၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့၊ ရွေးကောက်ပွဲမြင်ကွင်းများ၊ ရရှိသောသတင်းအချက်အလက်များအရ ရွေးကောက်ပွဲတွင် မဲပေးသူ၅၀ရာခိုင်နှုန်းကျော်ရှိနိုင်ကြောင်း သိရ၊ မဲပေးကြပြီ (မြို့အလိုက်မဲပေးမှု အကျဉ်းချုပ်)၊ မန္တလေးမြို့ပေါ်ရှိ မဲရုံများ နံနက် ၈ နာရီကျော်မှ အသက

23 views
Skip to first unread message

meepyatite

unread,
Nov 7, 2010, 12:31:33 PM11/7/10
to

  1. ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့၊
  2. ရွေးကောက်ပွဲ မြင်ကွင်းများ
  3. ရရှိသောသတင်းအချက်အလက်များအရ ရွေးကောက်ပွဲတွင် မဲပေးသူ၅၀ရာခိုင်နှုန်းကျော်ရှိနိုင်ကြောင်း သိရ၊
  4. မဲပေးကြပြီ (မြို့အလိုက်မဲပေးမှု အကျဉ်းချုပ်)၊
  5. မန္တလေးမြို့ပေါ်ရှိ မဲရုံများ နံနက် ၈ နာရီကျော်မှ အသက်ဝင်လှုပ်ရှားလာ၊
  6. မဲရေတွက်ချိန်တွင် စောင့်ကြည့်ကြရန် ပြည်သူများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပန်ကြား၊ 
  7. ကမာရွတ်မြို့နယ်တွင် လာရောက်မဲပေးကြသူများ၏ ပြောစကားများနှင့် မဲရုံပတ်ဝန်းကျင်အခြေအနေများ၊
  8. မှတ်ချက်များနှင့် လျှော်ညီခြင်းမရှိသော ကြိုတင်မဲကောက်ခံ မှုများ မြန်မာပြည်အနှံ့ ဖြစ်ပေါ်နေ၊
  9. ကြိုတင်ဆန္ဒမဲ ပေးရာတွင် သတ် မှတ်ထားသော နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း၊
  10. စနစ်မကျ ခြင်းတို့ ဖြစ်ပေါ်ပါက ပယ်မဲဖြစ်နိုင်

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့  

Posted by SLIP in အမှတ်တရ

  1. ယခင်အလံတုန်းက နေ့စဉ်နှင့်အမျှ မနက်ရော ညနေပါ အလေးပြုနိုင်ခဲ့သော်လည်း ယခု ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံသစ်အား အခြေအနေနှင့် အချိန်အခါကြောင့် ဤပိုစ့်ဖြင့် လေးစားစွာ အလေးပြုပါ၏။


  2. ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့။ ယနေ့သည် မြန်မာလူထုတစ်ရပ်လုံး စောင့်မျှော်နေသည့် ရွေးကောက်ပွဲကြီး ကျင်းပမည့်နေ့ဖြစ်သည်။ မြန်မာ့သမိုင်းတစ်ခုလုံးအတွက် မှတ်တိုင်ထူရမည့်နေ့လည်း ဖြစ်သည်။ မဲပေးခွင့်ရရှိသည့် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူပါ၏။

    လွန်ခဲ့သော အနှစ် (၂၀) ကြာ ၁၉၉၀ ခုနှစ်က အခြေခံဥပဒေ မရှိသော ရွေးကောက်ပွဲပြီး အနှစ် (၂၀) ကြာမှကျင်းပ သော ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် မြန်မာပြည်သူအားလုံး စိတ်လှုပ်ရှားစေသည်သည်မှာ အမှန်ဖြစ်သည်။ ပြည်တွင်း မီဒီယာများသာ မက ပြည်ပ မြန်မာမီဒီယာ ပေါင်းများစွာမှ ရွေးကောက်ပွဲကို မြန်မာပြည်သူအားလုံး စိတ်ဝင်စားစေရန် သက်ဆိုင်သည့် အကြောင်းအရာများကို နေ့စဉ်နှင့်အမျှလည်း တင်ဆက်ခဲ့ကြသည်။

    မြန်မာ ပြည်သူလူထု ၉၀ ရာခိုင်နှုံးကျော် ထောက်ခံထားသည့် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြီးနောက်
    စနစ်တကျနှင့်ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ပါတီပေါင်း (၃၇) ပါတီပါဝင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပြွဲုဖစ်ခြင်းကြောင့် လည်းကောင်း ရွေးချယ်ခံရမည့် ပါတီပေါင်းစုံမှ အမတ် (၁၁၆၃)ဦးလုံး မှာ မြန်မာပြည်သူတို့ ယုံကြည်အားကိုးခြင်းခံရကာ အမှန်တကယ် အရည်အချင်းပြည်ဝ သူများဖြစ်မည်မှာ မုချ မလွဲပင်ဖြစ်သည်။

    အနာဂါတ် မြန်မာနိုင်ငံတော်ကြီးအား ကမ္ဘာ့နိုင်ငံကြီးများနှင့် တန်းတူ ရင်ဘောင်တန်းနိုင်ရန်၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် "မြန်မာ" ဟူသည့် နာမည်ဖြင့် တကမ္ဘာလုံးက လေးစားအထင်ကြီးပြီး
    ထည်ထည်ဝါဝါ၊ သိက္ခာရှိရှိရပ်တည်နိုင်ရန် မှာ ယနေ့ခေတ် မြန်မာပြည်သူအားလုံးတွင် တာဝန်ရှိပေသည်။ မြန်မာပြည်သူအားလုံးဆိုခြင်းထက် မြန်မာလူငယ် အားလုံး ပေါ်တွင် ပို၍ တာဝန်ရှိပေသည်။

    မည်သူမည်ဝါ ရွေးချယ်ခံရသည်ဖြစ်စေ ကျွန်ုပ်တို့ မြန်မာပြည်သား အားလုံးမှ သမ္မတသစ် ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မြန်မာပြည်သူတို့အတွက် မိမိတို့ ကျွမ်းကျင်သည့် နယ်ပယ်အသီးသီးမှ တက်နိုင်သမျှ တာဝန်ယူ ကြိုးစားပြီး နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးပြုကြပါစို့......။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့၊  ရွေးကောက်ပွဲ မြင်ကွင်း


http://1.bp.blogspot.com/_CGn0m5p-F-A/TNYrqpoSkcI/AAAAAAAAQyM/vxcysBh1H0U/s1600/AP1.jpg

http://2.bp.blogspot.com/_CGn0m5p-F-A/TNYpahbjlmI/AAAAAAAAQyE/4EggflPlb30/s1600/AP+Election.jpg

http://3.bp.blogspot.com/_CGn0m5p-F-A/TNYdojogq-I/AAAAAAAAQx8/-cp0F4xEyDI/s1600/Myanmar+Election.jpg

http://4.bp.blogspot.com/_CGn0m5p-F-A/TNYdgfyadzI/AAAAAAAAQx0/Dg7IzPIgDl0/s1600/Myanmar+Election1.jpg


mm-voters





















http://2.bp.blogspot.com/_9pTXREYRsUI/TNYna2ByfqI/AAAAAAAAEIM/5NUnKk6b8g0/s1600/Reuters+Pictures+1+hour+ago+Rgn.jpg


http://2.bp.blogspot.com/_9pTXREYRsUI/TNYotH11vOI/AAAAAAAAEIU/LZnhyDxvYKA/s1600/voting.jpg

http://4.bp.blogspot.com/_9pTXREYRsUI/TNYnaZvy1fI/AAAAAAAAEH8/bGpETyxkQ7Y/s1600/reuters+1.jpg

http://1.bp.blogspot.com/_ECyTBHQWGEA/TNZSlrBiH1I/AAAAAAAAADE/HxTqLXgMvwc/s1600/IMG_1429%282%29.jpg

http://2.bp.blogspot.com/_ECyTBHQWGEA/TNZSllaDeMI/AAAAAAAAAC8/ii57uMwTrJw/s1600/IMG_1427.jpg

http://1.bp.blogspot.com/_ECyTBHQWGEA/TNZSlZRfFfI/AAAAAAAAAC0/xBEftlP3cXA/s1600/IMG_1426.jpg

http://1.bp.blogspot.com/_ECyTBHQWGEA/TNZSlN4g_EI/AAAAAAAAACs/QH4m3lKtb1w/s1600/IMG_1425.jpg


ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။


http://4.bp.blogspot.com/_CGn0m5p-F-A/TNaoA5i4WvI/AAAAAAAAQy0/lkTWkrceh1I/s1600/Opening+Ballot+Box+before+Poll+Time+finished.JPG



ရရှိသောသတင်းအချက်အလက်များအရ ရွေးကောက်ပွဲတွင် မဲပေးသူ၅၀ရာခိုင်နှုန်းကျော်ရှိနိုင်ကြောင်း သိရ

    ရန်ကုန်တိုင်းဒေသကြီး အပါအ၀င်ဒေသအချို့၌ ရွေးကောက်ပွဲနေ့တွင် မွန်းတည့်၁၂နာရီ အထိရရှိ သောသတင်းများအရမဲပေးခွင့်ရှိသူဦးရေ၏ ရာခိုင်နှုန်း၅၀ကျော် မဲပေးပြီးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ဥက္ကလာပမြို့နယ်တွင်  မွန်းတည့်၁၂နာရီအထိ မဲပေးခွင့်ရှိသူဦးရေ၏ ၆၀ရာခိုင်နှုန်းခန့် မဲပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

    ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်သော မြို့နယ်အချို့ရှိ မဲရုံများတွင် မွန်းတည့်၁၂နာရီအထိ မဲပေးခွင့်ရှိသူ ဦးရေ၏ ရာခိုင်နှုန်း၅၀ကျော်ရှိခဲ့ပြီ ဆိုသည်မှာ လှိုင်မြို့နယ်၊ အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သုံးခွမြို့နယ်များအတွင်းရှိ မဲရုံအချို့ကိုဆိုလိုခြင်းဖြစ်သည်။
    ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ မဲရုံအချို့တွင် မဲပေးခွင့်ရှိသူဦးရေ၏ သုံးပုံ နှစ်ပုံနီးပါးမဲပေးပြီးဖြစ်ကြောင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် မဲပေးခွင့်ရှိသူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်မဲပေးပြီးဖြစ်ကြောင်း၊ လှိုင်မြို့နယ် ၁၂ရပ်ကွက်ရှိ မဲရုံတစ်ခုတွင် မဲပေးခွင့်ရှိသူဦးရေ ၁၄၅၈ဦးတွင် နံနက်၁၁နာရီအထိ ၇၆၀ဦးပေးပြီးဖြစ်ကြောင်း၊ အလုံမြို့နယ်တွင် မဲပေးခွင့်ရှိသူဦးရေ လေးသောင်းကျော်ရှိသည့်အနက် နေ့လည် ၁နာရီအထိသုံးသောင်းကျော်နှင့် သုံးခွမြို့နယ် ရေပေါ်ကန်ကျေးရွာအုပ်စုတွင်လည်း မဲပေးခွင့်ရှိသူ ၂၁၀၀ကျော်ရှိသည့်အနက် နေ့လည်၁၂နာရီအထိ ထက်ဝက်ကျော်လာရောက်မဲပေးပြီးဖြစ်ကြောင်း သိရသည်။

    ထို့ပြင် မြန်မာနိုင်ငံရှိ အခြားဒေသများဖြစ်သော လပွတ္တာမြို့၊ စစ်တွေမြို့ ရွှေဘိုမြို့တို့ရှိ မဲရုံအချို့တွင်လည်း မဲပေးခွင့်ရှိသူဦးရေ၏ တစ်ဝက်ကျော်မဲပေးပြီးဖြစ်ကြောင်း သိရသည်။

    မွန်းတည့်၁၂နာရီအထိ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာတွင် မဲပေးခွင့်ရှိသူ ငါးထောင်အနက် သုံးထောင်မှာ မဲပေးပြီးဖြစ်ကြောင်း၊ သင်္ဃန်းကြီးကျေးရွာတွင် မဲပေးခွင့်ရှိသူ နှစ်ထောင်ကျော်ရှိသည့်အနက် တစ်ထောင်ကျော်မဲပေးပြီးဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက် သင်္ဃန်းကုန်းတွင် ငါးဆယ်ရာခိုင်နှုန်းကျော်မဲပေးပြီးဖြစ်ကြောင်း သိရသည်။

    ထို့အတူ ရွှေဘိုမြို့နယ်ရှိ မဲရုံအချို့တွင် မွန်းတည့်၁၂နာရီအထိ မဲပေးခွင့်ရှိသူဦးရေ၏ထက်ဝက်ကျော်နီးပါးမဲပေးပြီးဖြစ်ကြောင်း၊ တကဏန်း ကျေးရွာတွင် နံနက်၁၀နာရီမထိုးခင်ကတည်းက ကျေးရွာမဲရုံများတွင် လူမရှိတော့ကြောင်း၊ ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်းတွင် ကြိုတင်မဲများရှိနေကြောင်း၊ ရွှေဘိုမြို့ အရှေ့ဘက် ဂွေးကုန်းရွာတွင် ရွာနေလူတစ်ဝက်ခန့် ကြိုတင်မဲပေးပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများ၌ နံနက် ၆နာရီမှ၍ မဲစတင်ပေးခဲ့ရာ မွန်းတည့် ၁၂နာရီအတွင်း မဲပေးနိုင်သည့်အရေအတွက်၏ ထက်ဝက်ကျော်ခန့် ဆန္ဒမဲများပေးခဲ့ကြောင်း သိရှိရသည်။

    "ကျွန်တော်က အလုပ်သွားစရာရှိလို့ ၈နာရီကျော်ကတည်းက လာပြီးမဲပေးတာပါ။ ဘယ်ပါတီမဲ ပေးသလဲဆိုတာကတော့ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်းတွေကို ကြည့်ပြီးမဲပေးခဲ့တာပဲ။ ညနေမဲရုံပိတ်ချိန်ကျရင်လည်းလာပြီး ကြည့်ဦးမှာပါ။ ကိုယ်ပေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းကို ရစေချင်ပါတယ်"ဟု အသက် ၃၅နှစ်အရွယ်ရှိအမျိုးသားတစ်ဦးက ပြောကြားသွားခဲ့သည်။

    နေပြည်တော်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်းမွန်းလွဲ၂နာရီ ကျော်တွင်မဲပေးခွင့်ရှိသူဦးရေ၏ရာခိုင်နှုန်း၆၀ကျော်မဲပေးပြီးဖြစ်ကြောင်း ပျဉ်းမနားနှင့်တပ်ကုန်းမြို့နယ် တို့တွင်လည်း ၁၂ နာရီဝန်းကျင်ခန့် ၌ပင် မဲပေးခွင့်ရှိသူဦးရေ၏ရာခိုင် နှုန်းပြည့်နီးပါးမဲပေးပြီးဖြစ်ကြောင်း သိရသည်။
    ရှမ်းပြည်နယ်အရှေဘက်တွင် လူဦးရေ ၆၈၀၀၀၀ ကျော်ရှိသည့် အနက်မဲဆန္ဒပေးပိုင်ခွင့်ရှိသူ၃၃၀၀၀၀ ကျော်ရှိကြောင်းသိရသည်။ ရှမ်းပြည် နယ်အရှေ့ဘက်တွင် မြို့နယ် ၁၀ ခုရှိသည့်အနက် ကျိုင်းတုံမြို့နယ်တွင် မဲရုံပေါင်း ၁၂၁ ရုံရှိပြီး မဲဆန္ဒပေးပိုင် ခွင့်ရှိသူ ၁၁၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

    "နံနက်ပိုင်း ၁၁ နာရီအထိ မဲ ရုံ ၄ရုံကို လေ့လာပြီးတဲ့အခါမှာတော့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူထက်ဝက်ကျော် လာရောက်ပေးပြီးပြီဖြစ်ကြောင်း သိရှိရပါတယ်။ အဲဒီ ၄ ရုံက ကျေးရွာ အုပ်စု ၄ ခုအတွက်ပါ။ အဲဒီကျေးရွာ အုပ်စုတစ်ခုစီမှာ မဲဆန္ဒပေးပိုင်ခွင့်ရှိ သူ ၁၀၀၀ ကျော်စီရှိကြပါတယ်။ တက်တက်ကြွကြွနဲ့ လာရောက်မဲပေးကြတာကိုတွေ့ရပြီး တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရွေးချယ်ခဲ့ကြတယ်လို့ မဲပေးသူတွေက ဆိုကြပါတယ်"ဟု  ကျိုင်းတုံမြို့နယ်တွင်ရောက်ရှိနေသော သတင်းထောက်ကပြောကြားခဲ့သည်။

    "၁၉၉၀ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်ရှိသူ သန်း ၂၀ လောက်မှာ ၁၅ သန်းကျော်လောက်မဲပေးပြီး ဆန္ဒမဲပေးမှု၇၂ ရာခိုင်နှုန်းရှိခဲ့ပါ တယ်။ အခု၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ၂၉သန်းကျော်ရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ၁၉၉၀ ရွေးကောက်ပွဲလောက်မဲပေးသူ မများနိုင်ဘူးဆိုရင်တောင်ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုကတော့ လျော့ကျမသွားပါဘူး။ လူအများစုကတော့ မဲပေးခဲ့ကြပါပြီ။ အဓိကက ကြိုတင်မဲဘယ်လောက်ပါနေတယ် ဆိုတာတိတိကျကျမသိရတဲ့အတွက် ခန့်မှန်းတွက်ချက်ရခက်ပါတယ်။ အခုသိရှိရတဲ့အချက်အလက်တွေအရ အချို့နေရာတွေမှာ ၄၀ရာခိုင်နှုန်းကျော်လောက် မဲပေးပြီးနေပါပြီ။ တောင်ဥက္ကလာပလို မဲဆန္ဒရှင်အားကောင်းတဲ့နေရာတွေမှာဆိုရင် နေ့လည် ၁ နာရီလောက် အထိ ၆၀ ရာခိုင်နှုန်းလောက်မဲပေးပြီးကြပြီလို့ သိရတယ်။ ဒီအတိုင်းဆိုရင်  ညနေ ၄နာရီလောက်မှာ မဲပေးသူရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံးမှာ ၅၀ ရာခိုင် နှုန်းအထက်မှာပဲရှိလိမ့်မယ်။ ပြည်သူတွေက တာဝန်ကျေပါတယ်။ ဒါပေမယ့်အပြင်မှာကြားနေရတဲ့ ကြိုတင်မဲတွေနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲကော်မရှင်က စနစ်တကျစိစစ်ဖို့၊ မှန်မှန်ကန်ကန်ဖြေရှင်းပေးဖို့လိုပါတယ်။ ဒါဆိုရင်လူအများယုံကြည်တဲ့ ရလဒ်တွေရလာလိမ့်မယ်လို့ ထင်ပါတယ်"ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

