ဝီကီလိခ် ထူထောင်သူ အာမခံနဲ့ ပြန်လည်လွတ်မြောက်၊ ၀ီကီလိခ်မှ ထိပ်တန်းဖော်ပြမှုများ၏ ဂယက်ရိုက်ခတ်သံများ၊ ဝီကီလိခ်စ်၏ နောက်ကွယ်မှ ဟက်ကာ ၊ ၂၀၁၀ခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာခ်ဇူကာဘာ့ဂ်အား Time မဂ္ဂဇင်းရွေးချယ် ၊ ခရီးသည်များ လက်နက်သယ် ယူခွင့်ပြုမည် ၊ အီရ

8 views
Skip to first unread message

meepyatite

unread,
Dec 19, 2010, 7:31:57 PM12/19/10
to

  1. ၀ီကီလိခ် ထူထောင်သူ အာမခံနဲ့ ပြန်လည်လွတ်မြောက်၊
  2. ၀ီကီလိခ်မှ ထိပ်တန်းဖော်ပြမှုများ၏ ဂယက်ရိုက်ခတ်သံများ၊
  3. ဝီကီလိခ်စ်၏ နောက်ကွယ်မှ ဟက်ကာ ၊
  4. ၂၀၁၀ခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာခ်ဇူကာဘာ့ဂ်အား Time မဂ္ဂဇင်းရွေးချယ် ၊
  5. ခရီးသည်များ လက်နက်သယ် ယူခွင့်ပြုမည် ၊
  6. အီရန်သမ္မတ အမာဒီနီဂျက်က နိုင်ငံခြားရေးဝန်ကြီး မော့တာကီကို ရာထူးမှ ဖယ်ရှားပြီး နျူစွမ်းအင် အကြီးအကဲဖြင့် အစားထိုး ၊
  7. အာဖဂန်ပါလီမန် မဲရလဒ်အားလုံး ပယ်ဖျက်ရန် ရှေ့နေချုပ် တောင်းဆို ၊
  8. မြောက်​အမေရိက​တိုက်မှ နိုင်ငံခြားရေး​ဝ​န်ကြီးများ ဒေသ​တွင်း​လုံခြုံရေး​ဆိုင်ရာများ ဆွေးနွေး ၊
  9. တရုတ်ဒုံးကျဉ် အရေအတွက်နှင့် ပစ်ခတ်နိုင်မှု အကွာအဝေးပြဇယား ၊
  10. အီဂျစ်ရှိ နာမည်ကျော် ကမ်းခြေတွင် ငါးမန်း သောင်းကျန်း နေမှု အစ္စရေးနှင့် ပတ်သက်​နိုင် ၊
  11. အီတလီတွင် အဖွဲ့လိုက် စက်ဘီးစီသူများအား ကားဖြင့် ဝင်တိုက် သဖြင့် လူ ၈ ဦးသေဆုံး ၊
  12. ကမ္ဘာ့အရှားပါးဆုံး စာအုပ်တစ်အုပ်အား ဒေါ်လာ ၁၀ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ ၊

ဝီကီလိခ် ထူထောင်သူ အာမခံနဲ့ ပြန်လည်လွတ်မြောက်


အမေရိကန်သံတမန်လောကရဲ့ နိုင်ငံတကာနဲ့ဆက်ဆံမှု အတွင်းရေးတွေကို ဖွင့်ချနေတဲ့ ၀ီကိလိခ် အင်တာနက်ဝဘ်ဆိုက် ထူထောင်သူ ဂျူလီယံ အဆန့်ဂ်ျ (Julian Assange) ဟာ လန်ဒန်မြို့ Wandsworth အကျဉ်းထောင်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မနေ့က ကြာသပတေးနေ့ကတော့ သူ့ကို လန်ဒန်မြို့က တရားရုံးချုပ်က အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ဆွီဒင်နိုင်ငံမှာ အမျိုးသမီး ၂ ဦးကို အလိုမတူဘဲ လိင်ဆက်ဆံမှုနဲ့ အလိုရှိနေသူ ဂျူလီယံ အဆန်းဂ်ျ ကို လွှတ်မပေးဘဲ ဆက်ချုပ်ထားဖို့ ဆွီဒင်က ဥပဒေ အကျိုးဆောင်တွေက လန်ဒန်တရားရုံးချုပ်မှာ အယူခံတင်သွင်းခဲ့ပေမဲ့ တရားသူကြီး Duncan Ouseley က အယူခံကို ပယ်ချခဲ့ပါတယ်။ အာမခံငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၁၅,၀၀၀ ကို တင်စေပြီးတော့မှ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဂျူလီယံ အဆန့်ဂ်ျကတော့ ၀ီကီလိခ် ၀ဘ်ဆိုက်ကနေ ဖွင့်ချမှုတွေကို ဆက်လုပ်သွားမယ်လို့ အခိုင်အမာ ပြောကြားလိုက်ပြီး သူ့ကို ထောက်ခံအား ပေးသူ ဗြိတိသျှကြည်းတပ် အရာရှိဟောင်း Vaughan Smith ရဲ့ လန်ဒန်ကနေအိမ်မှာ ဆက်ပြီးနေထိုင်သွားမှာဖြစ်ပါတယ်။ သူဟာ အနီးက ရဲစခန်းမှာ နေ့စဉ်လက်မှတ် သွားထိုးရမှာဖြစ်ပြီးတော့ သူ့ရဲ့ လက်ကောက်ဝတ်မှာလည်း သူ့ကိုခြေရာခံလို့ရတဲ့ အီလက်ထရောနစ် လက်ပတ်ကို ပတ်ထားရပါတယ်။



ဝီကီလိခ်မှ ထိပ်တန်းဖော်ပြမှုများ၏ ဂယက်ရိုက်ခတ်သံများ

(အေအက်ဖ်ပီ)
သောင်းညွန့် ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၇)

ဝီကီလိခ်တည်ထောင်သူ ဂျူလီယံအက်ဆန်း။ဓာတ်ပုံ-အေအက်ဖ်ပီ

စတော့ဟုမ်း - ခရာတွတ်၍အသိပေးသော ၀က်ဘ်ဆိုက် ၀ီကီလိခ်သည် တိုတောင်းသည့် အချိန်ကာလ အတွင်း (ယခုရက် သတ္တပတ်အတွင်း) ထုတ်ဖော်ပြလိုက်သည့် သံတမန်ကြေးနန်း ၂၅၀,၀၀၀ အနက်မီးမောင်း ထိုးခံရ သည့် မှတ်တမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

နောင်လည်းထပ်လာစရာရှိသေးကြောင်းဝီကီလိခ်တည်ထောင်သူ ဂျူလီ ယန် အက်ဆန်းက တနင်္လာနေ့တွင် ဖို့ဘ် မဂ္ဂဇင်းအား ပြောကြားရာ၌ သူ၏ ၀က်ဘ်ဆိုက်သည် အဓိက 'ကန်' ဘဏ် တစ်ခုနှင့်ပတ်သက်သည့် ထောင်သောင်း ချီသည့် မှတ်တမ်း များကို ဖော်ထုတ်ရန် အစီအစဉ်ရှိ ကြောင်း၊ ဤထုတ်ဖော်မှု ကြောင့် ဘဏ်တစ်ခု၊ သို့မဟုတ်နှစ်ခု ပိတ်ပစ် သွားနိုင်ကြောင်း ပြောခဲ့သည်။

ယခင် ၀ီကီလိခ်၏ ထိပ်တန်း ထုတ် ဖော်မှုများကို ဖော်ပြထားသည်။
၂၀၁၀ ပြည့် နှစ်၊ နိုဝင်ဘာလ ၂၈ ရက် ထုတ်ဖော်ချက် အသစ် ကို "Cablegale" ဟု အမည်ပေးပြီး ၀ီကီလိခ်သည် ကြေးနန်း ၂၅၁,၂၈၇ ခန့်အား စတင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဤကြေးနန်းများ မှာ ကမ္ဘာတစ်ဝန်းရှိ 'ကန်'သံရုံး ၂၇၄ ခုတို့မှဖြစ်ပြီး ကြေးနန်း ၁၅,၆၅၂ စောင် တို့မှာ သက်ဆိုင်သူသာ ကြည့်ခွင့်ဖတ်ခွင့်ရှိသည့် ကြေးနန်းများဖြစ်သည်။ ထုတ်ဖော်ချက်များနောက်ကွယ်မှလူများသည် အလွန်လေး နက်သည့် အပြစ်အားကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်မှ ပြောဆိုခွင့်ရှိသူ ရောဘတ်ဂစ်ဘ်က ပြောခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၂
"Iraq war logs" ဟုခေါ်သည့် အီရတ်စစ်မှတ်တမ်းများကို ၀ီကိလိခ်က ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ထို အချိန်က အကြီးဆုံး စစ်ဘက်ဆိုင်ရာ ထုတ်ဖော်မှုများအဖြစ် လူသိများခဲ့သည်။

