သစ်ထူးလွင်
|
|
ဖားကန် အနီးမိုင်းထိ၍ မြန်မာ့ တပ်မတော် အရာရှိ ၆ ဦးပါဝင် ၄၈ ဦးကျဆုံး Posted: 31 Aug 2012 02:37 AM PDT ရန်ကုန် ဩဂုတ် ၃၁
အစိုးရတပ်ဖွဲ များနှင့်ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။ The Voice Weekly |
||
|
Posted: 31 Aug 2012 02:21 AM PDT ၉၂ ပါဂျောင်ရှင်းတမ်း ဟု အမည်ပေးထားသော မြန်မာပြည် မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ၏ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် ကျင်းပခဲ့သည်။ ပုံမှာ မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများထဲမှ ထွက်ပြေး လွတ်မြောက် လာသူများက ရှင်းလင်းနေစဉ်နှင့် ၎င်းတို့၏ ကြေညာချက် ---
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ) 7Day News Journal |
||
|
ဒေါက်တာနိုင်အောင် ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ Posted: 31 Aug 2012 02:02 AM PDT “ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့်မို့ အစိုးရနဲ့ မတူညီတဲ့ သဘောထားတွေ ထုတ်ဖော် ပြောဆိုတ ကြောင့်မို့လို့ ပြည်ပမှာရှိတဲ့ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲမှာ ထပ်မရှိ သင့်တော့ပါဘူး။ အကျဉ်း ထောင်တွေထဲ ရောက်နေ တာလည်း မရှိသင့်တော့ဘူး”ဟု ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်လာ ရောက်သော ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမည်ပျက်စာရင်းနှင့် ပတ်သက်၍ ၎င်း၏သဘောထားကို ထုတ်ဖော်ပြောကြားသည်။
ထို့အပြင် ဒေါက်တာနိုင်အောင်က ယခုခရီးစဉ်နှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ပြောသည်။ “အခုကတစ်ဦးချင်းကို တစ်သီးပုဂ္ဂလအနေနဲ့ ဖိတ်လို့လာတာ ဖြစ်ပေမယ့် ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြင်တွေ အဲဒီမူသဘောထားတွေအရ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့်တို့သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အချိန်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း စသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ပြောကြားခဲ့သည်။ ဒေါက်တာနိုင်အောင်က မြောက်ပိုင်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသားများနှင့် တွေ့ဆုံရန် အစီအစဉ် ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်း၏အဖွဲ့သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာသာ တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ပြောသည်။ 7Day News Journal |
||
|
လုပ်ပိုင်ခွင့်ရရင် ပြည်တွင်းမှာ နိုင်ငံရေးလုပ်မယ် – ဦးမိုးသီးဇွန် Posted: 31 Aug 2012 12:41 AM PDT နိုင်ငံရေးအရ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်တွေရရင် အချိန်မရွေး ကိုယ့်တိုင်းပြည်မှာပဲ ကျရတာဝန်ကို လုပ်ဆောင်မယ်လို့ ၈၈ အရေးတော်ပုံပေါ်မှာ ထင်းရှားတဲ့ ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး လောလောဆယ် ပြည်ပမှာ နေထိုင်နေတဲ့ ဦးမိုးသီးဇွန်က ပြောပါတယ်။
ဦးမိုးသီးဇွန်နဲ့ ပြည်ပအခြေစိုက် ခေါင်းဆောင်တချို့ဟာ ၂၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်ကို စက်တင်ဘာ ၁ ရက်နေ့ သွားရောက်တော့မှာပါ။ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ဘာတွေ လုပ်ဆောင်မလဲ၊ ပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။ ၂၄ နှစ်အတွင်းမှာ မြန်မာပြည်ကို ပထမဆုံးပြန်လေ့လာတဲ့ ခရီးစဉ်ဆိုတော့ အဓိက မြန်မာပြည်ထဲမှာ ဘာတွေလုပ်မယ်၊ ဘယ်သူနဲ့တွေ့ဖို့ရှိပါလဲ။ “အဓိက ကျနော်တို့ သွားတာက ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေးအပြောင်းအလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေ ၊ ခေါင်းစဉ်တွေ ဆွေးနွေးဖို့ သွားတာပါ။” ဘယ်လောက်အထိ လုပ်လို့်ရမယ်လို့ မျှော်လင့်လဲ။ “ဒါကတော့ အခြေအနေတွေ အားလုံးကို ကျနော်တို့ ကြည့်ရမှာပေါ့။ ဒီလုပ်ငန်းစဉ်တွေဟာ အလွန်တရာမှ ကြီးကျယ်တဲ့ လုပ်ငန်းစဉ်တွေပါ။ ကျနော်တို့ တဖွဲ့တည်းနဲ့ လုပ်နိုင်မယ်လို့ မခံယူပါဘူး။ ကျနော်တို့ ရှိတဲ့အင်အားနဲ့လည်း မရပါဘူး။ တမျိုးသားလုံးပါဝင်ပြီး လုပ်ဆောင်ရ မှာပေါ့။ အစိုးရရော၊ ဒီမိုကရေစီအင်အားစုတွေရော အကုန်လုံးအတူတကွ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်တော့ ဒီလုပ်ငန်းတွေက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။” ဦးမိုးသီးထွက်လာတဲ့ လွန်ခဲ့တဲ့ ၂၄ နှစ် အချိန်တုန်းကတော့ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုင်ငံရေးလုပ်နေကြတယ်၊ နိုင်ငံရေးအသိတွေ ရှိနေကြတယ်။ အခုအခြေအနေ အနေအထားရော ဘယ်လိုမျိုး ပြောလို့ရလဲ။ “အခုအခြေအနေကလည်း နိုင်ငံရေးနိုးကြားလာပြီလို့ ပြောလို့ရတယ်။ အရင်ကနဲ့ မတူတာကတော့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေကို လွန်ခဲ့တဲ့ ၂၄ နှစ်တုန်းက တစိုက်မတ်မတ် တောင်းရ တာလေ။ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက စပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို သံန္နိဋ္ဌာန်ချပြီးတော့ လုပ်လာတယ်။ နောက်တခုက အထဲမှာလည်း ဒီမိုကရေစီအင်အားစုတွေက အခက်အခဲ အကျပ်အတည်းတွေကြားထဲက အပြောင်းအလဲတွေကို ကြိုးပမ်းနေတာတွေ့တယ်။ ဒါကြောင့်မို့လို့ ၈လေးလုံးတုန်းကတောင်းလာတဲ့ တောင်းဆိုချက်တွေနဲ့ အစိုးရကလည်း ဒီတောင်းဆိုချက်တွေကိုပဲ လုပ်ဆောင်နေတယ် ဆိုတော့ လူထုရဲ့ နိုးကြားလာမှုက ၈ လေးလုံးကနဲ့ အတူတူပဲလို့ ကျနော်အနေနဲ့ မြင်ပါတယ်။” အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ ဘာတွေ ဆွေးနွေးမယ်လို့ ပြင်ထားလဲဗျ။ “ခုနက ပြောသလို တိုင်းပြည်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည် တည်ထောင်ရေး လုပ်ငန်းတွေကို အဓိက ဦးစားပေးပြီး ဆွေးနွေးမှာပါ။ အဲဒီလုပ်ငန်းတွေ အတွက်လည်း ဒီမိုကရေစီ အင်အားစုနဲ့ရော အစိုးရနဲ့ရော အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကျနော်တို့အဖွဲ့က ဆုံးဖြတ်ထားပါတယ်။ အဲဒါတွေကိုပဲ ဆွေးနွေးတင်ပြမှာပါ။ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး အင်အားစု အားလုံးရဲ့ အမြင်တွေကို ကျနော်တို့ လေ့လာခွင့်ရမယ်လို့ ယုံကြည်ပါတယ်။” ဘယ်အလို အခြေအနေပေးရင် ပြည်တွင်းထဲမှာ နေထိုင်ပြီး နိုင်ငံရေးကို လုပ်မယ်လို့ မျှော်လင့် ထားလဲ။ “လွန်ခဲ့တဲ့ ၂၄ နှစ်ကတည်းက တိုက်လာတာက ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ဖို့၊ ကိုယ်တိုင်းပြည်ကို ကိုယ်ပြန်တည်ဆောက်ဖို့ပဲ။ ကျနော်တို့တွေကို နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ဆောင်ရွက်ခွင့်တွေ ရမယ်ဆိုရင် အချိန်မရွေး ကိုယ့်တိုင်းပြည်မှာ ပြန်ပြီးတော့ ကျရာတာဝန်ကို လုပ်မှာပါ။ ကျနော်တို့ ပဏာမဆွေးနွေးနေတဲ့ ဦးအောင်မင်းနဲ့ တုန်းကလည်း ဒီကိစ္စကို ဆွေးနွေးကြပါတယ်။ အဲဒီကိစ္စတွေ အားလုံးကို အဆင်ပြေမယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်ထားတယ်။ ကျနော်တို့ အနေနဲ့လည်း မျှော်လင့်ထားတယ်။” ပထမဦးဆုံး မြန်မာပြည်ကို ပြန်ရောက်ရင် ဘာကို စလုပ်မလဲဗျ။ “ပထမဆုံး ရွှေတိဂုံဘုရားကို သွားချင်တယ်။ အင်းလျားကန်မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် နှင်းဆီပန်းလေးတွေ အင်းလျားကန်ထဲကို ချချင်တယ်။ မတ်လ ၁၆ ရက်နေ့မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ အတွက်ပေါ့။ နောက်ပြီး ၀န်ကြီးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမယ်။ ရောက်ရောက်ချင်းကတော့ ၈၈ ပြည်တွင်းက အင်အားစုတွေက ကျနော်တို့ကို ဂီတဖျော်ဖြေမယ့်ပွဲမှာ သွားတက်မယ်။” တခြား ဘာပြောချင်တာ ရှိလဲဗျ။ “အခု ကျနော်တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေက ကျနော်တို့အတွက် မဟုတ်ပါဘူး။ တမျိုးသားလုံးအတွက် မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပါ့မယ်။ ကျနော်တို့ကို အားပေးပါ။ ထောက်ခံပါ၊ ကူညီပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။” by မင်းလွင် (ဒီဗွီဘီ) |
||
|
စစ်တွေတွင် အသုဘသဂြိုင်္လ် ရန် အခက်အခဲ တွေ့ကြုံ Posted: 31 Aug 2012 12:37 AM PDT ရန်ကုန် သြဂုတ် ၃၁
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တစ်ခုတည်း သော မှန်စီသုသာန်မှာ ဒေသတွင်း ဆူပူ အကြမ်းဖက်မှု များကြောင့် ယခုအချိန်ထိ အသုံးပြုရန် ယာယီ ရပ်ဆိုင်းထားသည့်အတွက် အသုဘသဂြိုလ်မှုများ ပြုလုပ်ရာတွင် အခက်အခဲ များဖြင့် ကြုံတွေ့ နေရကြောင်း စစ်တွေမြို့ နာရေး ကူညီမှု အသင်းထံမှ သိရှိရသည်။ “တစ်ခါတစ်လေ အလောင်း ဆယ်ကိုးလောင်း ထပ်သွားတာရှိတယ်။ အဲဒါတွေကို အဆင်ပြေအောင် ထားဖို့ ကျွန်တော်တို့ မှာ အအေးခန်း မရှိဘူး။“ ဟု စစ်တွေမြို့ နာရေး ကူညီမှု အသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ယင်းသို့ အသုဘအလောင်းများ ထပ်သွားရခြင်းမှာ ယခုလက်ရှိ အသုံးပြုနေသည့် ယခင် အာကျိတ်တော်ကုန်းက သုသာန် ဟောင်းမှာ အသုဘသဂြိုလ်ရန် မြေနေရာ အဆင်မပြေသဖြင့် အလောင်းများကို တစ်ခါတည်း သဂြိုလ်ရန် စုထားရသည့် အတွက် ဖြစ်ကြောင်း၊ ယင်းသို့ စုထားရာတွင်လည်း အအေးခန်း မရှိသဖြင့် အခက်အခဲများ ကြုံနေရကြောင်း စစ်တွေမြို့ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူ တစ်ဦး က The Voice Weekly သို့ပြောကြား သည်။ "လောလောဆယ်တော့ အာကျိတ်တော်ကုန်းက အရင် သင်္ချိုင်းဟောင်းနေရာမှာ မီးသဂြိုလ်နေရတယ်။ အဲဒီကို ဘယ်သူမှ မသွားရဲဘူး။ပြီးတော့ စစ်တွေမှာဖြစ်တဲ့ ပြဿနာက အဲဒီက စဖြစ်တာ။ အသုဘ သွားပို့တဲ့ ကားတွေကို ဘင်္ဂါလီ တွေက ဝိုင်းပြီး ရိုက်ခဲ့ကြတာလေ။" ဟု ၄င်းကဆိုသည်။ အဆိုပါ မှန်စီ သုသာန်မှာ စစ်တွေမြို့၏ အနောက်မြောက်ဘက် ပင်လယ်ကမ်းစပ် အနီးတွင် တည်ရှိပြီး စစ်တွေမြို့နှင့် လေး မိုင်ကျော် ငါးမိုင်ခန့် အကွာအဝေးတွင်ရှိကြောင်း၊ အဆိုပါ သုသာန်သို့ သွားရာ လမ်းလျှောက်တွင် ဘင်္ဂါလီ ကျေးရွာများ ရှိနေသဖြင့် ဘင်္ဂါလီ လူမျိုးများက ရန်ပြုမည်ကို စိုးရိမ်၍ ယင်းသို့ အသုံးမပြုနိုင်ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ "လူတစ်ဦးရဲ့ နောက်ဆုံး အချိန်ကိုတောင် ကောင်းကောင်းမွန်မွန် လိုက်ပို့ခွင့် မရဘူးဆိုတာ အတော်လေး ဆိုးဝါးတဲ့အရာပါ။ ဒါတွေက မဖြစ်သင့်တဲ့ အရာတွေ ဒါကို တာဝန်ရှိတဲ့သူတွေက အဆင်ပြေအောင် လုပ်ပေး စေချင်ပါတယ်။" ဟု စစ်တွေမြို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ စစ်တွေပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ၄င်း၏ အမြင်ကို ရှင်းပြ သည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သတ်၍ The Voice Weekly က ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ရပ်မိရပ်ဖများနှင့် နာရေးကူညီမှုအသင်းတို့က မှန်စီသုသာန်၌သင်္ဂြီုလ်ရသည်မှာ ၄င်းတို့အတွက် လုံခြုံမှုမရှိ၍ယခင်သုသာန်ဟောင်းဖြစ်သည့် အာကျိတ်တော်ကုန်းကသုသာန်ကို အသုံးပြုခွင့် ပေးရန် မိမိတို့ အစိုးရအဖွဲ့ကို တောင်းဆိုသဖြင့် ဘုန်းတော်ကြီးများထံ ခွင့်တောင်း၍ယင်းသို့ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ မိမိတို့အ နေဖြင့်စစ်တွေမြို့တွင် လုံခြုံရေးလုံလုံလောက်လောက်ချထားလျှက်ရှိကြောင့် ၄င်းကရှင်းပြသည်။ စစ်တွေမြို့ရှိ နှစ်ပေါင်းများစွာ ရခိုင်တိုင်းရင်းသားများအသုံးပြုခဲ့သော အာကျိတ်တော်ကုန်းမှ သုသာန်ဟောင်းကို အစိုးရ၏ အစီအမံဖြင့် လက်ရှိ အသုံးပြုနေသော မှန်စီသုသာန်နေရာသို့ ၂၀၀၉ ခုနှစ်တွင်ပြောင်းရွှေ့ခဲ့သည်။ The Voice Weekly |
||
|
နိုင်ငံတော်သမ္မတဦးသိန်းစိန်က လျှပ်စစ်ဝန်ကြီးဌာန နှစ်ခုကို ပေါင်းစည်းလို Posted: 31 Aug 2012 12:24 AM PDT နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန တို့ကို ပေါင်းစည်း၍ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန အဖြစ် တစ်ခုထဲသို့ ပြင်ဆင် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီချက် ရယူနိုင်ရန် သြဂုတ်လ ၂၉ ရက်စွဲဖြင့် သ၀ဏ်လွှာ ပေးပို့ထားသည်။
သ၀ဏ်လွှာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
|
Posted: 30 Aug 2012 11:58 PM PDT ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ခွင့်ပြု ပေးပါရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ စာရေးသား တင်ပြခဲ့ ပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနက ခွင့်ပြုပါက သက်ဆိုင်ရာ ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့်ပေး ရန် ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
|
ကမ်းလင့်လက်များ ... မျှော်နေဆဲ Posted: 30 Aug 2012 09:15 PM PDT Written by Eleven Media Group
ကျောင်းကုန်းမြို့ အမှတ် (၃)ရပ်ကွက် ဓမ္မာရုံတွင်
လာရောက်ခိုလုံနေသည့် ရေဘေးသင့် မိသားစုတစ်စု
ဓာတ်ပုံ - မင်းသီဟဇော် ဒီမြင်ကွင်းတွေက ရေကြီးမှုဒဏ်ခံစားခဲ့ရသည့် ဧရာဝတိုင်းဒေသကြီးအတွင်းရှိ သာပေါင်းမြို့နယ်သို့ သွားရောက်သတင်းရယူစဉ်မြင် တွေ့ခဲ့ရခြင်းဖြစ်သည်။ ကျွန်တော်တို့ သွားရောက်သတင်းရယူခဲ့သည့် ဒေသတွေက သာပေါင်းမြို့နယ်နှင့် ကျေးရွာများ၊ ကျောင်းကုန်းမြို့နယ်နှင့် ကျေးရွာများဖြစ်သည်။ သာပေါင်းကို ကျွန်တော်တို့ရောက်တော့ မြို့ထဲမှာ ရေကအနည်းငယ်ပြန်ကျသွားပြီး ကျေးရွာများတွင်မူ အိမ်များ စာသင်ကျောင်းများ ရေနစ်မြုပ်နေဆဲ ဖြစ်သည်။ ကျောင်းကုန်းသို့ ရောက် တော့ မြို့မဈေးနားတွင်ပင် လှေများဖြင့် သွားလာနေရသေးသည်။ ရေဘေးဒဏ်ကြောင့် လာရောက်ခိုလှုံနေသူများတွင် တချို့က ဘုန်းတော်ကြီးကျောင်းများ၊ တချို့က အားကစားခန်းမ၊ တချို့ကဂိုဒေါင်များ၊ တချို့က ကားလမ်းပေါ်ရေ လွတ်သည့်နေရာများတွင် နေထိုင်ကြရသည်။ ရေနစ်မြုပ်ဒဏ်ခံစားရသော်လည်း ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့မနေထိုင်ဘဲ မိမိအိမ်တွင်ပင် အဆင့်ထိုးနေထိုင်သူများက အများအပြားရှိသည်။ မွေးမြူထားသည့် တိရစ္ဆာန်များကိုတော့ ဆင့်ထိုးထားသည့် ခြံများ၊ ရေအနည်းငယ်လွတ်ရာတွင် ထားရသည်ကိုလည်း တွေ့ခဲ့ရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိသည့်အနက် မြို့နယ် ၈ မြို့နယ်မှာ ရေကြီးမှုဒဏ်ကို ခံစားနေရပြီး သာပေါင်းတွင် ကယ်ဆယ်ရေးစခန်း ၅၉ ခုနှင့် ကျောင်းကုန်းတွင် ၅၂ ခု ဖွင့်လှစ်ထားသည်။ ဒီမြို့နယ်နှစ်ခုက ကယ်ဆယ်ရေးစ ခန်းဖွင့်လှစ်သည့် အရေအတွက် အများဆုံးဖြစ်ပြီး အဆိုပါစခန်းများတွင် လူဦးရေသောင်းချီ ခိုလှုံနေကြသဖြင့် ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံစားရသည့် မြို့နယ်များဟုပင် ပြော၍ရသည်။ သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့သို့ရောက်ရှိစဉ် လင်းတာကျ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရှင်ကြီးပျောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် ရေဘေးကြောင့် လာရောက်ခိုလှုံနေသူများနှင့် တွေ့ခဲ့ရသည်။
