ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပြီးဆုံးဟု အိန္ဒိယ ပြော၊ ဒုတိယပင်လုံကိစ္စ သဘောကွဲလွဲမှု ရှိ ၊ ဒုတိယပင်လုံညီလာခံ ရှေ့တန်းမတင်သင့်၊ နောက်ဆုံးတော့ ဒီဘူတာပါပဲ ၊ ဘာလဲဟဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ၊ နိုင်ငံရေးသမားတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ ၊ ကမ္ဘာ့အ

37 views
Skip to first unread message

meepyatite

unread,
Dec 18, 2010, 3:25:57 PM12/18/10
to


  1. ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပြီးဆုံးဟု အိန္ဒိယ ပြော၊
  2. ဒုတိယပင်လုံကိစ္စ သဘောကွဲလွဲမှု ရှိ ၊
  3. ဒုတိယပင်လုံညီလာခံ ရှေ့တန်းမတင်သင့်၊
  4. နောက်ဆုံးတော့ ဒီဘူတာပါပဲ ၊
  5. ဘာလဲဟဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ၊
  6. နိုင်ငံရေးသမားတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ ၊
  7. ကမ္ဘာ့အံ့ဖွယ် ဂရင်းနစ် မှတ်တမ်းဝင်သူများ အားလုံး

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပြီးဆုံးဟု အိန္ဒိယ ပြော


ရန်ပိုင် Friday, 17 December 2010

မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ “အခန်းကဏ္ဍမှာ ပြီးဆုံးသွားပြီ”ဟု အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အမေရိကန် အရာရှိများကို ပြောဆိုကြောင်း ၀ီကီလိစ်က ယနေ့ ထပ်မံ ပေါက်ကြားသည့် လျှို့ဝှက်စာတစောင်တွင် ဖော်ပြလိုက်သည်။ မြန်မာ့ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂကိုလည်း အားကိုး၍ မရကြောင်း၊ ဥရောပသမဂ္ဂ (အီးယူ)မှာလည်း မြန်မာ့ အရေးကို ရေရှည်မျော်မှန်း၍ မကြည့်သည့် အတွက် အိန္ဒိယနိုင်ငံသာလျှင် အကောင်းဆုံးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အကောင်းဆုံး နည်းလမ်းမှာ စစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသည့် နည်းက ဒီမိုကရေစီ လမ်းကြောင်းအတွက် တွန်းအား ပေးနိုင်မည်ဖြစ်ကြောင်း ၂၀၀၄ ခုနှစ် နိုဝင်ဘာလအတွင်းက အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့သို့ အလည်အပတ်လာရောက်သည့် အမေရိကန်အဆင်မြင့် အရာရှိများကို ပြောဆိုခြင်းဖြစ်ကြောင်း ယင်း လျှို့ဝှက်စာ၌ ဖော်ပြထားသည်။

စာတွင်၂၀၀၄ ခုနှစ် အောက်တိုဘာလ အတွင်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်စဉ် “မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းမှု နည်းပါးနေခြင်း”ကို အိန္ဒိယ အနေဖြင့် စိုးရိမ်ကြောင်း ၀န်ကြီးချုပ် မန်မိုဟန်ဆင်း က ပြောဆိုခဲ့သည်ဟုလည်း ပါရှိသည်။သို့သော် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်သည့်အခါတွင်မူ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်မှုများကို တိုးမြှင့်သွားမည်ဟု ပါရှိသည်။ သို့သော် အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တဦးဖြစ်သည့် Vashishtaကမူ အဆိုပါ ပူးတွဲကြေညာချက်ပါ အချက်များမှာ လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ၀ီကီလိစ်မှ ပေါက်ကြား သည့်စာတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံမှာ လက်ရှိအနေအထားအရ မြန်မာနိုင်ငံနှင့် ကပ်လျက်ရှိသည့် မီဇိုရမ်ပြည်နယ်နှင့် မဏိပူပြည်နယ်မှ ခွဲထွက်ရေးအုပ်စု များ၏ ပုန်ကန်မှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါအုပ်စုများသည် မြန်မာနိုင်ငံ အနောက်မြောက် ဒေသတွင် ခိုအောင်းနေသည့်အတွက် မြန်မာစစ်အစိုးရ အနေဖြင့်လည်း ပူးပေါင်းနှိမ်နင်းပေးရန် အိန္ဒိယနိုင်ငံက လိုလားလျက်ရှိသည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အိန္ဒိယအစိုးရက မြန်မာ စစ်အစိုးရကို စစ်ဘက်သုံး မြေထိုးစက်၊ ကရိန်းကား၊ ဆိုင်ကယ်၊ ကားများ နှင့် ဆက်သွယ်ရေးသုံး ပစ္စည်းများကို အခမ်းအနားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရ်ပြည်နယ်၊မိုးရေးမြို့တွင် ပေးအပ်ခဲ့သည်။

 


ဒုတိယပင်လုံကိစ္စ သဘောကွဲလွဲမှု ရှိ

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူဖို့ကိစ္စ အထမြောက် အောင်မြင်ဖို့ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးက ဦးစီးဆောင်ရွက်မလဲဆိုတာ အရေးကြီးတယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေက ယူဆပါတယ်။ တဘက်မှာတော့ စစ်အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှာ ဆောင်ရွက်မှသာ လက်တွေ့ကျလိမ့်မယ်လို့ စစ်အစိုးရပိုင် သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒုတိယ ပင်လုံညီလာခံတရပ် ခေါ်ယူရေးကိစ္စမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ အကြားမှာ သဘောထား မတူကြပါဘူး။ ဒုတိယ ပင်လုံညီလာခံတရပ် ကျင်းပဖို့ ဆိုတာကို စပြီး လှုံ့ဆော်နေသူတွေကတော့ CRPP ခေါ်တဲ့ ၁၉၉၀ ခုနှစ် အနိုင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ ဖြစ်ပါတယ်။ အဓိက အချက်ကတော့ အခုရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေ လက်မခံနိုင်ကြတဲ့ အခြေခံအပေါ်မှာ စဉ်းစားရတာ ဖြစ်တယ်လို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံကြတာ များပါတယ်။ ဒီဖွဲ့စည်းပုံအရ ဆိုရင်တော့ တကယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မယ့် အနေအထား မရှိဘူး။ မရှိတော့ တနည်းအားဖြင့် ပင်လုံသဘောတူညီချက်၊ ပင်လုံစိတ်ဓာတ် ဒါတွေကို အခြေခံပြီးတော့ ဆွေးနွေးဖို့ လိုပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဝင်ပြီး တစုံတရာ လွှတ်တော်အမတ်နေရာတွေ ရခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကတော့ တိုင်းရင်းသားတွေ ရပိုင်ခွင့်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လွှတ်တော်ထဲမှာ ဆွေးနွေးအဖြေရှာဖို့ ပိုပြီး စိတ်ဝင်စားတာ တွေ့ရပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကတော့ လွှတ်တော်ထဲမှာ ဘယ်လောက် လုပ်ပိုင်ခွင့်ရမလဲ ဆိုတာကိုတော့ လွှတ်တော်တွေ ခေါ်နိုင်မှ သိမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြောတာ လွှတ်တော်ထဲရောက်ရင် ဒါကတော့ စောပါသေးတယ်၊ ကျနော်တို့ ပြောလို့မရနိုင်သေးဘူးလေ။ လက်တွေ့ ကျနော်တို့ ပြောနေတဲ့ ဟာတွေကတော့ မရောက်သေးဘူးလေ။ လွှတ်တော်ထဲ ရောက်တဲ့အခါမှာ ကျနော်တို့ကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရှိတာပေါ့။”

လွှတ်တော်ထဲဝင်မယ့် တိုင်းရင်းသား ပါတီတွေ အနေနဲ့ကတော့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ရေးကို မူအားဖြင့်တော့ လက်ခံကြပါတယ်။ ဒါပေမဲ့ လက်တွေ့ ဖြစ်နိုင်ချေ ရှိမရှိကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးအေးမောင်ကတော့ ဒုတိယ ပင်လုံ ခေါ်ယူနိုင်ရေးဟာ လက်ဝယ် အာဏာရှိသူ အပေါ်မှာ တည်တယ်လို့ မြင်ပါတယ်။

“ဒုတိယပင်လုံကို ပထမဆုံး စတင်ကြွေးကြော်ရမယ့် ကာလက ၉၀ အလွန် သုံးလေးနှစ်လောက်မှာ ကြွေးကြော်ရမှာ၊ ၉၀ ပြည့် Elected Persons တွေက။ ၂၀၁၀ ရွေးကောက်ပွဲအလွန် ကာလလေးမှာ ပါလီမန် မပေါ်သေးခင်မှာ ခေါ်တယ်ဆိုတဲ့ ဟာကတော့ နောက်ကျနေပါပြီ။ သို့မဟုတ် ပါလီမန် ပေါ်ပြီးတဲ့နောက်မှာ အစိုးရအဖွဲ့တခု ခိုင်ခိုင်မာမာ ပေါ်လာပြီးတဲ့ အချိန်မှာ ခေါ်ခြင်းဟာ ကျနော်ထင်ပါတယ်၊ လက်တွေ့ အလုပ်ဖြစ်နိုင်ပါတယ်။