"SIGACT" ဟု ခေါ်ဆိုသည့် အရေး ကြီးသည့်တိုက်ပွဲအစီရင်ခံစာ ၃၉၁,၈၃၂ များမှာ ဇန်န၀ါရီလ ၂၀၀၄ ခုမှ ၂၀၀၉ ခုနှစ်ကုန်အထိ အီရတ် စစ်ပွဲအတွင်းက အမေရိကန် တပ်သားများ ရေးသားခဲ့ သည့် အစီရင်ခံစာများဖြစ်ပြီး ညှဉ်းပန်း နှိပ်စက်ခဲ့သည့် အသေး စိတ် ဖြစ်ရပ်များ ဖော်ပြပြီး အရပ်သား ၆၆,၀၈၁ ယောက် သေဆုံး ခဲ့သည့် အနက် လူ ၁၅,၀၀၀ သေခဲ့ခြင်းကို ယခင်က ဖော်ပြခြင်း မရှိခဲ့ ကြောင်း ၀ီကီလိခ်က ပြောသည်။

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၅ ရက်
၂၀၀၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ပင်တဂွန်ဖိုင်တွဲများနှင့် စစ်မြေပြင် အစီ ရင်ခံစာများပါဝင်သည့် သက်ဆိုင်သူ များသာ ကြည့်ခွင့် ဖတ်ခွင့်ရှိသည့်အမေရိကန်စစ်ဘက်ဆိုင်ရာ မှတ်တမ်း ၇၇,၀၀၀ ခန့်ကို ၀ီကီလိခ်ကထုတ်ဖော်ခဲ့သည်။ ဤမှတ်တမ်းများသည် အာဖဂန် စစ်ပွဲမှ မှတ်တမ်းများ ဖြစ်ပြီး နောက်ထပ်မှတ်တမ်း ၁၅,၀၀၀ ရိုက်နှိပ် ဖော်ပြဦးမည်ဟု ၀ီကီလိခ်က ပြောသည်။ အရပ်သားများ ခံစားရ သည့်အတွေ့အကြုံများ ထိုမှတ်တမ်းများက အသေးစိတ်ဖော်ပြသည့်အပြင် ပါကစ္စတန်နှင့် တာလီဘန်တို့ အဆက် အသွယ်ရှိ နိုင်ဖွယ် ရာ မှတ်တမ်းများ ပါရှိရာ ဤကိစ္စကြောင့် ပင်တဂွန် ဒေါသထွက်ခဲ့ရပြီး ၀ီကီလိခ်မှာလည်း မီးမောင်းထိုး ခြင်းခံခဲ့ရသည်။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၅ ရက်
လွန်ခဲ့သည့် သုံးနှစ် ခန့်က ဘဂ္ဂဒက်၌ အမေရိကန် Apache စစ်ရဟတ်ယာဉ် က တိုက်ခိုက်ပစ်ခတ်ခဲ့ရာတွင် ရိုက်တာ သတင်းဌာနမှ ၀န်ထမ်းနှစ်ဦးနှင့် လူ အချို့ သေဆုံးခဲ့သည့် ဗီဒီယို အခွေကို ၀ီကီလိခ် က ဖော်ပြခဲ့သည်။ အခင်းဖြစ် ပွားစဉ်က သေနတ်၌ တပ်ဆင် ထား သည့် ကင်မရာမှ ရိုက်ထားသည့်အခွေ ၌ ရဟတ်ယာဉ်မှူးများနှင့် မြေပြင်ရှိ လေယာဉ်ထိန်းသိမ်းရေးအဖွဲ့တို့ ပြော ဆိုကြသည့် စကားများ၌ ဘဂ္ဂဒက်လမ်း ပေါ်က လူများကို လက်နက်ကိုင်သူပုန် ဟုဆိုကာ ပစ်မိန့်တောင်းခဲ့ပုံများပါဝင် ခဲ့သည်။ ဤဗီဒီယိုခွေအား စစ်ဘက် ခရာတွတ်ပြီး အသိပေးသူများထံမှ ရရှိ ခဲ့ကြောင်း ၀ီကီလိခ်က ပြောခဲ့သည်။

၂၀၀၉ ခုနှစ်
ဗြိတိန်နိုင်ငံရှိ East Anglia တက္ကသိုလ်ရှိ ရာသီဥတုသုတေသနယူနစ်မှ သုတေသနအရာရှိများအကြား အငြင်းပွားစရာမှတ်တမ်းများ နှင့် အပြန်အလှန် ပေးပို့ခြင်းတို့ကို ရိုက်နှိပ် ဖော်ပြခဲ့သည့် ၀က်ဘ်ဆိုက် များတွင် ၀ီကီလိခ် လည်း ပါဝင်သည်။ ဤ ပေါက် ကြားမှုကို ရာသီဥတုပြောင်းလဲမှုအပေါ် သံသယ ရှိသူများက အီးမေးလ်များ သည်သူတို့၏အရေးကို ထောက်ခံ ကြောင်းပြောကြားခဲ့ရာမှ "climategate" ဟု အမည်တွင်လာသည့်အငြင်းပွားမှု ကမ္ဘာတစ်ဝန်း ပေါ်ပေါက်ခဲ့သည့် ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တွင် သုတေသနပညာရှင်များ မမှား ယွင်းကြောင်း တွေ့ရှိခဲ့သည်။

၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်
၂၀၀၁ ခုနှစ်က နယူးယော့ခ်နှင့် ၀ါရှင်တန်မြို့များ တိုက်ခိုက်ခြင်းခံခဲ့ရ စဉ်က ထောင်သောင်းချီသည့် ပေဂျာ မက်ဆေ့ဂ်ျများကို နိုဝင် ဘာလမှစပြီး ၀က်ဘ်ဆိုက်က စတင်ရိုက်နှိပ်ထုတ်ဝေနေပြီဖြစ်သည်။ ၀ီကီလိခ်ကမည်ကဲ့သို့ ရရှိခဲ့ခြင်းကို ဖော်ပြခြင်းမပြုခဲ့သော်လည်း ထိုအချိန်က နည်းပညာဘလော့ဂ်များ က စစ်မှန်ကြောင်း ထောက်ခံကြသည်။

၂၀၀၈ ခုနှစ်
ဗြိတိန်နိုင်ငံမှ ဗြိတိသျှအမျိုးသား ပါတီ (BNP)၀င် တစ်သောင်းကျော်တို့၏ အမည်များ၊ လိပ်စာများ၊ တယ်လီဖုန်းနံပါတ်များနှင့် အလုပ် အကိုင်တို့ကို ၀ီကီလိခ်က ၎င်း၏ ၀က်ဘ်ဆိုက်ပေါ် တွင်တင်ထားသည်။ ဤပေါက်ကြားမှု ကြောင့် ရဲအရာရှိတစ်ဦးထက်မနည်း အလုပ် မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်က ဗြိတိသျှရဲတပ်ဖွဲ့ဝင်များ နှင့် အကျဉ်းထောင်အရာရှိများ၊ ဗြိတိသျှ အမျိုးသားပါတီ (BNP) ထဲသို့ မ၀င်ရန် တားမြစ်ခဲ့သည်။ BNP သည် ထိုစာရင်း ကို ထုတ်ဝေသူအား တရားစီရင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ
'ကန်'သမ္မတ ရွေးကောက်ပွဲအတွက်ပြိုင်ဆိုင်နေကြချိန်၌ ဆာရာပါလင်၏ကိုယ်ရေးအီးမေးလ်ငွေစာရင်းမှာ ဟက်လုပ်ခြင်းခံရပြီး အချို့ အီးမေးလ်တို့ကိုလည်း ၀ီကီလိခ်ဆိုက်ပေါ်တွင်တင်ခဲ့သည်။ ထုတ်ပြန်ချက်တစ်ခု၌ မက်ကိန်း ပါဝင်စည်းရုံးလှုံ့ဆော်ရေးအဖွဲ့မန်နေဂျာ ရစ်ဒေးဗစ်ကဤအပြုအမူသည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏သီးသန့်တည်ရှိမှုအား ကျူးကျော်ခြင်းနှင့်ဥပဒေချိုး ဖောက်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

၂၀၀၇ ခုနှစ်
၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် စာမျက်နှာ ၂၃၈ မျက်နှာရှိ ဂွမ်တာနာမိုအကျဉ်းစခန်းအတွက် အမေရိကန်ကြည်းတပ်၏ သင်ကြားပို့ချမှု စာအုပ် အား ၀က်ဘ်ဆိုက်က ဖော်ပြထုတ်ဝေခဲ့ သည်။ အသေးစိတ် ရေးသားထားသည့် ထိုစာအုပ်တွင် ထိန်းသိမ်းခြင်းခံထားရ သူများ ကို ဆုလာဘ်အဖြစ် သန့်စင်သုံး စက္ကူလိပ်များ ပေးနိုင်သည်ဟု ပါရှိရာ အခွင့်အရေးအဖွဲ့များ၏ ဝေဖန်ခြင်းကို ခံရသည်။

၂၀၀၇ ခုနှစ်
ထူထောင်ပြီး တစ်နှစ်အကြာ၌ ၀ီကီ လိခ်သည် ပေါက်ကြားမှုများကို တရား ၀င် စတင်ဖော်ပြခဲ့သည်။ 


