ရန်ကုန် မန္တလေး တိုင်းဒေသကြီးများတွင်သာ စတင်
ချပေးခဲ့သော CDMA 800 MHz ဖုန်းများကို တစ်နိုင်ငံလုံးတွင် အသုံးပြုခွင့်
ချပေးပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စ၍ တစ်နိုင်ငံလုံးသို့ အဆိုပါ 800
MHz ဖုန်းများကို သယ်ဆောင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး ထိုသို့
အသုံးပြုရာတွင် CDMA 450 MHz သုံး ဟန်းဆက်များတွင် ထည့်သွင်း သယ်ဆောင်
အသုံးပြု ရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကြားသိရသည်။
မူရင်း
ချပေးထားသော ဒေသတွင်ပင် အသုံးပြုမည် ဆိုပါက 800 MHz ဟန်းဆက်နှင့်ပင်
အသုံးပြုနိုင်ပြီး ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကျသင့်မည် ဖြစ်ကာ
ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မူ ၆၀ ကျပ် ကျသင့်မည်ဟု သိရသည်။
ဖုန်းငွေဖြည့်ကပ်မှာလည်း 450 နှင့် 800 ဖုန်းများ အနေဖြင့် အပြန်အလှန်
လဲလှယ် အသုံးပြုနိုင်မည် ဖြစ်ပြီး ဟန်းဆက်ပြောင်းလဲ အသုံးပြု
ပြီးနောက်တွင်လည်း လက်ကျန်ငွေကို ဆက်လက် အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း
သိရှိရသည်။
ထိုသို့ 800 MHz ဖုန်းများကို အခြား နယ်မြို့များသို့
ယူသွားသော အခါတွင်မှသာ 450 MHz ဟန်းဆက်များ အတွင်းသို့ ထည့်သွင်း အသုံးပြု
သင့်ကြောင်း ၊ အဘယ့်ကြောင့် ဆိုသော် အဆိုပါ 800 MHz ဖုန်းများကို အများဆုံး
ချပေးထားသော ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 450 ဖုန်းများ
အလွန်များပြားလာမှုကြောင့် အထူးလိုင်းကြပ်နေကြောင်း ၊ ထို့ကြောင့် 450
ဟန်းဆက်ကို ပြောင်းလဲ၍ ရန်ကုန် မန္တလေး မြို့များ၌ သုံးမည်ဆိုပါက ပို၍
လိုင်းကြပ်သွားစေမည် ဖြစ်ကြောင်း ချော်တွင်းကုန်းမီးပွိုင့် အနီးတွင်
ဖွင့်လှစ်ထားသော ဟန်းဆက်အရောင်းဆိုင် တစ်ခုမှ CDMA ဖုန်းကျွမ်းကျင်
ဝန်ထမ်းတစ်ဦးက mmDailyNews သို့ ပြောပြခဲ့သည်။
လက်ရှိ
ပြည်တွင်း CDMA ဟန်းဆက်ဈေးကွက်တွင် 450 နှင့် 800 ကွန်ရက် နှစ်မျိုးစလုံး
အသုံးပြုနိုင်သော ဟန်းဆက်များ အထူး အ၀ယ်လိုက်နေကြောင်း သိရှိရသည်။
လက်ရှိ
ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် CDMA 800 MHz ဖုန်း အလုံးရေ
တစ်သိန်းသာသာခန့်၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးသောင်းခန့် ရှိကြပြီး