သာပေါင်းမြို့၊ ကျေးရွာအချို့တွင် ဖွင့်လှစ်ထားသည့်
ကယ်ဆယ်ရေးစခန်းတစ်ခုကို တွေ့ရစဉ်
ဓာတ်ပုံ - မင်းသီဟဇော် ''ဒုတိယ၀ါဆိုလပြည့်နေ့ကတည်းက ရေကနေလို့မရအောင်တက်လာလို့ ဘုန်းကြီးကျောင်းမှာ ပြောင်းနေရတာ။ ဒီမှာလာနေတာ အိမ်ထောင်စု ဆယ်စုလောက်ရှိပါတယ်။ ဆန်ကတော့ လှူတာ တစ်ကြိမ်ရပါတယ်။ ဒါပထမဆုံးရတာ ဖြစ်ပါတယ်။ ဒီဘက်တွေက နှစ်စဉ်ရေကြီးနေကျဖြစ်ပေမယ့် အခုလောက် မဆိုးပါဘူး။ အခုတော့ ရေပြန်ကျမှာကိုပဲ စောင့်နေရတယ်။ ရေပြန်ကျမှ အလုပ်အကိုင်က ရှိမှာကိုး။ လောလောဆယ်ကတော့ အစားအသောက် လိုပါတယ်။ ရေပြန်ကျရင် အိမ်တွေဘာ တွေ ပြန်ပြင်ဆောက်ဖို့တော့ လိုတာတွေလည်းရှိတာပေါ့''ဟု ရှင်ကြီးပျောက်ကျေးရွာမှ ဦးကုလားလေးက ဆိုသည်။ သာပေါင်းမြို့နယ်တွင် မြို့ပေါ် ရပ်ကွက်သုံးရပ်ကွက်နှင့် ကျေးရွာပေါင်း ၃၉၄ ရွာရှိပြီး ရေကြီးမှုဒဏ်ကို ရပ်ကွက်သုံးခုနှင့်ကျေးရွာ ၃၀၄ ရွာခံစားခဲ့ရပြီး သာပေါင်းမြို့နယ်တစ်ခုလုံးတွင် စပါးစိုက်ဧကတစ်သိန်းကျော်ရှိကာ စိုက်ပျိုးပြီးစပါးဧက ၇၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးဆုံးရှုံးနိုင်ကြောင်းနှင့် ကျန်လယ်ဧကများမှာ ရေကျပြီးနောက်မှ စပါးစိုက်ပျိုးသည့် ရေလွှမ်းကွင်းများဖြစ်သည်။
သာပေါင်းမြို့၊ ကျေးရွာအချို့တွင် ဖွင့်လှစ်ထားသည့်
ကယ်ဆယ်ရေးစခန်းတစ်ခုကို တွေ့ရစဉ်
ဓာတ်ပုံ - မင်းသီဟဇော် ''လတ်တလော လိုအပ်နေတာက ဆန်ရိက္ခာပါ။ ကျွန်တော်တို့က ထောက်ပံ့ပေးနိုင်လည်း တစ်ပတ်နှစ်ပတ်ပေါ့။ နောက်ပြီး ရေသန့်ဆေးပြားတွေ လိုအပ်ပါတယ်။ ဒီအချိန်မှာ အလုပ်အကိုင်က မရှိကြသေးတော့ ရေဘေးဒုက္ခရောက်သူတွေအတွက် ထောက်ပံ့မှုတွေက လိုအပ်နေဦးမှာဖြစ်ပါတယ်''ဟု သာပေါင်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပြခဲ့သည်။ ကျောင်းကုန်းမြို့နယ်တွင် ရေကြီးမှုကြောင့် မြို့ပေါ် ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၄၂ အုပ်စု ရေမြုပ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၅၂ ခု ဖွင့်လှစ်ထားကာ လူဦးရေ သုံးသောင်းကျော် ခိုလှုံနေကြရသည်။ စပါးအဓိကစိုက်ပျိုးသည့် ကျောင်းကုန်းမြို့နယ်တွင် စိုက်ပျိုးပြီး စပါးစိုက်ဧက သုံးသောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး ဧကနှစ်သောင်းကျော် ထိခိုက်ပျက်စီးနိုင်ကြောင်း ကျောင်းကုန်းမြို့နယ် ရေဘေးကယ်ဆယ်ရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။
သာပေါင်းမြို့၊ ကျေးရွာတစ်ခုရှိ မြင်ကွင်း
ဓာတ်ပုံ - မင်းသီဟဇော်
''ဒီမှာက မိုးများလို့ မြစ်ရေတက်ပြီး ရေကြီးတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အရင်နှစ်တွေက ဒီနှစ်လောက်မဆိုးဘူး။ ဒီနှစ်ရေက အီနေတာကြာနေတယ်။ ဒီလိုဖြစ်နေတာက ရေထွက်ပေါက်တွေမှာ တာတမံတွေ ပိတ်ထား လို့ဖြစ်ရတာလို့လည်း ယူဆကြတယ်။ ရေကျမြန်ရင် အချိန်မီ နောက်စပါးစိုက်လို့ရသေးတယ်။ အချိန်မမီရင် တော့ ပဲပဲစိုက်ရမှာပါ။ ဒီနှစ်ကစပါး အထွက်ဆုတ်မှာတော့ ကျိန်းသေပါပဲ''ဟု အစုကြီးကျေးရွာအုပ်စုမှ တောင်သူတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးနစ်မြုပ်မှုဒဏ် ခံစားရသည့် မြို့နယ် ၈ မြို့နယ်တွင် သြဂုတ်လ ၂၀ ရက်အထိ စပါးစိုက်ဧက ၁၃၄၉၄၈ ဧက ရေနစ်မြုပ်ခဲ့ပြီး ယင်းအနက် ဧကငါးသောင်း ကျော်မှာ ရေနစ်မြုပ်သည့်ဒဏ်ကြောင့် ပျက်စီးနိုင်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောကြားခဲ့သော်လည်း စပါးစိုက်တောင်သူများ၏ ပြောကြားချက်အရ ကျောင်းကုန်းမြို့နယ်တစ်ခုထဲတွင်ပင် ရေနစ်မြုပ်သည့်စပါး စိုက်ဧက ခုနှစ်သောင်းခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ယင်းသို့ လယ်ယာများ ရေနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ စပါးအထွက်မှာ ယခင်ထက် သုံးချိုးတစ်ချိုးခန့် လျော့ကျနိုင်မည်ဟုလည်း ခန့်မှန်းကြသည်။ ရောက်ခဲ့သော တချို့ကယ်ဆယ် ရေးစခန်းများတွင် အလင်းရောင်က မရ တရ၊ လေ၀င်လေထွက် မကောင်းတကောင်း၊ သန့်ရှင်းသော သောက်ရေရဖို့ မိုးရေခံပြီး သောက်လျှင်သောက်၊ ထိုသို့မဟုတ်လျှင် ကျောက်ချဉ်တိုက်သောက်နေရတာတွေလည်း ရှိသည်။ ရေမကျသေး၍လားတော့မသိ ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းသည့်အခါတိုင်း သိပ်ကြီးကြီးမားမားမရှိကြပါဟု ဆိုကြသည်။ နှာစေးချောင်းဆိုး ဖျားနာတာလောက်ပဲရှိသည်ဟု ဖြေသူကဖြေသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ် ဦးကလည်း သြဂုတ်လ ၂၀ ရက်နေ့အထိ သဘာဝဘေးကြောင့် သေဆုံးသူမရှိသေးဟု ဆိုသည်။ ကျေးရွာအချို့တွင်တော့ ရေဆင်းချိုးရာမှ ရေနစ်သူတစ်ဦးစ နှစ်ဦးစရှိသည်ဟု ပြောကြသည်။ ရောက်ခဲ့ရသော ကယ်ဆယ်ရေးစခန်းများတွင် လာရောက်ခိုလှုံနေသူများက မိမိအိမ်တွင်နေလို့မရ၍ ရောက်လာကြသူများဖြစ်ပြီး ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများက အများစုဖြစ်ကြသည်။ နာမကျန်းဖြစ်နေသူ တချို့ကိုလည်း တွေ့ရသည်။ သူတို့တွေရဲ့ မျက်နှာတွေက ဖျော့တော့နွမ်းလျလွန်းလှသည်။ မျက်ဝန်းတွေက သောကရောက်နေရသည်ကို ဖော်ညွှန်းနေသည်။ စကားသံတွေက အားမရှိလှ။ ရှေ့ဆက်ရမည့် ဘ၀ခရီးအတွက် သူတို့ကိုယ်တိုင် ရုန်းကန်မည့်စိတ်ရှိကြသော်လည်း ကူညီဖေးမ ကမ်းလင့်လာမည့်လက်များကို စောင့်မျှော်မှုတော့ရှိနေကြသည်။ ရေဘေးသင့်သူများကို မျက်ကွယ်မပြုနိုင်သူများ၏ ကမ်းလင့်လက်များကို သူတို့တွေက ယခုထက်တိုင် မျှော်နေဆဲပင်ဖြစ်သည်။ ကမ်းလင့်လာမည့်လက်များကို ဆွဲကာသူတို့ဘ၀ကို ပြန်လည်ထူထောင်ချင်ကြသည်။ ကမ်းလင့်လာမည့်လက်တွေကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်သူများက မျှော်နေဆဲ၊ စောင့်နေဆဲဟုပင် ဆိုချင်ပါသည်။ Written by Eleven Media Group |
||
|
သြဂုတ်လ ၃၁ ရက်နေ့ထုတ် Premier Eleven Sports Journal Posted: 30 Aug 2012 09:33 PM PDT သြဂုတ်လ ၃၁ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
|
ဖယ်ခုံမြို့နယ် ခြံမြေဧက ၁၀၀ ကျော် တက်လမ်းကုမ္ပဏီမှ သိမ်းရန်ပြင်ဆင်နေ Posted: 30 Aug 2012 08:55 PM PDT ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာနှင့် ခေါင်းမိုင်း ကျေးရွာအနီးမှ ခြံမြေ ဧက ၁၂၀ ကို တက်လမ်းကုမ္ပဏီမှ သိမ်းယူရန် ပြင်ဆင်လျှက်ရှိရာ ယင်းခြံမြေပိုင်သူ တောင်သူများက ရှမ်းပြည်နယ် အစိုးရသို့ တိုင်ကြားထားကြောင်း ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
|
မီးလောင်သေဆုံးခဲ့သော ဒုရဲအုပ် အမှု အခြား ပရောဂ ပါ မပါစစ်ဆေးမည် Posted: 30 Aug 2012 08:42 PM PDT နေပြည်တော် ကောင်စီနယ်မြေ (ပျဉ်းမနား)တွင် မီးလောင် သေဆုံးခဲ့သော
ဒုရဲအုပ် အမှုအား (စီအိုင်ဒီ)မှ ဦးဆောင် ၍ ခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေး မည်ဟု စီအိုင်ဒီမှ သတင်းရရှိသည်။ စီအိုင်ဒီမှ ရရှိသော သတင်းအရ သေဆုံးသူ ဒုရဲအုပ်မှာ ဦးဝင်းမြင့်သန်း ဖြစ်သော်လည်း အခြားဝန်ကြီး ဌာနတစ်ခုမှမူ ဦးသန်းညွန့်ဟု ဆိုသည်။ သူသည် အခြား ပယောဂကြောင့် သေဆုံးခြင်း(သို့) ကိုယ်တိုင် သတ် သေခြင်း ဆိုသည်ကို ကွဲကွဲပြားပြား သိစေရန်အတွက် စီအိုင်ဒီမှ ဦးဆောင်၍ စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့ ထားပြီး ဖြစ်ကြောင်းသိရသည်။ သေဆုံးသူဒုရဲအုပ် အား သြဂုတ်လ ၂၉ ရက်နေ့တွင်သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ စွမ်းရဲထွဋ် - Popular Myanmar News Journal |
||
|
Posted: 30 Aug 2012 08:24 PM PDT ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာရှိတဲ့ ကျေးရွာ ၆အုပ်စုက လယ်သမားတွေဟာ အင်းလုပ်ငန်း လုပ်ကိုင်သူတွေကြောင့် သူတို့ရဲ့ စိုက်ပြီးသား လယ်ဧက သုံးထောင်ကျော် ရေနစ်မြုပ်ကုန် တာကို အရေးယူပေးဖို့ ဟင်္သာတမြို့ပေါ် အုပ်ချုပ်ရေးမှူးတွေဆီကို တက်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။ --
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
|
ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တိုက်တွန်း Posted: 30 Aug 2012 08:07 PM PDT မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခ သည်တွေကို အတင်းအကျပ်
ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန် ပြည်ထောင်စုက
တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ----
သတင်းအပြည့်စုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
photo courtesy of Kachinnet.net
ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈
ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ
ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။
|
||
|
ရေဘေးဒုက္ခသည်တွေ အကူအညီ အလွန်အမင်း လိုအပ် Posted: 30 Aug 2012 03:20 PM PDT ဧရာဝတီ တိုင်းတွင်းက ရေလွှမ်းမိုးမူ ခံရတဲ့ မြို့နယ် တချို့က ကျေးရွာ တွေမှာ
ရေအနည်းငယ် ပြန်ကျသွား ပြီဖြစ်ပေမယ့် ရေဘေးသင့် ဒေသတွေက ပြည် သူတွေ စားဝတ်နေရေး အခက် အခဲတွေနဲ့ ကြုံတွေ့ နေရပြီး အရေးပေါ် ရေဘေး ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေပါတယ်။---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
|
အခုနှစ် အတွက် အထည်ချုပ် လုပ်ငန်း ကျဆင်း Posted: 30 Aug 2012 02:32 PM PDT မြန်မာနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းဟာ အခုနှစ်မှာ ထုတ်လုပ်အား လျော့နည်း သွားတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။နိုင်ငံခြား ကိုတင်ပို့တဲ့ အထည်ချုပ် စက်ရုံ ၂ဝဝ နီးပါး ရှိပြီး အလုပ်သမား တစ်သိန်း ဝန်ကျင်လောက် ရှိတဲ့ အထည်ချုပ် လုပ်ငန်းမှာ အနည်းဆုံး ထုတ်လုပ်အား ၁ဝ ရာခိုင်နှုန်းကျော်---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
|
မြိတ်ခရိုင် NLD ညီလာခံ ကျင်းပရေး ရှင်းလင်းပွဲနှင့် သရုပ်ပြပွဲပြုလုပ်။ Posted: 30 Aug 2012 03:04 PM PDT မြိတ်ခရိုင် ညီလာခံ ကျင်းပရေး ကော်မရှင်ဥက္ကဌ ဦးသန်းနွယ်နှင့် မြိတ်မြို့နယ်
ညီလာခံ ကျင်းပရေး ကော်မရှင်မှ ရပ်ကျေး ညီလာခံ ကျင်းပပုံ ရှင်းလင်းပွဲနှင့် သရုပ်ပြပွဲ ပြုလုပ်ခြင်း အခမ်းအနား၂၈.၈.၂၀၁၂ရက်နေ့ ည၆း၃၀ အချိန်တွင် မြိတ်NLDရုံးတွင်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြိတ်မြို့နယ် ရပ်/ကျေး ကော်မရှင်မှ ၁၅ဦးစီ တက်ရောက် ခဲ့ပါသည်။ ဦးသန်းနွယ်မှ ညီလာခံ ကျင်းပပုံ အဆင့်ဆင့်အား လက်တွေ သရုပ်ပြ ရှင်းလင်း ပေးခဲ့ပြီး ရပ်/ကျေး ကော်မရှင်တို့၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းပြီး နောက် ည ၉ နာရီ တွင် ရုတ်သိမ်းခဲ့ပါသည်။ Myanmar News Now |
||
|
မန္တလေး တမ္ပ၀တီရပ်ကွက် လူသတ်မှုအား စစ်ဆေးဆောင်ရွက်နေ Posted: 30 Aug 2012 02:51 PM PDT မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်က တမ္ပ၀တီ ခတ္တန်းရပ်၌ ကြေးသွန်း လုပ်ငန်းရှင်တစ်ဦး နေအိမ်တွင် အသတ် ခံရမှု ကို အမှတ်(၁၀)ရဲစခန်းမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေဆဲဖြစ် ကြောင်း သိရသည်။
"ဘာကြောင့်သတ်တယ်၊ ဘာကြောင့် အိမ်ထဲမှာ--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
|
တိုက်ပွဲ ပိုမိုပြင်းထန်မှုကြောင့် ဖားကန့်ဒေသခံများ ထပ်မံထွက်ပြေး Posted: 30 Aug 2012 03:27 PM PDT ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင် အဖွဲ့အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှုကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ဖားကန့်မြို့ပေါ် ထပ်မံထွက်ပြေးလာကြပါတယ်။
ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်အတွင်းမှာ--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
|
ဖားကန့် အင်န်အယ်လ်ဒီ ဒုက္ခသည်တွေကို ကူညီ Posted: 30 Aug 2012 03:32 PM PDT ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃၁ ခုက စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့ အင်န်အယ်လ်ဒီက ကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့
တစ်ပတ်လောက် ကတည်းက စတင်ခဲ့တဲ့ ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့
တိုက်ပွဲတွေကြောင့် ဘာသာရေးကျောင်းတွေမှာ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
|
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအစည်းအဝေးကျင်းပ Posted: 30 Aug 2012 03:37 PM PDT အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်ဆောင်ရွက်နေသော
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
|
သိမ်းထားသော ဟူးကောင်းချိုင့်ဝှမ်း လယ်များ ယုဇနက ပြန်ပေးမည်ဟုဆို Posted: 30 Aug 2012 03:46 PM PDT ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ
ယုဇန ကုမ္ပဏီက သိမ်းယူထားသော
မြေများ ထဲမှ လယ်ဧက တထောင်ကျော်ကို မူလပိုင်ရှင် တောင်သူများထံ ပြန် လည်ပေးအပ်သွားမည်ဟု ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က ကတိပြုလိုက်ကြောင်း---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ![]()
ကချင်ပြည်နယ်၊
ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ လယ်မြေများအား
ယုဇန ကုမ္ပဏီမှ သိမ်းယူထားခြင်းအတွက် ဆန္ဒပြရန် ရောက်ရှိ လာသောလယ်သမားများအား ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း ပေါ်ရှိ ယုဇနဟိုတယ်ရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) |
||
|
တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ Posted: 30 Aug 2012 03:59 PM PDT
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
|
ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူတချို့ အမည်မဲစာရင်းမှ ပယ်ဖျက်ပေးဖို့ မရှိသေး Posted: 30 Aug 2012 04:01 PM PDT ဦးသိန်းစိန် အစိုးရအဖွဲ့ အနေနဲ့ ယခင်အစိုးရ လက်ထက်က
ပြည်ပနိုင်ငံ တွေမှာ
နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ သူတွေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲ စာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီ အစဉ်မရှိ သေးဘူးလို့ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
|
လက်ပန်းတောင်း တောင်သူများ ဆက်လက်ဆန္ဒပြ Posted: 30 Aug 2012 04:22 PM PDT မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေအတွင်းမ၀င်ရ အမိန့် ထုတ်ပြန်ထားပေမယ့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေအသိမ်းခံရ တဲ့ တောင်သူတွေဟာ ဆက်လက်ဆန္ဒဖော်ထုတ်နေကြပါတယ်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