“အခုအချိန်မှာ ဒုတိယပင်လုံလို့ ကြွေးကြော်ခဲ့ရင် ဘယ်သူက ဦးဆောင်ပြီး ခေါ်ယူမလဲ။ ထွက်လာတဲ့ Process ကို ဘယ်လို အကောင်အထည် ဖော်မလဲ၊ ဘယ်သူက အဲဒါကို အသိအမှတ် ပြုမလဲ၊ သူ့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်က ဘာလဲ ဆိုတာကို ကျနော်တို့ ဖြေရှင်းရမယ်လေ။”

ဦးအေးသာအောင်ကတော့ အခုလို ဒုတိယ ပင်လုံညီလာခံ ခေါ်ယူတဲ့ကိစ္စမှာ တဖွဲ့ဖွဲ့ကို ထိပ်တိုက်တွေ့လိုတာ မဟုတ်ဘဲ လိုအပ်ချက်ကို ထည့်တွက်တဲ့ အဆိုပြုချက် ဖြစ်တယ်လို့ ပြောပါတယ်။

“အာဏာရှိတာ မရှိတာထက် တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဒါလုပ်သင့်တယ်၊ လုပ်ရမယ်၊ အဲဒီလို လုပ်ရမယ့်၊ လုပ်သင့်တဲ့ တာဝန်တခုကို ကျနော်တို့က လုပ်ဖို့ ကြိုးပမ်းတာဖြစ်တယ်။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာ ကျနော်တို့က ဘယ်သူ့ကို ထိပ်တိုက် ရင်ဆိုင်တွေ့ဖို့၊ ဒီလို မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ၊ ခင်ဗျားတို့လည်း သိပါတယ် တိုင်းရင်းသားများနဲ့ ဖြစ်နေတဲ့ ပဋိပက္ခ၊ ဒါတွေဟာ တိုင်းပြည်အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။ ဒီတော့ ဒီအခြေအနေကို ပြေပြေလည်လည် ဖြစ်ဖို့ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အကောင်းဆုံးပဲ။”

ဒီကနေ့ထုတ် မြန်မာအစိုးရ သတင်းစာတွေမှာတော့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူဖို့ ကြိုးပမ်းတာဟာ အပေါစား နိုင်ငံရေး စတန့်ထွင်တာ ဆိုပြီး ဝေဖန်ရေးသားပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လွှတ်တော်ထဲမှာပဲ ကြိုးပမ်းသင့်တယ်ဆိုတဲ့ ရေးသားချက်ကတော့ လက်ရှိ ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားတွေရဲ့ သဘောနဲ့ တိုက်ဆိုင်နေပါတယ်။

လွှတ်တော်ထဲဝင်မယ့် တိုင်းရင်းသား ပါတီတွေနဲ့ လွှတ်တော်ပြင်ပ တိုင်းရင်းသား ပါတီတွေ အကြားမှာ အခုလို ဒုတိယ ပင်လုံညီလာခံ ဘယ်လိုခေါ်မလဲဆိုတာ ကွဲလွဲချက် ရှိပေမဲ့ အရင် ပင်လုံညီလာခံမျိုး တိုင်းရင်းသားတွေအကြား ခိုင်မာတဲ့ သဘောတူညီချက်တရပ် ရအောင် ကြိုးပမ်းဖို့နဲ့ မြန်မာပြည်မှာ တိုင်းရင်းသား ပြဿနာ ရှိတယ်ဆိုတာကို လက်ခံတာချင်းတော့ တူညီတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။


2nd pinlone.png


2nd pinlone2.png


နောက်ဆုံးတော့ ဒီဘူတာပါပဲ

အောင်ထက်

အင်္ဂလိပ် စကားမှာ Train Wrack Syndrome ဆိုတာ ရှိတယ်။ ရထားပေါ်မှာပါလာတဲ့ ခရီးသည် တစ်ယောက် အနေနဲ့ ရထားနှစ်စီး တိုက်တော့မှာကို မြင်လည်းမြင်တယ်၊ ဘာမှလည်း လုပ်လို့မရဘဲ ကြောက်လန့်တကြား ကြည့်နေရတဲ့ အဖြစ်၊ တနည်းပြောရင် အဖြစ်ဆိုးကြီး ဖြစ်တော့မယ် ဆိုတာလည်းသိတယ်၊ ဘယ်လိုမှ ကာကွယ်လို့ မရတဲ့ အဖြစ်ပေါ့။


အခုလည်း ဒေါ်စုကို ဘေးက ထိုင်ကြည့်နေတဲ့ ကျွန်တော်တို့မှာ အဲဒီလို ဖြစ်နေပြီ။ အစိုးရက ပြန်လွှတ်ပေးပြီး ကာစမှာ ဒေါ်စုက သင့်မြတ်ရေး လေသံတစ်ချို့ ပြောလာတော့ တပ်မတော်နဲ့တော့ ပြေလည်လေ မလားလို့ ထင်မိတယ်။ သုံးပွင့်ဆိုင်၊ လေးပွင့်ဆိုင်၊ အားလုံး ပါဝင်ရေး ဘာတွေပြောနေ၊ ပြောနေ၊ မြန်မာ သံတော်ဆင့်က ဦးမြင့်ရွှေက အမျိုးသား ညီညွတ်ရေးကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဖွင့် ဒီကနေ ပြဿနာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်း စုကြည် အကြား ပြဿနာပဲ ဆိုတာ လက်ခံရမှာပဲ။ ဗိုလ်ချုပ်မှူးကြီး သဘော တူညီချက် မရှိဘဲနဲ့ တပ်မတော်က ဘာမှ မလုပ်ဘူး။ ဒီချုပ်ကလည်း ဒေါ်စု သေ ဆိုသေ၊ ရှင်ဆိုရှင်၊ ကျန်တဲ့ပါတီတွေ၊ တိုင်းရင်းသားတွေ ဆိုတာက ပွဲကြည့် ပရိသတ်ထက် မပိုရှာပါဘူး။


ဒါပေမယ့် ဒေါ်စုလွတ်ပြီး သိပ်မကြာဘူး ဒုတိယပင်လုံ၊ တနည်း ၂၁ ရာစုပင်လုံ ဆိုတဲ့ ကိစ္စကို ဒေါ်စု ကောက်ကိုင် လိုက်တယ်။ ဒေါ်စု မတိုင်ခင်က ဒီကိစ္စဟာ ဒီချုပ်နဲ့ စီအာရ်ပီပီရဲ့ လုပ်နေကြ ထုတ်နေကြ မရေမတွက် နိုင်တော့တဲ့ ကြေညာချက် တွေထဲက တစ်ခုပဲ ဖြစ်တယ်။ ဘယ်သူမှ အလေး မမူကြဘူး။ ဒါပေမယ့် ဒေါ်စု ကောက်ကိုင် လိုက်တာနဲ့ ဒါဟာ နိုင်ငံရေး issue ဖြစ်လာတော့တယ်။ ဒေါ်စု လက်ထဲကို ဒီအထုတ် ဘယ်လိုလုပ် ရောက်သွားသလဲ။ ဒေါ်စု လွတ်လာပြီး ပထမဆုံး လုပ်တဲ့ စီအီးစီ အစည်းအဝေးမှာ အစပိုင်း ဆွေးနွေးတဲ့ အချိန်မှာ ဒေါ်စု လွတ်စက ပြောသလိုပဲ လူသားချင်း စာနာတဲ့ ကူညီမှု လုပ်ငန်းတွေ အကြောင်းနဲ့ ဒီမိုကရေစီ ကွန်ယက်ကိစ္စ တွေပဲပါတယ်။ ဒါပေမယ့် အစည်းအဝေး အဆုံးပိုင်းမှာ ဦးဝင်းတင်က ဒီလုပ်ငန်းတွေဟာ ကောင်းပေမယ့် လူထုရဲ့ နိုင်ငံရေး အရှိန်ကို ရေရှည် ထိန်းထားနိုင်မှာ မဟုတ်ဘူး။ ဒေါ်စု လွတ်လာလို့ လူထုတက်ကြွ နေတဲ့ အရှိန်ကို ဆက်ပြီး ထိန်းထားဖို့ အတွက် နိုင်ငံရေး အလံတစ်ခု လိုတယ်၊ အဲဒီလို မလုပ်ရင် နောင်လွှတ်တော် ပေါ်လာတဲ့အခါ ဒီချုပ်ရဲ့ နိုင်ငံရေးအရှိန် သေသွား လိမ့်မယ်လို့ တင်ပြတယ်။ ဒီအဆိုကို ဦးအုန်းကြိုင်နဲ့ ဦးဉာဏ်ဝင်းက ထောက်ခံတယ်။ ဒီလိုနဲ့ ဒါဆိုရင် ဘယ် issue ကို ကိုင်မလဲဆိုတဲ့ ခေါင်းစဉ် ရောက်သွားတယ်။