အဆိုပါဖုန်းများ အားလုံးသည်လည်း CDMA 450 MHz ဖုန်းများ၏ ကွန်ရက်ကိုပါ
အသုံးပြု၍ အဆိုပါ ဖုန်းများကဲ့သို့ တစ်နိုင်ငံလုံး နယ်မြေအကန့်အသတ်မဲ့
သယ်ဆောင် အသုံးပြုနိုင်ပြီ ဖြစ်သည်။
ထို့အပြင် အဆိုပါ ဖုန်းများ၏
နံပါတ်များ ရှေ့တွင် ထည့်သွင်း အသုံးပြုနေရသော ရန်ကုန်ဖုန်းများအတွက်
၀၁xxxxxx ၊ မန္တလေးဖုန်းများ အတွက် ၀၂xxxxx စသည့် Areal Code များကို
၀၉xxxxxxx အဖြစ်သို့ မကြာမီ ပြောင်းလဲပေးသွားမည်ဟု ရတနာပုံ တယ်လီပို့မှ
ကြားသိရသည်။
ယခုနှစ် နှစ်ဆန်းပိုင်းက မြို့နယ်
နယ်မြေအကန့်အသတ်ဖြင့် စတင်ချပေးခဲ့သော အဆိုပါ CDMA 800 MHz ဖုန်းများကို
ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ရန်ကုန် ၊ မန္တလေးမြို့များတွင်
အသုံးပြုနိုင်သည်အထိ ကွန်ရက် တိုးချဲ့ပေးခဲ့ခြင်း ဖြစ်ပြီး ယခုအခါ
နေပြည်တော်ဖုန်းဟု လူသိများသော CDMA 450 MHz ဖုန်းများ နည်းတူ
တစ်နိုင်ငံလုံးသို့ သယ်ဆောင် အသုံးပြုနိုင်ခွင့် ချပေးခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်၌
ဖုန်းအမျိုးအစား စနစ်အားလုံးအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနမှ
တာဝန်ရှိသူတစ်ဦးက၇-၁၂-၂၀၁၀ ရက်တွင် ပြောသည်။““နေပြည်တော်မှာ ဖုန်း
နေပြည်တော်မှာ ဖုန်း နေပြည်တော်မှာ ဖုန်း နေပြည်တော်မှာ ဖုန်း
နေပြည်တော်မှာ ဖုန်း System အကုန်ဖွင့်မယ်။ လက်ရှိ CDMA 450MHz နဲ့
နေရာတချို့မှာ GSM တွေ အသုံးပြုနိုင်ပြီ။ CDMA 800 MHz ဖုန်း တွေလည်း
အသုံးပြုနိုင်ဖို့ ဆောင်ရွက်မှာပါ”” ဟု ၄င်းက ပြောပြသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတိုးတက်စေရန် အတွက် နှစ် ၃၀ နှစ်ရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ တယ်လီဖုန်းလုပ်ငန်း၊ ကြေးနန်းလုပ်ငန်း၊ စာပို့လုပ်ငန်းများအတွက် သီးခြားရည်မှန်းချက်များထားရှိ ဆောင်ရွက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ နေပြည်တော်၌ ၀၉၄၉ ဖြင့် စသော ကျပ်ငါးသိန်းတန် CDMA 450 MHz ဖုန်းအမျိုးအစား အသုံးပြုမှု စတင်တွင်ကျယ်ခဲ့ပြီး ၄င်းဖုန်းများကို မြန်မာတစ်နိုင်ငံလုံး သယ်ယူအသုံးပြုနိုင်ရန် ၂၀၁၀စက်တင်ဘာလ ၁ ရက်မှ စတင်၍လိုင်းဖွင့်ပေးခဲ့ကြောင်း နိုဝင်ဘာလ ၅ရက်မှစပြီး နေရာအချို့တွင် GSM မိုဘိုင်းများ စတင်အသုံးပြုနိုင်ခဲ့ရာ ထိုသို့အသုံးပြုနိုင်ရန်အတွက် GSM BTS ရေဒီယိုစခန်း ၁၁ ခုကို တည်ဆောက်ခဲ့ပြီး ဆက်လက်တိုးချဲ့လျက်ရှိကြောင်း သိရသည်။
