ယောက္ခမအတွက် အဆိပ်ခွက်

48 views
Skip to first unread message

charcoal black

unread,
May 19, 2011, 2:25:33 AM5/19/11
to real-fa...@googlegroups.com
သူမနံမည်က လီလီ..

အိမ်ထောင်ကျပြီး ယောင်နောက်ဆံထုံးပါကာ ယောက်ျားဖြစ်သူနဲ့ အတူနေဖို့ မောင့်တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်ပါလာခဲ့သူ ဖြစ်သည်။ သူမသည် ယောက်ျားအိမ် ရောက်သည့်အခါတွင်တော့ ယောက်ျားဖြစ်သူ၏ မိခင်နှင့် ရင်ဆိုင်ရတော့သည်။ လီလီနှင့် ယောက္ခမဖြစ်သူတို့မှာ ဘယ်နေရာမှ အကြိုက်ချင်း မတူသလို အကျင့်စရိုက်ချင်းကလည်း ခြားနားကြသည့်အတွက် မကြာခဏ အငြင်းပွားရသလို စကားများရသည်မှာ အမြဲလိုလို ဖြစ်သည်။ ဒေါသကြီးသော လီလီကလည်း ယောက္ခမဖြစ်သူကို ဘယ်တော့မှ သည်းမခံ၊ ပြန်ပြော၊ ပြန်အော်ရင်း သူမရောက်လာပြီးကမှ ထိုအိမ်သည် နေ့စဉ်နေ့တိုင်း ယောက္ခမနှင့်ချွေးမ ရန်ပွဲများ တစ်ချိန်းချိန်း ဖြစ်နေရလေတော့သည်။ မိခင်ဖြစ်သူကိုလည်း မပြောရဲ၊ မိန်းမဖြစ်သူကိုလည်း ပြော၍မနိုင်သော လီလီ့ယောက်ျားခမျာ နေ့စဉ်နှင့်အမျှ မိခင်နှင့်မိန်းမကြား စိတ်ဆင်းရဲ သောကများ ရလေတော့သည်။

တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာတိုင်း ယောက္ခမအပေါ် အမြင်မကြည်လင်မှု၊ စိတ်ဆိုးဒေါသထွက်မှုတို့က လျော့ပါးသွားသည် မရှိဘဲ ပိုတိုးတိုးလာပြီး နောက်ဆုံးမှာတော့ သူမ၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်သွား တော့သည်။ ယောက္ခမဖြစ်သူနှင့် ရေရှည် ဆက်ပြီး နေထိုင်ဖို့လည်း သူမအတွက် မည်သို့မျှ ဖြစ်နိုင်တော့မည်မဟုတ်ဟု တွေးမိကာ ယောက္ခမကို တစ်ခုခု လုပ်ရန် ကြံစည်မိသည် အထိ တူးတူးခါးခါး မုန်းတီးမိလေတော့သည်။ ထို့နောက် လီလီသည် ဆုံးဖြတ်ချက်တစ်ခုကို ချကာ သူမဖခင်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော တိုင်းရင်းပရဆေးများ ရောင်းချသူထံ သွားရောက်ကာ သူမ၏ ယောက္ခမအကြောင်းကို ပြောပြပြီး ယောက္ခမနှင့် နေရသော အခြေအနေကို မခံစားနိုင်တော့သောကြောင့် ထိုအခြေအနေကို ဖြေရှင်းရန်အတွက် အဆိပ်ပြင်းသော ဆေးတစ်မျိုး ရောင်းပေးပါရန် အကူအညီ တောင်းလေတော့သည်။

