ချစ်သူ/ရည်းစား (ကောင်လေး) ကို မပြောသင့်သော စကား(၁၀)ခွန်း

0 views
Skip to first unread message

ဆောင်းခိုကြယ်

unread,
Jun 14, 2010, 9:47:27 AM6/14/10
to real-family-mm

၁) “တော်ပြီ… နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”

ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို
တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက
သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ
စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲလာတတ်တယ်…


၂) “ကို… ကို့အရင်ကောင်မလေးကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”

ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်… ငါ့ကောင်မလေးက ငါ့ကို ဒီလောက်တောင်မယုံဘူးလား…
နားမလည်ပေးနိုင်ဘူးလားဆိုပြီး တွေးလာတတ်တယ်…
သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း လိုက်လိုက်ပြီး
မမေးနဲ့ပေါ့နော်… တော်ကြာကိုယ့်ကြောင့်
သူ့အရင်ကောင်မလေးအကြောင်းပြောပြရပါများပြီး… အရင်ကောင်မလေးကို
ပြန်စိတ်လည်သွားမှ ဒုက္ခ…


၃) ကိုယ့်ချစ်သူကို လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့… မဆူမိပါစေနဲ့… ယောက်ျားမာနကမသေးဘူးနော်… သူတို့ ဘယ်လောက်မှားနေမှားနေ မအော်သင့်ပါဘူး… သူတို့ကို သိက္ခာကျစေပါတယ်… ကိုယ့်ကို စိတ်နာသွားတတ်တယ်… ပြီးတော့ကိုယ့်ကိုလည်း အဆင့်မရှိတယ်
မိန်းမလို့ထင်သွားတတ်တယ်… တကယ်က ကိုယ်တို့က
စိတ်အရမ်းဆိုးသွားပြီးအော်မိကြတာပါ… ဒါပေမယ့် မကောင်းပါဘူး…


၎) ကိုယ့်ချစ်သူကျူးလွန်ခဲ့တဲ့ အရင်က အပြစ်တွေကို ခဏခဏ ပြန်မပြောမိပါစေနဲ့… ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး လာပြောနေရင်ကြိုက်မလား… ဘယ်ကြိုက်မလဲနော်… စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ… ကိုယ်က ပွစိပွစိနဲ့
အရင်က ဟာတွေပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပေါ့…


၅) “ကိုကလဲ ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့”

ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ် ဒီလိုပြောလိုက်ရင် သူစိတ်ထိခိုက်သွားလိမ့်မယ်… သူ့ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် အထင်သေးတဲ့
စကားမျိုး မပြောမိပါစေနဲ့… ကိုယ်သူ့ကို တကယ်ချစ်တယ် ဆိုရင် သူ့ကို
တန်ဖိုးထားပြီး လေးစားသင့်တာပေါ့နော်…


၆) ပြီးတော့ ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ဒေါသဖြစ်နေနေ မဆဲမိပါစေနဲ့… ရှေ့မှာ ပြောခဲ့သလိုပဲ တကယ်ချစ်ရင် တန်ဖိုးထားသင့်တာပေါ့… သူကတချိန်ချိန်မှာ ကိုယ့်ရဲ့  အိမ်ထောင်ဦးစီး ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့…) ဒီတော့
တယောက်ကို တယောက် လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပေါ့…


၇) “ကိုနဲ့ ချစ်သူဖြစ်ပြီးကတည်းက ချစ်မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး … အဲဒါကို့ကြောင့်…”

တကယ်တမ်းက သူနဲ့ ချစ်သူဖြစ်ပြီး သူ့ကို ချစ်တော့ သူ့အတွက်ပဲ အချိန်တွေပေးဖြစ်ပြီး ကိုယ်က သူငယ်ချင်းတွေနဲ့ အဆက်အဆံကြဲသွားတတ်ပါတယ်…
အဲဒါကိုယ့်ချစ်သူကြောင့်လို့ အပြစ်မတင်သင့်ဘူး ဘာလို့လဲ ဆိုတော့ သူ့ကို
ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက အတင်း သူငယ်ချင်း
ဖြတ်ခိုင်းတာဆိုရင်တော့ တမျိုးပေါ့နော်…