CDMA 800 MHz ဖုန်း အမျိုးအစား အား Data ၊ အချက်အလက်၊ အလွယ်တကူ ပေးပို့နိုင်စေရန်အတွက် နေပြည်တော်၌ အသုံးပြုနိုင်စေရန် ဆောင်ရွက်နေပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့တွင် အဓိက သယ်ယူအသုံးပြုလာနိုင်မည့် ဖုန်းအမျိုးအစားဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။| ဘလော့ဂ်ရေးသားမှု တစ်နှစ်အတွင်း ၂၅ ရာခိုင်နှုန်းတိုး |
|
ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာပြပွဲ၌ကောက်ယူခဲ့သော အိုင်စီတီအသုံးပြုမှုစစ်တမ်းအရ အင်တာနက်အသုံးပြုမှုတွင် ဘလော့ဂ်ရေးသားမှုမှာ တစ်နှစ်အတွင်းတိုးတက်မှုအမြန်ဆုံးကဏ္ဍဖြစ်လာပြီး တိုးတက်မှုနှုန်း ၂၅ ရာခိုင်နှုန်းရှိသည်။ ပြီးခဲ့သည့်နှစ်တွင် ကောက်ယူခဲ့သည့်စစ်တမ်း၌ ၇ ရာခိုင်နှုန်းသောဖြေဆိုသူများကသာ ဘလော့ဂ်ရေးသားခြင်းကို ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် ၃၂ ရာခိုင်နှုန်းအထိ တိုးတက်ရေးသားလာကြကြောင်း၊ ဒုတိယအများဆုံးတိုးတက်မှုမှာ အင်တာနက်ပေါ်တွင် ဖုန်းပြောခြင်းဖြစ်ပြီး ၁၉ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ကြောင်း သိရသည်။ ချက်တင်ထိုင်ခြင်းနှင့် သတင်းဝက်ဘ်ဆိုက်ကြည့်ရှုခြင်းတို့သည် အင်တာနက်အသုံးပြုမှုစစ်တမ်းအရ အမြင့်မားဆုံးရာခိုင်နှုန်းတွင် တည်ရှိသော်လည်း တစ်နှစ်တာအတောအတွင်း တိုးတက်မှုတွင် လျော့ကျခဲ့သည်။ ၂၀၀၉ ခုနှစ်စစ်တမ်းတွင် ချက်တင်ထိုင်ခြင်းကို စစ်တမ်းဖြေဆိုသူ၏ ၇၀ ရာခိုင်နှုန်းကပြုလုပ်ခဲ့သော်လည်း ယခုစစ်တမ်းတွင်မူ ၃၂ ရာခိုင်နှုန်းကသာ ချက်တင်ထိုင်ကြောင်း ဖြေဆိုခဲ့သလို သတင်းဝက်ဘ်ဆိုက်ကြည့်ရှုခြင်းအပိုင်းတွင်လည်း ၆၈ ရာခိုင်နှုန်းမှ ၆၄ ရာခိုင်နှုန်းအထိလျော့ကျခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါစစ်တမ်းကို မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် နိုဗယ်လ်လိုက်မီဒီယာလုပ်ငန်းတို့ ပူးပေါင်းကောက်ယူခဲ့ခြင်းဖြစ်ပြီး စစ်တမ်းဖြေဆိုသူပေါင်း ၅,၀၇၆ ဦးရှိခဲ့ကြောင်း သိရသည်။ရေးသားသူ - မြင့်ကျော်လှိုင် |
JCBမှ
ထုတ်လုပ်သော Toughphoneသည် ကမ္ဘာပေါ်တွင် အကြမ်းပတမ်း ခံနိုင်ရည်အရှိဆုံး
မိုဘိုင်းလ်ဖုန်းအဖြစ် ကြွေးကြော်ထားကြောင်း သိရသည်။ ယင်းဖုန်းသည်
ရေအောက်တွင် (၈)နာရီကြာ အသုံးပြုနိုင်ပြီး အပူချိန် (၇၅)ဒီဂရီ
