# အမျိုးသမီးများ၏ ဦနှောက်တွင် ရှိနေသော Libido အလိုက် လိင်မှုကိစ္စထက်သန်မှုကွာခြား၊# ဗြိ​တိန်​စား​သောက်​ဆိုင်​တွင်​​ ​အ​ချစ်​ကြမ်း​နေ​သည့်​​ ​စုံ​တွဲ​အား​​ လူ​အ​များ​​ ​စု​ရုံး​ကြည့်​ရှု# နောက်ကွယ်မှအနှောက်အယှက်များ# တိရိစ္ဆာန် မြည်းမလေးကို ကာမဆက်ဆံခဲ့သူအ

2 views
Skip to first unread message

meepyatite

unread,
Nov 4, 2010, 3:18:12 PM11/4/10
to
  1. မြန်မာ့အင်တာနက်လိုင်းများ DDOS ဖြင့် တိုက်ခိုက်ခံရ၊ပညာရှင်များ စုပေါင်း ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်း ပြန်ကောင်းမည်ဆို၊
  2. အိုဘားမားရဲ့ လက်ထက်မှာ လိင်တူချစ်သူ အစိုးရ ၀န်ထမ်းတွေ အများဆုံးဖြစ်ကြောင်း ပြောကြား၊
  3. အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲ စီးပွားရေး ပြဿနာ အဓိကကျ၊
  4. အိုစမာဘင်လာဒင်သည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ဇိမ်ကျကျ နေထိုင်လျက်ရှိသည်ဟု နေတိုးထိပ်တန်းအရာရှိတစ်ဦးက ပြောကြား၊
  5. ဘရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် Dilma Rousseff ရွေးချယ်တင်မြှောက်ခံရ၊
  6. ရုရှားသမ္မတ၏ ပိုင်ဆိုင်မှုအငြင်းပွားကျွန်းမှ ဓာတ်ပုံများကြောင့် ဂျပန်ဒေါသထွက် ၊
  7. ချေချင်းညာပါလီမန် အကြမ်းဖက်တိုက်ခိုက်မှု ၇ ဦးသေဆုံး ၊ 
  8. နို​ဘယ်​ဆု​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​​ ​ဆု​ချီး​မြှင့်​ခံ​ရ​သည့်​​ ​အ​သက်​ ​၂၃​​ ​နှစ်​အ​ရွယ်​​ ​ဗြိ​တိန်​ကျောင်း​သူ၊
  9. အင်ဒိုနီးရှား အိမ်အကူကို မလေးရှားအိမ်ရှင် နှိပ်စက်ခြင်းကြောင့် နိုင်ငံသားများ ဆန္ဒပြ ၊
  10. က​မ္ဘာ့​စံ​ချိန်​တင်​​ ​အ​သက်​အငယ်​ဆုံး​​ ​စေ့​စပ်​ကြောင်းလမ်း​သည့်​​ ​ဆီး​ရီး​ယား​စုံ​တွဲ၊
  11. ကျွန်မရဲ့ အလုပ်ရှင်က ကျွန်မရဲ့ ကာမကို ရယူချင်နေပါတယ်။ သဘောမတူမိလို့ ကျွန်မ အလုပ်ပြုတ်မှာလည်း ကြောက်နေရပါတယ်၊
  12. လူနာအမျိုးသမီးအး လိင်ဆက်ဆံရန် တောင်းဆို​ ခဲ့သည့် ဗြိတိန်ဆရာဝန်, ၊
  13. တိရိစ္ဆာန် မြည်းမလေးကို ကာမဆက်ဆံခဲ့သူအား သတ်ဖြတ်မှုဖြင့် ပေါ်တူဂီ လယ်သမားတစ်ဦးအရေးယူ ခံရခြင်း, ၊
  14. အမျိုးသမီးများ၏ ဦနှောက်တွင် ရှိနေသော Libido အလိုက် လိင်မှုကိစ္စထက်သန်မှုကွာခြား၊
  15. ဗြိ​တိန်​စား​သောက်​ဆိုင်​တွင်​​ ​အ​ချစ်​ကြမ်း​နေ​သည့်​​ ​စုံ​တွဲ​အား​​ လူ​အ​များ​​ ​စု​ရုံး​ကြည့်​ရှု
  16. နောက်ကွယ်မှအနှောက်အယှက်များ







 မြန်မာ့အင်တာနက်လိုင်းများ DDOS ဖြင့် တိုက်ခိုက်ခံရ၊ ပညာရှင်များ စုပေါင်း ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်း ပြန်ကောင်းမည်ဆို

ပြည်တွင်းတွင် လွန်ခဲ့သော ရက်သတ္တပတ်မှ စတင်၍ အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်နှေးကွေး ခဲ့ခြင်းသည် ယခုအချိန်အထိ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးကြောင်း အင်တာနက် သုံးစွဲသူများထံမှ စုံစမ်းသိရှိ ရသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် ရတနာပုံ တယ်လီပို့ တို့၏ ISP များသို့ ပြည်ပမှ DDOS ခေါ် Distributed Denial of Services နည်းလမ်းဖြင့် Cyber Attack ပြုလုပ်ကာ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ICT Department မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။



၎င်းတိုက်ခိုက်မှုကို ကာကွယ် ဟန့်တား ပြင်ဆင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအသင်းတို့မှ ပညာရှင်များ ပါဝင်သော MMCERT အဖွဲ့၊ Asia Pacific Network မှ ပညာရှင်များမှ ဆောင်ရွက်နေကြပြီး ပြည်ပအဖွဲ့အစည်းများ ဖြစ်သော CNCERT နှင့် JPCERT တို့မှလည်း ကူညီထောက်ပံ့ ပေးလျက်ရှိပြီး နောက်ထပ် ရက်အနည်းငယ်အတွင်း ဆက်သွယ်မှုများ ပြန်ရရှိတော့မည်ဟု ရတနာပုံတယ်လီပို့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ DDOS ခေါ် Distributed Denial of Services နည်းလမ်းဖြင့် Cyber Attack ပြုလုပ်ခြင်း ဆိုသည်မှာ သက်ဆိုင်ရာ ISP တစ်ခု၏ DNS Server များသို့ Accessment အတုအယောင်များ သန်းနှင့်ချီ၍ ဖန်တီးလိုက်ခြင်းဖြင့် သက်ဆိုင်ရာ Server ၏ bandwidth ကျော်လွန်ကာ အမှန်တကယ် သုံးစွဲသူများ ၀င်ရောက်သုံးစွဲ၍ မရတော့ဘဲ DNS Failure ဖြစ်သွားစေကြောင်း၊ ယခု တိုက်ခိုက်မှုသည် 5 GB ခန့် ပမာဏအထိ များပြား ပြင်းထန်သည်ဟု ကြားသိရကြောင်း မြန်မာအင်ဖိုတက်ရှိ MIT ကုမ္ပဏီ၏ Sage Department မှ IT ပညာရှင်တစ်ဦး ဖြစ်သူ မတင်ဇာဖြိုး မှ mmDailyNews က အက်ဒမင် ကိုသီဟသစ် ၏ ဖုန်းဖြင့် မေးမြန်းချက်ကို ဖြေကြားခဲ့သည်။



ပြီးခဲ့သော ရက်သတ္တပတ်က စတင်ဖြစ်ပွားခဲ့သော အင်တာနက် လိုင်းများ ပြတ်တောက်မှုနှင့် ပတ်သက်၍ “ဒီတစ်ခါ လိုင်းကျတာက တော်တော်ဆိုးတယ်ဗျ။ ခါတိုင်းကျပေမယ့် Google Search Engine, G-mail, G-talk လောက်တော့ ရသေးတယ်။ အခုက ဘာမှကို မရတာမို့ ဆိုင်ပါ ပိတ်ထားလိုက်တယ်။ လိုင်းက တစ်ချက် တစ်ချက်တော့ ပြန်တက်ပေမယ့် နာရီဝက်တောင် မခံပါဘူး။ ပြည်တွင်းဆိုက် အချို့တော့ ကြည့်လို့ ရတဲ့အခါလည်း ရပါတယ်။ နိုင်ငံခြား ဆိုက်တွေ၊ ဆက်သွယ်ရေးတွေက ဘာမှ မရဘူး။ ညဖက်ပိုင်းတော့ ပြန်ရချင်ရပေမယ့် အတော်လေး နှေးပါတယ်။ ထူးခြားတာက ADSL သုံးတဲ့ ဆိုင်တွေ အကုန်ကျပြီး Wi-Max သုံးတဲ့ ဆိုင်တွေကျတော့ ကျတာ ပိုသက်သာတာ တွေ့ရပါတယ်။ အရမ်းတော့လဲ မကွာပါဘူး” ဟု မရမ်းကုန်းမြို့နယ်ရှိ အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက mmDailyNews သို့ ပြောကြားခဲ့ရသည်။