ဝီကီလိခ်စ်၏ နောက်ကွယ်မှ ဟက်ကာ




‘အကြွင်းမဲ့ ပွင့်လင်း ပရိယာယ်ကင်းရေး’ဟူသည့် ရည်ရွယ်ချက်ဖြင့် ရရှိထားသမျှလျှို့ဝှက်ချက်များကို အများပြည်သူရှေ့ မှောက်ချပြနေသော ဝီကီလိခ်စ် အင်တာ နက် ဝက်ဘ်ဆိုက်နှင့်ပတ်သက်၍ အမေရိကန် သံတမန်ဆိုင်ရာ လျှို့ဝှက်ကြေးနန်းများ ပေါက်ကြားမှုအပေါ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကီဗင်ရပ်ဒ်က အမေ ရိကန်နိုင်ငံကိုသာ ပြစ်တင်ဝေဖန်လိုက်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။
တာဝန်အရှိဆုံးမှာမူ
ယင်းသို့ ဆိုလိုက်ခြင်းသည် ဝီကီလိခ်စ် အင်တာနက်ဝက်ဘ် ဆိုက်ထူထောင်သူ ဂျူလီယာအက်ဆင်းကို ထောက်ခံပြောဆိုခြင်း မဟုတ်ဘဲ ဥပဒေကြောင်းအရ မူလ ပေါက်ကြားသူသာလျှင် တာဝန်အရှိဆုံးဟု ဆိုလိုခြင်းသာဖြစ်ကြောင်း ကီဗင်ရပ်ဒ်က ပြောသည်။ သို့ရာတွင် ယင်းဆိုလိုချက် သည် သြစတြေးလျအစိုးရ၏ သဘော ထားတော့ မဟုတ်ပါချေ။ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်ကမူ သူတို့နိုင်ငံသားတစ်ဦးဖြစ်သည့် ဂျူလီယာအက်ဆင်း၏ လုပ်ရပ်သည် တာဝန်မဲ့ လှကြောင်း အပြစ်တင်ပါသည်။ လောလောဆယ်အားဖြင့် ဝီကီ လိခ်စ် အင်တာနက်ဝက်ဘ်ဆိုက် ထူထောင်သူ ဂျူလီယာအက်ဆင်းကို ဖမ်းဆီးထားဆဲတွင်ပင် အမေရိ ကန်အစိုးရ၏ လျှို့ဝှက်ကြေးနန်းစာများ ဝီကီလိခ်စ်ဝက်ဘ်ဆိုက်တွင် ဆက်လက်တင်ပြနေဆဲပင်ဖြစ်သည်။ ဝီကီလိခ်စ်တွင် ၁၉၆၆ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်များ အတော အတွင်း ကမ္ဘာတစ်ဝန်းရှိ အမေရိကန်သံရုံးများထံမှ ဝါရှင်တန်အစိုးရအဖွဲ့ထံ လျှို့ဝှက်ပေးပို့ခဲ့ကြသော ကြေးနန်းစာပေါင်း နှစ်သိန်းခွဲကျော်ကို တင်ပြ ထားကြောင်း သိရသည်။ ယင်းလျှို့ဝှက်ကြေးနန်း များဝယ် အမေရိကန်သံတမန်များ ၏ မှတ်ချက်များက ဒေသခံအစိုးရ များကို ထိခိုက်မှုရှိနေကြောင်း တွေ့သည်။ ထို့အပြင် အမေရိကန်ဘဏ် အချို့၏ အတွင်းရေးများကိုလည်း ဆက်လက်တင်ပြဦးမည်ဟု ဆိုထားပြန်သဖြင့် စတော့ဈေးကွက်များလည်း မတည်မငြိမ် ဖြစ်လာ ရသည်။
ရှဲဒိုးဟက်ကာ
ကွန်ပျူတာဟက်ကာ တစ်ဦးဖြစ်သူ ဂျူလီယာ အက်ဆင်းနှင့် အတူ ဝီကီလိခ်စ်အတွက် စေတနာ့ ဝန်ထမ်းတာဝန်ထမ်းဆောင်နေသူ ကမ္ဘာအနှံ့မှ ကွန်ပျူတာဟက်ကာ များအနက် အသက် ၂၇ နှစ်အရွယ် ရှိသူ အမေရိကန်ဟက်ကာဂျက် ကော့ဘ်အက်ပဲလ်ဘောင်း(မ်)သည် အထင်ရှားဆုံးဖြစ်သည်။ အက်ပဲလ်ဘောင်း(မ်)နှင့် အက်ဆင်း တို့သည် “Tor”  ခေါ် အခမဲ့ဆော့ဖ်ဝဲ စီမံကိန်းတစ်ခုတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများ ဖြစ်၏။ ယင်းဆော့ဖ်ဝဲမှာ ကွန်ပျူတာကွန်ရက် ဆက်သွယ်မှုတွင် ခြေရာဖျောက်ပေးနိုင်သော ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး၊ အမေရိကန် ရေကြောင်းသုတေသနဓာတ်ခွဲခန်းမှ လွန်ခဲ့သည့် ၁၅ နှစ်ခန့် က စတင်ခဲ့ ခြင်းဖြစ်ကာ ယနေ့အထိ ဆိုပါက ဒေါင်းလုပ်ဆွဲပြီးသူပေါင်း ၃၆ သန်းထက်  မနည်းရှိပြီဖြစ်သည်။ “Tor” သည် ဝီကီလိခ်စ်အတွက် များစွာ အထောက်အကူဖြစ်ကြောင်း အက်ဆင်းက ပြောခဲ့သည်။ အက်ပဲလ်ဘောင်း(မ်)၏ ထင်ရှားသော ကိုယ်ပိုင်ဆော့ဖ်ဝဲတစ်ခုမှာ “Blockfinder” ဖြစ်ပြီး ခေတ်ပေါ်ကွန်ပျူတာ ဘာသာစကားတစ်ခုဖြစ်သည့် Python ဖြင့် ရေးသားထားခြင်းဖြစ်ကာ ကွန်ပျူတာကွန်ရက်ဝယ် ပိတ်ဆို့နေသည်တို့ကို ရှာဖွေနိုင်သော ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ ယင်းဆော့ဖ်ဝဲကို အက်ပဲလ် ဘောင်း(မ်) ကိုယ်တိုင်ပင် အကြိမ်များစွာ အသုံးပြုခဲ့သည်။
တရားဝင်ဖွင့်ချပြီ
၂ဝဝ၈ခုနှစ် ဇူလိုင်လ၊ အာဖဂန်စစ်ပွဲဆိုင်ရာ လျှို့ဝှက်ချက်များကို ဝီကီလိခ်စ်တွင် တင်ပြလုဆဲဆဲအချိန်တွင် နူးယောခ်မြို့တွင် ကျင်းပခဲ့သည့် Hackers On Planet Earth(HOPE) အဖွဲ့၏ ညှိနှိုင်းဆွေးနွေးပွဲ၌ အက်ပဲလ်ဘောင်း(မ်)သည် ဝီကီလိခ်စ်အတွက် နိုင်ငံတကာမှ လျှို့ဝှက်သတင်း အချက်အလက်များကို တာဝန်ယူ ရှာဖွေ ပေးသူ ဝါသနာရှင်မိတ်ဆွေကောင်း တစ်ဦးဖြစ်ကြောင်း ဂျူလီယာအက်ဆင်းက တရားဝင် ဖွင့်ချခဲ့သည်။ ယင်းဆွေးနွေးပွဲတက်ရောက်သူများ ကြားဝယ် ထောက်လှမ်း ရေးများလည်း ရှိနေကြ၏။ အက်ပဲလ် ဘောင်း(မ်)ကလည်း ဝီကီလိခ်စ်ကြောင့် ကမ္ဘာကြီးပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်သဖြင့် သူပါဝင်နေရခြင်းဖြစ်ကြောင်း ပရိသတ်အား ပြောကြားခဲ့ပါသည်။ အမှန်မှာမူ အက်ပဲလ်ဘောင်း(မ်)သည် ဝီကီလိခ်စ်၏ နောက်ကွယ်မှ အရေးပါသော  ဟက်ကာတစ်ဦးပင် ဖြစ်လေ၏။
လက်ရှိအခြေအနေများ
လောလောဆယ် အခြေအနေအရမူ လိင်ပိုင်းဆိုင်ရာ ပြစ်မှုအချို့အရ ဖမ်းဆီးထားသော ဂျူလီယာအက်ဆင်းကို လန်ဒန်တရားရုံးက အာမခံပေးရန် ငြင်းဆိုထား သည်။ ဗြိတိန်မှ ဆွီဒင်သို့ တရားခံချင်း လဲလှယ်ရန် စီစဉ်နေကြခိုက်တွင် ယင်းသို့ ငြင်းဆိုခြင်းဖြစ်သည်။ အကယ်၍ လွှဲပေးသည်ဆိုလျှင်သော်မှ ဆွီဒင်နိုင်ငံက အမေ ရိကန်သို့ ထပ်မံလွှဲပေးလိမ့်မည် မဟုတ်ကြောင်း ဆွီဒင်အစိုးရရှေ့နေက ပြောသည်။ အက်ပဲလ်ဘောင်း(မ်)ကိုမူ ဖမ်းဆီးရန်လုံလောက်သော အထောက်အထား များမရှိသေးသော် လည်းအမေရိကန်ထောက်လှမ်းရေး များက ယင်းနောက်သို့ လိုက်လံခြေ ရာခံနေဆဲဖြစ်ပြီး ယခုသော် ဥရောပ တွင်ရှိနေကြောင်း သိရသည်။ ဝီကီ လိခ်စ်အဖွဲ့ကမူ အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဆက်လက်တင်ပြနေဦးမည် ဖြစ်ကြောင်းTwitter မှတစ်ဆင့် အသိပေးခဲ့သည်။ အင်တာနက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကမူ ဝီကီလိခ်စ်သည် စီအိုင်အေက တစ်ကမ္ဘာလုံးကို အရူးလုပ် အယုံသွင်းပြီး မိမိတို့ဖြန့်လိုသော သတင်းမှားများကို သတင်းမှန်များကြားညှပ်၍ ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။ အမှန်အားဖြင့်မူ ဝီကီလိခ်စ်သည် စီအိုင်အေတို့၏ ဝါဒဖြန့်ချိရေး လက်နက်တစ်ခုသာလျှင် ဖြစ်နိုင်ကြောင်း ယင်းက ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဝီကီလိခ်စ်အပေါ် အမေရိကန်အစိုးရက အပြင်းအထန် အရေးယူလိုနေခြင်းကို ထောက်ရှု၍ တစ်ကမ္ဘာလုံးက အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်အစစ်အမှန်များ ပေါက်ကြားကုန်ပြီဟု ယုံကြည်နေကြပြီး၊ ယင်းသတင်းအချက်အလက်များ အားလုံးကိုလည်း အမှန်များဟုသာ ယူဆနေခြင်းအပေါ် အခွင့်ကောင်းယူ၍ မမှန်သတင်းများကိုလည်း ကြားညှပ်ဖော်ပြခြင်းသည် စီအိုင်အေ၏ လုပ်နေကျအကွက်တစ်ခုပင်ဖြစ်ကြောင်း ထင်ရှားနေသည်ဟုလည်း ယင်းက ပြောပါသည်။
ဟက်ကာ