|
ပြည်ပ အတိုက် အခံများ အစိုးရပေါ် ယုံကြည်မှု တိုးလာ ဟုဆို Posted: 02 Sep 2012 04:23 AM PDT ရန်ကုန်၊ စက်တင်ဘာ ၂ မြန်မာ နိုင်ငံရေး အပြာင်းအလဲ များနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း စဉ်များ၊ နိုင်ငံသား အားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ် ဖော်ဆောင် နေမှုကြောင့် ပြည်ပအတိုက်အခံများ ကြား နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သော အစိုးရ အဖွဲ့ ပေါ်ယုံကြည် မှု တိုးလာကြောင်း ဇွန်လ၁ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန် က ပြောကြားသည်။ အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ လ ၂ ရက်နေ့ ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ ငြိမ်းချမ်းရေး စင်တာ တွင် ကျင်းပ ပြုလုပ်သော အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောာင်မင်း နှင့် တွေ့ဆုံသည့် ပွဲတွင် သတင်းထောက်များအား ဦးမိုးသီးဇွန် ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးမှု ရလဒ်အရ အစိုးရနဲ့ ယုံကြည်မှု တော်တော် တည်ဆောက် နိုင်ခဲ့တယ် ပြည်ပ အတိုက်အခံတွေလည်း ယုံကြည်မှု တော်တော်လေး ရလာကြပြီ၊ ကျွန်တော်တို့လိုပဲ ပြည်ပက လူတွေ အများကြီး ပြန်လာ ကြဦးမယ် ” ဟု ဦးမိုးသီးဇွန်က ဆိုသည်။ ငြိမ်းချမ်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ကလည်း “ကျွန်တော်တို့ ငြိမ်းချမ်းရေး ကိစ္စ တွေ ၊ All Inclucive လူတွေ အားလုံး ပါဝင်နိုင် မယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ခုလိုမျိုး ပဲ ပွင့်လင်း မြင်သာမှု ရှိရှိ ဆက်လက် လုပ်ဆောင်သွားပါမယ် ၊ ဘယ်သူ့မှ ချန်မသွားဘူး ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ABSDF ဥက္ကဋ္ဌ ဟောင်း ဒေါက်တာနိုင်အောင် ၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့် ၊ ABSDF ဥက္ကဋ္ဌ ဟောင်းနှင့် လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီခေါင်းဆောင် ဦးမိုးသီးဇွန် အပါအ၀င် ၊လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီဝင် များသည် သြဂုတ်လ ၃၁ ရက်နေ့ နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့ တွင် မြန်မာနိုင်ငံသို့ ဆက်တိုက် ပြည်တော်ဝင်ခဲ့ ကြသည်။ |
|
လှိုင်သာယာ စက်မှုဇုန် လုပ်သားများ ဆန္ဒပြ Posted: 02 Sep 2012 04:20 AM PDT ရန်ကုန်မြို့တော်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်များရှိ စက်ရုံ ၃၀ခန့်မှ အလုပ်သမား ၂၀၀ကျော် အလုပ်သမား အခွင့် အရေး အပြည့်အ၀ရရှိရေး အတွက် စက် တင်ဘာလ ၂ရက်နေ့ နံနက် ၉နာရီမှ ၁၁နာရီ အထိ ငြိမ်းချမ်းစွာ စုဝေး စီတန်း လှည့်လည် နေကြသည်ကို တွေ့ရစဉ်။ အဆိုပါ အလုပ်သမားများသည် လှိုင်သာယာမြို့နယ် ဘီအိုစီမှတ်တိုင်တွင် စတင်စုဝေးကာ ရန်ကုန်- ပုသိမ်လမ်း တစ်လျောက် စီတန်းလှည့်လည်ပြီး ဘုရားလမ်းမှတ်တိုင်၊ ဘုရားလမ်းမှတ်တိုင်မှတစ်ဆင့် ရုံးရှေ့မှတ်တိုင် ၊ယင်းမှ တစ်ဆင့် အောင်မြေသာယာဘုရား အနီး မြို့နယ် အားကစားကွင်းသို့ စီတန်းလှည့်လည်ခဲ့ကြသည်။ |
|
သမ္မတကြီးအား ထောက်ခံ၍ မစ္စတာကွင်တားနား၏ ပြောဆိုချက်များကို ကန့်ကွက်သည့် အနေဖြင့် မန်းတွင် ဆန္ဒပြ Posted: 02 Sep 2012 04:17 AM PDT ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ကွင်တားနား ၏ ပြောဆိုချက်ကို ကန့်ကွက်သည့် အနေဖြင့် ယနေ့ နံနက် (၁၀)နာရီမှ (၁၁)နာရီအထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အသက် (၅၀)ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက “သဘာဝကျကျ လုပ်ဆောင်တာပါ။ မြန်မာပြည်သူ ပြည်သားတွေ အတွက် လုပ်ဆောင်ပေးတဲ့အတွက် သမ္မတ ကြီးကို ထောက်ခံတဲ့ အနေနဲ့ ဆန္ဒပြရတာပါ” ဟုပြောသည်။ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော အသက် (၃၀)ကျော်အရွယ်အမျိုးသား တစ်ဦးကလည်း “ကျွန်တော်တို့ အနေနှင့် သမ္မတကြီး၏ ပြောစကားကို ထောက်ခံပြီး မစ္စတာ ကွင်တားနားရဲ့ ပြောစကားကို မထောက်ခံတဲ့အတွက် အခုလိုဆန္ဒပြရခြင်း ဖြစ်သည်” ဟုပြောသည်။ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော သံဃာတော်တစ်ပါးက “ဦးဇင်းတို့အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို အပြည့်အ၀ ယုံကြည်ထောက်ခံခဲ့ပါတယ်။” ဟုပြောသည်။ အဆိုပါဆန္ဒပြပွဲတွင် သမ္မတကြီး ဦးသိန်းစိန်၏ ပြောစကားပိုစတာများ၊ သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကယ်တင်ပါ စသော ပိုစတာများကို ကိုင်ဆောင်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ အမိမြေကို ကာကွယ်ပါ၊ အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ၊ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ထောက်ခံပါတယ်။ စသော ကြွေးကြော်သံများနှင့် နိုင်ငံတော်သီချင်းများကို သံပြိုင်သီဆိုခဲ့ကြသည်။ ယင်းဆန္ဒပြပွဲကို စက်တင်ဘာ(၂)ရက်နေ့တွင် အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ စက်တင်ဘာ (၃)ရက်နေ့တွင် ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ စက်တင်ဘာ(၄)ရက်နေ့တွင် အမရပူရ မြို့နယ် အစရှိသော မြို့နယ်တို့တွင် စီတန်းလှည့်လည် ဆန္ဒပြမည်ဟု သိရသည်။ စိုင်းလမင်း - Popular Myanmar News Journal |
|
ကြေးနီစီမံကိန်း အရေး ဆောင်ရွက်နေသူ တဦး ဖမ်းဆီးခံရ Posted: 02 Sep 2012 04:13 AM PDT လက်ပံတန်းတောင် ကြေးနီ စီမံကိန်းမှ လျော်ကြေး ငွေမပေးဘဲ လယ်မြေ သိမ်းထားမှုနှင့် ပတ်သက်၍ လယ်သမား များဘက်မှ အကူအညီ ပေးနေသော ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက် တာဝန်ခံ ကိုဝေဠုအား သြဂုတ် ၃၁ ရက်နေ့ည ၈ နာရီခန့်တွင် မြင်းမူမြို့၌ အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။ ကိုဝေဠုသည် မုံရွာမှ ရန်ကုန်သို့ ကြေးနီစီမံကိန်းဝန်းကျင်မှ ရွာသား ၂ ဦးနှင့်အတူ သြဂုတ် ၃၁ ရက်နေ့ ည ၇ နာရီတွင် မုံရွာမြို့မှ ထွက်ခွာသော မုံရွာ-ရန်ကုန် ရွှေစင်စင်္ကြာကားနှင့် ထွက်ခွာလာစဉ် မြင်းမူမြို့သို့အရောက်တွင် လုံထိန်းအင်အား ၄၀ ခန့်က ကားကို ၀ိုင်းလိုက်ပြီး ဒေသအာဏာပိုင်များက ကားပေါ် သို့တက်ကာ ကိုဝေဠုအား ဖမ်းဆီးသွားကြသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးမှုများ ရပ်စဲရန် လက်ပံတန်းတောင်ခြေ၌ လူအင်အား ၁၀၀၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့သည်။ Popular Myanmar News Journal
|
|
ဦးကျော်သူ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာမည် Posted: 01 Sep 2012 09:53 PM PDT NED အတွက် ဦးကျော်သူ၏ ပြည်ပခရီး National Endowment for Democracy (NED) ဖောင်ဒေးရှင်းသည် ၁၉၈၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီ အရေးနှင့် လူမှုအဖွဲ့ အစည်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လှုပ်ရှားဆောင် ရွက်နေသည့် အမေရိကန် ပြည်ထောင်စု အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ National Endowment for Democracy (NED) ဖောင်ဒေးရှင်းမှ ၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက် နေသူ (၅) ဦးအား ရွေးချယ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ပါဝင်ခဲ့သည်။ ထို့ကြောင့် ၂၉.၈.၂ဝ၁၂ ရက်နေ့ ည (၇း၄၅) နာရီ လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့သည်။ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာရန်အတွက် ကြိုတင်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ.၉.၂ဝ၁၂ (ကြာသပတေး)နေ့တွင် အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် NED အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။ By: Kyaw Thu |
|
သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုများပြုလုပ် Posted: 01 Sep 2012 09:45 PM PDT ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိ နေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌ ဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း Eleven Media Group အင်တာနက် သတင်းအရ သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာတို့လည်း ပါဝင်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လကစပြီး အစိုးရ အဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှု ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အရင်အစိုးရ လက်ထက်မှာ ခင်ဗျားတို့ဟာ Black List ဖြစ်နေပေမယ့် အစိုးရသစ် လက်ထက်မှာတော့ ခင်ဗျားတို့က Black List မဟုတ်တော့ပါဘူး။ အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်နေတာပါ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ သိက္ခာမကျအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆိုတာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ" ဟု ပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲကို ကိုမိုးသီးဇွန်နှင့်အဖွဲ့က စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသူများကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။
|
|
ချယ်ရီကား ကိစ္စ တရုတ် ကုမ္ပဏီထံ မြန်မာ အစိုးရ ဖြေရှင်းချက် တောင်း Posted: 01 Sep 2012 07:38 PM PDT သြစတြေးလျ နိုင်ငံတွင် ချယ်ရီ (Chery) ကားအပါအ၀င် တရုတ်နိုင်ငံ ထုတ်ကား များတွင် အဆုတ် ကင်ဆာ ဖြစ်စေသော Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ အသုံးပြု ထားခြင်းကို တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံလုပ် ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ ကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သော ကုမ္ပဏီထံ ဖြေရှင်းချက် တောင်းခံ ထားကြောင်း--- |
|
NLDပါတီလှုပ်ရှားမှုအပေါ်ရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူဆွေးနွေး Posted: 01 Sep 2012 01:19 PM PDT အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ လှုပ်ရှားဆောင် ရွက်မှုတွေ
ဟာ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီများ အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မညီညွတ် တာတွေ ရှိနေလို့ လာရောက် ဆွေးနွေး ဖို့ ဖိတ်ခေါ်တာ ကြောင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းတို့ဟာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ကို မနေ့မနက်ပိုင်းက နေပြည် တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ |
Photo courtesy of NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ၌ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ
ဦးဉာဏ်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များအား ရှင်းလင်းနေစဉ်။
|
|
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေး သွားရောက်ကူညီ Posted: 01 Sep 2012 01:25 PM PDT မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခ
ရဲ့အကြောင်းရင်းတွေကို ရှာဖွေပြီး ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ဖို့
လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ဒီကနေ့ ပြောကြားလိုက်ပါတယ်။ |
AFP
ဧရာဝတီတိုင်း ပုသိမ်မြို့
ရေဘေးဒုက္ခသည်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က
သွားရောက်တွေ့ဆုံနေစဉ်။
|
|
မြန်မာကျပ်ငွေငါးထောင်တန်အတု သိန်းတရာကျော်အား ဟိုမိန်းပြည်သူ့စစ်အဖွဲ့ဖမ်းဆီးရမိ Posted: 27 Aug 2012 04:58 AM PDT မြန်မာကျပ်ငွေ ၅ ထောင်တန်အတု သိန်းတရာကျော်အား သယ်ဆောင် ရောင်းချနေသည့် နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်သူ အမျိုးသမီးအား ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် တဖက်ခြမ်း သျှမ်းပြည် တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ၌ ဖမ်းမိကြောင်း နယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။
အဆိုပါနန်းနုအား ယခုလ ၂၄ ရက် က သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ (ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နှင့် မျက် နှာချင်းဆိုင်ရှိ) ၌ မြန်မာ ၅၀၀၀ တန်အတု ကျပ်သိန်း ၁၅၀ ဖိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းသည် ကျပ် ၅၀၀,၀၀၀ ကို ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်း နယ်စပ်နေ ဌာနေပြည်သူ့စစ် များကပြောသည်။ “ဒီကနေ့ငွေလဲနှုန်းနဲ့တွက်မယ်ဆိုရင် ကျပ် ၅၀၀,၀၀၀ ဟာ ဘတ်ငွေ ၁၈,၅၀၀ ကျတယ်လေ။ ဒါကြောင့်ပေါ့။ သူက အခု အဖမ်း ခံရတာ တတိယအကြိမ်ပေါ့။ ပထမအကြိမ် ကျပ်ငွေအတု သုံးသိန်းဖိုး၊ ဒုတိယအကြိမ်ကျတော့ ကျပ်ငွေအတု ငါးသန်းဖိုး( ကျပ်သိန်း ၅၀) နဲ့ဖမ်းမိတယ်။ ဒီတခေါက်တော့ သူ့ကို ခရိုင်တရားရုံးကို ပို့လိုက်ပြီ ။ မနေ့ကဘဲ” ဟု အဆိုပါ ထိုင်းရဲက ဆက်လက်ပြောပြသည်။ ပိုက်ဆံအတုများအား ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူထံမှ ယူလာကြောင်း နန်းနု ခေါ်နန်းပေါက်က ပြောခဲ့သော်လည်း အဆိုပါ စိုင်းဆောလုံအား ယနေ့တိုင် ထိုင်းရဲများ မဖမ်းမိသေးကြောင်း၊ စိုင်းဆောလုံမှာ ယခင်က ဦးခွန်ဆာ၏ မုံးတိုင်းအာမီ တပ်မတော်၌ ရုံးဝန်ထမ်းတဦး ဖြစ်ခဲ့ဖူးကြောင်း ထိုင်းရဲများကပြော၏။
သျှမ်းသံတော်ဆင့် |
|
ဖွဲ့စည်းပုံအခြေခံခုံရုံးက ကြေငြာချက်ထုတ်ပြန်ရန် အဆို ပြည်ထောင်စု လွှတ်တော်က အတည်ပြု Posted: 27 Aug 2012 04:39 AM PDT ယနေ့သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီး ဖွဲ့စည်းထား သည့် ကော်မတီ ကော်မရှင် နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဖြစ် ထည့်သွင်း အဓိပ္ပာယ်ဖွင့် ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက် များနှင့် ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခုံရုံး ဥပဒေများအရ လုပ်ပိုင်ခွင့် မရှိ ပဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာဆုံးဖြတ်ခဲ့ခြင်း ဖြစ်သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးသည် မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟုဆိုကာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ကကြေညာချက်ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆို အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုးက အရေးကြီး အဆိုအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ခဲ့သည့် အဆိုအား ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၄၅) ဦး အစား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ် (၂၂) ဦး ကို ပါတီ အလိုက် အချိုးကျစနစ်ဖြင့် ဆွေးနွေး ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် မဲစနစ်ဖြင့် ဆုံးဖြတ်ရာ ထောက်ခံသူ ၄၄၇ ဦး ကန့်ကွက်သူ ၁၆၈ ဦး ကြားနေ ၄ ဦး ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်က ယင်းအဆိုကို အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ဝေမာသိမ့် - Yangon Media Group |
