ယောက်ျားသားတို့မှောက်မှားမသွားဖို့ (ကာမေသု မိစ္ဆာစာရ ကံ)

471 views
Skip to first unread message

YuYa

unread,
May 18, 2009, 5:11:20 AM5/18/09
to Real Myanmar Hip Hop
(Fwd mail ထဲကပါဘဲ....ဗဟုသုတရတာပေါ့ ဖတ်ကြည့်) :P


ယောက်ျားသားတို့မှောက်မှားမသွားဖို့ (ကာမေသု မိစ္ဆာစာရ ကံ)


ယောက်ျားသားတို့မှောက်မှားမသွားဖို့
တစ်ခုသော ညမှာပေါ့ဗျာ… ကျွန်တော် အပါအ၀င် ကျွန်တော်တို့ သူငယ်ချင်း
သုံးယောက် စကားစမြည် ပြောရင်းက ကာမေသု မိစ္ဆာစာရ ကံအကြောင်း ရောက်သွားတယ်။
ပြောရင်းကနေ တစ်ယောက်က ကိုယ့်ရည်းစားနဲ့ အလိုတူ ကာမအမှုကို ပြုရင်
အပြစ်ဖြစ်လား လို့ ကျွန်တော့်ကို မေးတယ်။ ကျွန်တော် ကလည်း အများကြီးတော့
မသိပါဘူး၊ ဒါပေမယ့် အနည်းငယ် သိထားတာ လေးနဲ့ ပြန်ဖြေ လိုက်တယ်၊
မိန်းကလေးမှာ အုပ်ထိန်းသူ မိဘ သော်လည်းကောင်း၊ ဆွေမျိုးသော် လည်းကောင်း၊
ညီအစ်ကို မောင်နှမ သော်လည်းကောင်း ရှိရင် ယောက်ျားလေးမှာ
အပြစ်ဖြစ်တယ်လို့။ မိန်းကလေးမှာတော့ အပြစ် မဖြစ်ဘူးလို့။

အဲဒါကို အဲဒီသူငယ်ချင်းက ဘာဖြစ်လို့ မိန်းကလေးမှာ အပြစ် မဖြစ်တာလဲဆိုပြီး
ထပ်မေးတယ်။ ကျွန်တော် ကလည်း ယောက်ျားသားတို့ မသွားလာ၊ ကာမအမှု မပြုအပ်တဲ့
အမျိုးသမီး ၂၀-ရှိကြောင်း၊ အဲဒီမှာမှ အပေါ်က အမျိုးသမီး ၈-ဦးနဲ့ ကာမအမှု
ပြုမိရင်တော့ ယောက်ျားလေး မှာသာ အပြစ်ဖြစ်ပြီး မိန်းကလေး မှာတော့ အပြစ်
မဖြစ်ကြောင်း ပြောပြတယ်။ အကျယ်တော့ မဟုတ်ဘူး ပေါ့ဗျာ။ အကျဉ်းချုံးလေး
ပြောလိုက်တာ။

ကျွန်တော့် သူငယ်ချင်း သိပ်သဘော မပေါက်လို့ ထင်တယ် ထပ်မေးတယ်။ ပိုက်ဆံပေး
ပျော်ပါးတာကော အပြစ် ဖြစ်လားတဲ့။ ကျွန်တော်က ဖြစ်တယ်၊ ယောက်ျားလေးကော
မိန်းကလေးပါ အပြစ်ဖြစ်တယ် လို့ ဖြေတော့…

မင်းပြောပုံနဲ့ဆို ကာမေသုကံ မထိုက်တဲ့ ယောက်ျားသားက ဘယ်ရှိတော့
မလဲကွာတဲ့၊ သေရင် အကုန် အပါယ် ကျကုန်မှာပေါ့တဲ့။

နောက် ပြောသေးတယ်၊ ငါတော့ မထိုက်ဘူး ထင်တယ် ကွာတဲ့၊ အကုန်သာ အပါယ်ကျရင်
နောက်ဘ၀မှာ ယောက်ျားသား ဘယ်ရှိတော့ မလဲတဲ့၊ စသဖြင့်ပေါ့ဗျာ ငြင်းလိုက်တာ၊
ငြင်းလိုက်တာ ပြောရတဲ့သူတောင် တော်တော်လေး စိတ်ကုန်သွားတယ်။ ဘုရားဟော
ပါလို့ ပြောတာတောင် သိပ်မယုံချင်ဘူး။