    "ကျွန်တော်ကအမျိုးသား လွှတ်တော်မှာဝင်ပြိုင်တဲ့အတွက်မြို့နယ်များပါတယ်။ အဲ့ဒီမြို့နယ်တွေထဲက တာမွေမြို့နယ်က မေတ္တာညွန့် ရပ်ကွက်မှာရှိတဲ့ မဲရုံတစ်ရုံမှာဆိုရင် ၁၁နာရီလောက်ကတည်းက ၇၀ရာခိုင်နှုန်းလောက် မဲပေးပြီးဖြစ်ပါတယ်။ တစ်ချို့မဲရုံတွေမှာဆိုရင် ၈၀ရာခိုင်နှုန်းလောက် မဲပေးပြီးဖြစ် ပါတယ်။ ဗိုလ်တထောင်မြို့နယ်မှာ ဆိုရင်လည်း မဲရုံတစ်ချို့မှာ၅၀ရာခိုင်နှုန်းကျော် ပေးပြီးဖြစ်တယ်လို့ ရပ်ကွက်ကော်မရှင်ဥက္ကဌတွေက ပြောပါတယ်။ မင်္ဂလာတောင်ညွန့်မှာဆိုရင်လည်း မဲရုံတစ်ချို့မှာ ၆၀ရာခိုင် နှုန်းကျော်လောက်ပေးပြီးဖြစ်တယ် လို့ သိရပါတယ်။ ဒါကြောင့်ကျွန်တော့်ရဲ့မြို့နယ်တွေမှာ ပျမ်းမျှတွက်ကြည့်လိုက်ရင် ၁၂နာရီကျော်လောက် မှာ ၅၀ရာခိုင်နှုန်းကျော်မဲပေးပြီးဖြစ် တယ်လို့ ယူဆလို့ရပါတယ်။ ကျွန်တော့်အဖေနေတဲ့ မင်းမနိုင်ဘက်မှာ ဆိုရင်လည်း မဲရုံတစ်ချို့မှာ ၉နာရီ လောက်ကတည်းက မဲပုံးပြည့်သွား ပြီလို့သိရပါတယ်" ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့သည်။


ďťż
မဲပေးကြပြီ (မြို့အလိုက်မဲပေးမှု အကျဉ်းချုပ်)

toVote 

ရန်ကုန် -

တောင်ဥက္ကလာပ - တောင်ဥက္ကလာပမြိုနယ် (၆) ရပ်ကွက်ရှိ မဲရုံအမှတ် (၄) တွင် ပထမဆုံးမဲပေးသူမှာ အသက်(၅၀) ၀န်ကျင် အမျိုးသားတစ်ဦး ဖြစ်ပြီး မိသားစုလိုက် မဲပေးသူများရှိနေ၊ မဲပေးရန်စောင့်ဆိုင်းနေသူများတွင် အသက် (၈၀) အမျိုးသမီးကြီး တစ်ဦးပါဝင်၊

တောင်ဥက္ကလာ - တောင်ဥက္ကလာ အင်းဝလမ်း မဲရုံ အမှတ် (၃) တွင် အသက်(၅၀)ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး စတင်မဲပေး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၂) (ဃ)ရပ်ကွက် မဲရုံတွင် အသက် (၄၀) ၀န်းကျင်ရှိ လင်မယားနှစ်ဦး စတင်မဲပေး၊

ကမာရွတ် - ကမာရွတ်မြိုနယ် မဲရုံအမှတ် (၃)တွင် အသက်(၆၆)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး စတင်မဲပေး၊

စမ်းချောင်း - စမ်းချောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်မဲရုံတွင် အသက် ၅၀ ကျော် အငြိမ်းစားဝန်ထမ်း၊ အမျိုးသားတစ်ဦး ပထမဆုံး လာရောက် မဲပေးခဲ့သည်။ "နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပြီလို့ ယူဆပါတယ်။ ရလဒ်ကလည်း မျှတမယ်လို့ ယုံကြည်ပါတယ်"

အလုံမြို့နယ် - ဆင်မင်းရပ်ကွက် မဲရုံတွင် အသက် ၆၀ ကျော် ၀န်ထမ်းဟောင်း အမျိုးသားတစ်ဦး ပထမဆုံး လာရောက်မဲပေး "နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံ့တာဝန် ကျေချင်လို့ မဲလာပေးတာပါ။ ၉၀ ခုနှစ်တုန်းကလည်း မဲပေး ခဲ့ဖူးပါတယ်။ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်မယ်ထင်တဲ့ ပါတီကို မဲပေးခဲ့ပါတယ်။ ရလဒ်ကိုလည်း စောင့်မျှော်နေပါတယ်။

ဗိုလ်တထောင် - (၇)ရပ်ကွက် မဲရုံတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမဆုံး လာရောက် မဲပေးခဲ့သည်။ "ကျွန်မတို့တစ်အိမ်လုံး မဲပေးကြမှာပါ။ အသက်ကြီးတဲ့သူတွေကတော့ နောက်မှလာပြီး မဲပေးပါလိမ့်မယ်။ ကျွန်မတို့အနေနဲ့ တာဝန်ကျေပါတယ်။ ဘယ်သူနိုင်နိုင်ပါ။ တိုးတက်မယ်ဆိုရင် ကျေနပ်ပါပြီ။" "ဒါပထမဆုံးမဲပေးတာပါ အိမ်မှာရှိတဲ့ မဲပေးခွင့်ရှိသူအားလုံး မဲပေးကြမှာပါ။ ပါတီတွေက ဘယ်လိုမှ မစည်းရုံးကြပါဘူး။ ကိုယ့်ဆန္ဒအရပဲ မဲပေးခဲတာပါ။ ကိုယ့်အပေါ်မှာကောင်တယ်ထင်တဲ့ ပါတီကို မဲပေးခဲ့တာပါ။ ကိုယ်အပေါ်ကောင်တဲ့ အုပ်ချုပ်မှုကောင်းတဲ့ လူရဲ့လက်အောက်မှာပဲ နေချင်ပါတယ်။" (၃၅) နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး

ဗဟန်း - ''ဗဟန်းမြို့နယ် မဲရုံအမှတ် ၂ မှာ မဲပေးရမယ့်သူ ၁၃၆၁ ရှိတယ်။ မနက် ၆ နာရီခွဲကျော်ဆိုတော့ ကိုယ်က စောလှပြီ ထင်နေတာ ကိုယ့်ရှေ့မှာ မဲပေးပြီးတဲ့သူက ၅၀ လောက် ပေးပြီးသွားပြီ။ လူထုကတော့ တာဝန်ကျေပါတယ်။ ကိုယ်ရဲ့မဲတွေ အညစ်မခံရဖို့ပဲ အရေးကြီးတယ်။ ဒါဆိုရင်တော့ လူထုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရနိုင်တယ်။''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ဒဂုံတောင် - "မဲပေးတဲ့သူတွေကတော့ လာ ကြပါတယ်။ မနက် ၆ နာရီက တည်းက တစ်ဖွဲဖွဲရောက်လာကြပါ တယ်။ တချို့ဆိုရင် မဲပေးဖို့ အသက်  မပြည့်သေးတဲ့ ကလေးတွေကိုပါ ခေါ်လာပြီး တစ်မိသားစုလုံး လာ ရောက်မဲပေးကြပါတယ်။ မဲဆန္ဒရှင် တွေရဲ့ ရှေ့မှာပဲ မဲမပေးခင် မဲပုံးထဲမှာ ဘာမဲမှရှိမနေဘူးဆိုတာကို ပြပြီး တော့မှ စပြီး မဲပေးခွင့်ပြုခဲ့ပါတယ်" ဟု ဒဂုံတောင်မြို့နယ် ၅၄ ရပ်ကွက် မဲရုံအမှတ် ၁ မှ တာဝန်ရှိသူတစ်ဦး က ပြောပြပါသည်။

"မနက်မိုးမလင်းက တည်းက တစ်မိသားစုလုံး မဲသွား ပေးဖို့ အစောကြီးထခဲ့တယ်။ လမ်းထဲက လူတွေလည်း မဲပေးဖို့ လိုက် ပြောထားတယ်။ ဘယ်သူ့ကို မဲထည့် ခဲ့သလဲဆိုတာကတော့ NDF ကိုပါ ပဲ။ သူတို့မရှိတဲ့ တိုင်းဒေသကြီး လွှတ်တော်မှာတော့ တစညကို ထည့် ခဲ့ပါတယ်" ဟု ဒဂုံတောင်မြို့နယ် ၅၄ ရပ်ကွက်မှ မဲဆန္ဒရှင်တစ်ဦးက ပြော ပြခဲ့ပါသည်။

"မဲရုံတွေကို လေ့လာဖို့ ကိုယ် စားလှယ်တွေကို ဖုန်းဆက်ထားပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း လျှောက်ပတ်ကြည့်နေပါတယ်။ အခု လောလောဆယ်တော့ လေးထောင့် ကန်ကို ရောက်နေပါတယ်" ဟု ဒဂုံတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျဝင်း (NDF ပါတီ)က နံနက် ၆ နာရီခွဲအချိန် တွင် ပြောပြပါသည်။