ဆဲလ်ဆီးရပ်စ်ထိ ခံနိုင်ရည်ရှိသည်။ အေးလွန်းသည့် အနေအထားမျိုးတွင်လည်း
ပြဿနာမရှိဘဲ ရေခဲမှတ်အောက် (၃၀)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းနေသည့်တိုင်
အပြုံးမပျက်ဟု JCBက ပြောကြားထားသည်။ ထို့အပြင် ကြီးမားသော ဖိနှိပ်မှုနှင့်
တုန်ခါမှုများကိုလည်း ခံနိုင်ရည်ရှိကြောင်း သိရသည်။ ယင်းဖုန်းကို
ကြမ်းတမ်းသော လုပ်ငန်းခွင်များတွင် သုံးစွဲနိုင်ရန် အဓိက ရည်ရွယ်ထားသည်။
အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊
လယ်ယာစိုက်ပျိုးမြေများတွင်ဖြစ်သည်။ ဖုန်းသည် သီချင်းနားထောင်ခြင်း
ဗီဒီယိုကြည့်ခြင်း၊ FMရေဒီယို နားထောင်ခြင်းတို့အပြင် ကွန်ပျူတာနှင့်
အခြားဖုန်းများကိုပါ အလွယ်တကူ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ဖုန်းအတွင်း
Bluetoothစနစ်လည်း ပါရှိသည်။ ကမ္ဘာ့အကြမ်းအခံဆုံး ဖုန်းအဖြစ် ကြေညာထားသော
JCB၏ မိုဘိုင်းလ်ဖုန်းအား လက်တွေ့စမ်းသပ်မှု ရလဒ်များမှာ
အောက်ပါအတိုင်းဖြစ်သည်။
၁။ ရေကူးကန်ထဲတွင် စမ်းသပ်ခဲ့ရာ ရေအောက်တွင် အသံကြည်လင်မှု
အလွန်ကောင်းမွန်သည်။ လိုင်းမိမှုတွင်မူ အနည်းငယ် အားလျော့သွားသည့်တိုင်
အချိန်ကြာမြင့်စွာ စကားပြောနိုင်ရန် လုံလောက်သော အခြေအနေတွင်ရှိသည်။
၂။ ရေနွေးငွေ့ခန်းတွင် (၁၀)မိနစ်ကြာ ထားကြည့်ရာ ဖုန်းအတွင်း ရေငွေ့ရိုက်မှု ဖြစ်ခဲ့သော်လည်း ပျက်စီးမှု လုံးဝမရှိဟုဆိုသည်။
၃။ ရေနွေးရေချိုးခန်းတွင် စမ်းသပ်ရာ အသံအရည်အသွေး အနည်းငယ်ကျသွားပြီး
လုံးထွေးသွားခဲ့သည်။ ဖုန်းသည် လုံးဝဥဿုံ ရေလုံသည်ဟု မဆိုနိုင်သော်လည်း
လုပ်ဆောင်ချက်များတွင် ပြဿနာ မပေါ်သလို ပျက်စီးခြင်းလည်း မရှိချေ။

၎။ (၁.၆)တန် အလေးချိန်ရှိသော ဘီးလုံးကြီးဖြင့် (၅)ကြိမ်ကြိတ်နင်းခဲ့ရာ
စတုတ္ထ အကြိမ်မြောက်တွင် ဖုန်း၏ နောက်ပိုင်း၌ သေးငယ်သော အက်ကြောင်းလေး
ပေါ်လာသည်။ ရှေ့ဖက် Screenတွင်မူ အပျက်အစီးမရှိချေ။
၅။ ပထမထပ် ပြူတင်းပေါက်မှ ပစ်ချကြည့်ရာ အပျက်အစီးမရှိချေ။
(၁၂)ပေမြင့်သော အနေအထားသည် JCBက အာမခံထားသည်ထက် နှစ်ဆပိုများသော
ပမာဏဖြစ်သော်လည်း ဖုန်း၏ ခံနိုင်ရည်မှာ မှတ်ကျောက်တင်နိုင်ခဲ့သည်။

၆။ ရေခဲသေတ္တာရှိ ရေခဲမုန့်ထည့်သော အံဝှက်အတွင်း (၂)နာရီကြားထားပြီးနောက် ပြန်လည်အသုံးပြုကြည့်ရာ အကောင်းပကတိပင် ရှိနေသည်။
၇။ အခြားသော စမ်းသပ်ချက် အများအပြားကလည်း Touchphoneသည် ရေစိုမှု၊