ဒီမှာတင် ဦးဝင်းတင်က စီအာရ်ပီပီက ဦးဆောင်တဲ့ ကလေး ကြေညာချက်ကို ရှင်းပြပြီး အခု တိုင်းရင်းသား တွေနဲ့ နအဖ တိုက်ပွဲတွေ ပြန်ဖြစ်လို့ လူတွေ စိတ်ပူနေတယ်၊ နိုင်ငံတကာ ကလည်း စိုးရိမ်နေတယ်။ နအဖ မဟာမိတ်ဖြစ်တဲ့ တရုတ် ကတောင် စိုးရိမ်နေပြီ၊ ဒီအချိန်မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ဒုတိယပင်လုံ ညီလာခံဆိုတဲ့ လိုင်းကို တင်သင့်တယ်လို့ အကြံပြုတယ်။ ဦးဝင်းတင်က ဒါဟာ ဗိုလ်ချုပ် လုပ်ခဲ့တဲ့ ကိစ္စလည်း ဖြစ်တယ်၊ ဒါကို မစု ပြန်ကိုင်ရင် လူထုက လိုက်လာမှာပဲ၊ တရုတ်ကလည်း မစု ဒါကိုသာ လုပ်ပေးနိုင်ရင် ကျေးဇူး တင်လိမ့်မယ်လို့ ကောက်ချက်ချတယ်။ ဒီစကားကို ကြားတဲ့အခါ ဒေါ်စုက ချက်ခြင်းပဲ ဒုတိယပင်လုံ ဒါမှမဟုတ် သူ့အဆို ၂၁ ရာစု ပင်လုံကို ကောက်ကိုင်တယ်။ ဒါ့ကြောင့်လည်း အမျိုးသားနေ့ ၀ါရင့်နိုင်ငံရေး သမားများနဲ့ တွေ့တဲ့ အချိန်မှာ ဒါကို ကျွန်မတို့ တာဝန် ယူပါတယ်လို့ ပြောခဲ့တာ ဖြစ်တယ်။


တကယ်တော့ ဒါဟာ ဦးဝင်းတင်တို့ ဦးဆောင်တဲ့ ခေါင်းမာဂိုဏ်းက ဒေါ်စုကို သူတို့ လိုချင်တဲ့ လိုင်းကို သွင်းပေး လိုက်တာပဲ။ ဦးဝင်းတင်တို့ဟာ လက်ဝဲသမားတွေ ပီပီ အရာရာကို လူတန်းစား တိုက်ပွဲ အဖြစ်နဲ့ မြင်တယ်။ ၈၈ ကစပြီး အခု အချိန်အထိကို စစ်အုပ်စုနဲ့ ဒီမိုကရေစီ သမားများရဲ့ ပဋိပက္ခ၊ ဒါမှမဟုတ် ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတွေ တိုက်ပွဲလို့ သူတို့က ခံယူထားတယ်။ ဒီတော့ ဒီတိုက်ပွဲ အရှိန် မလျော့အောင် နိုင်ငံရေး တိုက်ပွဲ တစ်ခုပြီး တစ်ခု ဆင်ရမယ်၊ နောက်ဆုံးမှာ ဒီမိုကရေစီ ဘက်က နိုင်ရမယ်ပေါ့။ ၈၉ တုန်းကလည်း ဒီလိုပဲ ဦးဝင်းတင် ခေါင်းဆောင်ပြီး အမိန့်အာဏာ ဟူသမျှ ဆန့်ကျင်ကြ ဆိုတဲ့ ကြွေးကျော်သံ အောက်မှာ ထိပ်တိုက် ရင်ဆိုင်ရေး လုပ်ခဲ့လို့ ဒေါ်စု အကျယ်ချုပ် ကျပြီး ဒီချုပ် နိုင်ငံရေးလည်း ရှေ့မတိုးနိုင်ဘဲ တိုင်ပတ်ခဲ့ရ ပြီးပြီ။ ၉၅ ဒေါ်စု လွတ်လာတော့ ဦးဝင်းတင်က ထောင်ထဲကနေ အမျိုးသား ညီလာခံကို သပိတ်မှောက်ဖို့ တောင်းဆိုတဲ့ စာတမ်းတစ်စောင် ခိုးထုတ်ပြီး ပို့ခဲ့တယ်။ ဒီစာတမ်း ဟာလည်း ဒေါ်စုရဲ့ ညီလာခံ အပေါ် သဘောထားကို အများကြီး သြဇာ ငြောင်းခဲ့တယ်။ အခုတစ်ခါ ဒေါ်စု လွတ်လာတဲ့ အချိန်မှာ ဒေါ်စု ပျော့ပြောင်းတဲ့ သဘောထားကို ကိုင်စွဲလာတဲ့ အတွက် အရင်လို ထိပ်တိုက် ရင်ဆိုင်ရေး လမ်းပေါ်ကို ပြောင်ဆွဲ မတင်တော့ပဲ ဒုတိယ ပင်လုံဆိုတဲ့ ဒေါ်စု ဟတ်ထိမယ့် လမ်းကို တင်ပေး လိုက်တာပဲ ဖြစ်တယ်။


ဒါပေမယ့် တစ်ချို့ကတော့ ပင်လုံဆိုတဲ့ စကားလုံး နောက်က ထောင်ချောက်ကို သိတယ်၊ ဒါ့ကြောင့်လည်း ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း တို့ အုပ်စုတွေ၊ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီတွေက ဒီကိစ္စကို စဉ်းစဉ်းစားစား လုပ်ဖို့ သတိပေး သလို အနောက်အုပ်စု အစိုးရ တွေကလည်း ဒီကိစ္စအပေါ် သိပ်ပြီး ဟတ်ဟတ်ပက်ပက် မရှိဘူး။ အမေရိကန် သံရုံးနဲ့ သြစတေးလျ သံရုံး တို့ကတော့ ဒါဟာ အလွန် သိမ်မွေ့တဲ့ ကိစ္စဖြစ်လို့ အချိန်ယူပြီးမှ ဆုံးဖြတ်သင့်တယ် ဆိုပြီး ရွှေဂုံတိုင်ရုံး တွေ့ဆုံမှုမှာပြောတယ်။ ဒါဟာ သံတမန် စကားအရ သတိထားဖို့ ပြောတာလို့ နားလည်တယ်။


အစိုးရဘက်က သဘောထား ကတော့ ရှင်းပါတယ်။ ဒီဇင်ဘာ ၇ နဲ့ ၈ သတင်းစာတွေမှာ ပါတဲ့ ဆောင်းပါး (တစ်ပုဒ်ကို ပိတောက်မြေမှာ ဖတ်နိုင်တယ်။) တွေဟာ ပင်လုံအပေါ် သူတို့ သဘောထားကို အတိအလင်း ပြောလိုက်တာပဲ။ အနှစ်ချုပ် ကတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို အခြေခံ ဥပဒေ နဲ့အညီ လုပ်ရင် လက်ခံတယ်၊ ပါတီထောင်မယ် ဆိုရင် ခွင့်ပြုမယ်၊ အဲ ဒုတိယပင်လုံ ဆိုတာကို လက်တွေ့လုပ်ဖို့ ကြိုးစားရင်တော့ လက်မခံဘူး ဆိုတာပါပဲ။

အခုထိတော့ ဒေါ်စု အနေနဲ့ ဒုတိယပင်လုံ အယူအဆကို စွန့်ပုံ မရသေးဘူး။ တနည်းနည်းနဲ့ အကောင်အထည် ဖော်မယ်၊ သို့သော် ဒါဟာ စင်ပြိုင်အစိုးရ ဖွဲ့ဖို့ မဟုတ်ဘူးလို့ ပြောတာပဲ ရှိသေးတယ်။ တကယ်တော့ အစိုးရဘက်က အခု အချိန်အထိ ဒေါ်စု ပြောဆိုသွားလာ လှုပ်ရှားတာတွေ အပေါ်မှာ ဘာမှ ကန့်သတ်ထားတာ မရှိဘူး။ ဒီအချိန်မှာ ဒီလို ထိပ်တိုက်တွေ့မယ့် ကိစ္စမျိုးကို မကိုင်တွယ်ဘဲ နိုင်ငံရေး လှုပ်ရှားမှု လုပ်လို့ မရတော့ဘူးလား ဆိုတာ စဉ်းစားစရာပဲ။ အခုနေ အခါမယ် ဒီချုပ်ထဲမှာလည်း ထိပ်ပိုင်းက သဘောထား ပျော့ပြောင်းသူ ဆိုတာ တွေကလည်း အို၊ နာ၊ သေ၊ ထုတ်ပယ် ကပ်လေးပါး ထဲမှာပါပြီး မရှိတော့ပါဘူး၊ ဦးတင်ဦး ဆိုတာကတော့ ရေလိုပဲ ဒေါ်စု အရောင်ပြောင်းတဲ့ အတိုင်း လိုက်ပြောင်းတဲ့ အဆင့်ပဲ ရှိတာပါ။ ဒီလို အခြေအနေမှာ ဒေါ်စုရွေးတဲ့ လမ်းဟာ နောက်ဆုံးတော့ အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ ဘူတာပဲ ဆိုက်တော့မှာ သေချာ သလောက်ပဲ။ အဲဒီဘူတာ ဆိုက်ရင် တပ်မတော်က ဘာလုပ်မယ် ဆိုတာလည်း အားလုံး သိပြီးသားပဲ။ ဒါ့ကြောင့် ဖြစ်နေတာ တွေကြည့်ပြီး Train Wrack Syndrome လို့ပြောလိုက်တာပါ။