မြောက်ဒဂုံမြို့နယ် - (၃၂) ရပ်ကွက် ပထမဦးဆုံးမဲပေးသူ အငြိမ်းစားဗိုလ်မှူးတစ်ဦး အသက် ၆၀ အရွယ် ရှိသူတစ်ဦးဖြစ်။ အများဆုံး ဆန္ဒမဲ လာရောက်ပေးကြသူတွေက လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေ များတယ်။ လူငယ်ပိုင်းတွေတော့ သိပ်မတွေ့ရဘူး။ မဲရုံကြီးတွေမှာ ပါတီကိုယ်စားလှယ်တွေလည်း တွေ့ရတယ်။ ဒီရပ်ကွက်မှာတော့ တစ်အိမ်တစ်ယေက်နီးပါး မဲပေးတာ တွေ့ရတယ်။

မင်္ဂလာတောင်ညွန့် - ‘ကျွန်တော်ကတော့ အမျိုးသားလွှတ်တော်ကော၊ ပြည်သူ့လွှတ်တော်ကော၊ တိုင်းဒေသကြီးလွှတ်တော်ကော ဒီမိုကရက်တစ်ပါတီကိုပဲ ပေးလိုက်တယ်။ မျက်စိကလည်း သိပ်မကောင်းဘူး။ ကျန်တဲ့ဟာတွေ မကြိုက်ဘူး။ ဒေါင်းရုပ်ပဲမြင်လို့ ဒေါင်းရုပ်တွေကိုပဲ အမှန်ခြစ်လိုက်တယ်’ မင်္ဂလာတောင်ညွန့်မြို့နယ်မှ အသက် ၅၀ ကျော် မဲဆန္ဒရှင်တစ်ဦး

တာမွေမြို့နယ် - ''ကျွန်တော် အစောဆုံး လာပေးဖြစ်တာက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိတ်ပါဝင်စားလို့ပါ။ ဒါကြောင့် အစောဆုံးကို တမင်လာပေးတာ။ ကျွန်တော် ရွေးချယ်ခဲ့တဲ့ပါတီက ပညာတတ်တွေ အများဆုံးပါတဲ့ ပါတီပါ။ သူတို့အနေနဲ့ နိုင်ငံအတွက် အကောင်းဆုံး လုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီရွေးကောက်ပွဲက ကျွန်တော်ပထမဆုံး မဲပေးဖြစ်တာပါ။ နိုင်ငံသားတစ်ယောက် အနေနဲ့ မဲပေးခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်ပေးခဲ့တဲ့မဲက တန်ဖိုးရှိလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါကြောင့် မဲရေတွက်ချိန် ရလဒ်ကို စောင့်ကြည့်သွားမှာပါ" အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး

"ကျွန်တော် ပထမဆုံးပေးရမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် အရမ်း စိတ်ဝင်စားပါတယ်။ ဒါကြောင့် သူငယ်ချင်းနဲ့ချိန်းပြီး အစောဆုံး သွားပေးဖြစ်တာပါ။ ပါတီအနေနဲ့တော့ ခမောက်ကို ရွေးချယ်ခဲ့ပါတယ်။ ကောင်းအောင် လုပ်ပေးနိုင်တယ်လို့ ယုံကြည်တဲ့ပါတီကို ရွေးချယ်ခဲ့တာပါ။ ပထမဆုံး မဲပေးခွင့် ရတဲ့အတွက် ၀မ်းသာရသလို ကျွန်တော်ပေးတဲ့ မဲကလည်း တန်ဖိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ညနေ မဲရေတွက်ချိန် ရောက်ရင် ထွက်လာမယ့် အဖြေကို သွားစောင့်ကြည့် လေ့လာဖြစ်မှာပါ" ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး

မန္တလေး - မန္တလေးမြို့ပေါ်ရှိ မဲရုံများတွင် နံနက် (၈) နာရီကျော်မှစကာ မဲရုံအသီသီးသို့ မဲပေးသူများ ခပ်စိတ်စိတ် ရောက်လာပြီး မဲပေးနေကြောင်းသိရသည်။   

မြိတ် - မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်မဲရုံတွင် အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦ စတင်မဲပေး၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး အပါအ၀င် သတင်းမီဒီယာအချို့ လေ့လာသတင်းရယူနေ၊

ငပုတော - ငပုတောမြိုနယ် မဲရုံအမှတ် (၂) တွင် အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦး စတင်မဲပေး၊ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းအားမဲပေးကြောင်း ပြောကြား၊ ၄င်ဧ။်နောက်တွင် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးမဲပေးပြီး ခမောက်ဘေးတွင် အမှန်ခြစ်ခဲ့ကြောင်း ပြောကြား၊

မောင်တော - မောင်တောမြိုနယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးရန် စောင့်ဆိုင်းသူများပြားကြောင်းသိရ

ဖားအံ - ကရင်ပြည်နယ် ဖားအံမြို့ ကူဆိပ်ရပ်ကွက် မဲရုံ အမှတ် (၂) တွင် အသက် (၆၀)ကျော် အမျိုးသား (ပညာရေးမှုးဟောင်း) တစ်ဦး ပထမဦးဆုံမဲစတင်ပေး၊ ဖလုံစဝေါ်ကိုမဲပေးကြောင်းသိရ

စစ်တွေမြို့ - ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းကြီးလမ်းမဲရုံတွင် အသက် (၃၅)နှစ်အရွယ် အမျိုးသား တစ်ဦး ပထမဆုံး စတင်မဲပေးခဲ့ အဆိုပါမဲရုံတွင် မဲပေးမည့်သူအများ အပြားရှိပြီး ကြိတ်ကြိတ်တိုးလျက်ရှိ ကြောင်း သိရသည်။

ရမည်းသင်း - မြို့မရပ်ကွက် မဲရုံ(၂)နှင့်(၃) တွင် လာရောက် မဲပေးခဲ့ကြ၊ ပထမဆုံး မဲပေးသူမှာ အသက် ၅၈ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်၊"နိုင်ငံသား တစ်ယောက်အနေနဲ့ ဒီမိုကရေစီ ကူးပြောင်းရေးမှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် လာပြီး မဲပေးတာပါ။ တစ်ပါတီ စနစ်တုန်းကလည်း မဲပေးဖူးပါတယ်။ ကွာခြားတာကတော့ ဒီရွေးကောက်ပွဲမှာ လေးစားလောက်တဲ့လူ သိပ်မတွေ့ရတာပါပဲ"

ဟားခါးမြို့ - နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်ခဲ့ ရာသီဥတုအေးသော်လည်း လာရောက်မဲပေးသူများပြား၊ မဲရုံသုံးရုံ ကြည့်ရှုခွင့် ရရှိထားပြီး ဖြစ်သော်လည်း မဲပေးသူများနှင့် စကားပြောခွင့်မရသေး 

မကွေး - မကွေးမြို့ ဈေးလည်စိုးရပ်ကွက် မဲရုံအမှတ် (၁) တွင် အသက် ၅၈ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး မဲစတင်ပေး "ဘယ်သူပဲတက်တက် ကြိုဆိုပါတယ်။ သာမန်ပါဘဲ။ ဘာမှထူးထူးခြားခြား မရှိပါဘူး"

"လွှတ်တော်ကိုယ်စားလှယ် လောင်းကို ရွေးချယ်တဲ့အခါမှာ အကျိုးပြုနိုင်မယ့်လူကိုရွေးချယ်ခဲ့ပါ တယ်။ နောက်ပြီး လူကိုကြိုက်လို့ ရွေးချယ်ခဲ့တာပါ။ ကျွန်တော်မိတ် ဆွေတွေလည်း သူ့ကိုပဲရွေးချယ်ခဲ့ပါ တယ်။ မူကတော့နောက်မှပါ။ သူ နိုင်၊ မနိုင်ကတော့ မပြောတတ်ပါဘူး။" (၅၄)နှစ်အရွယ်အမျိုးသားတစ်ဦး

ကျိုင်းတုံ - ကျိုင်းတုံမြို့နယ် နောင်ကုန်ကျေးရွာ မဲရုံအမှတ် (၁) တွင် ပထမဆုံးမဲပေးသူမှာ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦးဖြစ်သည်၊ ၄င်းက ကျားဖြူပါတီအားမဲပေးခဲ့ကြောင်းပြောကြား

"မဲရုံမှာ အခုလို လူတွေအများကြီး မဲလာပေးကြတာ အရမ်းအံသြဖို့ကောင်းပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး ချိုဗျောင်ဂျဲ က ကျိုင်းတုံမြိုတွင် နံနက် (၉) နာရီခန့်က ပြောကြားခဲ့သည်။

"မဲရုံ (၃) ရုံကို လေ့လာပြီးတဲ့အခါမှာ အခုအချိန်အထိတေ့ အရာရာက အဆင်ပြေနေတဲ့  ပုံစံပါပဲ။" ဟု မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအရာရှိတစ်ဦးက ကျိုင်းတုံမြို့တွင် နံနက် (၉) နာရီ (၁၅) မိနစ်ခန့်က ပြောကြားခဲ့သည်။

"မသိဘူး။ ဟိုကပေးခိုင်းတဲ့အတိုင်း ပေးလိုက်တာပဲ" ဟု ကျိုင်းတုံမြို့ မိုင်ဇင်းကျေးရွာအုပ်စုမှ အခါတိုင်းရင်သူတစ်ဦးက နံနက် (၉)နာရီ (၄၅)မိနစ်ခန့်တွင် ပြောကြာခဲ့သည်။

