| ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအသစ်အား ယနေ့မွန်းလွဲ ၃ နာရီ၌ တစ်နိုင်ငံလုံးတွင် လွှင့်တင် |
ယခင်အသုံးပြုခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအစား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော နိုင်ငံတော်အလံသစ်ဖြင့် ပြောင်းလဲအစားထိုးလိုက်ပြီဖြစ်သည်။ နိုင်ငံတော်အလံသစ်လွှင့်တင်ခြင်းကို နေပြည်တော်နှင့်ရန်ကုန်မြို့အပါအ၀င် တစ်နိုင်ငံလုံးရှိ အစိုးရဌာနများ၊ မြို့တော်ခန်းမများစသည်တို့တွင် ယနေ့မွန်းလွဲ ၃ နာရီခန့်၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
|
ပြည်ထောင်စု မြန်မာ နိုင်ငံတော် နိုင်ငံ တော် အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၈/၂၀၁၀) ဖြင့် နိုင်ငံတော် အလံ ဥပဒေကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာ ယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၉/၂၀၁၀) ဖြင့် နိုင်ငံတော် အထိမ်း အမှတ် တံဆိပ် ဥပဒေ ကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင် စီ ဥပဒေအမှတ် (၁၀/၂၀၁၀) ဖြင့် နိုင်ငံ တော် သီချင်း ဥပဒေ ကို လည်းကောင်း၊ အ လားတူ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ နည်းဥပဒေများ အမှတ် (၁/၂၀၁၀) ဖြင့် နိုင်ငံတော် အလံနည်း ဥပဒေ များကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင် စီ နည်းဥပဒေ များ အမှတ် (၂/၂၀၁၀) ဖြင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် နည်း ဥပဒေ များကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင် စီနည်း ဥပဒေများ အမှတ် (၃/၂၀၁၀) ဖြင့် နိုင်ငံတော် သီချင်း နည်းဥပဒေများ ကိုလည်း ကောင်း ၁၃၇၂ ခုနှစ်၊ သီတင်း ကျွတ်လ ဆန်း ၁၃ ရက်၊ ၂၀၁၀ ပြည့်နှစ်၊ အောက် တိုဘာ ၂၁ ရက် ရက်စွဲ ဖြင့် ထုတ်ပြန် လိုက် သည်။
ပြဋ္ဌာန်း
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄၃) တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင် အထည် ဖော်ရေး အတွက် ကြိုတင် ဆောင်ရွက် ရန် လိုအပ် သည့် လုပ်ငန်း ရပ်များ ကို နိုင်ငံ တော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ က ဆောင်ရွက် ပေးရန် ပြဋ္ဌာန်း ထားသည့် အလျောက် နိုင်ငံတော် ၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး နှင့် တရား စီရင်ရေး ဆိုင်ရာ လုပ် ငန်း များ ကို ချောမွေ့ စွာ ဆောင်ရွက် နိုင်ရန် လည်းကောင်း၊ လွှတ်တော် အသီးသီး ပေါ် ပေါက် လာသည့် အခါ တွင် ဆောင်ရွက် ရန်ရှိ သော လုပ်ငန်း များကို ဆောင်ရွက် နိုင်ရန် လည်းကောင်း၊ ကြိုတင် ဆောင်ရွက် ရမည့် လုပ်ငန်း ရပ်များကို ဥပဒေ နှင့် အညီ ဆောင် ရွက် နိုင်ရန် လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေ များကို ပြဋ္ဌာန်း ရန် လိုအပ် လာသည့် အတွက် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ ပါ ပြဋ္ဌာန်း ချက် များနှင့် အညီ ဖော်ပြပါ ဥပဒေနှင့် နည်း ဥပဒေ များကို ပြဋ္ဌာန်း လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာပို့စ်

|
|
|
|
|
|
|
|
|

mother fucker suu kyi...and her fellows
စောက်သုံးမကျတဲ့ မျိုးမစစ်တွေက နိုင်ငံတော် အလံကျတော့ ခြေထောက်နဲ့ နင်းပြီး ပထွေးအလံကျတော့ ကိုးကွယ်နေကြတယ် ခွေးမျိုးတွေ...