အောင်ထက်

ဘာလဲဟဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး

မြန်မာသံတော်ဆင့်

နိုင်ငံရေး ဝေါဟာရတွေကို သုံးစွဲကြတဲ့ အခါမှာ အရပ်သားတွေ နားလည်တဲ့ သာမန် အဓိပ္ပါယ်နဲ့ သုံးတာတွေ ရှိသလို ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်တစ်ခုနဲ့ ကန့်သတ်ပြီး သုံးတာလ ရှိတယ်။ လက်တွေ့မှာ ဒုတိယ အမျိုးအစားနဲ့ သုံးကြတာက ပိုများပါတယ်။

သုံးတဲ့သူက သူ့အဓိပ္ပါယ်နဲ့ သူ သုံးတာ ဖြစ်သလို သူပြောတာ၊ ရေးတာကို ကြားရ၊ ဖတ်ရသူတွေ ကလဲ သူတို့ နားလည်တဲ့ အတိုင်း အဓိပ္ပါယ် ကောက်ကြရင်း အငြင်းအခုံတွေ ဖြစ်ကြတာလဲ ရှိတယ်။ ဒါဟာ နေရာတိုင်းမှာ ဖြစ်နေကျပါ။


ဒီပြဿနာကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သတိထားမိခဲ့လို့ သူ့မိန့်ခွန်း တစ်ခုထည်းမှာ ထည့်ပြောရင်း သတိပေးခဲ့ ဘူးတယ်။ စာပေဗိမာန်ထုတ် မိန့်ခွန်းပေါင်းချုပ် ထဲမှာ ဖတ်ဘူးတဲ့သူ ပြောခဲ့ပုံကို အတိအကျ မမှတ်မိတော့ ပေမဲ့ ဟောဒီလိုပါ -

“နိုင်ငံရေး သမားတွေနဲ့ သတင်းစာတွေဟာ သူတို့ ပြောနေကြတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို သူတို့ တကယ်ရော သိကြရဲ့လား၊ နောင်မှာ အချိန်ရယင် ကျုပ် ခင်ဗျားတို့ကို (သာမန် ပြည်သူတွေကို) ဟိုဟာက ဘာလဲ၊ ဒီဟာက ဘာလဲ စသည်ဖြင့် တစ်လုံးစီ ရှင်းပြဘို့ စိတ်ကူးရှိပါတယ်၊ ၀မ်းတည်းမှာတော့ ပုံနေတာဘဲ၊ ဒါပေမဲ့ အခုနေမှာ အချိန်က မရတော့၊ ဒီအတိုင်း ကြည့်နေ ရတာဘဲ၊ ပြောတဲ့ လူကလဲ သူသိတယ် ထင်တဲ့အတိုင်း ပြောပြီး ခင်ဗျားတို့ကလဲ နားလည် ချင်သလို နားလည် နေကြတာဘဲ ဆိုတာ ကျုပ်လဲသိပါတယ်၊ ဘာမှ မတတ်နိုင်ဘူး၊ ဒီအတိုင်း ကြည့်နေရတာဘဲ။”


ဒီပြဿနာဟာ ဗိုလ်ချုပ် လက်ထက်ကနေ မြန်မာ့နိုင်ငံရေး တလျှောက်လုံး အခုအထိ ရှိနေတယ်။ လူထု ဆက်သွယ်ရေး (mass media) ပိုထွန်းကားလာတဲ့ ကနေ့ခေတ်မှာ ပြဿနာ သေးမသွားဘဲ ပိုတောင် ကြီးလာသေးတယ်။ အကြောင်း ကတော့ နည်းပညာ သစ်တွေကို လက်ဦးသူက မိမိ ရည်ရွယ်ချက် (agenda) အတွက် အစွမ်းကုန် အသုံးချ လာလို့ပါပဲ။


မြန်မာ သံတော်ဆင့်ဟာ ၂၀၀၆ ခုနှစ်က ဆယ့်ငါးနှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာပြည် ပြန်လည်ပါတ် ခဲ့တယ်။ တနင်္ဂနွေ တနေ့မှာ အင်းယားကန် စောင်းရှိ ကွယ်လွန်သူ ဦးရဲထွန်းအိမ်မှာ အမျိုးသား ညီလာခံတက် ကိုယ်စားလှယ် လေးငါးခြောက်ဦး အပါအ၀င် နိုင်ငံရေးသမား တစ်ဒါဇင်လောက် တို့နဲ့ စုဝေးပြီး စကားပြောဖြစ် ခဲ့ကြပါတယ်။ အိမ်ရှင် မိသားစု ထဲက ဦးရဲထွန်း အပြင် ယုဇာမော်ထွန်းနှင့် ဘုန်းဝင်း (သမီးနှင့်သားမက်) တို့တတွေလည်း နားထောင်သူတွေပါ။

ဒီပွဲမှာ ကိုဌေး (၂၀၁၀ ရွေးကောက်ပွဲဝင် ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ ဦးဌေး) က ခေါင်းစဉ်တစ်ခု တင်လာသည်။ ရှေ့နေဘွဲ့ရ ကိုဌေးဟာ ထောင်တည်းမှာ လေဖြတ်ခဲ့လို့ လမ်းသွားလျှင် တောင်ဝှေးထောက် သွားနေရသူ လေးစား လောက်တဲ့ တကယ့် တိုက်ပွဲဝင် နိုင်ငံရေးသမား တစ်ဦး ဖြစ်ပါတယ်။

သိသလောက်တော့ သူဟာ တတိယ အင်အားစုများ (Third forces) ဟူသော ဝေါဟာရသစ်ကို လက်ရှိ မြန်မာ နိုင်ငံရေး လောကတည်းသို့  တင်သွင်းလာသူ ဖြစ်တယ်။


ကိုဌေး တင်လာတဲ့ အကြောင်းအရာ ကတော့ “အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး” နည်းလမ်း တစ်သွယ်ပါ။ သူပြောတာက နည်းလမ်း ဖြစ်နေသလို တချိန်တည်း စကားလုံး အတွက် သူကြိုက်တဲ့ အဓိပ္ပါယ်ကလည်း ကပ်ပါလာ နေတယ်။

သူတင်ပြပုံကို နားထောင် နေကြသူများ အနက် တိုင်းရင်းသား ဧည့်သည်များက သိပ်သဘော တွေ့ပုံမရပေမဲ့ ဘာမှတော့ မပြောကြဘူး။ သူတို့ဟာ အမျိုးသား ညီလာခံ တက်နေကြသူများ ဖြစ်တယ်။ Outpass ရတဲ့ တနင်္ဂနွေနေ့ မှာတောင် အိမ်မပြန်ဘဲ ညောင်နှစ်ပင် ကနေ တကူးတက လာကြသူများ ဖြစ်တယ်။ ချင်းအမျိုးသား (ဒေါက်တာမှုးထန်)၊ ကရင်ကြီးတစ်ဦး (တွံတေးမြို့နယ် NLD ၁၉၉၀ ရွေးကောက်ပွဲနိုင် အမတ်) တအောင်းပလောင် ပါတီမှ ဦးညွန့်မောင် (နမ္မဆန်)၊ ဦးစောမြအောင် (ရခိုင်)၊ ဦးကြည်ဝင်း(မင်္ဂလာဒုံ)၊ ဦးတင်ဝင်း (ကျိုက်လတ်)၊ ဦးတင်ထွန်းမောင် (ဒွေး၏ အဖေ) တို့ကိုတော့ မှတ်မိတယ်။

ကိုဌေးက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက်ဆိုရင် တပ်မတော်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ နှစ်ဦး အပေးအယူ လုပ်မိဖို့ လိုတယ်။ အဘယ့်ကြောင့် ဆိုသော် တပ်မတော် အစိုးရသည် အာဏာလက်ရှိ de-facto အစိုးရ ဖြစ်နေ၍ NLD သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ ဖြစ်ကာ နိုင်ငံတကာ က ထောက်ခံမှု ရှိသော de-jure သဘောမျိုး ဖြစ်နေတယ်လို့ ဆိုတယ်။

“အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး” ဆိုတဲ့ ခမ်းနား ကြီးကျယ်တဲ့ ဝေါဟာရ တစ်ခုကို ကျဉ်းမြောင်းစွာ အဓိပ္ပါယ် ဖွင့်နေခြင်း ကို အိမ်ရှင်များနှင့် ရပ်ဝေးမှလာသော ဧည့်သည် ဖြစ်သည် သာမက ဗမာတစ်ဦးပါ ဖြစ်သော သံတော်ဆင့် ကို၎င်း အားနာ၍ ဘာမှ မပြောကြဘဲ သူတို့တတွေ မျက်နှာသေ ကလေးများနဲ့ ခပ်မဆိပ် လုပ်နေခဲ့ကြ ပါတယ်။

မနေသာတဲ့ အဆုံး သံတော်ဆင့်က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး - သို့မဟုတ် - သင့်မြတ်ရေး ဆိုတဲ့ စကားလုံးဟာ သူ့နဂိုအရ အဓိပ္ပါယ် ကျယ်ဝန်းတဲ့ သဘောရှိတယ်။ ဒါကို အခု ပြောနေသလောက် ကျဉ်းမြောင်းတဲ့ အဓိပ္ပါယ်နဲ့တင် သုံးလို့ နေရာမကျတဲ့ အကြောင်း စောဒက တက်မိပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က ရန်ကုန်မှာ သံတော်ဆင့် ဆွေးနွေးခဲ့တဲ့ ကိုယ့် အဓိပ္ပါယ်ကို အခု တင်ပြပါ့မယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး သို့မဟုတ် ရင်ကြားစေ့ရေး ဆိုတဲ့ စကားရပ်မှာ အဓိက အရေးကြီးတဲ့ အပိုင်းက အမျိုးသား (national) ဆိုတဲ့ စကားရပ်ပါ။


အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုရာမှာ အနည်ဆုံး အောက်ပါ မျက်နှာစာ သုံးဖက် အကျုံးဝင် ဖို့တော့ လိုပါလိမ့်မယ်။

တစ် - စစ်ဘက်နှင့် အရပ်ဘက် (စစ်သားနဲ့ အရပ်သား) အကြား ရင်ကြားစေ့ရေး

နှစ် - မျိုးဆက်သစ်များနှင့် မျိုးဆက်ဟောင်း (လူကြီး၊လူငယ်) ရင်ကြားစေ့ရေး

သုံး - ဗမာ (လူများစု)နဲ့  ဗမာ မဟုတ်သူများ (လူနည်းစုများ) အကြား ပြန်လည် ရင်ကြားစေ့ရေးတို့ ဖြစ်ကြပါတယ်။

ဒီလုပ်ငန်းကို သမရိုးကျ လူတန်းစား ဘောင်ခတ် ပြီးတော့လဲ လုပ်လို့ မရဘူး၊ အကြောင်းက လူတန်းစား တရပ်ချင်းစီ အတွင်းမှာ ကိုရော၊ လူတန်းစား ဘောင်တွေ ကလနားတွေကိုပါ ကျော်ဖြတ်ပြီး ဖြစ်နေတဲ့ ပဋိပက္ခတွေ ရှိနေတော့ ရှိတဲ့အတိုင်း လိုက်လုပ်ရမှာ ဖြစ်ပါတယ်။

အဲဒီလောက် ထွေပြားတဲ့ ကိစ္စကြီးကို ဘယ်လောက် ကြီးကျယ်တဲ့ လူပုဂ္ဂိုလ် နှစ်ဦးတည်းကမှ ကိုယ်စားပြုပြီး ဖြတ်လမ်းနည်း သုံးပြီး ရှင်းမပေး နိုင်ပါဘူး။ ဒီမိုကရေစီ ၀ါဒ စံနစ်အတိုင်း သွားကြမယ် ဆိုရင်ပေါ့။ ဒါကြောင့် ဒီအရေးမှာ “စုကြည်နဲ့ သန်းရွှေ အိုကေရင် ပြီးပြီပဲ” ဆိုတာမျိုးနဲ့ ချဉ်းကပ်လို့ မရဘူးလို့ ထင်ကြောင်း ပြောလိုက်တဲ့ အခါကျမှ ချင်းဧည့်သည် ဒေါက်တာမှူးထန် ရဲ့ မျက်နှာ ၀င်းလက် လာသလို တအောင်းပလောင် ဦးညွန့်မောင် ကလည်း ခေါင်းညိမ့်ဘော် ရလာပါတော့တယ်။ အခုမှ သူတို့ကို လူရာ သွင်းတယ်လို့ ခံစားရတာကိုး။

ဒီနေရာမှာ လူပုဂ္ဂိုလ်ရဲ့ အခန်းကဏ္ဍကို အပြီးတိုင် ပါယ်ရှားတာ မဟုတ်ပါဘူး၊ လူပုဂ္ဂိုလ်တွေဟာ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ လူမမြင်တဲ့ အပေးအယူ (negotiation, political horse trading) အဆင့်မှာ အသုံး ၀င်ပါတယ်။


ဒါပေမဲ့ ဒီမိုကရေစီရဲ့ အဓိက အချင်းအရာတွေ ဖြစ်တဲ့ လူထုရှေ့မှောက် ငြင်းခုံပွဲတွေ (open public debates) နဲ့ ဥပဒေပြု လွှတ်တော် (legislature) ရဲ့ ကဏ္ဍကို အစားထိုးလို့တော့ မရဘူး။


တင်ပြခဲ့တဲ့ အနည်းဆုံး ဘက်သုံးဘက်ကို လွှမ်းခြုံပြီး တတိုင်းပြည်လုံး ပါဝင်တဲ့ စကားဝိုင်းကြီး ဖန်တီးပြီးမှ ဒီမိုကရေစီရဲ့ အမြင့်ဆုံး အာဏာပိုင် ဖြစ်တဲ့ လွှတ်တော်ကနေ အကောင်အထည် ဖေါ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည် အတွက် သီအိုရီ အဆင့်ပဲ ရှိနေသေးပေမဲ့ အမရိကန်လို တိုင်းပြည်မှာ နေ့တဓူဝ ကိစ္စ ဖြစ်နေပါပြီ။

ဒါနဲ့ ဆီလျှော်တဲ့ ရောမခေတ် နိုင်ငံရေးစံ (a Roman maxim) တစ်ခုရှိတယ်။ “အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ခုဟာ အားလုံးက ကျေနပ်ဖို့ လိုတယ်” တဲ့။ (What touches all must be approved by all. - Quod omnes tangit, ab omnibus approbetur) ဆိုတာဖြစ်ပါတယ်။

အခုလို ရေးပြတာဟာ “ရဲဘော်ဌေး” ကို သေးသိမ်အောင် လုပ်တာ မဟုတ်ပါဘူး။ နှစ်ရှည်လများ ထောင်ထဲမှာ ၀ါဒါကတဆင့် ခိုးသွင်းထားတဲ့ ရေဒီယိုကလေး ကိုသာ နားထောင်ရင်း အဲဒါက နေ့စဉ် ရိုက်သွင်းနေတဲ့ ဒဏ်ကို ခံလာရတာ ပါဘဲ။ လူဟာ သူ့ အာဟာရရဲ့ ရလဒ် (man is what he eats.) လို့ ဆိုတယ်လေ။

စပ်မိလို ဆက်ပြောရယင် သူနေအိမ် အကျယ်ချုပ် ကျနေစဉ်မှာ ပြည်ပ ရေဒီယိုတွေကို တနေ့ ငါးနာရီ နားထောင်ခဲ့တယ် ဆိုတဲ့ အောင်ဆန်းစုကြည်လဲ ဒီဒဏ်ကို ခံရဘို့ အကြောင်းရှိပါတယ်။ သူမနဲ့ ကိုဌေးအကြား ကွာခြားချက်က ရွေးချယ်စရာ ရှိတာနဲ့ မရှိတာပဲ ကွာလိမ့်မယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ ခေတ်စားနေတဲ့ စကားလုံး တစ်လုံး ဖြစ်ပါတယ်။ ခေတ်စားပုံ ကတော့ ဗိုလ်ချုပ် အောင်ဆန်း ပြောသလိုပဲ သူ့အဓိပ္ပါယ်နဲ့ သူပါဘဲ၊ နားလည်တဲ့ သူကလဲ သူနားလည်ချင်သလို နားလည် လိုက်ကြတာဘဲ။

တကယ်တော့ ဗိုလ်ချုပ်က ဒီ့ထက်ကို ပိုဆိုလို ခဲ့တာပါ။ သူက နိုင်ငံရေး ဝေါဟာရ တွေကို “အလွဲသုံးစား လုပ်သူ” တွေကို သာမက ကိုယ်သုံးတဲ့ စကားရဲ့ အဓိပ္ပါယ်၊ စကားလုံးရဲ့ အတိမ်အနက်ကို မသိဘဲ ခေတ်မှီချင်လို့ ပေါ်ပင် လိုက်သုံးနေတဲ့ နိုင်ငံရေး သမားတွေ၊ သတင်းသမား တွေကိုပါ အပြစ်တင်ခဲ့တဲ့ သဘောပါ။ သူတို့ဆီက လာမဲ့ အန္တရယ် လူထုကို သတိပေးခဲ့တဲ့ သဘောလဲ ပါတယ်။