၂၀၁၀ခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာခ်ဇူကာဘာ့ဂ်အား Time မဂ္ဂဇင်းရွေးချယ်

ကမ္ဘာ့စာဖတ်ပရိသတ်အပေါ် ဩဇာကြီးမားသော မဂ္ဂဇင်းကြီးက Facebook၀က်ဘ်ဆိုက် ထူထောင်သူ ဇူကာဘာ့ဂ်နောက်တွင် Wikileaks၀က်ဘ်ဆိုက် ထူထောင်သူ ဂျူလီယန်အက်ဆန်ဂီ၊ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်းနှင့် ချီလီိနိုင်ငံမှ နှစ်လကျော်ကြာ မြေအောက်ပိတ်မိနေခဲ့သူ မိုင်းအလုပ်သမားများကို တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေးခဲ့
Posted on Dec 17 10 - 03:54 PM | Hits : 685
၂၀၁၀ခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာခ်ဇူကာဘာ့ဂ်အား Time မဂ္ဂဇင်းရွေးချယ်

Time မဂ္ဂဇင်းက ယခုနှစ်၏ အထင်ရှားဆုံး လူပုဂ္ဂိုလ်အဖြစ် မာ့ခ်ဇူကာဘာ့ဂ်အား ရွေးချယ်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့စာဖတ်ပရိသတ်အပေါ် ဩဇာကြီးမားသော မဂ္ဂဇင်းကြီးက Facebook၀က်ဘ်ဆိုက် ထူထောင်သူ ဇူကာဘာ့ဂ်နောက်တွင် Wikileaks၀က်ဘ်ဆိုက် ထူထောင်သူ ဂျူလီယန်အက်ဆန်ဂီ၊ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်းနှင့် ချီလီိနိုင်ငံမှ နှစ်လကျော်ကြာ မြေအောက်ပိတ်မိနေခဲ့သူ မိုင်းအလုပ်သမားများကို တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေးခဲ့သည်။ Time၏ အယ်ဒီတာ ရစ်ချတ်စတန်ဂယ်လ်က ကမ္ဘာ့အအောင်မြင်ဆုံး Social Networking ၀က်ဘ်ဆိုက်ဖြစ်သည့် Facebookမှ CEO တာဝန် ယူထားသူ ဇူကာဘာ့ဂ်သည် ၎င်း၏ မျိုးဆက်တွင် အထူးချွန်ဆုံး စွန့်ဦးတီထွင်သူ တစ်ဦးအဖြစ် ချီးကျူးခဲ့သည်။ ယခုအခါ Facebookကို ပုံမှန်သုံးစွဲနေသူ အရေအတွက်သည် သန်း(၆၀၀)နီးပါးထိ ရှိလာခဲ့သည်။ အကယ်၍ Facebookကို ပုံမှန်သုံးစွဲနေသူများအားလုံး စုစည်းပြီး နိုင်ငံတစ်ခုအဖြစ် စုစည်းသတ်မှတ်ပေးခဲ့ပါက ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်လာနိုင်သလို တီရှပ်ကိုသာ အမြဲလိုလို ၀တ်ဆင်တတ်သူ ဟားဗက်တက္ကသိုလ်ကျောင်းထွက် ဇူကာဘာ့ဂ်သည် နိုင်ငံ၏ ပြည်သူများအကြောင်း ခြေခြေမြစ်မြစ် အသိဆုံး ခေါင်းဆောင်ဖြစ်လာမည်ဟု စတန်ဂယ်လ်က မှတ်ချက်ပြုခဲ့သည်။ နိုင်ငံတကာ အစိုးရများ၏ သံတမန်ရေးရာနှင့် ထောက်လှမ်းရေး ကေဘယ်လ်များကို ခြေရာခံ ဖော်ထုတ်ပြီး Wikileaks၀က်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သူ ဩစတြေးလျနိုင်ငံသား အက်ဆန်ဂီသည်လည်း ကမ္ဘာ့မီဒီယာလောကကို အကိုင်လှုပ်နိုင်ဆုံး လူတစ်ဦးဖြစ်ခဲ့သော်လည်း တရားတဘောင်ကိစ္စများ၊ ၎င်း၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး အမြင်ကွဲပြားမှုများကြောင့် အယ်ဒီတာအဖွဲ့က ဇူကာဘာ့ဂ်ကို ယခုနှစ်၏ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။



စတန်ဂယ်လ်က ဇူကာဘာ့ဂ်နှင့် အက်ဆန်ဂီတို့အား ယှဉ်တွဲသုံးသပ်ခဲ့ရာ “သူတို့နှစ်ယောက်က ဒင်္ဂါးတစ်ခုရဲ့ မျက်နှာပြင်နှစ်ဖက်နဲ့ တူနေတယ်။ ပွင့်လင်းပြီး အကွယ်အ၀ှက် မရှိတဲ့ အမြင်မျိုးကို တင်ပြချင်တဲ့ ဆန္ဒမျိုး ရှိသူတွေပါ။ အက်ဆန်ဂီဟာ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး အများပြည်သူ သိရှိအောင် လုပ်ပေးခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာ့နိုင်ငံအားလုံး အင်အားချိန်ခွင်လျှာ ညီမျှဖို့အတွက်ပါ။ ဇူကာဘာ့ဂ်ကတော့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုလိုချင်ချင် ဝေမျှလာအောင် ဆွဲဆောင်ပေးခဲ့တယ်။ သူဟာ လူတွေအတွက် အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါ။ အက်ဆန်ဂီဟာ ကမ္ဘာကြီးကို စစ်မှန်မှုနဲ့ ဝေမျှမှုကို ပေးခဲ့တယ်။ ဇူကာဘာ့ဂ်ကတော့ တည်မြဲတဲ့ ခင်မင်ရင်းနှီးမှုအကြောင်း သင်ပြပေးခဲ့တယ်”ဟု ဖော်ပြသွားသည်။



ဇူကာဘာ့ဂ်သည် Timesမဂ္ဂဇင်း၏ တစ်နှစ်တာ အထင်ရှားဆုံး လူပုဂ္ဂိုလ်စာရင်းတွင် ဒုတိယ အသက်အငယ်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ Timesမဂ္ဂဇင်းက ပထမဆုံး တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ကြေညာခဲ့သူ လေယာဉ်မှူး ချားလ်စ်လင်းဘက်မှာ ယခုတိုင် အသက်အငယ်ဆုံးအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း သိရသည်။

Source: Yahoo


ခရီးသည်များ လက်နက်သယ် ယူခွင့်ပြုမည်

(အေအက်ဖ်ပီ)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၇)

ဝါရှင်တန် - ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်ခံရမှုအပြီး ပြဋ္ဌာန်းခဲ့သော ကန့်သတ်ချက်များကို ကွန်ဂရက်လွှတ်တော် က ပြန်လည်ရုပ်သိမ်း၍ အမေရိကန်၌ ရထားပေါ်တွင် ကျည်ထိုးမထားသော လက်နက်များကိုခရီးဆောင်အိတ်များတွင် သယ်ဆောင် ခွင့်ပြုတော့မည်ဟု သိရသည်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလက 'ကန်' ကွန်ဂရက်လွှတ်တော်က စစ်ဆေးပြီး အထုပ်အပိုး ၀န်ဆောင်မှုအနေဖြင့် လက်နက်များသယ်ယူခွင့် ကိုပြန်လည်ရရှိမည့်ဥပဒေတစ်ခုကို ပြဋ္ဌာန်းခဲ့သည်ဟုမီးရထားလုပ်ငန်း Amtrak၏ ပြောခွင့်ရပုဂ္ဂိုလ် စတိဗ်ကန်းလ်ကပြောကြားသည်။