ယခုကဲ့သို့ အင်တာနက်လိုင်း နှေးကွေး ပြတ်တောက်မှု များကြောင့် အင်တာနက် ဆက်သွယ်ရေးအပေါ် အဓိကမူတည်နေသော စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် IT ကုမ္ပဏီများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ ပြည်တွင်းမီဒီယာများ၊ ပြည်ပ ဆေးရုံ၊ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေသော ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများအနေဖြင့် အဓိက ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ ယခရက်ပိုင်းအတွင်း ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် ဖုန်းနှင့် ဖက်စ်ကိုသာ အဓိက အားထားနေရကြောင်း ကြားသိရသည်။








အထက်ပါသတင်းများနှင့် ပတ်သက်၍ ပြည်တွင်းနာမည်ကျော် ဘောလုံးအားကစား ၀က်ဘ်ဆိုက် တစ်ခုဖြစ်သော www.mutdfan.com နှင့် mmDailyNews တို့၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုဇော်ဇော် က "အခုလတ်တလော ကွန်နက်ရှင် နည်းနည်းလေး ပြန်ရပါတယ်။ မသိတဲ့သူတွေကတော့ ရလာတဲ့ ကွန်နက်ရှင်ဟာ ပုံမှန်ဆိုဒ်တွေ ပွင့်နေတယ် ထင်ရပေမယ့် တကယ်တက်နေတာက Server-Cache ထဲက Data တွေကို ပြန်ကြည့်နေရသလို ဖြစ်နေတယ်။ သတင်းသမားတွေ အတွက် အတော်လေး ဆိုးတယ်။

ဥပမာ www.thesun.co.uk ဆိုတဲ့ ဆိုဒ်ကို ဖွင့်လိုက်တဲ့အခါ သတင်းသစ် မတက်ဘဲ သတင်းဟောင်းဘဲ တက်နေတာမျိုး ကြုံရတယ်၊ ပထမတော့ မူလဆိုဒ်က သတင်းသစ် မတက်တာလားပေါ့။ နောက်မှ အခြားနည်း တခုခုနဲ့ ကျော်ဖွင့်ကြည့်တော့မှ သတင်းသစ်တွေ တက်နေပါလျက်နဲ့ ဒီမှာ အဟောင်းဘဲ ပွင့်နေတာမျိုး တွေ့ရတယ်။ ဒါလေး သတိထားမိရင်တော့ User တွေ အနေနဲ့ အခြား တစ်နည်းနည်းနဲ့ ကြိုးစားရင် အဆင်ပြေတာမျိုး ဖြစ်လာမှာပါ။

ဘာဘဲဖြစ်ဖြစ် အင်တာနက် ၀န်ဆောင်မှု ပေးတဲ့ ကုမ္မဏီ အနေနဲ့ ထိုက်တန်တဲ့ အခကြေးငွေပေးပြီး သုံးကြရတဲ့ User တွေကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့ ဘာ့ကြောင့်ဖြစ်တယ် ဘယ်တော့လောက် ပြန်ကောင်းမယ် စသည်ဖြင့် သတင်းပေးသင့်တယ် ထင်ပါတယ်။ အခုက ပျက်တာလား၊ ဖြတ်ထားတာလား ဘာမှန်း မသိတော့ မေးစရာ မေးခွန်းတွေ အများကြီးရှိနေပြီး သုံးမရတဲ့ အင်တာနက်အတွက် လကုန်ရင်တော့ လစဉ်ကြေးပေးနေရတာပါဘဲ။

 ပြည်သူကို အလေးထားတဲ့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေတဲ့အချိန်မှာ ပြည်သူတွေဖြစ်တဲ့ User တွေကိုလည်း လေးစား တန်ဖိုးထားသင့်တယ် ထင်ပါတယ်" သူ၏အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆို ခဲ့သည်။

အိုဘားမားရဲ့ လက်ထက်မှာ လိင်တူချစ်သူ အစိုးရ ၀န်ထမ်းတွေ အများဆုံးဖြစ်ကြောင်း ပြောကြား


အမရိကန်နိုင်ငံရေးသမိုင်းမှာ သမ္မတ Barack Obamaရဲ့ လက်ထက်မှာ လိင်တူချင်းချစ်တဲ့ သူတွေကို အစိုးရ ၀န်ထမ်းအဖြစ် ခန့်အပ်ခဲ့တာ အများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် အခြေစိုက် လိင်တူချစ်သူတွေ အခွင့်အရေးတွက် လှုပ်ရှားနေသူတွေနဲ့ အိမ်ဖြူတော်က ခန့်မှန်းချက်အရ စုစုပေါင်း လိင်တူချစ်သူဦးရေ ၁၅၀ကို သူ့ရဲ့ အစိုးရစီမံခန့်ခွဲရေး ဌာနတွေမှာ ၂၀၀၈ခုနှစ် ကတည်းက ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

သူ့ထက် နောက်ထပ် အများဆုံး ခန့်အပ်ခဲ့တဲ့ သမ္မတကတော့ Bill Clintonရဲ့ လပ်ထက်မှာ ဖြစ်ပြီး စုစုပေါင်း အယောက် ၁၄၀အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ နှစ်ယောက်စလုံးက ထူးထူးခြားခြားနဲ့ စွမ်းဆောင်ခဲ့ကြတာပါ။ “အခုလိုမျိုး ရွေးချယ် ခန့်အပ်ထားတဲ့ ကိန်းဂဏန်းတွေကို ကြည့်ချင်းအားဖြင့် မင်းဟာ ဘယ်သူဖြစ်လို့ ဘာဖြစ်လို့ ဆိုပြီး အလုပ်မခန့်တာမျိုး မဟုတ်ပဲ မင်းလုပ်နိုင်ရင် လုပ်ခွင့်ရှိတယ် ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ တန်ဖိုးကြီးတဲ့ အတွေးအခေါ်ကို ထပ်မံ အတည်ပြုလိုက်တာနဲ့ အတူတူပဲ”လို့ Human Rights Campaign အဖွဲ့က Michael Coleမှ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

အဲလို ရွေးချယ် ခန့်အပ်ထားတဲ့ အထဲမှာ လူသိများတဲ့ သူတွေကတော့ သမ္မတရဲ့ ပုဂ္ဂလိကရေးရာ စီမံခန့်ခွဲမှုရုံးရဲ့ ဒါရိုက်တာ John Berryနဲ့ စီးပွားရေး ကြော်ငြာဌာန တာဝန်ခံ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲခွဲစိတ်ထားတဲ့ Amanda Simpson တို့ပဲ ဖြစ်ပါတယ်။


အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲ စီးပွားရေး ပြဿနာ အဓိကကျ

အမေရိကန်နိုင်ငံမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ဥပဒေပြုရေးဆိုင်ရာ အစီအစဉ်တွေကို အကြီးအကျယ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရစေနိုင်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ အာဏာကို တရားမျှတအောင် ထိန်းထားတဲ့ ချိန်ခွင်လျှာကို တခြားပါတီဘက်ကို စောင်းသွားစေနိုင်တဲ့ ရွေးကောက်ပွဲ တခုကို အမေရိကန် ပြည်သူတွေ မဲဆန္ဒ ပေးခဲ့ကြပါတယ်။

ဆန္ဒမဲ စစ်တမ်းတွေရဲ့ အဆိုအရ စီးပွားရေး ကျဆင်းမှုဟာ ဒီရွေးကောက်ပွဲရဲ့ အဓိက ပြဿနာဖြစ်ပြီး အတော်များများက သမ္မတ အိုဘားမားကိုသာမက နိုင်ငံရေးပါတီ ၂ ခုစလုံးကို ဝေဖန် ပြောဆိုကြတယ်လို့ သိရပါတယ်။

အောက်လွှတ်တော်အမတ် ၄၃၅ နေရာနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၇ နေရာတို့ဟာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

နေရာဒေသ အချို့က မဲရုံတွေကို ညနေပိုင်းမှာ ပိတ်လိုက်ပြီး ဖြစ်ပေမဲ့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို သိဖို့ကတော့ ရက်အနည်းငယ် စောင့်ကြရဦးမှာ ဖြစ်ပါတယ်။


အိုစမာဘင်လာဒင်သည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ဇိမ်ကျကျ နေထိုင်လျက်ရှိသည်ဟု နေတိုးထိပ်တန်းအရာရှိတစ်ဦးက ပြောကြား

အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်သည် သူ၏လက်ထောက် အေမင်အယ်လ်ဇ၀ါဟီရီနှင့်အတူ ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ဇိမ်ကျကျ နေထိုင်လျက်ရှိကြောင်းနေတိုးအဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ နေတိုး ထိပ်တန်း အရာရှိ၏ ပြောကြားချက်အရ အိုစမာဘင်လာဒင်သည် ပါကစ္စတန် အနောက်မြောက်ပိုင်း ရှိ လျှို့ဝှက်နေအိမ် တစ်ခု၌ အလွန်သက်သောင့်သက်သာဖြင့် ဇိမ်ကျကျနေထိုင်လျက်ရှိသည်ဟု ယုံကြည်ရကြောင်းပြောကြားခဲ့သည်။ ကမ္ဘာ့အလိုအရှိဆုံး တရားခံ အိုစမာဘင်လာဒင်သည် မြေအောက်ဂူထဲတွင် ပုန်းအောင်းနေရခြင်းမျိုးမဟုတ်ဘဲ ဇိမ်ကျကျပတ်ဝန်းကျင်၌ နေထိုင်နေရသည်ဟု ဆိုသည်။ သူ့၏လက်ထောက် အေမင်အယ်လ်ဇ၀ါဟီရီသည် လည်း သီးခြားအိမ်တစ်လုံးဖြင့် ဘင်လာဒင်၏အနီး၌ နေထိုင်လျက်ရှိသည်ဟု ဆိုသည်။ ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဘင်လာဒင် အပါအ၀င် အယ်လ်ကေးဒါးခေါင်းဆောင် များကိုရှာဖွေရန်အတွက် အာဖဂန်နစ္စတန်နိုင်ငံ တိုရာဘိုရာဒေသ ကိုသာ ပစ်မှတ်ထားခဲ့သည်။ အဆိုပါဒေသတွင် တောင်တန်းများတွင်ဥမင်လိုဏ်ခေါင်းများတူးထားသော ဂူ ကွန်ရက်များရှိသည်ဟု ထင်ရှားရာ ယင်း၌အယ်လ်ကေးဒါးတို့ ပုန်းခို နေလိမ့်မည်ဟုယူဆခဲ့ကြသည်။ သို့သော် နေတိုးအရာရှိကမူ ဂူထဲတွင် ပုန်းအောင်း နေသော အယ်လ်ကေးဒါးခေါင်းဆောင် တစ်ဦးမှမရှိကြောင်းနှင့် ၄င်းတို့သည် ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း၌ ဇိမ်ကျကျ နေထိုင်နေခြင်း သာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။


ဘရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် Dilma Rousseff ရွေးချယ်တင်မြှောက်ခံရ


  • ဘရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် Dilma Rousseff ရွေးချယ်တင်မြှောက်ခံရ

    ဘရာဇေးလီးယား-October31, 2010
    ဘရာဇီးနိုင်ငံ၏ အာဏာရ အလုပ်သမားပါတီ (PT) ၏ သမ္မတလောင်း အဖြစ် ယှဉ်ပြိုင် အရွေးခံသူ Dilma Rousseff သည် အောက်တိုဘာလ (၃၁) ရက် တနင်္ဂနွေနေ့က ရွေးကောက်ပွဲအပြီးတွင် ဘရာဇီးနိုင်ငံ၏ ၄၀ဆက်မြောက် သမ္မတ အဖြစ်အရွေးခံရသလို ပထမဆုံး အမျိုးသမီး သမ္မတလည်း ဖြစ်လာခဲ့သည်။

    ရေတွက်ပြီး မဲပမာဏ ၇၆.၈၇ ရာခိုင်နှုန်းတွင် Dilma Rousseff သည် ခိုင်လုံသော ထောက်ခံမဲ ၅၃.၅၆ ရာခိုင်နှုန်းရရှိခဲ့ပြီး သူမအား ထောက်ခံအားပေးသူ ဦးရေ ၄၁.၂သန်းရှိသည်ဟု သိရသည်။ သူမ၏ ပြိုင်ဘက် သမ္မတလောင်း Jose Serra ကို လူပေါင်း ၃၅.၇သန်းက ထောက်ခံမဲ ပေးကြပြီး မဲအရေအတွက်များ၏ ၄၆.၄၄ ရခိုင်နှုန်ရှိခြင်းကြောင့် မဲအားလုံး အရေအတွက်ဖြင့် တွက်ချက်လျင်လည်း သူမ၏ ပြိုင်ဘက်များသည် သူမထက် မဲအရေအတွက် သာလွန်ဖွယ် မရှိကြောင်း သိရသည်။
    http://patheincity.com/news//HLIC/ae52737dcf1f113b3bac793dba2c0786.jpg
    Dilma Rousseff သည် ယခုကဲ့သို့ ဘာရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခြင်းသည် ယခင် အမျိုးသားများသာ ကြီးစိုးသော ကမ္ဘာ့ နိုင်ငံရေး နယ်ပယ်တွင် အမျိုးသမီး ခေါင်းဆောင်များသည် အရေးပါသော ကဏ္ဍသို့ ပိုမိုဦးဆောင် လှုပ်ရှားလာနိုင်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း သိရသည်။


နို​ဘယ်​ဆု​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​​ ​ဆု​ချီး​မြှင့်​ခံ​ရ​သည့်​​ ​အ​သက်​ ​၂၃​​ ​နှစ်​အ​ရွယ်​​ ​ဗြိ​တိန်​ကျောင်း​သူ


alt

နို​ဘယ်​ဆု​ေရွး​ချယ်​ေရး​အ​ဖွဲ့​က​​ ​ဆု​ချီး​ြမှင့်​ခံ​ရ​သည့်​​ ​အ​သက်​ ​၂၃​​ ​နှစ်​အ​ရွယ်​​ ​ြဗိ​တိန်​ေကျာင်း​သူ​ © dailymail

ဗြိ ​တိန်​နိုင်ငံ​မှ​ ​အ​သက်​ ​၂၃​ ​နှစ်​အ​ရွယ်​ ​ကျောင်း​သူ​လေး​ ​တစ်ဦး​သည်​ ​နို​ဘယ်​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​တ​ခမ်း​တ​နား​ ​ဆု​ချီး​မြှင့်​ခံ​ရ​သည့်​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​လေး​ ​ဖြစ်​လာ​ခဲ့​သည်​။

နေ​ရောင်​ခြည်​ ​စွမ်း​အင်​သုံး​ ​ရေ​ခဲ​​သေတ္တာ​ကို​ ​တီ​ထွင်​ခဲ့​သည့်​ ​အီ​မီ​လီ​ ​ကူ​မင်​သည်​ ​ယ​ခု​လို​ ​ဆု​ချီး​မြှင့်​ ​ခံ​ရ​သည့်​ ​တစ်ဦး​တည်း​သော​ ဥ​ရော​ပ​ဒေ​သ​မှ​ ​နိုင်ငံ​သား​နှင့်​ ​တစ်ဦး​တည်း​သော​ ​မိန်း​က​လေး​လည်း​ ​ဖြစ်​လာ​သည်​။ ​သူ​မ​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​တီ​ထွင်​မှု​စွမ်း​ရည်​ ​အ​ထူး​ချွန်​ဆုံး​ ​လူငယ်​ ​၁၀​ ဦး​အ​နက်​လည်း​ ​အ​မည်​ထည့်​သွင်း​ ​သတ်​မှတ်​ခံ​ခဲ့​ရ​သည်​။ ​သူ​မ၏​ ​နေ​ရောင်​ခြည်​ ​စွမ်း​အင်​သုံး​ ​ရေ​ခဲ​သေ​တ္တာ​ကို​ ​အာ​ဖ​ရိ​က​တိုက်​ကဲ့​သို့​ ​ဖွံ့​ဖြိုး​မှု​ ​နောက်​ကျ​နေ​သည့်​ ​ဒေ​သ​များ​အ​တွက်​ ​ရည်​ရွယ်​တီ​ထွင်​ထား​ခြင်း​ဖြစ်​သည်​။