တောင်ကြီး - တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ မဲရုံအမှတ် (၂) တွင် ဦးသန်းလွင် အသက် ၅၈ နှစ်အရွယ် ပထမဆုံး မဲပေးခဲ့သည်။ "အခု မဲပေးရတာ အဆင်ပြေပါတယ်။ မဲပေးဖို့ကို မနက် ၅ နာရီ ၃၀ မိနစ်ကတည်းက ရောက်နေတာပါ"ဟု ပြောကြားခဲ့သည်။

လပွတ္တာ - ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ မဲရုံများတွင် မဲပေးရန် စောင့်ဆိုင်းနေသူများ များပြားနေပြီး နံနက် ၇ နာရီခွဲမှစ၍ မြို့ပေါ်ရှိမဲရုံများတွင် မဲပေးရန်အတွက် အများအပြားလာ ရောက်ကြကြောင်း သိရသည်။ မိသားစုလိုက် လာရောက်မဲပေးသူများပြားလျက် ရှိသည်။ ၁၀ ရပ်ကွက် မဲရုံအမှတ်(၁) တွင် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားတစ်ဦး ပထမဆုံးလာရောက် မဲပေးခဲ့။ ‘‘မနက် ၆ နာရီခွဲမှာ မဲပေးခဲ့ ပါတယ်။ ကတ်ပြားထုတ်ပြီး အခန်း တစ်ခန်းစီဝင်၊ ကိုယ်ကြိုက်တဲ့ပါတီကို လွတ်လွတ်လပ်လပ် မဲပေးခဲ့ပါတယ်။ အဆင်ပြေပါတယ်’’ဟု လပွတ္တာမြို့နယ် (၁၀)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခဲ့သူ အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

လပွတ္တာမြို့ပေါ်(၇)ရပ်ကွက်မှ အမျိုးသမီးအဖွဲ့တစ်ဖွဲ့က ''ကျွန်မတို့က ဆရာထိန်ကျောင်းမှာ မဲပေးရတယ်။ စိတ်ထဲမှာ မဲပေးမယ်လို့ ရွေးချယ်ထားတဲ့ ပါတီကိုပဲ ပေးခဲ့ကြပါတယ်''ဟု ဆိုသည်။

လပွတ္တာမြို့ပေါ်(၁၀) ရပ်ကွက်တွင် နေထိုင်သော အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးက''ကျွန်တော်ကတော့ ကဒေါင်းကိုပဲ မဲပေးခဲ့တယ်။ တစ်ခြား ရွေးစရာပါတီ မရှိတဲ့ လွှတ်တော်ကိုတော့ တစ်သီးပုဂ္ဂလကိုပဲ မေးပေးခဲ့တယ်''ဟု ပြောပါသည်။

လပွတ္တာမြို့ပေါ်ရှိ မဲရုံများတွင် နံနက်(၆)နာရီမှ(၉)နာရီ အတွင်း မဲလာရောက်ပေးသူ များပြားခဲ့ပြီး အချို့ မဲရုံများသည် မွန်းလွဲ(၂)နာရီ၊ (၃) နာရီတွင် မဲပေးမှု ပြီးစီးနိုင်ကြောင်း သိရသည်။ မြို့စွန်ရပ်ကွက်များမှာ ပိုစောနိုင်ကြောင်းလည်း သိရ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ပျဉ်တောင်ကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ''တစ်သီးပုဂ္ဂလတွေဝေတဲ့ လက်ကမ်း စာစောင်တွေကိုဖတ်ပြီး ဘယ်သူတွေကို ရွေးရမယ်ဆိုတာ ဆုံးဖြတ်ပြီးသားပါ''ဟုလည်း ပြောပါသည်။

လပွတ္တာမြို့ပေါ် "ရပ်တွက်များတွင် နံနက်ပိုင်းက မဲပေးသူ အရေအတွက်မှာ မြို့ပြင် ရပ်ကွက်များလောက် မများခဲ့ကြောင်း သိရပြီး မဲပေးရာတွင် လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့ကြောင်း မဲပေးခဲ့သူများ၏ ပြောပြချက်အရ သိရ

'မဲပေးတဲ့နေရာမှာ အတင်းအကြပ် ခိုင်းစေတာမျိုတော့ မရှိပါဘူး။ နောက်ပြီး ဘာကိုပေးရမယ်ဆိုပြီး အရိပ်အယောင် ပြောတာမျိုးလည်း မတွေ့ရပါဘူး။ ဘေးကစောင့်ကြည့်ပေးတာကလည်း ပယ်မဲမဖြစ် အောင် ညွှန်ကြားတဲ့ သဘောမျိုးပဲ ရှိပါတယ်''ဟု ပျဉ်တောင်တွင်း ကျေးရွာမှ မဲပေးခဲ့သော အသက်(၅၀)ကျော် အမျိုးသမီး(၂)ဦးက ပြောကြား

တ.စ.ည ကိုပဲ မဲပေးခဲ့တယ်။ဘာလို့လဲဆိုတော့ ရွေးစရာပါတီကလည်း သိပ်များများစားစား မရှိဘူး။ပေးချင်တာက ခမောက်ကို ပေးချင်တာ။မရှိတော့ တ.စ.ည ကိုပဲပေးမယ်လို့ အစကတည်းက ဆုံးဖြတ်ပြီးသားပါ'' လပွတ္တာမြို့ပေါ်ရှိ ရပ်ကွက်(၁၀)တွင် နေထိုင်သူတစ်ဦး

ညောင်လိန်ကျေးရွာတွင် နေထိုင်သူ တစ်ဦးကလည်း ''တစ်သီးပုဂ္ဂလနဲ့ တ.စ.ည ကိုပဲ မဲပေးခဲ့တယ်။လွတ်လွတ်လပ်လပ် မဲပေးလို့ရပါတယ်'' ဟု ပြောပါသည်။

မြစ်ကြီးနား - အောင်နန်းရပ်ကွက် မဲရုံအမှတ် ၆၁ တွင် နံနက် ၆နာရီ မဲရုံဖွင့်ချိန် ကတည်းက လာရောက် မဲပေးသူ များပြားခဲ့။ ၀န်ထမ်း၊ အရပ်သားအားလုံး မဲလာပေးခဲ့ကြ၊ ပထမဆုံး မဲပေးသူမှာ အသက် (၅၈)နှစ် အရွယ်ရှိ အရပ်သား အမျိုးသားတစ်ဦးဖြစ်။ ၀န်ထမ်းအများစုမှာ လာရောက် မဲပေးကြသော်လည်း မည်သည့် ပါတီကို မဲပေးခဲ့သည်ကို မေးမြန်းရာတွင် ''ဟိုပါ...တီကိုပဲ မဲပေးရတာပေါ့''ဟု ဖြေကြားခဲ့။

ကချင်ပြည်နယ်တွင် မြို့နယ်ပေါင်း (၁၈) မြို့နယ်ရှိပြီး မြစ်ကြီးနား မြို့နယ်တွင် မဲပေးနိုင်သူ အရေအတွက် (၅)သိန်းခွဲမှ (၆) သိန်း အကြားရှိ၊ နိုဝင်ဘာလ(၇)ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနား မြို့ပေါ်မှ မဲဆန္ဒနယ် အမှတ်(၁)နှင့်(၂) တို့၏ ရလဒ်များကို ထုတ်ပြန်ကြေငြာ နိုင်ဖွယ်ရှိ၊ ပြည်နယ်တစ်ခုလုံး၏ ရလဒ်များကိုမူ နိုဝင်ဘာ(၉)ခန့်တွင်သာ ထုတ်ပြန်နိုင်မည်ဟု သိရ။

မြို့ပေါ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှာ အခြေအနေ ကောင်းနိုင်ပြီး လူငယ်များဖြင့် ယခုအချိန်အထိ စည်းရုံးမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။သို့ရာတွင် မြစ်ကြီးနားနှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများမှာ ၎င်းတို့ မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်သော ပါတီ (၅) ပါတီ ရှိကြောင်းကိုပင် မသိကြကြောင်းနှင့် အခြေအနေက...ိုကြည့် မဲပေးသွားမည်ဆိုသူ (၅၀) ရာခိုင်နှုန်းကျော် ရှိနေသည်ဟုလည်းသိရ

ခရမ်း - ‘လွှတ်တော်သုံးခုစလုံးအတွက် ခမောက်ကိုပဲ ထည့်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားရလို့ပါ’ - ရန်ကုန်တိုင်းဒေသကြိး ခရမ်းမြို့နယ် မကျည်းကန်ကျေးရွာ အသက် ၃၀ အရွယ် မဲဆန္ဒရှင် အမျိုးသမီးတစ်ဦး

ဒေးဒရဲ - ‘သုံးခုစလုံး တစညပဲ ထည့် တယ်။ တစညကို ဘာကြောင့်ထည့် ရလဲဆိုတော့ ကျွန်တော်တို့က စပါး စိုက်တာ စပါးကို ချစ်လို့။ ကျန်တာ တော့ ကျွန်တော် သိပ်မသိဘူး’ - ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာ အသက် ၃၀ အရွယ် မဲဆန္ဒရှင်အမျိုးသားတစ်ဦး

ပဲခူးမြို့- မြို့တွင်းကြီးရပ်ကွက် မဲရုံ အမှတ်(၁)တွင် ဒေါ်ဝင်း အသက် ၆၄ နှစ်မှ ပထမဆုံး မဲပေးခဲ့ ရှင်စောပုရပ်ကွက် မဲရုံအမှတ် (၁)တွင် ဦးဝင်းဖေ အသက်(၆၄)နှစ်က ပထမဆုံး မဲပေးခဲ့။