ဒီဇင်ဘာလ ၁၅ ရက် နေ့မှစ၍ ခွင့်ပြုသော လက်နက်များ တွင် ပြောင်းတို သေနတ်၊ ရိုင်ဖယ်၊ ပစ္စတိုတို့ ပါဝင်သည်။ 


အီရန်သမ္မတ အမာဒီနီဂျက်က နိုင်ငံခြားရေးဝန်ကြီး မော့တာကီကို ရာထူးမှ ဖယ်ရှားပြီး နျူစွမ်းအင် အကြီးအကဲဖြင့် အစားထိုး

b33819
အီရန်သမ္မတ အမာဒီနီဂျက်နှင့် နိုင်ငံခြားရေးဝန်ကြီး မော့တာကီ

b33820
အီရန်ဒုတိယသမ္မတနှင့် အဏုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲ အလီအက်ခ်ဘာဆာလေဟီ

အီရန်သမ္မတ အမာဒီနီဂျက်သည် နိုင်ငံခြားရေးဝန်ကြီး မာနူချီဟာမော့တာကီကို ရာထူးမှ ဖယ်ရှားလိုက်ပြီး အီရန်နျူစွမ်းအင် အေဂျင်စီ အကြီးအကဲအား ယာယီအစားထိုး ခန့်အပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရာထူးအပြောင်းအလဲ ဖြစ်မှုကို အီရန်နိုင်ငံပိုင် မီဒီယာက  ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကြေညာခဲ့ပြီး မည်သည့်အကြောင်းကြောင့် မော့တာကီကို ရာထူးမှ ဖယ်ရှားခဲ့သည် ဆိုခြင်းကိုမူ မထုတ်ပြန်ခဲ့ပေ။

အီရန် နျူအရေး ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ဆွေးနွေးမှုများ ပြန်လည် စတင်နေစဉ် ယခုကဲ့သို့ အပြောင်းအလဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

လေ့လာသူများနှင့် အနောက်တိုင်း သံတမန်များကမူ ယခုဖြစ်စဉ်သည် နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်ပြီး အမာဒီနီဂျက်က အပြည့်အ၀ ထိန်းချုပ်လိုက်ကြောင်း ရှင်းလင်းစွာ ဖော်ပြမှုတစ်ရပ်ဟု သုံးသပ်သည်။ အီရန် ဒုတိယသမ္မတနှင့် အဏုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲ အလီအက်ခ်ဘာဆာလေဟီ ကို နိုင်ငံခြားရေးဝန်ကြီးနေရာ အစားထိုး ခန့်အပ်ခဲ့ခြင်းသည် သံတမန် အသိုင်းအ၀ိုင်းအတွင်း အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အီရန် ဖွဲ့စည်းပုံအရ သမ္မတနှင့် စပ်ဆိုင်သောအဖွဲ့ အစည်းတစ်ခုကို ဦးစီးရသူသည် အလိုအလျောက် ဒုတိယသမ္မတ ဖြစ်သောကြောင့် ဒုတိယသမ္မတ ၁၂ ဦး အထိ ရှိသည်။

မော့တာကီသည် ဆီနီဂေါသို့ နိုင်ငံတော်အဆင့် ခရီးစဉ် သွားရောက်နေစဉ် ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်ပြီး အမာဒီနီဂျက်ကမူ မော့တာကီ၏ အစ္စလာမ္မစ်နိုင်ငံ အတွက် ဆောင်ရွက်ပေးခဲ့မှုများအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အမာဒီနီဂျက်က အရှေ့အလယ်ပိုင်း၊အာဖဂန်နှင့် ကက်စပီယန်ဒေသ အတွက် အထူး ကိုယ်စားလှယ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မညှိနှိုင်းဘဲ ခန့်အပ်ခဲ့ပြီးနောက် သမ္မတနှင့် မော့တာကီအကြား သဘောကွဲလွဲမှုမှာ လူသိရှင်ကြား ဖြစ်ခဲ့သည်။အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာအလီခါမေနီက အမာဒီနီဂျက်၏ အစီအစဉ်ကို ဖျက်သိမ်းရန် ကြားဝင် ညွှန်ကြားခဲ့သည်။


အာဖဂန်ပါလီမန် မဲရလဒ်အားလုံး ပယ်ဖျက်ရန် ရှေ့နေချုပ် တောင်းဆို

b33818
ရွေးကောက်ပွဲ ၀န်ထမ်းများက မဲပုံးများကို ကဘူးလ်မြို့ရှိ ရွေးကောက်ပွဲကော်မရှင် ဂိုဒေါင်များသို့ သယ်ယူနေစဉ်

မဲမသမာမှုများ ရှိခဲ့သောကြောင့် မဲရလဒ်များ အားလုံးကို ပယ်ဖျက်ပေးရန် ရှေ့နေချုပ်က တရားရုံးချုပ်ကို တောင်းဆိုသွားမည်ဟု ကြေညာခဲ့ပြီးနောက် အာဖဂန် ပါလီမန် ရွေးကောက်ပွဲများ၏ အငြင်းပွားဖွယ် အခြေအနေမှာ ပိုမို ရှုပ်ထွေးလာခဲ့ကြောင်း သိရသည်။

တာလီဘန်တို့က အာဖဂန် တောင်ပိုင်းတွင် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်နေချိန်တွင် စက်တင်ဘာ ၁၈ ရွေးကောက်ပွဲများ၏ နောက်ဆက်တွဲ အကျပ်အတည်းသစ် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများမှ အစိုး ရများက အာဖဂန် လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်၏ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သော မဲရလဒ်ကို နောက်ဆုံးအဖြစ် အသိအမှတ်ပြုထားခဲ့ပြီး ကော်မရှင်၏ လုပ်ဆောင်ချက်ကို ချီးကျူးထားသည်။

အာဖဂန်တွင် အင်အားကြီး လူမျိုးစုဖြစ်သော ပက်ရှ်ထန် တို့သည် ရွေးကောက်ပွဲရလဒ်အရ ပါလီမန်သစ်တွင် ပါဝင်ခွင့်ရသူဦးရေ အထူးနည်းပါးခဲ့သည်။ သမ္မတ ကာဇိုင်းနှင့် တာလီဘန်ခေါင်းဆောင် အများစုကိုယ်တိုင် ပက်ရှ်ထန်များ ဖြစ်သော်လည်း တာလီဘန်တို့၏ ခြိမ်းခြောက်မှုများ နှင့်အကြမ်းဖက်မှုများကြောင့် ပက်ရှ်ထန် အများစုရှိရာ နေရာများတွင် မဲပေးသူဦးရေ နည်းပါးခဲ့သည်။ ပက်ရှ်ထန်လူများစုရှိရာ ဂါဇနီပြည်နယ်တွင်ဆိုလျှင် ရွေးကောက်ခံအမတ် ၁၁ ဦးအနက် တစ်ဦးမှ ပက်ရှ်ထန် မပါခဲ့ပေ။

ကော်မရှင်က အမတ်အဖြစ် ရွေးကောက်ခံရသူ ၁၀ ပုံတစ်ပုံမျှ ပယ်ဖျက်ခဲ့ရာတွင်လည်း ကာဇိုင်း၏ အဓိက ထောက်ခံသူများ ပါသွားခဲ့သည်။ယင်းအချိန်တွင် ကာဇိုင်းနှင့် ဆက်ဆံရေး ကောင်းမွန်သည်ဟု ယူဆရသည့် ရှေ့နေချုပ်ရုံးက ရွေးကောက်ပွဲရလဒ် အားလုံး ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ကော်မရှင်အရာရှိများ ကိုယ်တိုင်လည်း မသမာမှုများနှင့် ဆက်စပ်နေသည်ဟု ပြန်လှန်စွပ်စွဲခဲ့ခြင်း ဖြစ်သည်။


မြောက်​အမေရိက​တိုက်မှ နိုင်ငံခြားရေး​ဝ​န်ကြီးများ ဒေသ​တွင်း​လုံခြုံရေး​ဆိုင်ရာများ ဆွေးနွေး


alt

မြောက်အမေရိကတိုက်မှ နိုင်ငံခြားရေးဝ​န်ကြီးတ​ချို့​ ​အ​လွတ်​သ​ဘော​ ​ပြော​ဆို​နေ​စဉ်​ ©​ theglobeandmail

မြောက် ​အ​မေ​ရိ​က​တိုက်​ရှိ​ နိုင်ငံ​ကြီး​များ​မှ​ နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​များ​သည်​ ဒေ​သ​တွင်း​ ​လုံ​ခြုံ​ရေး​ဆိုင်​ရာ​ ခြိမ်း​ခြောက်​မှု​များ​ မြင့်​တက်​လာ​မှု​အ​ပေါ်​ ​ဆွေး​နွေး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။ 