လီလီဖခင်၏ သူငယ်ချင်းဖြစ်သူက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် “ ကောင်းပြီ။ သမီး သမီးအဖေရဲ့ မျက်နှာကို ထောက်ပြီး သမီးလိုချင်တဲ့ ဆေးမျိုး ဦးလေး ပေးလိုက်မယ်.. ဒါပေမဲ့ သမီးက ဦးလေးပြောစကားကို နားထောင်ပါ၊ ဦးလေး ခိုင်းတဲ့အတိုင်း သမီး သေချာလုပ်ပါ။ အဲဒီလိုလုပ်မယ်လို့ ကတိပေးမှ သမီးလိုချင်တဲ့ ဆေးကို ဦးလေး ပေးမယ် ” ဟူ၍ လီလီကို ပြောလိုက်လျှင် “အို ဟုတ်ကဲ့ ဒီဆေးသာရမယ်ဆိုရင် ဘာဖြစ်ဖြစ် ကျွန်မ နားထောင်ပါ့မယ်။ ဦးလေး ခိုင်းတဲ့အတိုင်း သေချာလုပ်ပါ့မယ် ” ဟုလီလီက ၀မ်းသာအားရ ပြန်ပြောလိုက်ပါတော့သည်။

ဆေးဆိုင်ပိုင်ရှင်သည် အိမ်နောက်ဖက်သို့ ၀င်သွားကာ သူပြန်ထွက်အလာတွင် အထုပ်လေးတစ်ထုပ်ကို လက်က ကိုင်လာသည်။ ထို့နောက် လီလီ့ကို “တကယ်လို့ ချက်ခြင်း အစွမ်းပြတဲ့ အဆိပ်ကို သမီးက သုံးလိုက်လို့ သမီးရဲ့ယောက္ခမ ဆုံးသွားခဲ့ရင် လူတွေက သမီးကို သံသယ ဖြစ်ကြလိမ့်မယ်။ ဒီတော့ ဦးလေးက သမီးကို ဆေးတစ်မျိုး ပေးလိုက်မယ်။ အဲဒီဆေးကို သမီးယောက္ခမ စားမဲ့ ထမင်းဟင်းထဲကို သူမသိအောင် နည်းနည်းချင်း ထည့်ကျွေးရမယ်။ ဆေးထဲမှာပါဝင်တဲ့ အဆိပ်ရဲ့ အစွမ်းက ချက်ခြင်းမပြဘဲ ဖြေးဖြေးချင်းမှ ပြလိမ့်မယ်။ နောက်တစ်ခုက အခုကတည်းက သမီးဟာ ယောက္ခမနဲ့ တည့်တဲ့သူ၊ ယောက္ခမနဲ့ အဆင်ပြေတဲ့သူအဖြစ် ဘေးပတ်ဝန်းကျင်က ထင်အောင် နေရမယ်. ဒီလိုဆို အချိန်နည်းနည်း ကြာတဲ့အခါ ဒီအဆိပ်ကြောင့် သမီးယောက္ခမ ဆုံးသွားရင်တောင် လူတွေက သမီးကို သံသယဖြစ်တော့မှာ မဟုတ်ဘူး။ ယောက္ခမနဲ့ ရန်ဖြစ်တာ အငြင်းအခုန် ဖြစ်တာမျိုးကို မလုပ်ပါနဲ့။ သူ့ကို ဂရုတစိုက် ကျွေးမွေးပြုစုတယ်လို့ လူတွေ မြင်အောင် သမီးနေထိုင်ပြရမယ်။ ကိုယ့်မိဘကို လုပ်ကျွေး သလိုမျိုး သူ့ကို ကျွေးမွေးပါ။ သူ့ပြောစကားတွေ သမီးနားထောင်ပြပါ။ ယောက္ခမကို ရိုလေလေးစားတဲ့ ချွေးမ တစ်ယောက်လို နေထိုင်ပါ။ ဒါဟာ သမီးဆန္ဒတွေ ပြည့်ဝဖို့အတွက် သည်းခံရမှာ ဖြစ်တယ်.. ဘယ်လိုလဲ ဦးလေး ပြောတဲ့အတိုင်း သမီး လုပ်နိုင်ပါ့မလား” ဟု ပြောလေသည်။

