖြစ်သတ်မှတ်ခံရတယ်။ ကျောင်းမှာလဲ ထူးချွှန်တဲ့ ကျောင်းသားအဖြစ်
သတ်မှတ်ခံရတယ်။ လစဉ် လစဉ် အတန်းငယ်တွေ ကျူရှင်ပြစားပြီး ၀င်ငွေရှာတာ
ကျောင်းမပြီးခင်ကတည်းက တစ်လကို ဒေါ်လာ ၂၅၀၀ လောက်ရပါတယ်။ ဒီလိုနဲ့ ဘွဲ့ရတယ်။
ဘွဲ့ရတော့လည်း Uppper Second class နဲ့ အောင်တယ်။ သူ့ကို
ကုမ္ပဏီကြီးတစ်ခုကနေ အခုမှ ကျောင်းပြီးပေမဲ့ (အလုပ်အတွေ့အကြုံမရှိပါ) လခ
၃၅၀၀ နဲ့ ခန့်လိုက်တယ်။ ပီအာလျှောက်ပါတယ်။
တကယ်တမ်းဆိုရင်
ကျွန်တော်တို့ အမြဲနောက်ပြောင်ပြောနေကျစကားနဲ့ ပြောရရင် အဲဒီချာတိတ်ကို
စင်္ကာပူရဲ့ မွေးစားသား လို့ ဆိုရမှာပါ။ စင်္ကာပူရောက်ခါစကနေ ယခုအချိန်အထိ
စင်္ကာပူနိုင်ငံက ပေးတဲ့ စကော်လားရှစ်နဲ့ ကျောင်းတက်တယ်။ စကော်လာက ပိုလို့
မြန်မာပြည်မှာ ကျန်တဲ့ မိဘကိုတောင် ထောက်ပံနိုင်ပါသေးတယ်။
သူပီအာလျှောက်တဲ့
အခါမှ ပီအာရီဂျက်မိပါတယ်ခင်ဗျာ။ သူလို မွေးစားသားကိုတောင် ပီအာ မပေးတဲ့
အခြေအနေပါ။ ပညာရေးအနေနဲ့ တော်တယ်။ စင်္ကာပူမှာ နေလာတာ ၈ နှစ် ကျော်ပါပြီ။
ဒါပေမဲ့ အဲဒီချာတိတ် ပီအာ မရပါဘူး။
ဒါကြောင့် လက်ရှိအခြေအနေကို
အားလုံး သိအောင်ပြောပြတာပါ။ ပီအာလျှောက်နေတဲ့ သူတွေ ဘာလို့
ပီအာမရတာလဲဆိုတဲ့ မေးခွန်းမမေးခင် ကျွန်တော်အခု ရေးထားတဲ့
ချာတိတ်အကြောင်းကို အရင်ကြည့်လိုက်ပါ။
အခုလောလောဆယ် ပီအာတင်မယ်ဆိုတဲ့သူများ သတိထားရအောင် ပြောပြလိုက်ပါတယ်။ ၈၀ ရာနှုန်းလောက်က ရီဂျက်မိဖို့ များပါတယ်။
စိတ်ဓာတ်ကျအောင်ပြောတာတော့
မဟုတ်ပါဘူး။ အားလုံး အမှန်ဖြစ်ပျက်နေတာတွေကို သိမြင်အောင်လို့ပါ။
ရွေးကောက်ပွဲအပြီး စင်္ကာပူအစိုးရ မူဝါဒများပြောင်းလဲပြီး ကျွန်တော်တို့
မြန်မာလူမျိုးများ ပီအာများများ ချပေးဖို့ မျှော်လင့်ရုံ၊ ဆုတောင်းရုံသာ
ရှိပါတော့တယ် ခင်ဗျာ။
မောင်ခြိမ့်