အ ​မေ​ရိ​ကန်​၊​ ​မ​က္က​စီ​ကို​နှင့်​ ​က​နေ​ဒါ​တို့မှ ​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​များ​သည်​ ​ဒေ​သ​တွင်း​ ​လုံ​ခြုံ​ရေး​ ​စိန်​ခေါ်​မှု​များ​အ​ပေါ်​ ​မည်​သို့​ကိုင်​တွယ်​ ​ဖြေ​ရှင်း​သင့်​ကြောင်း​ ​ဒီ​ဇင်​ဘာ​ ​၁၃​ ​ရက်​နေ့​က​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ခြင်း​ဖြစ်​သည်​။ က​နေ​ဒါ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​လော​ရင့်​ကင်​နွန်​၊​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟီ​လာ​ရီ​က​လင်​တန်​နှင့်​ ​မ​က္က​စီ​ကို​ ​နိုင်ငံ​ခြား​ရေး​ဌာ​န​ ​အ​တွင်း​ရေး​မှူး​ ​ပက်​ထ​ရစ်​ရှာ​ ​အက်​စ​ပီ​နို​ဆာ​တို့​ ​၃​ ဦး​သည်​ ​ကျူး​ဘက်​ရှိ​ ​ဝိတ်​ဖီး​အ​ပမ်း​ဖြေ​ ​ကျေး​ရွာငယ်​လေး​တွင်​ ​နေ့​ဝက်​ကြာ​ ​စည်း​ဝေး​မှု​ ​ပြု​လုပ်​ခဲ့​ခြင်း​ဖြစ်​သည်​။ 

ဒေ ​သ​တွင်း​ ​လုံ​ခြုံ​ရေး​နှင့်​ ​ပတ်​သက်​ပြီး​ ​စိန်​ခေါ်​မှု​များ​ ​ရှိ​နေ​သည်​ကို​ ​မိ​မိ​တို့​အား​လုံး​ ​သ​ဘော​တူ​ညီ​ခဲ့​ကြောင်း​ ​ကင်​နွန်​က​ ​သ​တင်း​ထောက်​များ​နှင့်​ ​တွေ့​ဆုံ​စဉ်​ ​မှတ်​ချက်​ပြု​ ​ပြော​ကြား​ခဲ့​သည်​။ မိ​မိ​တို့​သည်​ ​အ​စိုး​ရ​များ​ ​ပူး​ပေါင်း၍​ ​အ​ကြမ်း​ဖက်​မှု​ ​တား​ဆီး​ရေး​နှင့်​ ​မြောက်​အ​မေ​ရိ​က​တိုက်​၏​ ​လုံ​ခြုံ​ရေး​ကို​ ​မြှင့်​တင်​ရန်​ ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​ ​သ​ဘော​တူ​ညီ​ခဲ့​ကြောင်း​ ​ကင်​နွန်​က​ဆို​သည်​။ ထို့​အ​ပြင်​ ​စီး​ပွား​ရေး​ ​ပူး​ပေါင်း​ဆောင်​ရွက်​မှု​၊​ ​အ​လုပ်​အ​ကိုင်​ ​အ​ခွင့်​အ​လမ်း​ ​ဖန်​တီး​ပေး​ခြင်း​စ​သော​ ​ကိ​စ္စ​များ​တွင်​လည်း​ ​အ​တူ​လက်​တွဲ​ ​ဆောင်​ရွက်​ရန်​ ​ဝန်​ကြီး​ ​၃ ဦး​က​ ​မူ​အား​ဖြင့်​ ​ဆွေး​နွေး​ဆုံး​ဖြတ်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။


တရုတ်ဒုံးကျဉ် အရေအတွက်နှင့် ပစ်ခတ်နိုင်မှု အကွာအဝေးပြဇယား


ခေတ်မှီတရုတ်စစ်တပ်ကြီးရဲ့ အဓိကဒေါက်တိုင်မှာ ဒုံး ကျည်များ ဖြစ်သည်။ ထို့ကြောင့် ဒုံးကျဉ်များ၊ ဒုံးပစ်စင်များကို အကြီးအကျယ် ဆောက်လုပ်လျက်ရှိသည်။ ပင်တဂွန်မှ သုံးသပ်ချက်ကို ဇယားဖြင့် ကြည့်နိုင်ပါသည်။

သဲကန္တာရာမုန်တိုင်းစစ်ဆင်ရေးခေါ် ပထမပင်လယ်ကွေ့စစ်ပွဲတွင် အမေရိကန်တို့ရဲ့ ဒုံးကျည်ပါဝါစွမ်းရည်ကို ၀ရဇိန် လက်နက်သဖွယ် အားလုံး အံအားသင့်ခဲ့ကြရသည်။ ၁၉၉၆ ခုနှစ်တွင် တရုတ်တို့ရဲ့ ရန်လိုခြိမ်းခြောက်မှုကို ဟန့်တားဖို့ ထိုင်ဝမ်ရေလက်ကြားထဲ အမေရိကန် လေယဉ်တင် သင်္ဘောကြီးနှစ်စင်း မောင်းဝင် စိန်ခေါ်ခဲ့သည်။ ထိုအချိန်ကတည်းက တရုတ်တို့တွင် အငုတ်စိတ် ဖြစ်နေခဲ့သည်။ ရှေ့လာမယ့် စစ်ပွဲများတွင် လူသားအင်အားအပေါ်တွင် လုံးဝ အားမပြု တော့ဖို့ဆုံးဖြတ်ပြီး၊ ခေတ်မှီ တာဝေးပစ် ဒုံးကျည်များ လေယာဉ်တင် သင်္ဘောများ အမြန်တည်ဆောက်ခဲ့သည်။

မကြာပါ။ ခေတ်မီဆန်းပြား ဒုံးကျဉ်စီမံကိန်းအတွက် တရုတ်တို့ ပုံအောရင်းနှီးမြှုပ်နှံလာခဲ့သည်။ အမေရိကန် ပင်တဂွန် စစ်ဌာနချူပ်က တရုတ်တို့ စီမံကိန်းကို “ကမ္ဘာပေါ်တွင် အကောင်းဆုံး မြေပြင်အခြေစိုက် ဒုံးကျဉ်နှင့် ခရုစ်ဒုံးကျဉ် အစီအ စဉ်များ ရှိနေပြီ” သုံးသပ်ထားသည်။ တရုတ်ဒုံးကျဉ်များကိုလည်း တန်ဖိုးအရည်သွေး မြင့်မားသည်ဟု လက်ခံထားသည်။

လေယာဉ်တင် သင်္ဘောကြီးတစ်စင်းလျှင် ၁၅ဘီလီယံဒေါ်လာနှင့် ၂၀ ဘီလီယံဒေါ်လာအကြား ရှိသည်။ ဒုံးကျဉ်တစ်ခုလျှင် ဒေါ်လာ ၁သန်းရှိသည်။ ဖော်ပြပါ ဇယားတွင် တရုတ်ဒုံး အရေအတွက်နှင့် ပစ်ခတ်နိုင်သော အကွာအဝေး စွမ်းရည်များကို ပင်တဂွန်မှ တွက်ချက် ပြထားသည်။ တာတို၊ တာလတ်၊ တာဝေးပစ် ဒုံးအရေအတွက်နှင့် ရောက်ရှိနိုငသော အကွာအဝေး၊ နေရာများကို တွက်ချက်ထားသည်။

တရုတ်တာပစ်ဒုံးကျဉ်များမှာ ထိုင်ဝမ်အကွာအဝေးသို့ အလွယ်တကူ ရောက်ရှိဖျက်ဆီးနိုင်သည်။ စစ်ရေးကျွမ်းကျင်သူများ စိုးရိမ်တာက ဒုတိယအဆင့်ရှိ ဒုံးအမြှောက်များမှာ ဂျပန်နိုငံနှင့် အရှေ့အာရှပိစိဖိတ်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကို ပစ်ခတ်နိုင်ခြင်းပင်။ တရုတ်တွင် ကမ္ဘာ့တိုက်ကြီးများအချင်းချင်း အပြန်အလှန်ပစ်ခတ်နိုင်သော နျူကလီးယား ဒုံးလက်နက် အနည်းငယ်လည်းရှိသည်။ ထို့ပြင် အမေရိကန် လေယဉ်တင် သင်္ဘောများ တရုတ်ကမ်းခြေ မကပ်နိုင်အောင် ခေတ်မှီစစ်သင်္ဘောချင်း အပြန်လှန် ပစ်ခတ်နိုင်သော ဒုံးကျဉ်များလည်း ရှိနေသည်။

မကြာမီကတော့ တရုတ်အစိုးရက ထိုင်ဝမ်ကို ချိန်ရွယ်ထားသော ဒုံးကျဉ်အရေအတွက် ဆက်ဆံရေး တိုးတက်လာမှုကြောင့် လျှော့ချလိုက်ပြီဟု အရိပ်အမြွက်ပြောဆိုခဲ့သည်။ သို့သော် ရေရှည် တရုတ်တို့စိတ် မူမှန်ဖို့ လိုမည်ဟု သုံးသပ်ကြသည်။

ရည်ညွှန်း။ The Economist


အီဂျစ်ရှိ နာမည်ကျော် ကမ်းခြေတွင် ငါးမန်း သောင်းကျန်း နေမှု အစ္စရေးနှင့် ပတ်သက်​နိုင်


alt

ပင် ​လယ်​နီ​ ​ကမ်း​ခြေ​ရှိ​​ ​နာ​မည်​ကျော်​ ​အ​ပမ်း​ဖြေ​​ ​စ​ခန်း​တစ်​ခု​တွင်​ သောင်း​ကျန်း​နေ​သည့်​​ ငါး​မန်း​တ​ကောင်​ ©​ theweek