အပူဒဏ်၊ ဖုန်နှင့်အညစ်အကြေးများကြောင့် အပျက်အစီး မရှိကြောင်း
ထောက်ခံခဲ့သည်။ ၀မ်းနည်းစရာ အချက်တစ်ခုအဖြစ် ဖုန်းကို အ၀တ်လျှော်စက်ထဲ
ထည့်စမ်းရာတွင်မူ ခံနိုင်ရည်မရှိဘဲ ပျက်သွားကြောင်း သိရသည်။
Source: bisscholar

Windows 7 သံုး ပါးလွှာကျစ်လျစ်သည့် Tablet ကွန်ပျူတာ တစ်ခု © pcmag
Microsoft အနေနှင့် စားသုံးသူ အီလက်ထရစ် နည်းပညာပြပွဲ (CES) တွင် Windows 7 သုံး ပါးလွှာကျစ်လျစ်သည့် Tablet ကွန်ပျူတာ တစ်ခုကို မိတ်ဆက်ပြသသွားမည်ဟု သိရသည်။
Microsoft ၏ CEO ဖြစ်သူ စတိဘယ်မာသည် ၂၀၁၁ နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် CES ပြပွဲအတွင်း Slide ဖြင့် အပြင်ထုတ်နိုင်သည့် Keyboardတစ်ခု ပါဝင်သော Windows 7 သုံး Tablet ကို ပြသသွားမည်ဟု Microsoft နှင့် နီးစပ်သူ တစ်ဦးက နယူးယောက်တိုင်း သတင်းစာသို့ ပြောကြားခဲ့သည်။ သို့သော်လည်း သတင်းစာက သတင်းပေးသော ရင်းမြစ်နှင့် ပတ်သက်ပြီး လဝှက်ထားသည်။
အ ဆိုပါ Tablet ကွန်ပျူတာသည် ၇ လက်မကျယ်သည့် Samsung Galaxy Tab နှင့် ၉.၇ လက်မကျယ်သော Apple iPad တို့နှင့် မတူကွဲပြားကြောင်းလည်း သိရသည်။ CES ပြပွဲတွင် Microsoft ၏ နောက်ထပ်အသစ်ထုတ်မည့် OS စနစ် Windows 8 ကိုလည်း မိတ်ဆက်သွားဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ Microsoft သည် အသစ်ထုတ် HTML5 နှင့် အဆင်ပြေမည့် Application များကို ရေးသားရန် Developer များကို တိုက်တွန်းထားရာ ယင်းနှင့်ပတ်သက်သော ဖန်တီးမှုသစ် တစ်ခုခုကိုလည်း မိတ်ဆက်ပြသသွားဖွယ် ရှိနေကြောင်း ခန့်မှန်းမှုများလည်း ရှိနေသည်။
CES ကို ဇန်နဝါရီ ၆ ရက်နေ့မှ ၉ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
| Samsung Galaxy Tablet ကိုပြည်တွင်းဈေးကွက်တွင် ၀ယ်ယူရရှိနိုင်ပြီဖြစ်သော်လည်း အရောင်းမသွက်သေး |
|
ကွန်ပျူတာအဖြစ်သာမက ဖုန်းအဖြစ်လည်း အသုံးပြုနိုင်မည့် Samsung ကုမ္ပဏီထုတ် Galaxy Tablet ကို ပြည်တွင်းဈေးကွက်အတွင်းရရှိနိုင်ပြီဖြစ်သော်လည်း ဈေးနှုန်းမြင့်မားမှုကြောင့် အရောင်းမသွက်သေးကြောင်း ရန်ကုန်မြို့ရှိကွန်ပျူတာအရောင်းဆိုင်အချို့မှ တာဝန်ရှိသူများက ပြောကြားသည်။ ပြည်တွင်းဈေးကွက်တွင်ရောင်းချလျက်ရှိသည့် Galaxy Tablet များကို ဂျာမဏီ၊ ဗြိတိန်နိုင်ငံတို့မှ စတင်တင်သွင်းခဲ့ကြပြီး ယခုနောက်ပိုင်းတွင် ထိုင်း၊ စင်ကာပူနှင့် ဟောင်ကောင်တို့မှ တင်သွင်းရောင်းချမှုများလည်းရှိသည်။ Memory 16 GB ပါဝင်သည့် ထို Galaxy Tablet ကိုစတင်တင် သွင်းခါစက ကျပ် ၁၀ သိန်းရှစ်သောင်းဖြင့် စတင်ရောင်းချခဲ့သော်လည်း ယခုအခါကျပ် ၉ သိန်းနှစ်သောင်းအထိ ဈေးကျဆင်းလာပြီး ဒီဇင်ဘာလ၊ ဒုတိယပတ်မှစတင်၍ ဈေးနှုန်းများထပ်မံကျဆင်းနိုင်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပုဇွန်တောင်မြို့နယ်ရှိ SSS မိုဘိုင်းဖုန်းအရောင်းဆိုင်တာဝန်ရှိသူ ဒေါက်တာစောရန်နိုင်က “ကျွန်တော်တို့ဆီကို Galaxy Tablet ရောက်တာ သုံးပတ်လောက်ရှိသွားပြီ။ သူက iPad ထက်အားသာချက်တွေကတော့ အများကြီးပဲ။ သူက GSM Sim Card ရှိရင် ဖုန်းပါပြောလို့ရတယ်။ ဒါပေမယ့်နားနဲ့ကပ်ပြီး ပြောလို့မရဘူး။ စပီကာဖွင့်ပြီးပြောရင်ပြော (ဒါမှမဟုတ်) Bluetooth နားကြပ်နဲ့လည်း ပြောလို့ရတယ်။ ဒီပစ္စည်းကို လူကြီးတွေဝယ်တာများပြီး လူငယ်တွေတော့နည်းပါတယ်” ဟုပြောသည်။ Galaxy Tablet တွင် WiFi, GPS, Bluetooth, Camera, Webcam များပါဝင်ပြီး အင်တာနက်ချိတ်ဆက်အသုံးပြုပါက G-mail, G-talk,Facebook တို့ကိုလည်း တိုက်ရိုက်အသုံးပြုနိုင်သည်။ ရုံးသုံးအတွက်လည်း Microsoft Word, Excel, Powerpoint များအား အသုံးပြုနိုင်သလို e-book များကိုလည်း ဖတ်ရှုနိုင်မည်ဖြစ်သည်။ “အဓိက Galaxy Tablet တွေ လူကြိုက်များတာက ဖုန်းပါပြောလို့ရတာရယ် iPad ထက်အားသာချက်တွေများလို့ပါ။ Software တွေအနေနဲ့လည်းလွယ်တယ်။ ဗမာစာတော့အဆင်မပြေသေးဘူး။ ဒီမှာက Samsung ဆိုရင် လိုင်းဆွဲအားကောင်းရဲ့လားဆိုပြီး တွေးပူနေကြတယ်။ အမှန်တကယ်တော့ ဒီမှာလိုင်းမမိတဲ့နေရာဆိုရင် ဘာဖုန်းပဲဖြစ်ဖြစ်လိုင်းကို မမိတာပါ။ ဈေးနှုန်းကများတဲ့အတွက် ၀ယ်သူနည်းနေသေးတာပါ။ ဒါပေမယ့်ခရစ္စမတ်လောက်ဆိုရင်တော့ ဈေးတော်တော်ကျသွားမှာပါ” ဟု ၎င်းကပြောသည်။ အဆိုပါ Galaxy Tablet ကိုတောင်ကိုရီးယားကုမ္ပဏီ Samsung ကထုတ်လုပ်ခြင်းဖြစ်ပြီး စတင်ဖြန့်ချိသည့်တစ်လအတွင်း ကမ္ဘာတစ်ဝန်းတွင် အလုံးရေခြောက်သိန်းကျော်ရောင်းချခဲ့ရကြောင်း သိရသည်။ရေးသားသူ - စောပြည့်စုံ
|
3D ကို 3D မော်နီတာမလိုဘဲကြည့်လို့ ၇တယ်နော်. ဂိမ်းမှာတော့ စမ်းကြည့်ချင်၇င်၇တယ်ဗျ. အဲမှာပဲ စမ်းလို့ ၇တာကိုး. 3D ဘလူးရေးအခွေနဲ့ စက်က မှမတပ်နိုင်တာနော့်. အဓိကလုပ်၇မှာကဂရပ်ဖစ်ကတ်ကို driver update လုပ်၇မှာပါ.