၈) “ကိုကလေ တခါတခါ အခြောက်နဲ့တူတယ် သိလား”

တခါတလေ အခြောက်နဲ့ တူသွားတဲ့ အပြုအမူတချို့ လဲ ရှိရင် ရှိမှာပေါ့… ဒါပေမယ့် အခြောက်နဲ့ တူတယ်လို့ သွားပြောလိုက်ရင်တော့ မကောင်းပါဘူး… သူ့ကို
စော်ကားရာရောက်ပြီး သူစိတ်ဆိုးသွားလိမ့်မယ်… တကယ်ခြောက်နေတဲ့ လူတချို့ 
တောင် သူတို့ကို အခြောက်နဲ့ တူတယ်လို့ ပြောရင် မကြိုက်ကြပါဘူး…


၉) ကိုယ့်ချစ်သူရဲ့  ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း ဘယ်တော့မှ မပြောမိပါစေနဲ့ … တကယ်မကောင်းလို့ ပါးစပ်ကနေထုတ်ညည်းချင်တယ်ဆိုရင်တောင် သူ့ရှေ့မှာ မညည်းမိပါစေနဲ့… သူ့ဆွေမျိုး သူ့မိဘကို ကိုယ့်ဆွေမျိုး ကိုယ့်မိဘလိုပဲ
သဘောထားလိုက်ပါ…


၁၀) “ကိုက ချစ်စိတ်ကို ချစ်သူငယ်ချင်းတွေလောက်တောင် နားမလည်ပါလား”

ကိုယ့်ချစ်သူကို ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့လဲ မနှိုင်းနဲ့ ကိုယ့်သူငယ်ချင်းရဲ့  ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့… ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မနှိုင်းပါနဲ့…
ကိုယ့်ချစ်သူကလည်း ကိုယ့်ကို အတတ်နိုင်ဆုံး အလိုလိုက်နေတာပဲ… ချို
့ယွင်းချက်လေးတွေတော့ရှိမှာပေါ့… (အလိုမလိုက်တဲ့ချစ်သူဆိုရင်တော့
တမျိုးပေါ့နော်…) ကိုယ်က သဘောထားကြီး နိုင်သလောက်ကြီးပေးထားပါ…
အတိုင်းအတာတစ်ခုအထိပေါ့…


အခုပြောသွားတဲ့ အချက်တွေရယ်… ချစ်သူ/ရည်းစာ (ကောင်မလေး) ကို မပြောသင့်သော စကား (၁၀)ခွန်း

ပို့စ်ထဲက အချက်တွေရယ်ဟာ… ကောင်လေးက ဒီအချက်တွေ မလုပ်ရဘူး ကောင်မလေးက ဒီအချက်တွေလုပ်လို့ရတယ်… ကောင်မလေးက ဟိုအချက်တွေ မလုပ်ရဘူး ကောင်လေးက
ဟိုအချက်တွေလုပ်လို့ရတယ်… ရယ်လို့ မဟုတ်ပါဘူး… ကောင်လေးရော ကောင်မလေးရော…
ဖေါ်ပြသွားခဲ့တဲ့ အချက်တွေကို ရှောင်နိုင်ရင်အကောင်းဆုံးပါပဲ…


ချစ်သူအားလုံး ပျော်ရွှင်စွာ ထာဝရ လက်တွဲသွားနိုင်ကြပါစေ…

--
ကမ္ဘာမကျေ..

