နာမည်လှလှရွေးပေးပါ by နိုင်းနိုင်းစနေ

5,860 views
Skip to first unread message

Shrek

unread,
Sep 9, 2011, 4:19:50 AM9/9/11
to REAL FAMILY
ကောင်မလေးတစ်ယောက် ကျွန်မကို သူ့သားလေးအတွက် နာမည်လှလှရွေးပေးဖို့
အကူအညီတောင်းထားတာ ဟိုဇွန်လကတည်းကပါ။ သားလေးက ဘာနေ့သားလေးလဲ မေးတော့
မမွေးရသေးဘူး အစ်မရယ်... စက်တင်ဘာလလောက်မှ မွေးမယ်တဲ့။ ကဲ..
ဘယ်လောက်ချစ်ဖို့ကောင်းလိုက်တဲ့ မိခင်လောင်းလည်းကွယ်။ မမွေးရသေးတဲ့
ကိုယ့်သားလေးအတွက် ဘာနာမည်ပေးရကောင်းမလဲဆိုပြီး မမွေးရသေးတဲ့သားလေးကို
ကိုယ့်ဝမ်းတွင်းကတည်းက စိတ်ပူခဲ့၊ ချစ်ခဲ့တဲ့ အမေ...

မမွေးခင်ကတည်းက နာမည်လှလှလေးရွေးဖို့ပြောလာတဲ့သူ့ကို
ကျွန်မအီးမေးလ်မပြန်ဖြစ်ခဲ့ပါဘူး။ ဘာနေ့သားလဲဆိုတာသိမှ
လူတွေကရွေးလို့ရနိုင်မှာဆိုတော့ မေ့မေ့ပျောက်ပျောက်ပဲ ထားခဲ့မိတယ်။
ဒီလိုနဲ့ ဒီနေ့မှာ သူ့အီးမေးလ်ကို ရလိုက်ပြန်တယ်။ အစ်မရေ..
ကျွန်မဒီနေ့ပဲမွေးတယ်တဲ့.. အခုပဲမွေး၊ အခုပဲ ဆေးရုံပေါ်ကနေ
အီးမေးလ်ပို့လိုက်ပုံရတယ်။ "အဂ္ဂဘုန်း"လို့ နာမည်လှလှလေး
ရွေးပေးလိုက်သလိုပဲ ကျွန်မရဲ့သားလေးနာမည်ကိုလည်း အစ်မဘလော့ဂ်ပေါ်တင်ပြီး
ရွေးပေးပါနော်တဲ့။ အခုပဲမွေး၊ အခုပဲကိုယ့်သားလေးအတွက် နာမည်လှလှလေး
ရစေချင်တဲ့ အမေ...

ကျွန်မလည်း ဘလော့ဂ်ပေါ်မှာ စာဖတ်သူတွေရဲ့အကူနဲ့ ကလေး(၂)ယောက်,(၃)ယောက်ကို
နာမည်ရွေးပေးထားဖူးတာကို သူသိလို့ထင်ပါတယ်။ ကိုယ်ဝန်ရှိပြီဆိုကတည်းက
ဒီနာမည်လှလှရွေးခိုင်းဖို့ စိတ်ကူးထားပုံရတယ်။ ဒါဟာ အမေတစ်ဦးရဲ့
ကိုယ့်သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာလို့ ကျွန်မမြင်ပါတယ်။

ဒီ အခုမှအမေဖြစ်စ အမေလက်သစ်လေးကို သူ့သားလေးအတွက်
နာမည်လှလှရွေးပေးကြပါလို့ ကျွန်မကပဲ စာဖတ်သူတွေကို တောင်းဆိုချင်ပါတယ်။
သားလေးက စက်တင်ဘာ(၈)ရက်(၅)နာရီဖွား "ကြာသပတေးသား"ဖြစ်ပြီး သားရဲ့နာမည်မှာ
"ဦး"ဆိုတဲ့နာမည်လေး ပါစေချင်ပါတယ်တဲ့။ နာမည်က စာလုံးသုံးလုံးနဲ့
ဖြစ်ချင်ပါတယ်လို့ ပြောပါတယ်။ မြန်မာပီပီ မြန်မာနာမည်ပဲ အလိုရှိပါတယ်တဲ့။
ကျွန်မက နေ့နံအက္ခရာတွေ မသိသူမို့ သိတတ်နားလည်တဲ့၊ နာမည်လှလှပေးတတ်တဲ့
စာဖတ်သူတွေကို တဆင့်ပြန်ပြီး အကူအညီတောင်းလိုက်ပါတယ်။ သားကိုချစ်တဲ့
အမေလက်သစ်တစ်ယောက်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကြပါလို့... အားလုံးကို
ကျေးဇူးတင်ပါတယ်း)