ဥပမာ-NVIDIA ဆိုရင်ကိုယ်စိုက်ထားတဲ့ ကတ်ရဲ့ နာမည် ဥပမာ-NVIDIA GEFORCE 8400 GS ဆိုပီး သူ့ ဆိုက်မှာရှာလိုက်ပါ. ၀င်းဒိုးအစုံအတွက်ရှိပါတယ်. ဒါပေမဲ့ 3D ဖန်ရှင်က XP မှာတော့မပါဘူးဗျ. 7 ပဲ၇မယ်(ကတ်ကတော့ အကုန်နီးပါး ၇မယ်ထင်ပါတယ် 512 အနည်းဆုံးရှိမယ်ဆိုရင်) update download ပီးလို့  install လုပ်ပီးရင် restart ချလိုက် ပြန်တက်လာ၇င် NVIDIA CONTROL PANEL ထဲဝင်လိုက်ပါ. အခြား setting တွေကိုလည်း ကိုယ်သိသလို နားလည်သလို ပြောင်းလို့ ၇ပါသေးတယ်. အဲမှာ Setup stereoscopic 3D ဆိုတာကို ၀င်ပီး၇င် enable ပေးလိုက်ပါ. ပီးရင်သူက wizard နဲ့ စစ်သွားပါလိမ့်မယ်. မေးတာတွေကိုသေချာစစ်ဆေးကြည့်ပီးဖြေပေးလိုက်ပါ. (မျက်မှန်တော့ဝယ်ထားနော် တစ်လက်မှ 2000 ထဲပါ) ပီးလို့ successfully ဖြစ်သွားပီဆိုရင်မျက်မှန်သာတပ်ကြည့်ပေတော့သူ ပြတဲ့ 3D slideshowကပုံတွေကို တကယ် 3D မြင်ရပါလိမ့်မယ်. ဂိမ်းတွေမှာလည်းတကယ်3D နဲ့ ဆော့လို့ ၇ပါတယ်. NVIDIA ပဲ စမ်းဖူးပါတယ် ATI တော့မသိပါ. ဘယ်မော်နီတာမဆို LCD,LED ဆိုပါကောင်းမယ်ထင်ပါတယ်. အနော်က CRT နဲ့ ပဲစမ်းဖူးပါတယ်. ရမရပြန်ပြောပေးကြအုံးနော်
မှတ်ချက်--- ခေါင်းမူးတတ်ရင် မစမ်းပါနဲ့  ။ ပီးသွားရင် ရေရေလည်လည်မူးလို့ ပါ
Google
က ထုတ်တဲ့ HTML5 မိတ်ဆတ်စာအုပ်လေးကို မိတ်ဆတ်ပေးချင်ပါတယ်။ HTML5 မှာ
အသစ်ပါဝင်လာတဲ့ svg, campus, geolocation နဲ့ caching စနစ်တွေအကြောင်း
ရှင်းလင်းချက်၊ နမူနာ coding တွေနဲ့ HTML5 ကို
ချက်ချင်းစမ်းသုံးချင်လောက်အောင် အညွှန်းကောင်းတဲ့ စာအုပ်လေးပါ။ HTML4 ကို
သိပြီးသားသူတွေ မဖြစ်မနေ ဖတ်ထားသင်တဲ့ စာအုပ်လေးပါ။ အောက်မှာ Download link
ပေးထားပါတယ်။
http://codinginparadise.org/presentations/intro_html5.pdf
အပေါ်ကပုံကို Black Magic နဲ့ အသက်သွင်းလိုက်ပါပြီ
Install လုပ်ရန်
1.WinRar ကို Right Click ထောက်..Extract Here လုပ်ပါ
2.BlackMagic 2.8.6 Pro by cat...@mmitd.com.exe ကို Install လုပ်ပါ
3.Crack Folder ထဲက blackmagic.exe ကို C >> Program Files >>> Blackmagic ထဲကို Move and Replace !!!