ကျွန်တော်ကလည်း သဘောပေါက် လိုက်ပါတယ်။ ဒီကောင်တော့ အခပေး ပျော်ပါးတဲ့ အမှု
ကျူးလွန် ထားပြီလို့။ ဒါကြောင့် သူ့အပြစ် လွတ်အောင် ခါးခါးသီးသီးကို
ငြင်းနေ ပါလားလို့။

ဒါနဲ့ နောက် သူငယ်ချင်း တစ်ယောက်က မသွားလာ အပ်တဲ့ မိန်းမ ၂၀-မှာ
မင်းပြောတာ ယောက်ျားတွေ ချည်း အပြစ်ဖြစ်ပြီး မိန်းမတွေ အပြစ်မဖြစ်တာ
၈-မျိုးရှိတော့ မိန်းမချည်း သက်သက် အပြစ် ဖြစ်တာကော မရှိဘူး လားတဲ့။

ကျွန်တော်က မရှိဘူးလို့ ဖြေတော့.. အားပါးပါး ငါတို့ ယောက်ျားသား တွေက
လက်ရှိ ဥပဒေ မှာဆိုလည်း အလျှော့ပေးရ၊ ဘုရားဟောလည်း မလွတ်၊ တော်တော်
သနားစရာ ကောင်းပါလားတဲ့။ (ဟာသ လုပ်ခြင်းပါ။) သေသေချာချာ လေး သိချင်ပါတယ်
ပြောပြပါဦး ဆိုတာနဲ့ ကျွန်တော်လည်း ဘလော့မှာ တင်ပြီးဖြစ်တဲ့ (သူများဆီက
ကော်ပီ လုပ်ထားတာ.. ဘုန်းဘုန်း ဦးလောက နာထ ဆီက၊ ဘုန်းဘုန်းလည်း
ဘုရားဟောတာ ကော်ပီ လုပ်ထားတာ :)၊ ဘုန်းဘုန်း သိရင်တော့ ကြိမ်နဲ့ပဲ
ရိုက်မလား၊ နပန်ပဲ ကျင်းမလား မသိ၊ ဒီလို ပြောရမလား ဆိုပြီး… ရှူး တိုး
တိုး.. ဘုန်းဘုန်းနဲ့ သိသူများ သွားမပြော ကြပါနဲ့) ပို့စ်အဟောင်းကို
ပြန်ရှာလို့ နားလည်အောင် ရှင်းပြလိုက် ရတယ်။

ကဲဗျာ မသိသေးသူတွေ ထပ်သိ သွားအောင် ဒီပို့စ်လေးကို အခြေတည်လို့ အနည်းငယ်
ရှင်းပြလိုက်ပါတယ်။ သေချာ ဖတ်ကြည့်ဦးနော် ယောက်ျားသားတွေ… ကိုယ်နဲ့
ဘာတွေများ ငြိနေလဲလို့…။ (မှတ်ချက်။ သိပြီးသား သူများကို မဆိုလိုပါ။)

ခေါင်းစဉ်လေးက *မိန်းမနှစ်ကျိပ် ပျော်ကြောင်း သိပ်လည်း မအိပ်လေရာ* တဲ့။
ဒါကိုမှ အမောင် ပုရိသတို့က မိန်းကလေး ရှင်ဘက်က သဘောတူလို့ အိပ်ပါတယ်လို့
ဆင်ခြေတက် ရင်တော့ ကာမေသုကံ ထိုက်ပြီလို့သာ မှတ်ပေတော့။

ပထမဆုံးက အစောင့်အရှောက် (အုပ်ထိန်းသူ) ရှိတဲ့ အမျိုးသမီး ၁၀-ဦး တဲ့။
မှတ်လိုက်ပါဦး။

အစောင့်အရှောက်ရှိသူ ၁ဝ-ဦးမှာ...

၁။ မိခင် အုပ်ထိန်းသော မိန်းမ။
၂။ ဖခင် အုပ်ထိန်းသော မိန်းမ။
၃။ မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ။
၎။ ကိုကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ။
၆။ ဆွေမျိုး အုပ်ထိန်းသော မိန်းမ။
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ။
၈။ တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ။
၉။ ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ။
၁ဝ။ မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ။

