ပညာတတ်၊ ပညာရှိ၊ ပညာရှင်..

24 views
Skip to first unread message

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
May 17, 2013, 4:37:55 AM5/17/13
to စစ်မှန်သောမိသားစု

ပညာတတ်၊ ပညာရှိ၊ ပညာရှင်..

posted by ပန်းကမ္ဘာ

၁။ လောကမှာ ပညာတွေ၊ ဘွဲ့ဒီဂရီတွေ တတ်အောင် ရအောင်တော့ သင်ယူထားတယ်၊ ဘွဲ့ဒီဂရီတွေ ရထားသော်လည်း ကိုယ်တိုင် မကျင့်သုံး၊ မလိုက်နာနိင်သေးတဲ့ အဆင့်ကို "ပညာတတ်" လို့ ခေါ်တယ်၊

၂။ နောက်တစ်ယောက်ကတော့ ပညာတတ်ရုံသာ မကဘူး၊ မိမိရရှိထားတဲ့ ဂုဏ်ဒြပ်နဲ့ လိုက်ဖက်စွာ  နှုတ်အပြောအဆို၊ စိတ်နေစိတ်ထား၊ ကိုယ်အမူအရာက အစ သိမ်မွေ့စွာ ပညာရှိပီသစွာ၊ ယဉ်ယဉ်ကျေးကျေးနေထိုင် ကျင့်ကြံနိုင်သူကိုတော့ "ပညာရှိ" လို့ ခေါ်ရတယ်၊

၃။ ပညာရှိရုံ အဆင့်တင် ကျေနပ်မနေပဲ နောက်နောက် မိမိတပည့်တွေ၊ ပညာတတ်၊ ပညာရှင်တွေ ထွက်ပေါ်လာအောင် နောက်မျိုးဆက်သစ်တွေ  generationတစ်ဆက်ပြီးတစ်ဆက် ပေါ်ပေါက်လာအောင်

 ပြုစုပျိုးထောင်ပေးနတယ်၊ 

(တနည်းအားဖြင့်) ကိုယ့်မှာ ရှိနေတဲ့ ပညာတွေကို သေမနေစေဘဲ အမြဲတမ်း ရှင်သန်နေအောင် ဥယျာဉ်မှုးကောင်း တစ်ယောက်အဖြစ် ကြိုးစားနေသူကိုကျတော့ "ပညာရှင်" လို့ သတ်မှတ်ရပါမယ်။ 

(မှတ်သားဖူးတဲ့ အချက်အလက်များကို မှတ်စုမှတ်ရာ အဖြစ် ပြန်လည်မျှဝေပါတယ် )



ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင် ရန်ကုန်ကို ပြန်ရောက်တော့မည်။

မြန်မာပြည်မှာ ရှိနေစဉ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပို့စ်သစ်များ တင်နိုင်တော့မည် မထင်ပါ၊

အထူးသဖြင့် မိမိနှင့် မြင်ဖူး မမြင်ဖူးသူများ၊ ရင်းနှီးသူ မရင်းနှီးသူ စာဖတ်ပရိသတ်အားလုံးအား နှုတ်ဆက်ပါသည်၊

စာကြွင်း။   ။  ဤ၀က်ဆိုက်ပေါ်ရှိ ကဗျာ၊ ဆောင်းပါးများအားလုံးကို တစ်ဆင့်ကူးယူကာဖ်ာပြလိုပါက စာရေးသူ၏ မူရင်းကလောင်နာမည်ကို တပါတည်းဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 

စာဖတ်ပရိသတ်အပေါင်း လိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ..
(ပန်းကမ္ဘာ)
Date.28.Mar.2013

http://www.dhammayaungchi.com

--

စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။
Reply all
Reply to author
Forward
0 new messages