လိဒ်​တ​က္က​သိုလ်​မှ​ ​ကျောင်း​သူ​တစ်ဦး​ဖြစ်​သည့်​ ​အီ​မီ​လီ​အား​ ​နော်​ဝေး​နိုင်ငံ​၊​ ​အော်​စ​လို​မြို့​ ​အ​ခြေ​စိုက်​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​အ​သိ​အ​မှတ်​ပြု​ကာ​ ​ဂုဏ်​ပြု​ဆု​ချီး​မြှင့်​ခဲ့​ခြင်း​ဖြစ်​သည်​။ ​ယ​ခု​အ​ခါ​ ​ဘွဲ့​ရ​ခဲ့​ပြီ​ဖြစ်​သော​ ​အီ​မီ​လီ​တစ်​ယောက်​ ​ကျောင်း​သူ​ဘ​ဝ​က​ ​တီ​ထွင်​ထား​သော​ ​အ​ဆို​ပါ​ ​ရေ​ခဲ​သေ​တ္တာ​သည်​ ယ​ခု​အ​ခါ​ ​န​မီး​ဘီး​ယား​၊​ ​တောင်​အာ​ဖ​ရိ​က​၊​ ​ဖမ်​ဘီ​ယာ​၊​ ​ဘော့​ဆွာ​နာ​နှင့်​ ​ဇင်​ဘာ​ဘွေ​တို့​တွင်​ ​စမ်း​သပ်​သုံး​စွဲ​နေ​နိုင်​ပြီ​ဖြစ်​သည်​။ ​ရေ​ငွေ့​ပြန်​မှု​ ​နိ​ယာ​မ​ကို​ ​အ​ခြေ​ခံ​ကာ​ ​တီ​ထွင်​ထား​သော​ ​နေ​စွမ်း​အင်​သုံး​ ​ရေ​ခဲ​သ​တ္တော​သည်​ ​နို့​၊​ ​အ​သားငါး​နှင့်​ ​ဟင်း​သီး​ဟင်း​ရွက်​များ​ကို​ ​ရက်​အ​တန်​ကြာ​ ​ထိန်း​သိမ်း​ထား​နိုင်​သည်​။ ​လျှပ်​စစ်​စွမ်း​အင်​ ​ဖြည့်​တင်း​စ​ရာ​ ​မ​လို​ပဲ​ ​အ​ပူ​ချိန်​ကို​ ​၆​ ​ဒီ​ဂ​ရီ​ ​ဆဲ​ဆီး​ရပ်​ ​ဝန်း​ကျင်​တွင်​ ​ထိန်း​သိမ်း​ထား​နိုင်​သည်​။ ​သူ​မ​သည်​ ​ရေ​ရှား​ပါး​သော​ ​ဒေ​သ​များ​တွင်​ ​ရေ​သယ်​ယူ​မှု​ ​ပို​လွယ်​ကူ​စေ​ရန်​ ​စ​နစ်​တစ်​ခု​ကို​လည်း​ ​စမ်း​သပ်​တီ​ထွင်​ပေး​ခဲ့​သေး​သည်​။

 အီ​မီ​လီ​က​ ​ကျောင်း​တွင်​ ​ဝါ​သ​နာ​အ​ရ​ ​စမ်း​သပ်​တီ​ထွင်​ခဲ့​မှု​သည်​ ​ဘ​ဝ​တစ်​ခု​လုံး​ ​အ​ပြောင်း​အ​လဲ​ ​ဖြစ်​စေ​ခဲ့​သည့်​အ​တွက်​ ​အံ့ဩ​မိ​ကြောင်း​ ဝန်​ခံ​ပြော​ကြား​သွား​သည်​။ ​သူ​မ​သည်​ ​၂၀၁၀​ ​ခု​နှစ်​အ​တွက်​ ​က​မ္ဘာ​ကြီး​အား​ ​အ​ကျိုး​ဖြစ်​ထွန်း​စေ​သူ​ ​လူငယ်​ ​၁၀​ ဦး​စာ​ရင်း​တွင်​ အ​ပါ​အ​ဝင်​အ​ဖြစ်​ ​နို​ဘယ်​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​ကြေ​ညာ​ပေး​ခဲ့​သည်​။


ရုရှားသမ္မတ၏ ပိုင်ဆိုင်မှုအငြင်းပွားကျွန်းမှ ဓာတ်ပုံများကြောင့် ဂျပန်ဒေါသထွက်

“ရုရှားပိုင်နက် ဒေသအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာ ရုရှားသမ္မတ တစ်ယောက်ရဲ့ တာဝန်ပါပဲ။ ဒီထဲမှာ အဝေးလံ၊ အသီခေါင်ဆုံး နေရာတစ်ခုဖြစ်တဲ့ ဟောဒီကျွန်းစုလည်းပါတယ်”

ရုရှားသမ္မတ၏ ပိုင်ဆိုင်မှုအငြင်းပွားကျွန်းမှ ဓာတ်ပုံများကြောင့် ဂျပန်ဒေါသထွက်

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေသည့်ကျွန်းသို့ သွားရောက်လည်ပတ်ရင်း ရိုက်ကူးလာသည့်ပုံကို ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်က Twitterတွင် လွှင့်တင်ခဲ့ရာ ဂျပန်အတွက် ဒေါသထွက်စရာ ဖြစ်နေကြောင်း သိရသည်။ မက်ဗီဒက်ဗ်သည် နိုဝင်ဘာ (၁)ရက်နေ့က ကူရီလ်ကျွန်းစု ဒေသသို့ သွားရောက်ခဲ့ခြင်းသည် ယင်းကျွန်းမှာ ရုရှားပိုင်ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာလိုသော လုပ်ရပ်မျိုး ဖြစ်နေရာ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ချက်ချင်းကန့်ကွက်ခဲ့သည်။ “ရုရှားပိုင်နက် ဒေသအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာ ရုရှားသမ္မတ တစ်ယောက်ရဲ့ တာဝန်ပါပဲ။ ဒီထဲမှာ အဝေးလံ၊ အသီခေါင်ဆုံး နေရာတစ်ခုဖြစ်တဲ့ ဟောဒီကျွန်းစုလည်းပါတယ်”ဟု မက်ဗီဒက်ဗ်က Twitterတွင် ရေးထားသည့် ဓာတ်ပုံများအောက်တွင် စာရေးထားခဲ့သည်။



ထို့အပြင် “ကူရီလ်ကျွန်းစုကို ဒါပထမဆုံး ရောက်ဖူးတာပဲ။ ဒေသခံတွေနဲ့ စကားပြောခဲ့သလို မြေအောက်အပူဓာတ်ကနေ စွမ်းအင်ထုတ်တဲ့ စက်ရုံကိုလည်း သွားလည်ခဲ့သေးတယ်”ဟုလည်း မက်ဗီဒက်ဗ်ကရေးထားသည်။ ၎င်းသည် ဆိုဗီယက် ယူနီယံခေတ်နှင့် ရုရှားနိုင်ငံအဖြစ် ပြောင်းလဲဖွဲ့စည်းသော ကာလများတလျှောက် ကူရီလ်ကျွန်းစုသို့ ပထမဆုံး သွားရောက်လည်ပတ်သော သမ္မတ ဖြစ်လာခဲ့သည်။ ဂျပန်တွင် အဆိုပါ ကျွန်းစုကို မြောက်ပိုင်းနယ်မြေကျွန်းစုဟု ခေါ်ဝေါ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရှီဂျီမီဟာရာက မက်ဗီဒက်ဗ်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ရုရှားနိုင်ငံအား သံတမန်နည်းအရ ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။ အဆိုပါ ကျွန်းစုဒေသကို (၁၉၄၅)ခုနှစ်၊ ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလတွင် ဆိုဗီယက်တပ်များက သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိတွင် ရုရှားအချုပ်အခြာအာဏာအောက်၌ ရှိနေသည်။ ဂျပန်နှင့် ရုရှားတို့သည် ထိုကျွန်းစု ပြဿနာကြောင့် နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးကတည်းက ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ကိစ္စမှာ ယခုအချိန်ထိ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း သိရသည်။

Source: XinhuaNet


ချေချင်းညာပါလီမန် အကြမ်းဖက်တိုက်ခိုက်မှု ၇ ဦးသေဆုံး

ချေချင်းညာသည် မွတ်ဆလင် အများစု နေထိုင်ရာ ဒေသဖြစ်ပြီး ရုရှားနိုင်ငံမှ ခွဲထွက်နိုင်ရေး အစဉ်တစိုက် ကြိုးပမ်းနေသည့် လက်နက်ကိုင် စစ်သွေးကြွများ အင်အားကြီးကြီးမားမား ရှိနေဆဲ

ချေချင်းညာပါလီမန် အကြမ်းဖက်တိုက်ခိုက်မှု ၇ ဦးသေဆုံး

ရုရှားနိုင်ငံ၊ ချေချင်းညာဒေသရှိ ပါလီမန်ကို အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ လူ(၇)ဦး သေဆုံးသွားကြောင်း သိရသည်။ ရုရှားသတင်းဌာနများက အောက်တိုဘာ (၁၉)ရက်နေ့ နံနက်ပိုင်းက (၃)ဦးမှ (၆)ဦးထိ အရေအတွက်ရှိနိုင်သော လက်နက်ကိုင် စစ်သွေးကြွများက ဂရော့ဇနီရှိ ပါလီမန် အဆောက်အအုံအတွင်း ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ ယင်းတို့သည် ရုံးတက်ရန် ရောက်လာသည့် ဒေသဆိုင်ရာ အမတ်များနှင့် ၎င်းတို့၏ကားများကို ရောနှောကာ ပါလီမန်အတွင်း ၀င်ရောက်ခဲ့ကြသည်။ တိုက်ခိုက်ရေးသမား တစ်ဦးသည် အဆောက်အအုံ ပြင်ပတွင် မိမိကိုယ်ကိုယ် အသေခံဗုံးခွဲလိုက်ပြီး ကျန်တစ်ဦးကမူ ပါလီမန်ထဲ ၀င်ရောက်ပြီးချိန်တွင် ဖောက်ခွဲပစ်လိုက်ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