လီလီသည် သူမဖခင်၏ သူငယ်ချင်းအား ကတိအထပ်ထပ်ပေးကာ ကျေးဇူးစကားဆိုရင်း ဆေးထုပ်ကို ယူ၍ ဆေးဆိုင်မှ ပျော်ရွှင်စွာ ပြန်လာခဲ့ပါတော့သည်။ သူမ၏ အိမ်အပြန်လမ်းတွင်တော့ ယောက္ခမမရှိတော့သည့် အိမ်ကလေးတွင် သူမနှင့် သူမယောက်ျားတို့ နှစ်ယောက်တည်း ပျော်ရွှင်ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ နေခွင့်ရတော့မည့်အရေးကို စိတ်ကူးလေး ယဉ်ကာ သီချင်းလေး တညည်းညည်းဖြင့် လိပ်ပြာလေးတစ်ကောင်ပမာ သူမစိတ်တွေ ၀ဲပျံမြူးတူးနေကာ ခြေလှမ်းတွေ သွက်လက်နေတော့သည်။

ထိုနေ့မှ စကာ လီလီသည် ယောက္ခမအား လုပ်ကြံရန် အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလေတော့သည်။ ယောက္ခမအတွက် ထမင်းဟင်းကိုလည်း သူမကိုယ်တိုင် ပြင်ဆင် ခူးခပ်ကာ ယူလာသော အဆိပ်ဆေးကို နည်းနည်းချင်း ဟင်းထဲထည့်ကာ ကျွေးမွေးလေသည်။ ယောက္ခမဖြစ်သူအားလည်း ယခင်ကနှင့်မတူ ချိုသာသိမ်မွေ့စွာ ဆက်ဆံသလို၊ ယောက္ခမက ဆူပူလျှင်လည်း သူမ၏ဒေါသတို့ကို မြိုသိပ်ကာ ဘာမှ ပြန်မပြောဖြစ်အောင် ကြိုးစားထိန်းချုပ်လေသည်။ လီလီက သည်းခံလိုက်သဖြင့် အိမ်တွင် ယခင်က အမြဲဖြစ်နေကျ ချွေးမနှင့် ယောက္ခမ ရန်ပွဲမှာ ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားကာ အခြေအနေများ ပြောင်းလဲ လာရလေတော့သည်။ ထိုသို့ ပြောင်းလဲလာသော အခြေအနေကို သူမ ယောက္ခမနှင့် ယောက်ျားဖြစ်သူတို့က အံ့အားသင့်နေကြသလို ဘာမှမသိရှာသော ယောက်ျားဖြစ်သူကတော့ ပျော်ရွှင် စိတ်ချမ်းသာနေခဲ့လေသည်။

လီလီသည် ယောက္ခမအား အဆိပ်ခတ်ထားသော ဟင်းခွက်များကို တစ်ရက်ပြီးတစ်ရက် ကျွေးမွေးကာ အခြေအနေကို စောင့်ကြည့်နေခဲ့သလို ယောက္ခမ ဖြစ်သူမှာလည်း သူ့အပေါ်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံကာ ဂရုတစိုက် ကျွေးမွေးပြုစုပြီး၊ သူ့ စကားလည်း နားထောင်လာသော ချွေးမဖြစ်သူအပေါ် တဖြေးဖြေး သဘောထား ပြောင်းလဲကာ ပြန်လည် နွေးထွေးစွာ ဆက်ဆံလာလေသည်။ အလွန် ဒေါသကြီးသော လီလီမှာ သူမ၏ ဒေါသများကိုလည်း ထိန်းချုပ်လာနိုင်စွမ်း ရှိလာကာ၊ ယောက္ခမအပေါ် သည်းခံစိတ်များ မှာလည်း ယခင်ကထက် ပိုမို ထားရှိလာနိုင်သည်ကို တွေ့ရလေသည်။ သူမအပေါ် ပြောင်းလဲဆက်ဆံလာသော ယောက္ခမအားလည်း ရင်ထဲက လေးနက်စွာ ပြန်လည် ချစ်ခင်စိတ်များ ဖြစ်ပေါ်လာရလေတော့သည်။