မြန်မာနိုင်ငံကို ခုတုံးလုပ်ပြီး ပြည်ပမှာကောင်းစားနေတာ
သူတို.တွေပေါ.။
ဟုတ်တယ် ရှိတုန်းကတော့ ခြေထောက်တွေနဲ့နင်း မီးတွေ့ရှို့ပြီး မရှိတော့မှ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ မိန်းမစိတ်ဓာတ်တွေနဲ့ ဒီမိုတွေ အရှက်လဲမရှိကြဘူး
By ဦးကျော်ထင် ကြာသပတေး, 21 အောက်တိုဘာ 2010
ရန်ကုန်မြို့တော်ခန်းမတွင် လွှင့်ထူထားသည့် မြန်မာနိုင်ငံ အလံသစ်။ အောက်တိုဘာ ၂၁၊ ၂၀၁၀။
ဒီနေ့ညနေ ၃ နာရီက တနိုင်ငံလုံး ဌာနဆိုင်ရာ ရုံးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ နိုင်ငံတော်အလံ အသစ်ကို လွှင့်တင်ခဲ့ကြပြီး ဒီအကြောင်းကိုလည်း အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ကြေညာသွားခဲ့ပါတယ်။ အဲဒီ နိုင်ငံတော် အလံသစ်မှာ အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင် ခြယ်ထားပြီး အလယ်မှာ အဖြူရောင် ကြယ်ကြီးတလုံး ပါရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ အတည်ပြုရုံအဆင့်ပဲ ဖြစ်ပြီး အသက်မ၀င်သေးတော့ အခုလို လုပ်ဆောင်မှုအပေါ် နိုင်ငံရေးပါတီ တချို့က သဘောမတွေ့တာ ရှိသလို တချို့ကလည်း အလံဟောင်းကို ဖြုတ်ချပြီး အလံသစ် တင်မယ်လို့ ပြောဆိုကြပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
၃၆ နှစ်နီးပါး အသုံးပြုခဲ့တဲ့ စပါးနှံ၊ ပင်နီယံနဲ့ ကြယ်ဖြူ ၁၄ လုံးပါ ဆိုရှယ်လစ် သင်္ကေတ အလံကို ဒီနေ့ညနေ ၃ နာရီက ဖြုတ်ချလိုက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ အလံကို နိုင်ငံတ၀န်းက ဌာနဆိုင်ရာ ရုံးတွေမှာ လွှင့်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖြုတ်ချခံရတဲ့ အလံဟာ ၁၉၆၂ အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အလံ ဖြစ်ပါတယ်။
အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အမည်ပြောင်းလိုက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကတော့ ဒီနေ့လယ်ပိုင်းထိ အလံဟောင်းကို အသုံးပြုနေတုန်းလို့ ပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ကျနော်တို့ ဘာမှ မလာသေးဘူးဗျ၊ ကျနော်တို့လည်း မသိသေးဘူးဗျ၊ ကျနော်တို့ကတော့ ဒီမှာ ကျနော်တို့ပါတီ ဌာနချုပ်မှာကို ဒီဟာပဲ တင်ထားတာပဲ။ ဘာမှတော့ လာပြောတာ မရှိဘူး၊ ဒီတိုင်းပဲ တင်ထားတာပဲ။ ဒါကတော့ လက်ရှိ ဒါလုပ်ပါဆို လုပ်ရမှာပေါ့ဗျာ၊ ခုတော့ ကျနော်တို့ဆီမှာ ဘာမှ မသိသေးဘူး။”
၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအပြီး ရက် ၉၀ ပြည့်တဲ့ ပြည်ထောင်စုလွှတ်တော် ခေါ်တဲ့နေ့မှပဲ ဖွဲ့စည်းပုံ အာဏာသက်ရောက်မယ်လို့ ပါရှိပါတယ်။ ဒါကြောင့် အလံဟောင်းကိုပဲ ဆက်သုံးနေမယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ဆိုပါတယ်။
“ကျနော်တို့ကတော့ နိုင်ငံတော် အလံဟောင်းပဲ သုံးထားရသေးတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတော် အလံသစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတည်ပြုရုံပဲ ရှိသေးတာကိုး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်တော့မှ သုံးရမှာလေ။ အဲဒီတော့ ကျနော်တို့က အဟောင်းပဲ ဆက်သုံးနေသေးတာပေါ့။ အကြောင်းကြားလာရင်တော့ ဖြုတ်သင့်လည်း ဖြုတ်ရမယ်၊ မဖြုတ်ဘဲ နေရင်လည်း နေပေါ့။ ဒါကတော့ ကျနော်တို့ အလုပ်အမှုဆောင် အစည်းအဝေး ခေါ်ရဦးမှာ။”
ဒီကနေ့ အလံတင် အခမ်းအနားမှာ ဗေဒင်ယတြာ သဘောအရ အလံဟောင်းချသူတွေက အင်္ဂါသားသမီးတွေ ဖြစ်ပြီး အလံသစ် တင်မယ့်သူတွေက ဗုဒ္ဓဟူး သားသမီးတွေ ဖြစ်ရမယ်လို့ ညွှန်ကြားထားကြောင်းလည်း နေပြည်တော် စစ်အရာရှိ တယောက်ကို ကိုးကားပြီး ဧရာဝတီ အွန်လိုင်းသတင်းက ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ အလံဟောင်းကို မီးရှို့မယ့် အစီအစဉ် ပါရှိတယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“တင်ထားတုန်းပဲ၊ ကျနော်တို့ဆီ ညွှန်ကြားချက် မရောက်တော့ တင်ထားတုန်းပဲ။ ဌာနဆိုင်ရာတွေ မေးကြည့်တော့ ဟုတ်တယ်တဲ့၊ ၃ နာရီမှာ သူတို့ အလံဟောင်းကိုချပြီး မီးရှို့မယ်လို့ ပြောတယ်။ ကျနော်တို့တော့ မချသေးဘူး။ ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးမှ၊ ရွေးကောက်ပွဲပြီးမှ လက်ရှိ လက်ခံထားတဲ့ အနေအထားလေ။ အဲဒီအလံက ရွေးကောက်ပွဲပြီးမှ တရားဝင် အတည်ဖြစ်မှာ။ အဲဒါကြောင့် ကျနော်တို့ မချတာ။”
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း ဖွဲ့စည်းပုံ အာဏာမတည်ခင် အလံသစ်သုံးတဲ့အပေါ် အခုလို အမြင်ရှိပါတယ်။
“အခြေခံဥပဒေ အသက်ဝင်တာက ပြည်ထောင်စုလွှတ်တော် ခေါ်ပြီးမှ အသက်ဝင်မှာကိုး။ အသက်ဝင်တဲ့ ကာလကျမှသာ ဒါက တရားဝင်တယ်လို့ ကျနော်တို့ ယေဘုယျ နားလည်ထားကြတာကိုး။ အခြေခံဥပဒေနဲ့ တိုင်းတာမယ် ဆိုရင်တော့ ဒါက အသက်မ၀င်ခင် သုံးစွဲတာကတော့ တရားဝင်မှု၊ မ၀င်မှု အပေါ်မှာ စကားပြောစရာတွေ အများကြီး ရှိတာပေါ့ဗျာ။ သို့သော်လည်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက ဒီအလံကို သီးခြားအမိန့် အနေနဲ့ လုပ်သလား မသိဘူးဗျ။ သူတို့ ဘာမှ အကြောင်းကြားခြင်းမရှိ၊ အသိပေးခြင်း မရှိတော့ ဒီအထိ မသိသေးပါဘူး။”