ဥပမာ ‘တိုင်းရင်းသား’ ဆိုတဲ့ ဝေါဟာရလဲ မြန်မာ့နိုင်ငံရေး လောကမှာ ခေတ်စားတယ်။ လုံးကောက် အဓိပ္ပါယ် (literal meaning) အရ ဆိုရင်တော့ ဒီတိုင်းပြည်မှာ ဘိုးစဉ်ဘောင်ဆက် နေလာကြတဲ့ လူအားလုံးဘဲ။ ဒါပေမဲ့ နိုင်ငံရေး လက်တွေ့တည်းမှာ သုံးစွဲပုံကျတော့ ‘တိုင်းရင်းသား’ လို့ ပြောရင် ဗမာတွေကို ဆိုလိုတာ မဟုတ်ဘူး ဆိုတာကို သူ့အလိုလို သိနေကြတယ်။ မြန်မာပြည်မှာ ဗမာဟာလဲ တိုင်းရင်းသား ပါဘဲလို့ ပြောရင် ဘယ်သူကမှ ဗြောင်ခံငြင်းမှာ မဟုတ်ပေမဲ့ ဒီဝေါဟာရကို တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ သူတွေ တော်တော်များများ အကြားမှာလဲ “တိုင်းရင်းသား” ဆိုတဲ့ ဝေါဟာရ တည်းမှာ ‘ဗမာ’ သာမက မြန်မာပြည်ပေါက် တရုပ်၊ ကုလားတွေ၊ မြန်မာ မူဆလင်တွေပါ အကျုံးမ၀င်ဘူး ဆိုတာ အချင်းချင်း နားလည်ထားကြ ပြီးသား ဖြစ်နေတယ်။

ဆိုလိုတာက ဒီဝေါဟာရကိုလဲ “အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး” လိုပဲ အကျဉ်းမြောင်းဆုံး အဓိပ္ပါယ်နဲ့ မိမိအတွက် သီးသန့် ရည်ရွယ်ချက် တစ်ခုနဲ့ သုံးကြတယ် ဆိုတာဘဲ။ ဒါကြောင်မို့ ဒီလို နားလည်မှုတွေနဲ့ ကွဲပြားခြားနား စေချင်လို့ သံတော်ဆင့်က အခု ဆောင်းပါးမှာ ‘ဗမာ’ နဲ့  ‘ဗမာ မဟုတ်သူများ’ (မြန်မာပြည်ဖွားများ) ဆိုတဲ့ အသုံးအနှူန်းကို တမင်တီထွင် အသုံးပြုလိုက် ပါတယ်။ သူရဲ့ နားလည်ပုံတည်း မှာတော့ ‘တိုင်းရင်းသား’ ဆိုတဲ့ ဝေါဟာရ တည်းမှာ ‘ဗမာ’ ကော ပုဂံခေတ်က ဗျတ်ဝိ၊ ဗျတ္တတို့က ဆင်းသက်လာတဲ့ လူတွေပါ အကျုံးဝင် နေတယ်။ သူတို့ တတွေကနေ ဆရာကြီး ဦးရာဇတ်တို့လို ပုဂ္ဂိုလ်တွေ (တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုက်ပြီး) ဆင်းသက် လာတယ်လို့ ယူဆတယ်။

မှတ်ချက်။ မြန်မာ သံတော်ဆင့်က ရည်ညွှန်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းဟာ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော် ခန်းမမှာ လုပ်တဲ့ အစည်းအဝေးမှာ ပြောတဲ့ မိန့်ခွန်းဖြစ်ပြီး ဗိုလ်ချုပ်ရဲ့ နောက်ဆုံး မိန့်ခွန်းလည်း ဖြစ်ပါတယ်။ အဲဒီမိန့်ခွန်း ထဲက ဆောင်းပါးနဲ့ ဆိုင်တဲ့ အပိုင်းကို ကောက်နှုတ် ဖော်ပြပေးလိုက် ပါတယ်။ ပိတောက်မြေ

သို့ပေမဲ့ ဒီတခါလဲ ကျွန်တော် ပြောရအုံးမယ်။ ဘာပြောလဲ မလဲဆိုယင် ယခု ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး သမားတွေ လုပ်နေကြတယ်။ သတင်းစာ ဆရာတွေ လုပ်နေကြတယ်။ သူတို့ ရေးနေတာ သူတို့၊ သူတို့ ပြောနေတာ သူတို့ နားမလည်တဲ့ သူတွေ အများကြီးပဲ ဆိုတာ ခင်ဗျားတို့ သိစေချင်တယ် ( လက်ခုပ် တီးသံနှင့် သြဘာသံများ)။ ခံချင်မှာတော့ မဟုတ်ဘူး။ ဘာပြုလို့လဲ ဆိုယင် နားမလည်ဘူး ပြောလိုက်တာကိုး၊ ခံချင်မှာတော့ မဟုတ်ပါဘူးဗျာ့။ သို့သော်လဲဘဲ (It is Painful truth) အဲဒါ တခါတည်းကို သွေးထွက်အောင် မခံချင် လောက်အောင် မှန်တယ်၊ မှန်တယ်ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောရဲတယ်။ (လက်ခုပ်တီးသံနှင့် သြဘာသံများ)။

အဲဒီတော့ ကိုယ်ပြောနေတာ ကိုယ်ရေးနေတာ ကိုယ်လုပ်နေတာ ဘာမှန်းမသိတဲ့ နိုင်ငံရေး သမားတွေ၊ သတင်းစာ ဆရာတွေက တော်တော် ကလေးများတယ်။ အဲဒီလို ဖြစ်နေတော့ ကျွန်တော်လဲ နိုင်ငံရေး အကြောင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေး ဆိုတဲ့ စကားကအစ ကျွန်တော် တခါတည်း တိုင်းပြည်ကို နောင် အခွင့်သင့်လို့ ရှိယင် အပတ်စဉ် အပတ်စဉ် ဖြစ်စေ၊ တခါတည်း ရက်ဆက် သဘောမျိုးဖြစ် တခါတည်း အဲဒီလို ရှင်းလင်းပြ သွားချင် ပါသေးတယ်။ အဲဒီ အခါကျယင် နိုင်ငံရေး ဆိုတာ ဘာလဲ၊ တော်လှန်ရေး ဆိုတာ ဘာလဲ၊ နောက်ပြီးတော့ လွတ်လပ်ရေး ဆိုတာ ဘာလဲ၊ ဟိုဟာက ဘာလဲ၊ ဒီဟာက ဘာလဲ၊ အဲဒါတွေ ကျွန်တော် ရှင်းပြချင်တယ်။ ခေါင်းဆောင်မှု ဆိုတာ ဘာလဲ၊ အချောင်သမား ဆိုတာ ဘာလဲ၊ အဲဒါတွေ ကျွန်တော် ရှင်းချင်တယ်။ သို့ပေမဲ့ ဝမ်းထဲမှာတော့ အများကြီးဘဲ၊ ပုံနေတာဘဲ၊ သို့သော်လဲဘဲ ကျွန်တော့်မှာ အချိန်က မရတော့ မရှင်းနိုင်အားဘူး။ အဲဒီတော့ သတင်းစာထဲ ရေးချင်တာရေး၊ တချို့ ပြောချင်တာပြော၊ ကြည့်နေရတာဘဲ။ ဘာမှ မတတ်နိုင်ဘူး။ ခင်ဗျားတို့ ကြားချင်တာ ကြားပြီး၊ ထင်ချင်တာ ထင်နေတာဘဲ ဆိုတာလဲ ကျွန်တော် သိပါတယ်။ (လက်ခုပ် တီးသံနှင့် သြဘာသံများ)။

မြန်မာသံတော်ဆင့်

နိုင်ငံရေးသမားတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ

Posted by ဒေါ်လာစား on 13:12


  1. ရှေ့မရောက်လို့ အမျိုးမျိုး အပြစ်တင်နေကြပြီး နောက်ကိုပဲ ပြန်သွားဖို့ စဉ်းစားနေကြတာ ဘာကြောင့်ပါလဲ???

  2. နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည် ဟု ပြောသော ဒေါ်အောင်ဆန်းစုကြည်က အသက် ၄၂ နှစ်ကျော်မှာ နိုင်ငံရေး စလုပ်တာ ဘာကြောင့်ပါလဲ???

  3. အကျယ်ချုပ်ကျခံနေရသူ တစ်ဦးဖြစ်နေလျှက် ဂျွန်ရက်တော အိမ်ထဲဝင်လာတာကို ပြန်လည်းမလွှတ်၊ သက်ဆိုင်ရာကိုလည်း အကြောင်းမကြားပဲ အိမ်ထဲမှာ ခိုးပြီး တစ်ညလုံးအတူနေခဲ့ရတာလဲ??