Chechenya

ကျန်အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းနိုင်ခြင်း မရှိသေးမီ အချိန်အတွင်း ပါလီမန် စတုတ္ထထပ်အထိ အင်နှင့်အားနှင့် ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ယခုဖြစ်စဉ်သည် မော်စကိုရှိ ဗဟိုအစိုးရအား လိုလားသည့် ရမ်ဇန်ကာဒီရော့ဗ်၏ ဦးဆောင်မှုကို ဆန့်ကျင်သည့် အစွန်းရောက်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း ယူဆရသော်လည်း မည်သည့်အဖွဲ့အစည်းကမျှ ထိုကိစ္စအတွက် တာဝန်ရှိကြောင်း မကြေညာသေးချေ။ RIA-Novosti သတင်းအေဂျင်စီက ချေချင်းညာသို့ ရုရှားပြည်ထဲရေးဝန်ကြီး ရာရှစ်နာဂလီယက်ဗ် တရားဝင် လာရောက်လည်ပတ်နေသည့် အချိန်တွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

Chechenya

ယခုအကြမ်းဖက်မှုအတွင်း လုံခြုံရေးဝန်ထမ်းနှင့် ပါလီမန်မှ ၀န်ထမ်းများ သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်လခန့်ကလည်း ကာဒီရော့ဗ်၏ မွေးရပ်ဇာတိ ကျေးရွာလေး ဆန်ထရွိုင်တွင် အသေခံ ဗုံးခွဲမှုတစ်ခု ပြုလုပ်ခဲ့ရာ လူ(၁၀)ဦး သေဆုံးခဲ့သေးသည်။ ကာဒီရော့ဗ်သည် ချေချင်းညာရှိ မွတ်ဆလင် ခွဲထွက်ရေးတပ်ဖွဲ့များအား မထောက်ခံကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ရာ ယင်းအတွက် စစ်သွေးကြွများက ရန်သူတော်နံပါတ်တစ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ချေချင်းညာတွင် ကြမ်းတမ်းသော စစ်ပွဲနှစ်ခု ဆင်နွှဲခဲ့ရသလို လူပေါင်းနှစ်သိန်းကျော် သေဆုံးခဲ့ရခြင်းအား ကြုံတွေ့ထားသည့် ရုရှားအစိုးရက ကာဒီရော့ဗ်၏ ချေချင်းညာ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများအား ထောက်ခံကြောင်း ကြေညာထားသည့်တိုင် Plan B မရှိသော ကာဒီရော့ဗ်၏ လုပ်ဆောင်ချက်များအတွက် သတိကြီးစွာ စောင့်ကြည့်နေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။ ချေချင်းညာသည် မွတ်ဆလင် အများစု နေထိုင်ရာ ဒေသဖြစ်ပြီး ရုရှားနိုင်ငံမှ ခွဲထွက်နိုင်ရေး အစဉ်တစိုက် ကြိုးပမ်းနေသည့် လက်နက်ကိုင် စစ်သွေးကြွများ အင်အားကြီးကြီးမားမား ရှိနေဆဲဟု သတင်းများက ဖော်ပြခဲ့သည်။

Source: csmonitor


အင်ဒိုနီးရှား အိမ်အကူကို မလေးရှားအိမ်ရှင် နှိပ်စက်ခြင်းကြောင့် နိုင်ငံသားများ ဆန္ဒပြ

Indonesia Protesters

        အင်ဒိုနီးရှား အိမ်အကူကို မလေးရှားအိမ်ရှင် နှိပ်စက်မှုကြောင့် နိုင်ငံသားများ ဒေါသဖြစ်ပြီး မလေးရှား အလုပ်ရှင်များ၏ နှိပ်စက်မှုကို ရှုံ့ချရန်အတွက် ဂျကာတာရှိ မလေးရှားသံ အမတ်ကြီး အိမ်အပြင်ဘက်လမ်းတွင် လူ ၅၀၀ နီးပါး မော်တော်ဆိုင်ကယ် များဖြင့် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

       မလေးရှားနိုင်ငံတွင် အိမ်အကူ လုပ်နေသော အင်ဒိုနီးရှားနိုင်ငံသူကို အိမ်ရှင် လင်မယားက နှိပ်စက်ခြင်း၊ အိမ်ရှင် အမျိုးသားက ကြိမ်ဖန်များစွာ စော်ကားခဲ့ခြင်းကြောင့် အင်ဒိုနီးရှား နိုင်ငံသားများက မလေးရှားသံ အမတ်ကြီး ၏ နေအိမ်ကို ဆန္ဒပြခဲ့ပြီး နှစ်ရက်အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

        ဆန္ဒပြသူများသည် ဈေးဝယ်စင်တာ အနီးတွင်လည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး တွေ့သမျှ မလေးနိုင်ငံသားများကို နိုင်ငံအတွင်းမှ ထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

        ''မလေးရှား သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှစ်ရက်အတွင်း ထွက်ခွာစေလိုပါတယ်။တကယ်လို့ သူမသွားဘူးဆိုရင် သူ့အိမ်ထဲက ရှိသမျှ ဟာတွေကို အကုန်ဖယ်ပစ်မယ်။မလေးရှားနိုင်ငံသားတွေ တကယ်ပဲ ထွက်ခွာသင့်ပါပြီ။ကျွန်တော်တို့နိုင်ငံက အိမ်အကူတွေကို မလေးအိမ်ရှင်တွေ စော်ကားတာ၊ နှိပ်စက်တာတွေ တဖန် ပြန်ဖြစ်လာပါပြီ။ကျွန်တော်တို့မှာ သည်းခံနိုင်စွမ်း မရှိတော့ပါဘူး''ဟု Bendera အမျိုးသားလူငယ်အဖွဲ့မှ Mustar Bonaventura က ပြောကြားခဲ့သည်။ဆန္ဒပြမှုကို စီစဉ်သူက မလေးရှားသံရုံးနှင့် ဈေးဝယ်လာသည့် မလေးရှား နိုင်ငံသားများကို ပစ်မှတ်ထားပြီး ဆန္ဒပြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။မလေးရှားနိုင်ငံသို့ အင်ဒိုနီးရှား အိမ်အကူများစွာ သွားရောက် လုပ်ကိုင်နေရာ အနည်းဆုံး လုပ် ခညှိနှိုင်း မရရှိခြင်းကြောင့် မလေးရှား နိုင်ငံသို့ အင်ဒိုနီးရှား အိမ်အကူများ စေလွှတ်မှုကို ပြီးခဲ့သည့် ဇွန်လက ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။

က​မ္ဘာ့​စံ​ချိန်​တင်​​ ​အ​သက်​အငယ်​ဆုံး​​ ​စေ့​စပ်​ကြောင်းလမ်း​သည့်​​ ​ဆီး​ရီး​ယား​စုံ​တွဲ


alt

ဆီး ​ရီး​ယား​မှ​​ ​စေ့​စပ်​ကြောင်း​လမ်း​ခဲ့​သော​​ ​စုံ​တွဲ​အား​ ​က​မ္ဘာ့​စံ​ချိန်​တင်​​ ​အ​သက်​အငယ်​ဆုံး​ ​စေ့​စပ်​သူ​များ​အ​ဖြစ်​ပင်​​ ​သတ်​မှတ်​နိုင်​မည်​ဖြစ်​သည်​။

 သ​တို့​သား​သည်​ ​အ​သက်​ ​၅​ ​နှစ်​ရှိ​ပြီ​ဖြစ်​ပြီး​ ​သ​တို့​သ​မီး​မှာ​ ​၃​ ​နှစ်​သ​မီး​ဖြစ်​ရာ​ ​နှစ်ဦး​ပေါင်း​အ​သက်​မှာ​ ​လက်​ဆယ်​ချောင်း​စာ​ပင်​ ​မ​ပြည့်​သေး​ချေ​။ ​သ​တို့​သား​ ခါ​လစ်​နှင့်​ ​သ​တို့​သ​မီး​ဖြစ်​သူ​ ဟယ်​လာ​တို့​ကို​ ​မိ​ဘ​များ​က​ ​သ​ဘော​တူ​ ​စေ့​စပ်​ပေး​ခဲ့​ပြီး​ ​စေ့​စပ်​လက်​စွပ်​များ​ကို​လည်း​ ​ဝယ်​ယူ​ဆင်​မြန်း​ပေး​ခဲ့​သည်​။ ​နှစ်​ဖက်​မိ​ဘ​များ​က​ ​ခါ​လစ်​နှင့်​ ဟယ်​လာ​တို့​ ​အ​ရွယ်​ရောက်​လာ​လျင်​ ​လက်​ထပ်​ပေး​ရန်​ ​သ​ဘော​တူ​ညီ​ထား​ကြောင်း​ ​သိ​ရ​သည်​။