အရင် အသုံးပြုခဲ့တဲ့ လွတ်လပ်ရေးရစဉ်က အလံနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့ရဲ့ အလံဟောင်း ၂ ခုက ပြည်ထောင်စု သင်္ကေတနဲ့ ခေတ်စနစ်ကို ထပ်ဟပ်စေတဲ့ လက္ခဏာတွေ ပါရှိပြီး အခု အလံသစ်ကတော့ တိုင်းစစ်ဌာနချုပ်တွေရဲ့ သင်္ကေတနဲ့ ဆင်တူနေတယ်လို့လည်း ဝေဖန် ပြောဆိုမှုတွေ ရှိပါတယ်။
ဦးခင်မောင်ဆွေကတော့ ဒီအလံဟာ တော်လှန်ရေးသဘော ဆောင်တာမို့ သဘောမကျဘူးလို့ ဆိုပါတယ်။
“ကျနော်ပြောတာက ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ လက္ခဏာ၊ အရိပ်နိမိတ်၊ သင်္ကေတတွေ မတွေ့ရဘူး။ နောက်တခါ အပြောင်းအလဲ သွားနေတဲ့ ကြီးပွားတိုးတက်ခြင်း၊ ညီညွတ်ခြင်း၊ ညီညွတ်ခြင်းဆိုတဲ့ လက္ခဏာကို ပြရမယ့် အနေအထား မပါဘူး။ နောက်ပြီးတော့ အရောင်တွေဟာ တော်လှန်ရေးနဲ့ ပတ်သက်ခဲ့တဲ့ အရောင်တွေ ဖြစ်နေတယ်၊ သုံးရောင်ခြယ်ဆိုတော့။ အခုသွားနေတာက နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးကာလ မဟုတ်ဘူးလေ။
“အခုက ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကာလကို သွားနေတာလေ။ အဲဒီမှာ ပြည်သူအများကို ထင်ဟပ်နိုင်တဲ့ လက္ခဏာတွေ ပါရင်တော့ ပိုကောင်းလိမ့်မယ်လို့ ကျနော်က သဘောထားရှိတော့ ဒီအလံကို ကျနော် ထောင်ထဲမှာ ရှိစဉ်ကပဲ ဒီအလံပါတဲ့ အခြေခံဥပဒေကို အတည်ပြုပြီး သွားပြီလေ။ အဲဒီတော့ နိုင်ငံသားတယောက် အနေနဲ့ ပြောခွင့်ဆိုခွင့်ရရင် မကြိုက်တာ မကြိုက်ဘူး ပြောရရင် မကြိုက်ဘူးပေါ့ဗျာ။”
စစ်အစိုးရ အတည်ပြုခဲ့တဲ့ နိုင်ငံတော် အလံသစ်အပေါ် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ပြောပြသွားတာ ဖြစ်ပါတယ်။
နိုင်ငံတော်အလံသစ်ကို အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများတွင် ယနေ့ ပြောင်းလဲတပ်ဆင်ကြပြီ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတည်ပြုထားသော နိုင်ငံတော်အလံသစ် လွှင့်တင်ပွဲကို မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် တက်ရောက်၍ စစ်တီးဝိုင်း ဘင်ခရာအဖွဲ့များဖြင့် နိုင်ငံတော်သီချင်း တီးမှုတ်ကာ အခမ်းအနားဖြင့် ယနေ့ ညနေ (၃) နာရီကျော်တွင် ကျင်းပခဲ့ကြောင်း စည်ပင်သာယာ ဝန်ထမ်းတဦးက ပြောသည်။
မြို့တော်ခန်းမရှေ့တွင် အလံသစ်ကို လာရောက်ကြည့်ရှုသူတဦးက “အလံတော် အသစ်တင်တာတဲ့၊ မမြင်ဖူးလို့ ကြည့်တာပါ” ဟု ပြောသည်။
ပြောင်းလဲ အသုံးပြုသည့် နိုင်ငံတော်အလံသစ်တွင် သုံးရောင်ခြယ် အ၀ါ၊ အစိမ်းရင့်၊ အနီရောင် အလယ်၌ ကြယ်ဖြူတစ်လုံး ပါရှိသည်။
နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် အသက်သွင်းရန် ကြိုတင်ပြင်ဆင်မှုတရပ်အနေဖြင့် နိုင်ငံတော်အလံ အပြင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်အတိုင်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်း စစ်အစိုးရရေဒီယိုမှ ကြေညာသွားသည်။
တံဆိပ်အသစ်နှင့် နိုင်ငံတော်သီချင်းကို မည်သည့်နေ့ရက်တွင် စတင် အသုံးပြုမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။
၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး ကျင်းပချိန်မှသာ စတင်၍ အသက်ဝင်မည်ဖြစ်ရာ ယခုလုပ်ရပ်သည် လုပ်ပိုင်ခွင့် ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြည်တွင်းမှ ဥပဒေဆိုင်ရာ ပညာပေးရေးသားနေသူ စာရေးဆရာကြီးတဦးက ဝေဖန်သည်။
“၂၀၀၈ အခြေခံဥပဒေက အာဏာစတည်တဲ့နေ့မှ စသုံးလို့ရမှာပေါ့။ အခုလုပ်ရပ်က တရားဥပဒေကို အာဏာနဲ့ မတရားမှု ကျူးလွန်လိုက်တာ၊ လုပ်ပိုင်ခွင့် ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အသက်မဝင်သေးတဲ့ ဥပဒေပါ ဖော်ပြချက်တွေကို အသုံးပြုတာ ကြားလို့လည်း မကောင်းပါဘူး။ ဒါက လဲလိုက်လည်း တရားမဝင်ဘူး။ နိုင်ငံတော်အလံဆိုတာ ဥပဒေအတိုင်း မလုပ်ဘဲ အာဏာနဲ့ အတင်းပြောင်းခိုင်းလို့ရတဲ့ အလုပ်လည်း မဟုတ်ဘူးလေ” ဟု အဆိုပါ စာရေးဆရာက ပြောကြားသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က ၁၉၇၄ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့၌ စတင် အသုံးပြုလာခဲ့သော အနီအောက်ခံ၊ ညာဘက်ထိပ် အပြာရောင်လေးထောင့်တွင်းမှ ကြယ်ဖြူ (၁၄) လုံး ဝိုင်းရံထားသော စပါးနှံ ပါရှိသည့် နိုင်ငံတော်အလံအစား အသစ်ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံတော်အလံအသစ်ကို နိုင်ငံတဝန်းလုံးရှိ အစိုးရဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာနေရာအားလုံး အောက်တိုဘာ (၂၁) ရက်နေ့ မွန်းလွဲပိုင်း (၃) နာရီအချိန်တွင် လဲလှယ်အသုံးပြုသွားရန် ညွှန်ကြားထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ဟိုတယ်တွေ၊ အစိုးရအဆောက်အဦတွေ အားလုံး ကိုယ့်ရဲ့ဌာနဆိုင်ရာ ရုံးတွေမှာ အလံသွားထုတ်ယူဖို့နဲ့ ဒီနေ့ ညနေ (၃) နာရီနောက်ပိုင်း အလံသစ်ကို လဲဖို့ ဒီမနက်ကပဲ ညွှန်ကြားချက် ထွက်လာတာ။ အခု ကျမ သိသလောက်က အားလုံး လဲပြီးနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မြဝတီနှင့် ဘုရားသုံးဆူကဲ့သို့ ထိုင်း-မြန်မာနယ်စပ်မြို့များရှိ အစိုးရအဆောက်အဦများတွင်လည်း နိုင်ငံတော်အလံသစ်ကို လဲလှယ်လွှင့်တင်ထားပြီ ဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခု ဇန်နဝါရီ (၄) ရက်နေ့မှစ၍ ယနေ့လဲလိုက်သည့် နိုင်ငံတော်အလံ အပါအဝင် အလံ (၃) မျိုးရှိပြီဖြစ်သည်။