  4. အကျယ်ချုပ်က လွတ်ခါနီးမှာ ဒေါ်စုကြည် လွတ်ရင်ဘာလုပ်မလဲ အားလုံးစိတ်ဝင်စားနေတုန်း ဒေါ်စုကြည်က twitter သုံးပါမယ်လို့ ပြောလိုက်ပါတယ်။ ဒေါ်စုကြည် twitter သုံးခြင်းက လက်တလော နိုင်ငံတော်အတွက် အရေးအကြီးဆုံး အလုပ်ကြီးများဖြစ်နေလား??? twitter သုံးခြင်းဖြင့် နိုင်ငံတော်နဲံ့ ပြည်သူအတွက် ဘာတွေလုပ်နိုင်ပါသလဲ??? အဲ့ဒီထက် ကောင်းတဲ့နည်းလမ်း တကယ် မရှိတော့တာလား??? လက်တလော နိုင်ငံရေး ပြဿနာတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းက twitter သုံးခြင်းလား???

  5. ပထမဆုံး မိန့်ခွန်းမှာ ပြည်သူ့အသံတွေ ကြားချင်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူထဲက ပြည်သူဖြစ်တဲ့ ငါးမင်းဆွေ ပြောတာကို ဘာကြောင့် မကြားချင်ရတာလဲ??? ဘာကြောင့် အကြောင်းမပြန်ရတာလဲ??? ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီ က နာမည်မကြိုက်လို့ အထက်ကို မတင်နိုင်ပါဘူး လို့ ဘာကြောင့်ပြောရတာပါလဲ???

  6. နူကလီးယား လက်နက်များအပါအဝင် တစ်ချက်တည်းနှင့် လူသန်းပေါင်းများစွာကို သေစေနိုင်တဲ့ လက်နက်များထုတ်လုပ်နေသော အမေရိကန်နိုင်ငံကို မြေမြုပ်မိုင်းလေးတွေ လုပ်တာ တားမြစ်ဖို့ ဒေါ်စုကြည်က ဘာကြောင့် တိုက်တွန်းခိုင်းရတာလဲ???

  7. NLD အပါအဝင် ပါတီအားလုံး မှတ်ပုံမတင်ရင် ပျက်မယ်ဆိုတာ သိသိကြီးနဲ့ ပျက်ချိန်ကို သုံးလကြာအောင် ထိုင်စောင့်နေခဲ့ပြီးမှ ခုမှ ဘာလို့ NLD ပြန်ရပ်တည်ဖို့ ကြိုးစားရတာလဲ???

  8. ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်တွေက ဒေါ်စုကြည်ရဲ့ သဘောထားကို ဆန့်ကျင်ကာ ရွေးကောက်ပွဲကိုဝင်ခဲ့တာ ဒေါ်စုကြည်နဲ့ ပါတီခေါင်းဆောင်တွေ အချင်းချင်း သိကြပါလျှက် ခုမှ သဘောထားချင်းတူပါတယ်၊ လက်တွဲပါမယ် လို့ ပြောနေကြတာ ဘာကြောင့်ပါလဲ???

  9. မီဒီယာများအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေထက် လက်တလော ဒေါ်စုကြည် ဘုရားသွားတာ၊ ဈေးသွားတာနဲ့ လေဆိပ်သွားတာကို စိတ်ဝင်တစား ဖော်ပြနေကြတာ ဘာကြောင့်ပါလဲ???

  10. နိုင်ငံရေးတွင် ပါဝင်ပတ်သက်ပြီး တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးများထက်၊ လုံးဝမပက်သတ်တော့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုမှ နိုင်ငံရေးသမားတို့ စိတ်ဝင်တစား ဝေဖန်၊ သုံးသပ်နေကြတာ ဘာကြောင့်ပါလဲ???

  11. တပ်မတော်တစ်ရပ်လုံး သို့ ပြောစရာစကားများ ရှိပါက စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်မှုရေးများတွင် လက်ရှိ လုံးဝ ပက်သတ်မှုမရှိတဲ့ ရုရှားရောက် ပညာတော်သင် အရာရှိများသို့သာ ဦးတည် ပြောနေကြတာဘာကြောင့်ပါလဲ???

  12. မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲကြပြီး ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြောဖွယ် အစဉ်တစိုက် လုပ်ဆောင်နေကြတာဘာကြောင့်ပါလဲ???


  13. ဆွေးနွေးညှိနိုင်းမှုကို လိုလားကြောင်း ပြောနေကြပြီး ဆွေးနွေးညှိနိုင်းရင်း အသာစီးမရင် ညစ်ညမ်းတဲ့ အသုံးအနှုံးတွေနဲ့ ဆဲရေးတိုင်းထွာကြတာဘာကြောင့်ပါလဲ???

  14. သံဃာဖြစ်ပြီး သံဃာနဲ့မဆိုင်တဲ့ အလုပ်ကိုမှ လုပ်နေသူ သံဃာတွေနဲ့ အနုပညာရှင်ဖြစ်ပြီး အနုပညာနဲ့မဆိုင်တဲ့ အလုပ်ကို လုပ်နေတဲ့သူတွေကိုမှ နိုင်ငံရေးသမားတို့ ချီးကျူးလေးစားနေကြတာ ဘာကြောင့်ပါလဲ???

  15. အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ကြပြီး တဖက်မှာ တစ်နိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲယ့် စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် လုပ်နေကြတာ ဘာကြောင့်ပါလဲ???

  16. ဒေါ်စုကြည်နဲ့ သူ့သားနဲ့ တွေ့ချိန်မှာ မုဒိတာတွေ ပွား ကိုယ်ချင်းစာနိုင်ပြီး ရှေ့တန်းရောက် တပ်မတော်သားတွေရဲ့ အိုးအိမ်နဲ့ ၁၀ နှစ် ၁၅ နှစ် စွန့်ခွာခဲ့ရတာကို ကိုယ်ချင်း မစာနိုင်တာဘာကြောင့်လဲ???

  17. တစ်ဖက်မှာ စစ်ပွဲကြောင်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ရိုက်ပြပြီး နောက်တစ်ဖက်မှာ စစ်ပွဲ အတွန့်ရှည်ဖို့အတွက် အကူညီပေး၊ အလှူခံ ပံ့ပိုးတဲ့ အလုပ်တွေကို မျက်နှာပြောင်တိုက် လုပ်နေကြတာ ဘာကြောင့်ပါလဲ???

  18. တစ်ဖက်မှာ နှစ်သက်သောသူကို အမေတပ်ခေါ်နေပြီး နောက်တစ်ဖက်မှာ မနှစ်သက်တဲ့သူကို တိရစ္ဆာန်အမျိုးမျိုးနာမည်တွေနဲ့ ခိုင်းနှိုင်းရိုင်းစိုင်းနေတာ ဘာကြောင့်ပါလဲ???

  19. တစ်ဖက်မှာ နိုင်ငံတော် တိုးတက်ဖို့ ပညာတက်၊ လူငယ်တွေ အများကြီး လိုတယ်ပြောနေပြီး၊ တစ်ဖက်မှာ ဒုတ်ကောက်နဲ့ လမ်းလျှောက်နေကြရတဲ့ အဘိုးကြီးတွေကပဲ ထိုင်ခုံပြည့်ယူထားတာ ဘာကြောင့်ပါလဲ???

  20. စက်တင်ဘာ တော်လှန်ရေး(ခေါ်) ဘုန်းကြီးဆူပူမှုမှာ ဦးဆောင်တဲ့ ဘုန်းကြီးတွေက စကားဝဲတဲ့ တိုင်းရင်းသားတွေ ဖြစ်နေတာ ဘာကြောင့်ပါလဲ???

  21. သတင်းထောက်တွေ သတင်းယူတာကို ဆူပူကြိမ်းမောင်လွှတ်တဲ့ NLD ရုံးက အစောင့်တွေအကြောင်းကို
    အကျယ်တဝင့် မပြောပြကြပဲ မသိဟန်ဆောင်နေကြတာ ဘာကြောင့်ပါလဲ???

  22. တစ်ဖက်မှာ ကမ္ဘာက ထုတ်ပြန်တဲ့ ဘာသာရေးနဲ့ စီးပွားရေး အဆင့်သက်မှတ်ချက်တွေမှာ မြန်မာနိုင်ငံ နိမ့်ကျသွားတာကို အသံကျယ်ကျယ် အော်နေပြီး၊ နောက်တစ်ဖက်မှာ ဘာသာရေးလုပ်နေတဲ့ ဘုန်းကြီးတွေကို ဘာသာရေး စိတ်မဝင်စားအောင်၊ စီးပွားရေး အေးအေးချမ်းချမ်းလုပ်နေတဲ့ ပြည်သူတွေ လှုပ်လှုပ်ရွရွဖြစ်ပြီး ကုန်ဈေးနှုံးတက်အောင် လုပ်နေကြတာ ဘာကြောင့်ပါလဲ???