ရက်ကိုလစား၍ အချိန် အနည်းငယ် ကြာပြီးနောက်တွင်တော့ လီလီ့ယောက္ခမကြီးသည် အိမ်အလည်လာသော သူမ၏ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများအား လီလီသည် အလွန် ကြင်နာပြီး သဘောကောင်းသော ချွေးမဖြစ်၍ သူမကို မိခင်သဖွယ်ပြုစုသူ ဖြစ်ကြောင်း၊ ချွေးမပင် ဖြစ်သော်လည်း သမီးရင်းကဲ့သို့ပင် အားကိုးရကြောင်း၊ သူမကလည်း လီလီကို သမီးတစ်ယောက်လို ချစ်ခင်ကြောင်း စသဖြင့် လီလီ ကောင်းကြောင်း များကို အမြဲတမ်း ပြောလေ့ ရှိလာသည်။ လီလီကိုယ်တိုင်မှာလည်း ယောက္ခမအပေါ်တွင် အကောင်းမြင်လာကာ စိတ်ရင်းအတိုင်း စိတ်ပါလက်ပါ ကျွေးမွေးပြုစုလာသလို မိခင်ရင်းကဲ့သို့ သံယောဇဉ်လဲ ဖြစ်မိလေတော့သည်။ လီလီတို့အိမ်သည် တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသကဲ့သို့ မေတ္တာတရား အပြန်အလှန် သက်ရောက်ရင်း ပျော်ရွှင်သာယာ ချမ်းမြေ့သော မိသားစုလေးတစ်ခု ဖြစ်နေခဲ့လေပြီ။

ထိုချိန်တွင် လီလီသည် စိုးရိမ်တကြီး ဖြစ်လာရသည်က သူမ နေ့စဉ်တိုက်ကျွေးခဲ့သော အဆိပ်ဆေးမြစ်များကြောင့် သူယောက္ခမ တစ်ခုခုဖြစ်မှာကို ပူပင်လာမိတော့သည်။ ထို့ကြောင့် ဆေးမြစ်များ ပေးလိုက်သော သူမ ဖခင်၏ သူငယ်ချင်းထံသို့ အပြေးအလွှား သွားရောက်ကာ “ဦးလေး ကယ်ပါဦး ဦးလေးရယ်။ ဦးလေးပေးလိုက်တဲ့ ဆေးရဲ့ အဆိပ်တွေ ကျွန်မ ယောက္ခမကို ကျွေးလာတာ ကြာပြီ။ ကျွန်မယောက္ခမတော့ မကြာခင် သေတော့မယ် ထင်ပါတယ်။ အခု ကျွန်မအပေါ် သူ စိတ်သဘောထား ပြောင်းလဲလာပြီ။ ကျွန်မကိုလဲ သူ့သမီးအရင်းလို ချစ်ပြီး ကျွန်မကလည်း အမေအရင်း တစ်ယောက်လို သံယောဇဉ် ဖြစ်နေမိပါပြီ။ ဒါကြောင့် သူ့ကို မသေစေချင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်မကျွေးလာတဲ့ အဆိပ်တွေက အတော်များနေပြီထင်တယ်.. ဘယ်လိုလုပ်ရမလဲ ဦးလေးရယ်.. ကယ်ပါဦးနော် ” ဟူ၍ စိုးရိမ်ပူပန်စွာနှင့် ပြောမိပါတော့သည်။