ယနေ့ စတင် အသုံးပြုလိုက်သည့် နိုင်ငံတော်အလံသစ်ကို နယ်ခြားစောင့် အသွင်ပြောင်းခဲ့သော တပ်ဖွဲ့တို့၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်၌လည်း မြန်မာ စစ်အစိုးရက ထပ်တူ အသုံးပြုခဲ့ပြီး ဖြစ်သည်။
http://www.khitpyaing.org/index.php?route=detail&id=5079
ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းထဲက စာတွေကို ထုတ်ထုတ်ရေးနေတာကြာပါပြီ။ ဒီစာအုပ်ဟာ ဗေဒင်ဆရာ ဒေါင်းစကြာ ဟောတာတွေ ဘယ်လောက်မှန်သလဲဆိုတာကို တကယ့် အဖြစ်အပျက်တွေနဲ့ ယှဉ်ပြထားတာပါ။ အဓိက မှန်သွားတာကတော့ ဦးနုအစိုးရ ပြုတ်ကျမယ်၊ တတိယ အင်အားစု တက်လာမယ်ဆိုတာပါပဲ။ ဟောကိန်းကို ရန်ကုန်ရက်စွဲ (၂၇-၁၂-၆၁)နေ့ထုတ် ဂါဒီးယန်း သတင်းစာ မျက်နှာဖုံး၊ မြန်မာ့လမ်းစဉ် စာမျက်နှာ (၄)၊ (၂၉-၁၂-၆၁) ထုတ် ဟံသာဝတီ သတင်းစာ စာမျက်နှာ(၈)၊ ဗိုလ်တထောင် သတင်းစာ စာမျက်နှာ(၇)၊ (၂၈-၁၂-၆၁) ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၇) တို့မှာ ဖော်ပြခဲ့တယ် ဆိုပါတယ်။
ကိုးကား ။ ။ စာမျက်နှာ -၈၆
ဒီဟောကိန်းအပြင် ဆင်ဖြူတော်ဟောကိန်းဆိုတာကိုလည်း ၁၉၅၉ သြဂုတ် ၂၆ ရက်နေ့မှာ ဟောဆိုပြီး မန်းသူရိယ သတင်းစာမှာ အခြေအနေအရ ဖော်ပြသင့်သည်များကိုသာ ဟောကိန်း(၈)ချက်အနေနဲ့ (၁၆-၇-၆၁)မှာ တိုင်းပြည်ကို အသိပေးခဲ့ပါသတဲ့။
ကိုးကား ။ ။ စာမျက်နှာ -၁၀၃
မန်းသူရိယ သတင်းစာ၌ ဆင်ဖြူတော်ဟောကိန်း(၈)ချက် ဟောဆိုခဲ့ရာ အမှတ်(၇)တွင် နိုင်ငံတော်အလံ ပြောင်းမည်ဟု ဟောဆိုခဲ့၏။ သို့သော် ထိုဟောကိန်းတွင် ပြောင်းမည်ဟုသာ ပါရှိခဲ့ပေသည်။ မည်သည့်အလံ ပြောင်းမည်ဟု အခြေအနေအရ ထိုစဉ်က အတိအကျ မထုတ်ဖော်ခဲ့။ ယခု ပြောင်းလဲမည့် အလံတော်ကို ထုတ်ဖော်ဟောဆိုရသော် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် လူမျိုးစုအားလုံး စည်းရုံးချစ်ကြည်မှုကို အကျိုးပြုသောအားဖြင့် ပြောင်းလဲမည့် နိုင်ငံတော်အလံမှာ။
(၁) ဒေါင်းပါမည်။
(၂) ကြယ်ပါမည်။
(၃) အရောင်မှာ အနီရောင် အခြေခံမည်။
၎င်းပြောင်းလဲမည့် အလံတော်သည် မြန်မာနိုင်ငံတော် တိုင်းကြီး(၈)တိုင်းအပေါ်တွင် အောင်မြင် ၀င့်ကြွားစွာ လွှင့်ထူလိမ့်မည်။………………………………………………………….