ဒီ ၁၀-ခုမှာ နံပါတ် ၁-ကနေ ၈-အထိက အမျိုးသမီးတွေနဲ့ ကျူးလွန် မိရင်တော့
အမောင် ပုရိသတို့ရေ… အမျိုးသမီးတွေမှာ အပြစ် မဖြစ်ပါဘူးတဲ့။ ခင်ဗျားတို့
ကျုပ်တို့ တစ်တွေမှာပဲ အပြစ် ဖြစ်ပါတယ်တဲ့။ သတိထားဗျို့၊
ကိုယ့်ရည်းစားလည်း ဖြစ်တယ်၊ အလိုတူပါတယ် ဆိုပြီး မေထုန် အမှု ပြုမယ်
မကြံနဲ့။ ကွိခနဲဆို ငြိသွားမယ်။ ဒါက အလိုတူလို့ ကံပဲ ထိုက်တာ၊ အလိုများ
မတူလို့ကတော့ ကံထိုက်ရုံတင် မက.. ထောင်နန်းပါ စံသွားရမယ်။

နံပါတ် ၉-နဲ့ နံပါတ် ၁၀-ကတော့ နှစ်ဦးစလုံးမှာ အပြစ်ဖြစ်တယ် နော်။
ပုရိသတွေချည်း ပြောနေလို့ ဣတ္ထိယ မမတို့က ငါတို့တော့ လွတ်ပြီ ကျွတ်ပြီ
မလုပ်နဲ့ဦး။ ဒီနံပါတ် တွေကစပြီး မမတို့လည်း မှတ်ပေတော့။ ရှောင်ပေတော့။

နောက်တစ်ခုက မယား ၁၀-ဦးတဲ့…။ ဒီ မယား ၁၀-ဦးနဲ့ ကျူးလွန် မိရင်လည်း
အမျိုးသားကော အမျိုးသမီးပါ ကာမေသုကံ ထိုက်တယ်တဲ့နော။ ကဲ ကိုကိုတို့ကော
မမတို့ပါ ထပ်မှတ် လိုက်ပါဦး။

မယား ၁ဝ-ဦးမှာ...

၁၁။ ဥစ္စာဖြင့် ဝယ်ယူ ပေါင်းသင်းသော မိန်းမ။
၁၂။ အလိုတူ ပေါင်းသင်းသော မိန်းမ။
၁၃။ ဥစ္စာစည်းစိမ် အပ်နှင်း၍ ပေါင်းသင်းသော မိန်းမ။
၁၄။ အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းသော မိန်းမ။
၁၅။ လူကြီးစုံရာ လက်ထပ် ပေါင်းသင်းသော မိန်းမ။
၁၆။ ထင်းခွေရေခပ် လုပ်ကိုင်သူအား မယားအဖြစ် ပေါင်းသင်းသော မိန်းမ။
၁၇။ ကျွန်လည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၈။ အလုပ်သမားလည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၉။ မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ။
၂ဝ။ ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။

ကဲဗျို့ ကိုကိုပုရိသ တို့ကော၊ မမ ဣတ္ထိယ တို့ကော ကျွန်တော် ခုရေးပြီး
သလောက်ထဲက ဘယ်နှစ်ယောက်များ လွတ်ကင်း ကြပါပြီလဲ။ ဒါမှမဟုတ် ဘယ်အချက်
တွေနဲ့များ ငြိစွန်း နေပြီလဲ။ ထားပါ မေးတော့ပါဘူး၊ ဖြေမယ့်သူ မရှိမှာ
စိုးလို့။

ကာမေသု အမှုက…၊ ဘာလို့လဲ ဆိုတော့… တစ်ရက် ကျွန်တော် ညီလေး မောင်ကောင်းရဲ့
ဘလော့ (ဓမ္မမေတ္တာ)မှာ ကာမေသုကံ ထိုက်တဲ့ အချက် အလက်တွေကို ထပ်ဖတ်လိုက်
ရတယ်။ အပေါ်က အချက် ၂၀-အပြင် နောက်ထပ် အချက်တွေ ပါသေးတယ်ဗျ။ ကျွန်တော်လည်း
အဲဒီ အချက်တွေကို ဖတ်ပြီး စိတ်ထဲ သိပ်မယုံတာနဲ့ ဘုန်းဘုန်း ဦးလောက
နာထကို မေးကြည့်တော့.. ဘုန်းဘုန်းက ဟုတ်တယ်တဲ့၊ အဲဒီ အချက်တွေကလည်း
ကာမေသုကံ ထိုက်တယ်တဲ့၊ ဘုရား ဟောထား တာပါတဲ့။