|
ပြည်ထောင်စုလွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် အပြည့်အစုံ Posted: 27 Aug 2012 04:33 AM PDT ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဆိုင်ရာအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်း စုကြည်(ကော့မှူးမဲဆန္ဒနယ်)၏ ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။ အခု ဦးမြင့်စိုး အဆိုကို တရားဥပဒေ ရှုထောင့်က ကြည့်နိုင်သလို နိုင်ငံရေးရှုထောင့်ကလည်း ကြည့်နိုင်ပါတယ်။ တရားဥဒေ ရှုထောင့်ကနေ အများအပြား ဆွေးနွေးသွားပြီး ဖြစ်ပါတယ်။ အဲဒါကိုတော့ ထပ်ပြီး မဆွေးနွေးတော့ပါဘူး။ နိုင်ငံရေးရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကိုကျင့်သုံးတဲ့ နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာညီမျှရေးအတွက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်ကြတာ ပြသနာတွေတက်တာ မထူးဆန်းပါဘူး။ ထိုနည်းတူပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်တာ။ သဘော မတူညီမှုတွေဖြစ်တာ၊ ပြသနာတွေတက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေ ရောက်ခဲ့ရင် ကြိုက်သလို မကြိုက်သလို ဒီဘက်ဟိုဘက် ဝေဖန်တာ တိုက်ခိုက်တာ ပြောဆိုတာတွေ ရှိတတ်ပါတယ်။ ဒီလိုပြသနာတွေတက်လို့ ကျွန်မတို့အနေနဲ့လည်း စိတ်ပျက်စရာလည်း မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြသနာတွေပဲဖြစ်ဖြစ် တယ်အရေးကြီးတာက ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါပဲ။ ပြသနာကို ဖြေရှင်းတဲ့နေရာမှာ တကယ့် ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ညီရဲ့လား။ တကယ်ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်းစားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းက မှန်လို့ရှိရင် ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာလည်းတက်ပါလိမ့်မယ်။ ပြည်သူတွေကလည်း ဒီဖြေရှင်းပုံဖြေရှင်းနည်းရဲ့ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မပြောချင်တိာက အခုကိစ္စက တရားဥပဒေကိစ္စဖြစ်တဲ့အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လေးစားဖို့လိုပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့မရပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို လေးစားဖို့လိုပါတယ်။ နားလည်အောင် လုပ်ဖို့လိုပါတယ်။ ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ကိုက်ညီမှာ ဖြစ်ပါတယ်။ ဒါကြောင့်အခု ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။ Popular Myanmar News Journal
|
|
တစ်ဖက်နှင့် တစ်ဖက် အပြန် အလှန် လေးစားရန် ဒေါ်အောင်ဆန်း စုကြည် ပြောကြား Posted: 27 Aug 2012 02:54 AM PDT တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် လေးစားရန် လိုအပ်ပြီး ပြဿနာများ ဖြေရှင်းရာတွင် နှစ်ဖက်စလုံးမှ သဘော ထားကြီးစွာဖြင့် ပြေပြေ လည်လည် ညှိနှိုင်း ဖြေရှင်းရန် မေတ္တာရပ် ခံကြောင်း ကော့မှူး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသည့် အရေးကြီး အဆိုအား ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား --- |
|
အင်းစိန်ထောင်ဆေးရုံမှ အကျဉ်း သားတစ်ဦး ထွက်ပြေးလွတ်မြောက် Posted: 27 Aug 2012 02:26 AM PDT အင်းစိန် အကျဉ်းထောင်တွင် မူးယစ်ဆေးဝါး အမူဖြင့်ထောင် ဒဏ် ၁၂နှစ်ကျခံနေရသော တရားခံ တစ်ဦး ဩဂုတ်လ ၂၆ ရက်နံနက် ၆ နာရီခန့်က ထွက်ပြေး လွတ်မြောက် သွားကြောင်း အကျဉ်းဦးစီး ဌာနမှ တာဝန် ရှိသူ တစ်ဦး က အတည် ပြုပြော ကြားလိုက်သည်။---- |
|
ယခုထက်ပိုမိုသက်သာသည့် မိုဘိုင်းဖုန်းငွေဖြည့်စနစ်အား ပြည်သူများမျှော်လင့် Posted: 26 Aug 2012 11:58 PM PDT မိုဘိုင်း ဖုန်းသုံးစွဲနေ သူများ အနေဖြင့် ငွေကျပ် တစ်သောင်း တန်ထက် ပိုမို နည်းပါးသည့် တန်ဖိုးနည်း ဖုန်းငွေဖြည့်ကဒ် (Prepid) (သို့မဟုတ်) ငွေဖြည့် စနစ်များ ပေါ်ထွက်လာရန် မျှော်လင့်လျှက် ရှိကြောင်း သိရှိရသည်။ အရှေ့တောင် အာရှ အိမ်နီး ချင်းနိုင်ငံများတွင် မိုဘိုင်း ဖုန်းများအား ငွေဖြည့်ရာ၌ မိမိ တတ်နိုင်သည့် ငွေကြေး ပမာဏ အတိုင်းသာ---- |
|
ပုသိမ်ရေဘေး ဆန်ဝေပြဿနာမှ လူ(၅)ဦး ဖမ်းဆီးခံရ Posted: 26 Aug 2012 11:45 PM PDT ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှ ရေဘေးသင့် သူများအား အလှုရှင်များက လှုဒါန်းသော ဆန်များဝေရာ၌ ရက်ကွက်များတွင် ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သတင်းရရှိသည်။ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌမှ ရေဘေးသင့် ပြည်သူများကို လှုဒါန်းသမျှ ပစ္စည်းများ အာလုံးကို မချွင်းမချန် ပေးကြရန် ---- |
|
(၆)လအတွင်း အကောင်အထည်ဖော်မည့် ထန်းတပင် ဆင်းရဲသားမြို့တော်စီမံကိန်း Posted: 26 Aug 2012 11:36 PM PDT ကျူးကျော် နေထိုင်သူများ အတွက် ထန်းတပင် မြို့နယ်တွင် ဆင်းရဲသား မြို့တော် စီမံကိန်း တစ်ခုအကောင် အထည် ဖော်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)က သိရှိရသည်။ ''ဆင်းရဲသား ပပျောက်စေ ချင်တယ်ဆိုရင် အဲ့ဒီလို အခြေခံ လူတန်းစားတွေကို တကယ် ပပျောက်အောင် ဆေးမြီးတိုနဲ့ မလုပ်ပါနဲ့။ တကယ်ကို ပပျောက်နိုင်တဲ့ နည်းလမ်းနဲ့သုံး ။ တကယ့်ကို dosage အပြည့်ပေးပေါ့နော် အဲ့လိုပေးမှ ဆင်းရဲမှု ပပျောက်သွားမှာပါ။ အဲ့ဒီရည်ရွယ်ချက်နဲ့ လုပ်တာပါ။'' လှိုင်သာယာ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ဗဟိုကော်မတီဝင်ဦးမြင့်သိန်းက ပြောသည်။ အဆိုပါ စီမံကိန်းအတွက် ထန်းတပင်မြို့နယ်တွင် လယ်မြေဧက (၇ဝ)ဝယ်ယူကာ ဦးစားပေးအနေဖြင့် လှိုင်သာယာ မင်းကြီးမဟာ မင်းခေါင်းလမ်းရှိ ကျူးကျော်နေထိုင်သူ အိမ်ခြေ(၁ဝဝ)ဝန်းကျင်အတွက် (၆)လအတွင်း စတင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။ “ ထန်းတပင်က လယ်ဧက(၇ဝ)အတွက် ကျွန်တော်က သိန်း(၁ဝဝ)ထည့်မယ်ပေါ့ ဒီကျူးကျော်နေအိမ်တွေ ဆီကတော့ တစ်လကို သုံးသောင်းနှုန်းနဲ့ (၂)လကောက်ဖို့တော့ ရည်ရွယ်ထားတယ်။ လယ်ပိုင်ရှင်တွေကလည်း ငွေကို တစ်ဝက်ပဲ အရင်ပေးထား ကျန်တဲ့ငွေကို နှစ်နှစ်အတွင်း အကြေဆပ်ရမယ်ပေါ့နော် ၊ ဝါးဓနိရောင်းတဲ့ သူတွေကလည်း အဲလိုပဲ စရံငွေလောက်ပဲပေးထားဆိုတော့ အဲဒီကထွက်လာမယ့်ငွေနဲ့ အိမ်တွေ အရင်ဆောက်မယ် နောက်ဖက်မှာ မွေးမြူရေးခြံလေးတွေ လုပ်ပေးမယ်။ အဲ့ဒီအချိန်မှာတော့ ဝင်ငွေလေးတွေ ပြန်ပြီးတော့ ရလာနိုင်မယ် ” ဟု ဦးမြင့်သိန်းက ပြောသည်။ ဆင်းရဲသားမြို့တော်စီမံကိန်းပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး အိုးသစ်အိမ်သစ်ထူထောင်ပြီးပါက မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း ၊ ဈေးဆိုင်ဖွင့်လှစ်ခြင်းဖြင့် အနာဂတ်ကို ရှင်သန်စေလိုကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။ လှိုင်သာယာမြို့နယ် မင်းကြီးမဟာ မင်းခေါင်လမ်းရှိ ကျူးကျော်နေအိမ်အများစုမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်ဒဏ်ခံရခြင်းကြောင့် ပြောင်းရွှေ့နေထိုင်သူများဖြစ်ပြီး လက်လုပ်လက်စားဘဝဖြင့် စားဝတ်နေရေး ဖြေရှင်း နေကြရကြောင်း ဒေသခံများထံက သိရှိရသည်။ '' ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာ နာဂစ်ဒေသကပါ၊ ရန်ကုန်မှာ အပေါင်းအသင်းမိတ်သဟာတွေ ပြောတာဟိုမှာတော့ အလုပ်ကရှာလုပ်ရင်တော့ ရတယ်ဆိုတော့ အသိမိတ်ဆွေတစ်ဦးနဲ့ မိသားစုအထုပ်အပိုး လေးတွေနဲ့ ရောက်လာတာပေါ့ ရောက်တော့ ဒီနားဒီလိုတဲလေးဆောက်ပြီးနေလို့ရတယ်ဆိုလို့ နေတာ '' ဟု လှိုင်သာယာမြို့နယ် မင်းကြီးမဟာ မင်းခေါင်လမ်းရှိ ကျူးကျော်နေထိုင်သူ ဦးသန်းရှိန်က ပြောသည်။ ကျူးကျော်နေအိမ်မှ မိသားစုဝင်အချို့မှာ သား/သမီးများကို ကျောင်းထားပေးနိုင်ခြင်းမရှိဘဲ အလုပ်ခွင်ဝင်ခိုင်းထား ကြောင်း ကိုလည်း သိရှိရသည်။ '' မြေးလဲရှိတယ် တူမလေးလည်း ရှိတယ်။ ခြောက်တန်းအရွယ်ကိုတော့ ကျောင်းထားတယ် ကိုးတန်းနဲ့ ဆယ်တန်းအတွက်ကတော့ မတက်နိုင်လို့ ကျောင်းမထားရဘူး အလုပ်ခွင်ဝင်ခိုင်းထားရတယ် ဒီနားလေးက ဖိနပ်စက်ရုံမှာပဲ အလုပ်လုပ်ခိုင်းထားတယ် သူတို့လစာနဲ့တော့ ဘယ်လောက်မလဲ ‘ဒီလိုပဲ အဆင်ပြေအောင် လောက်ငှအောင် နေရတာပေါ့ '' ဟု ကျူးကျော်နေ ထိုင်သူ ဒေါ်စန်းရီက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်အဖြစ်နေထိုင်သူများမှာ လှိုင်သာယာမြို့နယ် ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ သာကေတမြို့နယ် ၊ ဒေါပုံမြို့နယ် အစရှိသော မြို့နယ်များတွင်အများအပြားရှိနေသော်လည်း ကနဦးအနေဖြင့် လှိုင်သယာမြို့နယ်မှ ကျူးကျော်နေထိုင်သူ များအတွက် ဆင်းရဲသားမြို့တော်စီမံကိန်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပူးပေါင်းကူညီလိုသော အဖွဲ့အစည်းများနှင့်အလှူရှင်များ ၊အတတ်ပညာရှင်များ၊ နည်းပညာရှင်များနှင့် အခြား နယ်ပယ်အသီးသီးမှ ပညာရှင်များ ကပံ့ပိုးကူညီပေးမည်ဆိုပါက အခြားသော မြို့နယ်များရှိကျူးကျော် နေထိုင်နေရသူများအတွက်ပါ စီမံကိန်းများရေးဆွဲဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဆင်းရဲသားမြို့တော်စီမံကိန်းအား လှိုင်သာယာ NDF ပါတီ ဗဟိုကော်မတီဝင် ဦးမြင့်သိန်းက ဦးစီးဦးဆောင်ပြုလုပ်၍ ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝင့်သင်ဇာကျော် (မြစ်မခ) by Myit Makha Mediagroup |
|
ရန်ကုန်-နေပြည်တော် ပြေးဆွဲသည့် ၃၁ အဆန် ရထားလမ်းချော်မှု ဖြစ်ပွား Posted: 27 Aug 2012 12:00 AM PDT ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ တွင် ရန်ကုန်-နေပြည်တော် ပြေးဆွဲသည့် ၃၁ အဆန် ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၈ နာရီတွင် ထွက်ခွာလာရာ တိုးကြောင်ကလေးဘူတာနှင့် ငမိုးရိပ် ဘူတာကြား အရောက်တွင် ရထားလမ်းချော်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ ဖြ စ်ပွားချိန် မှာ ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ရထားဘီးစတင်လမ်းချော်သည့် နေရာမှစ၍ ပေတစ်ရာခန့်အထိ တရွတ်တိုက်ချော်ထွက် သွားကာ သံလမ်း များကြားမှ ကွန်ကရစ် ဇလီဖားတုံး ၁၀၀ ကျော် ခန့် ပျက်စီးသွားကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါရထားနှင့်လိုက်ပါလာသူ ရထားလုံခြုံရေး ရဲတပ်ကြပ် ကိုအေးထွန်း ကို ရန်ကုန်မီဒီယာဂရုပ်မှ မေးမြန်းရာ "ရထားကြောင့် ဖြစ်တာလား သံလမ်းရဲ့အားနည်းချက်လား ဆိုတာ လောလောဆယ်အဖြေရှာလို့ မရသေးဘူး ဒီနေရာမှာ အရင်ကလမ်းချော်တာမျိုးမရှိဘူး ခရီးသည်တွေလည်း ဘာမှ မဖြစ်ဘူး" ဟု ပြောကြားသည်။ ယင်းဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည့် ရထားသံလမ်းဘေးတွင် နေထိုင်သူ ဦးဝင်းလှိုင်က "အသံက ဂျိမ်း ဂျိမ်း ဆိုပြီးအကျယ်ကြီးကြား လိုက်ရတယ် အော်တဲ့သူ ကလည်းအော် ပြေးတဲ့သူတွေပြေးဖြစ်ကုန်တယ် ။ ဖြစ်တဲ့ အတွဲကအရမ်းခါနေတော့ မှောက်သွားမှာ စိုးရတယ်။မီပွားတွေလည်း ထွက်ပြီး ညော်လည်းညော်ကုန်တယ် ဘယ်လိုဖြစ်မလဲဆိုပြီး ရထားမှောက်မှာစိုးလို့ကြည့်နေကြတာ ရထားဘီးက တအားချော်တာ "ဟု ပြောကြားသည်။ အဆိုဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော ရန်ကုန်ဘူတာကြီး၏ ဒုရုံပိုင်ချုပ်ကြီး ဦးရဲလွင်အား မေးမြန်းရာတွင် "အခုဖြစ်စဉ်က ဘာကြောင့် ဖြစ်တယ် ဆိုတာ မပြောနိုင်သေးဘူး ရထားတွဲကြောင့်ဖြစ်တာလား ၊ လမ်းကြောင့်ပဲလား ၊ စက်ခေါင်းမောင်းတဲ့ သူရဲ့ အနှေးအမြန်ကြောင့် ဖြစ်တာလား ဆိုတာတွေကို သေချာဆန်းစစ်ရ ဦးမယ် သုံးမျိုးစလုံးလည်း ဖြစ်သွားနိုင်တယ် ၊ အဖြေတော့ မပေးနိုင်သေးဘူး" ဟု ပြောကြားသည်။ အဆိုပါ ရထားဘီးချော်မှုကြောင့် ခရီးသည်များထိခိုက်ဒဏ်ရာရှိမှု မရှိခဲ့ကြောင်း သိရသည်။ ဘီးချော်သွားသည့် ရထားတွဲကို တိုးကြောင်ကလေး ဘူတာအထိ သယ်ယူသွားပြီး ယင်းဘူတာတွင် ဖြုတ်ထား ခဲ့မည် ဖြစ်ကြောင်း နှင့် ခရီးစဉ်ကို ဆက်လက်ပြေးဆွဲ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ ဖြစ်ပွားသည့် ရထား အတွဲမှာ ရထားစက်ခေါင်းမှ စတင်ရေတွက်လျင် ၅ တွဲမြောက်အတွဲဖြစ်ကြောင်း သိရသည်။ ကျော်သူ ၊ အေးမြမြထွန်း - Yangon Media Group
|
|
Posted: 26 Aug 2012 09:32 PM PDT ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် UNFPA ကမ္ဘာ့ကုလသမ္မဂ လူဦးရေ ရန်ပုံငွေအဖွဲ့၏ ညွှန်ချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်း စုကြည်တို့ သည် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် အချက်(၃) ချက်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အချက်များမှာ - UNFPA ၏ ၂၀၁၂ မှ ၂၀၁၅ အထိ ၃ နှစ်ကြာဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းတွင်ဆောင်ရွက်မည့် လုပ်ငန်းများ မှာ ကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချမှု စီမံချက် ၊ သားဖွားမိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက် မှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးစီမံချက်တို့ ဖြစ်ကြောင်း သိရသည်။ ဝေမာသိမ့် - Yangon Media Group |
|
သြဂုတ်လ ၂၇ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၇ Posted: 26 Aug 2012 09:23 PM PDT |
|
ခုံရုံး ပြဿနာ လွှတ်တော်မှာ ယနေ့ ဆွေးနွေးမည် Posted: 26 Aug 2012 09:05 PM PDT တည်ဆဲ ဥပဒေပါ ပြဌာန်း ချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပါ သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက် ခဲ့မိကြောင်းကို ကြေညာချက် ထုတ်ပြန် ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၆ ဦးက ---- |
|
အာကာသယာဉ်မှူး အမ်းစထရောင်းအတွက် ဂုဏ်ပြုပွဲတွေ ကျင်းပ Posted: 26 Aug 2012 08:31 PM PDT |
|