4.Done !!! Full Version ဖြစ်သွားပါပြီ
အသုံးပြုရန်
*** မိမိစိတ်ကြိုက် ကလိပါ ***
င်္Free Download From Mediafire
http://www.mediafire.com/file/uyx9o46bd00hp54/Blackmagic%202.8.6%20...
င်္Free Download From ifile.it
http://ifile.it/bxa2mcz/Blackmagic%202.8.6%20Professional%20By%20ca...
င်္Free Download From ziddu.com
http://www.ziddu.com/download/12996014/Blackmagic2.8.6ProfessionalB...
Portable Apps တွေကို ကျွန်တော် တို့ WinRAR နဲ့ လုပ်ရင်အဆင်ပြေ ကြတာ
များပါတယ်။ ဒါပေမဲ့ Browsers တွေကိုလုပ်ရင်တော့ ရပါတယ်ခင်ဗျား။
ကိုယ်သိမ်းထားတဲ့ Bookmark တွေ Profile တွေကို လုပ်မတက်တဲ့ အခါကြတော့
ဘယ်နေရာမှာဘဲ သွား ဖွင့်ကြည့်ကြည့် New Profile တွေဘဲဖွင့်တက်လာပါတယ်။
ဒီ
Tutorial လေးမှာတော့ ကိုယ့်သိမ်းထားတဲ့ Bookmark တွေ၊ Install လုပ်ထားတဲ့
Extension တွေဘာပါ အောင် Google Chrome ကို Portable လုပ်နည်းလေး
တင်ပေးလိုက်ပါတယ်ခင်ဗျား။
ပထမဦးဆုံး Google Chrome ကို Install
လုပ်ဖို့ ကိုယ့်ရဲ့ Computer မှာ Google Chrome ကို အရင် Install
လုပ်ထားဖို့လိုပါတယ်။ Install လုပ်ပြီးရင်တော့ Windows 7 နဲ့ Vista Users
တွေဆိုရင်
C:\Users\<User>\AppData\Local\Google\ကိုသွားပြီး Chrome Folder ကို Desktop ကိုကူးစေချင်ပါတယ်။
C:\Documents and Settings\<User>\Local Settings\Application Data\Google\ကိုသွားပြီး Chrome Folder ကို Desktop ကိုကူးစေချင်ပါတယ်။
start application/chrome.exe --user-data-dir="User Data"ပြီးရင်တော့ Google Chrome က Portable ဖြစ်သွားပါပြီးခင်ဗျား။ Google Chrome.bat ကို သာ Double Click နှိပ်ပြီး Run နိုင်ပါတယ်။
Sometimes, we download and install a software on computer and on
installation, we find our computer losing its sound state. Even,
sometimes, we want to safely test a Keylogger or any suspicious file on our computer. So, at such situations, it is better to use Deep Freeze 6 software which really helps you to protect your computer from such Viruses and keyloggers. Deep Freeze 6 is one of the best security softwares ever made. So, download deep freeze 6 full version to protect your computer from viruses and hacking tools. I have provided link for Deep Freeze 6 full version software download... just read on.



Poor Little Fish Sink
Waterfall Sink
Sperm Shaped Sink

Crevasse Prep Sink
Foglio Sink
Soccer Sink
Ripple Faucet & Sink
Tire Sink