ဘာဖြစ်လို့ ကျွန်တော် မေးရလဲ ဆိုတော့ ဒီနေ့ ခေတ်မှာ ဒီအချက် တွေကို
ကျူးလွန်တဲ့ သူတွေကို တွေ့နေရလို့ ပါပဲ။ ကျွန်တော့် အနေနဲ့ ငြိစွန်း
နေလို့တော့ မဟုတ်ပါဘူး။ မငြိစွန်းသေးပေမယ့် ကျွန်တော့် အတွက် မှတ်စရာ
အချက်တွေ တိုးသွားသလို၊ အသိတွေလည်း တိုးသွား ခဲ့ပါတယ်။ (ကျေးဇူးပါပဲ
ညီလေး မောင်ကောင်းရေ…)။ ကဲဗျာ မိတ်ဆွေတို့လည်း ဆက်လက် ဖတ်ရှုလို့ မှတ်သား
ရှောင်ရှား လိုက်ပါဦး။

ဒီအချက်ကတော့ လူတို့၏ ခန္ဓာကိုယ်တွင် မဖောက်ပြန် သင့်သော လမ်းကြောင်း
သုံးမျိုး အကြောင်းပါ။ ဤသုံးမျိုးတို့ကို လွဲမှားစွာ ပြုလုပ်လျှင်လည်း
ကာမေသု မိစ္ဆာစာရကံ ထိုက်ပါတယ်။ အဲ့ဒါတွေ ကတော့…

(၁)ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂)ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃)စကားပြောရာ လမ်းကြောင်းတို့ ဖြစ်ပါတယ်။

နောက်ပြီး မိမိကာမပိုင် မိန်းမပင် ဖြစ်လင့်ကစား ကာမေသု မိစ္ဆာစာရကံ
ထိုက်သော အချက် လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောက်ျားများ လိုက်နာ
သိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေ ကတော့...

(၁)မိမိမိန်းမ ကိုယ်ဝန် အလွန်ရင့်သော အခါ၊
(၂)မိဘဆရာ လူအများတို့ မြင်သဖြင့် မသင့်တော်သော နေရာ၊
(၃)ကျင့်ရိုး မဟုတ်ခြင်းနှင့် လွဲမှားစွာ ပြုကျင့်ခြင်း၊
(၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။

စကားလေးတွေ လွန်သွားရင်၊ ရိုင်းသွားရင် ထပ်ပြီး တောင်းပန်ပါတယ် ခင်ဗျာ။
သိသင့် သိထိုက်တဲ့ အချက်တွေ ဖြစ်နေလို့ပါ။ မူရင်းဘလော့ (ဓမ္မမေတ္တာ)
မှာလည်း ဒီအတိုင်းပဲ သုံးနှုန်း ထားလို့ပါ။

ကဲ အချက် ၂၀-က လွတ်ပြီဆိုပြီး ပြုံးပျော်နေတဲ့ ကိုကို ပုရိသတို့
တွေ့ပြီနော်၊ ဒီအချက် တွေကိုလည်း သေချာမှတ်ဦးဗျို့။ တော်ကြာ
ငြိနေဦးမယ်။

အဲ.. နောက်တစ်ခု ရှိသေးတယ်ဗျ။ ဟိုတစ်နေ့က တရားထဲက နာလိုက်ရတာ၊ ဘာတဲ့ တိရစ
္ဆာန်နဲ့ (ငယ်ငယ်က ကြားဖူးတာတော့ ခွေးပဲ) ကျူးလွန်မိတဲ့ ဘုရင့်
မိဖုရားကြီး.. သေခါနီး အဲဒီ နိမိတ် ၀င်လာလို့ အပါယ် ကျသွားတဲ့ အကြောင်း။
ကဲဗျာ မှတ်လက်စနဲ့ မထူးတော့ပါဘူး ဆက်သာ မှတ်လိုက်ပါတော့.. တိရစ္ဆာန်နဲ့
ကျူးလွန်ရင်လည်း ကာမေသုကံ ထိုက်တဲ့ အကြောင်းလေး။

ကျွန်တော် အခုထိ ဖော်ပြခဲ့တာ တွေကတော့ ဘယ်လို ကျူးလွန်ရင်တော့ ကာမေသုကံ
ထိုက်တယ်ဆိုတဲ့ အကြောင်း၊ အခု ထပ်ဖော်ပြမှာက ကာမေသုကံ ထိုက်တဲ့ အင်္ဂါရပ်
၎-ချက်နဲ့ ကာမေသုကံကို ရှောင်ကြဉ်ရင် ရရှိမယ့် အကျိုးတွေ… မှတ်ပါလို့တော့
ပြောတော့ ဘူးဗျာ… မှတ်ချင်တဲ့ သူသာ မှတ်ပေတော့။ ကျွန်တော် ကတော့
ပြောရမှာပဲ.. မတတ်နိုင် တော့ဘူး…။

ကာမေသုမိစ္ဆာစာရကံ အင်္ဂါ ၄-ပါးမှာ...