ဆီးရီးယားမှာ လူသေအလောင်း အမြောက်အမြား တွေ့ရှိ Posted: 26 Aug 2012 07:16 PM PDT ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်နားက ဒါရေရာမြို့မှာ အလောင်းတွေ အမြောက်အမြား တွေ့ရတယ်လို့ အစိုးရကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေက ပြောကြားလိုက်ပြီး၊ ဒီအလောင်းတွေဟာ အစိုးရတပ်တွေက သတ်ဖြတ်ခဲ့တာလို့ စွပ်စွဲလိုက်ပါတယ်။ အတိုက်အခံတွေ အပြောအရ ဆိုရင်တော့ ဒါရေရာမြို့က သေဆုံးသွားသူ အများစုဟာ အကျဉ်းနည်းနဲ့ သတ်ဖြတ်ခံခဲ့ရ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အတည်ပြုလို့ မရသေးတဲ့ သတင်းတပုဒ်အရဆိုရင် အလောင်း ၂၀၀ ကို အိမ်တွေနဲ့ မြေအောက်ခန်းတွေ ကနေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အတိုက်အခံတွေရဲ့ အသံ ကို ထည့်သွင်း မတင်ပြဘဲ ထုတ်လွှင့်ခဲ့တဲ့ ဆီးရီးယား အစိုးရရုပ်သံရဲ့ အဆိုအရတော့ ဒါရေရာမြို့က အလောင်း တွေဟာ အကြမ်းဖက် သမားတခိျု့ကို သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ အတိုက်အခံ ဘက်ကို ဘက်ပြောင်းသွား ပြီလို့ သတင်းတွေ ထွက်နေတဲ့ ဆီးရီးယား ဒုတိယ သမ0x081မတ ဖာရွတ် အယ်လ် ရှာရာ ကလည်း အီရန်ကနေ ရောက်လာတဲ့ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ တာကြောင့် ကောလဟလတွေကို ရှင်းလင်းလိုက် သလိုတော့ ဖြစ်သွားခဲ့ပါတယ်။ ဒါရေရာမြို့မှာ ရက်ပေါင်းများစွာ အကြီးအကျယ် တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်မှာ စနေနေ့ ကတော့ သမ0x081မတ အာဆတ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဒီမြို့ကို စီးနင်း ဝင်ရောက်ခဲ့ ပြီ ဖြစ်ပါတယ်။ အိမ်နီချင်း လက်ဘနွန်နိုင်ငံ ဘေရွတ်ကနေ သတင်းပို့နေတဲ့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်ကတော့ ပြီးခဲ့တဲ့ တလလောက်က ဒါရေရာကနေ ဆုတ်ခွာခဲ့ရတဲ့ အစိုးရကိုဆန့်ကျင်နေတဲ့ သူပုန်တပ်တွေက အဲဒီမြို့မှာ ပြန်စုစည်းဖို့ လုပ်နေတုန်း အခုလို အစိုးရတပ်တွေက ပြန်သိမ်းဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အတိုက်အခံတွေဘက်ကတင်ထားတဲ့ အတည်မပြုနိုင်တဲ့ ဗီဒီယိုတခု မှာတော့ အဗူ အော်လီမန်း အယ်လ် ဒါရာနီ ဗလီအတွင်းမှာ အလောင်းတွေ အများကြီး တန်းစီ နေတာကို တွေ့ရ ပါတယ်။ အတိုက်အခံတွေ အဆိုအရ အလောင်းတွေရဲ့ ခေါင်းနဲ့ ရင်ဘတ်မှာ သေနတ် ဒဏ်ရာတွေကို တွေ့ရပြီး၊ အစိုးရ တပ်တွေက အိမ်ပေါက်စေ့ စီးနင်းတုန်းမှာ သတ်ဖြတ်ပစ်ခဲ့ တာလို့ ဆိုပါတယ်။ ယူကေ အခြေစိုက် အတိုက်အခံ အင်အားစုတခု ဖြစ်တဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အဆိုအရ စနေနေ့ တရက်ထဲမှာကို ဆီးရီးယား နိုင်ငံတဝန်း လူပေါင်း ၁၈၃ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ သူတို့ ပြောတာတွေ ကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆီးရီးယား နိုင်ငံမှာ ပြည်ပ မီဒီယာတွေကို သတင်း ယူခွင့် မပြုပါဘူး။ ဒါပေမဲ့လို့ ဆီးရီးယား နိုင်ငံတွင်းက အတိုက်အခံ အင်အားစုတွေ ကလည်း အခု ဒါရေရာမြို့မှာလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေဟာ အခု နောက်ပိုင်းလတွေ အတွင်းမှာ ပိုပြီး များလာတယ်၊ အထူးသဖြင့် အစိုးရ တပ်တွေ မြို့တွင်း ဝင်လာပြီး အိမ်ပေါက်စေ့ စီးနင်းမှုတွေ လုပ်ပြီးနောက်မှာဆို အခုလိုပဲ အလောင်းတွေ အများကြီး တွေ့ရတတ်တယ်လို့ ပြောကြပါတယ်။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး Human Rights Watch ကလည်း ဒီလိုမျိုး ဖြစ်တာတွေဟာ ပုံစံသစ် မဟုတ်တော့ဘူး၊ ဒါပေမဲ့ ဆီးရီးယားမှာ အခုလို ဖြစ်လာနေတာတွေက သတ်ဖြတ်မှု အရေအတွက် များလာတာနဲ့ နေရာတော်တော် များများမှာ ဖြစ်လာတာကို တွေ့ရတယ်လို့ ထုတ်ဖော် ပြောလာပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
|
|
ဘတ်စ်ကတ်ဘော သံခင်းတမန်ခင်းလေလား Posted: 26 Aug 2012 08:27 PM PDT မြန်မာနိုင်ငံမှာ အားကစားနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် အမေရိကန်နိုင်ငံ ဘတ်စ်ကတ်ဘော အဖွဲ့ (NBA) က မန်နေဂျာတွေ ပါတဲ့ အမေရိကန် ဘတ်စ်ကတ်ဘော သံတမန် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရောက်နေကြပြီး၊ ဒီကနေ့ သြဂုတ်လ ၂၆ ရက်မှာတော့--- |
|
၈၈ မျိုးဆက် အများစု နိုင်ငံကူးလက်မှတ် ထုတ်မပေးသေး Posted: 26 Aug 2012 08:37 PM PDT ၈၈ မျိုးဆက်ကျောင်းသား ဦးဆောင်သူတွေ ပြည်ပခရီးသွားလာဖို့ အတွက်
နိုင်ငံကူး လက်မှတ်တွေကို အခုချိန်ထိ သက်ဆိုင်ရာက ထုတ်မပေးသေးဘူးလို့
စုံစမ်းသိရှိရပါတယ်။ ထောင်ဒဏ် (၆၅) နှစ်နဲ့အထက် ချမှတ်ခံခဲ့ရတဲ့
၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင် (၁၉) ဦးဟာ ---- |
Photo courtesy of 88 Generation Students Group
၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ပါသည်။
|
|
မြစ်ကြီးနားတက္ကသိုလ်မှာ အဓမ္မ လုပ်အားပေးခိုင်းစေ Posted: 26 Aug 2012 08:42 PM PDT ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ သောကြာနေ့တိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။ မြစ်ကြီးနား တက္ကသိုလ် ဆရာ၊ ဆရာမတွေဟာ စီတာပူ သီတာအေးရပ်ကွက် ကမ်းနားလမ်းပေါ်မှာရှိတဲ့-- |
|
ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ကချင်စစ်ဘေးဒုက္ခသည် ပိုမိုထွက်ပြေး Posted: 26 Aug 2012 08:49 PM PDT ကချင်ပြည်နယ် ဖားကန့် မြို့ နယ်မှာ အစိုးရ စစ်တပ်စစ်ကြောင်းတွေနဲ့
ကေအိုင်အေတို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတဲ့ အတွက်
စစ်ပြေးဒုက္ခသည်တွေ ဖါးကန့် မြို့ ပေါ်ကို ထွက်ပြေးလာတာ အခုဆိုရင် အနည်းဆုံး
သုံးသောင်းကျော် ရှိပြီလို့  ---- |
Photo courtesy of KIO
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်
တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လကစပြီး တရုတ်-မြန်မာနယ်စပ်
လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏
မှတ်တမ်းပုံ ဖြစ်ပါသည်။
|
|
ရန်ကုန်လမ်းတွေပေါ်က နံရံဆေးမှုတ်အနုပညာ Posted: 26 Aug 2012 06:56 PM PDT
မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုတွေ အထိုက်အလျောက် ရှိလာပြီဖြစ်ပေမဲ့လို့ မြို့ပေါ်လမ်းမတွေဘေး နံရံဆေးမှုတ် အနုပညာတွေကိုတော့ တစုံတရာ ကန့်သတ်ခံနေရဆဲ ဖြစ်တယ်လို့ လမ်းဘေး နံရံဆေးမှုတ် အနုပညာရှင်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်မြို့ လမ်းတွေမှာတော့ အရင်ကထက်စာရင် Graffiti ဆိုတဲ့ လမ်းဘေး နံရံဆေးမှုတ် အနုပညာတွေ ကတော့ ပိုပြီး တွေ့လာရတယ်လို့ ဆိုရမှာပါ။ ရိုက်တာသတင်းဌာနက ဒီအကြောင်း ရေးသားချက်ကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။ ရန်ကုန်မြို့ရဲ့ ညစ်ပေနေတဲ့ လမ်းဘေးတခုရဲ့ နံရံမှာ အတောင်ပံပါတဲ့ ရုပ်မြင်သံကြားစက် တလုံးပုံကို တွေ့ရပါတယ်။ ဒါဟာ ရန်ကုန်မြို့ လမ်းတွေပေါ်မှာ Graffiti လို နံရံဆေးမှုတ် အနုပညာ ဖန်တီးနေတဲ့ ကိုအောင်ရဲ့ လက်ရာတခုပါ။ မီဒီယာလွတ်လပ်ခွင့်ရဖို့ မျှော်လင့်နေတဲ့ ဒီ ပုံဟာ အခု ရန်ကုန်မြို့ရဲ့ အခြားနေရာ အတော်များများမှာပါ ပုံတူကူးဆွဲထားတာ တွေ့ရပါတယ်။ ဒီ အနုပညာမျိုးကို ဥရောပတို့ အမေရိကန် ပြည်ထောင်စု မြို့ကြီးတွေရဲ့ လမ်းဘေးချောင်ကြားတွေမှာ တွေ့ရမြင်ရလေ့ ရှိပေမဲ့ မြန်မာပြည်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ တာဝန်ရှိသူတွေ ဘက်က လက်မခံနိုင်တဲ့ အတိုင်းအတာမျိုးတွေ ရှိနေတုန်းပဲလို့ Graffiti အနုပညာရှင် ကိုအောင်က ပြောပါတယ်။ “တော်တော်များများက သေသေချာချာလည်း သိပ်မသိကြဘူးလေ။ သိပ်မသိကြတော့ ဒီလို Graffiti ရေးတာကို အရေးခံရတဲ့ နေရာတွေက လူတွေကလည်း တအားကို sensitive ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ အကြီးအကျယ်တော့ ဖမ်းပြီးတော့ ထောင်ချတယ်တို့ ဘာတို့ ဆိုတာမျိုးတော့ လောလောဆယ် မရှိသေးဘူး။ ဒါပေမဲ့ ခံဝန်ချက် ထိုးရတာမျိုးတော့ ရှိတယ်။” ဒါပေမဲ့လည်း အခုလို လူမှု အဖွဲ့အစည်းအတွင်းက နိုင်ငံရေး လူမှုရေး အခြေအနေတွေကို ထပ်ဟပ်သရော်တဲ့ Graffiti ရေးဆွဲတာတွေဟာ၊ လက်ရှိ ပြုပြင် ပြောင်းလဲရေးတွေ မကြုံခင် စစ်အစိုးရ အောက်မှာဆိုရင် အတော်လေး အန္တရာယ်များမယ့်ကိစ္စပါ။ ၂၀၁၁ မတ်လမှာ အရပ်သားတပိုင်း အုပ်ချုပ်ရေး ပြောင်းလဲပြီးတဲ့နောက် လမ်းတွေပေါ်က Graffiti အနုပညာသမားတွေ အတွက် အပြောင်းအလဲ တစုံတရာ ရှိလာစေပါတယ်။ နိုင်ငံရေးလွတ်လပ်မှု တစုံတရာ ရှိလာတာနဲ့အမျှ၊ Graffiti သမားတွေကလည်း နိုင်ငံရေး လူမှုရေး ရိုက်ခတ်တဲ့ အနုပညာတွေကို ရန်ကုန်လမ်းတွေပေါ်မှာ သရုပ်ဖော် လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်းမှာတင် ရန်ကုန်လမ်းတွေပေါ် Graffiti ရေးဆွဲမှုတွေ အတော်များလာခဲ့တယ်လို့ ပန်ချီဆရာ ဂရစ်ဖစ်ဒီဇိုင်နာ ကိုအောင်က ပြောပါတယ်။ ကိုအောင် အဖို့တော့ သူ့ရဲ့ စံပြုသူဟာ ဗြိတိသျှအကျော်အမော် လမ်းဘေးအနုပညာရှင် Banksy ဖြစ်ပါတယ်တဲ့။ Banksy ဟာ စစ်ဆန့်ကျင်ရေး၊ ဆင်းရဲမွဲတေမှု စတဲ့ လူမူဘ၀တွေကို လမ်းဘေးနံရံတွေ ဆေးမှုတ် ရေးဆွဲခဲ့သူပါ။ မြန်မာပြည်က Graffiti သမားတွေဟာလည်း ဒီ အယူအဆကို သယ်ဆောင်လာသူတွေပါ။ မြန်မာပြည်အနှံ့ မီးတွေပျက်တာကြောင့် မီးလာရေး လှုပ်ရှားမှု လုပ်ခဲ့စဉ်မှာ Graffiti သမားတွေကလည်း သူ့နည်းသူဟန်နဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ “ရန်ကုန်မှာ ကျနော်တို့ မီးတွေ ပျက်တဲ့အချိန် ရှိတယ်။ အဲဒီမီးတွေ ပျက်တဲ့အချိန်တုန်းက ကျနော်တို့က ဘာကိုဖြစ်လဲ ဆိုတော့ ဒီ မီးပျက်တဲ့ဟာကို ပြည်သူတွေက မလိုလားဘူး။ ဒါပေမဲ့ ပြည်သူတွေကို ကျနော်တို့ ကိုယ်စားပြုပြီး လုပ်တာတော့ မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် ဒီ မီးပျက်တာကို ခံစားလာရတာ။ အဲဒီ ခံစားလာရတာကို ကျနော်တို့က ရင်ဖွင့်ပြီးတော့ မီးပေးပါ တို့ ဆိုတဲ့ ပုံစံမျိုးနဲ့ ရေးကြတာ။” Twotwenty လို့ ကိုယ့်ကိုကိုယ့် အမည်ပေးထားတဲ့ Graffiti လမ်းပေါ် အနုပညာသမားတဦး သူ့အတွေ့အကြုံကို ပြောခဲ့တာပါ။ ဒီလိုပုံတွေကြောင့် မြို့ရဲ့ အလှတွေ အနုပညာရသတွေ ပျက်စီးကုန်တယ်လို့ ဝေဖန်မှုတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ နေရာကို အသေအချာ သတ်မှတ် ရွေးခြယ်ပြီးမှ Graffiti ရေးဆွဲတာဖြစ်တယ်လို့ Twotwenty က ဖြေရှင်းချက်ပေးပါတယ်။ “ကျနော်တို့က တကယ် ဖျက်ဆီးတယ်ဆိုရင်လည်း ဖျက်ဆီးတယ်။ ဒါပေမဲ့ ကျနော်တို့ ဖျက်ဆီးတယ် ဆိုတာက ကျောင်းတွေ၊ ကလေးစာသင်ကျောင်း၊ Church တွေ၊ ဘာသာရေးဆိုင်ရာ နေရာတွေ။ ဒါတွေ ကျနော်တို့ ဖျက်ဆီးတဲ့စာရင်းထဲမှာ မပါဘူး။ ဒီနေရာတွေကိုလည်း ကျနော်တို့ မဖျက်ဆီးဘူး။ ဒါပေမဲ့ တကယ် ဖျက်ဆီးတာက ကျနော်တို့ မကျေနပ်တဲ့ နေရာတွေမျိုး။ အဆောက်အဦးတွေ၊ သူများတွေက နေရာယူပြီးတော့ အဲဒီ နေရာယူခံလိုက်ရတဲ့ သူတွေက ဘေးမှာ ဖယ်လိုက်ရတယ်ပေါ့။” မြန်မာအစိုးရ အနေနဲ့ မီဒီယာထိန်းချုပ်မှု အတော်များများကို သြဂုတ် ၂၀ ရက်နေ့က ပယ်ဖျက်ပေး လိုက်ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှု အပြီးမှာ ထင်ရှားတဲ့ တတ်ကြွ လှုပ်ရှားသူတွေ ထောင်နန်းစံ ခဲ့ရတဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ဟန့်တားတဲ့ ဥပဒေ ပုဒ်မတွေကတော့ ရှိနေဆဲပါ။ ဒါကြောင့်လည်း Graffiti အနုပညာသမားတွေ အဖို့လည်း လွတ်လပ်မှု အကန့်အသတ်တွေက ရှိနေဦးမှာပါ။ တဘက်မှာလည်း Graffiti ကို ဝေဖန်သူတွေ ပြောသလိုပဲ၊ သာမန် မြို့ခံတွေ အဖို့လည်း လမ်းဘေးအနုပညာနဲ့ စည်းမဲ့ကမ်းမဲ့ ရေးခြစ်တာမျိုးကို ခွဲခြားမြင်နိုင်ဖို့ကလည်း ခက်ပါသေးတယ်။ ဒါပေမဲ့လည်း Graffiti ကို စိတ်ဝင်စားလာကြတဲ့ အနုပညာရှင်တွေလည်း အတော်လေးတော့ ပေါ်လာပါတယ်။ မကြာသေးခင်ကတော့ ကိုအောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံကို အာဏာရပါတီကြီးရဲ့ ဆိုင်းဘုတ်မှာ သွားဆွဲခဲ့ပါတယ်။ ဒါပေမဲ့ အလျင်အမြန်ပဲ နောက်နေ့ဆိုသလိုတော့ ပြန်ဖျက်တာ ခံခဲ့ရပါတယ်။ ကိုသားညွှန့်ဦး - ဗွီအိုအေ (မြန်မာဌာန) |
|
ထိုင်း-မြန်မာ နယ်စပ်ဆိုင်ရာ အစည်းအဝေး ပုဂံတွင်ကျင်းပမည် Posted: 26 Aug 2012 06:52 PM PDT
ထိုင်း-မြန်မာပူးတွဲ နယ်စပ်ဒေ သရေးရာ ကော်မတီ (JBC) အစည်း အဝေးကို ပုဂံမှာ အောက်တို ဘာလ အတွင်း ကျင်းပမှာဖြစ်တယ်လို့ JBC ပူးတွဲ ဥက္ကဋ္ဌ Vasin Teeravechyan က ပြောပါတယ်။ ချင်းရိုင် မြို့ Mae Fah Luang တက္ကသိုလ်မှာ ကျင်းပတဲ့ လာအို၊ မြန်မာ နဲ့ ထိုင်းကိုယ်စားလှယ်တွေရဲ့ နယ်စပ်အရေး နှီးနှောဖလှယ်ပွဲမှာ JBC ပူးတွဲ ဥက္ကဋ္ဌ မစ္စတာ Vasin က ပြောဆိုလိုက်တာပါ။ ၃ နိုင်ငံ နယ်ခြားမျဉ်း ကြီးကြပ်ရေး ကိုယ်စားလှယ်တွေဟာ မစ္စတာ Vasin နဲ့ အတူ ထိုင်း-မြန်မာ နယ်စပ် Mae Sai-Nam Ruok မြစ် ဖြတ်ကူးတဲ့ ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ ပုဂံမှာကျင်းမယ့် ထိုင်း-မြန်မာပူးတွဲ နယ်စပ်ဒေသရေးရာ ကော်မတီ အစည်းအဝေးမှာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ မြန်မာနိုင်ငံ မြ၀တီမြို့အကြားက သောင်ရင်းမြစ်တလျှောက် ပြဿနာ အရပ်ရပ်ကို အဓိက ဆွေးနွေးမှာ ဖြစ်တယ်လို့ မစ္စတာ Vasin က ပြောပါတယ်။ နှစ်ဘက်စလုံးက လိုက်နာဖို့ လမ်းညွှန်ချက်တွေကို ဆွေးနွေးပြီး နားလည်းမှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး မျှော်လင့်နေတယ် လို့လည်း ဆိုပါတယ်။ နယ်စပ် ပြဿနာကို နိုင်ငံရေးအတွက် အသုံးမချစေလိုကြောင်း၊ နယ်စပ်ဂိတ်တွေ မကြာခဏပိတ်ခြင်း အားဖြင့် နယ်စပ်ဒေသ ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ထိခိုက် နစ်နာစေတယ်လို့ မစ္စတာ Vasin ကပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစားက ရေးသားထားပါတယ်။ တချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ အတွင်း လာရောက်ဖို့ရှိတယ်လို့ Pheu Thai ပါတီက အမတ် Nakhon Ratchasima Suchart Pinyo က မနေ့က တနင်္ဂနွေနေ့က ပြောဆိုလိုက်ပြီး ဘာကိစ္စနဲ့ မြန်မာနိုင်ငံကို သွားမှာလဲ ဆိုတာကိုတော့ ပြောဆိုခြင်း မရှိဘူးလို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။ Pheu Thai ပါတီက အမတ်တွေ၊ အနီဝတ် တက်ဆင် ထောက်ခံသူတွေ အတော်များများ တဦးချင်းအနေနဲ့ရော အုပ်စုလိုက်ပါ မစ္စတာ တက်ဆင် ကိုတွေ့ဖို့ မြန်မာပြည်ကို သွားကြဖို့ရှိတယ်လို့ မစ္စတာ Pinyo ကပြောပါတယ်။ ဗွီအိုအေ (မြန်မာဌာန) |
|
တွေ့ဆုံဆွေးနွေးမှု အမြန်လုပ်ဖို့ KNU တိုက်တွန်း Posted: 26 Aug 2012 06:45 PM PDT