  23. တစ်နေရာရာမှာ ဗုံးပေါက်ပါက ချက်ခြင်း တစ်ယောက်တစ်ပေါက်ဖြင့် အမျိုးမျိုး အစိုးရကို လက်ညိုးထိုးကြ၊ ဗုံးပေါက်သဖြင့် အလွန် ရက်စက်ကြမ်းကြုပ်ကြောင်းရေးသားကြပြီး အစိုးရအတိုက်အခံ အဖွဲ့အစည်းတစ်ခုခုက ဖောက်ကြောင်း အဖြေပေါ်ချိန်တွေ လှိုက်လှိုက်လှဲလှဲထောက်ခံပြီး နောက်တစ်ကြိမ်ဆိုလျှင် အစိုးရနေအိမ်များကို ဖောက်ရမည်ဟု ကြွေးကြော်ကြတာ ဘာကြောင့်ပါလဲ???

  24. တစ်ဖက်မှာ လက်နက်ကိုင်မှုနဲ့ အကြမ်းဖက်မှုကို ရှုံ့ချကြပြီး ဒေါ်စုကြည်ကို ကန့်ကွက်သည့်တစ်ယောက်အား လိပ်စာပေးကြ၊ လုပ်ကြံခိုင်းကြနှင့် အားပါးတရ အာပေးနေကြတာ ဘာကြောင့်ပါလဲ???

  25. တစ်ဖက်မှာ နေ့စဉ်နှင့်အမျှ ဆူပူကြဖို့၊ သူရဲပေါမကြောင်ဖို့ သူရဲကောင်း တစ်ဦးပမာ လှုံ့ဆော်ရေးသားနေသော်လည်း တစ်ဖက်မှာတော့ မိမိနာမည်နှင့် နေရပ်လိပ်စာအမှန်ကိုတောင် ဖော်ပြဖို့ဝန်လေးကြ၊ အသိမခံရဲဖြစ်နေကြသည်မှာ ဘာကြောင့်ပါလဲ???

  26. တစ်ဖက်မှာ ကမ္ဘာ့အလည်မှာ အထင်သေးခံရသဖြင့် မကျေနပ်ကြောင်း ရေးကြသော်လည်း၊ တစ်ဖက်မှာတော့ ကိုယ့်နိုင်ငံအကြောင်း အထင်ကြီးစရာတွေကို ကမ္ဘာသိအောင် ဘာတစ်ခုမှ မတင်သည့်အပြင် ကိုယ်တိုင်က အထင်သေးစရာ ဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များကိုသာ တင်နေကြတာ ဘာကြောင့်ပါလဲ???

  27. အွန်လိုင်း၊ ဘလော့နဲ့ facebook တွေပေါ်မှာ အန်တီစု၊ အန်တီစုဆိုပြီး တအားချစ်ပြနေကြသူတွေ၊ အကျယ်ချုပ်ကျတုန်းက ကိုယ်ချင်းစာသနားနေကြသူတွေက ခု လို လွတ်လပ်သွားချိန်မှာ ကိုယ်တိုင် သွားမတွေ့ကြပဲ အင်တာနက်ပေါ်ကပဲ ဓာတ်ပုံကြည့် စုတောင်းပေးနေကြတာ ဘာကြောင့်ပါလဲ??? (ကိုယ့်နိုင်ငံသားမဟုတ်တဲ့ ကုလနဲ့ ကန်က လူတွေတောင် တကူးတက လာတွေ့နေကြတာ။ အမှန်တကယ် အရမ်းချစ်ရင် လူကိုယ်တိုင်သွားတွေ့သင့်တယ်၊ ဘယ်သူ ကိုယ့်အလုပ်အပျက်ခံပြီး သွားတွေ့နိုင်ကြလဲ??? တကယ်တော့ ဘယ်သူမှ မချစ်ပါဘူး... ဒေါ်စုကြည်ကို အသုံးချနေကြတာပါ...)

ကမ္ဘာ့အံ့ဖွယ် ဂရင်းနစ် မှတ်တမ်းဝင်သူများ (၁)

 
A few months ago, the world's shortest man, He Pingping, age 21, died after developing chest pains while filming a television show in Italy. Pingping suffered from primordial dwarfism, a condition which kept him from ever growing taller than 73 cm (2 feet 5 inches) tall. Pingping was recognized by the Guinness World Records organization, who also held a "World Records Day" last November, encouraging people all over the world to set their own records. Collected here are a group of superlatives, recent photos of world records and record attempts around the world.
 
 
He Pingping of China smiles as Sultan Kosen of Turkey rests his hands on He's shoulders during a promotional event in Istanbul, Turkey on January 14, 2010. He, with a height of 73 cm (2 feet 5 inch), and Kosen, with a height of 246.5 cm (8 feet 1 inch), have been listed in the Guinness World Records as the world's shortest man and tallest man respectively.
 
 
He Pingping, 73 cm tall (2 feet 5 inch), of China looks up at Sultan Kosen, 246.5 cm tall (8 feet 1 inch), of Turkey in Istanbul on January 14, 2010.
 
 
Joel Waul, 27, stands on top of his rubber band ball on the driveway of his home in Lauderhill, Fla., Friday, Oct. 23, 2009. Waul, a 27-year-old who works nights restocking a Gap clothing store, has spent the last six years carefully wrapping and linking and stretching rubber bands of various sizes into the ball shape. The Guinness Book of World Records declared it the world's largest rubber band ball in 2008.
 
 
In this photo taken Aug. 21, 2009, Diana Taylor walks with her Great Dane, Titan, along Ocean Beach in San Diego. During a ceremony Thursday Nov. 12, 2009, the Guinness Book of World Records officially proclaimed that 4-year-old Titan from San Diego is the world's tallest dog. Owner Diana Taylor says Titan is blind, deaf, epileptic and undergoes acupuncture and chiropractic adjustments every three weeks. Taylor says Titan stands 42.25 inches from floor to shoulder, weighs 190 pounds.
 

Bakers link pieces of gingerbread in order to break a world record on December 18, 2009 in Ludwigsburg, southern Germany. A total of 1,700 kg of honey, 1,700 kg of flour, 1,000 kg of walnuts, 900 kg of hazelnuts, 550 liters of milk and 158 liters of cherry schnapps were used to make the one kilometer-long and seven-ton-heavy gingerbread.
 
 
A base jumper leaps backwards off the Menara Kuala Lumpur Tower, Malaysia, Wednesday, Oct. 28, 2009. A group of base jumpers were attempting to set a Guinness World Record striving to have 24 people base jump every hour for 24 hours from the the 915 feet high communication tower
 
 
Physical challenged people participate in purportedly the world's largest finger painting, a 100 feet by 140 feet canvas, to mark International Day of Persons with Disabilities in Ahmadabad, India, Thursday, Dec. 3, 2009. More than 200 physically challenged people participated in the event for a bid to enter the Guinness Book of World Records.
 
 
Street performer Chayne Hultgren (a.k.a. 'The Space Cowboy'), re-enacts his 18-sword swallowing attempt for a Guinness World Record in front of the Sydney Opera House on February 8, 2010. The Australian beat his own world record when he simultaneously swallowed 18 swords, each blade measuring 50.8cm by 1.3cm, in the lead-up to International Sword Swallowing Day on February 28.
 
 
Lisa Courtney's lies amongst her collection - the Biggest Pokemon Memorabilia Collection in the world with 12,113 items, accordding to the Guinness Book of World Records.
 

Children scoop marshmallows out of a mug holding nearly 500 gallons of hot chocolate, Wednesday, Dec. 30, 2009 at Bryant Park in New York, during the American Dairy Association's attempt to set a new world record for the largest mug of hot chocolate.
 
 
Indian born British strongman Manjit Singh, 59, pulls a double Decker bus using ropes attached to his hair in London, England on November 12, 2009. Singh broke the world record Thursday by pulling the bus a total of 21.2 metres.

 
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge


With Best Regards,

slip
http://www.meepyatite.info/


If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/


We Trying to say about Myanmar (Burma) to world
http://mathetzinnet.blogspot.com/


If u wanna listen any musics
http://myl6.blogspot.com/


If u wanna read latest news
http://lighthouse28.blogspot.com/


If u wanna read funny jokes
http://7comrades.blogspot.com/


Welcome to MIET forum
http://mietforum.ning.com/




world_record_makers_Funzug.org_05.jpg
world_record_makers_Funzug.org_06.jpg
world_record_makers_Funzug.org_09.jpg
world_record_makers_Funzug.org_02.jpg
world_record_makers_Funzug.org_04.jpg
world_record_makers_Funzug.org_08.jpg
world_record_makers_Funzug.org_07.jpg
world_record_makers_Funzug.org_03.jpg
world_record_makers_Funzug.org_01.jpg
world_record_makers_Funzug.org_11.jpg
world_record_makers_Funzug.org_10.jpg
Reply all
Reply to author
Forward
0 new messages