၁။ မသွားလာအပ်သောမိန်းမ ၂ဝ-ဖြစ်ခြင်း။
၂။ မှီဝဲလိုစိတ်ရှိခြင်း။
၃။ လုံ့လပြုခြင်း။
၎။ သာယာခြင်း။
ဤအင်္ဂါ ၄-ပါး ညီညွတ်လျှင် ကာမေသု မိစ္ဆာစာရကံ မြောက်သည်။


ကာမေသု မိစ္ဆာစာရကံ ရှောင်ကြဉ်ရသော အကျိုးတရားများ

၁။ ရန်သူမရှိခြင်း။
၂။ အလုံးစုံသော သတ္တဝါတို့၏ ချစ်ခင် မြတ်နိုးမှုကို ခံရခြင်း။
၃။ ထမင်း အဖျော်ယမကာ အဝတ်တန်ဆာတို့ ရရှိခြင်း။
၎။ ချမ်းသာစွာ အိပ်ရခြင်း။
၅။ ချမ်းသာစွာ နိုးရခြင်း။
၆။ အပါယ်ဘေးမှ လွတ်ရခြင်း။
၇။ မိန်းမ နပုန်းအဖြစ်မှ လွတ်ရခြင်း။
၈။ အမျက်ဒေါသနည်းခြင်း။
၉။ ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း။
၁ဝ။ လည်တိုင်ကြော့ကြော့ မော့မော့ နေနိုင်ခြင်း။
၁၁။ မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပြစွာ နေနိုင်ခြင်း။
၁၂။ မိန်းမနှင့် ယောက်ျားအချင်းချင်းသာ ချစ်ခင်မြတ်နိုးခြင်း။
၁၃။ မျက်စိ နား နှာစသော ခြေလက်အင်္ဂါများ ပြည့်စုံခြင်း။
၁၄။ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း။
၁၅။ ယုံမှားသံသယကင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း။
၁၆။ ချမ်းသာစွာ နေရခြင်း။
၁၇။ ပူပန်ကြောင့်ကြ မရှိရခြင်း။
၁၈။ ဘေးရန် မရှိခြင်း။
၁၉။ ချစ်ခင် နှစ်သက်သူ တို့နှင့် နေရခြင်း စသော အကျိုး တရားတို့ကို
ရရှိပါသည်။

အားလုံးပဲ နားလည် လောက်မှာပါ၊ ထပ်ရှင်းဖို့တော့ မလိုတော့ဘူး ထင်ပါတယ်။
အဲ… ကျွန်တော်လည်း ရေးကောင်းကောင်းနဲ့ အပြစ်တွေပဲ ရေးနေလိုက်တာ..
စာရှုသူသာ ဒီအချက် တွေထဲက တစ်ခု မဟုတ် တစ်ခု ငြိနေရင် တော်တော် စိတ်ညစ်
နေလောက်ပြီ ထင်တယ်နော်…။

မညစ်ပါနဲ့ဗျာ.. ဘယ်တတ်နိုင် ပါ့မလဲ… ဒီအမှုက၊ ဒီ အကုသိုလ်က ကိုယ်ကျူးလွန်
ပြီးသွားပြီပဲ…၊ နောင်ကိုသာ ဒီလို အမှုမျိုး နောက်ထပ် မကျူးလွန် မိအောင်
အသိမမှားပဲ သတိ တရားလေးနဲ့ စောင့်ထိန်းရင်း အကုသိုလ် တွေပယ်၊ ကုသိုလ်တွေ
ကြွယ်အောင်၊ အကုသိုလ် တွေပါး၊ ကုသိုလ်တွေ များအောင် ကျင့်ပွား ကြိုးကုတ်
အားထုတ်ဖို့ပဲ ရှိတော့တာပေါ့။

အဲ.. စာရှုသူရေ စိတ်မရှိပါနဲ့ဦး၊ ကာမေသု မိစ္ဆာစာရကံ ကျူးလွန်ခြင်းရဲ့
အပြစ်တွေ ကျန်သွားလို့… တောင်းပန်ပါတယ်.. အားနာ ပါးနာနဲ့ ဆက်ဖတ်
ပေးပါဦး…။