ဧရာဝတီတိုင်းအတွင်းမှာ တလနီးပါး ရွာခဲ့တဲ့မိုးနဲ့အတူ လူတရပ်စာနီးပါး တင်နေတဲ့ ရေတွေ ပြန်မကျသေးတာကြောင့် ဒေသခံပြည်သူတွေ သောင်းနဲ့ချီ ဒုက္ခ ရောက်နေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ စားစရာ အလုံအလောက်မရလို့ အင်အားချိနဲ့တဲ့ အခြေအနေမျိုးကိုတောင် ရောက်လာနေပြီလို့ အကူအညီ ပေးနေသူတွေ က ပြောပါတယ်။ ရေဘေးသင့် ပြည်သူတွေအတွက် အစားအစာနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဧရာဝတီတိုင်း အတွင်းက ရေဘေးသင့် ဒေသတွေမှာ အကူအညီတွေ ကိုယ်တိုင် သွားပေးနေတဲ့ NLD ပါတီ အဖွဲ့ဝင် တဦးလည်းဖြစ်၊ မြန်မာလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်က ဦးနေမျိုးဇင်က ပြောပြပါတယ်။ “စားဝတ်နေရေးလည်း တော်တော်လေးကို အခက်ကြုံနေပြီးတော့ ဆန်ပြုတ်နဲ့ ငါးလေးတွေ ရောကြိုသောက်နေတာ ကျနော် ရွာ တော်တော်များများမှာ တွေ့ခဲ့ရပါတယ်။ နည်းနည်း ကြေးရတတ် ဖြစ်တဲ့သူတွေကတော့ စုထား ဆောင်းထားတဲ့ ဆန်လေးတွေ၊ ငါးခြောက်လေးတွေ ရှိတော့ ဒီတလလောက် ခံနိုင်ပေမဲ့ ဆင်းရဲတဲ့ လက်လုပ်လက်စားတွေ ကျတော့ ဘယ်လို့ မတောင့်နိုင်ဘူးဗျ။ ဖြစ်သလို စားနေရတာ တွေ့ရတယ်။ ပြီးတော့ ကလေးလေးတွေက ဘယ်မှ မသွားရဘဲနဲ့ အိမ်လေးထဲက အဆင့်လေးတွေမှာ နေကြရတော့ တလနီးပါးလောက် ကျောင်းလည်း မသွားရဘူး၊ အပြင်သွားစရာလည်း လှေ မရှိဘူး။ ရေပြင်ကြီးကလည်း ပတ်လည်ဝိုင်းနေတယ်။ သူတို့က အဲဒီအနားလေး ခြောက်ပေလောက် နေရာလေးမှာပဲ သွားရလာရ လှဲလိုက် ဆိုတော့ ချိနေတာကို ကျနော် တွေ့ခဲ့ရတယ်ဗျ။ မလှုပ်မရှားတာလည်း ပါမယ်။ အာဟာရပြည့်တဲ့ အစားအသောက်တွေ မစားရတာလည်း ပါ ပါမယ်။ အဲဒါကြောင့် ကျနော်က တက်တက်ကြွကြွ လှုံ့ဆော်ပြီးတော့ အာဟာရဖြစ်စေမယ့် အစားအသောက်တွေကို လိုက်ပြီးတော့ ပြင်းပြင်းထန်ထန် အလှူခံပြီးတော့ ကျနော် သဘက်ခါကို ကျနော် ထပ်သွားပါမယ်။ အဆိုးဆုံးဖြစ်တဲ့ ရွာတွေကို ရောက်အောင် အကူအညီတွေ ပေးဖို့ ကျနော် ပြင်ဆင်နေပါတယ်ခင်ဗျ။” လနဲ့ချီ ရေမကျဘဲ ဖြစ်နေတာကြောင့် ရေကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတွေ အတော်များများနဲ့ ကြုံနေရတယ်လို့လည်း ဦးနေမျိုးဇင်က ပြောပြပါတယ်။ “အဓိက ဖြစ်တာကတော့ သူတို့ဒေသရဲ့ ဖြစ်တဲ့ ငှက်ဖျားပေါ့နော်။ ငှက်ဖျားက အအေးပတ်တဲ့အခါမှာ အာဟာရ နည်းတဲ့အခါမှာ ပေါ်တာပေါ့။ ငှက်ဖျား မပြတ်သေးတဲ့ဒေသ ဖြစ်တဲ့အတွက်ကြောင့် ငှက်ဖျား ရှိပါတယ်။ ဒုတိယကတော့ အအေးမိတဲ့ ပြဿနာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ရေပတ်လည်ဝိုင်းနေတာ ဖြစ်တဲ့အတွက်ကြောင့် ဘာကိစ္စလေးပဲ ရှိရှိ ရေကိုဖြတ်ပြီး သွားရေတော့ အအေးမိတဲ့ ရောဂါ ပါ။ နောက်တခုကတော့ ရေ၀ဲစားတဲ့ရောဂါ ပါ။ သူတို့က ဆပ်ပြာတွေ ဘာတွေလည်း မသုံးနိုင်ဘူး။ ဒီရေကိုပဲ သောက်၊ ဒီရေမှာပဲ မစင်စွန့်၊ ဒီရေနဲ့ပဲ ချက်ပြုတ် စားရတယ် ဆိုတဲ့အခါကျတော့ ရေ၀ဲထတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အဓိက ကတော့ အာဟာရ ပြတ်ပြီးတော့ ချိတဲ့ရောဂါနဲ့ အကြောတွေ ညောင်းညာ ကိုက်ခဲတာကိုး။ သွားစရာလည်း မြေမရှိဘူးလေ။ ရေပြင်ကြီး ဖြစ်နေတော့။ အဲဒီ ပြဿနာလည်း ရှိပါတယ်။ ပိုပြီးတော့ ကျနော် စိတ်ပူတာကတော့ မျိုးဆက်သစ် ကလေးလေးတွေရဲ့အကြောက်တရားကို ကုစားပေးနိုင်မယ့်ဟာတွေ၊ အာဟာရပြည့်အောင် ဖြည့်တင်း မပေးနိုင်လို့ သူတို့က စိတ်ဓာတ်တွေ ပျက်ပြားပြီးတော့ အကြောက်အလန့်တကြား လောကကြီးကို မြင်သွားမယ့် အမြင်လေးကတော့ ဒါ အစိုးရိမ်ဆုံး ပြဿနာလို့ ကျနော်ကတော့ မြင်ပါတယ်။” ရေဘေးသင့် ပြည်သူတွေအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ ငွေကြေး စုဆောင်း ကောက်ယူနေသလို တခြား အကူအညီပေးရေး အဖွဲ့တွေနဲ့အတူတူ ရေဘေးသင့်သူတွေကို ကိုယ်တိုင် အကူအညီတွေ ပေးနေတာဖြစ်တဲ့ အကြောင်းလည်း ဦးနေမျိုးဇင် ပြောပြပါတယ်။ ဒီလိုပဲ ရန်ကုန် တောင်ပိုင်းခရိုင် ကျောင်းသား သမဂ္ဂ ကျောင်းသားကျောင်းသူတွေ ကလည်း ဒီနေ့ကစလို့ သုံးရက်ကြာ ရေဘေးသင့် ပြည်သူတွေ အတွက် ရန်ကုန်မြို့က လူစည်ကားရာ နေရာတွေမှာ အလှူလိုက်ခံနေတယ်လို့ ဒီကိစ္စ ဦးဆောင်လုပ်နေသူ တဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပြပါတယ်။ “ဒီဥစ္စာက ဧရာဝတီ တိုင်းအတွင်းက ရေဘေးသင့် ပြည်သူတွေ အတွက် ရန်ကုန် တောင်ပိုင်းခရိုင် ကျောင်းသား သမဂ္ဂက ကျောင်းသားကျောင်းသူတွေက ရန်ကုန်မှာရှိတဲ့ shopping center တွေရယ်၊ နောက် လမ်းစုံလမ်းခွတွေမှာ သီချင်းလိုက်ဆိုပြီးတော့ အလှူခံတာပေါ့။ ဧရာဝတီတိုင်း ရေဘေးသင့် ပြည်သူတွေအတွက် တတ်နိုင်သ၍ လှူကြဖို့ မိဘပြည်သူတွေကို အော်လံတွေနဲ့ အော်ပြီးပြောတယ်။ ကျနော်တို့ အလှူ လိုက်ခံတယ်ပေါ့။ နေရာတွေ ရွှေ့ပြီးတော့ ဒီနေ့က စတာပေါ့။ ဒီနေ့ရယ်၊ မနက်ဖြန်ရယ်၊ သဘက်ခါ ရယ် သုံးရက်။ ကျနော်တို့ ဒီတကြော့ ထပ်ရတဲ့ဟာကိုလည်း ထပ်ရတဲ့ အလှူငွေကိုလည်း ကျနော်တို့ သဘက်ခါပြီးတော့ နောက်တနေ့ကျလို့ရှိရင်တော့ သာပေါင်း၊ ကံကြီးဒေါင့် အဲဒီကို ကျနော်တို့ သွားပြီးတော့ လှူကြမယ်ပေါ့ခင်ဗျ။ ကျနော်တို့က ကျနော်တို့ဘာသာ ကျနော်တို့ အစည်းအဝေး ဆုံးဖြတ်ချက် ချထားတာက ကိုယ့်စရိတ်နဲ့ကိုယ် လိုက်နိုင်တဲ့သူတွေ လိုက်ခဲ့ကြဖို့။ အဲဒါကို ကျနော်တို့ ဦးဆောင်ပြီး သွားလှူမယ်။ အခု ကျနော်တို့ကို စာရင်းလာပေးထားတာ ကျောင်းသား ၆ ယောက်လောက် ရှိတယ်။ သူတို့ကို ကျနော်တို့က ဦးဆောင်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ အဲဒီနေရာတွေကို ရောက်အောင် သွားလှူမှာပါ။” ရေကြီးနေတာ တလကျော်လာပေမဲ့ ရေက အခုထိ လူတရပ်စာနီးပါးအထိ ရှိနေတုန်းပဲလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် ဧရာဝတီတိုင်းအတွင်းက ကျေးရွာပေါင်း ၃၈၀ ကျော်လောက် ရေနစ်မြှုပ်နေပြီး လယ်ယာမြေ ဧကပေါင်း သောင်းနဲ့ချီ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့လည်း သူတို့က ပြောပါတယ်။ မနေ့က အေပီ သတင်းမှာတော့ မြန်မာနိုင်ငံတ၀ှမ်း လယ်မြေဧကပေါင်း ၆ သိန်းနီးပါးလောက် ရေလွှမ်းနေတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်း ခုလို ရေကြီးမှုမျိုးဟာ တကြိမ်နဲ့တင် ရပ်သွားလေ့မရှိတာကြောင့် အခု တင်နေတဲ့ ရေမကျသေးခင် နောက်တကြိမ် ထပ်ပြီး ရေကြီးလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ရေဘေးသင့် ပြည်သူတွေကို အကူအညီ ပေးနေသူတွေက ပြောကြပါတယ်။ မခင်ဖြူထွေး - ဗွီအိုအေ (မြန်မာဌာန) |
|
တွေ့ဆုံဆွေးနွေးမှု အမြန်လုပ်ဖို့ KNU တိုက်တွန်း Posted: 26 Aug 2012 06:43 PM PDT
KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့အကြား တနင်္လာနေ့မှာ တတိယအကြိမ် ထပ်မံ တွေ့ဆုံဖို့ ပြောဆိုထားပေမဲ့ မြန်မာအစိုးရဘက်က အဆင်မပြေသေးတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်လို့ KNU က ဒီကနေ့ ပြောဆိုခဲ့တာပါ။ နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် ဒီကိစ္စကို ပိုပြီး ခိုင်မာအောင် ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ မူလက စီစဉ်ထားတာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့် ရှိသူ နော်မေဦး က ပြောပါတယ်။ "သြဂုတ်လ ၅ ရက်နေ့က ကျမတို့ မြ၀တီမှာ ကြိုတင်ညှိနှိုင်းအစည်းအဝေးဆိုပြီး လုပ်ခဲ့တာရှိပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ကျမတို့က ဘယ်နေရာမှာတွေ့မယ်။ ဘယ်နေ့မှာတွေ့မယ်။ ဘယ်အကြောင်းတွေ ပြောမယ်ဆိုတာကို ဆွေးနွေးခဲ့တာဖြစ်တယ်။ ဆုံးဖြတ်ချက် တွေ ချခဲ့တာဖြစ်တယ်။ ၂၇ ရက်နေ့မှာ မနက်ဖြန်ပေါ့လေ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲဟာ သြဂုတ်လ ၅ ရက်နေ့တုန်းက ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲရဲ့ အဖြေဖြစ်ပါတယ်။" ဒါပေမဲ့လည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း ကတော့ နှစ်ဘက်ကိုယ်စားလှယ်တွေအကြား တနင်္လာနေ့ တွေ့ဆုံမှာ မဟုတ်သလို ထပ်မံတွေ့ဆုံမယ့် ရက်ကို ညှိနှိုင်းရဦးမယ်လို့ အခုလို ပြောပါတယ်။ "ကျနော်သိထားတာကတော့ - မြ၀တီမှာ တွေ့စဉ်ကာလတုန်းက အဲ့ဒီရက်ပိုင်းလောက် ဖြစ်ချင်ဖြစ်နိုင်တယ်။ မနက်ဖြန် ဆိုတာကိုတော့ သေသေချာချာ သတ်မှတ်ခဲ့တာ မဟုတ်သေးပါဘူး။ နှစ်ဘက်စလုံးက အဆင်ပြေတဲ့ရက်ကို ပြန်ညှိမယ်လို့ပဲ ပြောတာ၊ ရက်ရွှေ့လိုက်တာ မဟုတ်ပါဘူး။ ညှိနှိုင်းကတည်းက ၂၇ မှာ တွေ့မယ်ဆိုတဲ့ အတိအကျ အဲ့လို သတ်မှတ်ခဲ့တာ မဟုတ်ပါဘူး။ အခုကတော့ မနက်ဖြန် တွေ့ဖို့ အစီအစဉ် မရှိပါဘူးခင်ဗျ။ တွေ့ဖို့ကတော့ နှစ်ဘက်စလုံးက အခြေအနေပေးတဲ့ အချိန်မျိုးဖြစ်ပါလိမ့်မယ်။ ဟိုဘက်မှာလည်း အဆင်ပြေမယ့်ရက်၊ ဒီဘက်မှာလည်း ပြည်ထောင်စုဝန်ကြီးတွေက အလုပ်ကိစ္စလေးတွေ သူတို့ ရှိနေတဲ့အခါကျတော့ ရက်ကို ပြန်ညှိကြရလိမ့် မယ်နဲ့ တူပါတယ်။" KNU ကတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး မရှိသေးသ၍ ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာမို့ - ဒီလ ၅ ရက်နေ့က မြ၀တီမြို့မှာ လုပ်ခဲ့တဲ့ ကြိုတင်ညှိနှိုင်း အစည်းအဝေးအတွင်း ပြည်သူလူထုဘ၀ လုံခြုံရေး အာမခံနိုင်မယ့်ကိစ္စကို အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ နော်မေဦး က အခုလို ဆက်ပြောပြပါတယ်။ "ကျမတို့က တတိယအကြိမ်မှာ ပြည်သူ့လူထုဘ၀ လုံခြုံရေးဆိုတဲ့အချက်ရဲ့အောက်မှာ အဓိက အချက်ကြီး ၂ ချက်ကို ဆွေးနွေးဖို့အတွက် ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါက နှစ်ဦးနှစ်ဘက် အသိပေးထားပြီးသား၊ သဘောတူထားပြီးသား။ ဘာတွေလဲဆို ရင် ပြည်သူလူထုဘ၀ လုံခြုံရေး အာမခံနိုင်ဖို့အတွက် တပ်နေရာ ပြန်လည်ချထားရေးနဲ့ နှစ်ဦးနှစ်ဘက် လိုက်နာရမယ့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ်များဆိုတဲ့ ဒီနှစ်ချက်ကို ဆွေးနွေးဖို့အတွက် ဆုံးဖြတ်ထားပါတယ်။" အခုလို တတိယအကြိမ် ဆွေးနွေးပွဲ မဖြစ်မြောက်သေးပေမဲ့ - အစိုးရ နဲ့ ကေအန်ယူအကြား တဖက်နဲ့တဖက် ယုံကြည်မှု တည်ဆောက်နေ တာမှာ - အပြန်အလှန် နားလည်မှုနဲ့ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးနိုင်တဲ့အဆင့်မှာတော့ ရှိတယ်လို့ ကေအန်ယူက အသိအမှတ်ပြုခဲ့ ပါတယ်။ ဒါကြောင့်လည်း ကရင်ပြည်နယ်တွင်းမှာ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် အမြန်ဆုံး တွေ့ဆုံကြဖို့ကို KNU က တိုက်တွန်းခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ KNU အကြားမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ ရက်နေ့က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ ဧပြီလ ၆ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြတာပါ။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပထမဆုံးအကြိမ် KNU နဲ့ ငြိမ်းချမ်းရေးအတွက် အခုလို လက်မှတ်ရေးထိုးနိုင်တဲ့အထိ သမိုင်းဝင် ဖြစ်ခဲ့ပြီး - KNU အနေနဲ့လည်း တော်လှန်ရေးကာလ ၆၃ နှစ်တာ အတွင်းမှာ ဒီဆွေးနွေးမှုတွေဟာ ပွင့်လင်းမြင်သာပြီး တန်းတူရည်တူ မျှတမှုရှိတာကို တွေ့ရတယ်လို့ မှတ်ချက်ချခဲ့ပါတယ်ရှင်။ ဗွီအိုအေ (မြန်မာဌာန) |
|
ဗိုလ်မှူးကြီးအောင်ဇေယျ၏ အမိန့်နှင့်ဝန်ကြီးများ၏ ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးနေ Posted: 26 Aug 2012 07:53 AM PDT ဗိုလ်မှူးကြီး အောင်ဇေယျရဲ့ အမိန့်နဲ့ ၀န်ကြီးများ၏ ပိုင်ဆိုင်မှုတွေကို (၉) မိုင်မှာရှိတဲ့ ရန်ကုန်တိုင်း စရဖ တပ်ဖွဲ့ဝင်တွေက စုံစမ်းနေကြတယ်လို့ သိရပါတယ်။ ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်မြင့် တို့ပိုင်ဆိုင်တဲ့ မြေကွက်တွေနဲ့ အိမ်တွေကို စုံစမ်းနေကြတာဖြစ်ပါတယ်။ |
| You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
သစ်ထူးလွင်
________________________________
မြန်မာပုဂ္ဂလိကသတင်းစာတွေ ၂၀၁၃ မှာ ထုတ်ဝေခွင့်ပြုမည်
ဟုန်ပန်းကုမ္ပဏီမှ သိမ်းဆည်းခံလယ်မြေဧက တစ်ရာကျော်အတွက် ဒေသခံများ အသနားခံ
ခုံရုံးကို စစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဦးသိန်းဆွေဖြစ်လာ
ကချင်ပြည်နယ် ကျောက်စိမ်းဈေးကွက်ကို အမှီပြုနေသူများ ရပ်တည်ရန်ခက်ခဲလာ
ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ-
မေးမြန်းချက်
တိုက်ပွဲကြောင့် ပလောင်ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
လူ့ဘောင်သစ် ဥက္ကဋ္ဌ ဦးအောင်မိုး ဇော် ပြည်တော်ပြန်
ABSDF ဗဟို ဥက္ကဋ္ဌ ဟောင်းများ မြန်မာနိုင်ငံ တွင်း အမြဲတမ်း နေထိုင်ခွင့် ရရှိရန်
ကြိုးပမ်း
ကာကွယ်ရေး ဝန်ကြီး နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အသစ်ခန့်အပ်
မိုးသီးဇွန်ပါ ၇ ဦး အဖွဲ့ သတင်းစာရှင်းလင်း
ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊
တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်
ကလေးစစ်သားများ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ
လက်ပတောင်းတောင်အား ထိန်းသိမ်းစောင့်ရှောက်ရန် လယ်တီ ဝိပဿနာ အဖွဲ့က မေတ္တာရပ်ခံ
နိုင်ငံတော် သမ္မတအား ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှု ခွင့်ပြုမိန့်အား
ပြန်လည်ရုပ်သိမ်း
KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဖားအံ မှာ ဆွေးနွေး
(ဓါတ်ပုံ)
စုံစမ်း စစ်ဆေးရေးဥက္ကဌနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခြင်း
စက်တင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven News Journal
မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)
ဆီးရီးယားမှာ တပတ်အတွင်း လူပေါင်း ၁,၆၀၀ သေဆုံး
ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ မိုင်းပေါက်ကွဲမှုနှင့်တွေ့ကြုံ
တောင်သူအရေး ဆောင်ရွက်သူကို ဖမ်းဆီးမှု အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့
ဝေဖန်ပြောကြား
တောင်ငူမြို့ ဗကသ ရေဘေးအလှူခံ ဥပဒေနှင့် မညီညွတ်၍ တားမြစ်ခံရ
တောင်ငူ မြို့နယ် အုပ်ချုပ်ရေးမှူး ဘောလုံးပွဲ ရန်ပုံငွေ အဓမ္မကောက်ခံ
အကျင့်ပျက်ဝန်ထမ်း ထိန်းကျောင်းသင့်ပြီ
မွတ်ဆလင် ဘာသာရေး ဆရာရဲ့ လုပ်ကြံစွပ်စွဲမှုကို ဖေါ်ထုတ်
မြန်မာပုဂ္ဂလိကသတင်းစာတွေ ၂၀၁၃ မှာ ထုတ်ဝေခွင့်ပြုမည်
Posted: 03 Sep 2012 07:15 AM PDT
ကြားဖြတ်ရွေးကောက်ပွဲအပြီး နောက်တရက် သတင်းစာတိုက်ရှေ့မှ
သတင်းစာရောင်းသူများကို တွေ့ရစဉ်။
မြန်မာနိုင်ငံ အတွင်းက စာနယ်ဇင်း လွတ်လပ် ခွင့်တွေကို နိုင်ငံတကာ အဆင့်မီ
ဖြစ်အောင် ဥပဒေ ပြဌာန်းနိုင်ရေး လွှတ်တော်မှာ အဆိုပြု တင်ပြသွား မှာဖြစ်သလို
နောက်နှစ် ပိုင်းလောက်မှာ ပုဂ္ဂလိက နေ့စဉ် ထုတ်ခွင့် ပေးနိုင်ရေး အတွက်လည်း
စီစဉ်နေတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က
သတင်းစာ ဆရာအသင်းကို ပြောလိုက်ပါတယ်။
စက်တင်ဘာလ နှစ်ရက်နေ့က ပြန်ကြားရေးဝန်ကြီး အသစ် ဦးအောင်ကြည်နဲ့ သတင်းစာဆရာ
အသင်း၊ ရုပ်ရှင်အစည်အရုံးတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကြစဉ်မှာ
အဲဒီလိုပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ်
စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က သတင်းစာဆရာအသင်းနဲ့ ရုပ်ရှင်အစည်းအရုံးက
တာဝန်ရှိသူတွေကို စက်တင်ဘာလနှစ်ရက်၊ တနင်္ဂနွေနေ့မနက်ပိုင်းမှာ
ပထမဆုံးအကြိမ်အဖြစ် သီးခြားစီ တွေ့ဆုံခဲ့တာပါ။
သူ့အနေနဲ့ အနုပညာလောကနဲ့ အလှမ်းဝေးတာကြောင့် သူ့မှာ အားနည်းချက်ရှိတယ်ဆိုတာကို
ဝန်ခံပြောကြားရင်း ရုပ်ရှင်နဲ့ စာပေ အဖွဲ့အစည်းတွေအပေါ် သူ့ရဲ့
သဘောထားနဲ့ပတ်သက်လို့ ၀န်ကြီးဦးအောင်ကြည်က အဲဒီ တွေ့ဆုံဆွေးနွေးပွဲအတွင်း
အခုလို ပြောကြားခဲ့ပါတယ်။
“အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ ကျနော့်ရဲ့သဘောထား- ကျနော်တို့အနေနဲ့
ရုပ်ရှင်အဖွဲ့အစည်း ပဲဖြစ်ဖြစ်၊ စာပေအဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊
ဂီတအဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့လေ- ဒါ- ကျနော်တို့နဲ့ ဆက်စပ်ပြီးတော့
ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းမျိုးတွေပါ။ ဒါတွေ အားလုံးက civil societies
ပဲဖြစ်ပါတယ်။ civil society ဟာ ကောင်းမွန်သော အုပ်ချုပ်ရေး စံနစ်တခုအောက်မှာ
အစိုးရ ရယ်၊ ပြည်သူရယ်၊ civil societies ရယ်ဆိုတာ ဇာတ်ကောင်သုံးခုပဲ ရှိပါတယ်။
civil society ကတော့ အဓိကဇာတ်ကောင်တခုပဲ ဖြစ်ပါတယ်။ ဒီ Civil Society ဟာ သူ့ရဲ့
ဇာတ်ကောင် လုပ်ငန်းကိုသူ ကျကျနနလုပ်နိုင်ရအောင် ကျနော်တို့ ကူညီမှာ ဖြစ်ပါတယ်။
အဲဒီတော့ Civil Society ရဲ့ သဘောသဘာဝက Strategy မဟုတ်ပါဘူး။
စည်းမျဉ်းစည်းကမ်းပြဌာန်းပြီးတော့မှ ဒီအတိုင်း လိုက်နာ၊ ဒီအတိုင်း
ဆောင်ရွက်ဆိုတာမျိုး ကျနော်တို့ လုပ်မှာ မဟုတ်ပါဘူး။ ကိုယ့်ဖာသာ ကိုယ်
ပြဌာန်းပြီးတော့မှ ကိုယ့်ဖာသာကိုယ် စောင့်ထိန်းလိုက်နာပြီးတော့မှ Credibility
အတွက် ဆောင်ရွက်သွားတဲ့ အနေအထားမျိုး ဖြစ်အောင် ကျနော် ဆောင်ရွက်သွားပါမယ်။”
ဒါ့အပြင် သတင်း စာနယ်ဇင်းလွတ်လပ်ခွင့်တွေကို နိုင်ငံတကာအဆင့်မီ ဖြစ်အောင်
လွှတ်တော်မှာ ဥပဒေသစ် တင်သွင်း အဆိုပြုသွားမယ်လို့ ၀န်ကြီးက
ပြောကြားခဲ့တဲ့အကြောင်းလည်း ဒီအခမ်းအနား ကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ
သတင်းစာ ဆရာများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ဝံသ က ပြောပါတယ်။
“စာနယ်ဇင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဆွေးနွေးပါတယ်။
စာနယ်ဇင်းနဲ့ ပတ်သက်ပြီးတော့လည်း သူက နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့
စာနယ်ဇင်းလွတ်လပ်ခွင့်တွေအထိ တိုးချဲ့ပြီးတော့ ဆောင်ရွက်ရမယ်၊
အဲဒီလိုပြောပါတယ်။ နောက်ပြီးတော့ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း အနုပညာ
လောကသားအားလုံးက ကျေကျေနပ်နပ်နဲ့လက်ခံနိုင်တဲ့ မီဒီယာ ဥပဒေမျိုးဖြစ်အောင်
ပြင်ဆင်ပြီးတော့မှ ပြဌာန်းမယ်။”
မြန်မာနိုင်ငံထဲမှာ လက်ရှိ မီဒီယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့
စီးပွားရေးလုပ်ငန်းရှင်တွေ က နေ့စဉ် သတင်းစာတွေထုတ်ဝေခွင့်ပြုဖို့ အစိုးရထံမှာ
ခွင့်ပြုချက် လျှောက်ထားနေကြတဲ့ ကာလဖြစ်တဲ့အပြင်
သတင်းမီဒီယာလွတ်လပ်ခွင့်ရှိတယ်ဆိုရင် နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရှိရမယ်လို့
မီဒီယာ လွတ်လပ်ခွင့်အတွက် တောင်းဆိုနေကြသူတွေက မြင်နေကြတာပါ။
ဒီကိစ္စအပေါ် ၀န်ကြီးက သူ့ရဲ့ သဘောထားကို ပြောပြခဲ့တယ်လို့လည်း ဆရာမောင်ဝံသက
အခုလို ဆက်ပြောပြပါတယ်။
“ဟုတ်တယ်၊ နေ့စဉ်သတင်းစာထုတ်ဝေခွင့်ကို မြန်မြန် ပေးချင်တယ်-တဲ့။ တတ်နိုင်သမျှ
ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြုဖို့ မြန်မြန်လေး ဆောင်ရွက်ချင်တယ်လို့ အဲလို
ပြောတယ်။ စာနယ် ဇင်းကောင်စီကို ဖွဲ့ပြီးတော့မှ နေ့စဉ် သတင်းစာတွေ ထုတ်ဝေရေး
ကိစ္စကို စီစဉ်မယ်လို့ ပြောတယ်။ ”
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့
သတင်းထောက်အများစုကတော့ ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေကို ရှေ့နှစ် ၂၀၁၃ ခုနှစ်
နှစ်ဆန်းပိုင်းလောက်မှာ လုပ်ကိုင်ခွင့် ပြု လိမ့်မယ်လို့
ခန့်မှန်းပြောဆိုနေကြတာပါ။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကတော့ သူတို့
ရုပ်ရှင်လုပ်ငန်းနဲ့ပတ်သက်တဲ့ တားဆီး ပိတ်ပင်မှုတွေ လျှော့ပေါ့ပေးဖို့
ဒီတွေ့ဆုံပွဲမှာ တောင်းဆိုခဲ့တာပါ။
“ဆင်ဆာကို လျှော့ပေါ့ဖို့ လိုသလို လက်ရှိဖွဲ့စည်းထားတဲ့ ဆင်ဆာဘုတ်အဖွဲ့ကိုလည်း
ပြောင်းလဲပြင် ဆင် ဖွဲ့စည်းဖို့ လိုပါတယ်။ လက်ရှိ ဆင်ဆာဘုတ်အဖွဲ့ကို လူဦးရေ ၁၇
ဦးနဲ့ ဖွဲ့ပါတယ်။ ကျနော်တို့ ရုပ်ရှင်ကို၊ ဗွီဒီယိုကို ဆင်ဆာဖြတ်တဲ့အဖွဲ့ထဲမှာ
ရုပ်ရှင် ပညာရှင် တစ်ဦးတည်း ပါပါတယ်။ ကျန်တဲ့ ၁၆ ဦးသည် ဌာနဆိုင်ရာများက
စုဖွဲ့ထားတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။
ဒီ့အတွက် ဒါလောက် အရေအတွက် များများနဲ့ ဖွဲ့စည်းထားတဲ့၊
ရုပ်ရှင်နဲ့သက်ဆိုင်ခြင်းမရှိတဲ့ ဆင်ဆာ အဖွဲ့ကို ကျနော်တို့ ရုပ်ရှင်လောက-က
ပညာရှင်များပါဝင်တဲ့၊ တဘက်ကလည်း ဌာနဆိုင်ရာ အဖွဲ့အစည်းက ပါဝင်တဲ့ ကျစ်လျစ်တဲ့
အဖွဲ့အစည်းတစ်ခုအထိ ပြန်လည် ဖွဲ့စည်းသင့်ပါပြီ-လို့ ကျနော်က တင်ပြလိုပါတယ်။”
လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း အစိုးရကထုတ်ဝေနေတဲ့ နေ့စဉ်သတင်းစာ၊
အင်္ဂလိပ်လိုနဲ့ မြန်မာ လို သုံးစောင်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနက
ထုတ်ဝေတဲ့သတင်းစာနဲ့ပါဆို စုစုပေါင်း လေးစောင် ရှိတာပါ။ ပုဂ္ဂလိက
လုပ်ငန်းရှင်တွေက ထုတ်ဝေနေတဲ့ အပတ်စဉ်ဂျာနယ်၊ မဂဇ္ဇင်း အရေအတွက် ကတော့
ပျှမ်းမျှအားဖြင့် ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ အရင်ရှိနေခဲ့တဲ့
ဆင်ဆာဘုတ်အဖွဲ့ကို သြဂုတ်လ ၂၀ ရက်နေ့မှာ အာဏာပိုင်တွေက ဖျက်သိမ်းပေးလိုက်ပြီး
အရင်ဆင်ဆာဘုတ် အဖွဲ့ကို တင်ပြီး ဂျာနယ်၊ မဂဇ္ဇင်းတွေ ထုတ်ဝေနေရတဲ့ တင်-ထုတ်ကနေ
ဂျာနယ်တွေ ထုတ်ပြီးမှ တင်ရတဲ့ ထုတ်-တင်အဖြစ်ကို ပြောင်းလဲလျှော့ချပေးခဲ့တာ
ဖြစ်ပါတယ်ခင်ဗျာ။
ကိုဇော်ဝင်းလှိုင်
http://feeds.feedburner.com/thithtoolwin/yIWV
ဟုန်ပန်းကုမ္ပဏီမှ သိမ်းဆည်းခံလယ်မြေဧက တစ်ရာကျော်အတွက် ဒေသခံများ အသနားခံ
Posted: 03 Sep 2012 06:54 AM PDT
ပုဂံ ညောင်ဦး မြို့နယ် ဟိုတယ်ဇုန် (၄)အနောက်ဘက်ရှိ လယ်ယာမြေ ဧကတစ်ရာ ကျော်အား
ဟုန်ပန်း ကုမ္ပဏီက သိမ်းယူထား သည့်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်သို့ အသနားခံ
စာတင်ထားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ သိမ်းဆည်းခံ လယ်ယာမြေ ကိစ္စနှင့် ပတ်သက်၍ ညောင်ဦးမြို့နယ်မှ
လယ်သမားများက ပြည်ထောင်စု ၀န်ကြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဋ္ဌာန ၀န်ကြီးထံသို့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ အတွင်းက ပထမအကြိမ်၊ ၂၀၁၂ခုနှစ်
ဖေဖေါ်ဝါရီလ အတွင်း ဒုတိယအကြိမ် အသနားခံစာ ပေးပို့ထား သော်လည်း လက်ရှိ
အချိန်အထိ ထူးခြားမှု မရှိသေးကြောင်း လယ်ယာမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့က မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်ထောင်စုလွှတ်တော်
အဆင့်ဆင့်အထိသို့ အသနားခံစာ တင်ထားပါတယ်”ဟု ဒေသခံ လယ်ယာမြေအကျိုးဦးဆောင်သူ
ကိုမျိုးမြင့်မှပြောသည်။
ဇုန် (၄)မှ တောင်သူများအနေဖြင့် မြေသိမ်းခံရမှုနှင့်ပတ်သက်၍ ရန်ကုန်ရှိ
လယ်ယာမြေစောင့်ကြည့်ရေး အဖွဲ့သို့ တင်ပြထားကြောင်းနှင့် အဆိုပါအဖွဲ့မှလည်း
လာရောက်ကြည့်ရှုပေးမည်ဟု ပြောကြားခဲ့ကြောင်း ၄င်းက ဆက် ပြောသည်။
၁၉၈၈ခုနှစ် (၈)လပိုင်းတွင် ဟုန်းပန်းကုမ္ပဏီမှ
သိမ်းယူသည့်လယ်ယာမြေမှာ(၁၀၇.၈၂)ဧကခန့်ရှိကြောင်းနှင့် အဆိုပါ လယ်မြေများပေါ်တွင်
အပူပိုင်းဒေသနှင့်မကိုက်ညီသည့် သီးနှံများစိုက်ပျိုးလျှက်ရှိကြောင်း ဒေသခံတို့က
ဆိုသည်။
“ကျွန်တော်တို့မြေကောင်းတွေကို သိမ်းသွားတာ
အခုကျွန်တော်တို့မှာလုပ်စရာမြေမရှိတော့ဘူး သူတို့ကအပူပိုင်းဒေ
သနှင့်ဘယ်လိုမှမကိုက်ည်ီတဲ့ စပျစ်တို့ကျွဲကောတို့ လာစိုက်နေတာ
သူတို့မေးကြည့်တော့ အရှံးခံပြီး စိုက်နေတာ ပဲလို့ ပြောတယ်”ဟု
ဒေသခံတစ်ဦးမှပြောသည်။
အဆိုပါတောင်သူလယ်သမားများမှာ စားဝတ်နေရေးကြပ်တည်းမှုများဖြစ်ပေါ်နေသည့်အတွက်
ယခုအခါ တိုင်း ဒေသကြီးလွှတ်တော် သို့အသနားခံစာတင်ထားကြောင်း
လယ်ယာမြေအသိမ်းခံရသူများတွင် ပါဝင်သည့် ကျောင်းဆရာတစ်ဦးက ဆိုသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ ဟုန်ပန်းကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ
ကုမ္ပဏီနှင့်ပတ်သက်၍ ပြောရေး ဆိုခွင့်မရှိကြောင်း တာဝန်ခံမန်နေဂျာက ဆိုသည်။
“ကျွန်တော်က ဘာမှမသိပါဘူး ဟုန်းပန်းကုမ္ပဏီ ပိုင်ရှင်ဘယ်သူလည်းဆိုတာကို
ကျွန်တော့်မှာ ပြောပိုင်ခွင့် မရှိပါဘူး” ဟု ဇုန်(၄)ရှိဟုန်းပန်းကုမ္ပဏီ တာဝန်ခံ
မန်နေဂျာ ကိုထယ်ရှင်းက ပြောသည်။
စစ်အစိုးရလက်ထက်ကသိမ်းယူခဲ့သော ဟုန်းပန်းကုမ္ပဏီသည်
လူမျိုးခြားများပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိအချိန်တွင် လယ်ယာမြေအခြေခံဥပဒေပုဒ်မ(၂)အရ လယ်ယာမြေနည်းဥပဒေများနှင့်
မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးနှင့် နည်းပဒေများကို
နိုင်ငံတော်သမ္မတရုံးက သြဂုတ်လ(၃၁)ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြေညာ
စာထုတ်ပြန်ထားသည်။
ငြိမ်းချမ်း(မြစ်မခ)
by Myit Makha Mediagroup
http://feeds.feedburner.com/thithtoolwin/yIWV
ခုံရုံးကို စစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဦးသိန်းဆွေဖြစ်လာ
Posted: 03 Sep 2012 06:50 AM PDT
နေပြည်တော်၌ ကျင်းပသော (၃၇)ရက် မြောက်နေ့ ပြည်သူ့ လွှတ်တော် ပုံမှန် အစည်း
အဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံ ရုံးအဖွဲ့အား စုံစမ်း စစ်ဆေးရေး
နှင့်ပတ်သက်၍ ကော်မရှင် ဖွဲ့စည်းခဲ့ရာ စုံစမ်းစစ်ဆေး ရေးကော်မရှင် ဥက္ကဌ
ဦးနန္ဒကျော်စွာမှာ ခုံရုံးအဖွဲ့အား အပြစ်တင် ရှုတ်ချရာတွင် ပါဝင်သူတစ်ဦး
ဖြစ်သောကြောင့် အခြားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ၂ဝ၁၂ခုနှစ်
စက်တင်ဘာလ (၂)ရက်နေ့က ပြောင်းလဲ တာဝန်ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌဦးနန္ဒကျော်စွာ နေရာတွင် ရခိုင်ပြည်နယ်
အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို ပြောင်းလဲ
တာဝန်ပေး အပ်ခဲ့ခြင်းဖြစ်သည်။
'' သြဂုတ် ၃၁ရက်နေ့က ဖွဲ့ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌက
အပြစ်တင်ရှုတ်ချတဲ့ သူတစ်ဦးဖြစ်တော့ အခြေခံဥပဒေခုံရုံးအဖွဲ့က
ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကန့်ကွက်တယ်ဆိုပြီး စာပို့လို့ ဒီနေ့လွှတ်တော် ဥက္ကဌက
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဦးနန္ဒကျော်စွာနေရာမှာ ရခိုင်ပြည်နယ်
အန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေကို ခန့်အပ်တယ်ဆိုပြီး
ဒီနေ့ ကြေညာချက်ထုတ်ပါတယ်'' ဟု ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးမင်းသူက စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ အစာထိုးခန့်အပ်မှုနှင့်ပတ်သက်၍
အတည်ပြုပြောကြားခဲ့သည်။
၂ဝ၁၂ခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ အမိန့်အမှတ်(၁)အနေဖြင့်
အမျိုးသား လွှတ်တော်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အား
အပြစ်တင်ရှုတ်ချမှုကို မဲခွဲဆုံးဖြတ်ရာ သုံးချိုးတစ်ချိုးရှိခဲ့သောကြောင့်
လွှတ်တော်ဥက္ကဌက အတည်ပြုခဲ့ကြောင်း ကြေညာချက်ထုတ် ပြန်ခဲ့သည်။
၂ဝ၁၂ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင် အမိန့်အမှတ်(၂)အနေဖြင့် စုံစမ်းစစ်ဆေးရေး
ကော်မရှင်ဖွဲ့စည်းခဲ့ရာတွင် ခုံရုံးအဖွဲ့ဝင်များအား စုံစမ်းစစ်ဆေးရန်
တရားမျှတခြင်းမရှိဟုဆိုကာ ခုံရုံးအဖွဲ့မှ ကန့်ကွက်လွှာ ပေးပို့ခဲ့ခြင်ကြောင့်
ဥက္ကဋ္ဌအပြောင်းအလဲဖြစ်လာရကြောင်း ကိုလည်း ဦးမင်းသူက ဆက်လက်ပြောကြားခဲ့သည်။
လွှတ်တော်အတွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင်များ
နှုတ်ထွက်တော့မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း
အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌသာလျှင်
အပြောင်းအလဲရှိခဲ့ခြင်းဖြစ်သည်။
ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup
http://feeds.feedburner.com/thithtoolwin/yIWV
ကချင်ပြည်နယ် ကျောက်စိမ်းဈေးကွက်ကို အမှီပြုနေသူများ ရပ်တည်ရန်ခက်ခဲလာ
Posted: 03 Sep 2012 06:47 AM PDT
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း ကေအိုင်အိုနှင့် မြန်မာ စစ်တပ်တော်
နှစ်ဘက်အကြား စစ်ဖြစ် ပွားနေခြင်းကြောင့် ကျောက်စိမ်း ဈေးကွက်အား လှုပ်ခတ်
ထိခိုက်စေ သည်ဟု လုပ်ငန်းရှင် များက သုံးသပ် ပြောဆိုနေသည်။
“စီးပွားရေး ထိခိုက်တာက ကချင်ပြည်နယ် တစ်ခုတည်း မဟုတ်ဘူး။ မြန်မာတစ်
နိုင်ငံလုံးရဲ့ စီးပွားရေး လည်း ထိခိုက် လာနိုင်တယ်။ နောက်ဆုံး တိုင်းပြည်
အုပ်ချုပ်သူ အစိုးရတွေရဲ့ စီးပွားရေး မှာတောင် ထိလာနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီ ဖားကန့်မှော်မှာ သူတို့ရဲ့ စီးပွားရေး လုပ်ကွက်ရှိတဲ့
ကုမ္ပဏီ တွေ အများကြီးရှိတယ်လေ”ဟု ဖားကန့်မြို့နယ်ရှိ
ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်နေသူ ဦးလရှီး ဂမ်ဆိုင်းက ပြောသည်။
ဖားကန့်မြို့နယ်တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ပြည်သူများလာရောက်ကာ
ကျောက်စိမ်းတူး ဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ကျောက်စိမ်းတူးဖော်မှုကို အခြေခံကာ အခြားစီးပွားရေးလုပ်ငန်းများပါ ပူးတွဲ
လုပ်ကိုင် ကြသည်။
ယခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကေအိုင်အိုမှ ဖားကန့်-
မြစ်ကြီးနားကားလမ်းအား(၁)လ အကြာ တရားဝင်ပိတ်ပင်ပြီးနောက်
စစ်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် အစိုးရမှ ကျောက်စိမ်း တူးဖော်ရေး
ကုမ္ပဏီများအား မေလမှ နောက်ထပ်(၅) လကြာအထိ ကျောက်တူးဖော်မှုကို ခေတ္တ
ရပ်ဆိုင်းခဲ့သည်။
ကျောက်စိမ်းကုမ္ပဏီစုစုပေါင်း (၁၀၀) ကျော်ရှိသည် ဖားကန့်မြို့နယ်ရှိ
လုပ်ကွက်များအား ချက်ချင်း ရပ်ဆိုင်း လိုက်ရခြင်းဖြစ်သည်။
“ခု တရားဝင် ပိတ်ထားတာလည်း ပြည့်ခါနီးနေပြီ။ ပြန်ဖွင့်တော့လည်း
လုပ်လို့မရသေးရင်တော့ ပြည်သူတွေကို ထိခိုက်မှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့
ပုံမှန်မလည်ပတ်နိုင်ဘူးလေ။ ရင်းနှီး မြှပ်နှံမှုအပေါ်မှာ ပြန်ပြီးတော့
အကျိုးအမြတ်မရှိနိုင်သလို ရင်းနှီးမြှပ်နှံမှုလည်း ပြန်မဖော်နိုင်ဘူး။ ဒေသ
ပြည်သူကလည်း ဒီပေါ်မှာပဲ အမှီပြုနေရတာ ဆိုတော့ စားဝတ်နေရေးလည်း
ရပ်ဆိုင်းသွားသလို ဖြစ်သွားတယ်” ဟု ကျောက်မြတ်ရတနာကုန်သည်များအသင်း
(မြစ်ကြီးနား)မှ အတွင်းရေးမှူး ဦးသောင်းကြည်က ပြောသည်။
ဆက်လက်ပြီး စီးပွားရေးထိခိုက်မှုရှိသော်လည်း နိုင်ငံတော်အစိုးရအဆင့်ထိ ထိခိုက်မှု
မရှိနိုင်ဟု ၄င်းက ဆက်လက် သုံးသပ်သည်။
“ထိခိုက်တယ်ဆိုရင်လည်း မြန်မာအစိုးရလောက် အထိတော့ မထိခိုက်ပါဘူး။ အစိုးရက
ဒီမှာပဲ မှီခိုနေတာမှ မဟုတ်တာ။ ကျောက်စိမ်းက တစ်စိတ်တစ်ဒေသ တစ်ခုပဲ ရှိပါတယ်။
သူ့အကန့်အကန့် ဝင်ငွေတော့ ရှိတာပဲလေ။ တခြား သစ်တော၊ ရေနံ၊ သဘာဝဓါတ်ငွေ့တွေမှာ
ဝင်ငွေရနေတာပဲ။ တအားကြီး ဆိုးဆိုးရွား ထိခိုက်မှာ မဟုတ်ဘူး။”ဟု ၄င်းက
ဆက်ပြောသည်။
ထိုသို့ ကုမ္ပဏီလုပ်ငန်းရပ်နားလိုက်သော်လည်း ဒေသခံများမှ စက်ယန္တရားများမပါ
တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်ခြင်းဖြင့် ဝမ်းစာဖြည့်တင်းနေကြသည်။
သြဂုတ်လ (၂၁)ရက်တွင် နှစ်ဘက် စစ်ပြန်လည်ဖြစ်ပွားလာပြီး မြောက်ဖြူ၊
ဆိုင်းဂျာဘွမ်၊ မော်မောလယန်၊ နန်ပွန်၊ သူဌေးချောင်း၊ ဘလခ၊ မှော်ဝမ်းကြီး၊