ကျောင်း​နေ​အ​ရွယ်​ပင်​ ​မ​ရောက်​သေး​သော​ ​က​လေး​များ​ကို​ ​စေ့​စပ်​ပေး​ခဲ့​ခြင်း​သည်​ ​ယင်း​တို့​နှစ်ဦး​၏​ ​စိတ်​ဆ​န္ဒ​ကြောင့်​သာ​ဖြစ်​ကြောင်း​ ​မိ​ဘ​များ​က​ ​ပြော​ဆို​ခဲ့​သော်​လည်း​ ​နောက်​ထပ်​ ​၁၀​ ​နှစ်​ထိ​ ​လက်​ထပ်​ပေးဦး​မည်​ ​မ​ဟုတ်​ဟု​ဆို​သည်​။ ​အ​နာ​ဂတ်​တွင်​ ​က​လေး​များ​ ​စိတ်​ပြောင်း​သွား​နိုင်​သည်​ကို​ ​စဉ်း​စား​မိ​ကြောင်း​၊​ ​သို့​သော်​လည်း​ ​လက်​ရှိ​တွင်​ ​က​လေး​နှစ်ဦး​လုံး​ ​ပျော်​ရွှင်​နေ​ပြီး​ ​ယင်း​အ​တွက်​လည်း​ ​ကျေ​နပ်​ကြောင်း​၊​ ​ခါ​လစ်​အ​နေ​နှင့်​ ​အ​သက်​ ​၁၅​ ​နှစ်​ ​ပြည့်​သည်​အ​ထိ​ ​ဟယ်​လာ​အား​ ​လက်​ထပ်​ခွင့်​ ​ရဦး​မည်​မ​ဟုတ်​ကြောင်း​ ​ခါ​လစ်​၏​ ​ဖ​ခင်​ဖြစ်​သူ​ ​ဂျူး​မား​က​ Gulf​​ သ​တင်း​ဌာ​န​သို့​ ​ပြော​ကြား​သွား​သည်​။ လက်​တာ​က​လာ​တွင်​ ​နေ​ထိုင်​သော​ ​ခါ​လစ်​တို့​ ​မိ​သား​စု​သည်​ ​စေ့​စပ်​ပွဲ​အ​တွက်​ ​ဟယ်​လာ​နေ​ထိုင်​ရာ​ ​ဒ​မတ်​စ​ကက်​ ​မြို့​တော်​သို့​ ​တက်​လာ​ခဲ့​ပြီး​နောက်​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​ကျင်း​ပ​သည့်​ ​အ​ခမ်း​အ​နား​အ​ပြီး​တွင်​ ​နေရပ်​သို့​ ​ပြန်​သွား​ကြောင်း​ ​သိ​ရ​သည်​။

နိုင်ငံ​တ​ကာ​ ​လူ့​အ​ခွင့်​အ​ရေး​ ​အ​ဖွဲ့​အ​ချို့​က​ ​အ​သက်​ ​၁၅​ ​နှစ်​အ​ရွယ်​တွင်​ ​လက်​ထပ်​ရန်​ ​စီ​စဉ်​ခြင်း​သည်​ ​လူ့​အ​ခွင့်​အ​ရေး​ ​ဖောက်​ဖျက်​မှု​ ​တစ်​ခု​အ​ဖြစ်​ ​စွပ်​စွဲ​ထား​ကြ​သည်​။ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​တ​ရား​ဝင်​ ​သတ်​မှတ်​ချက်​အ​ရ​ အမျိုး​သား​ရော​၊​ ​အ​မျိုး​သ​မီး​ပါ​ ​အ​သက်​ ​၁၇​ ​နှစ်​မ​ပြည့်​မီ​ ​မ​င်္ဂလာ​မ​ဆောင်​သင့်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။


ကျွန်မရဲ့ အလုပ်ရှင်က ကျွန်မရဲ့ ကာမကို ရယူချင်နေပါတယ်။ သဘောမတူမိလို့ ကျွန်မ အလုပ်ပြုတ်မှာလည်း ကြောက်နေရပါတယ်။

 အလုပ်ရှင်က ကျွန်မရဲ့ ကာမကို ရယူဖို့ ကြိုးပန်းနေခြင်းနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်ရှောင်တိမ်း နေရပါတယ်။ အခုလို ရှောင်တိမ်းနေလို့ အလုပ်ဖြုတ်ခံရမှာကိုလည်း ကျွန်မ စိုးရိမ်နေရပါတယ်။ ကျွန်မဟာ အသက် ၁၉ နှစ် ရှိပြီးတော့ လုပ်သက် တစ်နှစ် ရရှိထားတဲ့ ၀န်ထမ်းမလေး ဖြစ်ပါတယ်။ ကျွန်မရဲ့ ချစ်သူနဲ့ ကျွန်မတို့တွေဟာ အချိန်ကာလ တစ်ခုအထိ ငွေစုဆောင်းပြီးတာနဲ့ အတူတကွ အလုပ်လုပ်နိုင်တဲ့ အလုပ်ကလေး တစ်ခုကို ထူထောင်ကြတော့မှာ ဖြစ်ပါတယ်။
 
 လက်ရှိ လုပ်နေတဲ့ အလုပ်ကိုလည်း ကျွန်မ အလွန်နှစ်သက်သလို အလုပ်ရှင်ကလည်း အလုပ်သမားတွေအပေါ် ကောင်းမွန်စွာ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။ အလုပ်ရှင်က ကြည့်ကောင်းတဲ့ အမျိုးသားတစ်ဦး ဖြစ်ပြီးတော့ အလုပ်ထဲက မိန်းကလေး တော်တော်များများကလည်း သူနဲ့အတူ ရင်းနှီုးကျွမ်းဝင် ကာမ စပ်ယှက်ချင်သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အလုပ်ရှင်ရဲ့ အာရုံစိုက်မှုကတော့ ကျွန်မ တစ်ယောက်ထဲကိုဘဲ ဆန္ဒရှိနေခဲ့ပါတယ်။ နေ့တိုင်း အကြောင်း တစ်မျိုးမျိုးနဲ့ သူ့အနားကို ရောက်ရှိလာနေစေနိုင်တဲ့ ကော်ဖီယူခိုင်းတာမျိုး ရုံးခန်းထဲမှာ နှစ်ယောက်ထဲ အတူရှိနေတဲ့ အခြေအနေမျိုးဖြစ်အောင် မကြာခဏ ဖန်တီးပါတယ်။
 
 ကျွန်မရဲ့ ချစ်သူကို အလွန်ချစ်ပါတယ်။ သူ့ကို သစ္စာဖေါက်ဖို့ ဆိုတာ အိပ်မက်တောင် မမက်မိပါဘူး။ ကျွန်မရဲ့ အလုပ်ရှင်ကိုလည်း ကျွန်မချစ်သူကို ကျွန်မ ဘယ်လောက်ချစ်ကြောင်း နောက် ၂ နှစ်အကြာမှာ အတူတကွ လက်ထပ်ပြီး နေထိုင်တော့မှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒီလိုပြောတဲ့ အခါ အလုပ်ရှင်က ရယ်မောရုံ သက်သက်နဲ့ ဘာမှ အသိအမှတ်မပြုခဲ့ပါဘူး။
 
 သူအရေးမစိုက်တာကိုတော့ ကျွန်မက ဂရုမစိုက်ပါဘူး။ ဒါပေမယ့် သူဆန္ဒကိုတော့ လိုက်လျောပေးဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ အကြိမ်တိုင်းမှာလည်း ကျွန်မ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။ ပထမတစ်ကြိမ်တုန်းက မလိုက်လျောနိုင်ကြောင်း ကျွန်မရဲ့ ငြင်းဆန်ချက်ကို သူက ရပါတယ် လို့ တုန့်ပြန်ခဲ့ပေမယ့် လွန်ခဲ့တဲ့ အပတ်က စပြီးတော့ သူ့ကို ကြည့်ရတာ ကျွန်မ ငြင်းဆန်မှုနဲ့ ပတ်သက်ပြီး အလွန်စိတ်ဆိုးလာတဲ့ပုံစံ ပေါ်လာပါတယ်။ ကျွန်မကို အလုပ်ထုတ်ပစ်ဖို့အတွက် အကြောင်းအရင်းတွေလဲ အပြစ်ရှာလာပါတယ်။ ကျွန်မ အလုပ်တည်မြဲရေး အတွက် သူ့အလိုကို လိုက်လျောရမလား၊ ဘာလုပ်ရမလဲ ဆိုတာကို မသိတော့ပါဘူး။ ကျွန်မဟာ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်သူ ဆိုတာ သေချာပါတယ်။
 