B-Girl ဇင်လေး

unread,
Jun 14, 2010, 9:58:22 AM6/14/10

အမလေး.. ဇင်လေးအကြောင်း ရေးထားတယ်လို့တောင်ထင်ရတယ်.. လွန်ပါတယ်..ယောကျားလေးကိုအားလုံးလိုက်လျောနေရတာတော့.. မိန်းကလေးကျတော့.အားလုံးပေးဆပ်တာချည်းပဲပေါ့..မတရားဘူး.. သူလဲချစ်.ကိုယ်လဲချစ်တာပဲလေ..မိန်းကလေးချည်းပဲ.အားလုံးလျှော့နေရတာ..တကယ်ပဲ.. အဲ့ထဲကအချက်အားလုံး ဇင်လေး လုပ်တယ်..ဒါပဲ.... ဖြစ်ချင်တာဖြစ်.. လုံးဝမတရားပါ.......

2010/6/14 ဆောင်းခိုကြယ် <woon.y...@gmail.com>

--
"Real Family" group မှကြိုဆိုပါတယ်ခင်ဗျား။
Post ကိုမေးကနေ တင်ချင်ရင်တော့ real-fa...@googlegroups.com ကိုမေးပို့လိုက်ပါ။ Post များကို တစ်နေရာထဲတွင် အကုန်ဖတ်နိုင်ရန်၊ reply လုပ်လျှင် ပိုမိုလွယ်ကူစေရန်၊ member များကို သိရှိနိုင်ရန်၊ သူငယ်ချင်း မိတ်ဆွေများအား အလွယ်တကူ ဖိတ်ကြားနိုင်ရန် http://groups.google.com/group/real-family-mm?hl=en ကနေ၀င်ပေးကြပါခင်ဗျား။ အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေးရန်။(Reply ပြန်ရန်) တောင်းဆိုပါတယ်ခင်ဗျား.။

1E3.gif

Rat ghost

unread,
Jun 14, 2010, 10:28:31 AM6/14/10
မှန်တယ် မပြောသင်.ဘူး တကိုကောင်းဆန်တဲ့မိန်းမတွေပဲပြောကြတာ

2010/6/14 B-Girl ဇင်လေး <kzin...@gmail.com>
1E3.gif

B-Girl ဇင်လေး

unread,
Jun 15, 2010, 12:27:25 AM6/15/10
ဒါဆို.မိန်းကလေးတွေရဲ့ခံစားချက်ကို လျစ်လျူရှုရာ မကျဘူးလား.. မိန်းကလေးတွေကျတော့.ကြိတ်ပြီးခံစားနေရမယ်ပေါ့... မတရားပါ..

2010/6/14 Rat ghost <ratgh...@gmail.com>
1E3.gif

ei myatnoeekhin

unread,
Jun 15, 2010, 3:28:09 AM6/15/10
အော် အဲ့ဂလိုလည်းဟုတ်ဖူးလေကွယ်(လူကြီးလေသံဖြင့်) အဟမ်းဟမ်း
မိန်းကလေးတွေ အဲ့လိုမပြောသင့်တာတော့ဟုတ်တယ်လေ အခြောက်လိုပြောတာကို နာတယ်ယောက်ျားလေးတွေက ခနခနလမ်းခွဲမယ်ပြောတော့လည်း စိတ်ညစ်မှာပေါ့ မမ ဘက်ကမမဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောပေါ့ ဒါပေမယ့် မထိခိုက်စေနဲ့လေ ဟုတ်ဖူးလား
ဂဏန်းပုံကြီးနဲ့ ဆိုတော့ ညီမတောင်လန့်သွားတယ် ညှပ်တော့မလားလို့ လက်ကိုပြောပါတယ် အဟိဟိ
1E3.gif

YAN San

unread,
Jun 15, 2010, 3:47:54 AM6/15/10
သတိထားမယ် !!!!        :)

2010/6/14 ဆောင်းခိုကြယ် <woon.y...@gmail.com>

--

Yie Mon

unread,
Jun 15, 2010, 3:51:27 AM6/15/10
ငါ့ညီမလေးက တယ်လည်း ဂရုစိုက်တာကို Cosec ကို :P

2010/6/15 YAN San <hyoricr...@gmail.com>



--
Yie Mon

YAN San

unread,
Jun 15, 2010, 3:54:27 AM6/15/10
ဒါပေါ. gucci မှဂရုမစိုက်ရင် ဘယ်သူ၈ရုစိုက်မလဲ hee hee :)