……………………………………………
…………………………………………..
သို့သော် ထိုနိုင်ငံတော်၏ အလံသစ်ကို(မပြောပလောက်သော လူနည်းစုများမှအပ) ရာခိုင်နှုန်း များပြားလှစွာသော ရဟန်းရှင်လူများနှင့် လူတန်းစား အသီးသီးတို့သည် (ဖရဏာပီတိ ဂွမ်းဆီထိ) သကဲ့သို့ နှစ်လိုအားရ ၀မ်းမြောက်ရွှင်လန်းကြည်နူးစွာ ကြိုဆို လက်ခံကြမည် ဖြစ်သည်။
စာမျက်နှာ ၁၀၀ မှ ၁၀၃ အတွင်း တိုက်ရိုက်ကူးချသည်။
ကဲ…..ဟောကိန်းဆိုတော့လည်း ၁၀၀% တခါတည်း မမှန်ဘူးပေါ့လေ။ တိုင်းကြီး(၈)တိုင်းလည်း မမှန်ဘူး။ တော်လှန်ရေးကောင်စီက တိုင်းပြည်အကျိုးပြုမယ်ဆိုတာလည်း မမှန်ဘူး။ အလံသစ်လည်း မမှန်ခဲ့ဘူး။
ကျနော်ဗေဒင်မယုံပါ။ လုံးဝ(လုံးဝ) မယုံပါ။ ဒါပေမယ့် နိုင်ငံတော်ကို အကျိုးပြုမယ့် နိုင်ငံတော် အလံသစ်တော့ ယုံချင်တယ်ဗျာ။ ဒီအလံနဲ့ဆိုရင်တော့ တိုင်းပြည်တကယ် အကျိုးရှိမှာ အမှန်ပဲ။ မြင်ဖူးသလိုလိုမရှိလား။ သတိလေးမထားမိရင် ထပ်ပြောမယ်။
(၁) ဒေါင်းပါမည်။
(၂) ကြယ်ပါမည်။
(၃) အရောင်မှာ အနီရောင် အခြေခံမည်။
ဟုတ်ပြီနော်။
အချက်(၃)ချက်လုံး ဒီအလံနဲ့ အံကိုက်ပဲ။ ကဲ ဒေါင်းစကြာလုလင်ရဲ့ ဟောကိန်းလေးက
မှန်တော့မှန်မယ်။ နည်းနည်းတော့ ကြာမယ်နဲ့တူတယ်။








ဂွတ်...အမြဲစောင့်မျှော်ဖတ်ရှုဖြစ်တဲ့ ဘလော့တစ်ခုပါ
လေးစားပါတယ်။ ဒေါ်လာစားတွေ၊ ဒီမိုတွေက သူတို့လုပ်သမျှ အကုန်မှန်တယ်ဆိုတာကြီးပဲ။ မြန်မာနိုင်ငံအလံကို သူတို့ချနင်းခဲ့တာ ကြာပါပြီလေ။
ခုမှအဖြစ်သဲပြီး ချစ်ပြနေလိုက်ကြတာ
ခုလိုချရေးလိုက်လို့ ကျွန်တော်ကို ရုရှားကစစ်ဗိုလ်တွေ
နအဖကလူတွေလို့ မထင်ကြနဲ့နော်။ ဘယ်သူဘာလုပ်လုပ် ကြားမှာမြေဇာပင်လို အညှပ်ခံနေရတဲ့ ရိုးရိုးသာမန်ပြည်သူတစ်ယောက်ပါ။
"Facebook မှာလည်း လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက တင်ထားတာ ခုထိပဲ။"
ကောင်းတဲ့ post လေးပါ။ ဒါပေမဲ့ Facebok က February 2004 မှစတာပါ။ အခုမှခြောက် နှစ်ပဲရှိပါသေးတယ်။ :)