+++++++ ++++++++++++

(၁)
မနိုင်းနိုင်းရေ

Postလေးကိုစိတ်ဝင်စားလို့ မဟာဘုတ် တွက်ပေးကြည့်ထားတယ်။
ကြာသပတေးသား၊၁၃၇၃ဆိုတော့ အဓိပတိဖွားပါ။ ကြာသပတေးလည်းဖြစ်
အဓိပတိဖွားလည်းဖြစ်တာမို့ သူ့ဘဝမှာ ဆင်းရဲပင်ပမ်းတာတွေ
နည်းပါးပါလိမ့်မယ်။

နာမည်ပေးမယ် ဆိုရင်တော့ ကြာသပတေးနံနှင့်စချင်ရင် ကြာသပတေးနံ
သုံးလုံးဆက်ပေးမှ ပိုကောင်းမယ်ထင်ပါတယ်။ ကိုယ်နာမည်ဟာ
ကိုယ်မဟာဘုတ်ပေါ်မှာ အောက်ကနေ အပေါ်ကိုသွားတာ ပိုကောင်းတယ်လို့
ဆိုကြလို့ပါ။ အပေါ်ကနေ အောက်ကိုပြန်မဆင်းရင် ပိုကောင်းတယ်ဆိုတဲ့ သဘောပါ။

မိခင်က"ဦး" ဆိုတဲ့နာမည်လေးလည်း ပါချင်တယ်လို့ဆိုတော့
ကြာသပတေးနံနှင့်စပြီးရင် "ဦး" ကိုထည့်ရင် သူ့မဟာဘုတ်မှာ နာမည်ဟာ
အောက်ဆင်းသွားပါလိမ့်မယ်။

ညီမ နာမည်ကိုလည်း "ခင်နှင်းဖြိုး" ကနေ "ခင်နှင်းနွေး" လို့
ပြောင်းထားတာပါ။ ညီမရဲ့ မဟာဘုတ်ကြောင့် ဘုန်းဘုန်း တပါးက
ပြောင်းပေးထားတာပါ။ မဟာဘုတ်နှစ်ခုကို attach လုပ်ပေးလိုက်ပါတယ်။
မနိုင်းနိုင်းပဲ ကြာသပတေးသားမိခင်အတွက် အသုံးဝင်မယ်ထင်ရင်ဒီ Email ကို
share ပေးပါ။

one of ur fans:

(၂)

မင်္ဂလာပါ..အမ...
အမဆိုဒ်မှာ နာမည်လှလှရွေးပေးပါဆိုတဲ့ပိုစ့်ကို တွေ့လိုက်လို့ပါ။
တိုတိုပဲပြောပြပေးပါ့မယ်ခင်ဗျာ။ ဖြန့်ဝေပေးပါခင်ဗျာ...

တနင်္ဂနွေသားနာမည်ရဲ့ နောက်ကို ဆက်ရေတွက်ကြည့်လိုက်ပါ။ ၄ရက်ပေါင်းပေါ့။
ကြာသပတေးကို ရောက်သွားမယ်။ ပြီးရင်ကပ်လျက်နေ့နံသောကြာ ပြီးရင်
၃ရက်ထပ်ပေါင်း တနင်္လာနံ အဲ့ဒီတော့ တနင်္ဂနွေသားဆိုရင် ကြာသပတေး၊ သောကြာ၊
တနင်္လာ---- ဥပမာပြောရင် ဆရာ မင်းသိင်္ခ၊ မိုးဟေကို၊ သူထူးစံ ဆိုရင်
တနင်္လာသားပေါ့။ ကျန်တဲ့နေ့တွေအတွက်ကတော့ အောက်မှာပါ။

တနင်္ဂနွေ ဆိုတာက ၁ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၅၆၂ ကြာသပတေး၊ သောကြာ၊ တနင်္လာ

တနင်္လာသား ဆိုတာက ၂ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၆၇၃ သောကြာ၊စနေ၊အင်္ဂါ

အင်္ဂါ ဆိုတာက ၃ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၇၁၄ စနေ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူး

ဗုဒ္ဓဟူး ဆိုတာက ၄ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၁၂၅ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး

ကြာသပတေး ဆိုတာက ၅ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၂၃၆ တနင်္လာ၊ အင်္ဂါ၊ သောကြာ

သောကြာ ဆိုတာက ၆ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၃၄၇ အင်္ဂါ၊ဗုဒ္ဓဟူး၊ စနေ

စနေ ဆိုတာက ၇ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၄၅၁ ဗုဒ္ဓဟူး၊ ကြာသပတေး၊ တနင်္ဂနွေ