ပုသိမ် - ပုသိမ်မြိုပေါ် မဲရုံလေ့လာရေး ခရီးစဉ်တွင် အမေရိကန်သံမှုးတစ်ဦး ရောက်ရှိနေကြောင်း သိရသည်။ လေ့လာရေးအဖွဲ့သည် နံနက်ပိုင်းတွင် မဲရုံ (၅) ရုံကို လေ့လာပြီး ယခုအခါ ကန်ကြီးထောင့်သို့ ဆက်လက်ထွက်ခွာနေသည်။

ကလေး - ကလေးမြို့ တွင် မနက် ၆ နာရီ မှ ၉ နာရီအတွင်း မဲပေးသူ များပြားခဲ့ကြောင်းသိရသည်။ တဟန်းဘက်တွင် မဲပေးသူပိုများခဲ့ကြောင်းသိရသည်။ ကလေးမြို့တွင် ခရစ်ယာန် ဘာသာဝင် များပြားသည့် အတွက် ၁၂ ကျော်ပြီးနောက် ဘုရားကျောင်းမှ အပြန်တွင် မဲပေးသူပိုများလာနိုင်ကြောင်းသိရသည်။ ကလေးမြို့တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သိးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများနှင့် ချင်းတိုးတက်ရေးပါတီမှ တာဝန်ရှိသူများကမူ တရားမျှတကြောင်း ပြောဆိုခဲ့ပြီး ကြိုတင်မဲ ကိစ္စကို ကျေနပ်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ၁၁:၄၅ မိနစ်ချိန်တွင် ကလေးမြို့မှ မဲပေးပိုင်ခွင့် ရှိသူ အရေအတွက်မှ ထက်ဝက်ခန့် မဲပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ပဲခူးမြို့ - "ကျွန်တော်ကတော့ အမျိုးသားလွှတ်တော်အတွက် ပြည်ထောင်စုဒီမိုကရေစီပါတီကို ရွေးခဲ့တယ်။ ပြည့်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအင်အားစုကိုပေးတယ်။" (အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး။ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်)

ပဲခူးမြို့ - "နံနက်က မဲသွားပေးပြီးမှ လယ်ထဲသွားတယ်။ ကိုယ်စားလှယ်လောင်းတွေကိုတော့ တစ်ယောက်မှ မမြင်ဖူးဘူး။ ပါတီနာမည်ကိုပဲကြည့်ပြီး မဲပေးခဲ့တယ်။ မှတ်မိသလောက်ဆိုရင်တော့ ဒီမိုကရေစီဆိုတဲ့ စာလုံးပါတဲ့ပါတီကို အဓိကပေးခဲ့တယ်။" (အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပြည်တော်သာကျေးရွာ၊ ပဲခူးမြို့နယ်။)

ပဲခူးမြို့ - "အပြောင်းအလဲတစ်ခုကို လိုချင်လို့ မဲသွားပေးတာ။ ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိတယ်။" (အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး။ နောက်ဆုံးနှစ်(မြန်မာစာ)၊ ပဲခူးဒီဂရီကောလိပ်)

မန္တလေးမြို့-  "ရှမ်းလူမျိုးဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးလွှတ်တော် မဲကိုယ်စားလှယ် ဆန္ဒမဲပုံးအပါအ၀င် မဲပုံးလေးပုံးမှာ ဆန္ဒမဲပေးခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် က နှစ်ဦးပဲရှိပြီး ကျွန်တော်တို့လို လူမျိုးတွေက မဲထည့်တဲ့နေရာမှာ သွေးစကားပြောမှာပါ။ အခု ကျွန်တော့်အသက် ၂၇ နှစ်မှာ ပထမဆုံးအကြိမ် ဆန္ဒမဲပေးရတာဖြစ်ပေမယ့် ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက် အတွေ့အကြုံနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အတွက် စဉ်းစားဆုံးဖြတ်ပြီး ဆန္ဒမဲပေးခဲ့တာပါ"

"နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ပတ်သက်တာပေါ့။ ဘာပဲလုပ်လုပ် လမ်းမှာ အမှိုက်ပစ်တာကအစ နိုင်ငံရေးပဲ အမှိုက်ကို စည်းကမ်းမဲ့ မပစ်ရဘူး။ အမှိုက်ပုံးထဲပဲထည့်ရမယ်။ လမ်းဖြတ်ကူးရင်လည်း မျဉ်းကြားကကူးရမယ်။ လူတိုင်းမှာ ကိုယ်လုပ်ရမယ့် တာဝန်သိတတ်တာ အားလုံးကနိုင်ငံရေးပဲ"

မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တွင်လာရောက်ပေးသော ဒေါက်တာအောင်ဗိုလ် (မန္တလေးတိုင်း ဒေသကြီး  အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာသန်းမြင့်၏သား)

"ဈေးရောင်းရဦးမှာမို့ မနက်စောစောကြီး မဲရုံဖွင့်ပြီဆိုတာနဲ့ မဲသွားပေးခဲ့တာ။ မိသားစု ၈ယောက်မှာ မဲပေးရမယ့်သူ ၅ယောက်ရှိတယ်။ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ် မအားကြဘူး။ ပေးရမယ့် တာဝန်ရှိတယ်လို့ ယူဆလို့ မနက် ၇နာရီ မထိုးခင်ကတည်းက မိသားစု၅ယောက်လုံး သွားပေးခဲ့တယ်။ ကျွန်မအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း မဲပေးခဲ့ပါတယ်။" အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်မှ ကွမ်းယာရောင်းချသူတစ်ဦး

ပခုက္ကူမြို့- ပခုက္ကူမြို့တွင် နံနက် ၆ နာရီမှစတင်၍ မဲရုံများဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများက ၈၀ ရာခိုင်နှုန်းအထိ မဲပေးခဲ့ကြကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။


"ကျွန်မတို့က ပါတီတွေနဲ့ပတ်သက်ပြီး ဘာမှမသိပါဘူး။ သူများထည့်တဲ့အတိုင်း လိုက်ထည့်ကြတာပါ။ အမတ်တွေလည်း မသိပါဘူး" ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။


"တချို့မဲရုံတွေက ဂျာနယ်လစ်တွေအ၀င်မခံပါဘူး။ ဓာတ်ပုံလည်း ရိုက်လို့မရဘူး။ လေ့လာလို့မရပါဘူး"ဟု ဒေသခံဂျာနယ်လစ်တစ်ဦးကလည်း ပြောကြားခဲ့သည်။ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အား မေးမြန်းသည့်အခါတွင် ၄ နာရီကျော်တဲ့အခါမှာ ပါတီကိုယ်စားလှယ်တွေရဲ့ရှေ့မှာ မဲတွေကို ရေတွက်ပါမယ်။ အဲဒီကျမှ သတင်းရယူပါ"ဟု ပြောကြားခဲ့သည်။ "လူတော်တော်များများက ကြံ့ဖွံ့ကိုထည့်ကြတယ်။ ကြားညှပ်တာကတော့ တစညပဲ။ ကျောင်းသားသို့မဟုတ် အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ကိုလည်း မဲထည့်တဲ့သူ ထည့်ကြတယ်" ဟု ဒေသခံတစ်ဦးက ပြောပါသည်။

လပွတ္တာမြို့- လပွတ္တာမြို့နယ်တွင် ကြိုတင်မဲ လက်မှတ်များအား ညနေ ၃ နာရီ ၀န်းကျင်ခန့်က မြို့တော်ခန်းမတွင် စတင်ဖွင့် လှစ်နေပြီဖြစ်သည်။ အဆိုပါ မြို့တော်ခန်းမသို့ သက်ဆိုင်ရာ ပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ လာရောက်ကြည့်ရှု ခွင့်ရကြောင်း သတင်းရရှိသည်။


နေပြည်တော် လယ်ဝေးမြို့နယ်-နေပြည်တော် လယ်ဝေးမြို့နယ်တွင် ရပ်ကွက်ခြောက်ခုနှင့် ကျေးရွာအုပ်စု ၅၉ ခုရှိပြီး မဲရုံ ၁၂၄ ရုံရှိကာ မဲပေး ခွင့်ဦးရေ ၁၆၅၈၀၇ ဦးရေရှိကြောင်း သိရသည်။ ကြိုတင်မဲကောက်ယူမှုနှင့်ပတ်သက်ပြီး နေပြည်တော် လယ်ဝေးမြို့နယ်ရဲစခန်း ရဲအရာရှိရှေ့တွင် မဲပေးရခြင်းနှင့် အိမ်တိုင်ရာရောက် လိုက်လံပြီးကြိုတင်မဲ ကောက်ခံမှုများ ရှိခြင်းကြောင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဖြစ်သူ ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ ကော်မရှင်၏တားမြစ်မှုကြောင့် အိမ်တိုင်ရာရောက် မဲကောက်ခံမှုမရှိတော့ဟုလည်း သိရသည်။ နေပြည်တော်ခရိုင်အတွင်းရှိ မဲရုံများနှင့် မဲပေးမှုအခြေအနေနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအား မေးမြန်းရာတွင် ညနေ ၃း၁၅ နာရီ၌ မဲပေးသူ စုစုပေါင်း ၆၅ ရာခိုင်နှုန်းရှိသွားပြီဟု သိရပြီး ည ၇ နာရီတွင် မဲရလဒ်များအား ထုတ်ပြန်ကြေညာနိုင်လိမ့်မည်ဟု ယူဆထားကြောင်း သိရသည်။