 ပြန်လည် ဖြေကြားခြင်း။  
 ခင်ဗျားရဲ့ အလုပ်ရှင်ဟာ အခုဆိုရင် သဘောပေါက် နားလည်ပြီး ရှက်ရမ်းရမ်းနေခြင်း သက်သက်သာ ဖြစ်ပြီး သူတည်ငြိမ်သွားတဲ့ အချိန်မှာ သူ့ရဲ့ မသင့်တော်တဲ့ လုပ်ဆောင်မှုကို နားလည် သဘောပေါက်ရင်းလက်လျော့ သွားပါလိမ့်မယ်။ ခင်ဗျားရဲ့ ရပ်တည်ချက်ကိုသာ မယိမ်းယိုင်အောင် ခိုင်ခိုင်မာမာ ရပ်တည်ထားပြီး သူ့ကို လုံးဝ အခွင့်အရေး မပေးမိပါစေနဲ့။ ဒါဆိုရင် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဟာ သီးခြားစီ ဖြစ်တယ်ဆိုတာကို ခင်ဗျားရဲ့ အလုပ်ရှင် သဘောပေါက် နားလည် လာပါလိမ့်မယ်။

ဒီမတိုင်ခင် အချိန်မှာတော့ ခင်ဗျားရဲ့ အလုပ်ကို ဂရုတစိုက် အာရုံစိုက်ပြီးသာ ကြိုးစားပါ။ အထူးသဖြင့် အမှား မကျူးလွန်မိအောင် ပိုမိုဂရုစိုက်ပေးပါ။ အကယ်၍ သူ့ရဲ့ ကမ်းလှမ်းချက်အပေါ် အနည်းငယ် ယိမ်းယိုင်တာများ တွေ့မြင်ခဲ့မယ်ဆိုရင် သူဟာ ရုပ်ဆိုး အကျည်းတန်လောက်အောင် ရှေ့ဆက် တိုးလာပါလိမ့်မယ်။



လူနာအမျိုးသမီးအး လိင်ဆက်ဆံရန် တောင်းဆို​ ခဲ့သည့် ဗြိတိန်ဆရာဝန်


alt

ဗြိ ​တိန်​နိုင်ငံ​မှ​​ ​သွား​ဆ​ရာ​ဝန်​ ​တစ်ဦး​သည်​​ ​အ​မျိုး​သ​မီး​ ​လူ​နာ​တစ်ဦး​အား​​ ​လိင်​ဆက်​ဆံ​ရန်​ ​တောင်း​ဆို​ခဲ့​မှု​အ​တွက်​​ ​အ​ပြစ်​ရှိ​သည်​ကို​ ​အ​ထင်​အ​ရှား​​ ​တွေ့​ရှိ​ခဲ့​ကြောင်း​​ ​သိ​ရ​သ​ည်​။

 က​လေး​ ​၅​ ဦး​၏​ ​မိ​ခင်​ဖြစ်​သူ​ ​ကာ​မီ​လာ​ကော့​တ​နေး​အား​ ​ဒေါက်​တာ​ ​မီ​လန်​ရှား​က​ ​ယ​ခု​လို​ ​တောင်း​ဆို​ခဲ့​ခြင်း​ဖြစ်​သည်​။ ၎င်း​က​ ​ကာ​မီ​လာ​​ရော​ ​မိ​မိ​ပါ​ ​အ​ဖော်​မဲ့​နေ​သူ​များ​ ​ဖြစ်​သော​ကြောင့်​ ​အ​တူ​တွဲ​ ​ပျော်​ပါး​ရန်​ ​တောင်း​ဆို​ခဲ့​ပြီး​ ​အ​ပြန်​အ​လှန်​အား​ဖြင့်​ ​ကာ​မီ​လာ​က​ ​သွား​ဖက်​ဆိုင်​ရာ​ ​ကု​သ​မှု​ ​ခံ​ယူ​ပါ​က​ Discount​ပေး​မည်​ဟု​ ​ကမ်း​လှမ်း​ခဲ့​ခြင်း​ဖြစ်​သည်​။

 ကာ​မီ​လာ​၏​ ​ခင်​ပွန်း​သည်​မှာ​ ​နှစ်​ရှည်​လ​များ​ ​ပန်း​နာ​ရော​ဂါ​ ​ခံ​စား​နေ​ရ​ပြီး​ ဦး​နှောက်​ကို​ ​ထိ​ခိုက်​မှု​များ​ ​ဖြစ်​ပေါ်​နေ​သည်​။ ​ကာ​မီလာ​က​ ​ထို​ကိ​စ္စ​အား​ ​ရဲ​တိုင်​ခဲ့​သည့်​အ​ခါ​ ​ရဲ​များ​က​ ​ယင်း​အ​တွက်​ ​သက်​သေ​မ​ရှိ​ဘဲ​ ​စွဲ​ချက်​မ​တင်​နိုင်​ကြောင်း​၊​ ​နောက်​တစ်​ကြိမ်​ ​ကမ်း​လှမ်း​ပါ​က​ ​ဖုန်း​ပြော​သည့်​ ​အ​သံ​ကို​ ​မှတ်​တ​မ်း​တင်​ထား​သင့်​ကြောင်း​ ​အ​ကြံ​ပြု​ခဲ့​သည်​။ ​ထို​အ​တိုင်း​ ​ပြု​လုပ်​ပြီး​နောက်​ ​အ​သံ​သွင်း​ထား​သည့်​ ​တိပ်​ခွေ​ကို​ ​ပြီး​ခဲ့​သည့်​လ​က​ ​ဗြိ​တိန်​ ​သွား​ဖက်​ဆိုင်​ရာ​ ​ဆ​ရာ​ဝန်​များ​ ​ကောင်​စီ​တွင်​ ​လက်​ခံ​ကြား​နာ​ကာ​ ​ကျင့်​ဝတ်​နှင့်​ ​မ​လျော်​ညီ​သည့်​ ​အ​သက်​ ​၄၃​ ​နှစ်​အ​ရွယ်​ ​သွား​ဆ​ရာ​ဝန်​အား​ ​ဆေး​ကု​သ​ခွင့်​ ​ပိတ်​ပင်​ခဲ့​သည်​။

အ​နောက်​မြောက်​ပိုင်း​ ​လန်​ဒန်​တွင်​ ​နေ​ထိုင်​သူ​ ​ဒေါက်​တာ​မီ​လန်​သည်​ ​၂၈​ ​ရက်​အ​တွင်း​ ​အ​ယူ​ခံ​ဝင်​ခွင့်​ ​ရ​ထား​ကြောင်း​လည်း​ ​သိ​ရ​သည်​။

တိရိစ္ဆာန် မြည်းမလေးကို ကာမဆက်ဆံခဲ့သူအား သတ်ဖြတ်မှုဖြင့် ပေါ်တူဂီ လယ်သမားတစ်ဦးအရေးယူ ခံရခြင်း

လယ်သမားတစ်ဦးဖြစ်ပြီး အသက် ၅၅ နှစ်ရှိ ဂျိုးစ်သည် သူအလွန်နှစ်သက်သည့် မြည်းမလေးကို ကာမဆက်ဆံခဲ့သူ တစ်ဦးအား သတ်ဖြတ်မှုဖြင့် အရေးယူခြင်း ခံခဲ့ရသည်။

ရဲမှူး၏ ပြောကြားချက်များအရ ဂျိုးစ်၏ တန်ဖိုးကြီး ယူဆို ဆိုသည့်မြည်းမလေးအား ကာမစိတ်ဖေါက်ပြန်နေသူ ဂျာမိန်း အသက် ၆၈ နှစ်အား မြည်းမလေးနှင့် ကာမ ဆက်ယှက်နေစဉ် တွေ့ရှိသွားခဲ့ပြီး လည်ပင်းကို မုတ်ဆိတ်ရိတ် သင်တုံးဓါးဖြင့် လှီးပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် သေဆုံးသူကို သွေးပြည့်နေသော ရေအိုင်ငယ်အတွင်း အမျိုးသမီးဝတ် အတွင်းခံများ ၀တ်ဆင်လျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

သေဆုံးသူ ဂျာမိန်းအား ရွာခံများက တိရိစ္ဆာန်များနှင့် ကာမဆက်ဆံလေ့ ရှိသူဟု နာမည်ပြောင်ခေါ်ဝေါ်လေ့ ရှိပြီး လွန်ခဲ့သော ၁၂ နှစ်ကတည်းက နာမည်အရင်းပျောက်၍ အမည်ဆိုး တွင်သည်အထိ တိရိစ္ဆာန်များနှင့် လိင်ဖေါက်ပြန်လေ့ရှိသောကြောင့် ပေါ်တူဂီ နိုင်ငံ ဘရုကာဘဲလား ရွာလေးမှ ပြောင်းရွှေ့သွားခဲ့ရသူ ဖြစ်သည်။