အီ ​ဂျစ်​နိုင်ငံ​၊​​ ​ပင်​လယ်​နီ​ ​ကမ်း​ခြေ​ရှိ​​ ​နာ​မည်​ကျော်​ ​အ​ပမ်း​ဖြေ​​ ​စ​ခန်း​တစ်​ခု​တွင်​ ငါး​မန်း​သောင်း​ကျန်း​နေ​မှု​သည်​ ​အ​စ္စ​ရေး​၏​ ​စ​နက်​မ​ကင်း​နိုင်​ကြောင်း​ ​စွပ်​စွဲ​မှု​များ​ ​ထွက်​ပေါ်​လာ​ခဲ့​သည်​။ 

ယ ​ခင်​က​ ​တစ်​နှစ်​လုံး​နေ​မှ​ ​အ​လွန်​ဆုံး​ ​လူ​ ​၁​ ဦး​၊​ ​၂​ ဦး​မျှ​သာ​ ငါး​မန်း​ကိုက်၍​ ​သေ​ဆုံး​ခဲ့​သော်​လည်း​ ​ရှမ်​အယ်​ရှိတ်​ ​ကမ်း​ခြေ​တွင်​ ​ပြီး​ခဲ့​သည့်​ ​ရက်​ပိုင်း​အ​တွင်း​ ​လူ​ ​၄​ ဦး​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ဒဏ်​ရာ​ရ​ပြီး​ ​ဂျာ​မန်​ ​အ​မျိုး​သ​မီး​ ​သေ​ဆုံး​သည်​အ​ထိ​ ငါး​မန်း​သောင်း​ကျန်း​ခဲ့​သည်​။ ယင်း​ဖြစ်​စဉ်​သည်​ ​သ​မား​ရိုး​ကျ​ ​မ​ဟုတ်​ကြောင်း​ ​အီ​ဂျစ်​၏​ ​ခ​ရီး​သွား​လုပ်ငန်း​ ​ဝန်​ကြီး​ဖြစ်​သူ​ ​ဇူ​ဟာ​ဂျီ​ရာ​နာ​က​ဆို​သည်​။ 

လက် ​ရှိ​တွင်​ ​မိ​မိ​တို့​ ​အ​ခြေ​အ​နေ​ကို​ ​တိ​တိ​ကျ​ကျ​ ​အ​ဖြေ​မ​ထုတ်​နိုင်​သေး​သော်​လည်း​ ​တစ်​စုံ​တစ်ဦး​၏​ ​စ​နက်​ပါ​နေ​မည်​ဟု​ ​သံ​သ​ယ​ရှိ​ကြောင်း​ ​ဝန်​ကြီး​က​ဆို​သည်​။ ​ထို့​အ​ပြင်​ ​ပင်​လယ်​နီ​အ​တွင်း​ ​လူ​သား​စား​ ​မာ​ကိုငါး​မန်း​များ​ကို​ ​အ​စ္စ​ရေး​ ​ထောက်​လှမ်း​ရေး​ ​မော့​ဆက်​အ​ဖွဲ့​က​ ​စေ​လွှတ်​ထား​ခြင်း​ဟူ​သော​ ​စွပ်​စွဲ​မှု​များ​လည်း​ ​ထွက်​ပေါ်​နေ​သည်​။ ​ယ​ခင်​က​ ​ပင်​လယ်​နီ​တွင်​ ​လူ​များ​ကို​ ငါး​မန်း​က​ ​တိုက်​ခိုက်​ခြင်းသည်​ ​အ​လွန်​ရှား​ပါး​သော​ ​ကိ​စ္စ​ဖြစ်​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​ဆက်​တိုက်​လို​လို​ ​ဖြစ်​နေ​ခြင်း​သည်​ ​သံ​သ​ယ​ရှိ​စ​ရာ​ ​ဖြစ်​လာ​ခဲ့​သည်​။

 ပြီး​ခဲ့​သည့်​ ​ရက်​ပိုင်း​အ​တွင်း​ ​အီ​ဂျစ်​တံငါ​သည်​များ​သည်​ ​လူ​များ​ကို​ ​တိုက်​ခိုက်​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​သည့်​ ငါး​မန်း​အ​နည်း​ဆုံး​ ​နှစ်​ကောင်​ကို​ ​သတ်​ဖြတ်​နိုင်​ခဲ့​သော်​လည်း​ ​နောက်​တစ်​ရက်​တွင်​ပင်​ ​ဂျာ​မန်​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​ ​အ​မျိုး​သ​မီး​ ​သေ​ဆုံး​ခဲ့​ခြင်း​ဖြစ်​သည်​။ ​ယ​ခု​အ​ခါ​ ​အ​ချို့​သော​ ​သ​တင်း​ဌာ​န​များ​က​ ​မ​မျှော်​လင့်​ဘဲ​ ငါး​မန်း​များ​ ​ထူ​ထပ်​ပေါ​များ​လာ​ခြင်း​၏​ ​နောက်​ကွယ်​တွင်​ ​မော့​ဆက်​ရှိ​နေ​နိုင်​ကြောင်း​ ​ခန့်​မှန်း​ခဲ့​ပြီး​ ​မော့​ဆက်​မှ​ ​အ​ဏ်ဏ​ဝါ​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​သည်​ ​မာ​ကိုငါး​မန်း​များ​ကို​ ​သွေး​ဆာ​ပြီး​ ​လူ​ကို​တိုက်​ခိုက်​အောင်​ ​သင်​ကြား​ပေး​ခဲ့​ဟန်​ရှိ​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။ ​ယင်း​သို့​လုပ်​ရာ​တွင်​ ငါး​မန်း​များ​၏​ ​လူ​ကို​တတ်​နိုင်​သ​မျှ​ ​ရှောင်​ရှား​လေ့​ရှိ​သည့်​ ​သ​ဘာ​ဝ​ကို​ ​ပြောင်း​လဲ​အောင်​ ဦး​နှောက်​ဆေး​ခြင်း​၊​ ​မျိုး​ဗီ​ဇ​ဆိုင်​ရာ​ ​ပြောင်း​လဲ​မှု​များ​ ​ပြု​လုပ်​ခြင်း​များ​ ​ဆောင်​ရွက်​ခဲ့​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​က​နေ​ဒါ​ ​နေ​ရှင်​နယ်​ပို့စ်​ ​သ​တင်း​စာ​မှ​ ​ဂျို​န​သန်​ကေး​က​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။ 

မော့ ​ဆက်ငါး​မန်း​များ​ဟု​ ​အ​မည်​ပေး​ထား​သော​ ငါး​မန်း​များ​သည်​ ​ပစ်​မှတ်​နောက်​သို့​ ​တ​စိုက်​မတ်​မတ်​ ​လိုက်​ပါ​ချဉ်း​ကပ်​ပြီး​ ​ချေ​မှုန်း​အောင်​ ​လေ့​ကျင့်​ပေး​ထား​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​အီ​ဂျစ်​မှ​ ​ပ​ရော်​ဖက်​ရှင်​နယ်​ ​ရေငုပ်​သ​မား​တစ်ဦး​က​လည်း​ ​ရုပ်​မြင်​သံ​ကြား​မှ​တ​ဆင့်​ ​ပြော​ကြား​ခဲ့​သည်​။ သို့​သော်​လည်း​ ငါး​မန်း​များ​နှင့်​ ​မော့​ဆက်​အ​ဖွဲ့​ ​ပတ်​သက်​နေ​မှု​မှာ​ ​အ​တိ​အ​ကျ​ ​သက်​သေ​ပြ​နိုင်​သည့်​ ​အ​ထောက်​အ​ထား​ ​မ​ရှိ​သ​လို​ ​နိုင်ငံ​ရေး​အ​ရ​ ​နာ​မည်​ဖျက်​ရန်​ ​စွပ်​စွဲ​မှု​များ​သာ​ဖြစ်​သည်​ဟု​ ​ဝေ​ဖန်​သူ​များ​လည်း​ ​ရှိ​နေ​သည်​။

ယ ​ခု​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​စ္စ​ရေး​က​ ​တ​စုံ​တ​ရာ​ ​မှတ်​ချက်​မ​ပေး​သ​လို​ ​အီ​ဂျစ်​အ​စိုး​ရ​က​လည်း​ ​တ​ရားဝင် ​စွပ်​စွဲ​မှု​ ​မ​ပြု​လုပ်​ခဲ့​ချေ​။ ​သို့​သော်​လည်း​ အ​စိုး​ရ​အ​နေ​နှင့်​ ငါး​မန်း​များ​ကို​ ​ရှာ​ဖွေ​ဖမ်း​ဆီး​ပြီး​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​ဖွယ်​ရှိ​ကြောင်း​ ​အီ​ဂျစ်​သ​တင်း​များ​က​ ​ခန့်​မှန်း​ဖော်​ပြ​ခဲ့​သည်​။ ​အီ​ဂျစ်​အ​စိုး​ရ​သည်​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ငါး​မန်း​တစ်​ကောင်​ ​ထပ်​မံ​ဖမ်း​မိ​ကြောင်း​ ​ပြော​ဆို​ခဲ့​သော်​လည်း​ ​ယင်းငါး​မန်း​သည်​ ​ဂျာ​မန်​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​ ​အ​မျိုး​သ​မီး​ကို​ ​တိုက်​ခိုက်​သတ်​ဖြတ်​ခဲ့​သည့်​ ​သ​တ္တ​ဝါ​ ​မ​ဖြစ်​နိုင်​ဟု​ ​သုံး​သပ်​ကြေ​ညာ​ထား​သည်​။