ďťż

မန္တလေးမြို့ပေါ်ရှိ မဲရုံများ နံနက် ၈ နာရီကျော်မှ အသက်ဝင်လှုပ်ရှားလာ

     နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီကျော်ချိန်တွင် မန္တလေးမြို့ပေါ်ရှိ မဲရုံအသီးသီး၌ ဆန္ဒမဲပေးမှုများ ခပ်စိပ်စိပ် များလာကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် မန္တလေးမြို့၏ အနောက်ခြမ်း ဆင်ခြေဖုံးရပ်ကွက်များ ဖြစ်သော အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အနောက် ထင်းဝင်းရပ်ကွက် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော် ရပ်ကွက်များရှိ မဲရုံအသီးသီး တွင် မဲပေးမှုများ များပြားလာသည် ကို တွေ့ရသည်။ အဆိုပါ ရပ်ကွက် များမှာ လက်လုပ်လက်စားနှင့် အောက်မြေလူတန်းစား အလွှာများပြားမှု ရှိရာ မဲပေးလာရောက်သည့် အသက် ၅၀ အရွယ် ၀န်းကျင် ဈေးသည် အမျိုးသမီးအုပ်စုအား မေးမြန်းကြည့်ရာ "ဘာမှတော့ တိတိကျကျ မသိဘူး။ တံဆိပ်တွေဆိုတာလည်း မသိဘူး။ ရပ်ကွက်ထဲမှာ တော်တော် များများ ဗွီနိုင်းတွေနဲ့ ချိတ်ထားတဲ့ ကိုယ်စားလှယ်ကိုပဲ အမှန်ခြစ်ခဲ့တာပဲ"ဟု ဆိုသည်။

    ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ပညာရေးတက္ကသိုလ်တွင် နံနက် ၈ နာရီအချိန်၌ ပညာရေး တက္ကသိုလ်မှ ဆရာ၊ ဆရာမလောင်းများအနက် လူဦးရေ ၄၅၀ မဲပေး ပြီးစီးကြောင်းနှင့် ထိုအရေအတွက် တွင် ဆရာ ၁၂၇ ဦး ပါဝင်ကြောင်း သိရသည်။ အလားတူ ချမ်းမြ သာစည်မြို့နယ်ရှိ သူနာပြု တက္ကသိုလ်မဲရုံတွင် စည်ပင်သာယာ၊ သွားဘက်ဆိုင်ရာတက္ကသိုလ်၊ အရိုး အထူးကုဆေးရုံ၊ အားကာသိပ္ပံ ကုတင် ၃၀၀ ဆံ့ဆေးရုံတို့မှဝန်ထမ်း များနှင့် မဲဆန္ဒရှင်များ ဦးရေ ၇၀၀၀ ကျော်အနက် နံနက် ၈ နာရီအချိန် တွင် ဦးရေ ၄၀၀ ကျော် မဲပေးပြီးစီး သွားကြောင်း သိရသည်။

ďťż
မဲရေတွက်ချိန်တွင် စောင့်ကြည့်ကြရန် ပြည်သူများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပန်ကြား

နိုဝင်ဘာလ (၇)ရက်နေ့ ယနေ့တွင် ပြုလုပ်လျက်ရှိသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံ၌ မဲရေတွက်ချိန်တွင် စောင့်ကြည့်ကြရန် ပြည်သူများကို လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပန်ကြားခဲ့ကြပါသည်။

''ဒီမိုကရေစီတံခါးကို တွန်းဖွင့်မဲ့ ပြည်သူတွေ အနေနဲ့ မဲရုံပိတ်ချိန် မဲရေတွက်မှုမှာ စောင့်ကြည့်ဖို့ဆိုတာ ဒီနေ့အတွက် အဓိကကျတဲ့ တာဝန်ကြီးတစ်ရပ်လို့ ပြောချင်ပါတယ်။ ပုဇွန်တောင်မြို့နယ်မှာ မဲရုံ (၆၂)ရုံ ရှိပါတယ်။

ကျွန်တော်ကတော့ မဲရုံကိုယ် စားလှယ် တစ်ယောက်မှ မထားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်က ကျောင်းဆရာ လုပ်ခဲ့ဖူးတော့ ကျွန်တော်နဲ့ သိကျွမ်းတဲ့ မိတ်ဆွေတွေ ပညာရေး ၀န်ထမ်းတွေ အကုန်လုံးက မဲရုံတွေမှာ တာဝန်ကျနေပါတယ်။ လာရောက် မဲပေးတဲ့သူတွေက ကျွန်တော် ထင်ထားတာထက် တော်တော်ကိုများပါတယ်။ No Vote တွေကြောင့် မဲရုံမှူးတွေ အိပ်ငိုက်နေမယ်လို့ ကျွန်တော် ထင်ထားတာပါ။ အခုတော့ ကျွန်တော်ကိုယ်တိုင် တန်းစီပြီး မဲထည့်ခဲ့ရပါတယ်''ဟု ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရန်ကျော် က ပြောကြားခဲ့ပါသည်။

''ဒါပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ အသည်းကြားက မဲတစ်ပြားပါ။ မလေလွင့်ဖို့ အဆုံးရှုံး မခံဖို့ကို ပေးတဲ့ မဲက ကိုယ်ပေးတဲ့သူအတွက် မဟုတ်ဘဲ၊ တစ်ခြားတစ်ဘက်ကို ပြောင်းမသွားဖို့ မဲရုံတွေကိုသွားပြီး မဲရေတွက်တာ ပြည်သူတွေ စောင့်ကြည့်ပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူတွေအနေနဲ့ မဲပေးရုံနဲ့ တာဝန်ပြီးဆုံးပြီလို့ မယူဆစေချင်ပါဘူး။ တန်ဖိုးရှိတဲ့ မဲတွေ မဆုံးရှုံးဖို့ပါ။ မဲရုံတွေကို ပြည်သူတွေ လွတ်လွတ်လပ်လပ် သွားလို့ရပါတယ်။ ရေတွက်တာကို စောင့်ကြည့်ဖို့ (၁၀)ဦး လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ အဲဒီတာဝန်ကို ပြည်သူတွေ ထမ်းဆောင်ပေးကြပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်''ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောပြခဲ့သည်။

''ပြည်သူတွေ အနေနဲ့ ကိုယ်ပေးခဲ့တဲ့ မဲတန်ဖိုးကို သိရဖို့ မဲရုံတွေမှာ ရေတွက်ပြီးချိန်အထိ စောင့်ကြည့်စေချင်ပါတယ်။ ဒါမှ ရေတွက်ပြီးချိန်မှာ ကိုယ်ပေးခဲ့တဲ့မဲ ဘယ်လောက် အရာရောက်သလဲဆိုတာ သိရမှာပါ။ အခု ရန်ကင်း ၁၂ နဲ့ ၁၁ ရပ်ကွက်မှာ ပြည်သူတွေ အများအပြား မဲလာပေးတာ ပေးတဲ့သူ များလွန်းလို့ တန်းစီကြရပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် မဲပေးဖို့ မသွားသေးပါဘူး။ ပြည်သူတွေကို ဦးစားပေးချင်လို့ပါ။ ပြည်သူတွေ တော်တော်များများ မဲပေးပြီး နေ့ခင်းလောက်မှ မဲသွားပေးပါ မယ်။ ကျွန်တော်ပြောချင်တာက No Vote အစီအစဉ် မအောင်မြင်ဘူး ဆိုတာပါ''ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးသန့်က ပြောကြားခဲ့ပါသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဝိုင်းကြည် ကလည်း ''ကျွန်မ ၀င်ပြိုင်တာ မဲဆန္ဒနယ် သုံးနယ်မှာပါ။သုံးခုစလုံးမှာ မဲရုံကိုယ်စားလှယ် မထားပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မကို ယုံကြည်တဲ့ ပြည်သူတွေကို ကျွန်မကလည်း ယုံ ကြည်လို့ပါ။ ဒါကြောင့် ကျွန်မကို ယုံကြည်တဲ့ ပြည်သူတွေက မေတ္တာထားပြီး ကျွန်မကိုယ်စား မဲရုံတွေမှာ ဂရုတစိုက် ၀ိုင်းဝန်းကူညီ စောင့်ကြည်ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ ပြည်သူတွေက စောင့်ကြည့်ပေးဖို့ကိုလည်း ကျွန်မအနေနဲ့ အထူးပဲ မေတ္တာရပ်ခံအပ်ပါတယ်။ အခုဆိုရင် ကျွန်မမှာ ကိုယ်စားလှယ်မရှိလို့ မဲရုံတွေကို ကျွန်မကိုယ်တိုင်သွားပြီး မဲရုံမှူးတွေ အပါအ၀င် ရွေးကောက်ပွဲမှာ တာဝန်ရှိသူတွေကိုလည်း မေတ္တာရပ်ခံထားပါတယ်''ဟု ပြောကြားခဲ့သည်။