2010/6/15 Yie Mon <zluv7...@gmail.com>

Yie Mon

unread,
Jun 15, 2010, 4:03:27 AM6/15/10
ဟုတ်ပါတယ်တော် ဟုတ်ပါတယ် ဟွန်းးး ပြောကိုပြောချင်ဖူး

2010/6/15 YAN San <hyoricr...@gmail.com>



--
Yie Mon

daisy duck

unread,
Jun 16, 2010, 3:46:19 AM6/16/10
အမငေး သူကလား ဂရုစိုက်တာ ထစ်ကနဲရှိ ရိုက်လိုက် ခိုင်းလိုက်နဲ့ကို ပွာန့် မီးရဲ့ကိုဆက်လေးသနားပါတယ် :)

2010/6/14 ဆောင်းခိုကြယ် <woon.y...@gmail.com>

--

YAN San

unread,
Jun 16, 2010, 3:52:54 AM6/16/10
ဘာမှဟုတ်ဝူး
သူလဲနာ.ကိုအဲလို ပဲ
ဟွန်. သူလဲတိဘဲနဲ.
cosec ရေ ငါ.ကိုပြောပေးဦး

2010/6/16 daisy duck <jihoo...@gmail.com>

COSEC COSEC

unread,
Jun 22, 2010, 2:21:37 AM6/22/10
ဟုတ်၏
gucci ပြောတာ
ဟုတ်၏

2010/6/16 YAN San <hyoricr...@gmail.com>

နှင်းခည

unread,
Jun 22, 2010, 8:21:35 AM6/22/10
ဘာတွေလဲ.....ဟင်

2010/6/22 COSEC COSEC <silen...@gmail.com>



--
ကြယ်ကြွေလို့ဆုတောင်းတိုင်းပြည့်ရင်
လူတွေ ခဏခဏဆုတောင်းနိုင်ဖို့
ထပ်ခါထပ်ခါကြွေပေးမယ့် ကြယ် ကလေးပဲ
ဖြစ်ချင်တရ်..........

Yie Mon

unread,
Jun 22, 2010, 8:32:09 AM6/22/10
မသိရင် မသိသလိုနေတာ အကောင်းဆုံးဘဲ

2010/6/22 နှင်းခည <woon.y...@gmail.com>



--
Yie Mon

နှင်းခည

unread,
Jun 22, 2010, 8:35:58 AM6/22/10
ဒီမှာ စိန်အရောင်းအ၀ယ်လုပ်နေတာဗျ....
ဘယ်နှယ့်   ပုလင်းဝယ်ဒန်ဝယ်က  သူ့  ပုလင်းကွဲလာပြနေတယ်
လုပ်အုံးဗျို့

2010/6/22 Yie Mon <zluv7...@gmail.com>

Yie Mon

unread,
Jun 22, 2010, 8:38:43 AM6/22/10
အမယ် သူကဘဲပြောရသေးတယ်

2010/6/22 နှင်းခည <woon.y...@gmail.com>



--
Yie Mon

မက်သျှင်

unread,
Jun 24, 2010, 4:07:36 AM6/24/10
တကယ်အနှစ်သာရရှိတဲ့စာစုလေးပါ......


2010/6/22 Yie Mon <zluv7...@gmail.com>



--
**Be Always Happy**

သိဂီၤ

unread,
Jun 24, 2010, 5:55:32 AM6/24/10
to real-fa...@googlegroups.com
အော်......စောင်ခိုးကြယ်ကို အားပေးကြတယ်လား......:P

2010/6/24 မက်သျှင် <cho...@googlemail.com>



--
" ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းဖြစ်ပါစေ"
- သိဂီၤ -
ဆင်းရဲမှာကိုကြောက်ရမယ်။
မတတ်မှာကိုကြောက်ရမယ်။
ငရဲကိုသွားဖို့ကြောက်ရမယ်။

Reply all
Reply to author
Forward
0 new messages