ကာမေသု မိစ္ဆာစာရကံ ကျူးလွန်ခြင်း၏ အပြစ်များ

''မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်း သိပ်လည်း၊ မအိပ်လေရာ'' ဟူသော
ရှေးပညာရှိတို့ ဆုံးမ စကားအရ အမျိုးကောင်း သားများသည် အုပ်ထိန်းခြင်း
မကင်းသောသူ မည်သည့် အမျိုးသမီးနှင့်မဆို ဖောက်ပြန် ကျူးလွန်လျှင် ကာမေသု
မိစ္ဆာစာရကံ ထိုက်သည်။ ဤကံကား အလွန် ကြောက်ဖွယ် ကောင်း၏။ သေလွန်၍ ငရဲသို့
ကျခံရပြီးနောက် လူ့ဘဝ ပြန်ရ စေကာမူ ဘဝများစွာပင် နပုန်း ပဏ္ဍုက်
ဖြစ်ရခြင်း၊ ချစ်သူနှင့် ကွဲရခြင်း စသော မကောင်းကျိုးများ များလှကုန်၏။

ကဲ တွေ့တယ်နော် နပုန်း ပဏ္ဍုက်တဲ့…၊ အရှင် အာနန္ဒာ အလောင်း အလျာတောင်
ဘ၀တစ်ခုမှာ ကာမေသုကံ ကျူးလွန်ခဲ့လို့ အပါယ်ကျ၊ မိန်းမ ဘ၀တွေ အလီလီ
ဖြစ်ပြီး၊ နပုန်းပဏ္ဍုက် ဘ၀တွေ ဖြစ်သေးတယ် ဆိုပဲ…။

ကဲဗျာ ရေးတာလည်း များသွားပြီ၊ မိတ်ဆွေတို့လည်း မှတ်ရတာ တော်တော်
များသွားတယ် ထင်တယ်…။ ကျွန်တော်လည်း စာရိုက်ရလို့ လက်တွေလည်း ညောင်း၊
ဇက်ကြော တွေလည်း တော်တော် တက်သွားတယ်။ သူများ တကာကို သိစေချင်တော့လည်း
ဒီလောက်တော့ ရင်းရမှာပေါ့ဗျာ.. ဒါက ထားပါ.. နောက်ဆုံး လေးစားသမှုနဲ့
အကြံပေးချင် တာကတော့…

ဒီ ကာမေသုကံကို ယနေ့ အချိန်ထိ မကျူးလွန် မိသေးတဲ့ သူများ နောင်လည်း
မကျူးလွန် မိအောင် ဆက်လက် ထိန်းသိမ်းကြပါ၊ ကျူးလွန်မိပြီး သူများလည်း
စိတ်ပျက် မနေဘဲ.. ကုသိုလ် တရားတွေ တိုးသထက် တိုးအောင် လုပ်ဆောင်ပါ။ ဒါန၊
သီလ၊ သမထ ဘာဝနာ မှသည် ၀ိပဿနာ ဘာဝနာ အထိ တက်လှမ်းနိုင်အောင် ကြိုးစားကြပါ။
ဘာလို့လဲ ဆိုတော့ ၀ိပဿနာ ဘာဝနာ အားထုတ်လို့ မဂ်တစ်ချက် မြင်ပြီ ဆိုတာနဲ့
ဒီ ကာမေသုအမှု အကုသိုလ်ကံဟာ အဟောသိကံ (အကျိုးမပေးတဲ့ ကံ)
ဖြစ်သွားစေလို့ပါပဲ။

***********************************************

အားလုံးသော ဓမ္မ မိတ်ဆွေများ မမေ့မလျော့ မပေါ့မဆ မြဲမြံသော
သတိတရားတို့ဖြင့် ကိုယ်စီ ကိုယ်ငှ ပြည့်စုံနိုင်ပြီး ၀ိပဿနာ အလုပ်ကို
ကျင့်ကြံ ကြိုးကုတ် အားထုတ် နိုင်ကြပါစေ။ ဖတ်တဲ့ အတိုင်းလည်း သိ၊ သိတဲ့
အတိုင်းလည်း ကျင့်၊ ကျင့်တဲ့ အတိုင်းလည်း ရနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

အိုက် ချီ ခန့်

unread,
May 19, 2009, 5:21:36 AM5/19/09
to realmyan...@googlegroups.com
ဟဟ.. ငါတို့ယောက်ကျားတွေ တော့ ...အင်း... အင်း...


2009/5/18 YuYa <khinyu...@gmail.com>
Reply all
Reply to author
Forward
0 new messages