''မဲရုံတွေ ပိတ်ပြီးတဲ့ အခါမှာ မဲဆန္ဒရှင်တွေ အနေနဲ့ မဲရေတွက်မှုကို ကိုယ်တိုင် သွားကြည့်ခွင့် ရှိတယ်။ အဲဒါကို သွားကြည့်မှလည်း ကိုယ်ပေးထားတဲ့မဲ တန်ဖိုးရှိမရှိဆိုတာ သိနိုင်မယ်။ မကြောက်မရွံ့နဲ့ သွားရောက် ကြည့်ရှုဖို့ စောင့်ကြည့်ပေးဖို့ ပန်ကြား ချင်ပါတယ်။ အခု ကျွန်တော်သိထားသလောက် တာမွေမြို့နယ်မှာ မဲရုံပေါင်း ၁၉၉ ရုံ ရှိပါတယ်။ ကျွန်တော့်ဆီက သွားကြည့်နိုင်တာ ၁၅ ရုံပဲ ရှိတယ်။ ဒါကြောင့် ကျန်တဲ့ မဲရုံတွေကို ပြည်သူတွေ ကြည့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းတင်အောင်က ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသုဝေကလည်း ''ကျွန်တော်ကတော့ မဲရုံကိုယ်စားလှယ် အပြည့်အ၀ မထားနိုင်ပါဘူး။ ထားနိုင်တဲ့ နေရာမှာလည်း မဲရုံမှူးတွေက ပြောပါတယ်။ မဲရေတွက်မှုကို ကြည့်လို့ရပါတယ်။ ဒါပေမယ့်လို့ ရေတွက်လို့ ရတဲ့ အဖြေတွေကို တယ်လီဖုန်းနဲ့ ပြန်ပြီး သတင်းမပေးပို့ရဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ အနေနဲ့မဲရုံမှာ မဲရေတွက်မှုကို စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်''ဟု ပြောကြားခဲ့ပါသည်။


ကမာရွတ်မြို့နယ်တွင် လာရောက်မဲပေးကြသူများ၏ ပြောစကားများနှင့် မဲရုံပတ်ဝန်းကျင်အခြေအနေများ


ကမာရွတ်မြို့နယ်တွင် မဲရုံစုစုပေါင်း ၃၇ ရုံရှိပြီး ရပ်ကွက်တစ်ခုအတွက် အများဆုံး မဲရုံ ၅ရုံမှ ၃ရုံထားရှိကြောင်း သိရသည်။ မဲရုံ ၁ခုစီတွင် မဲထည့်ရန်စာရင်းထည့်သွင်းထားသူ ၂၀၀၀မှ ၃၀၀၀အတွင်းရှိကြောင်း စုံစမ်းသိရှိရသည်။ မဲရုံဖွင့်ချိန် နံနက် ၆နာရီအချိန်တွင် အသက် ၆၆နှစ်ရှိ ဒေါ်နန်းစိန်နှင့် အသက် ၆၄နှစ်ရှိ ဒေါ်စောကြည်တို့နှစ်ဦးမှာ အစောဆုံးလာရောက်မဲပေးကြောင်း တွေ့ရှိရသည်။ ထို့အပြင် ကမာရွတ်မြို့နယ်၌ ၀င်ရောက်ယှဉ်ပြိုင်သည့် NDF မှ ကိုကျော်မင်းလှိုင်(ပြည်သူ့လွှတ်တော်၊ တစ်သီးပုဂ္ဂလမှ ဒေါက်တာဘုန်းဝင်း၏ ဇနီး ဒေါ်ယူဇာမော်ထွန်း၊ ပြည်ခိုင်ဖြိုးမှ ဦးကျော်အောင်(တိုင်းဒေသကြီး)၊ တစညမှ ဦးအောင်ခင်(တိုင်းဒေသကြီး)တို့မှ မဲရုံ ၃သို့ လာရောက်ကြသည်ကိုတွေ့ရှိခဲ့သည်။  မဲလာရောက်ပေးသူများတွင်(နံနက် ၆နာရီမှ နံနက် ၈နာရီခွဲအထိ) အသက်အရွယ်ကြီးရင့်သည့် အဘိုး၊ အဘွားအရွယ်များကို အများဆုံးတွေ့ရှိခဲ့ရသည်။ ရဲမှူးကြီးဦးဆောင်သည့် ရဲကားများဖြင့် မဲရုံများအား လုံခြုံရေးအတွက် လိုက်လံစစ်ဆေးနေသည်ကိုတွေ့ရှိခဲ့ရသည်။ မဲရုံတစ်ရုံတွင် လုံခြုံရေးအတွက် ကြက်ခြေနီ၊ အရန်မီးသတ်နှင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးအင်အား ခြောက်ဦးခန့်ထားရှိထားကြောင်း တွေ့ရှိခဲ့သည်။


ဒေါ်နန်းစိန်(အသက် ၆၆နှစ်)

"စောစောလာတာက အိမ်မှာ လုပ်စရာတွေရှိတော့လေ။ ဒါကဦးဆုံးမဲပေးတာမဟုတ်ပါဘူး။ အရင်ပေးခဲ့တဲ့မဲတွေကိုလည်း သေချာမမှတ်မိတော့ဘူး။ ဘယ်ပါတီအနိုင်ရမယ်လို့မှ မဟုတ်ပါဘူး၊ အေးအေးချမ်းချမ်းနဲ့အဆင်ပြေပြေဖြစ်နေရင်ကိုတော်ပါပြီ။ မိသားစုတွေအားလုံးမဲပေးကြမှာပါ။ မိသားစုဝင်တွေအားလုံးက ၀န်ထမ်းတွေပါ"


မောင်ပြည့်ဖြိုး (အသက် ၁၈နှစ်၊ ဒုတိယနှစ်ရေကြောင်းသိပ္ပံပညာ)

"အပြောင်းအလဲများဖြစ်မလားလို့ မဲလာပေးတာပါ။"


ကိုကျော်မင်းလှိုင်(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

"ကျွန်တော်ကတော့ ရပ်ကွက် ၁နဲ့ ၃ကို အားထားပါတယ်။ ကျွန်တော်သိရသလောက် ကမာရွတ်မြို့နယ်မှာ ကြိုတင်မဲထည့်တာနည်းတယ်။ တစ်ရုံကို ပျှမ်းမျှ ၁၅မဲ၊ ၁၆မဲလောက်ပဲရှိတယ်။ အများဆုံး ၅၀ ရတဲ့မဲရုံတစ်ရုံပဲရှိတယ်။ ကိုယ်နဲ့ဝေးတဲ့ရပ်ကွက်တွေမှာပဲ ကိုယ်စားလှယ်ထားပြီး တချို့ရုံတွေကိုတော့ ကိုယ်တိုင်ပဲကြည့်ပါတယ်"



ဦးအောင်ခင် (တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ)

ကိုယ်ယုံကြည်ရာကိုယ်ထည့်မှာပဲ။


ဦးကျော်အောင်(ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

ညနေမှာအဖြေသိရမှာပါ။



ှတ်ချက်များနှင့် လျှော်ညီခြင်းမရှိသော ကြိုတင်မဲကောက်ခံ မှုများ မြန်မာပြည်အနှံ့ ဖြစ်ပေါ်နေ၊ ကြိုတင်ဆန္ဒမဲ ပေးရာတွင် သတ် မှတ်ထားသော နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း၊ စနစ်မကျ ခြင်းတို့ ဖြစ်ပေါ်ပါက ပယ်မဲဖြစ်နိုင်

သတ်မှတ်ချက်များနှင့် လျှော်ညီခြင်းမရှိသော ကြိုတင်မဲကောက်ခံမှုများ မြန်မာပြည်အနှံ့ ဖြစ်ပေါ်နေကြောင်း ဒေသသတင်းများအရ သိရသည်။

ရွေးကောက်ပွဲဥပဒေများအရ နိုဝင်ဘာလ(၇)ရက်နေ့တွင် လာရောက်မဲပေးနိုင်ခြင်းမရှိသူများအား ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသော်လည်း အဆိုပါကြိုတင်ဆန္ဒမဲပေးခွင့်အား အသုံးချပြီး အတင်းအကြပ်ဆန္ဒမဲကောက်ခံမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

''ကြိုတင်မဲ အရေအတွက်က ထက်ဝက်လောက်ဖြစ်နေတော့ လွိုင်ကော်၊ ဒီမော်ဆိုတို့မှာ မနိုင်လောက်ဘူး။ ဖယ်ခုံ ဘက်ကိုပဲ မျော်မှန်းရတော့မှာပေါ့။ ထက်ဝက်လောက်က ကြိုတင်မဲတွေဖြစ်နေတော့ ဒါနဲ့ပတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားပါတယ်။ ရွာတွေမှာဆို ထက်ဝက်ကျော်နေတယ်။ ငွေကုန် လူပန်းဖြစ်ရတာပေါ့။ ဒေသခံလူမျိုးတွေက ကျွန်တော်တို့ကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကြိုတင်မဲကြောင့် မြို့ပေါ်မှာအနိုင်ရဖို့ မလွယ်ဘူး။ ဖယ်ခုံနဲ့နယ်ဘက်တွေ ကိုပဲ မျော်မှန်းနေရတယ်ပေါ့''ဟု ကယန်းအမျိုးသားပါတီဒုဥက္ကဋ္ဌဦး ပေါလူချန်းက နိုဝင်ဘာလ(၆) ရက် နေ့တွင်လွိုင်ကော်မြို့၌ ပြောကြားခဲ့ သည်။

--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge


With Best Regards,

slip
http://www.meepyatite.info/


If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/


We Trying to say about Myanmar (Burma) to world
http://mathetzinnet.blogspot.com/


If u wanna listen any musics
http://myl6.blogspot.com/


If u wanna read latest news
http://lighthouse28.blogspot.com/


If u wanna read funny jokes
http://7comrades.blogspot.com/


Welcome to MIET forum
http://mietforum.ning.com/



Reply all
Reply to author
Forward
0 new messages