အီတလီတွင် အဖွဲ့လိုက် စက်ဘီးစီသူများအား ကားဖြင့် ဝင်တိုက် သဖြင့် လူ ၈ ဦးသေဆုံး


alt

ဝင်တိုက်ခိုက်​မှု​အ​ပြီး​​တွေ့​ရ​သည့်​ ​မြင်​ကွင်း​ ©​ nytimes

အ ​ဖွဲ့​လိုက်​ ​စက်​ဘီး​စီး​နေ​သူ​များ​ကို​ ​အ​ရှိန်​ပြင်း​ပြင်း​ ​မောင်း​နှင်​လာသည့်ကားတစ်စင်းက​ ​ဝင်​တိုက်​ခဲ့​ရာ​မှ​ ​အီ​တ​လီ​နိုင်ငံ​တွင်​ ​လူ​ ​၈​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။ 

အ ​ဆို​ပါ​ ​ကား​ဒ​ရိုင်​ဗာ​သည်​ ​မ​ဆင်​မ​ခြင်​ ​ကား​မောင်း​မှု​များ​ကြောင့်​ ​လိုင်​စင်​သိမ်း​ခံ​ထား​ရ​ပြီး​ ​ဒီ​ဇင်​ဘာ​ ​၅​ ​ရက်​နေ့​ ​အ​ခင်း​ဖြစ်​ပွား​ချိန်​က​လည်း​ ​ဆေး​ခြောက်​သုံး​စွဲ​ထား​သည်​ဟု​ ​ရဲ​များ​က​ဆို​သည်​။ ​အီ​တ​လီ​တောင်​ပိုင်း​ ​လာ​မီ​ဇီ​ယာ​ ​တာ​မာ​တွင်​ ​ဖြစ်​ပွား​သော​ ​ယာဉ်​တိုက်​မှု​အ​တွင်း​ ​နောက်​ထပ်​လူ​ ​၄​ ဦး​ ​ထပ်​မံ​သေ​ဆုံး​ခဲ့​သည်​။ ​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​ တစ်ဦး​က​ ​လွန်​ခဲ့​သော​ ​၆​ ​လ​တွင်​ ​လိုင်​စင်​သိမ်း​ခံ​ရ​သူ​ ​ဒ​ရိုင်​ဗာ​မှာ​ ​ဆေး​စစ်​မှု​များ​အ​ရ​ ​ဆေး​ခြောက်​သုံး​စွဲ​ထား​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။

စစ် ​ဆေး​မှု​များ​အ​ရ​ ​ပြည်​နယ်​လမ်း​မ​ ​အ​မှတ်​ ​၁၈​ ​တွင်​ ​စက်​ဘီး​နင်း​နေ​သူ​ ​တစ်​စု​ကို​ ဆန့်​ကျင်​ဖက်​မှ​ ​အ​ရှိန်​ပြင်း​ပြင်း​မောင်း​လာ​သည့်​ကား​က​ ​ဝင်​တိုက်​ခဲ့​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။ ANSA​​ သ​တင်း​ဌာ​န​က​ ​မော်​တော်​ကား​ ​ဒ​ရိုင်​ဗာ​သည်​ ​အ​ခြား​ကား​တစ်​စင်း​ကို​ ​ကျော်​တက်​ရန်​ ​ကြိုး​စား​ရင်း​ ​ယ​ခု​လို​ ​လူ​အုပ်​ကို​ ​ဝင်​တိုက်​မိ​ခြင်း​ဟု​ ​ဖော်​ပြ​ခဲ့​သည်​။ ​ထို​နေ့​က​ ​မိုး​လေ​ဝ​သ​နှင့်​ ​မြင်​ကွင်း​အ​နေ​အ​ထား​မှာ​ ​ကောင်း​မွန်​နေ​ကြောင်း​လည်း​ ​အ​ဆို​ပါ​ သ​တင်း​ဌာ​န​က​ ​ပြော​ကြား​သွား​သည်​။


ကမ္ဘာ့အရှားပါးဆုံး စာအုပ်တစ်အုပ်အား ဒေါ်လာ ၁၀ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့


alt

Birds​ of​ America​ ဆို​သော​ အ​ရှား​ပါး​ဆုံး ​စာ​အုပ်​ ©​ dailychilli

ရုတ် ​တ​ရက်​​ ​ကြည့်​မည်​ဆို​ပါ​က​ ငှက်​များ​အ​ကြောင်း​​ ​ဖော်​ပြ​ထား​သည့်​ ​စာ​အုပ်​တစ်​ခု​သာ​​ ​ဖြစ်​ပေ​လိမ့်​မည်​။ ​သို့​သော်​လည်း​ ​ဂျွန်​ဂျိမ်း​ ​အော်​ဒူ​ဘွန်​ ​ရေး​သား​သည့်​ ​အ​ဆို​ပါ​ ​စာ​အုပ်​သည်​ 

က ​မ္ဘာ​ပေါ်​တွင်​ ​အ​ရှား​ပါး​ဆုံး​ ​အ​နု​ပ​ညာ​လက်​ရာ​တစ်​ခု​၊​ ​သ​ဘာ​ဝ​သ​မိုင်း​ဆိုင်​ရာ​ ​အ​ထိမ်း​အ​မှတ်​တစ်​ခု​ဟု​ ​သတ်​မှတ်​ခံ​ရ​ပြီး​နောက်​ ​ဒေါ်​လာ​ ​၁၀​ ​သန်း​ကျော်​ဖြင့်​ ​လေ​လံ​တင်​ ​ရောင်း​ချ​နိုင်​ခဲ့​သည်​။ 

ယင်း ​သည်​ ​က​မ္ဘာ့​သ​မိုင်း​တွင်ေ​ဈး​အ​ကြီး​ဆုံး​ ​စာ​အုပ်​ဆို​သော​ ​စံ​ချိန်​ကို​ပါ​ ​ရ​ရှိ​သွား​စေ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​ချမ်း​သာ​ဆုံး​ ​စာအုပ်​စု​ဆောင်း​သူ​ ​အ​ချို့​တို့​က​ ​ပူး​ပေါင်း​ပြီး​ ​ယင်း​စာ​အုပ်​ကို​ ​ဝယ်​ခဲ့​ခြင်း​ဖြစ်​သည်​။ Birds​ of​ America​ ဆို​သော​ ​စာ​အုပ်​ကို​ ​၁၉​ ​ရာ​စု​၏​ Masterpiece​ ​လက်​ရာ​တစ်​ခု​ဟု​ ​သတ်​မှတ်​ထား​ပြီး​ ​လက်​ဖြင့်​ရေး​ဆွဲ​ထား​သည့်​ ​ရောင်​စုံငှက်​ပုံ​ ​၄၃၅​ ​ခု​ ​ပါဝင်သည်​။

ဆို​သာ​ဘီ​ ​လေ​လံ​ပွဲ​တွင်​ အ​ခြား​မည်​သည့်​ ​စာ​အုပ်​မှ​ ​အော်​ဒူ​ဘွန်​လောက်ေ​ဈး​မ​ရ​နိုင်​ခဲ့​ကြောင်း​ ​န​ယူး​ယောက်​မြို့​ရှိ​ ​ရှား​ပါး​စာ​အုပ်​များ​ဆိုင်​ရာ​ ​ကျွမ်း​ကျင်​ပ​ညာ​ရှင်​ ​ဟီ​သာ​ ​အို​ဒေါ်​နယ်​က​ စာ​အုပ်​အ​တွင်း​ ​ခြယ်​မှုန်း​ထား​သော​ ​ဆေး​ရောင်​စုံ​ ​ပန်း​ချီ​များ​မှာ​ ​အ​လွန်​အ​နု​ပ​ညာ​ ​အ​မြင်​ထက်​သန်​ပြီး​ ​လက်​ရာ​မြောက်​ကြောင်း​ ​သုံး​သပ်​ခဲ့​သည်​။ ​အော်​ဒူ​ဘွန်​သည်​ ​သ​ဘာ​ဝ​ကို​ ​​လေ့​လာ​နေ​သည့်​ ​ပ​ညာ​ရှင်​၊​ ​ပန်း​ချီ​ဆ​ရာ​စ​သည့်​ ​ဂုဏ်​ပုဒ်​များ​နှင့်​ ​ပြည့်​စုံ​သူ​ဖြစ်​ပြီး​ ​ယင်း​စာ​အုပ်​ကို​ ​၁၈၂၇​ ​ခု​နှစ်​က​ ​ထုတ်​ဝေ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။


--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge


With Best Regards,

slip
http://www.meepyatite.info


If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/


If u wanna listen any musics
http://myl6.blogspot.com/


If u wanna read latest news
http://lighthouse28.blogspot.com/


If u wanna read funny jokes
http://7comrades.blogspot.com/


Welcome to MIET forum
http://mietforum.ning.com/




Reply all
Reply to author
Forward
0 new messages