ဆရာမင်းသိင်္ခကိုယ်တိုင် ဒီနာမည်ပေးနည်းအတိုင်း ပေးတယ်လို့ပြောတယ်ခင်ဗျ။
တခြားနည်းတွေလည်း သုံးဦးမယ်ထင်ပါတယ်။ ကျွန်တော်သိသလောက်ပါ။ တလက်စတည်း
အခွင့်ကောင်းယူတယ်လို့မထင်ပါနဲ့ခင်ဗျာ။ ကျန်းမာရေးနဲ့ အလှအပရေးရာ
ဆိုဒ်လေးပါ။ ဒါလေးကိုလည်း အမဆီကနေ တစ်ချက်လောက်
ဖြန့်ဝေပေးစေချင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဝက်ဆိုဒ်လင့်ခ်နဲ့
ဖေ့ဘွတ်လင့်ခ်ပါ ခင်ဗျာ။ ရဲရဲကြီးဖွင့်လို့ ရပါတယ်။

http://www.myanmarskylink.com/

https://www.facebook.com/pages/Myanmar-Sky-Link/219226224765641

နာမည်နမူနာလေး ထည့်ပေးလိုက်ပါတယ်။ ကြာသပတေးသားဆိုတော့
ခန့်ဇော်ဟိန်းဆိုပီး အကြံလေးပြုပေးလိုက်ပါတယ် :) ခေတ်နဲ့လည်းလိုက်တယ်။
ခေါ်ရတာလည်း ခေါ်လို့ကောင်းတယ်။ အတက်လေးတွေချည်းပဲ... :)

မေးလ်ထဲရောက်လာတာလေး မိခင်အသစ်လေးအတွက် မျှဝေပေးပါဆိုလို့.....
နာမည်ရွေးပေးဖို့ ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ ဖခင်လက်သစ်၊ မိခင်လက်သစ်
လည်းရှိပါတယ်... ဝင်ရောက်ဖြေကြား၊ အကြံပေးသူအားလုံးကို
မိခင်ဖခင်တွေကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ....း)

နိုင်းနိုင်းစနေ

Credit: http://www.99sanay.com/2011/09/blog-post_08.html

☺ıƃuıɐɥʇ☺

unread,
Sep 9, 2011, 4:38:31 AM9/9/11
to real-fa...@googlegroups.com
အဟေးးးးးးးးးးးး အလတ်မ သမီးလေးအတွက် နာမည် ပေးဖို့အတွက် ကိုယ့်ဘာသာကိုယ်ရွေးလို့ရပြီ........ကျေးဇူးဗျို့..........

2011/9/9 Shrek <ayeth...@gmail.com>

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871  ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-...@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-fa...@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-m...@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။



--
12345.gif
12345.gif

Shrek

unread,
Sep 9, 2011, 4:48:00 AM9/9/11
to real-fa...@googlegroups.com
ပေးတတ်ရင် ဗုဒ္ဓဟူးသ္မီး အတွက် ၁၂၅ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး အတွဲနဲ့ နာမည်လှလှလေးတွေ မ စ ပါ ဗျို့ :)

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq



2011/9/9 ☺ıƃuıɐɥʇ☺ <ms.the...@gmail.com>
၁၂၅

☺ıƃuıɐɥʇ☺

unread,
Sep 9, 2011, 5:42:39 AM9/9/11
to real-fa...@googlegroups.com
တစ်ရက်တော့ စောင့်ပါဗျို့........စာလုံးလှလှလေးတွေစီရဦးမှာမို့ပါနော့.........:D

2011/9/9 Shrek <ayeth...@gmail.com>

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-...@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-fa...@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-m...@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။



--
12345.gif
12345.gif

Shrek

unread,
Oct 10, 2011, 6:46:15 AM10/10/11
to real-fa...@googlegroups.com
၉ရက် ၉လ ကတည်းက စောင့်နေတာ ၁၀ရက် ၁၀လ ရှိသွားပါပေါ့လား

မသိဂီ တစ်ယောက် O ရတော့မှာမို့ တော်တော် အလုပ်ရှုပ်နေသလားပဲဟေ့ :)



2011/9/9 ☺ıƃuıɐɥʇ☺ <ms.the...@gmail.com>
12345.gif

≧°◡°≦ သိင်္ဂီ ≧°◡°≦

unread,
Oct 11, 2011, 4:23:25 AM10/11/11
to real-fa...@googlegroups.com
အင်း စိတ်ညစ်တယ်.........ဘာပြောရမှန်းတောင်မသိတော့ဘူး...........:D

2011/10/10 Shrek <ayeth...@gmail.com>



--
12345.gif
12345.gif
12345.gif

မျက်ရည်ကြယ်

unread,
Oct 29, 2011, 12:55:46 PM10/29/11
to real-fa...@googlegroups.com
ခစ်ခစ်


--
ဘာတွေပဲလုပ်လုပ်....ဘာတွေပဲကိုင်ကိုင်
ကုန်ကုန်ပြောမယ်ဟာ..နောက်ဆုံး လောကကြီးက
သေခြင်းမှာ အဆုံးသတ်လိမ့်မယ်....။HarrY...

Reply all
Reply to author
Forward
0 new messages