yehtut.. မြန်မာစာဖတ်တက်လား မြန်မာစာအဓိပါယ်တွေေ၇ာနားလည်လား ဖေ့ဘုတ်ကဘယ်ခုနှစ်မှစထောင်ထောင် သူက ဖေ့ဘုတ်တစ်ခုထဲလို့ပြောထားလား သောက်ပေါရဲ့...မြန်မာစာလေးဖတ်တက်အောင်ကျင့်ထားဦးနော်
သွေးထွက်အောင် မှန်တဲ့ ပိုစ့်ပါ။ ကျနော်လည်း တွေ့တွေ့နေရပါတယ်။
သုံးရောင်ခြယ်အလံကို
တလွဲ အဓိပ္ပါယ် မဖွင့်ဆိုအပ်ပါဘူး။ မုန်းတီးမှု အာဃာတ အခြေခံ၊ ဗဟုသုတနည်းတဲ့
အခြေခံ၊ ရင့်ကျတ်မှုနည်းတဲ့ သူတွေကတော့ မြန်မာ့ဂုဏ်ရောင်
သုံးရောင်ခြယ်အလံကို မှေးမှိန်အောင် ပုတ်ခက်ပြောဆိုကြတာပါ။
ကိုယ့်အမျိုးကိုယ် ပြန်ဖျက်တဲ့ အသားထဲက လောက်ဘဝ ရောက်မှန်းမသိ ရောက်နေကြတာ။
အစဉ်အဆက် အမျိုးသားနေ့တွေမှာ သုံးရောင်ခြယ်အလံကို မမြင်ဖူးကြဘူးလား။
မိုက်မဲကြတယ်။
ဒီဘလော့ကတော့ ဒီမို တွေ ပါးစပ်ကို ပိတ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် တကယ်လုပ်နိုင်ဆုံး ဘလော့ပါပဲ။
good post ... all truth
ကျွန်တော်တို့နိုင်ငံမှာ တကယ်အလုပ်လုပ်သူတွေရှိသလို မလုပ်တဲ့သူတွေရှိပါတယ်.. တကယ်နိုင်ငံရေးနားလည်ပြီး တကယ် အနစ်နာခံလုပ်တဲ့သူတွေရှိသလို ကိုယ်အကျိုးစီးပွားအတွက်လုပ်တဲ့သူတွေလဲရှိပါတယ်.. အခုဓါတ်ပုံမှာ မြင်နေရပြီး.. MTV ရှေ့တွေမှာ ပြောချင်တာပြော လုပ်ချင်တဲ့သူတွေက ရှေ့တမျိုး နောက်တမျိုးတွေပါ.. တကယ် နိုင်ငံရေးနားလည်ပြီး ကိုယ်ကျိုးစွန့်လုပ်တဲ့သူတွေက သံတိုင်နောက်မှာပါ.. ဒါကြောင့် မြန်မာ့ ဒီမိုကရေစီရေး လုပ်တဲ့နေရာမှာ နှစ်ပေါင်း ၂၀ကျော် လုပ်ပြီး ဘာမှမထိရောက်တာ အဲဒီ ဆွေမစစ် မျိုးမစစ် တရေးနိုးထအော်နေတဲ့ေ-ွးမသား ကြောင်သူတော် ကြွက်သူခိုးတွေကြောင့်ပါ..
ဟုတ်ပါ့ဗျာ မှန်လိုက်လေ ။ အခုမှ ထဖြစ်နေတာပါ အလံဟောင်းတုန်းက လဲ သူတို့ ပဲ နင်းချေနေကြတာ ။ ခုမှ ထဟောင်နေကြတယ် ။ အလကား ဆံကုန်မြေလေး တွေ။ စပြစ်သီးကို ခါးတယ်ပြောတဲ့ မြေခွေးတွေပါ ......