မှော်ဝမ်းကလေး စသည့် ကျေးရွာ ရပ်ကွက်များရှိ ဒေသခံများအနေဖြင့်လည်း ထွက်ပြေး
တိမ်းရှောင်နေရသည်။
ဖားကန့်တွင် စစ်ဘေးဒုက္ခသည်စခန်း (၃၁)ခုရှိပြီး စုစုပေါင်း လူဦးရေ ၉
သောင်းနီးပါးခန့် လာရောက် ခိုလှုံနေကြကြောင်း သိရသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးအင်ရှန်းဆန်အောင်က
ထိုကဲ့သို့ စစ်ထပ်မံ ဖြစ်ပွားနေလျှင်မူ ကချင်ပြည်နယ် စီးပွားရေး
ဆက်လက်ဆိုးရွားလာနိုင်သည်ဟု ဆိုသည်။
ဂျာတော့(ပ်)- ကချင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup
http://feeds.feedburner.com/thithtoolwin/yIWV
ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ-
မေးမြန်းချက်
Posted: 03 Sep 2012 06:04 AM PDT
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်က
ပြင်ဆင်ပေးပို့တဲ့ အချက်အလက် တွေကို အမျိုးသား လွှတ်တော်က လက်မခံနိုင်တဲ့
အကြောင်း ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးခဲ့တဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို ဆက်သွယ်
မေးကြည့်ထားပါတယ်။---
မေးမြန်းချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်
http://feeds.feedburner.com/thithtoolwin/yIWV
တိုက်ပွဲကြောင့် ပလောင်ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
Posted: 03 Sep 2012 06:09 AM PDT
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ
တိုက်ပွဲဖြစ်လို့ ပလောင်ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး
တိမ်းရှောင်နေရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့
သီတင်းပတ်က တိုက်ပွဲတွေ ဆက်နေတဲ့အတွက်---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပလောင် စစ်ပြေးဒုက္ခသည်များ
http://feeds.feedburner.com/thithtoolwin/yIWV
လူ့ဘောင်သစ် ဥက္ကဋ္ဌ ဦးအောင်မိုး ဇော် ပြည်တော်ပြန်
Posted: 03 Sep 2012 05:30 AM PDT
လူ့ဘောင် သစ်ဒီမိုက ရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုး ဇော်သည် စက်တင်ဘာ ၃ ရက်
နေ့လယ် ၂နာရီတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တော် ပြန်ခရီးစဉ်ကို သုံးပတ်ကြာနေထိုင် သွားမည်ဖြစ်ပြီး
ပထမဦးစားပေး အနေဖြင့် အဖွဲ့ဝင်များ၊ ၎င်းင်း၏ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံ
သွားမည်ဖြစ်ကြောင်း ရန်ကုန်လေ ဆိပ်တွင် သတင်းထောက်များကို ၎င်းကပြောသည်။
7Day News Journal
လေဆိပ်တွင် ဦးအောင်မိုးဇော်ကို ကြိုဆိုသူများနှင့်အတူတွေ့ရစဉ်
http://feeds.feedburner.com/thithtoolwin/yIWV
ABSDF ဗဟို ဥက္ကဋ္ဌ ဟောင်းများ မြန်မာနိုင်ငံ တွင်း အမြဲတမ်း နေထိုင်ခွင့် ရရှိရန်
ကြိုးပမ်း
Posted: 03 Sep 2012 06:16 AM PDT
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက် နိုင်ရန်တွက်
အမြဲတမ်းနေ ထိုင် ခွင့် PR (Permanent Resident ) ရ ရှိအောင် ကြိုးပမ်း သွားမည်
ဖြစ် ကြောင်း လက်ရှိ အမေရိကန် နိုင်ငံ သား ခံယူထားသူ မြန်မာနိုင်ငံ လုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟို ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်သော
ဦးမိုးသီးဇွန် နှင့် ဦးထွန်းအောင်ကျော် တို့ က----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ကာကွယ်ရေး ဝန်ကြီး နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အသစ်ခန့်အပ်
Posted: 03 Sep 2012 06:22 AM PDT
ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား
ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ်လည်းကောင်း၊ သတ္ထုတွင်း
ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထိုက်အား စာရင်းစစ်ချုပ် အဖြစ်
လည်းကောင်း ခန့်အပ် လိုက်ကြောင်း---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
http://feeds.feedburner.com/thithtoolwin/yIWV
မိုးသီးဇွန်ပါ ၇ ဦး အဖွဲ့ သတင်းစာရှင်းလင်း
Posted: 03 Sep 2012 06:28 AM PDT
မြန်မာနိုင်ငံတွင်း အစိုးရ တာဝန်ရှိ သူများနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ
တွေ့ဆုံ ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသော မိုးသီးဇွန် အပါအ၀င်
၇ ဦးအဖွဲ့သည် ယနေ့ စက်တင်ဘာလ ၃ ရက်တွင် ၄င်းတို့ မြန်မာနိုင်ငံသို့
ရောက်ရှိ လာရခြင်း အကြောင်းရင်းနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊
တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်
Posted: 03 Sep 2012 06:33 AM PDT
ဦးအောင်သိန်းလင်း တင်သွင်းသော အဆိုကို ကန့်ကွက် ဆန္ဒပြုနေသော
ဒေါ်အောင်ဆန်းစုကြည်၊ မတ်တပ်ရပ် နေသူများမှာ ထောက်ခံဆန္ဒပြု ကြသူများ ဖြစ်ပါသည်။
ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ ဦးအောင်သိန်းလင်း၏ အ ဆိုကို
ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက်
ဆွေးနွေးသင့် မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့်
မဲခွဲခဲ့သည်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ကလေးစစ်သားများ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ
Posted: 02 Sep 2012 10:41 PM PDT
တပ်မတော် အတွင်း စစ်မှုထမ်းဆောင် လျက်ရှိသည့် အရွယ် မရောက်သေး သူကလေး သူငယ် ၄၂
ဦးကို စစ်မှုထမ်း ဆောင်ခြင်းမှ နုတ်ထွက်ခွင့် ပြုခဲ့ပြီး မိဘ အုပ်ထိန်းသူ
များထံသို့ ပြန်လည် အပ်နှံမှုကို ယနေ့(စက်တင်ဘာ ၃ရက်)တွင် ရန်ကုန်မြို့ အမှတ်(၁)
စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ပြုလုပ်ခဲ့သည်။
တပ်မတော်မှနုတ်ထွက်ခွင့်ပြုလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို
သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အရွယ်မရောက်သေးသူကလေးသူငယ်များ မြန်မာ့တပ်မတော်တွင်
စစ်မှုထမ်းခြင်းမှကာကွယ်ရန်နှင့် အသက်မပြည့်သေးသောတပ်သားသစ်များ
လွတ်မြောက်ခွင့်ပြုရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်
ကုလသမဂ္ဂတို့အကြား သဘောတူလက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့်ဇွန်လအတွင်းက
ပြုလုပ်ခဲ့သည်။
7Day News Journal
http://feeds.feedburner.com/thithtoolwin/yIWV
လက်ပတောင်းတောင်အား ထိန်းသိမ်းစောင့်ရှောက်ရန် လယ်တီ ဝိပဿနာ အဖွဲ့က မေတ္တာရပ်ခံ
Posted: 03 Sep 2012 06:38 AM PDT
ဆားလင်းကြီးမြို့နယ် လက်ပတောင်း တောင်ပေါ်တွင် တည်ရှိသည့် မဟာ လယ်တီ ဆရာတော်
ဘုရားကြီး သီတင်းသုံး တရားအားထုတ်ခဲ့သည့် နေရာအား လက်ရှိ အစိုးရ တာဝန်
ယူထားသူများနှင့် ရဟန်းရှင်လူ အပေါင်းတို့ အနေဖြင့် ထိန်းသိမ်းပေးရန် မေတ္တာ
ရပ်ခံသည့် စာအား---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
နိုင်ငံတော် သမ္မတအား ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှု ခွင့်ပြုမိန့်အား
ပြန်လည်ရုပ်သိမ်း
Posted: 02 Sep 2012 10:30 PM PDT
မန္တလေး၊ စက်တင်ဘာ ၃
မန္တလေးမြို တော်တွင် ယနေ့ ဆက်လက်ပြုလုပ်မည့် နိုင်ငံတော် သမ္မတကြီး၏
ရိုဟင်ဂျာအရေးနှင့်ပတ်သတ်သော ရပ်တည်ချက်ကို ထောက်ခံသည့်အနေဖြင့် အရှင်ဝီရသူ
ဦးဆောင်သည့် သံဃာတော်များနှင့် မန္တလေးမြို့ ခံများ၏ ငြိမ်းချမ်းစွာ
ဆန္ဒဖော်ထုတ်မှု ခွင့်ပြုမိန့်အား ပြန်လည် ရုပ်သိမ်းခံခဲ့ရသည်ဟု အရှင်ဝီရသူက The
Voice Weekly သို့ လွန်ခဲ့သော မိနစ်ပိုင်း အတွင်းက မိန့်ကြားသည်။
ဒုတိယ မြောက်နေ့အဖြစ် ဆက်လက် ပြုလုပ်မည့် အဆိုပါ အစီအစဉ်အား ချမ်းအေးသာစံမြို
့နယ် ရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့်
ခွင့်ပြုမိန့်ရုပ်သိမ်းကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း
ဆရာတော်က ဆက်လက် မိန့်ကြားသည်။
The Voice Weekly
စက်တင်္ဘလ ၂ ရက်နေ့ က ရခိုင် အရေးနှင့် ရိုဟင်ဂျာ ပြဿနာအတွက် နိုင်ငံတော်
သမ္မတကြီး၏ ရပ်တည်ချက်ကို ထောက်ခံသည့် အနေဖြင့် မန္တလေးမြို့ တွင်
ဆရာတော်ဝီရသူဦးဆောင်သော သံဃာတော်များနှင့် မန္တလေး မြို့ခံများ
ဆန္ဒဖော်ထုတ်ခဲ့စဉ်
http://feeds.feedburner.com/thithtoolwin/yIWV
KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဖားအံ မှာ ဆွေးနွေး
(ဓါတ်ပုံ)
Posted: 02 Sep 2012 10:19 PM PDT
ယနေ့ စက်တင်္ဘာလ ၃ ရက် နေ့ တွင် KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်
အဖွဲ့  ကရင်ပြည်နယ် ဖားအံမြို့ မှာ တွေ ဆုံ ဆွေးနွေးနေစဉ်၊
ဓါတ်ပုံ - Hla Maung Shwe
http://feeds.feedburner.com/thithtoolwin/yIWV
စုံစမ်း စစ်ဆေးရေးဥက္ကဌနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခြင်း
Posted: 02 Sep 2012 10:21 PM PDT
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပြည်သူ့ လွှတ်တော် စုံစမ်း
စစ်ဆေးရေး ဥက္ကဌနှင့် အဖွဲ့ဝင် များကို ကန့်ကွက်ခြင်း---
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
စက်တင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven News Journal
Posted: 02 Sep 2012 10:05 PM PDT
စက်တင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၈
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)
Posted: 02 Sep 2012 10:01 PM PDT
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်သည်
မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးသိမ်း (မောင်ဝံသ)အား
စက်တင်ဘာ(၂) ရက်နံနက် ၇နာရီ ၄၅မိနစ်က ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့
အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေး ခန်းမတွင် မိနစ်ငါးဆယ်ကြာ--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ဆီးရီးယားမှာ တပတ်အတွင်း လူပေါင်း ၁,၆၀၀ သေဆုံး
Posted: 02 Sep 2012 09:39 PM PDT
ဆီးရီးယား နိုင်ငံမှာ အစိုးရ တပ်တွေနဲ့ အတိုက်အခံ တွေကြား တိုက်ပွဲတွေ
ဖြစ်ပွားနေတဲ့ ၁၈ လကြာ ကာလအတွင်း ပြီးခဲ့တဲ့ ရက်သီ တင်းပတ်မှာ သေဆုံးရသူ ၁,၆၀၀
ဖြစ်သွားတာမို့ အသေ အပျောက် အများဆုံး သီတင်းပတ် ဖြစ်နေတယ်လို့ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ မိုင်းပေါက်ကွဲမှုနှင့်တွေ့ကြုံ
Posted: 02 Sep 2012 09:10 PM PDT
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း နယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း (၃၁) ခုမှာ
ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အနီးတ၀ိုက် ရွာတွေက ရိက္ခာနဲ့
ပစ္စည်းတွေ သွားရောက် လှူဒါန်းနေကြရာမှာ မနေ့ကတော့ ဖားကန့်နဲ့ (၁၅) မိုင်အကွာ
တာမခံကျေးရွာက အလှူပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား (၅) စီးဟာ မိုင်းပေါက်ကွဲမှုနဲ့
ကြုံခဲ့ရကြောင်း သိရပါတယ်။----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အလှူရှင်တွေ အမည်စာရင်း ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ
ဖားကန့် မြို့ ဦး စေတီ ကျောင်းတိုက်တွင် ရောက်ရှိလာသည့် စစ်ရှောင် ဒုက္ခသည်များ
(ဓါတ်ပုံ-Myanmar News Now)
ဖားကန့် မြို့ ဦး စေတီ ကျောင်းတိုက်တွင် ရောက်ရှိလာသည့် စစ်ရှောင် ဒုက္ခသည်များ
(ဓါတ်ပုံ-Myanmar News Now)
http://feeds.feedburner.com/thithtoolwin/yIWV
တောင်သူအရေး ဆောင်ရွက်သူကို ဖမ်းဆီးမှု အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့
ဝေဖန်ပြောကြား
Posted: 02 Sep 2012 09:32 PM PDT
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် စံပယ်တောင်နဲ့ လက်ပန်း
တောင်းတောင် ကြေးနီ စီမံကိန်း တွေကြောင့် လယ်သိမ်းခံခဲ့ရတဲ့ တောင်သူတွေအရေး
ကူညီဆောင် ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်း
ကိုဝေဠုကို သောကြာနေ့က ဒေသခံအာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အတွက်
သူ့ရဲ့နောက်ဆုံး အခြေအနေကို စုံစမ်းသိရှိနိုင်ဖို့ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဖမ်းဆီးထိမ်းသိမ်းခံရသူ ကိုဝေဠု Photo : ThanLarWaddy Times
http://feeds.feedburner.com/thithtoolwin/yIWV
တောင်ငူမြို့ ဗကသ ရေဘေးအလှူခံ ဥပဒေနှင့် မညီညွတ်၍ တားမြစ်ခံရ
Posted: 02 Sep 2012 08:16 PM PDT
တောင်ငူခရိုင် ဗကသ ကျောင်းသားများ ဧရာဝတီတိုင်း ရေဘေးသင့် ပြည်သူ
များသို့ အလှူကောက်ခံ လှူဒါန်းမည့် အစီအစဉ် ကို အာဏာပိုင်များက တားမြစ်
လိုက်ပါတယ်။ စက်တဘာင်္လ (၁) ရက်နေ့ က ဗကသ ကျောင်းသားများ အဖွဲ့ 
တောင်ငူမြို့ အတွင်း လှည့်လည် အလှူခံရာ ဒေသဆိုင်ရာ အာဏာပိုင်များက ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တောင်ငူမြို့ တွင်းမှာ ဗကသ ကျောင်းသားများ ရေဘေး အလှူခံ ထွက်စဉ်
http://feeds.feedburner.com/thithtoolwin/yIWV
တောင်ငူ မြို့နယ် အုပ်ချုပ်ရေးမှူး ဘောလုံးပွဲ ရန်ပုံငွေ အဓမ္မကောက်ခံ
Posted: 02 Sep 2012 08:08 PM PDT
စားသောက်ဆိုင် ကြီး/ငယ်များ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၊ သစ်လုပ်ငန်း
ရှင်များ၊ နှစ်လုံး/သုံးလုံး/ ဘောလုံး လောင်းကစား ဒိုင်များထံမှ လက်မှတ်
တစ်စောင်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် လုပ်ငန်းကြီးသေး ပေါ်မူတည်၍ ၁၀
စောင်/၁၅ စောင်/အစောင် ၂၀ ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတဆင့်
အတင်းအဓမ္မ လိုက်လံရောင်းချနေပါတယ်----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
အကျင့်ပျက်ဝန်ထမ်း ထိန်းကျောင်းသင့်ပြီ
Posted: 02 Sep 2012 09:25 PM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်
မြေစာရင်း ဦးစီးဌာနမှူး သည် နိုင်ငံတော်မှ အပ်နှင်း ထားသော တာဝန်နှင့်
လုပ်ပိုင်ခွင့်ကို အသုံးပြု၍ မဘိမ်းမြို့နယ် အတွင်း ရွှေလုပ်ငန်း လုပ်ကိုင်
စားသောက် သူများထံမှ လာဘ်လာဘရယူ တာဝန်မဲ့ လုပ်ကိုင်နေ မှုများကြောင့်
အစိုးရသိက္ခာ၊ နိုင်ငံတော် သိက္ခာကို ထိပါးစေသည်----
ပေးစာအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မွတ်ဆလင် ဘာသာရေး ဆရာရဲ့ လုပ်ကြံစွပ်စွဲမှုကို ဖေါ်ထုတ်
Posted: 02 Sep 2012 02:52 PM PDT
ပါကစ္စတန်နိုင်ငံမှာ အသက် ၁၄ နှစ်အရွယ် ခရစ်ယာန် ဘာသာဝင် မိန်းကလေးငယ် တဦးရဲ့
လွယ်အိတ်ထဲမှာ မီးရှို့ထားတဲ့ ကိုရမ်ကျမ်း စာရွက် တခိျု့ တွေ့တယ် ဆိုပြီး အဲဒီ
မိန်းကလေးကို ဖမ်းဆီး အရေးယူ ထားတာမှာ အခုတော့ ဒါဟာ မွတ်ဆလင် ဘာသာရေး
ဆရာတယောက်က လုပ်ကြံခဲ့တာ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ခရစ်ယာန် အသိုင်းအဝန်း ကတော့ 'အစ္စလာမ် ဘာသာကို စော်ကားတဲ့ ဥပဒေ' ဆိုတာ ကို
ဖျက်သိမ်း ပေးဖို့ တောင်းဆို
http://feeds.feedburner.com/thithtoolwin/yIWV