မကြာသေးမီကပင် ၄င်းရွာလေးသို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီး နေအိမ်ဟောင်းတွင် ပြန်လည် နေထိုင်စဉ် ရွာခံများက ကြက်မများကိုပင် ချမ်းသာမပေးသူဟု ၀ိုင်းဝန်း စွပ်စွဲ ပြောဆိုခဲ့ကြသည်။

ဒေသအကြီးအကဲက သေဆုံးမှုနှင့် ပတ်သက်ပြီး အလွန်ဝမ်းနည်းစရာနှင့် နောင်တကြီးစွာ ရသင့်သော ဖြစ်ရပ်တစ်ခုအဖြစ် ပြောကြားခဲ့သည့်အပြင် တိရိစ္ဆာန်မှ လွဲ၍ အခြားပတ်သက်စရာများ ရှိပါသေးလျက် ယခုကဲ့သို့ ဖြစ်ရခြင်းအပေါ် နားမလည်နိုင်အောင် ဖြစ်ရကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။

လူသတ်မှု ကျူးလွန်ခဲ့သူ ဂျိုးစ်သည် လူသတ်မှု မတိုင်မီကပင် ဂျာမိန်းအနေဖြင့် တိရိစ္ဆာန်များကို ထိုသို့ ထပ်မံ ပြုမူပါက အသေသတ်မည်ဟု ကြိမ်းမောင်းနေသူ တစ်ဦးလည်း ဖြစ်သည်။

အမျိုးသမီးများ၏ ဦနှောက်တွင် ရှိနေသော Libido အလိုက် လိင်မှုကိစ္စထက်သန်မှုကွာခြား


alt

အမျိုးသမီးများ၏ ဦးနှောက်တွင် ရှိနေသော Libido​ ခေါ် ကာမဆန္ဒ အရည်အသွေးကို ကွာခြားပြီး လိင်မှုကိစ္စတွင် အမျိုးသမီးများ၏ စိတ်အား ထက်သန်မှု မတူညီ နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြား လိုက်သည်။

အိမ်ထောင်ရေး သာယာမှုတွင် မကြာခဏ အငြင်းပွား စရာများ ဖြစ်ပေါ် စေသည့် အမျိုးသမီးများ၏ စိတ် ထက်သန်မှု လျော့နည်းခြင်း နှင့် ပတ်သက်ပြီး ဒက်ထရွိုက်ရှိ ဝိန်း အစိုးရ တက္ကသိုလ်တွင် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သာမန်အားဖြင့် လိင်နှင့် ဆိုင်သော ပတ်ဝန်းကျင် စေ့ဆော်မှုကို ခံရပါက အမျိုးသမီးများ၏ ခန္ဓာကိုယ် အတွင်း သွေးလှည့်ပတ်မှု မြန်ဆန်လာပြီး စိတ်ပိုင်း ဆိုင်ရာ ထက်သန် လာလေ့ ရှိသော်လည်း ဦးနှောက်တွင် Libido ပမာဏ နည်းပါးသည့် အမျိုးသမီးများကမူ ထိုသို့သော သက်ရောက်မှုမျိုး မရှိ နိုင်ဟုဆိုသည်။

ထိုအခြေအနေသည် ပင်ပန်းနေသည်၊ စိတ်မပါဟူသော အကြောင်းပြချက်များဖြင့် ခင်ပွန်းသည်၊ လက်တွဲဖော်၏ ဆန္ဒကို ငြင်းဆန်စေလေ့ရှိကြောင်း သုတေသီ တစ်ဦးဖြစ်သည် ဒေါက်တာ မစ်ကယ်ဒေမွန်က ရှင်းလင်းပြောကြားခဲ့သည်။ ယင်းက Libido ပမာဏ အနည်းအများသည် ရူပဖြစ်စဉ် တစ်ခုသာဖြစ်ပြီး အမျိုးသမီးသုံး ဗီယာဂရာကဲ့သို့ ဆေးဝါးများ သုံးစွဲခြင်းဖြင့် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ကြောင်း ပြောကြားသွားသည်။

ဗြိ​တိန်​စား​သောက်​ဆိုင်​တွင်​​ ​အ​ချစ်​ကြမ်း​နေ​သည့်​​ ​စုံ​တွဲ​အား​​ လူ​အ​များ​​ ​စု​ရုံး​ကြည့်​ရှု


alt

အ​ချစ်​ကြမ်း​နေ​သည့်​​ ​စုံ​တွဲ​​ © thesun

ဗြိ ​တိန်​နိုင်ငံ​ရှိ​​ စား​သောက်​ဆိုင်​ ​တစ်​ခု​တွင်​ ​အ​ချစ်​ကြမ်း​နေ​သော​ ​စုံ​တွဲ​ကြောင့်​ ​လူ​အ​များ​ ​ပွဲ​ကျ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။ ​ပီ​ဇာ​ဆိုင်​တစ်​ခု​အ​တွင်း​ ​ည​ကြီး​မင်း​ကြီး​ ​လိင်​ဆက်​ဆံ​နေ​သော​ ​စုံ​တွဲ​မှာ​ ​ယင်း​တို့​ကို​ ​အ​ပြင်​မှ​ ​လုံး​ဝ​မ​မြင်​နိုင်​ဟု​ ​ထင်​မှတ်​ခဲ့​ကြ​သည်​။

သို့​သော်​လည်း​ ​တစ်​ဖက်​ပိတ်​ ​မှန်​အ​တွင်း​ ​ဖြစ်​ချင်​တိုင်း​ ​ဖြစ်​နေ​သော​ ​စုံ​တွဲ​ကို​ ​လမ်း​သွား​လမ်း​လာ​ ​မြောက်​မြား​စွာ​က​ ​တွေ့​မြင်​ခဲ့​ပြီး​နောက်​ ​ဓာတ်​ပုံ​များ​ပါ​ ​ရိုက်​ယူ​နေ​ကြ​သည်​။ ​အ​များ​စု​က​မူ​ ​သ​ဘော​ကျ​စွာ​ ​ရယ်​မော​နေ​ခဲ့​ကြ​သည်​။ ​မန်​ချက်​စ​တာ​ ​မြို့​တွင်​ ​ဖြစ်​ပျက်​ခဲ့​သည်​ကို​ ​ကိုယ်​တိုင်​ကြုံ​ခဲ့​သူ​ ​တစ်ဦး​က​ ​ထို​စုံ​တွဲ​ ​နမ်း​ရှုပ်​နေ​သည်​ကို​ ​မြင်​ခဲ့​သေး​ကြောင်း​၊​ ​နောက်​ပိုင်း​တွင်​ ​အ​ခြေ​အ​နေ​ ​ပို​ကြမ်း​လာ​ကြောင်း​ The​ Sun​ ​သ​တင်း​စာ​သို့​ ​ပြော​ကြား​ခဲ့​သည်​။ ​နောက်​ပိုင်း​တွင်​ ​အ​ပြင်​ဖက်​မှ​ ​ရုတ်​ရုတ်​သည်း​သည်း​ ​အ​ခြေ​အ​နေ​ကို​ ​သ​ဘော​ပေါက်​သွား​သည့်​ ​စုံ​တွဲ​မှာ​ ​နောက်​ဖက်​မှ​ ​ထွက်​ပြေး​သွား​သည်​ဟု​ ​သိ​ရ​သည်​။

 ​ထို​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​ပီ​ဇာ​ဆိုင်​ ​ပိုင်​ရှင်​များ​က​ ​အံ့ဩ​နေ​ပြီး​ ​ယင်း​အ​တွက်​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​ဆိုင်​ထဲ​ထိုင်​ကာ​ ​ချစ်​တင်း​နှီး​နှော​ခဲ့​သော​ ​စုံ​တွဲ​မှာ​ ​လာ​ရောက်​စား​သုံး​သူ​မှန်း​၊​ ​ဆိုင်​အ​လုပ်​သ​မား​မှန်း​ ​အ​တိ​အ​ကျ​ ​မ​ပြော​နိုင်​သေး​ကြောင်း​လည်း​ ​ဆိုင်​ပိုင်​ရှင်​က​ ​ဝန်​ခံ​သွား​သည်​။


နောက်ကွယ်မှ အနှောက်အယှက်များ



























































--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge


With Best Regards,

slip
http://www.meepyatite.info/


If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/


If u wanna listen any musics
http://myl6.blogspot.com/


If u wanna read latest news
http://lighthouse28.blogspot.com/


If u wanna read funny jokes
http://7comrades.blogspot.com/


Welcome to MIET forum
http://mietforum.ning.com/



Reply all
Reply to author
Forward
0 new messages