ထိုအခါ ဆေးဆိုင်ပိုင်ရှင်က နှစ်ခြိုက်စွာ ပြုံးလိုက်ပြီးနောက် “ သမီး လီလီ ဘာမှ စိတ်မပူပါနဲ့။ ဦးလေးက သမီးကို အဆိပ်ဆေး ပေးလိုက်တာ မဟုတ်ပါဘူးကွယ်။ အဲဒီဆေးဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အားဆေး သက်သက်ပါ။ တကယ်တမ်းတော့ အဆိပ်ဆိုတာ သမီးရဲ့ ကိုယ်ထဲက ယောက္ခမကို မုန်းတဲ့အမုန်းတွေပါ။ ခုတော့ သမီး ရင်ထဲမှာ အမုန်းတွေလဲ မရှိတော့တဲ့အတွက် အမုန်းတွေအစား အချစ်တွေ ၀င်ရောက်လာခဲ့ပြီ မဟုတ်လား။ အရင်ကတည်းက ယောက္ခမအပေါ်ထားတဲ့ သမီးရင်ထဲက အဆိပ် ဆိုတဲ့ အမုန်းတွေကို ဖယ်ထုတ်ပါလို့ ဦးလေးက ပြောလိုက်ရင် သမီး လွယ်လွယ်ကူကူ ဖယ်ထုတ်နိုင်မှာ မဟုတ်ဘူး ဆိုတာ သိလို့ ဆေးတွေကို အဆိပ်ပါလို့ ပြောပြီး သမီးစိတ်တွေ သူ့အပေါ် တဖြေးဖြေး ပြောင်းလဲနိုင်မဲ့ နည်းကို သုံးလိုက်ရတာပါ။ ဆေးအတွက် သမီး ဘာမှ စိတ်ပူပန်နေစရာ မလိုပါဘူး။ အန္တရာယ်လဲ မဖြစ်နိုင်ပါဘူး။ ကဲ ခုချိန်က စပြီး သမီး ရင်ထဲမှာ အဆိပ်ဆိုတဲ့ အမုန်းတွေ မရှိတော့တာမို့ သမီးတို့ မိသားစု အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်း သာသာနဲ့ နေနိုင်ပါပြီကွယ်” ဟု ပြန်ပြောလိုက်ပါတော့သည်။


~~~~~~~~~@@@~~~~~~~~~


ထိုပုံပြင်လေးအတွက်တော့ လူတိုင်းကြားဖူးနေကျ ဆိုရိုးဟောင်းလေးတစ်ခုကိုသာ ဆိုချင်ပါသည်။ “မေတ္တာဟူသည် အလျားအနံမရှိသော်လည်း အသွားအပြန် ရှိစမြဲဖြစ်သည်” သင်မုန်းနေသော လူတစ်ယောက်အား အမုန်းတရားဖြင့် မကြည့်ဘဲ ချစ်ခင်သော မျက်စိဖြင့် ကြည့်နိုင်အောင် ကြိုးစားမည်ဆိုပါက သင့်ရင်ထဲက အမုန်းဆိပ်များ လွင့်ပြယ်သွားမည် ဖြစ်လေသည်။


Li Li and her Mother- in- law ( Unknown Author) ကို ဘာသာပြန်ရေးဖွဲ့ပါသည်။ ဖတ်ဖူးပြီးသား ဖြစ်ခဲ့ပါက တိုက်ဆိုင်မှုအတွက် ခွင့်လွှတ်ပေးပါရန် ပန်ကြားပါသည်။

www.missgreenlady.com

http://onlinepyadaik.com




ချာကိုးလ် charcoalblack.cb
 


1A2.gif
B18.gif

မီယောဇင်

unread,
May 19, 2011, 3:55:35 AM5/19/11
to real-fa...@googlegroups.com
ဘာပဲဖြစ်ဖြစ်တစ်ဦးမေတ္တာတစ်ဦးစေတနာပေါ့နော်

2011/5/18 charcoal black <charcoal...@gmail.com>
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-...@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-fa...@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-m...@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။



--
အောင်မြင်မှုခရီးဝေးကြီးသွားမဲ့သူဟာ
ခလုတ်ကလေးတစ်ချက်တိုက်မိရုံနဲ့
ခရီးစဉ်ကြီးတစ်ခုလုံးကိုဖျက်မပစ်သင့်ဘူး။
*မီယောဇင်*
1A2.gif
B18.gif

လေးဇော်

unread,
May 19, 2011, 7:14:25 AM5/19/11
to real-fa...@googlegroups.com
အရမ်းကိုကောင်းတဲ့စာစုလေးပါဘဲ နောက်လည်းအများကြီးရေးနိုင်ပါတယ် အမြဲအားပေးနေပါတယ်။

2011/5/19 charcoal black <charcoal...@gmail.com>
1A2.gif
B18.gif

zaw wynn

unread,
May 19, 2011, 8:00:22 AM5/19/11
to real-fa...@googlegroups.com
thank alort
B18.gif
1A2.gif
Reply all
Reply to author
Forward
0 new messages